← Chapters

အခန်း ၃၅၂

Vol. 24 Ch. 352

အခန်း ၃၅၂

Vol. 24 Ch. 352

အခန်း-(၃၅၂)

ရောင်းသူရဲ့ စကားတွေကိုကြားတော့ ရုန်ချင်ယုက သံသယနဲ့ပြောလိုက်တယ် "မိုးရွာတာက ကောင်းတဲ့အရာ မဟုတ်ဘူးလား။ အပူချိန်က နေ့တိုင်း တိုးလာနေပြီး ရေကလည်း မရှိဘူး။ မိုးသာရွာရင် အပူချိန်က လျော့ကျသွားပြီး သောက်စရာ ရေလည်း ရှိလာလိမ့်မယ်"

ရောင်းသူက ဒါကိုကြားတော့ သူ့ကို ပိုနီးအောင် ကပ်လာဖို့ လက်ဟန်ပြပြီး "ညီလေးရေ ၊ မင်းကတော့ မသိလောက်ဘူး ပေါ့။ ဒါပေမယ့် မိုးရွာတာက သတင်းကောင်းမဟုတ်ဘူး။ နောက်မိုးရွာလာရင် ဗီဇပြောင်းလဲမှုတွေ ထပ်ဖြစ်လာနိုင်တယ်လို့ ကြားထားတယ်။ ဒါကြောင့်ပဲ အ‌ခြေစိုက်စခန်းက တံတိုင်းတွေကို ပြီးအောင်လုပ်နေတာ" လို့ တိုးတိုးလေးပြောလိုက်တယ်။

ဒီတစ်ခါမှာတော့ ရုန်ချင်ယုဟာ သူရလိုက်တဲ့သတင်းကြောင့် အံ့အားသင့်သွားပြီး "မိုးရွာလို့ တစ်ကယ်ပဲ ဗီဇပြောင်းလဲမှုတွေဖြစ်လာရင် တံတိုင်းဆောက်တာက အထောက်အကူ မဖြစ်ဘူးလေ။ စခန်းထဲမှာ နေထိုင်တဲ့သူတွေမှာလည်း ဗီဇပြောင်းလဲမှုတွေ ဖြစ်လာပြီး ဇွန်ဘီတွေ ဖြစ်လာနိုင်တယ်။ အဲဒီအချိန်ကြရင် တံတိုင်းနောက်မှာ ပိတ်မိနေတာမို့ ဘယ်လိုလုပ်ပြီးလွတ်မြောက်နိုင်တော့မှာလဲ" လို့ ပြောလိုက်တယ်။

ရောင်းသူက ခေါင်းကိုခါယမ်းပြီး "ညီလေး ၊ တခြားနေရာတွေမှာတော့ အဲဒီလို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အခြေစိုက်စခန်းခေါင်းဆောင်ကတော့ ဖြေရှင်းချက်ကို ရှာတွေ့ထားပြီးပြီ။ မိုးရွာလာတဲ့အချိန်ကြရင် အမိန့်ကို လိုက်နာရုံပဲ ရှိတော့တယ်။ အဆင်ပြေသွားမှာပါ" လို့ ပြန်ဖြေတယ်။

"ဘယ်လိုမျိုးဖြေရှင်းချက်လဲ" ဟု ရုန်ချင်ယုက မေးလိုက်သည်။

"ကျွန်တော်မသိဘူး။ ကျွန်တော့်သူငယ်ချင်းပေးတဲ့ အချက်အလက်တွေကတင် အပြင်လူတွေ သိနိုင်တဲ့အထဲမှာမှ အသေးစိတ်ဆုံး သတင်းဖြစ်နေပြီ ပိုပြီးတိကျတဲ့ အချက်အလက်တွေရဖို့က အထက်လူကြီးတွေကို မေးမှရမယ်" ဟု ရောင်းချသူက ပြန်ဖြေသည်။

ရုန်ချင်ယုက ခေါင်းညိတ်ပြပြီး "အစ်ကို‌ရေ ၊ သတင်းအချက်အလက်တွေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" လို့ ပြောလိုက်တယ်။

နောက်ထပ် အမြုတေတစ်ခုကို ရောင်းသူထံ ပစ်ပေးပြီးနောက်မှ သူကထရပ်ကာ ထွက်သွားခဲ့သည်။

နတ်ဆိုးအဖွဲ့ရဲ့ နေအိမ်ကို ပြန်မသွားခင်အထိကို နောက်ထပ် တစ်နာရီလောက် လမ်းလျှောက်ခဲ့ပါတယ်။ သူ ပြန်လာတော့ သူ့ဝမ်းကွဲနှင့် ကုရှကျယ်တို့က သူတို့ရဲ့ ကျောပိုးအိတ်တွေကို ထုပ်ပိုးနေတာ တွေ့လိုက်ရတယ်။

