← Chapters

အခန်း ၂၀၈

Vol. 21 Ch. 208

အခန်း ၂၀၈

Vol. 21 Ch. 208

အခန်း (၂၀၈)

တောင်စောင့်နတ်မင်း ဖွားဖွားကြီး

သစ်သားဖြင့် ပြုလုပ်ထားသော တူလို မြေနံရံအိမ်ရာ သည် ကြီးမားသော ရိုက်ခတ်မှုအောက်တွင် တုန်ခါသွား ခဲ့ပြီး လူအများအပြားမှာ သတိမထားမိလိုက်သဖြင့် ခလုတ်တိုက်ကာ လဲကျသွားခဲ့ကြလေ၏။

ရွှီပေါ်အန်း ကြည့်နေစဉ် သူ၏ မျက်ခွံများပင် လှုပ်ရွသွားခဲ့လေသည်။

အဆင်ပြေစေရန်အတွက် သူသည် မြေနံရံအိမ်ရာကို အောက်ခြေနှင့် ချိတ်ဆက်ရန် သို့မဟုတ် ခိုင်ခံ့စေရန် မစဉ်း စားဘဲ မြေကြီးပေါ်တွင် ရိုးရှင်းစွာပင် ချထားခဲ့ခြင်း ဖြစ်လေ၏။

အကယ်၍ နောက်ထပ် ပြင်းထန်သော ရိုက်ခတ်မှု အနည်းငယ်သာ ရှိလာပါက တူလို မြေနံရံအိမ်ရာ သည် မြေပြင် ပေါ်သို့ ပြိုကျသွားလိမ့်မည် ဖြစ်၏။

အကယ်၍ ရေကြီးမှုက ဤထက် ပိုကြီးမားလာပါက မြေနံရံအိမ်ရာများကိုပင် ရေပေါ် ပေါ်လာစေလိမ့်မည် ဖြစ်သည်။

*ဒီအတိုင်း ဆက်သွားလို့ မဖြစ်တော့ဘူး...။*

နောက်ထပ် ရေလှိုင်းကြီးတစ်ခု ချဉ်းကပ်လာသည်ကို မြင်သောအခါ ရွှီပေါ်အန်းသည် ကုတင်ဘေးရှိ စားပွဲပေါ်မှ အမျိုးသမီးသုံး မိတ်ကပ်မှန်လေး တစ်ချပ်ကို အလျင်အမြန် ယူလိုက်ပြီး မြေနံရံအိမ်ရာနှင့် ရေကြီးမှုကြားတွင် ချထားလိုက်လေသည်။

ဤအရာက အိုယန်နာကျား ၏ လက်ကိုင်မှန်လေး ဖြစ်ရမည်။ ယင်းမှာ လက်တစ်ဝါးစာ၏ တစ်ဝက်ခန့်သာ ရှိလေ၏။ ဘွန်ဆိုင်းထဲတွင် ချထားလိုက်သောအခါ ယင်းက မြစ်ကွေ့ကို ပြီးပြည့်စုံစွာ ပိတ်ဆို့သွားစေပြီး ရေလှိုင်းကြီး၏ အရှိန်အဟုန်ကို ရပ်တန့်သွားစေခဲ့လေသည်။

နောက်တစ်ခဏတွင် ရုတ်တရက် အရှိန်အဟုန်ဖြင့် စီးဆင်းလာသော ရေများသည် မှန်ပြင်ကို ရိုက်ခတ်သွားပြီး မြစ်ကြမ်းပြင်ထဲသို့ ပြန်လည် ကျဆင်းသွားခဲ့လေ၏။

သို့သော် မှန်၏ အနောက်ဘက်သည် တူလို မြေနံရံအိမ်ရာ ဘက်သို့ မျက်နှာမူလျက် ရှိနေသဖြင့် မြေနံရံအိမ်ရာ ထဲရှိ လူပုလေးများက ရှင်းလင်းစွာ မြင်တွေ့လိုက်ကြရလေသည်။

“ဘုရားရေ... ကြည့်ကြပါဦး... ဒီအရာက ဘာကြီးလဲ...”

“တောင်စောင့်နတ်မင်းကြီး ဖြစ်ရမယ်... တောင်စောင့်နတ်မင်းကြီး ကိုယ်ထင်ပြပြီး ငါတို့ကို ကာကွယ်ပေး တာပဲ...”

“တောင်စောင့်နတ်မင်း ဘိုးဘိုးကြီးလား... အဲလောက် လှပနေတာကို တောင်စောင့်နတ်မင်း ဖွားဖွားကြီး လို့ ခေါ်ရမှာ မဟုတ်ဘူးလား... ဘာလို့ မင်းတို့က တောင်စောင့်နတ်မင်း ဘိုးဘိုးကြီးလို့ပဲ ဆက်ခေါ်နေကြတာလဲ...”

“ဒါက ရှင်းရှင်းလင်းလင်းကို တောင်စောင့်နတ်မင်းကြီးပဲလေ... တောင်စောင့်နတ်မင်းကြီးရဲ့ အသံကို ငါ အရင်က ကြားဖူးတယ်... အမျိုးသား အသံကြီးပါ...”

“မြင်တာက ယုံကြည်ဖို့ပဲ... ကြားတာက လှည့်စားခံရနိုင်တယ်... အဲဒီစကားကို မင်း မကြားဖူးဘူးလား... ကြည့် လိုက်စမ်း... အဲဒါက ရှင်းရှင်းလင်းလင်းကို နတ်သမီးတစ်ပါးရဲ့ ရုပ်ဆင်းသွင်ပြင်ပဲလေ...”

“ဒါက... တကယ်ကို အမျိုးသမီး တစ်ယောက်ပဲ... သူက အရမ်း လှပလွန်းတော့ နတ်သမီးလို့ ခေါ်တာ အံ့ဩစရာ မရှိပါဘူး...”

