← Chapters

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း (၂၀၄)

တကယ်ဖြစ်လာတော့မည့်ဟောကိန်း

အိုယန်နာကျားသည် တခစ်ခစ် ရယ်မောလိုက်ပြီး သူမ၏ ဆံပင်ကို ပစ်ချလိုက်ကာ ပြောလိုက်လေ၏။

“ကျွန်မ ရုတ်တရက် အရက်သောက်ချင်စိတ် ပေါ်လာလို့... ကျွန်မနဲ့အတူ အရက်သောက်ပေးလို့ ရမလား...”

ရွှီပေါ်အန်း၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး သူ ရုတ်တရက် နားလည်သွားခဲ့လေသည်။

ထို့ကြောင့်... ကံကြမ္မာ၏ ဂီယာများ စတင် လည်ပတ်နေပြီလား။ အရက်အကြောင်းကိုတော့ လူတိုင်း သိကြ သည်ပင်။

ကံကြမ္မာနှင့် ကောင်းကျိုးကုသိုလ် ဟောကိန်းကျမ်း ၏ အစွမ်းက တကယ်ဖြစ်လာတော့မည်လား။

ရွှီပေါ်အန်း မပြန်ဖြေရသေးမီမှာပင် အိုယန်နာကျားသည် ထမင်းစားစားပွဲဘေးရှိ ဝိုင်ပုံးထဲမှ ဝူလျန်ယဲ့ အရက်တစ် ပုလင်းကို ယူလိုက်ပြီး ပြောလိုက်လေသည်။

“အရက်ခွက်အသေးလေးတွေက ပျော်စရာမကောင်းပါဘူး... ခြေတံရှည်ဖန်ခွက်တွေကိုပဲ သုံးကြတာပေါ့...”

သူတို့ စကားပြောနေစဉ်မှာပင် သူမသည် ဝိုင်ခွက်နှစ်ခွက်ကို အမှန်တကယ်ပင် ထုတ်ယူလာခဲ့လေ၏။ ထို့နောက် သူမသည် ထုပ်ပိုးမှုကို အလျင်အမြန် ဖွင့်လိုက်ပြီး ရွှီပေါ်အန်းနှင့် သူမ၏ ကိုယ်ပိုင် ဖန်ခွက်ထဲသို့ အရက်များ ငှဲ့ထည့်လိုက်လေသည်။

“ဒီဘက် လာခဲ့လေ...”

အိုယန်နာကျားက ထမင်းစားစားပွဲဘေးမှနေ၍ ရွှီပေါ်အန်းကို လှမ်းခေါ်လိုက်လေ၏။

ရွှီပေါ်အန်း အနီးသို့ လျှောက်သွားလိုက်ပြီး စားပွဲပေါ်ရှိ ဝိုင်ခွက်များကို ငေးမောကြည့်နေကာ မပြောဘဲ မနေနိုင် အောင် ဖြစ်သွားခဲ့လေသည်။

“ပိုင်ကျိုအရက်ကို... ဒီတိုင်းကြီး... သောက်မှာလား...”

“ဒါပေါ့ မဟုတ်ရပါဘူး... ခဏလေး စောင့်ပါဦး...”

အိုယန်နာကျားသည် သူမ၏ဘေးရှိ ဗီရိုတစ်ခုထဲမှ အစပ်ချောင်းများ၊ ဟင်းသီးဟင်းရွက်ချဉ်များ၊ ဝက်ပေါင် ခြောက်များနှင့် လေဟာနယ်ထုပ်ပိုးထားသော ကျိုးဟေးယာ အိတ်ကြီးတစ်အိတ်တို့ကို မျက်လှည့်ပြသကဲ့သို့ ထုတ်ယူလိုက်လေ၏။

“မြေပဲ မရှိတာတော့ နှမြောစရာပဲ... ကျွန်မက ဝလာမှာစိုးလို့ အဲဒါတွေကို သိပ်မစားဖြစ်ဘူးလေ... အရက်နဲ့တွဲ စားဖို့ ဒီအဆာပြေမုန့်တွေဆိုရင် အဆင်ပြေတယ် မဟုတ်လား...”

