← Chapters

အခန်း ၃၅၃

Vol. 24 Ch. 353

အခန်း ၃၅၃

Vol. 24 Ch. 353

အခန်း-(၃၅၃)

လျှပ်စစ်ဓာတ်အားက အကန့်အသတ်နဲ့ရှိတာကြောင့် ရုံးခန်းထဲက ဝန်ထမ်းတွေဟာ အချက်အလက်အားလုံးကို လက်နဲ့ပဲ အပင်ပန်းခံကာ ကိုယ်တိုင်လုပ်ဆောင်ရပါတယ်။ ဝန်ထမ်းတွေဆီက ဒေတာတွေရရှိပြီးနောက်မှသာ အဖွဲ့ခေါင်းဆောင်ဖြစ်သူက လက်တော့ပ်ကို အသုံးပြုပြီး အစီရင်ခံစာရေးသားနိုင်ပါတယ်။

မိနစ်အနည်းငယ်အကြာတွင် သူတို့သည် အစည်းအဝေးခန်းကို ရောက်ရှိလာခဲ့ကြသည်။ မှန်နံရံတွေတပ်ဆင်ထားတာကြောင့် ရွှီချွန်း ၊ ဝမ်ဟန်လီ နှင့် လူအတော်များများက အထဲဖက်တွင် စောင့်ဆိုင်းနေကြတာကို မြင်တွေ့နိုင်သည်။

စစ်သားက တံခါးကို ခေါက်လိုက်ပြီးနောက်မှ တံခါးကိုဖွင့်ကာ “ခေါင်းဆောင် ၊ ဧည့်သည် ရောက်နေပါပြီ” ဟု သတင်းပို့လိုက်သည်။

ရွှီချွန်းက မတ်တပ်ထရပ်ပြီး "ရဲဘော် ၊ လင်အန်းစခန်းကနေ ကြိုဆိုပါတယ်။ မင်းရဲ့နာမည်က ဘယ်လိုခေါ်လဲဆိုတာကို သိလို့ရမလား" ဟု အပြုံးဖြင့်ပြောလိုက်သည်။

ရုန်ချင်ယုက သူ့ဆီကို လျှောက်သွားပြီး လက်ကိုဆန့်ထုတ်ကာ "မင်္ဂလာပါ ခေါင်းဆောင်ရွှီ ၊ ကျွန်တော့်နာမည်က ရုန်ချင်ယုပါ။ ယွန်ရှန်းမြို့အခြေစိုက်စခန်းရဲ့ခေါင်းဆောင်က စေလွှတ်လိုက်တဲ့ သံတမန်ပါ" ဟု ပြောကာ မိတ်ဆက်လိုက်သည်။

ဒါကိုကြားတော့ ရွှီချွန်းက ခဏလောက် လက်ဆွဲနှုတ်ဆက်လိုက်ပြီးမှ သူ့ကို ထိုင်ခုံပေးဖို့ လက်ဟန်ပြကာ "ရဲဘော် ရုန်၊ မင်းက ရုန်မိုအာရဲ့ အစ်ကိုဝမ်းကွဲလို့ ကြားထားတယ်။ မင်းက ယွန်ရှန်း မြို့က သံတမန်တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး" လို့ ပြောလိုက်တယ်။

ထိုင်ခုံမှာထိုင်လိုက်ပြီးနောက်မှ ရုန်ချင်ယုက ပြုံးကာ "ကျွန်တော့်ရဲ့တာဝန်ကို ပြီးမြောက်အောင်လုပ်ဆောင်ဖို့အပြင်၊ ကျွန်တော့်ရဲ့ဝမ်းကွဲကိုပါရှာဖို့ ဒီမြို့ကိုရောက်လာတာပါ။ ကျွန်တော့်ရဲ့တာဝန်ကို ဆောင်ရွက်‌နေစဉ်အတွင်းမှာ သူမနဲ့တွေ့ရတာက တစ်ကယ့်ကို အံ့သြစရာပါပဲ။ ဒါပေမယ့် အဲဒါကို ခဏလောက် ဘေးဖယ်ထားလိုက်ကြရအောင်ပါ။ ကျွန်တော့်တို့ရဲ့ ခေါင်းဆောင်က ခင်ဗျားအတွက် စာတစ်စောင်ရေးပေးထားပါတယ်" လို့ ပြောလိုက်တယ်။