“ဟုတ်တယ်... သူက ကျွီရှန်ဖန်း ၊ ပန်းတစ်ရာမျှော်စင် နဲ့ ရိဟုန်ခြံဝင်း က ဒဏ္ဍာရီလာ ပြည့်တန်ဆာမလေးတွေ ထက်တောင် ပိုလှနေဦးမယ်...”

“မင်းက လူယုတ်မာပဲ... ဘာတွေ လျှောက်ပြောနေတာလဲ... တောင်စောင့်နတ်သမီး ကို အဲဒီ သာမန်လူတွေနဲ့ ယှဉ်ရဲတယ်ပေါ့လေ...”

“ဟုတ်တယ်... ပြည့်တန်ဆာမလေးက ဘယ်လောက်ပဲ လှလှ သူက သာမန်လူ တစ်ယောက်ပါပဲ... အားလုံးပဲ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာကို ရပ်လိုက်ကြပါတော့...”

လူပုလေးများ၏ စကားပြောဆိုပုံများကြောင့် ရွှီပေါ်အန်းမှာ အတော်လေးကို နားဝေတိမ်တောင် ဖြစ်သွားခဲ့ရလေ သည်။

အောက်သို့ ငုံ့ကြည့်လိုက်သောအခါ အကြောင်းရင်းကို သူ ရှာတွေ့သွားခဲ့လေ၏။

သူ၏ လက်ထဲရှိ မိတ်ကပ်မှန်လေးမှာ အိုယန်နာကျား က သူမ၏ ကိုယ်ပိုင် အနုပညာ ဓာတ်ပုံများကို နောက်ခံ အဖြစ် အသုံးပြုကာ စိတ်ကြိုက် ပြုလုပ်ထားသော မှန်တစ်ချပ် ဖြစ်နေခြင်းပင်တည်း။

သူက မှန်ကို မြစ်ဘက်သို့ လှည့်ထားလိုက်ရာ မြောက်ဘက်ရှိ အိုယန်နာကျား ၏ ဓာတ်ပုံမှာ ဤလူပုလေးများ၏ အမြင်အာရုံထဲသို့ ဝင်ရောက်သွားခြင်း ဖြစ်လေသည်။

သူတို့က အိုယန်နာကျား ၏ ရုပ်ဆင်းသွင်ပြင်ကို တောင်စောင့်နတ်မင်း ဟု အထင်မှားသွားခဲ့ကြခြင်းပင်။

ခဏတာမျှ ရွှီပေါ်အန်းမှာ စကားစရှာမရ ဖြစ်သွားပြီး ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ချေ။

သူ၏ အမြင်တွင် ဤကိစ္စမှာ အနည်းငယ် အရေးမပါသဖြင့် ရှင်းပြရန် မလိုအပ်ဟု ထင်သောကြောင့် ရွှီပေါ်အန်း က မူလက ရှင်းပြရန် မရည်ရွယ်ခဲ့ပေ။

သို့သော် ဤလူပုလေးများက သူမကို တောင်စောင့်နတ်မင်း ဖွားဖွားကြီး ဟု စတင် ခေါ်ဝေါ်လာသောအခါ ရွှီပေါ်အန်းသည် ဆက်လက်၍ သည်းမခံနိုင်တော့ချေ။

တကယ်ကို အနေရခက်စရာ ကောင်းလွန်းလှလေသည်။

ဒါကို ရှင်းရှင်းလင်းလင်း ရှင်းပြဖို့ လိုအပ်နေပြီ... လူတစ်ယောက်ရဲ့ လိင်ခွဲခြားမှုကို ပေါ့ပေါ့တန်တန် သဘော ထားလို့ မရဘူးလေ...။

“ကဲ... ဆူညံနေတာကို ရပ်လိုက်ကြတော့... မှန်ထဲက အမျိုးသမီးက ငါ မဟုတ်ဘူး... အဓိပ္ပာယ်မရှိတာတွေ ပြောနေတာကို ရပ်လိုက်ကြ...”

ရွှီပေါ်အန်း စကားပြောလိုက်သည်နှင့် တပြိုင်နက် ရွှီပေါ်အန်းကို အမျိုးသားဟု အစကတည်းက ယုံကြည်ထား သော လူပုလေးအချို့မှာ ထပ်မံ၍ မာနထောင်လွှားလာကြလေသည်။

“နားထောင်ကြစမ်း... ဒီစကားသံကို နားထောင်ကြ... တောင်စောင့်နတ်မင်းကြီး ကိုယ်တိုင် စကားပြောနေပြီ...”

“ဒါပေမဲ့ ငါပြောတာလည်း မမှားပါဘူး... ဒီနတ်သမီးက တောင်စောင့်နတ်မင်းကြီးရဲ့ ကြင်ယာတော် နတ်သမီး ဖြစ်ရမယ်... အဲဒီလိုမှ မဟုတ်ရင် တောင်စောင့်နတ်မင်းကြီးက ဒီနတ်သမီးရဲ့ ကိုယ်ရေးကိုယ်တာ ပစ္စည်းတွေကို ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်ထားမှာလဲ...”