ရွှီပေါ်အန်း ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။

“မုန်ညင်းချဉ်ဆိုရင် လုံလောက်ပါပြီ... ကျွန်တော့်မှာ မုန်ညင်းချဉ်နဲ့ ပတ်သက်ပြီး ထူးခြားတဲ့သံယောဇဉ် ရှိတယ်... ကျွန်တော် အလုပ်စဝင်ကာစက အချိန်ပိုဆင်းရတဲ့ ညတိုင်း မုန်ညင်းချဉ်၊ ဝက်ပေါင်ခြောက်၊ ကြက်ဥကြော်နဲ့ အသင့်စား ခေါက်ဆွဲတွေကိုပဲ စားခဲ့ရတာ...”

“လာ... သောက်ကြရအောင်...”

အိုယန်နာကျားက ရွှီပေါ်အန်းနှင့် ဖန်ခွက်ချင်း တိုက်လိုက်ပြီး တစ်ငုံသောက်ကာ နှုတ်ခမ်းကို သပ်လိုက်လေသည်။ သူမ၏ ဟန်ပန်မှာ အနည်းငယ် ရိုင်းစိုင်းသော်လည်း အလွန် ချစ်စရာကောင်းနေခဲ့၏။

“ခင်ဗျား ပိုင်ကျိုအရက်ကို ခဏခဏ မသောက်ဘူး မဟုတ်လား...”

သူမ၏ သဘာဝမကျသော ဟန်ပန်ကို သတိပြုမိသဖြင့် ရွှီပေါ်အန်းက ပေါ့ပေါ့ပါးပါးပင် မေးလိုက်လေသည်။

အိုယန်နာကျားက ခေါင်းခရမ်းပြလိုက်ပြီး ပြောလေ၏။

“ကျွန်မ တစ်သက်လုံး အရက်သောက်ရတာကို သဘောကျလာလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဘူး... ဘာလို့လဲ ဆိုတော့ အရက်က သောက်ရတာ အဆိုးဆုံးအရာလို့ ကျွန်မ ထင်ခဲ့တာလေ... အခုတော့ ကျွန်မ မှားသွားမှန်း သိလာပြီ... အရက်ဆိုတာ လူသားတွေရဲ့ သူငယ်ချင်းကောင်းပဲ... အနည်းဆုံးတော့ ယောကျာ်းတွေထက် အများ ကြီး ပိုပြီး ယုံကြည်စိတ်ချရတယ်...”

ရွှီပေါ်အန်းမှာ တကယ်ကို ချေပချင်ခဲ့သော်လည်း အိုယန်နာကျား၏ ဆိုးရွားနေသော စိတ်အခြေအနေကို ထည့် တွက်ကာ သူ ဘာမှ ထပ်မပြောတော့ချေ။

နားထောင်ကောင်းသူနှင့် အဖော်ကောင်းတစ်ဦး ဖြစ်ရန်က လုံလောက်နေပေပြီ။ ယနေ့ခေတ်တွင် စကားများ လွန်းခြင်းက အမှားများကိုသာ ဖြစ်ပေါ်စေလိမ့်မည် ဖြစ်လေသည်။

သေချာသည်မှာ အိုယန်နာကျားက ဖြည်းညင်းစွာ စကားဆိုလာခဲ့လေ၏။

“ကျွန်မ သူ့ကို သိခဲ့တာ နှစ်တွေ အများကြီး ရှိနေပြီ... အရမ်းကြာလွန်းတော့ ကျွန်မတို့ အတူတူ အိုမင်းသွားပြီး ဘဝကို အတူတူ ဖြတ်သန်းသွားရမယ်လို့ အမြဲတမ်း ထင်ခဲ့တာ...”