ပြောပြီးပြီးချင်းမှာပဲ သူ့ရဲ့အတွင်းအိတ်ကပ်ထဲကနေ စာတစ်စောင်ကို ထုတ်ယူပြီး ပေးလိုက်တယ်။ “ခေါင်းဆောင်ရွှီက အခြေစိုက်စခန်းရဲ့ တံတိုင်းတွေကို အလျင်စလိုတည် ဆောက်နေတာဆိုတော့ မြို့တော်ဘက်က ဖြစ်ပျက်ခဲ့သမျှ အခြေအနေတွေကို မင်းတို့ ကြားသိထားပြီးပြီလို့ ကျွန်တော် ထင်တယ်။ ဒီတစ်ခါကတော့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်က မင်းရဲ့အခြေစိုက်စခန်းနဲ့ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အကြောင်းပြောဖို့ ကျွန်တော့်ကို စေလွှတ်လိုက်တာပါ” လို့ ပြောလိုက်တယ်။

ရွှီချွန်းက စာကိုဖွင့်ပြီး ခဏလောက်ဖတ်လိုက်တယ်။ သူ့ကိုယ်သူ ယွန်ရှန်းစခန်းရဲ့ခေါင်းဆောင်လို့ ပြောတဲ့သူကို စစ်တပ်က တစ်ယောက်ယောက်ဖြစ်လိမ့်မယ်လို့ သူထင်ထားခဲ့တယ်။ မမျှော်လင့်ထားဘဲ ၊ ဒီလူက ကမ္ဘာပျက်ကပ်ကြီး မဖြစ်ပွားခင်လေးမှာတင်... ရာထူးတက်လာခဲ့တဲ့ အမျိုးသမီးလူငယ် နိုင်ငံရေးသမား တစ်ယောက် ဖြစ်နေခဲ့တာပါ။

စာကိုဖတ်ပြီးနောက်မှာတော့ သူဟာ ယွန်ရှန်းမြို့ရဲ့ အခြေအနေကြမ်းတမ်းမှုကို နားလည်ပြီးသွားပါပြီ။ လင်အန်းမြို့နဲ့ ယှဉ်ရင် ယွန်ရှန်းမြို့ရဲ့ အခြေအနေက ပိုကောင်းပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေက သူတို့ရဲ့ စခန်းငယ်လေးတွေကို ကိုယ်စီတည်ဆောက်ထားကြပြီး ဇွန်ဘီတွေကို အတူတူတိုက်ခိုက်ခဲ့ကြပါတယ်။

ဒါပေမယ့် အသက်ရှင်ကျန်ရစ်သူစခန်းတွေနဲ့ စခန်းငယ်လေးတွေ အများကြီးရှိတာကြောင့် အရာအားလုံးကို ညီတူညီမျှ ခွဲဝေဖို့ ခက်ခဲခဲ့ပါတယ်။ ဒီအတွက်ကြောင့်ပဲ ရိက္ခာပစ္စည်းတွေရရှိဖို့ ယှဉ်ပြိုင်မှုက ပြင်းထန်လာခဲ့ပါတယ်။ စားနပ်ရိက္ခာပြတ်လပ်မှုရဲ့ ဖိအားအောက်မှာ စခန်းတွင်းနဲ့ စခန်းအချင်းချင်းကြား ပဋိပက္ခတွေဟာ တစ်ခါတစ်ရံ မြင့်တက်လာခဲ့ပါတယ်။

ရွှီချွန်းက စာကိုချလိုက်ပြီး “မင်းရဲ့ခေါင်းဆောင်ရဲ့စာမှာ သူမက ကျွန်တော့်ရဲ့အခြေစိုက်စခန်းတည်ဆောက်ရာမှာ ကူညီဖို့ အင်ဂျင်နီယာအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ချင်တယ်လို့ ရေးထားတယ်။ ဒါပေမယ့် သူမက ဘာကို လဲလှယ်ချင်တာလဲ” လို့ မေးလိုက်တယ်။