မဟာကျင့်မင်းဆက် မှ လူများ၏ အမြင်တွင် အမျိုးသမီးတစ်ဦး၏ ကိုယ်ပိုင် ပုံတူပန်းချီကားမှာ အလွန်တရာ ကိုယ်ရေးကိုယ်တာဆန်သော ကိစ္စရပ်တစ်ခု ဖြစ်လေသည်။

“အင်း... အဲဒါကလည်း အဓိပ္ပာယ်ရှိသလိုပဲ... တောင်စောင့်နတ်မင်း ဘိုးဘိုးကြီးတွေ အားလုံးမှာ ဇနီးသည်တွေ ရှိကြတယ်လို့ ငါလည်း ကြားဖူးတယ်... သူတို့နှစ်ယောက်က သူတို့ရဲ့ စီရင်ပိုင်ခွင့်အောက်မှာရှိတဲ့ ကိစ္စရပ်အားလုံး ကို အတူတကွ စီမံခန့်ခွဲကြပြီး သူတို့ကို တောင်စောင့်နတ်မင်း ဖွားဖွားကြီးတွေ လို့ ခေါ်ကြတယ်တဲ့...”

ရွှီပေါ်အန်းက ထိုစကားကို ကြားသော်လည်း မငြင်းဆန်ခဲ့ချေ။ ဘာပဲဖြစ်ဖြစ် သူနှင့် အိုယန်နာကျား တို့မှာ ရုပ်ပိုင်းဆိုင်ရာ ရင်းနှီးမှု ရှိခဲ့ပြီးဖြစ်ရာ ဤသို့ အဓိပ္ပာယ်ဖွင့်ဆိုခြင်းမှာလည်း အကြောင်းပြချက် မရှိသည်တော့ မဟုတ်ပေ။

တူလို မြေနံရံအိမ်ရာ အတွင်းရှိ အိမ်ငယ်လေး တစ်လုံးထဲတွင် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ချန်ရှီရှီ သည် ပြတင်းပေါက်နားတွင် ရပ်လျက် အဝေးရှိ အိုယန်နာကျား ၏ ဓာတ်ပုံကို ဝမ်းနည်းစွာ ငေးကြည့်ရင်း ခေတ္တ မျှ အတွေးနယ်ချဲ့နေမိလေသည်။

*တောင်စောင့်နတ်မင်း ဘိုးဘိုးကြီးမှာ ဇနီးသည် ရှိနေခဲ့တာပဲ...။*

*ဖယ်စမ်း ဖယ်စမ်း ဖယ်စမ်း... နင် ဘာတွေ တွေးနေတာလဲ... နင်က သာမန်လူ တစ်ယောက်ပါ... နင့်မှာ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ရိုင်းစိုင်းပြီး လက်တွေ့မကျတဲ့ ဆန္ဒတွေ ရှိနေရတာလဲ...။*

ထိုသို့တွေးမိပြီးနောက် ချန်ရှီရှီ သည် ရှက်ရွံ့သော မျက်နှာဖြင့် ဒူးထောက်လိုက်ကာ အိုယန်နာကျား ၏ ဓာတ်ပုံ ရှိရာ ဘက်သို့ အကြိမ်အနည်းငယ် ဦးချရှိခိုးလိုက်လေ၏။

“တောင်စောင့်နတ်သမီး... ကျွန်မရဲ့ ရိုင်းစိုင်းမှုအတွက် တောင်းပန်ပါတယ်... ကျွန်မကို ခွင့်လွှတ်ပေးဖို့ မျှော်လင့် ပါတယ်...”

ရွှီပေါ်အန်းသည် ချန်ရှီရှီ ၏ လုပ်ရပ်များနှင့် စကားများကို သတိပြုမိသော်လည်း သူ လုံးဝ နားဝေတိမ်တောင် ဖြစ်သွားခဲ့လေသည်။

*ချန်ရှီရှီ က ဘာတွေ လုပ်နေတာလဲ...။*

*ဒီအတွေးက ဘယ်ကနေ ရောက်လာတာလဲ...။*

ချန်ရှီရှီ ထရပ်ပြီးနောက် သူမက ပြတင်းပေါက်ကို အလျင်အမြန် ပိတ်လိုက်လေသည်။ သဘာဝအားဖြင့် အတင်း အဖျင်းပြောခြင်းကို မနှစ်သက်သောကြောင့် ရွှီပေါ်အန်းလည်း သူမကို နောက်ထပ် မေးခွန်းများ မမေးတော့ချေ။

ရေကြီးမှုမှာ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သောကြောင့် ရွှီပေါ်အန်းသည် မှန်လေးကို အလျင်စလို ပြန်မယူသေး ပေ။ မြေနံရံအိမ်ရာ မှ ရေလှိုင်းကြီးကို ယာယီ ဟန့်တားပေးနိုင်ရန်အတွက် မှန်လေးကို မြစ်ကြမ်းပြင်ရှိ ရွှံ့များထဲ တွင်သာ ရိုးရှင်းစွာ ထိုးစိုက်ထားလိုက်လေသည်။

ဘွန်ဆိုင်းထဲတွင် ချက်ချင်း အန္တရာယ် မရှိတော့သဖြင့် ရွှီပေါ်အန်းသည် သူ၏ အာရုံကို ဓားပျံပစ်လွှတ်ခြင်း နှင့် ပတ်သက်သော ခေါက်စာလိပ်ဆီသို့ ပြောင်းလဲလိုက်လေ၏။

စာအုပ်ထဲရှိ ရိုးရှင်းသော မျဉ်းကြောင်းများဖြင့် ဆွဲထားသည့် လူပုလေးပုံများမှာ တစ်ခါတစ်ရံတွင် ဒူးကွေးနေပြီး တစ်ခါတစ်ရံတွင် နောက်ခြေထောက်ဖြင့် ရပ်နေကာ တစ်ခါတစ်ရံ လက်ကောက်ဝတ်ကို လှုပ်ခါနေပြီး တစ်ခါ တစ်ရံတွင်မူ ခုန်တက်နေကြလေသည်။