ဒါကိုမြင်တော့ သူက မေးလိုက်တယ်"မင်းတို့နှစ်ယောက်စလုံးက မစ်ရှင်တစ်ခုအတွက် ထွက်သွားကြမလို့လား"

သူမ၏ဝမ်းကွဲရဲ့အသံကိုကြားသောအခါတွင် ရုန်မိုအာက လှည့်ကြည့်လိုက်ပြီး "ဝမ်းကွဲရေ ၊ အစ်ကိုပြန်ရောက်ပြီပဲ။ ကျွန်မတို့က အခြေစိုက်စခန်းကနေ မစ်ရှင်တစ်ခုကို လက်ခံထားပြီး မကြာခင်ပဲ ထွက်သွားတော့မှာ" ဟု ပြန်ဖြေသည်။

ဒါကိုကြားတော့ ရုန်ချင်ယုက ပြောလိုက်တယ်"ငါ့ကိုစောင့်အုံးလေ။ ငါ့ပစ္စည်းတွေထုပ်ပိုးလို့ပြီးရင် မင်းတို့နဲ့လိုက်ခဲ့မယ်"

ရုန်ချင်ယုက အခန်းထဲကို မဝင်သွားခင်မှာပဲ ရုန်မိုအာက "အစ်ကိုရေ ၊ ဒီမစ်ရှင်က နတ်ဆိုးအဖွဲ့အတွက်ပါ။ အစ်ကိုက တရားဝင်အဖွဲ့ဝင် မဟုတ်သေးတော့ ကျွန်မတို့နဲ့ လိုက်လို့မရဘူး" လို့ ပြောလိုက်တယ်။

"လောလောဆယ်တော့ အခြေစိုက်စခန်းမှာပဲနေပြီး အရင်ဆုံး ရင်းနှီးအောင်လုပ်လိုက်ပါ။ ပျင်းနေရင်တော့ မစ်ရှင်ခန်းမမှာ မစ်ရှင်တစ်ခုလုပ်လို့ရတယ်။ ရက်အနည်းငယ်အတွင်းမှာပဲ ကျွန်မတို့ ပြန်လာခဲ့ပါမယ်"

ရုန်ချင်ယုသည် သူ့ရဲ့ဝမ်းကွဲကို ခဏလောက် စောင့်ကြည့်နေခဲ့ပြီး သူမမှာ သူ့ကို သံသယဝင်နေသည့် အရိပ်ယောင်မျိုး မတွေ့ရပေ။ သူမပြောတာက ကျိုးကြောင်းဆီလျော်တယ်လို့ ထင်တာကြောင့် ခေါင်းညိတ်ပြီး "ကောင်းပြီ။ အပြင်မှာရှိနေတဲ့အချိန်မှာ သတိထားပါ" ဟု ပြောလိုက်သည်။

"ကျွန်မ သိပါတယ်" ဟု ရုန်မိုအာက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

သူနှင့် ခဏတာ စကားပြောဆိုပြီးနောက်မှ ရုန်မိုအာနှင့် ကုရှကျယ်တို့သည် အိမ်မှ ထွက်ခွာလာကြသည်။ ရုန်ချင်ယုက ဝင်ပေါက်တွင်ရပ်နေပြီး ထွက်ခွာသွားတဲ့ သူတို့နှစ်ယောက်ရဲ့ ကျောပြင်ကို ကြည့်ကာ အတွေးနက်နေခဲ့ပါတယ်။

ယခုချိန်တွင် သူ့အားစောင့်ကြည့်နေမယ့် သူနှစ်ယောက် မရှိတော့သောကြောင့် လုပ်ငန်းစရန် အချိန်ရောက်ပြီဖြစ်သည်။ ဤအတွေးဖြင့် သူသည် အိမ်မှထွက်ခွာလာပြီး မြို့လယ်ခေါင်ရှိ လေဆိပ်ဧရိယာသို့ ဦးတည်ကာသွားလိုက်သည်။

တံတိုင်း တစ်လွှာချင်းစီရဲ့ အဝင်ဝမှာတော့... စစ်သားတွေ တင်းကျပ်စွာ စောင့်ကြပ်နေတဲ့ ဂိတ်တံခါး လေးခုစီ ရှိနေတာဖြစ်ပါတယ်။ စခန်းရဲ့ ဗဟိုချက်မဆီသို့ ပိုမိုနီးကပ်လာလေလေ... စစ်ဆေးမှုတွေက ပိုမိုတင်းကျပ်လာလေလေ ဖြစ်ပါတယ်။

