← Chapters

အခန်း ၃၅၁

Vol. 24 Ch. 351

အခန်း ၃၅၁

Vol. 24 Ch. 351

အခန်း-(၃၅၁)

ဝမ်ဟန်လီက သူတို့ကို ပြုံးပြပြီး " ဒါက တိုက်ဆိုင်မှု မဟုတ်ပါဘူး။ ရဲဘော်ကု ကျွန်တော်က မင်းကိုရှာဖို့ အထူးလာခဲ့တာပါ" လို့ ပြောလိုက်တယ်။

ဒါကိုကြားတော့ ကုရှကျယ်က မျက်ခုံးပင့်ပြီး "ကျွန်တော့်ဆီက တစ်ခုခု လိုအပ်လို့လား" လို့ မေးလိုက်တယ်။

ဝမ်ဟန်လီက ဖိုင်တွဲတစ်ခုကို သူ့ထံကမ်းပေးပြီး "ရဲဘော်ကု ၊ ဒါက လင်အန်းမြို့နဲ့ ယွန်ရှန်းမြို့ကြားက နယ်စပ်မှာရှိတဲ့ မွေးမြူရေးခြံကြီးရဲ့ အချက်အလက်တွေပါ။ အဲဒီဒေသက အခြေအနေကို စစ်ဆေးဖို့ ခင်ဗျားတို့အဖွဲ့ကို ငှားရမ်းချင်ပါတယ်" ဟု ပြောလိုက်သည်။

ကုရှကျယ်က သတင်းအချက်အလက်တွေကို ခဏလောက် ဖတ်လိုက်ပြီးမှ "ကျွန်တော့်တို့အဖွဲ့က အခြေအနေကို စစ်ဆေးဖို့ပဲ လိုတာလား" လို့ မေးလိုက်တယ်။

ဝမ်ဟန်လီက ခေါင်းညိတ်ပြီး "ဟုတ်ကဲ့" ဟု ပြန်ဖြေသည်။

ဒါကိုကြားလိုက်တာနဲ့ ကုရှကျယ်က ရယ်လိုက်ပြီး "ရဲဘော်ဝမ် ၊ စခန်းကသာ နယ်စပ်က အခြေအနေကို ပဲစစ်ဆေးချင်ရင် စစ်သားတွေ လွှတ်လို့ရတယ်လေ။ ကျွန်တော့်တို့အဖွဲ့ကို ငှားစရာမလိုဘူး" လို့ ပြောလိုက်တယ်။

အမှန်တိုင်းသာမပြောပြရင် ကုရှကျယ်က မစ်ရှင်ကို လက်မခံဘူးဆိုတာ သိနေတဲ့ ဝမ်ဟန်လီက "မကြာသေးခင်ကမှ ကျွန်တော်တို့ သတိထားမိခဲ့တာက ကမ္ဘာပျက်ပြီးနောက်ပိုင်းကတည်း အပင်တွေ ဒါမှမဟုတ် တိရစ္ဆာန်တွေကို လုံးဝမတွေ့ဘူးဆိုတာပဲ။ မျိုးစေ့တွေရှာတွေ့ပြီး သီးနှံတွေစိုက်ပျိုးနိုင်ပေမယ့် တိရစ္ဆာန်တွေမျိုးပွားဖို့အတွက်ကတော့ တိရစ္ဆာန်တွေကို ရှာဖွေရပါမယ်" လို့ ပြောလိုက်တယ်။

"ဒါပေမယ့် အခုချိန်မှာတော့ မွေးမြူရေးတိရစ္ဆာန်တွေကို ထည့်မပြောနဲ့ ခြင်တောင် မရှိဘူး။ ဒါကြောင့် ခင်ဗျားတို့အဖွဲ့က မွေးမြူရေးခြံနဲ့ပတ်သက်ပြီး အခြေအနေကို သွားစစ်ဆေးပေးစေချင်ပါတယ်။ ဖြစ်နိုင်ရင်တော့ အသက်ရှင်နေတဲ့ တိရစ္ဆာန်တွေကို ပြန်ခေါ်လာပေးစေချင်ပါတယ်”

သူ့စကားတွေကို ကြားပြီးတဲ့နောက်တော့ ကုရှကျယ်နှင့် ရုန်မိုအာတို့ကလည်း တိရစ္ဆာန်တွေကို တကယ်ပဲ မမြင်ရသေးဘူးဆိုတာကို နှစ်ယောက်စလုံးက သဘောပေါက်လိုက်ကြတယ်။ ခြင်လိုမျိုး သေးငယ်တဲ့ တိရစ္ဆာန်တွေကိုတောင် မမြင်ရသေးသလို လမ်းမပေါ်မှာလေလွင့်နေတတ်တဲ့ တောကြောင်တွေ ခွေးတွေကိုတောင် မတွေ့ခဲ့ရပါဘူး။