သူသည် ဓားပျံငယ်လေး တစ်လက်ကို ကိုင်ဆောင်ထားပြီး ခက်ခဲရှုပ်ထွေးသော လှုပ်ရှားမှု အမျိုးမျိုးကြားတွင် မယုံနိုင်လောက်အောင် မြန်ဆန်သော အရှိန်ဖြင့် ကျွမ်းကျင်စွာ ပစ်လွှတ်နိုင်ခဲ့လေ၏။

ရွှီပေါ်အန်းသည် မလှမ်းမကမ်းတွင်ရှိသော ဖဲထုပ်တစ်ထုပ်ကို မြင်လိုက်ရသည်။ သူသည် ဖဲချပ်များဖြင့် ဓားပျံ များကို အတုခိုးရန် ကြိုးစားခဲ့သော်လည်း အချိန်အတော်ကြာသည်အထိ အဆင်မပြေခဲ့ချေ။

*ဒါကို တောက်လျှောက် လွှဲယမ်းနေခဲ့ပေမဲ့ ငါ ဘာမှ ခံစားလို့ မရဘူး...။*

သူသည် ဖဲချပ်များကို အဝေးသို့ ပစ်လွှတ်ရန် သူ၏ ရုပ်ပိုင်းဆိုင်ရာ အလိုအလျောက် တုံ့ပြန်မှုကို မှီခိုနိုင်သော် လည်း စာအုပ်များထဲတွင် ဖော်ပြထားသော ကျွမ်းကျင်မှုနှင့် တိကျမှု အရိပ်အယောင် တစ်ခုကိုမျှ မရှာတွေ့နိုင် ခဲ့ပေ။

*ဒါဆို ငါတို့ စမ်းသပ်ကြည့်ဖို့ တကယ့်ဓားကို အသုံးပြုရမယ်လို့ ဆိုလိုတာလား...။*

သို့သော် ဤနေရာမှာ အိုယန်နာကျား ၏ နေအိမ်ဖြစ်သဖြင့် ရွှီပေါ်အန်းသည် မဆင်မခြင် မည်သည့်အရာကိုမျှ မလုပ်ရဲခဲ့ချေ။

ခေတ္တမျှ တွေးတောပြီးနောက် ရွှီပေါ်အန်းသည် ဓားပျံများနှင့် ခေါက်စာလိပ်များကို ယာယီ သိမ်းဆည်းလိုက်ပြီး အထုပ်ထဲသို့ ပြန်ထည့်ကာ လုံခြုံစေရန်အတွက် တောင်စောင့်နတ်မင်း နတ်ကွန်း ထံသို့ ပြန်ပေးထားလိုက်လေ သည်။

အိုယန်နာကျား ချန်ထားခဲ့သော စာတိုလေးကို ထပ်မံ ကောက်ကိုင်လိုက်သောအခါ ရွှီပေါ်အန်း၏ စိတ်ထဲတွင် အမျိုးအမည် မသိသော ခံစားချက်များဖြင့် ပြည့်နှက်သွားခဲ့လေ၏။

[ညက အိပ်မက်တစ်ခုလိုပဲ... ကျွန်မတို့ ဘယ်တော့များမှ ပြန်ဆုံတွေ့ရမလဲလို့... တွေးမိသား...။]

အိုယန်နာကျား... ဒီလိုမျိုးကြီး သူမ ထွက်သွားခဲ့တာလား...။

"ပေါ်အန်း... ဒီစာကို မြင်ရတာဟာ ကျွန်မကို ကိုယ်တိုင် မြင်နေရသလိုမျိုးပဲ ဖြစ်ပါစေနော်...။ ကျွန်မရဲ့ အတိတ် ကို ဘယ်လို ရင်ဆိုင်ရမလဲ မသိသလို၊ ရှင်နဲ့ ဘယ်လို လမ်းခွဲရမလဲဆိုတာလည်း ကျွန်မ မသိဘူး...။ ဒါကြောင့်မို့ လို့ ကျွန်မ ထွက်ပြေးပုန်းရှောင်ဖို့ပဲ ရွေးချယ်ခဲ့ရတာပါ။ ရှင် ဒီစာကို ဖတ်နေရတဲ့ အချိန်မှာတော့ ကျွန်မဟာ နိုင်ငံခြားကို ပျံသန်းမယ့် လေယာဉ်ပေါ်ကို ရောက်နေလောက်ပါပြီ...။ မီးဖိုချောင်ထဲမှာ ကျွန်မ လုပ်ထားတဲ့ ပဲနို့ ရယ်၊ အေးခဲထားတဲ့ ရှောင်လုံပေါင်း နည်းနည်းရယ် ရှိတယ်နော်...။ တောင်းပန်ပါတယ်... ကျွန်မ တကယ်ကို ဟင်းချက်မတော်လို့ပါ...။ ရှင် စားချင်စိတ်ရှိတယ်ဆိုရင် နည်းနည်းလောက် စားပြီးမှ ထွက်သွားပါလားဟင်...။ သန့်ရှင်းရေးအဒေါ်ကြီးကိုလည်း ကျွန်မ အကြောင်းကြားထားပြီးပြီမို့ ညနေကျရင် သူ လာရှင်းပေးပါလိမ့် မယ် ...။ ဂရုစိုက်ပါနော်... ဖုန်းတော့ မဆက်ပါနဲ့...]

