← Chapters

အခန်း ၂၀၇

Vol. 21 Ch. 207

အခန်း ၂၀၇

Vol. 21 Ch. 207

အခန်း (၂၀၇)

ဘွန်ဆိုင်းကမ္ဘာတွင် ရုတ်တရက်ကြီး ရေကြီးနေပြီ

ရွှီပေါ်အန်းမှာ အံ့အားသင့်သွားခဲ့လေ၏။

“သောက်ကျိုးနည်း...။ ဒီမှာ ဘာတွေ ဖြစ်နေတာလဲ...”

*အင်္ဂတေက ခြောက်တဲ့ အချိန်တောင် မရောက်သေးဘဲနဲ့ မိုးရွာလာတယ်ပေါ့...။*

*ချင်းယွန်းလမ်းက ချင်းမူစီရင်စုမှာ ပြင်းထန်တဲ့ မိုးခေါင်ရေရှားဘေးဒဏ်ကို ခံစားနေရတဲ့နှစ် မဟုတ်ဘူးလား...။ ရက်အနည်းငယ်ပဲ ရှိသေးတယ်...၊ ဘယ်လိုလုပ်ပြီး မိုးနှစ်ကြိမ်တောင် ရွာသွားရတာလဲ...။*

ရွှီပေါ်အန်းသည် အာရုံစူးစိုက်ကြည့်လိုက်ရာ သည်းထန်စွာ ရွာသွန်းနေသော မိုးကို ချက်ချင်း မြင်လိုက်ရလေ၏။

ကံကောင်းထောက်မစွာဖြင့် သူ အင်္ဂတေဖြင့် တည်ဆောက်ထားခဲ့သော ရေကန်ငယ်အချို့မှာ အင်္ဂတေ ခြောက် သွေ့ခိုင်မာသည့် ကနဦးအချိန်ကာလကို ကျော်လွန်သွားခဲ့ပြီဖြစ်ရာ ပုံပန်းသဏ္ဍာန် မပျက် ယိုယွင်းမသွားခဲ့ချေ။

တူလို မြေနံရံအိမ်ရာ၏ ခြံဝင်းအတွင်းရှိ ရွာသားများက ကျန်ရစ်သော အင်္ဂတေများဖြင့် ညှိထားခဲ့သည့် မြေပြင် မှာမူ သည်းထန်သော မိုးဒဏ်ကြောင့် ကွာကျသွားခဲ့ပြီး အင်္ဂတေအချို့ ရေစီးနှင့် မျောပါသွားကာ သဲနှင့် ကျောက် စရစ်များ ပေါ်ထွက်လာခဲ့လေသည်။

အစကတည်းက သည်းထန်စွာ ရွာသွန်းနေသော မိုးရေများ မြေပြင်ပေါ်သို့ ကျရောက်လာသောအခါ ရွှံ့ရည်များ အဖြစ် မြေပြင်အနှံ့ စီးဆင်းသွားစေခဲ့လေ၏။

အမိုးစွန်းရှိ ရေတံလျှောက်များမှလည်း ဘုံဘိုင်ခေါင်း ဖွင့်ထားသကဲ့သို့ ရေများ စီးကျနေပြီး အမိုးစွန်း ပတ်လည်ရှိ အင်္ဂတေများကို အဆက်မပြတ် တိုက်စားနေခဲ့လေသည်။

ထို့အပြင် သေချာစွာ ဖိသိပ်မထားခဲ့သော အင်္ဂတေတစ်နေရာမှာ ရေစီးနှင့်အတူ မျောပါသွားပြီး လုံးဝ ကွာကျ ပျောက်ကွယ်သွားကာ အောက်ခြေရှိ မူလမြေကြီး ပေါ်ထွက်လာခဲ့လေ၏။

“ဘုရားရေ...ဒါက တောင်စောင့်နတ်မင်းကြီး ကောင်းကင်ကို ဖာထေးခဲ့တဲ့ ကောင်းကင်ဖာထေးသည့် နတ်ရွှံ့စေး တွေလေ... ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်ရတာလဲ...”

“တစ်ခါတစ်လေကျရင် ဒီကောင်းကင်ဖာထေးသည့် နတ်ရွှံ့စေးတွေကို ငါတို့ သိမ်းထားတာ အရမ်း ကြာသွားလို့ နေမှာပေါ့... ဘာပဲဖြစ်ဖြစ် ရွှံ့စေးဆိုတာက အသုံးပြုဖို့ အကောင်းဆုံး အနေအထား ဆိုတာ ရှိတယ်လေ...”