ရိုးအီနေသော်လည်း လုံးဝ သဘာဝကျသော ဇာတ်လမ်းတစ်ပုဒ်ကို အိုယန်နာကျားက ပြောပြခဲ့လေသည်။

သူတို့ စကားပြောနေစဉ် အိုယန်နာကျားသည် ရွှီပေါ်အန်းနှင့် ဖန်ခွက်ချင်း မတိုက်တော့ဘဲ သူမဘာသာ တစ်ငုံပြီး တစ်ငုံ သောက်နေခဲ့လေ၏။

အစပိုင်းတွင် သူမသည် မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းကို သပ်လေ့ရှိသည်။ နောက်ပိုင်းတွင်မူ ၎င်းမှာ အတော် လေး သဘာဝကျလာခဲ့လေသည်။

ရိုးရိုးရေကို သောက်နေရသကဲ့သို့ သူမသည် မည်သည့် အဆင်မပြေမှုကိုမျှ မခံစားရတော့ချေ။

ထမင်းစားစားပွဲဘေးရှိ အဝါရောင် နံရံကပ်မီးအိမ်က အိုယန်နာကျား၏ ဖြူဖွေးသော ပါးပြင်များပေါ်သို့ ကျ ရောက်နေပြီး သူမအား နေဝင်ဆည်းဆာကဲ့သို့သော အလင်းရောင်ထဲတွင် ရေချိုးပေးနေလေ၏။

ရွှီပေါ်အန်း၏ဘေးတွင် ထားရှိသော တစ်ရှူးများကို ယူရန် အိုယန်နာကျား မတ်တတ်ရပ်လိုက်ချိန်တွင် သင်းပျံ့ သော ရနံ့တစ်ခုက ထမင်းစားစားပွဲကို ဖြတ်ကာ ရွှီပေါ်အန်း၏ နှာခေါင်းထဲသို့ တိုက်ခတ်လာခဲ့လေသည်။ ရွှီပေါ်အန်းက နှာခေါင်းကို အနည်းငယ် ရှုံ့လိုက်ပြီး မသိစိတ်ဖြင့် အနံ့ခံလိုက်လေ၏။

ရွှီပေါ်အန်း၏ လုပ်ရပ်ကို မြင်သောအခါ အိုယန်နာကျားသည် ရုတ်တရက် ခါးသီးသော အပြုံးတစ်ခုကို ပြုံးလိုက် လေသည်။

သူမ၏ ဝမ်းနည်းကြေကွဲမှုကို ရွှီပေါ်အန်း နားမလည်ကြောင်း သူမ တွေ့ရှိလိုက်ရလေ၏။

အမှန်တကယ်ပင် လူတို့၏ ဝမ်းသာမှုနှင့် ဝမ်းနည်းမှုတို့မှာ မတူညီကြပေ။ ကံမကောင်းစွာဖြင့် သူမသည် စိတ် သဘောထားချင်း တိုက်ဆိုင်သူတစ်ဦးနှင့် ဆုံတွေ့ခဲ့ရသည်ဟု ထင်မှတ်ခဲ့မိခြင်း ဖြစ်လေသည်။

၎င်းကို တွေးမိပြီးနောက် အိုယန်နာကျားသည် စိတ်ပျက်လက်ပျက်ဖြင့် ပိုင်ကျိုအရက်ကို နောက်ထပ် အငုံကြီး တစ်ငုံ သောက်လိုက်လေသည်။

ပိုင်ကျိုအရက် တစ်ငုံသောက်ပြီးနောက် သူမ၏ အစာအိမ်ထဲရှိ ပူလောင်သော ခံစားမှုက အိုယန်နာကျားကို ရုတ်တရက် နွေးထွေးသည့် ခံစားချက်ကို ပေးစွမ်းလိုက်လေ၏။