အိုယန်နာကျား၏ လက်ရေးသည် လှပပြီး မိန်းကလေးတစ်ဦး၏ လက်ရေးမှန်း သိသာထင်ရှားလှပေသည်။ နာမည်ကြီး လက်ရေးလှပညာရှင်တစ်ဦး၏ လက်ရာ မဟုတ်သော်ငြားလည်း ၎င်းသည် ထူးခြားသော ကိုယ်ပိုင် ဟန်တစ်ခုကို ပိုင်ဆိုင်ထားလေ၏။ ၎င်းသည် ကွန်ပျူတာပေါ်တွင် ရိုက်နှိပ်ထားသော လုံးဝန်းကာ ချစ်စဖွယ် ကောင်းသည့် စာလုံးပုံစံနှင့် တူညီပြီး မည်သည့် ထောင့်ချွန်းများမှ မပါရှိသော်လည်း ယေဘုယျကြည့်ရှုမှုကို လုံးဝ ထိခိုက်မှု မရှိစေချေ။

ရွှီပေါ်အန်းသည် စာရွက်ကို သေချာစွာ ခေါက်၍ ကုတင်ဘေး စားပွဲပေါ်ရှိ သေသပ်စွာ ခေါက်ထားသော အဝတ် အစားများ၏ အိတ်ကပ်ထဲသို့ ထည့်လိုက်လေသည်။ အိပ်ရာမှထကာ အဝတ်အစား လဲလှယ်ပြီးနောက် ရွှီပေါ်အန်းသည် ထမင်းစားခန်းဆီသို့ လျှောက်သွားကာ နွေးထွေးနေဆဲဖြစ်သော ပဲနို့ကို သောက်ရင်း ခံစားချက် ပေါင်းစုံ ရောယှက်နေခဲ့လေ၏။

အမှန်တကယ် ဆိုရလျှင် အိုယန်နာကျားသည် သူနှင့် အတူရှိခဲ့ဖူးသော ပထမဆုံး မိန်းကလေးပင် ဖြစ်လေသည်။ သူ၏ တစ်သက်တာလုံး ဤအရာကို ဘယ်သောအခါမှ မေ့ပစ်နိုင်မည် မဟုတ်ချေ။

ရွှီပေါ်အန်းသည် သူ၏ဖုန်းကို ထုတ်ကာ အိုယန်နာကျား၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်လေသည်။ သေချာသည်မှာ သူ ကြားလိုက်ရသည်က အေးစက်စက် ဖုန်းပိတ်ထားသည်ဟူသော အသံသာ ဖြစ်လေ၏။ ရွှီပေါ်အန်းသည် အိုယန်နာကျား၏ စာကို စောစောစီးစီး ဖတ်ခဲ့သင့်သည်ဟုပင် နောင်တရမိလေသည်။ သို့ဆိုလျှင် သူမကို မြင်တွေ့ခွင့်ရရန် အချိန်မီကောင်း အချိန်မီနိုင်မည် ဖြစ်ပေသည်။

ရွှီပေါ်အန်းသည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် စာတိုလေးတစ်စောင် ရေးသားကာ ပေးပို့လိုက်လေ၏။

[ကမ္ဘာကြီးက ကျယ်ဝန်းပေမယ့် ဒီနေရာက အိမ်ပါ...မင်းလိုအပ်နေသမျှ... ကို့မှာ ရှိနေသမျှ... ကို က အမြဲတမ်း မင်းအတွက် ခိုင်မာတဲ့ အားကိုးရာ ဖြစ်နေမှာပါ...]

အိုယန်နာကျား၏ နေအိမ်မှ ထွက်ခွာလာပြီးနောက် ရွှီပေါ်အန်းသည် ဗဟိုခြံဝင်းရှိ သူ၏ ကိုယ်ပိုင်အိမ်သို့ပင် ပြန်မကြည့်တော့ဘဲ ကုမ္ပဏီသို့ တန်း၍ မောင်းနှင်သွားခဲ့လေသည်။ မနေ့က သူ အလုပ်မလာခဲ့သဖြင့် လက်မှတ် ထိုးရန် လိုအပ်သော စာရွက်စာတမ်း အတော်များများ စုပုံနေခဲ့ပြီ ဖြစ်၏။

သူဌေးထိုင်ခုံတွင် ခြေချိတ်ထိုင်ကာ စာရွက်စာတမ်းများကို စစ်ဆေးနေစဉ် သူ၏ စားပွဲပေါ်ရှိ ကြိုးဖုန်း မြည်လာ ခဲ့လေသည်။ ဖုန်းမျက်နှာပြင်တွင် ပေါ်လာသော အုပ်စုတွင်း ဂဏန်းတိုလေးအရ ၎င်းသည် တုန်းကျန်း ဆောက် လုပ်ရေးအုပ်စုမှ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ကျိန့်ချိုးတုန်း၏ ရုံးခန်းမှဖြစ်ကြောင်း ညွှန်ပြနေလေ၏။

ရွှီပေါ်အန်း ဖုန်းကို ဖြေလိုက်ပြီး ပြုံးလျက် ပြောလိုက်လေသည်။

“ဟယ်လို ဝန်ကြီးကျိန့်... ကျွန်တော် ပေါ်အန်းပါ...”

ရွှီပေါ်အန်းသည် ကျိန့်ချိုးတုန်းထက် အသက်ငယ်ရွယ်ပြီး ကျိန့်ချိုးတုန်းက ရာထူးပိုမြင့်လေသည်။ သူသည် အုပ်စု ၏ လူ့စွမ်းအားအရင်းအမြစ်ဌာန ခေါင်းဆောင်ဖြစ်ကာ ထိပ်တန်းခေါင်းဆောင်၏ ရင်းနှီးသော အကြံပေးပုဂ္ဂိုလ် ဖြစ်ပြီး ဝန်ထမ်းခန့်အပ်မှုများကိုလည်း တာဝန်ယူထားသူ ဖြစ်၏။ ထို့ကြောင့် ရွှီပေါ်အန်းသည် သဘာဝကျကျပင် သူ၏ မာနကို လျှော့ချထားရလေသည်။

“ပေါ်အန်း... မင်း မအားဘူးလား... ငါ့မှာ မင်းနဲ့ ဆွေးနွေးစရာ ကိုယ်ရေးကိုယ်တာ မိသားစုကိစ္စလေး တစ်ခုရှိလို့ ပါ...”

