← Chapters

အခန်း ၂၀၆

Vol. 21 Ch. 206

အခန်း ၂၀၆

Vol. 21 Ch. 206

အခန်း (၂၀၆)

ရှင့်ကို ကျွန်မနဲ့အတူ ရှိနေစေချင်တာ

အိုယန်နာကျား၏ စကားများတွင် မထီမဲ့မြင်ပြုမှုနှင့် သရော်လှောင်ပြောင်သည့် အရိပ်အယောင်များ ပါဝင်နေပုံရ လေသည်။

ရွှီပေါ်အန်းမှာ ရွေးချယ်စရာ မရှိသဖြင့် စိတ်ရှည်လက်ရှည် ရှင်းပြလိုက်ရလေ၏။

“မဟုတ်ပါဘူး...၊ အဓိကက အခု မင်း နေမကောင်းဖြစ်နေလို့ပါ...။ အရက်သောက်တာက ကျန်းမာရေးအတွက် မကောင်းသလို မင်းရဲ့ ခြေသလုံး ပြန်ကောင်းဖို့အတွက်လည်း မကောင်းဘူး...”

“ရှင်က ကျွန်မကို စိတ်ပူနေတာလား...”

အိုယန်နာကျားက ရွှီပေါ်အန်းကို သူမ၏ မျက်လုံးပြူးကြီးများဖြင့် စူးစိုက်ကြည့်ကာ မေးလိုက်လေသည်။

အိုယန်နာကျား၏ စူးရှသော အကြည့်အောက်တွင် အနည်းငယ် နေရခက်သွားသဖြင့် ရွှီပေါ်အန်းက အပြစ်ရှိသလို ခံစားချက်ဖြင့် တိုးတိုးလေး ပြောလိုက်လေ၏။

“သူငယ်ချင်းတစ်ယောက်အနေနဲ့ မင်းရဲ့ ကျန်းမာရေးအတွက် တာဝန်ယူရမှာပေါ့...၊ မဟုတ်ဘူးလား...”

အိုယန်နာကျားက တခစ်ခစ် ရယ်မောလိုက်ပြီး မထီမဲ့မြင်ပြုသကဲ့သို့ ပြောလိုက်လေသည်။

“သူငယ်ချင်း...၊ ဟက်...၊ ရှင်က ဘယ်လို သူငယ်ချင်းမျိုးကို ပြောနေတာလဲ...။ ယောက်ျားနဲ့ မိန်းမကြားက သူငယ်ချင်းဆိုတဲ့ အချစ်ကို ကျွန်မ မယုံဘူး...”

ရွှီပေါ်အန်းမှာ အံ့အားသင့်သွားပြီး သူ ဘာစကား မှားပြောမိပြန်ပြီလဲဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်သွား ခဲ့လေ၏။

ရွှီပေါ်အန်းသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် တိုးတိုးလေး ပြောလိုက်လေသည်။

“မင်း မူးနေပြီ...”

“ကျွန်မ မမူးဘူး...၊ ကျွန်မ မသိဘူးလို့ မထင်နဲ့...။ ယောက်ျားတွေက အကုန်အတူတူပဲ...။ မိန်းမတွေကို ကျော် ဖြတ်ဖို့ ရိုးအီနေတဲ့ လှည့်ကွက်အမျိုးမျိုးကို အသုံးချဖို့ အများကြီး ကြိုးစားကြတယ်...၊ ဒါပေမဲ့ ရှင်တို့ကိုယ်ရှင်တို့ အရမ်း ထက်မြက်တယ်လို့ ထင်နေကြတာ...”

အိုယန်နာကျားသည် အလွန်တရာ စိတ်လှုပ်ရှားနေပုံရပြီး ဒေါသတကြီး လေသံဖြင့် ပြောလိုက်လေ၏။

ခေတ္တမျှ ရွှီပေါ်အန်းမှာ ဘာပြောရမှန်း မသိအောင် ဖြစ်သွားလေသည်။

သူ ဘာပဲပြောပြော မှားနေပုံရလေ၏။

အိုယန်နာကျားသည် အသက်ပြင်းပြင်း အကြိမ်အနည်းငယ် ရှူသွင်းလိုက်ပြီး ရွှီပေါ်အန်းကို မထီမဲ့မြင်ပြုသော အကြည့်ဖြင့် ဆက်ကြည့်ကာ ပြောလေသည်။

“ကျွန်မကို အရူးလို့ ထင်နေတာလား...။ ရှင့်ရဲ့ ရည်ရွယ်ချက်တွေကို ကျွန်မ မမြင်နိုင်ဘူးလို့ ထင်နေတာလား...”