“အို... ငါတို့ ဘာဆက်လုပ်ကြမလဲ... မနည်း ကြိုးစားပြီး ခိုင်မာတဲ့ ကျောက်သားကြမ်းပြင်လေး ရလာတာကို...”

“မင်းတို့က ဘာတွေ ပြောနေကြတာလဲ... မိုးသည်းကြီးမဲကြီး ရွာနေတာလေ... ဒါက ကောင်းတဲ့ ကိစ္စ မဟုတ်ဘူး လား... ငါတို့တွေ မိုးခေါင်ရေရှား ဒဏ်ကို ခံစားနေရတာ အရမ်း ကြာနေပြီလေ...”

“ကောင်းတဲ့ ကိစ္စဆိုတာတော့ ဟုတ်ပါတယ်... ဒါပေမဲ့ တောင်စောင့်နတ်မင်းကြီးရဲ့ ကောင်းချီးနဲ့ဆိုတော့ ငါတို့ ရေမရှားနိုင်တော့ပါဘူး... ငါတို့ အပင်ပန်းခံပြီး တည်ဆောက်ထားရတဲ့ ဒီကျောက်သားကြမ်းပြင်လေး အလ ဟဿ ဖြစ်သွားမှာ နှမြောလို့ပါ...”

“မင်းတို့က မဟုတ်သေးပါဘူး... တောင်စောင့်နတ်မင်းကြီးက ငါတို့ကို အများကြီး ကူညီပေးခဲ့ပြီးပြီ... ငါတို့ကိုယ် ငါတို့ပဲ အားကိုးရမယ်... အရာအားလုံးအတွက် တောင်စောင့်နတ်မင်းကြီးကိုပဲ မှီခိုနေလို့ မရဘူးလေ...”

“မင်းပြောတာက နားထောင်လို့တော့ ကောင်းပါတယ်... ဒါပေမဲ့ ဒီကျောက်သားကြမ်းပြင်ကြီးကကော ဘယ်လို လုပ်မလဲ... ဒီအတိုင်း ရေစားခံလိုက်ရတာကို ထိုင်ကြည့်နေရတော့မှာလား...”

ထိုစဉ် လီခန့်ရှန်းသည် မိုးကာအင်္ကျီနှင့် ဝါးခမောက်များကို ဆောင်းထားသော အခြားလူအချို့နှင့်အတူ သူ၏ အိမ်မှ အကြမ်းထည် အိပ်ရာခင်းစောင်ကြီး တစ်ထည်ကို ထမ်းကာ တူလို မြေနံရံအိမ်ရာထဲမှ အပြေးအလွှား ထွက်လာခဲ့လေသည်။

သူသည် မြေတူးခရင်းကဲ့သို့သော ကိရိယာတစ်ခုကို ကိုင်ဆောင်ထားပြီး ခြံဝင်းအတွင်းရှိ အမိုးစွန်းအောက်တွင် ရေစီးဖြင့် မျောပါသွားသော အင်္ဂတေများကို သွက်လက်စွာ စတင် တူးဆွလေတော့၏။

“အမျိုးသားတွေ... ကြီးကြီးငယ်ငယ် အားလုံး ငြင်းခုန်နေတာကို ရပ်လိုက်ကြတော့... ရွာလူကြီးနောက်ကို လိုက်ပြီး အလုပ်လုပ်ကြစို့... ငါတို့ မြောင်းတစ်မြောင်း မြန်မြန် တူးဖို့ လိုတယ်...”

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်ရာ နောက်ထပ် လူများစွာ ပြေးထွက်လာကြပြီး မိုးရေထဲတွင် အလုပ်လုပ် နေသော အဖွဲ့နှင့် လာရောက် ပူးပေါင်းကြလေ၏။

မကြာမီမှာပင် ခြေသလုံးအထိ နက်သော ရေနုတ်မြောင်းတစ်ခုကို တူးဖော်ပြီးစီးသွားခဲ့လေသည်။

ရေနုတ်မြောင်း ရှိနေခြင်းကြောင့် အမိုးစွန်းမှ စီးကျလာသော ရေများသည် အားနည်းနေသေးသည့် အင်္ဂတေ ကြမ်းပြင်ကို တိုက်ရိုက်နှင့် ပြင်းထန်စွာ မထိမှန်နိုင်တော့သဖြင့် ကြမ်းပြင် ပျက်စီးမှုကို များစွာ သက်သာသွား စေခဲ့လေ၏။