ရုန်ချင်ယုက ပြုံးပြီး “ကျွန်တော်တို့မှာက အစားအစာနဲ့ ရေ ပြတ်လပ်နေတယ်။ ဒါကြောင့် ခင်ဗျားတို့ရဲ့ စခန်းကနေ လစဉ် အစားအစာနဲ့ ရေကို ထောက်ပံ့ပေးစေချင်ပါတယ်။ဒါပေမယ့် စိတ်မပူပါနဲ့။ ကျွန်တော်တို့က ရိက္ခာပစ္စည်းတွေကို အလကားမယူပါဘူး။ ဈေးကွက်ပေါက်ဈေးအတိုင်း ပြန်လည်ပေးချေသွားပါမယ်” လို့ ကမ်းလှမ်းသည်။

ရွှီချွန်းက ထိုင်ခုံလက်ရန်းကို ခဏလောက်ကြာအောင်အထိ လက်ညှိုးနဲ့ ခေါက်နေလိုက်ပြီးနောက်မှ "မင်းက အခြေစိုက်စခန်းကို စူးစမ်းလေ့လာပြီးပြီဆိုတော့ ကျွန်တော့်အခြေစိုက်စခန်းရဲ့ အခြေအနေအကြမ်းဖျင်းကို သိပြီးသားဖြစ်ရမယ်" လို့ ပြောလိုက်တယ်။

"ကျွန်တော့်တို့စခန်းက ကိုယ်ပိုင်အသက်ရှင်ကျန်ရစ်သူတွေရဲ့ လိုအပ်တွေကို ဖြည့်ဆည်းပေးဖို့နဲ့တင် အကန့်အသတ်ကို ရောက်နေပါပြီ။ တကယ်လို့သာ ကျွန်တော့်တို့တွေရဲ့ ရိက္ခာတွေကို မင်းတို့စခန်းဆီကို ထုတ်ရောင်းလိုက်မယ်ဆိုရင်... ကျွန်တော်တို့စခန်းကိုယ်တိုင်ကလည်း စားနပ်ရိက္ခာ ပြတ်လပ်မှု ပြဿနာကြီးနဲ့ ရင်ဆိုင်ရလိမ့်မယ်"

"အင်ဂျင်နီယာတွေကိုကတော့ ဖြည်းဖြည်းချင်းနဲ့ ရှာတွေ့နိုင်တယ်‌လေ။ ဘာပဲဖြစ်ဖြစ် တံတိုင်းအားလုံးကို ဆောက်လုပ်ပြီးစီးဖို့က အနည်းဆုံးတော့ နှစ်နှစ်ကနေ သုံးနှစ်လောက်အထိ ကြာလိမ့်မယ်။ ကျွန်တော်တို့က အလျင်စလို မလုပ်ပါဘူး" ဟု ရွှီချွန်းက အေးဆေးစွာငြင်းပယ်လိုက်သည်။

ဒါကိုကြားတော့ ရုန်ချင်ယုက ခေါင်းညိတ်ပြီး ပြန်ပြောလိုက်တယ် "အင်ဂျင်နီယာအဖွဲ့တစ်ဖွဲ့ စေလွှတ်တာက မလုံလောက်ဘူးဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါကြောင့် အင်ဂျင်နီယာအဖွဲ့အပြင် ကျွန်တော်တို့စခန်းရဲ့ နေထိုင်သူတွေကိုပါ တံတိုင်းတည်ဆောက်ရာမှာ ကူညီဖို့ စေလွှတ်လိုက်ပါ့မယ်။ အခြေခံလစာနဲ့ ယာယီနေထိုင်ခွင့်ပဲ ပေးဖို့ လိုအပ်ပါတယ်"

လင်အန်းအခြေစိုက်စခန်းကိုရောက်ပြီးနောက်တွင်ပဲ သူကပတ်ဝန်းကျင်ကို မေးမြန်းပြီးဖြစ်၍ တံတိုင်းဆောက်နေသော အလုပ်သမားများရဲ့အခြေခံလစာသည် ယွန်ရှန်းမြို့အခြေစိုက်စခန်းရှိ နေထိုင်သူများ သုံးရက်အတွင်း ရရှိနိုင်သော ဝင်ငွေထက် ပိုများကြောင်းကို သိလိုက်ရသည်။