တစ်နာရီခန့် ကြာပြီးတဲ့နောက်တွင်တော့... ရုန်ချင်ယုသည် ဗဟိုနယ်မြေရဲ့ အဝင်ဝဂိတ်မှာ တန်းစီနေခဲ့ပါသည်။

ပထမတံတိုင်းသည် အမြင့်လေးမီတာနှင့် အထူနှစ်မီတာသာရှိသည်။ အပြင်ဘက်အလွှာတံတိုင်းများနှင့် နှိုင်းယှဉ်ပါက ဤအလယ်ဗဟိုတံတိုင်းကြီးက များစွာအားနည်းသည်။ သို့သော် ဝင်ပေါက်ကို စောင့်ကြပ်ရန် စစ်သားများစွာ ပိုမိုချထားခြင်းကြောင့် အားနည်းချက်ကို ဖြည့်ထားခဲ့သည်။

သူ့အလှည့်ကိုရောက်တော့ ကင်းသမားက သူ့ရဲ့ မှတ်ပုံတင်ပြားကို စစ်ဆေးလိုက်ပြီး "ဒီနေရာက ကန့်သတ်နေရာပါ။ ဝန်ထမ်းတွေပဲ ဝင်ခွင့်ပြုတယ်။ မင်းမှာ အဲဒီနေရာကို ဝင်ခွင့်မရှိဘူး" လို့ ပြောပါတယ်။

ရုန်ချင်ယုက ပြုံးပြီး "ကျွန်တော့်ရဲ့ သတင်းစကားကို ခင်ဗျားရဲ့ အခြေစိုက်စခန်းခေါင်းဆောင်ဆီ ပြောပြပေးနိုင်မလား။ ယွန်ရှန်းမြို့ အခြေစိုက်စခန်းက တစ်ယောက်ယောက်က ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အတွက် ရောက်လာတယ်လို့ သူ့ကို ပြောလိုက်ပါ" လို့ ပြောလိုက်တယ်။

ဒါက တခြားစခန်းနဲ့ တစ်ခုခု ဆက်စပ်နေတယ်ဆိုတာကို စစ်သားတွေက ကြားတာနဲ့ ရက်ရွှေ့ဆိုင်းတာမျိုး ဒါမှမဟုတ် မိမိတို့သဘောအတိုင်း ဆုံးဖြတ်ချက်ချတာမျိုးကို မလုပ်ရဲကြတော့ပါဘူး။အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ပြီးတဲ့နောက်မှ သူတို့ထဲက တစ်ယောက်က "အထက်လူကြီးတွေကို အကြောင်းကြားလိုက်ပါမယ်။ ဒီမှာပဲ စောင့်နေပေးပါ" လို့ ပြောလိုက်တယ်။

ရုန်ချင်ယုက ခေါင်းညိတ်ပြီး ဂျယ်လီထုပ်တစ်ထုပ်ကို ထုတ်ယူကာ ဘေးမှာစောင့်နေလိုက်တယ်။ အထုပ်ကိုဖွင့်ပြီး လူတိုင်းရဲ့အကြည့်အောက်မှာ ဖြည်းဖြည်းချင်းစားလိုက်တယ်။

နာရီဝက်အကြာတွင် လူတစ်စုက ဗဟိုနယ်မြေမှ ထွက်လာပြီး "ခုနကလူဘယ်မှာလဲ" ဟု မေးကြသည်။

အစောင့်စစ်သားက ဘေးမှာရပ်နေတဲ့ ရုန်ချင်ယုကို လက်ညှိုးထိုးပြပြီး "သူပဲ" လို့ ပြန်ဖြေလိုက်တယ်။

ထိုလူအုပ်က ခေါင်းညိတ်ပြလိုက်ပြီး သူ့အနားကိုလျှောက်လာကြတယ်။ သူ့နဲ့ ခြေလှမ်းအနည်းငယ်အကွာမှာ ရပ်လိုက်ကြပြီး အုပ်စုရဲ့ ခေါင်းဆောင်ဖြစ်သူက "ရဲဘော်၊ အခြေစိုက်စခန်းရဲ့ခေါင်းဆောင်က မင်းကို စောင့်နေတယ်။ ကျွန်တ်ေုတို့နဲ့အတူ လိုက်ခဲ့ပါ" လို့ ပြောတယ်။