ဤတစ်ကြိမ်တွင်မူ ရွှီပေါ်အန်းသည် ကြည့်သာနေခဲ့ပြီး ကူညီရန် အလျင်စလို လက်လှမ်းခြင်း မပြုခဲ့ချေ။

အကယ်၍ သေချာပေါက် သေဆုံးနိုင်မည့် အခြေအနေမျိုး မဟုတ်ပါက ဘွန်ဆိုင်းကမ္ဘာထဲရှိ အခြေအနေများကို အတတ်နိုင်ဆုံး ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟု ရွှီပေါ်အန်းသည် တိတ်တဆိတ် ဆုံးဖြတ်ထားပြီး ဖြစ်လေ သည်။

ဤအင်္ဂတေ အနည်းငယ်မှာ ရွှီပေါ်အန်းအတွက် ဘာမှမဟုတ်သဖြင့် သဘာဝကျစွာပင် သူသည် ဂရုစိုက်နေမည် မဟုတ်ချေ။

ကံကောင်းထောက်မစွာဖြင့် ရွာသားများ၏ လုပ်ရပ်များက သူ့ကို စိတ်ပျက်မသွားစေခဲ့ပေ။

ရွှီပေါ်အန်းက ခေါင်းညိတ်လိုက်ပြီး ရွာသားများ၏ လုပ်ရပ်များအပေါ် ကျေနပ်အားရကြောင်း ဖော်ပြလိုက် လေ၏။

ထို့အပြင် လူအင်အား၏ စွမ်းအားကိုလည်း ရွှီပေါ်အန်း ထပ်မံ မြင်တွေ့ခဲ့ရလေသည်။ အကယ်၍ သူ ခေါင်ရှန်းရွာ သို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့စဉ်ကဆိုလျှင် ယနေ့ အလုပ်ထွက်လုပ်သူများထဲမှ မြေတူးခရင်းကိုပင် လွှဲယမ်း နိုင် သူ အလွန် နည်းပါးလိမ့်မည် ဖြစ်၏။

ရွှီပေါ်အန်း၏ စိတ်ထဲတွင် ဤနေရာရှိ နေထိုင်သူ အရေအတွက်ကို ထပ်မံ တိုးပွားလာစေရန် နည်းလမ်းများ ရှာဖွေရမည်ဟူသော အတွေးတစ်ခု ဝင်လာခဲ့မိလေသည်။

“ဘုရားရေ... ခင်ဗျားတို့ မြန်မြန် တက်လာခဲ့ကြတော့... ရုတ်တရက်ကြီး ရေကြီးနေပြီ...”

တူလို မြေနံရံအိမ်ရာ၏ စတုတ္ထထပ်တွင် ရပ်နေသော ရွာသားတစ်ဦးက အော်ဟစ်လိုက်လေသည်။

ထိုစကားကို ကြားသောအခါ ကလေးငယ်များက အပေါ်ထပ်သို့ အပြေးအလွှား တက်သွားကြလေ၏။

ရွှီပေါ်အန်း၏ အကြည့်များ ပြောင်းလဲသွားပြီး ထိုလူငယ်လေး ပြောပြသော ရုတ်တရက် ရေကြီးနေမှုကို သူ မြင်လိုက်ရလေသည်။

အဝေးရှိ တောင်ထွတ်နှစ်ခုကြားမှ ကျောက်စရစ်ခဲ လွင်ပြင်ပေါ်တွင် ဤအချိန်၌ ဆူနာမီကဲ့သို့ လှိုင်းထန်နေသော အဝါရောင် ရွှံ့ရည်များက အထက်မှနေ၍ တဟုန်ထိုး စီးဆင်းလာနေလေသည်။

ယင်း၏ အရှိန်အဟုန်မှာ ချန်ထန်မြစ်၏ ဒီရေ သို့မဟုတ် ဟွမ်ဟယ်မြစ်ပေါ်ရှိ ဟူခိုရေတံခွန်၏ ကြမ်းတမ်းသော ရေစီးကြောင်းနှင့် အနည်းငယ် တူညီနေလေ၏။

ရွှီပေါ်အန်း၏ မျက်စိထဲတွင် မြင်ကွင်းမှာ အကြိမ်များစွာ သေးငယ်သွားသော်လည်း ဘွန်ဆိုင်းထဲရှိ ရုတ်တရက် အပြောင်းအလဲများက သူ့ကို တုန်လှုပ်သွားစေဆဲပင် ဖြစ်သည်။