သူတို့နှစ်ယောက်က ခဏတာ အကြည့်ချင်းဖလှယ်လိုက်ကြပြီးမှ ကုရှကျယ်က ပြောလိုက်တယ် "တခြားနေရာက အခြေအနေတွေကိုလည်း စစ်ဆေးနိုင်အောင် ကျွန်တော့်ရဲ့ ကပ္ပတိန်ကို အကြောင်းကြားလိုက်မယ်။ မွေးမြူရေးခြံ မစ်ရှင်ကိုတော့ ကျွန်တော်တို့အဖွဲ့က လက်ခံလိုက်ပါ့မယ်”

ဝမ်ဟန်လီက ခေါင်းညိတ်ပြီး "ဒီမစ်ရှင်အတွက် ဆုကြေးက အမှတ် ၁၀၀၀၀ ပါ။ တိရစ္ဆာန်တချို့ကို ပြန်ယူလာနိုင်ရင် တိရစ္ဆာန်တစ်ကောင်ချင်းစီအတွက် အမှတ် ၂၀၀၀ ထပ်ပေးပါမယ်" လို့ ပြောလိုက်တယ်။

ကုရှကျယ်က အားရကျေနပ်စွာ ခေါင်းညိတ်ပြီး "သဘောတူတယ်" လို့ ပြောလိုက်တယ်။

ဝမ်ဟန်လီ လေ့ကျင့်ရေးကွင်းထဲက ထွက်ခွာသွားပြီးနောက်မှ ရုန်မိုအာက "ကျွန်မလည်း ရှင်နဲ့ လိုက်ခဲ့မယ်" ဟု ပြောသည်။

ပြီးခဲ့တဲ့တစ်ခေါက်က သူမ တစ်ယောက်တည်း မစ်ရှင်သွားရင်း အသက်ဘေးနဲ့ သီသီလေး ကြုံခဲ့ရတာကို ပြန်လည်တွေးတောမိလိုက်တဲ့ ကုရှကျယ်က ခေါင်းညိတ်ပြီး "မင်း ဒီလိုဖြစ်သွားပြီးကတည်းက နောက်ဆို ငါတို့တွေ မစ်ရှင်ကို အတူတူပဲလုပ်ကြမယ်။ မင်းထပ်ပြီးထိခိုက်လာမှာမျိုးကို ငါ အဖြစ်မခံတော့ဘူး" ဟု ကတိပေးသလို ပြောလိုက်တယ်။

ရုန်မိုအာက ခေါင်းညိတ်ပြီး "ဒီမစ်ရှင်အတွက် ကျွန်မဝမ်းကွဲကို ဖိတ်ခေါ်သင့်လား" လို့ မေးလိုက်တယ်။

ကုရှကျယ်က ခဏလောက် တိတ်ဆိတ်သွားပြီးမှပြောလိုက်တယ် "မိုအာ၊ မင်းရဲ့ဝမ်းကွဲက တစ်ခုခုတော့ မှားနေတယ်လို့ ငါထင်တယ်"

"ရှကျယ် ၊ မင်းက ဘာကိုဆိုလိုတာလဲ" ရုန်မိုအာက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

ကုရှကျယ်က ခဏလောက်စဉ်းစားလိုက်ပြီးမှ ပြန်ဖြေတယ်။ "စဉ်းစားကြည့်စမ်းပါ။ မင်းအစ်ကိုကို ငါတို့စတွေ့တုန်းက သူကပင်ပန်းနေပေမယ့်လည်း သူ့စိတ်ကတော့ အရမ်းတည်ငြိမ်နေတယ်။ မင်းရဲ့မိသားစုအကြောင်းနဲ့ပတ်သက်ပြီး သူပြောတာသာမှန်ရင် သူ့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေက ဒီလောက်အထိတည်ငြိမ်မှာမဟုတ်ဘူး"

"ကိုယ်ချစ်ရတဲ့သူတွေက ဇွန်ဘီတွေအဖြစ် ပြောင်းလဲသွားတာကို ဒါမှမဟုတ် ကိုယ့်ရှေ့မှာ အသတ်ခံရတာကို ကြည့်ရတာက သာမန်အတွေ့အကြုံ မဟုတ်ဘူး။ ပုံမှန်အခြေအနေမှာဆိုရင် သူက စိတ်ဖိစီးမှုလက္ခဏာတွေ ပြသသင့်တယ်။ ဒါပေမယ့် မင်းရဲ့ဝမ်းကွဲကတော့ ဘာမှမဖြစ်သလိုမျိုးပဲ ကောင်းကောင်းစားသောက်ပြီး ကောင်းကောင်းအိပ်စက်နိုင်တယ်မလား" ဟု သူက ထောက်ပြလိုက်တယ်။

