← Chapters

အခန်း ၃၄၆

Vol. 24 Ch. 346

အခန်း ၃၄၆

Vol. 24 Ch. 346

အခန်း-(၃၄၆)

ဒီစခန်းငယ်လေးကို ဦးဆောင်မယ့်အစား ပိုကြီးတဲ့စခန်းတစ်ခုမှာ ပူးပေါင်းပြီး သူ့အဖွဲ့ကိုပဲ တည်ဆောက်ဖို့ အာရုံစိုက်တာက ပိုကောင်းလိမ့်မယ်။ ဒီအသက်ရှင်ကျန်ရစ်သူတွေကို စီမံခန့်ခွဲခြင်းကနေ သူဘာမှ မရခဲ့တာကို ထည့်မပြောပါနဲ့၊ တစ်ခါတလေကြရင် အခြေအနေကိုတည်ငြိမ်အောင် သူ့ရဲ့ကိုယ်ပိုင်ပစ္စည်းတွေကိုတောင် အသုံးပြုခဲ့ရပါတယ်။

လူငယ်လေးက အားသာချက် ၊ အားနည်းချက်များကို အသေအချာစဉ်းစားပြီး နောက်မှပြောလိုက်သည် "ကျွန်တော့်စခန်းမှာ နေထိုင်တဲ့ အသက်ရှင်ကျန်ရစ်သူတွေက ကျွန်တော့်လူတွေ မဟုတ်ပါဘူး။ သူတို့အတွက် ဆုံးဖြတ်ချက်ချဖို့က ကျွန်တော့်မှာ ဘာအခွင့်အာဏာမှ မရှိဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့က ခင်ဗျားကိုယ်တိုင်ပဲ သူတို့ကို မေးနိုင်ပါတယ်"

သူ့စကားကိုကြားတော့ ဝမ်ဟဲက သဘောတကျ ခေါင်းညိတ်လိုက်ပြီး "မင်းနဲ့ မင်းရဲ့အဖွဲ့ကရော ဘယ်လိုလဲ။ လင်အန်းအခြေစိုက်စခန်းကို ဝင်ဖို့ စိတ်ဝင်စားလား" ဟု မေးလိုက်သည်။

လူငယ်လေးက ထိုင်ခုန်ရဲ့လက်ရန်းကို လက်ချောင်းတွေနဲ့ ခဏလောက် ခေါက်နေလိုက်ပြီးနောက်မှ အခြေစိုက်စခန်းကိုဝင်မယ်ဆိုရင် "ကျွန်တော်တို့တွေအတွက် ဘာအကျိုးကျေးဇူးတွေ ရမှာလဲ" လို့ ပြန်မေးလိုက်တယ်။

ဒါကိုကြားတော့ ဝမ်ဟဲက ပြုံးပြီး " အဲဒါကတော့ စခန်းထဲကိုဝင်လာတဲ့အခါမှာ ဘယ်လိုအခန်းကဏ္ဍတွေယူမလဲဆိုတ‌ဲ့အပေါ် မူတည်လိမ့်မယ်" လို့ ပြန်ဖြေလိုက်တယ်။

"ဒါက ဘာကိုဆိုလိုတာလဲ" လူငယ်လေးက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

သူ့ရဲ့ ဇဝေဇဝါဖြစ်နေမှုကို သတိပြုမိတဲ့ ဝမ်ဟဲက "မင်းတို့အဖွဲ့က ပုံမှန်အဖွဲ့ဝင်တွေအနေနဲ့ ပါဝင်လာမယ်ဆိုရင် မှတ်ပုံတင်ကြေးပေးဆောင်ရလိမ့်မယ်။ပြီးရင် အခြေစိုက်စခန်းမှာ အလုပ်လုပ်တာ ဒါမှမဟုတ် အခြေစိုက်စခန်းပြင်ပမှာ မစ်ရှင်တွေလုပ်တာကနေ အမှတ်တွေရလိမ့်မယ်။ အခြေစိုက်စခန်းရဲ့ ကျန်တဲ့အဖွဲ့ဝင်တွေလိုပဲ တန်းတူဆက်ဆံမှုတွေ ရရှိမှာပါ" လို့ ရှင်းပြလိုက်တယ်။

"အစောင့်အနေနဲ့ ဝင်လာမယ်ဆိုရင်တော့ ဝင်ကြေးပေးဖို့မလိုဘဲ အခြေစိုက်စခန်းရဲ့အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ပေးမှာပါ။ လစဉ်လစာ ၊ လစဉ်ထောက်ပံ့ရေးပစ္စည်းတွေလည်း ရရှိမယ်။ ပြီးတော့ နေဖို့အဆောင် နေရာလည်း ရလိမ့်မယ်။ ဒါပေမယ့် အစောင့်ဖြစ်လာဖို့က အနည်းဆုံး တစ်လလောက်အထိ နေ့စဉ်လေ့ကျင့်မှုကို တက်ရောက်ရပြီး စမ်းသပ်မှုကိုလည်းအောင်မြင်ရမည်" ဟု သူက ထပ်ပေါင်းရှင်းပြလိုက်သည်။