“ငါ ဘာတွေ ရည်ရွယ်နေလို့လဲ...”

ရွှီပေါ်အန်းက အလိုအလျောက် မေးလိုက်လေ၏။

အခြေအနေများစွာတွင် လှပသော အမျိုးသမီးများ၌ အထူး အခွင့်အရေးများ ရှိနေသည်ဟု ဆိုရပေမည်။

အကယ်၍ အခြားသူသာဆိုလျှင် ရွှီပေါ်အန်းသည် သူ၏ အဓိပ္ပါယ်မရှိသော စကားများကို နားထောင်နေရန် အလုပ်ရှုပ်ခံမည် မဟုတ်ချေ။

အိုယန်နာကျားက လှောင်ပြုံး ပြုံးလိုက်လေ၏။

“ဟက်...၊ ရှင် စကားမှားသွားပြီ မဟုတ်လား...။ ရှင် တကယ်ပဲ ကျွန်မအပေါ်မှာ အကြံအစည်တွေ ရှိနေခဲ့တာ ပဲ...”

ရွှီပေါ်အန်းမှာ မနေနိုင်ဘဲ ခါးသီးစွာ ပြုံးလိုက်လေသည်။

“ငါက မင်းရဲ့ အတွေးလမ်းကြောင်းအတိုင်း လိုက်ပြောနေတာပါ...၊ အဲဒါက ဘယ်လိုလုပ် မှားသွားတာလဲ...”

မျှော်လင့်ထားသည့်အတိုင်း စကားပြောများခြင်းက အမှားများဆီသို့ ဦးတည်သွားစေခဲ့သည်။ သူ စကားမပြောခဲ့ သင့်ပေ။

အိုယန်နာကျားက ဆက်ပြောလေ၏။

“အားနည်းချက်ကို အခွင့်ကောင်းယူတာ...၊ ဒါက ယောက်ျားတွေ အမြဲသုံးတဲ့ လှည့်ကွက် မဟုတ်ဘူးလား...။ ကျွန်မ ကျန်းမာရေးအတွက် တာဝန်ယူရမယ်ဆိုတာ ဘာကိုဆိုလိုတာလဲ...။ အကုန်လုံးက အဓိပ္ပါယ်မရှိတာတွေ ပါ...။ ကျွန်မ ထင်တာကတော့ ရှင် ကျွန်မ ခန္ဓာကိုယ်အတွက် တာဝန်ယူချင်နေတာပဲ ဖြစ်ရမယ်...”

အိုယန်နာကျားသည် အနည်းငယ် ပုံမှန်မဟုတ်သကဲ့သို့ ဖြစ်နေပြီး သူမ၏ မခံမရပ်နိုင်သော အတိတ်က အဖြစ် အပျက်အချို့ကို ပြန်လည်အမှတ်ရနေသည့်အလား စကားပြောနေစဉ်မှာပင် သူမ၏ မျက်လုံးများတွင် မျက်ရည် များ ဝဲတက်လာလေသည်။

ရွှီပေါ်အန်းမှာ ရုတ်တရက် သက်ပြင်းချလိုက်မိလေ၏။

အသိအမှတ်ပြုရန် အလွန် ဝန်လေးနေခဲ့သော်လည်း အိုယန်နာကျား ပြောခဲ့သည်မှာ အမှန်တရားပင် ဖြစ်လေ သည်။

ထိုအချိန်တိုလေးအတွင်း ကံကြမ္မာနှင့် ကောင်းကျိုးကုသိုလ် ဟောကိန်းကျမ်း မှ ဟောကိန်းများ ပြည့်စုံလာမည့် အကြောင်းကို သူ အကြိမ်ကြိမ် တွေးတောမိခဲ့လေ၏။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် အားလုံးသည် အိုယန်နာကျား ပြောပြခဲ့သော ယောက်ျားနှင့် မိန်းမကြားရှိ ကိစ္စ ငယ်လေးကြောင့်ပင် ဖြစ်လေသည်။

ရှက်ရွံ့မှု အရိပ်အယောင်ဖြင့် ရွှီပေါ်အန်းသည် မတ်တတ်ရပ်ကာ ပြောလိုက်လေ၏။

“မင်း အရက်တွေ အများကြီး သောက်ထားတယ်...။ အနားယူသင့်ပြီ...။ ငါ သွားတော့မယ်...”

