← Chapters

အခန်း ၃၄၈

Vol. 24 Ch. 348

အခန်း ၃၄၈

Vol. 24 Ch. 348

အခန်း-(၃၄၈)

နတ်ဆိုးအဖွဲ့ဝင်တွေ သုံးရက်ကြာ အဝအနားယူပြီးတဲ့နောက်မှာ ခန္ဓာကိုယ်တွေက လန်းဆန်းတက်ကြွနေပြီး စိတ်ခံစားချက်တွေ အလွန်ကောင်းမွန်စွာနဲ့ နိုးထလာခဲ့ကြတယ်။ သူတို့ မထွက်ခွာခင်မှာ... ကြက်သားနှင့် မှိုထမင်းပေါင်း အိုးကြီး အနည်းငယ်ကို ကြက်ဥစွပ်ပြုတ် ပူပူနွေးနွေးလေးနဲ့ တွဲဖက်ပြီး မနက်စာကို ဝဝလင်လင် စားသောက်ခဲ့ကြပါတယ်။

မနက်စာစားပြီးနောက်တွင် သူတို့ရဲ့ ပစ္စည်းကိရိယာတွေကို သေသေချာချာ ပြန်စစ်ဆေးကြပြီး ကျည်အိမ်တွေနှင့် ကျည်ဆန်ခွံတွေကိုပါ အပြည့် ပြန်လည်ဖြည့်တင်းလိုက်ကြတော့တယ်။

ကျိူးလီဇီက အမြုတေတွေကို အသေအချာတွက်ချက်ပြီးမှ အဖွဲ့သားတစ်ဦးချင်းစီကို အမြုတေ အိတ်ငယ်လေးတစ်လုံးစီ ပေးလိုက်သည်။ အမြုတေတွေအပြင် ကန်ရေပုလင်းသုံးပုလင်းကိုလည်း ပေးလိုက်တယ်။ ဆေးဝါးနှင့် အရေးပေါ်ပစ္စည်းတွေအတွက်ကတော့ ရှောင်ချီနှင့် ဖုန်းယွင်တို့ကတာဝန်ယူပြီး နေရာလွတ်ထဲတွင် သိမ်းဆည်းပေးခဲ့သည်။

အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကနေ နေဝန်းကြီး ထွက်ပြူလာတဲ့ အချိန်မှာ ကျင်းရွှီယန်းကပြောလိုက်သည် "ဒီနေ့ ငါတို့ရဲ့ အဓိကပန်းတိုင်တွေကတော့ ဆေးရုံနှင့် သုတေသနဓာတ်ခွဲခန်းပါ။ လူတိုင်းက ပတ်ဝန်းကျင် အခြေအနေကို ပိုပြီးတော့ ဂရုစိုက်ကြည့်ရှုကြပါ။ တကယ်လို့ အသက်ရှင်ကျန်ရစ်သူတွေကို တွေ့ရင် ချက်ချင်း အစီရင်ခံတင်ပြပြီး သတင်းပို့ပါ။ အခြေစိုက်စခန်းမှာက ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ လိုအပ်နေတာဆိုတော့ တချို့ကို ပြန်ပို့နိုင်ရင် အကောင်းဆုံးပဲ"

ဒါကိုကြားတော့ အဖွဲ့ဝင်တွေက ခေါင်းညိတ်ပြီး "နားလည်ပါပြီ" လို့ တစ်ပြိုင်နက်တည်း ပြန်ဖြေကြသည်။

စတင် ထွက်ခွာမသွားခင်မှာ ကျိူးလီဇီက မြေအောက်သိုလှောင်ကန်အားလုံးကို သူမရဲ့နေရာလွတ်မှာ သိမ်းဆည်းလိုက်ပါတယ်။ အဖွဲ့ဝင်တွေ ဒါကိုမြင်တဲ့အခါမှာတော့ အရင်ကလောက် အံ့အားသင့်မှု မရှိတော့ပါဘူး။ မိုဂျွန်ဂျီတစ်ယောက်တည်းကသာ သူမကို လေးနက်တဲ့ အကြည့်နဲ့ တစ်ချက် လှမ်းကြည့်လိုက်မိတယ်။