ဤနေရာသည် အမှန်တကယ်ပင် မြစ်ကြမ်းပြင် ဖြစ်နေခဲ့ပေသည်။

*ဟင်... ဒါက ဘာကြီးလဲ...။*

ရွှီပေါ်အန်းသည် မြစ်ကို ကြည့်ရန် အာရုံစူးစိုက်နေစဉ် ရုတ်တရက် မလှမ်းမကမ်းရှိ မြစ်ထဲမှ အဝတ်ထုပ်တစ်ခုက သူ၏ အာရုံကို ဖမ်းစားသွားခဲ့လေ၏။

နှမ်းစေ့ သို့မဟုတ် ငှက်ပျောစေ့လောက်သာ သေးငယ်သော ထိုအထုပ်လေးကို ရွှီပေါ်အန်းက သတိပြုမိရန်ပင် မဖြစ်နိုင်သလို မြင်လည်း မမြင်နိုင်ခဲ့ချေ။

သို့သော် ရွှီပေါ်အန်းက မြစ်ကို အာရုံစိုက်လိုက်သောအခါ မြစ်ထဲရှိ မြင်ကွင်းသည် သူ၏ အမြင်အာရုံတွင် ရုတ် တရက် ကြီးမားလာပြီး ပိုမို ရှင်းလင်းလာခဲ့လေသည်။

ထို့ကြောင့် ရွှီပေါ်အန်းသည် ထူးဆန်းသော အထုပ်လေးကို ချက်ချင်းပင် သတိပြုမိသွားခဲ့လေ၏။

အထုပ်လေးမှာ အဝတ်ဖြင့် ပြုလုပ်ထားသော်လည်း သည်းထန်စွာ ရွာသွန်းနေသော မိုးကြောင့် ကျောက်တုံးများ စွာက တိုက်မိပြီး လိမ့်ဆင်းနေခဲ့လေသည်။

ထိုအထုပ်လေး တစ်ခုတည်းသာ မြစ်ကြမ်းပြင်တွင် ငြိမ်သက်စွာ ရှိနေပြီး ယင်း၏ အတွင်းမှ အရာများမှာ မိုးရေ ၏ ရိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း ပေါ်လွင်နေခဲ့လေ၏။

*သတ္တုအရောင် လက်နေသလိုပါလား...။*

ရွှီပေါ်အန်းသည် အထုပ်လေးကို ချက်ချင်း ထုတ်ယူလိုက်လေသည်။

ယင်းကို ကြီးမားလာစေရန် စိတ်ထဲမှ တိတ်တဆိတ် ရွတ်ဆိုလိုက်ရာ စိုစွတ်နေသော အထုပ်လေးသည် ရွှီပေါ်အန်း ၏ လက်ထဲတွင် ချက်ချင်း ကြီးမားလာခဲ့လေ၏။

အထုပ်လေး တဖြည်းဖြည်း ကြီးမားလာသည်ကို မြင်သောအခါ ရွှီပေါ်အန်းသည် ဘေးရှိ ကော်ဇောပေါ်သို့ အမြန်ချထားလိုက်လေသည်။

နောက်တစ်ခဏတွင် သေးငယ်သော အထုပ်လေးသည် ဘေးလွယ်အိတ် အရွယ်အစားခန့်အထိ ကြီးမားလာပြီးမှ ရပ်တန့်သွားခဲ့လေ၏။

ရွှီပေါ်အန်း ငုံ့ကြည့်လိုက်ရာ အထုပ်ထဲတွင် လက်နှစ်သစ်ခန့် ကျယ်ပြီး လက်တစ်ဝါးစာခန့် ရှည်လျားသော ဓားတို လေးများ ပြည့်နေသည်ကို တွေ့လိုက်ရလေသည်။

ယင်းသည် ရှေးခေတ်ကာလ အလေးချိန်နှင့် အတိုင်းအတာ စံနှုန်းများ မသတ်မှတ်မီက လူများ အသုံးပြုခဲ့သော ဓားပုံစံ အကြွေစေ့များနှင့် အနည်းငယ် တူညီနေလေ၏။

သို့သော် ယင်းက များစွာ ပိုမို သေသပ်လှပနေခဲ့သည်။

ဓား၏ အနောက်ဘက်တွင် အနီရောင် ပန်းပွားလေးတစ်ခုကို ချည်နှောင်ထားရာ အထူးပင် မျက်စိပသာဒ ဖြစ်နေ စေခဲ့လေ၏။