ဤကဲ့သို့သော မေးခွန်းမျိုးအတွက် အမှန်တကယ် အရေးတကြီးဖြစ်ပြီး အသက်အန္တရာယ်နှင့် သက်ဆိုင်နေသော ကိစ္စမျိုးမှလွဲ၍ အရူးပင်လျှင် မည်သို့ ဖြေဆိုရမည်ကို သိနိုင်ပေသည်။

“ပြောပါ... ကျွန်တော် ဘာမှ မလုပ်ရသေးပါဘူး... ဒီနေ့မှ ရောက်လာတဲ့ စာရွက်စာတမ်းတွေကို ကြည့်နေရုံ ပါပဲ...”

ကျိန့်ချိုးတုန်းက ရယ်မောရင်း ပြောလိုက်လေသည်။

“ဟားဟား... စာရွက်စာတမ်းတွေ အကြောင်း ပြောရရင် မင်း အရင်က တင်ထားတဲ့ ဝန်ထမ်းအပြောင်းအရွှေ့ လျှောက်ထားမှု အစီရင်ခံစာကို အုပ်စုကုမ္ပဏီက အတည်ပြုလိုက်ပြီလို့ မင်းကို ပြောချင်လို့ပါ... လူတစ်ယောက် ကို အဲဒါကို ပရင့်ထုတ်ခိုင်းထားပြီးပြီမို့ မင်း မကြာခင် ရပါလိမ့်မယ်... မင်းရဲ့ အစ်ကိုတစ်ယောက်အနေနဲ့ ငါ မင်း ကို ကြိုတင် ဂုဏ်ပြုရမှာပဲ... မင်းရဲ့ ဝန်ထမ်းခွဲဝေချထားမှုက တော်တော်လေး စွမ်းဆောင်နိုင်တာပဲ... မင်းရဲ့ ဦးဆောင်မှုအောက်မှာ ဒုတိယကုမ္ပဏီက ထူးချွန်တဲ့ တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထားပြီး တောက်ပတဲ့ အနာဂတ်တစ်ခုကို တည်ငြိမ်စွာ ဖန်တီးနိုင်မယ်လို့ ငါ ယုံကြည်ပါတယ်...”

သူ “အစ်ကို” ဟု ခေါ်ဆိုလိုက်ပုံမှာ အလွန်ပင် သဘာဝကျလှလေသည်။ သေချာသည်မှာ ရွှီပေါ်အန်းသည် ကျိန့်ချိုး တုန်းက သူ့အပေါ် ကြင်နာပြီး ရင်းနှီးစွာ ဆက်ဆံခြင်းမှာ စူးထိုက်၏ မျက်နှာကြောင့် ဖြစ်နိုင်ကြောင်း ကိုလည်း သိရှိထားလေ၏။

မည်သို့ပင်ဆိုစေကာမူ စူးထိုက်သည် ရာထူးစတင်ထမ်းဆောင်တော့မည့် အရာရှိသစ်တစ်ဦးဖြစ်ပြီး သူ၏ ပထမ ဆုံးသော ကြီးမားသည့် လုပ်ဆောင်မှုများကို ပြုလုပ်နေခြင်း ဖြစ်သည်။ ကျိန့်ချိုးတုန်းကဲ့သို့သော အုပ်ချုပ်မှု ဟောင်းမှ အကြီးတန်းအရာရှိတစ်ဦးအနေဖြင့် မသက်မသာဖြစ်ကာ သံသယဝင်နေဖွယ် ရှိလေသည်။

ကျိန့်ချိုးတုန်းသည် စူးထိုက်နှင့် ရွှီပေါ်အန်းတို့ကြားရှိ ဆက်ဆံရေးကို မသိရှိခဲ့ပေ။ သို့သော်လည်း ကျိန့်ချိုးတုန်း သည် စူးထိုက်က ရွှီပေါ်အန်းအပေါ် အထင်ကြီးလေးစားပြီး သံယောဇဉ်ရှိကြောင်းကိုမူ ကောင်းစွာ သိရှိထား လေ ၏။ ထို့ကြောင့်ပင် ကျိန့်ချိုးတုန်းသည် ရွှီပေါ်အန်းအပေါ် အလွန်ရင်းနှီးကာ ကြင်နာနေခဲ့ခြင်း ဖြစ်လေသည်။

မှတ်သားထားရမည့်အချက်မှာ ဟယ်ချန်သည် ဒုတိယကုမ္ပဏီ၏ အထွေထွေမန်နေဂျာဖြစ်စဉ်က သူသည် ရွှီပေါ်အန်းထက် ရာထူးတစ်ဆင့်ပိုမြင့်ပြီး ကျိန့်ချိုးတုန်းနှင့် အဆင့်တူညီသော်လည်း ကျိန့်ချိုးတုန်းက သူ့ကို ဤမျှ ယဉ်ကျေးစွာ မဆက်ဆံခဲ့ဖူးခြင်းပင် ဖြစ်သည်။ သေချာသည်မှာ ဤအချက်သည် သောက်ပွဲစားပွဲများတွင်သာ အကျုံးဝင်လေသည်။ အကြောင်းမှာ အင်ဂျင်နီယာကုမ္ပဏီများတွင် မရေမတွက်နိုင်သော သောက်ပွဲစားပွဲများရှိ တတ်ပြီး ထိုပွဲများတွင် ရန်သူများပင်လျှင် ပြီးခဲ့သည်များကို မေ့ပစ်လိုက်ဟန် ဟန်ဆောင်လေ့ရှိကြသော ကြောင့် ဖြစ်၏။

ရွှီပေါ်အန်းသည် ကျိန့်ချိုးတုန်း၏ ရင်းနှီးသော အမူအရာကို လိုလိုလားလား လက်ခံလိုက်ပြီး ချက်ချင်းပင် ရယ်မောကာ ပြောလိုက်လေသည်။

“ဟားဟား... ကျွန်တော့်ကို အထင်ကြီးပြီး အခုလို ကြင်နာမှုပြတဲ့အတွက် အစ်ကို့ ကို ကျေးဇူးတင်ရမှာပဲ... အစ်ကို့ရဲ့ ကြင်နာတဲ့ စကားတွေအတွက် ကျွန်တော် အချိန်တစ်ခုရှာပြီး ဒီညီအစ်ကိုတွေနဲ့အတူ အစ်ကို့ကို သေချာပေါက် ကျေးဇူးဆပ်ပါ့မယ်...”