ဓာတ်ဆီဆိုင်ကနေ ထွက်ခွာလာပြီးနောက်တွင် အဖွဲ့သားတွေဟာ ကားတွေကို မောင်းနှင်ပြီး ဆေးရုံရှိရာဆီသို့ ဦးတည်ခဲ့ကြတယ်။ ဆေးရုံက ဓာတ်ဆီဆိုင်နဲ့ သိပ်မဝေးလှပေမဲ့ လမ်းမပေါ်မှာ ပိတ်ဆို့နေတဲ့ ကားပျက်တွေနှင့် ဇွန်ဘီတွေကြောင့် သူတို့ ရောက်ရှိဖို့အတွက် လေးနာရီခန့် ကြာမြင့်သွားခဲ့ရပါတယ်။

လမ်းပိတ်ဆို့နေတဲ့ စွန့်ပစ်ထားတဲ့ ကားတွေကိုကြည့်ပြီး ဝိန့်ခိုင်က "ဆိုင်ကယ်တွေ အများကြီးရှာတွေ့နိုင်ရင် ကောင်းမှာပဲ။ ဒီလိုလမ်းတွေပေါ်မှာ ကားတွေထက် ဆိုင်ကယ်စီးတာက ပိုအဆင်ပြေလိမ့်မယ်" လို့ ပြောပါတယ်။

ဒါကိုကြားတော့ ရှောင်ချီက "ဟုတ်သားပဲ... စောစောက လမ်းမှာ ဆိုင်ကယ်အသစ်တွေ ရောင်းတဲ့ အရောင်းပြခန်း တစ်ခုကို ကျွန်တော် လှမ်းမြင်လိုက်တယ်။ ကျွန်တော်တို့တွေ ဆေးရုံကို ရှင်းလင်းပြီးသွားတဲ့အခါကြရင် အဲဒီနေရာကို သွားပြီး ဆိုင်ကယ်အချို့ သွားယူကြရင် ဘယ်လိုလဲ" ဟု အကြံပြုလိုက်တယ်။

သူ့ရဲ့ အကြံပြုချက်ကို ကြားလိုက်တာနဲ့ လူတိုင်းက ခေါင်းညိတ်ပြီး အလွယ်တကူပဲ သဘောတူလိုက်ကြတယ်။

တိုတောင်းလှတဲ့ စကားဝိုင်းအပြီးမှာတော့... လူတိုင်းက ဆေးရုံဝင်းထဲသို့ လျှောက်လှမ်းဝင်ရောက်ခဲ့ကြသည်။ ဆေးရုံတံခါးဝသို့ မရောက်ခင်မှာတင် ဆေးရုံအဆောက်အအုံထဲကနေ ထွက်ပေါ်လာတဲ့ ဇွန်ဘီတွေရဲ့ အုန်းအုန်းကျွက်ကျွက် ဟိန်းဟောက်သံတွေကို သူတို့ အတိုင်းသား ကြားနေခဲ့ရပြီ ဖြစ်ပါတယ်။

"ဂါးးး”

သူတို့ရဲ့ အဆင့် (၁) ခွန်အားတွေကိုစမ်းသပ်ဖို့အတွက် စိတ် သူတို့ရဲ့သေနတ်တွေကို ထုတ်ယူမယ့်အစား အားထက်သန်စွာဖြင့် ဓားမြှောင်တွေကိုပဲ ထုတ်ယူလိုက်ကြတယ်။ ဒီတစ်ခါမှာတော့ အဖွဲ့ဝင်အားလုံးက အဆင့်တစ်ကို ရောက်သွားပြီးဖြစ်တာကြောင့် အဆင့်တစ်ဇွန်ဘီတွေနဲ့ ရင်ဆိုင်ရတာက သူတို့အတွက် ဘာအန္တရာယ်မှ မရှိတော့ပါဘူး။