ထိုခဏတွင် အိုယန်နာကျားသည် ရုတ်တရက် သူမ နားလည်သွားပြီဖြစ်ကြောင်း ခံစားလိုက်ရလေသည်။

သူသည် မည်သို့သော ယုံကြည်ရသူမျိုး ဖြစ်နေသနည်း။ သူသည် သင် နှစ်ပေါင်းများစွာ ချစ်မြတ်နိုးခဲ့သော ချစ်သူကောင်လေးထက် ပိုကောင်းနေနိုင်မည်လား။

အကယ်၍ နောက်လူက မိမိကိုယ်ကို ရွံရှာသွားစေလောက်အောင် ဟန်ဆောင်ကောင်းနေမည်ဆိုလျှင် အဘယ် ကြောင့် ယုံကြည်ရသူများဟု ခေါ်ဆိုသော သူများအပေါ် စိတ်ကူးယဉ် အိပ်မက်များ မွေးမြူထားရမည်နည်း။

နောက်ဆုံးတွင် သူမ လိုချင်ခဲ့သည်မှာ တစ်စုံတစ်ဦးကို ရင်ဖွင့်ရန်၊ စကားပြောဆိုရန် တစ်စုံတစ်ဦး ရှိနေစေရန်သာ ဖြစ်လေသည်။ သူမသည် ရင်ဖွင့်ရန် လုံခြုံသော နေရာတစ်ခု၊ နားထောင်ပေးမည့် တစ်စုံတစ်ဦးကိုသာ လိုချင်ခဲ့ ခြင်း ဖြစ်၏။

ရွှီပေါ်အန်းသည် စကားပြောကောင်းသူ တစ်ဦး မဟုတ်သော်လည်း သူသည် နားထောင်ကောင်းသူ တစ်ဦး ဖြစ် သည်မှာ သေချာလှပေသည်။

“ခင်ဗျား ကျွန်တော့်ကို ဘာလို့ ဒီလို စိုက်ကြည့်နေတာလဲ... ကျွန်တော်က အဲဒီလောက်တောင် ဆွဲဆောင်မှု ရှိနေ လို့လား...”

အိုယန်နာကျား ရုတ်တရက် စကားပြောရပ်သွားပြီး သူ့အား စိုက်ကြည့်နေသည်ကို မြင်သောအခါ ရွှီပေါ်အန်းက ပြုံး၍ မေးလိုက်လေ၏။

အိုယန်နာကျား နှုတ်ခမ်းကို တွန့်လိမ်လိုက်ပြီး ပြောလေသည်။

“ကျွတ်... ရှင်က ဘဝင်မြင့်နေတာပဲ... ကျွန်မ ရှင့်ကို ကြည့်နေရင်းနဲ့ ရုတ်တရက် ကျွန်မ ပိုပြီး ပျော်ရွှင်သင့် တယ်လို့ ခံစားလိုက်ရလို့ပါ...”

ရွှီပေါ်အန်းသည် သူ့ကိုယ်သူ ပြန်ညွှန်ပြလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်နေကာ နားမ လည်နိုင်စွာဖြင့် မေးလိုက်လေ၏။

“ကျွန်တော်လား... ဘာက ခင်ဗျားကို ဒီလို ပြောစေတာလဲ...”

အိုယန်နာကျား ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြောလိုက်လေသည်။

“ဟီးဟီး... ရှင့်ကို တွေ့ရတာ တော်တော်လေး ကံကောင်းတယ်လို့ ကျွန်မ ရုတ်တရက် ခံစားလိုက်ရတယ်... ဟုတ် တယ်... မှန်တယ်... ကျွန်မ ပျော်ရွှင်သင့်တယ်...”