ပထမဦးစွာ “ဝန်ကြီး” ဟူသော ဂုဏ်ပြုစကားလုံး လာပြီးနောက် “အစ်ကို” ဟု ခေါ်ဆိုခြင်းက လေးစားမှုနှင့် ရင်းနှီး မှု နှစ်မျိုးစလုံးကို ပြသနေလေသည်။ ယခုအကြိမ် ရာထူးတိုးခံရသူများအားလုံးသည် သူ၏ ကိုယ်ပိုင် ညီအစ်ကို များ ဖြစ်ကြောင်းကိုလည်း တိုက်ရိုက် ညွှန်ပြနေ၏။ ဝန်ကြီးကျိန့် အချိန်ရသောအခါ သူ၏ ညီအစ်ကို များကို ကူညီသင့်ကြောင်းကိုလည်း သူက ထပ်လောင်းပြောကြားခဲ့လေသည်။

“ကောင်းပါပြီ... ကောင်းပါပြီ... ငါ မှတ်ထားပါ့မယ်...”

ကျိန့်ချိုးတုန်းက အကြိမ်အနည်းငယ် ရယ်မောလိုက်ပြီး ကောင်းပါပြီဟု အကြိမ်ကြိမ် ပြောဆိုခဲ့လေသည်။ ရွှီပေါ်အန်း က ပြုံးလျက် ပြောလိုက်လေ၏။

“ဒါနဲ့အစ်ကို... စောစောက အစ်ကိုပြောတဲ့ ကိစ္စက...”

ရွှီပေါ်အန်းသည် စကားကို ဆွဲဆန့်လိုက်သော်လည်း ဆက်မပြောခဲ့ပေ။ ၎င်းမှာ ကျိန့်ချိုးတုန်း၏ တုံ့ပြန်မှုကို ရယူ ရန်လည်း ဖြစ်လေသည်။ သေချာသည်မှာ ရွှီပေါ်အန်းက သူ့ကို သတိပေးပြီးနောက် ကျိန့်ချိုးတုန်းသည် ယခုမှ သတိရသွားဟန်ဖြင့် ပေါ့ပေါ့ပါးပါး ပြောလိုက်လေ၏။

“အို... ဟုတ်သားပဲ... မင်း မပြောရင် ငါ မေ့တောင်မေ့နေပြီ... အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး... ဒါပေမဲ့ မင်းရဲ့ ခယ်မမိသားစုဘက်က ဆွေမျိုးတစ်ယောက် မင်္ဂလာဆောင်ဖို့ ရှိလို့... မင်္ဂလာကားအနေနဲ့ တိုယိုတာပရာဒို ကားအနည်းငယ်ကို ရှာဖို့ စဉ်းစားနေကြလို့ပါ... ငါတို့ တုန်းကျန်းမြို့မှာ ပရာဒို မင်္ဂလာကားအဖွဲ့ မရှိဘူးလေ... သူ တို့က မာစီဒီး၊ ဘီအမ်ဒဗလျူ၊ အော်ဒီကားတွေနဲ့ အခြားကားတွေကိုပဲ အများဆုံး မောင်းကြတာဆိုတော့ ကလေး တွေက အဲဒါတွေကို မကြိုက်ကြဘူး... အိမ်နီးချင်းမြို့က ပရာဒို မင်္ဂလာကားအဖွဲ့ကို ငါတို့ ဆက်သွယ်ထားပြီးသား ပေမယ့် သူတို့က ပြဿနာတချို့ရှိလို့ နောက်ဆုံး ရက်အနည်းငယ်အတွင်း မလာနိုင်ဘူးလို့ ပြောလာတယ်...”

“မင်းရဲ့ ခယ်မနဲ့ သူမရဲ့ မိသားစုက တကယ်ကို စိတ်ပူနေပြီး ကောင်းမွန်တဲ့ ဖြေရှင်းနည်းကို မစဉ်းစားနိုင်လို့ ငါ့ဆီ ကို အကူအညီတောင်းဖို့ပါ... ဘာပဲဖြစ်ဖြစ် ငါတို့က ဆွေမျိုးတွေဆိုတော့ ငါလည်း ကျေးဇူးကန်းလို့ မရဘူးလေ ... ဒါကြောင့် ငါ့မာနကို မြိုချပြီး ငါတို့ ကုမ္ပဏီက ကောင်တွေကို အကူအညီတောင်းဖို့နဲ့ မနက်ဖြန် သူတို့ရဲ့ကားကို ငှားဖို့ အဆင်ပြေမပြေ မေးကြည့်ရတာပဲ... မင်းအတွက် အဆင်ပြေရဲ့လား...”