လူငယ်လေးက ခဏလောက် စဉ်းစားပြီးမှ သူ့အဖွဲ့ကို လှမ်းကြည့်လိုက်တယ်။ သူတို့ရဲ့ စိတ်လှုပ်ရှားနေတဲ့ မျက်နှာအမူအရာတွေနှင့် တောက်ပတဲ့ မျက်လုံးတွေကနေတစ်ဆင့် သူ့အဖွဲ့ဝင်တွေဟာ အခြေစိုက်စခန်းကိုဝင်ဖို့ စိတ်အားထက်သန်နေတယ်ဆိုတာ သူသိလိုက်တယ်။ သူတို့ကိုယ်တိုင်က သူတစ်ပါးရဲ့ လက်အောက်မှာ အလုပ်လုပ်ရမှာကို မငြင်းဆန်ကြတာကြောင့်... သူ့အနေနဲ့လည်း သူတို့ကို တားဆီးနေဖို့ အကြောင်းပြချက် မရှိတော့ပါဘူး။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူက " ကောင်းပြီ ၊ ကျွန်တော်တို့က မင်းတို့ရဲ့ အခြေစိုက်စခန်းကို အစောင့်တွေအဖြစ် လာပူးပေါင်းမယ်" လို့ ပြောလိုက်တယ်။

သူ့စကားတွေကို ကြားတဲ့အခါမှာ ဝမ်ဟဲက ခေါင်းညိတ်ပြီး သူ့အိတ်ကပ်ထဲက စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်တယ်။ စာရွက်ပေါ်မှ ရေးဆွဲထားတဲ့ မြေပုံကိုပြပြီး "စခန်းက လင်အန်းတက္ကသိုလ်နားက တောင်ထိပ်ဥယျာဉ်ဧရိယာမှာ ရှိတယ်" လို့ ပြောလိုက်တယ်။

လူငယ်လေးက မြေပုံကို ခဏလောက်ကြည့်လိုက်ပြီးမှ "ကျွန်တော့်တို့အဖွဲ့က အမြန်ဆုံးထွက်လာမှာပါ" လို့ ပြန်ဖြေလိုက်တယ်။

"ကောင်းတယ်"

ဝမ်ဟဲ ထရပ်ပြီး အဆောက်အဦးထဲက ထွက်သွားခဲ့သည်။ အသက်ရှင်ကျန်ရစ်သူတွေကို သူကိုယ်တိုင် စည်းရုံးရမယ်လို့ သူတို့ပြောထားတာကြောင့် စခန်းအလယ်က ကွင်းပြင်ငယ်လေးဆီ သူ ထွက်သွားခဲ့တယ်။

အသက်ရှင်ကျန်ရစ်သူများသည် သူနှင့် သူ့အဖွဲ့ကို မြင်သောအခါမှာ အများစုက သူစိမ်းများနှင့် ဆက်ဆံလိုစိတ်မရှိကြောင့် ၎င်းတို့ရဲ့ ကိုယ်ပိုင်တဲများဆီသို့ ပြန်သွားခဲ့ကြသည်။ အချို့ကသာ ဤအဖွဲ့က ဘာစီစဉ်နေသည်ကို မြင်ရန် အနီးကပ် ရောက်ရှိလာခဲ့ကြသည်။

စိတ်ဝင်စားသူတချို့ရှိတာကိုမြင်တော့ ဝမ်ဟဲက ပြုံးပြီး မိတ်ဆက်လိုက်တယ် "အားလုံးပဲ ၊ ကျွန်တော်တို့က လင်အန်းအခြေစိုက်စခန်းရဲ့ ခေါင်းဆောင်က စေလွှတ်လိုက်တဲ့ အစောင့်တွေပါ။ အခြေစိုက်စခန်းရဲ့ တံတိုင်းနဲ့ အဆောက်အအုံတွေဆောက်ဖို့ လူတွေစုဆောင်းဖို့ရန် ရောက်လာကြတာပါ"

သူတို့က လူတွေကို စုဆောင်းဖို့ လာတယ်ဆိုတာ ကြားတဲ့အခါမှာ အသက်ရှင်ကျန်ရစ်သူတွေရဲ့ စိတ်ဝင်စားမှုက မြင့်တက်လာခဲ့ပါတယ်။ အလုပ်အကိုင်တွေ ရှိလာရင် လုပ်ခလစာလည်း သေ‌ချာ‌ပေါက်ရှိလာမှာမို့ပါ။