ဓားများကို မည်သည့် တိရစ္ဆာန်၏ အရေခွံမှန်း မသိရသော သားရေဖြင့် ပြုလုပ်ထားသည့် အထူစား အဝတ်စ တစ်ခုပေါ်တွင် သပ်ရပ်စွာ ထိုးစိုက်ထားလေသည်။ အဝတ်စ၏ တစ်ဖက်တစ်ချက်တွင် ကြိုးများ ရှိနေပြီး ခါးတွင် ချည်နှောင်ရန် အနေတော် ရှည်လျားပုံရလေ၏။

ရွှီပေါ်အန်းသည် အထူစား အဝတ်စကို ပေါ့ပေါ့ပါးပါး ကောက်ကိုင်လိုက်ရာ ယင်း၏ အောက်တွင် အမည်မသိ တိရစ္ဆာန် သားရေဖြင့် ပြုလုပ်ထားသော ခေါက်စာလိပ် တစ်ခုကို တွေ့လိုက်ရလေသည်။

အထက်ပါ စာလုံးများကို မြင်သောအခါ ရွှီပေါ်အန်းသည် ထိုစာလုံးများကို မသိကြောင်း နားလည်လိုက်လေ၏။

ခေါက်စာလိပ်ကို ဖွင့်ကြည့်လိုက်သောအခါ ရွှီပေါ်အန်းက ယင်းတွင် ပုံများဖြင့် ပြည့်နေသည်ကို တွေ့လိုက်ရ လေသည်။ အနည်းငယ် လေ့လာပြီး ခန့်မှန်းကြည့်ပြီးနောက် ယင်းသည် ဓားပျံပစ်လွှတ်ခြင်း ပညာရပ်ကို လေ့ကျင့်ရန်နှင့် ကျွမ်းကျင်စေရန်အတွက် လျှို့ဝှက်သိုင်းကျမ်း တစ်အုပ် ဖြစ်ပုံရကြောင်း သူ သဘောပေါက် သွားခဲ့လေ၏။

*ဟင်... ဓားပျံပစ်လွှတ်တဲ့ ပညာရပ်လား...။*

ရွှီပေါ်အန်းသည် သူ၏ ကလေးဘဝက အနှစ်သက်ဆုံး အမှတ်တရဖြစ်သော ရှောင်လီ ဓားပျံကို မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေသည်။

*ဒါကို သေချာ လေ့လာသင်ယူနိုင်မယ်ဆိုရင် တကယ်ကို အံ့မခန်း ဖြစ်မှာပဲ...။*

*သူတို့က တစ်ခါမှ မလွဲဖူးဘူးလို့ ပြောကြတယ်လေ...။*

*အကယ်၍ ငါ ဒီပညာရပ်ကို ကျွမ်းကျင်သွားရင် ပိုပြီးတော့တောင် အံ့မခန်း ဖြစ်မလာနိုင်ဘူးလား...။*

ရွှီပေါ်အန်းသည် တောင်စောင့်နတ်မင်းထံမှ ဆင်းသက်လာသော တောင်စောင့် သုံးဆယ့်ခြောက်ပါး သိုင်းပညာ မှ တိုက်ခိုက်ရေးစွမ်းရည် အချို့ကို ယခင်က သင်ယူခဲ့ဖူးသော်လည်း အဝေးမှ တိုက်ခိုက်သည့် စွမ်းရည် တစ်ခုကိုမျှ မကျွမ်းကျင်ခဲ့ချေ။ ယခု ဓားပျံပစ်လွှတ်ခြင်း ပညာရပ်ကို ကျွမ်းကျင်သွားပါက သူသည် စွမ်းရည်အားလုံးကို ပိုင် ဆိုင်ထားသည်ဟု မှတ်ယူနိုင်ပြီ ဖြစ်လေ၏။

ရွှီပေါ်အန်းမှာ သူ၏ အတွေးများကြောင့် အလွန် ဝမ်းသာသွားခဲ့သော်လည်း သူ၏ သိစိတ်ပင်လယ်ထဲရှိ အမွှေး တိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု များမှာမူ လုံးဝ ငြိမ်သက်နေဆဲပင် ဖြစ်လေသည်။

ဤသည်မှာ သူ အခြေခံများကို မကျွမ်းကျင်သေးသောကြောင့် ဖြစ်ကြောင်း ရွှီပေါ်အန်း နားလည်ထားလေ၏။

အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု သည် မိမိ ပိုင်ဆိုင်ထားပြီးသော စွမ်းရည်များနှင့် အရည်အချင်း များကိုသာ မြှင့်တင်ပေးနိုင်သော်လည်း ဆရာမရှိဘဲ ယင်းတို့ကို သင်ယူတတ်မြောက်အောင်တော့ မစွမ်းဆောင် နိုင်ချေ။

သို့သော် ရွှီပေါ်အန်းက အလျင်စလို မဖြစ်ခဲ့ပေ။ သူသည် ခေါက်စာလိပ်ပေါ်ရှိ စာလုံးများကို မသိသော်လည်း ယင်းတွင် ရေးဆွဲထားသော ပုံလေးများမှာ နားလည်ရန် လွယ်ကူလှလေသည်။

အကယ်၍ ဘာမှ အဆင်မပြေဖြစ်သွားခဲ့ရင်တောင် ဤမရင်းနှီးသော စာလုံးများနှင့် ပတ်သက်၍ ချန်ရှီရှီ ထံမှ အကူအညီ တောင်းခံနိုင်သေးသည် မဟုတ်ပါလား။

*နောင်တစ်ချိန် ငါ့မှာ အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု အလုံအလောက် ရှိလာတဲ့အခါ မဟာကျင့် မင်းဆက် ရဲ့ စာပေကို ကျွမ်းကျင်ဖို့ ယင်းတို့ထဲက အချို့ကို သေချာပေါက် အသုံးပြုရမယ်...။*

*အဲဒီလိုဆိုရင် နောင်တစ်ချိန် ငါ သိုင်းကျမ်းတွေ တွေ့လာခဲ့ရင်တောင် သူများဆီက အကူအညီ တောင်းရတဲ့ ဒုက္ခ တွေကို ကျော်ဖြတ်စရာ မလိုတော့ဘူးပေါ့...။*

မည်သို့ပင်ဆိုစေ လျှို့ဝှက်ချက် တစ်ခုကို သိတဲ့သူ နည်းလေ ပိုကောင်းလေပင် မဟုတ်ပါလား...။

ရွှီပေါ်အန်းသည် သူ၏ တောက်ပသော အနာဂတ်အကြောင်းကို ပျော်ရွှင်စွာ တွေးတောနေစဉ် ရုတ်တရက် ခေါင်ရှန်းရွာ မှ အော်ဟစ်သံများ ထပ်မံ ထွက်ပေါ်လာခဲ့လေ၏။

“ကြည့်ကြပါဦး... ရေကြီးနေတာ တကယ်ကို ကြီးကျယ်ခမ်းနားတာပဲ...”

“ဘုရားရေ... အခြေအနေက ဆိုးလာတော့မယ်လို့ ငါ ခံစားနေရတယ်... ရေကြီးတာက အရမ်း ကြီးလွန်းတော့ ငါတို့ နေရာအထိတောင် ရောက်လာတော့မယ်...”

“မဖြစ်ဘူး... တာရိုးတစ်ခု တည်ဆောက်ဖို့ လူအချို့ကို ခေါ်သွားလိုက်... တကယ်လို့ ရေကြီးတဲ့ဒဏ် တကယ် ဝင်လာရင် ပထမထပ်မှာ ငါတို့ သိမ်းဆည်းထားတဲ့ စပါးတွေ ပျက်စီးကုန်လိမ့်မယ်...”

“အို... အခုဆို နောက်ကျနေလောက်ပြီ... ငါတို့ အခု ဆင်းသွားရင် ရေကြီးလာပြီး ငါတို့ကို မြေတူး ခရင်းတွေနဲ့ အတူ မျောပါသွားအောင် လုပ်လိမ့်မယ်...”

ဤလူပုလေးများ စကားပြောနေကြစဉ်မှာပင် ရေလှိုင်းကြီးက အရှိန်အဟုန်ဖြင့် ရောက်ရှိလာခဲ့လေပြီ။

“ဝုန်း... ဘုန်း...”

ဆည်ကို ရိုက်ခတ်သွားသော လှိုင်းလုံးများကဲ့သို့ ကျယ်လောင်သော အသံကြီးနှင့်အတူ ပြင်းထန်သော ရေစီး ကြောင်းကြီးက မြေနံရံအိမ်ရာပေါ်သို့ တဟုန်ထိုး ဝင်ရောက်လာခဲ့လေတော့သည်။

All Chapters