ရွှီပေါ်အန်း ရယ်မောလိုက်ပြီး ပြောလေ၏။

“မဟုတ်ဘူးလေ... ကျွန်တော်က ကံဆိုးနေတယ် ဒါမှမဟုတ် မပျော်ရွှင်ဘူးဆိုတဲ့ အတွေးကို ခင်ဗျား ဘယ်က ရလာတာလဲ... ကျွန်တော်က တခြားတစ်ယောက်ရဲ့ ဝမ်းနည်းမှုတွေကို နှိုင်းယှဉ်ဖို့ ကိရိယာတစ်ခု ဖြစ်သွားသလို ရုတ်တရက် ခံစားလိုက်ရတယ်...”

အိုယန်နာကျား ရုတ်တရက် ပြုံးလိုက်ရာ မျက်ရည်ကျနေရာမှ ရယ်မောသွားသည့် သူမ၏ အမူအရာမှာ အလွန် တရာ လှပပြီး ချစ်စရာကောင်းနေခဲ့လေသည်။

သူမက နှာခေါင်းကို ညင်သာစွာ သုတ်လိုက်ပြီး အနည်းငယ် ရှိုက်ငိုနေသော အသံဖြင့် ပြောလိုက်လေ၏။

“ကျွန်မတို့ စတွေ့ခဲ့တဲ့နေ့ကို ကျွန်မ ရုတ်တရက် သတိရသွားတယ်... အဲဒီ ကောင်မလေးချောချောလေးက ရှင့်ကို တွယ်ကပ်နေပြီးတော့ သူမက တခြားတစ်ယောက်ကိုလည်း တွဲနေခဲ့တာလေ... အများဆုံး ဖြစ်နိုင်တာက ရှင် ဖောက်ပြန်ခံခဲ့ရတာပဲ...”

ရွှီပေါ်အန်း ခေတ္တမျှ စကားဆွံ့အသွားပြီးနောက် တိုးဖျော့သောအသံဖြင့် ပြောလိုက်လေသည်။

“ခင်ဗျားက လှပတဲ့ ရုပ်သံအစီအစဉ် တင်ဆက်သူတစ်ယောက်ပါ... လှပတဲ့ စုံထောက်တစ်ယောက် မဟုတ်ဘူး... ခင်ဗျား ဒီလောက်တောင် အကဲခတ်ကောင်းဖို့ လိုလို့လား...”

အိုယန်နာကျားက ကျေနပ်ဂုဏ်ယူစွာဖြင့် ပြောလိုက်လေ၏။

“ဟက်ဟက်... ပြောရမယ်ဆိုရင် ကျွန်မတို့ နှစ်ယောက်စလုံးက ဖောက်ပြန်ခံရပြီး သစ္စာဖောက်ခံရတဲ့ ဒဏ်ကို ခံစားခဲ့ရပေမယ့် အနည်းဆုံးတော့ စွန့်ပစ်ခဲ့တာက ကျွန်မပဲ... ရှင်ကတော့ စွန့်ပစ်ခံခဲ့ရတဲ့သူ ဖြစ်နေပုံပဲ...”

ရွှီပေါ်အန်း ခေါင်းခါမ်းပြလိုက်ပြီး ပြောလေသည်။

“သေချာတာပေါ့... လူသားတွေရဲ့ ပျော်ရွှင်မှု အရင်းအမြစ်က ကျွန်တော်တို့ ပတ်ဝန်းကျင်က လူတွေရဲ့ မပျော်ရွှင် မှုကနေ လာတာပဲ... အဲဒါက အရမ်း ယုတ်မာလွန်းတယ်...”

အိုယန်နာကျား လှပစွာ ပြုံးလိုက်ရာ သူမ၏ သေးငယ်သော ကျားစွယ်လေးများက ချစ်စရာကောင်းသည့် အငွေ့ အသက်ကို ဖော်ပြနေလေ၏။

“ဟီးဟီး... ဟန်ဆောင်မနေပါနဲ့တော့... အဲဒီနေ့က ရှင်က အဲဒီ ဇနီးဟောင်း ဒါမှမဟုတ် ချစ်သူဟောင်းကို စွန့် လွှတ်လိုက်ပြီဆိုတာကို ကျွန်မ သိနိုင်ခဲ့ပါတယ်... ဒါမှမဟုတ်ရင် အစိမ်းရောင်အင်ပါယာ ကို ခွဲလိုက်ပြီးတဲ့နောက် သူမကို ငွေတွေ အများကြီး ပေးခိုင်းမှာ မဟုတ်ဘူးလေ...”