ဒီလို စိတ်ကူးနဲ့တင် အသက်ရှင်ကျန်ရစ်သူတစ်ဦးက လက်မြှောက်ပြီး "ရဲဘော်၊ အလုပ်သမားတွေကို စုဆောင်းနေတယ်လို့ ပြောတော့ ကျွန်တော်တို့က လုပ်ခလစာ တစ်ကယ်ရမှာလား" ဟု မေးလိုက်သည်။

ဒါကိုကြားတော့ ဝမ်ဟဲက ပြုံးပြီး ပြန်ဖြေလိုက်တယ်။ "ယာယီအလုပ်သမားတွေအတွက်ကတော့ တစ်နေ့ကို အမြုတေ တစ်ခုစီ ရရှိမှာဖြစ်ပြီး အခြေစိုက်စခန်းက နေ့လယ်စာနဲ့ သောက်ရေ ထောက်ပံ့ပေးမှာပါ။ အခြေစိုက်စခန်းမှာ အမြဲတမ်းနေထိုင်မယ့် သူတွေအတွက်ကတော့ တစ်နေ့ကို အမှတ် ၁၅ မှတ် ရရှိမှာဖြစ်ပြီး အခြေစိုက်စခန်းက မနက်စာနဲ့ နေ့လယ်စာဆိုပြီး တစ်နေ့ကို နှစ်နပ် ထောက်ပံ့ပေးမှာပါ"

သူဒီလိုပြောလိုက်ပြီးတာနဲ့ တခြားအသက်ရှင်ကျန်ရစ်သူတစ်ဦးက "ရဲဘော် ၊ ယာယီအလုပ်သမားတွေနဲ့ အမြဲတမ်းနေထိုင်သူတွေအတွက် ငွေပေးချေမှုက ဘာလို့ကွာခြားတာလဲ" လို့ မေးလိုက်တယ်။

"ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ အခြေစိုက်စခန်းမှာ အမှတ်စနစ်ရှိလို့ပါ။ ကျွန်တော်တို့ရဲ့ အခြေစိုက်စခန်းမှာ တရားဝင်နေထိုင်သူတွေအဖြစ် မှတ်ပုံတင်ထားသူတွေအတွက်က သူတို့ရဲ့ မှတ်ပုံတင်ကတ်အဖြစ် သတ္တုပြားကို ရရှိမှာဖြစ်ပြီး စခန်းရဲ့ ကွန်ပျူတာစနစ်မှာပါ အမည်စာရင်း အော်တိုဝင်သွားမှာ ဖြစ်ပါတယ်။ ဒီနည်းနဲ့ သူတို့ရဲ့ အမှတ်တွေကို သိမ်းဆည်းဖို့ ကတ်တစ်ခု ထုတ်ပေးနိုင်ပါတယ်၊ ဒါက ကမ္ဘာပျက်မတိုင်မီခေတ်က ATM ကတ်တစ်ခုနဲ့ ဆင်တူပါတယ်" ဟု ဝမ်ဟဲ က ပြန်လည်ဖြေကြားခဲ့သည်။

ခဏတာ ရပ်တန့်သွားပြီးနောက်မှ သူက ဆက်ပြောသည် "အဲဒီယာယီအလုပ်သမားတွေအတွက်ကတော့ လောလောဆယ်မှာက လင်းအန်အခြေစိုက်စခန်းမှာပဲ ငွေပေးငွေယူတွေအတွက် အမှတ်တွေကို အသုံးပြုလို့ရတာကြောင့် ကျွန်တော်တို့က သူတို့ကို အမြုတေနဲ့ပဲ ငွေပေးချေနိုင်ပါတယ်။ ဒါပေမယ့် အမြုတေရဲ့တန်ဖိုးက အမှတ် ၂၀ ဖြစ်တဲ့အတွက် ငွေပေးချေမှုကို မျှတအောင် ထမင်းကို လျှော့ချလိုက်ပါတယ်"

သူ့ရဲ့ရှင်းပြချက်ကို နားထောင်ပြီးနောက်တွင် အသက်ရှင်ကျန်ရစ်သူတွေဟာ အပြန်အလှန်အကြည့်ချင်းဖလှယ်လိုက်ကြတယ်။ အခုအချိန်မှာတော့... သူ့ရဲ့ ရှင်းလင်းချက်ကို ကြားသိချင်တာကြောင့် တဲအိမ်တွေထဲကနေ ထွက်လာတဲ့ အသက်ရှင်ကျန်ရစ်သူ အရေအတွက်က ပိုမိုများပြားလာခဲ့ပြီ ဖြစ်ပါတယ်။