အိုယန်နာကျားက ရွှီပေါ်အန်းကို စိတ်ဝင်တစား မော့ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများတွင် သံသယများ ပြည့်နှက်နေခဲ့လေသည်။

“ရှင် တကယ် သွားတော့မှာလား...”

ရွှီပေါ်အန်းက ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလေ၏။

“မှန်တယ်...၊ အခု မှောင်လည်းမှောင်နေပြီ...၊ မင်းလည်း အနားယူသင့်ပြီ...”

“ကျွန်မ မယုံဘူး...”

အိုယန်နာကျားက ခေါင်းခါလိုက်လေသည်။

“ဟားဟား...”

ရွှီပေါ်အန်းက ရယ်မောလိုက်ပြီး ဤတစ်ကြိမ်တွင်မူ သူ ဘာမှ ထပ်မပြောတော့ချေ။

အိုယန်နာကျား၏ သွယ်လျသော လက်ချောင်းလေးများသည် ဝိုင်ခွက်၏ ရိုးတံကို ကိုင်ထားပြီး ညင်သာစွာ လှည့် လည်ရင်း သူမဘာသာ ပြောလိုက်လေ၏။

“ရှင် သွားမယ်ဆိုတာကို ကျွန်မ မယုံဘူး...။ ရှင် ဒီမှာ ကျွန်မနဲ့အတူ အရက်သောက်နေတယ်...၊ ကျွန်မရဲ့ အဓိပ္ပါယ်မရှိတဲ့ ညည်းညူသံတွေကို နားထောင်နေတယ်...၊ ကျွန်မ ကပြတာကို ကြည့်နေတယ်...၊ ပြီးတော့ ရှင့်မျက်လုံးတွေက ကျွန်မကို ဝါးမျိုတော့မလိုပဲ...။ ရှင် ကျွန်မ မမြင်နိုင်ဘူးလို့ ထင်နေလား......”

အိုယန်နာကျား၏ စကားများတွင် မထီမဲ့မြင်ပြုမှုနှင့် သရော်လှောင်ပြောင်သည့် အရိပ်အယောင်များ ပါဝင်နေပုံရ လေသည်။

ရွှီပေါ်အန်းသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ပြောလိုက်လေသည်။

“ကောင်းပြီ...၊ ငါ ဝန်ခံပါတယ်...။ လှပတဲ့ အမျိုးသမီးတစ်ယောက်ဆိုတာ လူကြီးလူကောင်းတစ်ယောက်ရဲ့ စံပြပဲ လေ...။ မင်းကို စော်ကားတယ်လို့ ခံစားရရင် ငါ တောင်းပန်ပါတယ်...”

အိုယန်နာကျားက ရုတ်တရက် ခေါင်းမော့လာပြီး ရွှီပေါ်အန်းကို ပြတ်သားသော အကြည့်ဖြင့် ကြည့်ကာ ပြော လိုက်လေ၏။

“ကျွန်မ ရှင့်ရဲ့ တောင်းပန်စကားကို မလိုချင်ဘူး...၊ ရှင့်ကို ကျွန်မနဲ့အတူ ရှိနေစေချင်တာ...”

“ဟင်...”

ရွှီပေါ်အန်းမှာ အံ့အားသင့်သွားပြီး ခေတ္တမျှ ဘာပြောရမှန်း မသိအောင် ဖြစ်သွားလေသည်။

ဤသည်မှာ မည်သို့သော ထူးဆန်းလှသည့် အတွေးအခေါ် လုပ်ငန်းစဉ်မျိုးနည်း။

သို့သော် အိုယန်နာကျားသည် သူမ၏ သွယ်လျသော လက်ကို ဆန့်ထုတ်ကာ ရွှီပေါ်အန်း၏ လက်ကြီးကို လက် တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်လေ၏။ သူမ၏ လက်သန်းလေးက သူ၏ လက်ဖဝါးထဲသို့ ညင်သာစွာ ချိတ်တွယ် လိုက်ပြီး ရန်စလိုသော အရိပ်အယောင်ဖြင့် ပြောလိုက်လေသည်။

“ညက ရှည်လျားတယ်...၊ ပြီးတော့ ရှင်လည်း အိပ်ချင်စိတ် မရှိဘူး မဟုတ်လား...”