သူ့ရဲ့ ရည်းစားက ဒီလိုမျိုး အကွက်စေ့စေ့ ထောက်ပြလိုက်တာနဲ့တစ်ပြိုင်နက်... ရုန်မိုအာရဲ့ မျက်လုံးတွေကဟာ ထိတ်လန့်အံ့ဩမှုတွေနဲ့အတူ ပြူးကျယ်သွားခဲ့ရတော့တယ်။ သူမရဲ့ဝမ်းကွဲနဲ့စတွေ့တဲ့အချိန်ကစပြီး အခုအချိန်ထိအရာအားလုံးကို ပြန်အမှတ်ရလိုက်တယ်။ ရုတ်တရက်ဆိုသလို... သူမရဲ့ ကျောရိုးတစ်လျှောက်မှာ ချမ်းစိမ့်စိမ့်ခံစားလိုက်ရပြီး ထိတ်လန့်မှုကြောင့် သူမရဲ့ခန္ဓာကိုယ်က တုန်ရီသွားသည်။

သူမက သူ့ရည်းစားရဲ့ လက်မောင်းကို ဆွဲပြီး "ရှကျယ် ၊ ငါ့အစ်ကိုက လိမ်နေတယ်လို့ မင်းဆိုလိုတာလား။ ငါ့မိသားစုက အသက်ရှင်နေသေးတယ်" လို့ ပြောလိုက်တာလား။

ကုရှကျယ်က ခေါင်းခါပြီး "သူက မင်းမိသားစုရဲ့အကြောင်းကို လိမ်နေတာလားဆိုတာကိုတော့ ငါမသိဘူး။ ဒါပေမယ့် သူက ကျွန်တော်တို့ဆီက တစ်ခုခုကို ဖုံးကွယ်ထားတယ်ဆိုတာတော့ သေချာတယ်။ ပြီးတော့ မင်းကို မိသားစုကိစ္စနဲ့ အကြောင်းပြပြီး... သူတို့ကို လိုက်မရှာဖို့ရာ တားဆီးနေခဲ့တာ ဖြစ်နိုင်တယ်" လို့ ပြန်ဖြေလိုက်တယ်။

ဒါကိုကြားတော့ ရုန်မိုအာက တိတ်ဆိတ်သွားပြီး အတွေးကမ္ဘာထဲမှာ နစ်မျောသွားခဲ့ရတော့တယ်။ အချိန်အတော်ကြာပြီး နောက်ဆုံးတော့မှ သူမက "ကျွန်မရဲ့မိသားစုက ဘာဖြစ်သွားလဲဆိုတာ သိချင်တယ်" လို့ ပြောလိုက်တယ်။

"ကောင်းပြီ။ မင်းမိသားစုရဲ့သတင်းကို သိရဖို့ ဒီမစ်ရှင်ကိုအသုံးပြုမယ်။ ဒါကြောင့် မင်းရဲ့ဝမ်းကွဲကို ငါတို့နဲ့အတူ မခေါ်သွားတော့ဘူး" ဟု ကုရှကျယ်က ပြောလိုက်သည်။

သဘောတူညီချက်တစ်ခု ရရှိပြီးနောက်မှ နှစ်ယောက်သားက နတ်ဆိုးအဖွဲ့ရဲ့ နေအိမ်သို့ ပြန်သွားလိုက်ကြသည်။

တစ်ချိန်တည်းမှာပဲ ၊ ရုန်ချင်ယုကလည်း ဈေးထဲမှာ လှည့်လည်သွားလာနေခဲ့တယ်။ သူက လမ်းလျှောက်နေရင်းနဲ့ အခြေအနေကို စိတ်ဝင်တစား စောင့်ကြည့်နေခဲ့တယ်။ သူအရင်က သွားရောက်လည်ပတ်ခဲ့တဲ့ တခြားစခန်းတွေ ဒါမှမဟုတ် အသက်ရှင်ကျန်ရစ်သူစခန်းတွေနဲ့ ယှဉ်လိုက်ရင် လင်အန်းစခန်းက အကောင်းဆုံးအခြေအနေမှာ ရှိတယ်။