အရင်ကနဲ့ ယှဉ်ရင် ဇွန်ဘီတွေကို ခုတ်ထစ်တဲ့ သူတို့ရဲ့နည်းလမ်းက ပိုပြီး ပေါ့ပေါ့ပါးပါးကာ တိလည်း တိကျလာတယ်။ သူတို့ရဲ့ အာရုံငါးပါး တိုးတက်လာတာနဲ့အတူ နှစ်နာရီအတွင်းမှာပဲ ဇွန်ဘီ တစ်ထောင်ကျော်ကို သတ်နိုင်ခဲ့တယ်။

အဖွဲ့ဝင်တွေက အရှေ့ဆုံးမှာ ဇွန်ဘီတွေကို သတ်နေချိန်မှာ ကျင်းရွှီယန်းက သူ့ရဲ့ အနက်ရောင်မီးတောက်ကို အသုံးပြုပြီး အလောင်းတွေကို မီးရှို့နေပြီး ကျိူးလီဇီကတော့ အမြုတေတွေကို ကောက်ယူနေသည်။ သူတို့နှစ်ယောက်သည် အဖွဲ့ရဲ့အနောက်မှနေပြီး အေးအေးဆေးဆေး လျှောက်ကာလာကြသည်။

အမြုတေတွေကို ကောက်ယူနေစဉ်၌ ကျိူးလီဇီက ပုပ်သိုးနေသော အသားအချို့ကို သူမရဲ့နေရာတွင် သိမ်းဆည်းရန် ကြိုးစားခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။ နောက်ဆုံးတွင်တော့ သူမသည် သက်ပြင်းချရုံသာ တတ်နိုင်ခဲ့သည်။

နတ်ဆိုးအဖွဲ့သည် နေ့လည် နှစ်နာရီတွင် ဆေးရုံအဆောက်အဦးအပြင်ဘက်မှာ လှည့်လည်သွားလာနေတဲ့ ဇွန်ဘီတွေအားလုံးကို ရှင်းလင်းပြီးစီးခဲ့ပါတယ်။

"တံခါးကို ပိတ်လိုက်" ဟု ကျင်းရွှီယန်းက အမိန့်ပေးလိုက်သည်။

"နားလည်ပါပြီ" ဟု ဝိန့်ညီအစ်ကိုများက ပြန်ဖြေပြီး ဆေးရုံဝန်းရဲ့ပတ်ပတ်လည်တွင် လေးမီတာအမြင့်ရှိသော သတ္တုနံရံတစ်ခု တည်ဆောက်ခဲ့ကြသည်။

ဒီနံရံတွေနဲ့ဆိုရင် သူတို့ဟာ ဇွန်ဘီတွေတိုက်ခိုက်လာကို စိတ်ပူစရာမလိုတော့ပါဘူး။ တခြားစွမ်းရည်အသုံးပြုသူတွေရောက်လာရင်လည်း သူတို့အတွက်တော့ ဘာမှ အမှုထားစရာ မလိုတော့ပါဘူး။

အဆောက်အဦးအပြင်ဘက်တွင်ရပ်ကာ ချင်လူဇီက သူ့စိတ်မြေပုံကိုစစ်ဆေးလိုက်သည်။ ပထမအဆင့်သို့ရောက်ရှိပြီးနောက်တွင် မြေပုံက သူ့ကိုယ်ဗဟိုချက်အဖြစ်ထားကာ တစ်ကီလိုမီတာဧရိယာထိကို ကျယ်ပြန့်သွားခဲ့သည်။ ဦးတည်ရာအတိအကျကို စောင့်ကြည့်ရန်အတွက်ဆိုရင် နှစ်ကီလိုမီတာရှိသော နေရာများ အထိကို စစ်ဆေးနိုင်သည်။