ရွှီပေါ်အန်း အံ့အားသင့်သွားခဲ့လေသည်။

“ငါလုပ်ခဲ့တာက တကယ်ပဲ အဲဒီလောက်တောင် သိသာနေလို့လား…”

အိုယန်နာကျား ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။

“ကောင်းပါပြီ... ကောင်းပါပြီ... ဒေါသမထွက်ပါနဲ့... ဒါက ကျွန်မအမှားပါ... ကျွန်မ ရှင့်ကို ဒီလောက်ကြီး မနာ ကျင်စေသင့်ဘူး... ပြီးတော့ ရှင့်ရဲ့ ဒဏ်ရာတွေအပေါ် ဆားမသိပ်သင့်ဘူးလေ... ဒီလိုလုပ်ရင်ကော... ကျွန်မရဲ့ တောင်းပန်မှုကို ဖော်ပြတဲ့အနေနဲ့ ရှင့်အတွက် ကျွန်မ ကပြမယ်...”

“ကပြမယ်...”

ရွှီပေါ်အန်းက အံ့အားသင့်စွာ မေးလိုက်လေ၏။

အိုယန်နာကျား ခေါင်းညိတ်လိုက်ပြီး ပြောလေသည်။

“ဟုတ်တယ်... ကျွန်မ ကောလိပ်တက်တုန်းက ကျောင်းကလပ်မှာ နှစ်အနည်းငယ်လောက် လေ့လာခဲ့ဖူးတယ်... ရုပ်သံစခန်းမှာ အလုပ်လုပ်ပြီးတဲ့နောက် ကခုန်တာကို သင်ယူဖို့ အခွင့်အရေးတွေ အများကြီး ပိုရလာတယ်လေ... ကျွန်မက အကအဓိက မဟုတ်ပေမယ့် အဲဒီမှာတော့ တော်တော်လေး ကောင်းပါတယ်... မကြာခင်ကပဲ ကျွန်မ ရိုက်ထားတဲ့ အကဗီဒီယိုတစ်ခုက ခွိုက်ယင် မှာ တော်တော်လေး နာမည်ကြီးသွားသေးတယ်...”

အိုယန်နာကျားက ခွိုက်ယင် အကြောင်းကို ပြောလိုက်သောအခါ မကြာမီက အလွန်ရေပန်းစားခဲ့သော ကြမ်းပြင် ခေါက်အက တစ်ခုကို ရွှီပေါ်အန်း ရုတ်တရက် သတိရသွားခဲ့လေ၏။

ရွှီပေါ်အန်းသည် ဒေသတွင်း ချန်နယ်တွင် ၎င်းကို အကြိမ်များစွာ မြင်တွေ့ခဲ့ရသည်။ ထိုအချိန်က အိုယန်နာကျား သည် အမှန်တကယ်ပင် မကြာခဏ ပေါ်လာခဲ့လေသည်။

*အနက်ရောင် ခြေအိတ်ရှည်နှင့် ဒေါက်မြင့်ဖိနပ် တွဲဖက်ထားသော စကတ်တိုလေး... ထိုခန္ဓာကိုယ်... ထိုလှုပ်ရှား မှု….*

*ဝိုး... ငါက တိုက်ရိုက်ထုတ်လွှင့်မှု ဗားရှင်းကို ကြည့်ဖို့ အခွင့်အရေး ရတော့မှာလား….*