အုပ်စုရုံးချုပ်ရှိ လူ့စွမ်းအားအရင်းအမြစ်ဌာန၏ အကြီးအကဲတစ်ဦးဖြစ်သော ကျိန့်ချိုးတုန်းသည် ရွှီပေါ်အန်းက တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီကို လက်ရှိတာဝန်ယူထားကြောင်း သဘာဝကျကျပင် သိရှိထားလေ သည်။ ထို့ကြောင့် သူက ဤကိစ္စနှင့် ပတ်သက်၍ ရွှီပေါ်အန်းထံ တိုက်ရိုက် လာရောက်ခဲ့ခြင်း ဖြစ်၏။

ရွှီပေါ်အန်းသည် အစက အဆက်အသွယ်ရှိသူများကို ဒုတိယကုမ္ပဏီတွင် အလုပ်ရစေရန် သို့မဟုတ် အရည် အချင်းမရှိသော ဒုတိယမျိုးဆက် လူပုဂ္ဂိုလ်များကို ရာထူးတိုးပေးရန် သို့မဟုတ် အဆက်အသွယ်ရှိသူများကို ကုမ္ပဏီရုံးချုပ်သို့ ပြောင်းရွှေ့ပေးရန်ကဲ့သို့သော ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသည့် ကိစ္စတစ်ခုခု ရှိမည်ဟု တွေး ထင် ထားခဲ့လေသည်။

သူသည် အံကြိတ်ကာ လက်ခံရန် ပြင်ဆင်ထားခဲ့ပြီး ဖြစ်၏။ သို့သော် ၎င်းမှာ ကိစ္စငယ်လေးတစ်ခုသာ ဖြစ် ကြောင်း ကြားလိုက်ရသောအခါ သူ ပို၍ပင် စိတ်သက်သာရာ ရသွားခဲ့လေသည်။

ရွှီပေါ်အန်းက ချက်ချင်းပင် ဝမ်းသာအားရ ပြုံးလိုက်ကာ ပြောလိုက်လေသည်။

“ဪ... အစ်ကိုရယ်... အစ်ကို ပြောနေတာကိုလည်း ကြည့်ပါဦး... ဒါက သူများတွေကို ကူညီပေးရတဲ့ အကူ အညီ သေးသေးလေးပါ... ပြီးတော့ ဝမ်းသာစရာကိစ္စမှာလည်း ပါဝင်ခွင့်ရတာဆိုတော့ ဒါက သေချာပေါက် ကောင်းတဲ့ ကိစ္စပဲလေ... ဒါ့အပြင် ဒါက အစ်ကို့ရဲ့ ညွှန်ကြားချက်ပဲဟာကို... ကျွန်တော် တခြားဘာကိုမှ အာမ မခံနိုင်ပေမယ့် ကားလေးစီးစလုံး အဆင်သင့်ရှိနေမယ် ဆိုတာကိုတော့ အာမခံနိုင်ပါတယ်...”

ကျိန့်ချိုးတုန်းသည် ၎င်းကို ကြားသောအခါ အလွန်ဝမ်းသာသွားခဲ့လေသည်။ မည်သို့ပင်ဆိုစေကာမူ ရွှီပေါ်အန်း သည် သူ့ကို မျက်နှာသာပေးနေခြင်းဖြစ်ပြီး ရွှီပေါ်အန်းက သူနှင့် မိတ်ဆွေဖွဲ့ရန် ရည်ရွယ်ထားကြောင်းကို သူ နားလည်ထားလေ၏။ ကျိန့်ချိုးတုန်းက ရယ်မောရင်း ပြောလိုက်လေသည်။

“ဟားဟား... ညီလေးက အဲဒီလို ပြောတာကြားရတော့ ငါ စိတ်အေးသွားပြီ... လိပ်စာကို မင်းရဲ့ ဖုန်းဆီ နောက်မှ ပို့ပေးလိုက်မယ်...”

ရွှီပေါ်အန်းက ပြောလိုက်လေ၏။

“ကောင်းပါပြီ အစ်ကို... ကားကို ကောင်းကောင်း ဂရုစိုက်ဖို့... လုံခြုံရေး စစ်ဆေးမှုနဲ့ ပြုပြင်ထိန်းသိမ်းမှုတွေ လုပ် ဖို့... ပြီးတော့ အရာအားလုံး ပြီးပြည့်စုံတဲ့ အခြေအနေမှာ ရှိနေစေဖို့ လူတစ်ယောက်ကို ကျွန်တော် စီစဉ်ခိုင်း လိုက်ပါ့မယ်...”

ကျိန့်ချိုးတုန်းက ရယ်မောကာ ပြောလိုက်လေသည်။

“ဟားဟား.. ဒါဆိုလည်း ကောင်းပါပြီ... မင်း သွားပြီး အလုပ်များလိုက်ပါဦး... တစ်ခုလုံးရှိတဲ့ ဒုတိယကုမ္ပဏီက အခု မင်းရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိနေပြီလေ... ငါတို့ ညီအစ်ကိုတွေ အချိန်ရရင် တစ်ချိန်ချိန်ကျရင် ဆုံကြ တာပေါ့... ဥက္ကဋ္ဌစူးကတောင် ဟိုတစ်နေ့က မင်းကို မတွေ့ရတာ ရက်အတော်ကြာပြီလို့ ပြောနေသေးတယ်...”

“ပြဿနာမရှိပါဘူး... ကျေးဇူးပြုပြီး အချိန်မရွေး လွတ်လွတ်လပ်လပ် ဆက်သွယ်နိုင်ပါတယ်... ဥက္ကဋ္ဌစူးကို လည်း ကျွန်တော့်ရဲ့ နှုတ်ခွန်းဆက်စကားလေး ပါးပေးပါဦး...”

မိနစ်အနည်းငယ်ကြာ စကားပြောပြီးနောက် ရွှီပေါ်အန်း ဖုန်းချလိုက်သည်နှင့် တစ်ပြိုင်နက် တံခါးခေါက်သံ ထွက် ပေါ်လာခဲ့လေသည်။

All Chapters