ဒီတိုးတက်မှုအပြင် ၊ သူ့ရဲ့ လေအမျိုးအစားစွမ်းရည်နှင့် စိတ်စွမ်းရည်ကို ပေါင်းစပ်နိုင်ခဲ့ပါပြီ။ သူ့ရဲ့စိတ်မြေပုံပေါ်က ဧရိယာတစ်ခုကို အတိအကျသတ်မှတ်ပြီး အဲဒီနေရာကို တိုက်ရိုက်တိုက်ခိုက်နိုင်ပါတယ်။ ဒီပေါင်းစပ်မှုကြောင့်ပဲ ရန်သူတွေဟာ နှစ်ကီလိုမီတာအတွင်း ရှိနေသရွေ့ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။

ခဏကြာတော့မှ သူက "ကပ္ပတိန် ၊ ဓာတ်ခွဲခန်းရော ဆေးဝ်းသိုလှောင်ခန်းရောက ဆေးရုံရဲ့အနောက်ဘက်မှာ ရှိတယ်။ " လို့ သတင်းပို့လိုက်တယ်။

"အထဲမှာ ဇွန်ဘီဘယ်နှစ်ကောင်ရှိလဲ" ဟု ကျင်းရွှီယန်းက မေးလိုက်သည်။

"ဇွန်ဘီအရေအတွက် ခန့်မှန်းခြေ ၂၀,၀၀၀ လောက်ရှိတယ်" ဟု ချင်လူဇီက ပြန်ဖြေသည်။

အရေအတွက်ကများပေမယ့် ဇွန်ဘီတွေက အဆောက်အဦးထဲမှာ ပိတ်မိနေပြီး ပထမဆုံးမိုးရေ မထိခဲ့ပါဘူး။ ဒါကြောင့်ပဲ သူတို့ဟာ အဆင့် သုညမှာ ပိတ်မိနေခဲ့ပါတယ်။

သူတို့ရဲ့မျိုးတူတွေကို စားနိုင်ရင်တောင်မှ အမြင့်ဆုံးရောက်နိုင်တဲ့အဆင့်က အဆင့်နှစ်ပါ။ အဖွဲ့ရဲ့လက်ရှိအင်အားနဲ့ဆိုရင် အဆင့်နှစ်ဇွန်ဘီတွေကို ထည့်မပြောနဲ့ ၊ အဆင့်လေးဇွန်ဘီတစ်ကောင်နဲ့ ရင်ဆိုင်ရရင်တောင် သတ်နိုင်ပါသေးတယ်။

ဒီလို ကောက်ချက်ချပြီးတဲ့နောက်တွင် ကျင်းရွှီယန်းက "အဖွဲ့ဝင် ခြောက်ယောက်ကနေ ခုနစ်ယောက်အထိပါတဲ့ အဖွဲ့နှစ်ဖွဲ့ခွဲလိုက်။ ဖုန်းယွင်နှင့် ရှောင်ချီ တို့နှစ်ယောက်စလုံးက အဖွဲ့အမျိုးမျိုးနဲ့ ပူးပေါင်းကြမယ်။ အာ့ဇီ နဲ့ ငါက နှစ်ယောက်တည်း သွားကြမယ်" လို့ ပြောလိုက်တယ်။

ဒါကိုကြားတော့ အဖွဲ့ဝင်တွေက ခေါင်းညိတ်ပြီး သူတို့ရဲ့အသင်းဖော်တွေကို ရွေးချယ်လိုက်ကြတယ်။ ဒီအချိန်မှာတော့ သူတို့ဟာ ဆက်ဆံရေးကို အခြေခံပြီး ရွေးချယ်တာမဟုတ်ဘဲ အသင်းရဲ့ အလုံးစုံစွမ်းအားကို အခြေခံပြီး ရွေးချယ်ခဲ့ကြတာပါ။

မိုဂျွန်ဂျီကတော့ ချင်လူဇီရဲ့အဖွဲ့နဲ့ ပူးပေါင်းခဲ့တယ်။ သူနဲ့သာအတူရှိရင် သူတို့ရဲ့ဘေးကင်းမှုနှုန်းက ထက်ဝက်တိုးလာလိမ့်မယ်ဖြစ်သည်။