အသက်ရှင်ကျန်ရစ်သူများအတွက် အလုပ်အကိုင်တွေ ပံ့ပိုးပေးရုံသာမက ကလေးများရဲ့ရှင်သန်နိုင်ခြေကိုလည်း မြှင့်တင်ပေးခဲ့သည်။ ထို့အပြင် ငှားရမ်းရန်အတွက် နေအိမ်အလုံအလောက်ရှိပြီး အသက်ရှင်ကျန်ရစ်သူများအား အမှတ်များ ချေးယူရန် သို့မဟုတ် အရစ်ကျပေးချေရန် ခွင့်ပြုထားသောကြောင့် အခြေစိုက်စခန်းတွင် ဆင်းရဲသားရပ်ကွက် မရှိပါ။

စည်ကားလှတဲ့ ဈေးကွက်ကြီးပါ ထပ်မံတိုးချဲ့ထားတာကြောင့်... စခန်းရဲ့ စီးပွားရေး အခြေအနေကလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်ကောင်းမွန်လာနေခဲ့တာ ဖြစ်ပါတယ်။ ဤအချက်များ ပေါင်းစပ်လိုက်သောအခါတွင် ဤအခြေစိုက်စခန်းရှိ လူနေမှုအဆင့်အတန်းဟာ ကမ္ဘာမပျက်ခေတ်ကနှင့် ဆင်တူသွားခဲ့သည်။

ဈေးထဲမှာ လျှောက်သွားရင်းနဲ့လည်း အသက်ရှင်ကျန်ရစ်သူတွေဆီက နောက်ဆုံးရသတင်းတွေကို စုဆောင်းဖို့ မမေ့ခဲ့ပါဘူး။ သူက လမ်းဘေး ဈေးဆိုင်ခုံတစ်ခုရဲ့ ရှေ့မှာ ဆောင့်ကြောင့်ထိုင်လိုက်ရင်း "အစ်ကို၊ ဘာရောင်းနေတာလဲ" လို့ မေးလိုက်တယ်။

သူ့ကုန်ပစ္စည်းတွေကို တစ်ယောက်ယောက် စိတ်ဝင်စားနေတာတွေ့တော့ ရောင်းသူက ပြုံးပြီး "ညီလေး၊ အစ်ကိုဆိုင်မှာက စီးကရက် ၊ အရက်နဲ့ ဆေးဝါးတချို့ ရောင်းတယ်။ အစ်ကို့ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းကလည်း သင့်တင့်ပါတယ်။ ဘယ်ဟာကို လိုချင်လဲ" လို့ ပြောလိုက်တယ်။

ရုန်ချင်ယုက စီးကရက်တစ်ဗူးကိုယူပြီး "ဒါက ဘယ်လောက်လဲ" လို့မေးလိုက်တယ်။

"အဲဒါက အမှတ်၅၀ ဒါမှမဟုတ် အမြုတေ ၃ ခုပါ" လို့ ရောင်းသူက ပြောလိုက်တယ်။

ရုန်ချင်ယုက မျက်ခုံးပင့်ကာ "အစ်ကို ၊ အမြုတေ ၁ ခုက အမှတ် ၂၀ နဲ့ ညီမျှတယ်မဟုတ်ဘူးလား။ အမြုတေတွေနဲ့ ပချေမယ်ဆိုရင် ပိုပြီး ပေးနေရမှာမဟုတ်ဘူးလား”

"ညီလေးရေ ၊ မင်းသာ စခန်းကအမှတ်တွေနဲ့သာ ငွေပေးချေရင် လျှော့စျေးရတယ်။ ဒါက မရေးထားတဲ့ စည်းမျဉ်းပဲကွ"

ဒါကိုကြားတော့ ရုန်ချင်ယုက ရောင်းသူဆီ အမြုတေ သုံးခု ပစ်ပေးပြီး "အစ်ကို ၊ ကျွန်တော်က ဒီကိုရောက်လာတဲ့ လူသစ်ပါ။ မကြာသေးခင်ကမှရခဲ့တဲ့ စိတ်ဝင်စားစရာ သတင်းတစ်ခုခု ရှိလား" လို့ မေးလိုက်တယ်။

သူ့ပစ္စည်းတွေရောင်းရပြီးတဲ့နောက်မှာ စိတ်ကောင်းဝင်‌နေတဲ့ရောင်းသူက "အခုနောက်ပိုင်းမှာက ဘာမှသိပ်မဖြစ်ပေမယ့် စခန်းကတော့ အလုပ်သမားတွေ အများကြီးခေါ်ယူနေတယ်။ အစောင့်အဖြစ်အလုပ်လုပ်တဲ့ ငါ့သူငယ်ချင်းဆီက ကြားတာတော့ နှစ်လအတွင်းမှာ မိုးထပ်ရွာဦးမယ်တဲ့" လို့ ပြန်ဖြေသည်။

All Chapters