ဒါကိုကြားတော့ ရုန်ချင်ယုက သူ့လက်ထဲက စားစရာတွေကို အပြတ်ဝါးစားပစ်လိုက်ပြီး သူတို့နောက်ကို လိုက်သွားလိုက်တယ်။ လမ်းလျှောက်နေစဉ်အတွင်းမှာပဲ... သူက ရေကိုသောက်လိုက်ရင်း "ရဲဘော်၊ မင်းရဲ့အခြေစိုက်စခန်းက တံတိုင်းဆောက်နေတုန်းပဲဆိုတာ ကျွန်တော်တွေ့တယ်။ တံတိုင်းပြီးဖို့ ဘယ်လောက်ကြာမှာလဲ" လို့ စကားနှိုက်ဖို့ မေးမြန်းလိုက်တယ်။

စစ်သားများက သူ့ကို လှမ်းကြည့်လာသော်လည်း တိတ်ဆိတ်နေကြသည်။ သူတို့ရရှိခဲ့သော အမိန့်မှာ ဒီလူကို စနစ်တကျလိုက်ပါစောင့်ရှောက်ရန်နှင့် စောင့်ကြည့်ရန်သာဖြစ်သည်။ သူက မဟာမိတ်ဖြစ်တယ်ဆိုတာကို အပြည့်အဝ မအတည်ပြုနိုင်မချင်းတော့... သူ့ကို အန္တရာယ်ရှိနိုင်တဲ့ ရန်သူ တစ်ယောက်လိုပဲ သတ်မှတ်ပြီး သတိထား ဆက်ဆံနေကြရတာ ဖြစ်လို့ပါ။

သူတို့က သူ့ကို လျစ်လျူရှုထားတာကို မြင်ပေမယ့် ရုန်ချင်ယုက ဒေါသမထွက်ပါဘူး။ သူတို့သည် ပင်မအဆောက်အဦးကို ရောက်ဖို့ မိနစ်လေးဆယ်လောက် လမ်းလျှောက်ခဲ့ကြတယ်။ မြင့်မားလှတဲ့ အုပ်ချုပ်ရေးရုံး အဆောက်အအုံကြီးကို ကြည့်ရင်း... သူက မျက်ခုံးပင့်လိုက်မိတယ်။

နတ်ဆိုးအဖွဲ့မှ ပေးအပ်သော ဆိုလာပြားများနှင့် မီးစက်များကြောင့် အရေးကြီးသော နေရာအတော်များများတွင် လျှပ်စစ်မီး ရရှိခဲ့ပါသည်။ အဆောက်အဦးထဲသို့ ဝင်ရောက်ပြီးနောက်တွင် အစည်းအဝေးခန်းရှိရာ ၁၂ ထပ်သို့ ဓာတ်လှေကားဖြင့် တိုက်ရိုက်တက်သွားခဲ့ကြသည်။

" ဒင် "

ငါးမိနစ်ပင်မပြည့်ခင် အချိန်အတွင်းမှာပဲ ဓာတ်လှေကားက သတ်မှတ်ထားတဲ့ အလွှာသို့ ဆိုက်ရောက်သွားခဲ့ပါတယ်။ ဓာတ်လှေကားထဲက ထွက်လာတဲ့အချိန်တွင် ရုန်ချင်ယုက အဆောက်အဦးထဲက အခြေအနေကို လေ့လာကြည့်ရှုခဲ့ပြီး ဒီအထပ်ရဲ့ ဒီဇိုင်းဟာ အထက်တန်းစားအိမ်ရာတစ်ခုရဲ့ ဈေးကွက်ရှာဖွေရေးရုံးခန်းတွေနဲ့ ဆင်တူနေတာကို သတိပြုမိလိုက်ပါတယ်။

ဓာတ်လှေကားရဲ့ ဘေးတစ်ဖက်စီမှာရှိတဲ့ ကျယ်ဝန်းတဲ့နေရာ တွေကိုတော့ အခုဆိုရင် စခန်းရဲ့ ဝန်ထမ်းတွေ စနစ်တကျ ထိုင်ပြီး အလုပ်လုပ်ကိုင်နေကြတဲ့ရုံးခန်းတွေအဖြစ် အသုံးပြုထားတာဖြစ်တယ်။ သူက တည်ငြိမ်စွာနဲ့ ဖြတ်လျှောက်သွားတဲ့အခါမှာ သူတို့က သူ့ကို ခဏလောက်သာ မော့ကြည့်လိုက်ပြီးမှ သူတို့ရဲ့အလုပ်ကို အာရုံစိုက်ကာ ပြန်လုပ်ကြသည်။

All Chapters