ရွှီပေါ်အန်းက ခေါင်းခါလိုက်ပြီး တိုးတိုးလေး ပြောလေ၏။

“မင်း အရမ်းမူးနေပြီ...၊ ငါ မင်းကို အခွင့်ကောင်း မယူချင်ဘူး...”

အိုယန်နာကျားက ခပ်ပေါ့ပေါ့ပင် ပြောလိုက်လေသည်။

“ဒါဆိုလဲ ဘာဖြစ်လဲ...။ ကျွန်မ ဘာလုပ်နေလဲဆိုတာ ကျွန်မ သိတယ်...။ ကျွန်မတို့နှစ်ယောက်လုံး လူကြီးတွေ ပဲ...၊ ကိုယ့်ရွေးချယ်မှု ကိုယ် လုပ်နိုင်တယ် မဟုတ်ဘူးလား...”

“ဒါပေမဲ့...”

ရွှီပေါ်အန်း တစ်စုံတစ်ရာ ထပ်မပြောနိုင်မီ အိုယန်နာကျားသည် လိပ်ပြာတစ်ကောင်ကဲ့သို့ ပျံသန်းလာပြီး သူ၏ ခေါင်းကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ အနီးသို့ ကပ်လာပြီး ရွှီပေါ်အန်း၏ ကျန်ရှိနေသော စကားများကို နှုတ်ဆိတ် သွားစေခဲ့လေတော့သည်။

ဤအချိန်တွင် ထပ်ပြောနေခြင်းက အဓိပ္ပါယ်မဲ့နေလိမ့်မည် ဖြစ်၏။

နွေဦးည၏ အခိုက်အတန့်လေးတစ်ခုသည် ရွှေတုံးတစ်ထောင်နှင့်ပင် ထိုက်တန်လှပေသည်။

အင်း...၊ ကံကြမ္မာနှင့် ကောင်းကျိုးကုသိုလ် ဟောကိန်းကျမ်း က တကယ်ကို တိကျတာပဲ...။

...

အိုယန်နာကျားသည် နှစ်ခြိုက်စွာ အိပ်မောကျသွားပြီး သူမ၏ နူးညံ့ကာ တည်ငြိမ်နေသော မျက်နှာလေးသည် ပန်းရောင် တောက်ပမှုဖြင့် လင်းလက်နေဆဲပင် ဖြစ်လေသည်။

သို့သော် ရွှီပေါ်အန်းမှာမူ အိပ်မပျော်နိုင်သေးချေ။ သူသည် ပန်းပွင့်ဖတ်တစ်ခုနှင့် တူသော ခုတင်ပေါ်ရှိ အနီရင့် ရောင် အစက်အပြောက်ကို စိုက်ကြည့်နေမိပြီး သူ၏ မျက်နှာအမူအရာမှာ ခံစားချက်မျိုးစုံနှင့် ရှုပ်ထွေးမှုများ ရောယှက်နေလေ၏။

ဤသည်မှာ အိုယန်နာကျားအတွက် ပထမဆုံးအကြိမ် ဖြစ်လိမ့်မည်ဟု သူ တကယ်ကို မထင်ထားခဲ့မိပေ။

သို့သော်... သူမတွင် နှစ်ပေါင်းများစွာ တွဲလာခဲ့သော ရည်းစားဟောင်း တစ်ယောက် ရှိနေခဲ့သည် မဟုတ်ပါ လား...။ ထို လူရှုပ်လူပွေ ပြိုင်ကား မောင်းတဲ့ကောင်လေ...။

ထိုနှစ်ဦးသည် ဤအဆင့်အထိ မရောက်ခဲ့ကြဘူးဆိုသည်ကို ယုံကြည်ရန် ခက်ခဲသော်လည်း ကျန်းမိသားစု၏ ဆေးပညာရှင်ကြီးထံမှ ဘိုးဘွားစဉ်ဆက် ဆေးကျမ်း၏ နည်းစနစ်များကို ကျွမ်းကျင်ပိုင်နိုင်ထားသူ တစ်ယောက် အနေဖြင့် ရွှီပေါ်အန်းသည် အိုယန်နာကျား၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို ရှင်းလင်းစွာ ဆုံးဖြတ်နိုင်လေသည်။

ဤသည်မှာ ပြီးခဲ့သော နှစ်များတစ်လျှောက်လုံး ရွှီပေါ်အန်း အမျိုးသမီးတစ်ဦးနှင့် ပထမဆုံးအကြိမ် အနီးကပ် ထိတွေ့ဖူးခြင်းပင် ဖြစ်လေ၏။