အဖွဲ့တွေခွဲပြီးတာနဲ့ ကျင်းရွှီယန်းက သတိပေးလိုက်တယ် "ဂြိုလ်တုဖုန်းတွေနဲ့ ဝေါ်ကီတော်ကီတွေ ဖွင့်ထားဖို့ သေချာအောင်လုပ်ပါ။ အန္တရာယ်တွေ့ရင် ချက်ချင်းသတင်းပို့ပါ"

"နားလည်ပါပြီ" ဟု အဖွဲ့ဝင်များက တညီတညွတ်တည်း ပြန်ဖြေကြသည်။

၎င်းတို့တာဝန်ယူရသည့် နေရာများအကြောင်းကို အတိုချုံးရှင်းလင်းပြီးနောက်တွင် အဖွဲ့သည် ဦးတည်ချက်သုံးခုသို့ ဦးတည်ကာသွားခဲ့ကြသည်။

ကျင်းရွှီယန်း နှင့် ကျိူးလီဇီတို့က ဆေးဝါးထိန်းသိမ်းတဲ့နေရာနှင့် ဓာတ်ခွဲခန်းကို စစ်ဆေးရန် တာဝန်ရှိသည်။ ဖုန်းယွင်တို့အဖွဲ့ကတော့ ပြင်ပလူနာဌာနနှင့် အရေးပေါ်ဌာနသို့ သွားရောက်ခဲ့ပြီး ချင်လူဇီ ဦးဆောင်သောအဖွဲ့သည် အဓိကအဆောက်အအုံကို စစ်ဆေးခဲ့သည်။

မိနစ်နှစ်ဆယ်အကြာတွင် ကျင်းရွှီယန်းနှင့် ကျိူးလီဇီတို့နှစ်ယောက်သားက ဆေးဝါးထိန်းသိမ်းတဲ့နေရာသို့ ရောက်ရှိလာခဲ့သည်။ အခြားနေရာများနှင့် နှိုင်းယှဉ်ပါက ဆေးရုံရဲ့ဆေးဝါးထိန်းသိမ်းတဲ့နေရာတွက် အအေးခန်းတစ်ခုနှင့် ပုံမှန်သိုလှောင်ခန်းများစွာ ပါဝင်သည်။

ဆေးဝါးထိန်းသိမ်းတဲ့နေရာတွေရှေ့မှာ ရပ်နေတဲ့ ကျိူးလီဇီက "အစ်ကိုယန်း ၊ အအေးခန်းကို အရင်စစ်ဆေးကြည့်ရအောင်" လို့ ပြောလိုက်တယ်။

ကျင်းရွှီယန်းက ကန့်ကွက်မှုမရှိဘဲ ခေါင်းညိတ်ပြလိုက်ပြီး "ကောင်းပြီ" လို့ ပြောလိုက်တယ်။

သတ္တုစွမ်းရည်ရှင် ဝိန့်မိုမရှိတာကြောင့် သူတို့ရဲ့လက်နက်တွေ ဒါမှမဟုတ် စွမ်းရည်တွေကိုသုံးပြီးသာ ဂိုဒေါင်တံခါးကိုဖွင့်ရသည်။ သူမရဲ့လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်တဲ့အချိန်မှာပဲ ကျိူးလီဇီရဲ့ ထက်မြက်တဲ့ရေဓားက သော့ကိုဖျက်ဆီးလိုက်သည်။

"ကလန့်"

ပြတ်ကျသွားတဲ့ သော့ခလောက်က မြေကြီးပေါ်ကျသွားတဲ့ အသံက နေရာတစ်ခုလုံးမှာ ပဲ့တင်ထပ်သွားသည်။ ကျိူးလီဇီက သံတံခါးကြီးကို တွန်းဖွင့်ဖို့ ပြင်လိုက်စဉ်မှာပဲ ကျင်းရွှီယန်းက သူမကို ဆွဲထုတ်ပြီး "ကိုယ် အရင်ဝင်မယ်" လို့ ပြောလိုက်တယ်။

All Chapters