ရွှီပေါ်အန်း၏ အတွေးသည် မကြာမီမှာပင် အမှန်တကယ် ဖြစ်လာခဲ့လေ၏။

အိုယန်နာကျားသည် အနက်ရောင် ဂါဝန်တစ်ထည်ကို ဝတ်ဆင်ထားပြီး ဖြစ်သော်လည်း လတ်တလောတွင် သူမ သည် အိမ်စီးဖိနပ်များကို ဝတ်ဆင်ထားခဲ့လေသည်။

အိုယန်နာကျားသည် ဘေးဘက်ရှိ ဖိနပ်စင်ကြီးဆီသို့ လျှောက်သွားကာ သူမ၏ အိမ်စီးဖိနပ်များကို ကန်ချွတ် လိုက်ပြီး ဇာပေါက်ပုံစံ ငွေရောင် ဒေါက်မြင့်ဖိနပ်တစ်ရန်ကို ထုတ်ယူလိုက်လေ၏။

ထို့နောက် သူမ စီးလိုက်လေသည်။

ရုတ်တရက်ဆိုသလို နဂိုကတည်းက သွယ်လျနေပြီဖြစ်သော အိုယန်နာကျားသည် ပို၍ အရပ်ရှည်လာပြီး ပို၍ ဆွဲဆောင်မှု ရှိလာခဲ့လေ၏။

“ရှောင်အိုက်... သီချင်းဖွင့်... ကြမ်းပြင်ခေါက်အက...”

နောက်တစ်ခဏတွင် တေးဂီတ စတင် ထွက်ပေါ်လာလေသည်။ အိုယန်နာကျားသည် သူမ၏ တက်ကြွသော အကကို အချိန်ကိုက်ပင် စတင်လိုက်လေတော့၏။

သူမ၏ ဆံပင်များက လွတ်လပ်စွာ လွင့်ပျံနေပြီး သူမ၏ လှုပ်ရှားမှုများက ကျက်သရေရှိကာ ချောမွေ့နေခဲ့သည်။ သီချင်းတစ်ပုဒ်ပြီးတစ်ပုဒ်၊ တစ်ပုဒ်စီတိုင်းသည် တက်ကြွလှုပ်ရှားပြီး ဆွဲဆောင်မှုရှိသော အကတစ်ခု ဖြစ်နေခဲ့ လေသည်။

ညဉ့်နက်ယံ... ပြင်းထန်သော အရက်... လှပသော အမျိုးသမီးများနှင့် ပူပြင်းလှသော အက။

ရွှီပေါ်အန်းသည် အိုယန်နာကျား၏ ကျက်သရေရှိလှသော အကကြောင့် ချက်ချင်းပင် ညှို့ယူဖမ်းစားခံလိုက် ရလေ၏။

သူ၏ တောက်ပနေသော မျက်လုံးနက်ကြီးများသည် အိုယန်နာကျား၏ လှုပ်ရှားမှုများနောက်သို့ လိုက်ပါသွားပြီး ဘယ်ညာ လှည့်လည်နေခဲ့သည်။ သူ၏မျက်လုံးထဲတွင် အိုယန်နာကျားသည် သူ တစ်ယောက်တည်း ကြည့်ရှုနိုင် ရန်အတွက် တစ်ကိုယ်တော် ကခုန်နေပြီး သူ မရေမတွက်နိုင်သော နှစ်များစွာတိုင်အောင် ရှာဖွေနေခဲ့သည့် အမျိုး သမီးတစ်ဦးနှင့် တူနေခဲ့လေသည်။

ဤသို့ ကျက်သရေရှိလှသော အကလှုပ်ရှားမှုများ၊ ဤမျှ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်သည် ညအချိန်တွင် ပွင့်လန်းနေသော ပန်းတစ်ပွင့်နှင့် တူနေပြီး သင့်အတွက်သာ ဖူးပွင့်ကာ သင့်အတွက်သာ တောက်ပနေသည့် အလားပင်။

All Chapters