"ရဲဘော် ၊ ကျွန်ုမတို့သာ အခြေစိုက်စခန်းရဲ့အဖွဲ့ဝင်တွေအဖြစ် မှတ်ပုံတင်ချင်ရင် ဘာတွေလုပ်ရမလဲ" ဟု နောက်ထပ် အမျိုးသမီး အသက်ရှင်ကျန်ရစ်သူတစ်ဦးက မေးသည်။

ဝမ်ဟဲက အသက်ရှင်ကျန်ရစ်သူတွေအားလုံးကို ဝေ့ကြည့်လိုက်ပြီး "အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ဖို့အတွက် မှတ်ပုံတင်ကြေးပေးဆောင်ရပါမယ်။ မှတ်ပုံတင်ကြေးကို အမြုတေတွေ ဒါမှမဟုတ် ရိက္ခာပစ္စည်းတွေနဲ့ ပေးဆောင်နိုင်ပါတယ်" လို့ ပြောလိုက်တယ်။

"ဒါပေမယ့် နှစ်ခုစလုံးမရှိဘူးရင် အခြေစိုက်စခန်းကနေ ချေးထားလို့ရပါတယ်။ အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ပြီးရင် မစ်ရှင်တစ်ခုလုပ်ပြီး အပြင်ထွက်နိုင်သလို အခြေစိုက်စခန်းမှာ အလုပ်လုပ်ပြီး အမှတ်တွေရယူနိုင်ပါတယ်။ အဲဒီအချိန်ရောက်ရင်တော့ မင်းတို့ရဲ့အကြွေးကို ပြန်ဆပ်နိုင်ပါပြီ"

"ဒါဆိုရင်... အဲဒီရမှတ်တွေနဲ့ ကျွန်မတို့က ဘာတွေ လုပ်လို့ရမှာလဲ" ဟု လူငယ်အမျိုးသမီးတစ်ဦးက ထပ်မေးလိုက်တယ်။

ဒါကိုကြားတော့ ဝမ်ဟဲက စာရွက်တစ်ရွက်ကို ထုတ်ယူပြီး ဖြန့်လိုက်တယ်။ သူက အခြေစိုက်စခန်းရဲ့ ဒီဇိုင်းပုံစံကို ပြပြီး "မင်းတို့က ဒီအမှတ်တွေကိုသုံးပြီး ထောက်ပံ့ရေးပစ္စည်းတွေဝယ်လို့ရတယ်၊ ငှားလို့ရတယ်၊ ဒါမှမဟုတ် လင်အန်းအခြေစိုက်စခန်းကနေ နေအိမ်ဝယ်လို့ရတယ်" လို့ ပြောလိုက်တယ်။

"အခုအချိန်မှာတော့ ကျွန်တော်တို့က အခြေစိုက်စခန်းရဲ့ နယ်မြေကို တိုးချဲ့နေပြီး လူတိုင်းအတွက် နေရာထိုင်ခင်းတွေ ပိုမိုတည်ဆောက်နေပါတယ်။ အခြေစိုက်စခန်း တည်ဆောက်မှု ပြီးစီးသွားတဲ့အခါကြရင် လူပေါင်း ၅၀၀,၀၀၀ လောက်ကို နေရာထိုင်ခင်း ပေးနိုင်မှာ ဖြစ်ပါတယ်"

အစပိုင်းတွင်တော့ အသက်ရှင်ကျန်ရစ်သူများသည် သာမန် စိတ်ဝင်စားမှာသာရှိခဲ့ကြသော်လည်း၊ အခြေစိုက်စခန်းရဲ့ ဒီဇိုင်းကိုမြင်ပြီး အမှတ်များကို အသုံးပြု၍ အိမ်တစ်လုံးဝယ်ယူနိုင်ကြောင်း ကြားသိလိုက်ရသည့်အချိန်တွင် သူတို့ရဲ့မျက်လုံးများဟာ မျှော်လင့်ချက်များဖြင့် တောက်ပသွားကြသည်။

အဘယ်ကြောင့်ဆိုသော်... လူသားဆိုသည်မှာ အစုအဖွဲ့နဲ့ နေထိုင်တတ်တဲ့ သတ္တဝါအမျိုးအစား ဖြစ်တာကြောင့်၊ မိမိတို့အတွက် ဘေးကင်းပြီး တည်ငြိမ်တဲ့ ကိုယ်ပိုင်အိမ်လေးတစ်လုံးနှင့် လူမှုပတ်ဝန်းကျင်တစ်ခု ရှိဖို့ကို အစဉ်အမြဲ တမ်းတတတ်ကြလို့ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အိမ်တစ်လုံးဝယ်ယူနိုင်ဖို့ဆိုတာ လူအများရဲ့ အိပ်မက်တစ်ခုပါ။

All Chapters