သူ၏ ဇနီးဟောင်း ချီရှောင်ရွှယ် ပင်လျှင် သူ့ကို ထိုခံစားချက်မျိုး မပေးစွမ်းနိုင်ခဲ့ချေ။ ရွှီပေါ်အန်းတွင် အလွန် ရှုပ်ထွေးသော ခံစားချက်တစ်ခု ရှိနေခဲ့လေသည်။

ရွှီပေါ်အန်းသည် ထိုအကြောင်းကို အချိန်အတော်ကြာအောင် တွေးတောနေခဲ့သော်လည်း မည်သည့် အရိပ် အယောင်ကိုမျှ မတွေ့ရသေးချေ။ သူ၏ ခံစားချက်များသည် ရှုပ်ထွေးနေဆဲဖြစ်ပြီး ဤရုတ်တရက် မတော်တဆ မှုကို မည်သို့ ရင်ဆိုင်ရမည်ကို သူ မသိခဲ့ပေ။

နောက်ဆုံးတွင် အချိန်အတန်ကြာပြီးနောက် ရွှီပေါ်အန်းလည်း နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့လေတော့သည်။

အချိန်အတော်ကြာပြီးနောက်တွင် ရွှီပေါ်အန်းသည် ခေါ်သံတစ်ခုကြောင့် နိုးထလာခဲ့လေ၏။

ရွှီပေါ်အန်းသည် ပုံမှန်အတိုင်း ဘွန်ဆိုင်းကို ဆင့်ခေါ်ရန် ရည်ရွယ်လျက် မျက်လုံးများကို ဖွင့်လိုက်သော်လည်း ရင်းနှီးကျွမ်းဝင်မှု မရှိသော ပတ်ဝန်းကျင်ကြောင့် ချက်ချင်းပင် လန့်ဖြန့်သွားခဲ့လေသည်။

ရွှီပေါ်အန်းသည် အလျင်စလို ထိုင်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်မှသာ သတိပြန်ဝင်လာခဲ့လေ၏။

ဤနေရာက သူ၏ ကိုယ်ပိုင်အိမ် မဟုတ်ချေ။

မနေ့က သူ အိုယန်နာကျား၏ အိမ်တွင် အနားယူရန် ညအိပ်ခဲ့ခြင်း ဖြစ်လေသည်။

*တော်ပါသေးရဲ့...*

အကျင့်များက အန္တရာယ်များနိုင်သည်...၊ သူတို့ ကပ်ဆိုးတစ်ခုကို ဖန်တီးမိလုနီးပါးပင်။

ဤအချိန်တွင် နေမြင့်နေပြီ ဖြစ်သော်လည်း အခန်းပြတင်းပေါက်အနီးရှိ ကြမ်းပြင်အထိ ရှည်လျားသော ခရမ်း ရောင် လိုက်ကာကြီးများကိုမူ ပိတ်ထားဆဲပင် ဖြစ်လေ၏။

ရွှီပေါ်အန်းက ဘေးသို့ လှည့်ကြည့်လိုက်သော်လည်း အိုယန်နာကျားသည် သူ၏ဘေးတွင် ရှိမနေတော့ချေ။

ဂျုံခွံ ခေါင်းအုံးဘေးတွင် မှတ်စုစာရွက်လေး တစ်ရွက်သာ ရှိနေလေသည်။

နူးညံ့ပြီး သပ်ရပ်သော လက်ရေးများဖြင့် ရေးသားထားသည့် စာကြောင်းတိုလေး အနည်းငယ် ပါဝင်ပြီး အိုယန်နာကျားက လက်မှတ်ရေးထိုးထားလေ၏။

ရွှီပေါ်အန်းသည် အိုယန်နာကျား၏ စာကို ဖတ်တော့မည့်ဆဲဆဲတွင် ဘွန်ဆိုင်းဆီမှ ကျယ်လောင်သော အော်ဟစ်သံတစ်ခုကို ကြားလိုက်ရလေသည်။

“အို...ဘုရားရေ...၊ မိုးတွေ အရမ်းရွာနေတယ်...။ တောင်စောင့်နတ်မင်းကြီး ကောင်းကင်ကို ဖာထေးဖို့ သုံးခဲ့တဲ့ ရွှံ့တွေ တကယ်ပဲ ရေတွေတိုက်စားသွားပြီ...”

All Chapters