တံတိုင်းဆောက်ဖို့ စေလွှတ်ပြီး သူတို့တွေက လင်အန်းအခြေစိုက်စခန်းမှာ နေနေသရွေ့တော့ အစားအစာထောက်ပံ့စရာမလိုတာကြောင့် အနည်းဆုံးတော့ နှစ်အတော်ကြာအောင် ယွန်ရှန်းအခြေစိုက်စခန်းရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်သည်။

ဒါတင်မကသေးဘဲ သူတို့တွေ ဒီမှာ အလုပ်လုပ်ကိုင်ပြီးသွားတဲ့ အခါကျရင်... လင်အန်းစခန်းက နေထိုင်သူတွေကို ဘယ်လိုမျိုး အုပ်ချုပ်စီမံသလဲ၊ စခန်းကို ဘယ်လိုပုံစံမျိုးနဲ့ လည်ပတ်စေသလဲဆိုတဲ့ အဖိုးတန် အတွေ့အကြုံ ဗဟုသုတတွေကိုပါ မိမိတို့စခန်းဆီသို့ ပြန်လည်မျှဝေပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီဒါက တစ်ချက်ခုတ် နှစ်ချက်ပြတ် သင်ယူမှု နည်းလမ်းတစ်ခုပါပဲ။ တကယ်လို့ ဒီသဘောတူညီချက်သာ အောင်မြင်သွားခဲ့ရင်... ယွန်ရှန်းစခန်းကနေ အကျိုးအမြတ် အမြောက်အမြားကို ရရှိသွားမှာ ဖြစ်ပါတယ်။

ရွှီချွန်းဟာ အခြေစိုက်စခန်းကို စီမံခန့်ခွဲရာမှာ ကျွမ်းကျင်သူ ဒါမှမဟုတ် ညှိနှိုင်းရာမှာ ကျွမ်းကျင်သူ မဟုတ်ပေမယ့် ဝမ်ဟန်လီ မှာတော့ အုပ်ချုပ်ရေးယန္တရားနဲ့ ပတ်သက်ပြီး အတွေ့အကြုံ အများကြီး ရှိခဲ့ပါတယ်။

သူစစ်မှုထမ်းနေစဉ် ကာလအတွင်းမှာတင် သူရဲ့ကပ္ပတိန်ဖြစ်သူထက်ပို နိုင်ငံရေးသမားများနှင့် အကြိမ်ရေရေများစွည ပိုမိုထိတွေ့ဆက်ဆံခဲ့သည်။

ဒါကြောင့်မို့လို့ သူက ဒီအပေးအယူကို ကြည့်လိုက်ရုံနဲ့တင်၊ အပေါ်ယံမှာတော့ ယွန်ရှန်းစခန်းက အရှုံးခံပြီး ကူညီပေးနေတဲ့ ပုံစံမျိုး ဖြစ်နေပေမယ့်။ တကယ်တမ်းကျတော့ သူတို့က လင်အန်းစခန်းကို သူတို့ရဲ့ နေထိုင်တွေကို ကျွေးမွေးစောင့်ရှောက်ခိုင်းပြီး သူတို့ရဲ့ ရိက္ခာပြတ်လပ်မှု ပြဿနာကြီးကို လွှဲချဖြေရှင်းချင်နေတာဖြစ်မှန်း ချက်ချင်း ရိပ်မိလိုက်တယ်။

သူတို့က သူတို့တွေဆီကနေ အကူအညီ လာတောင်းနေတာ ဖြစ်ပါလျက်နဲ့ အပြင်ပန်းမှာတော့ သူတို့တွေကို ကူညီဖေးမပေးနေသလိုမျိုး အမူအရာ လုပ်နေပြီး၊ လင်အန်းစခန်းက သူတို့အပေါ် ကျေးဇူးကြွေးတင်ကျန်ရစ်အောင် ကောက်ကျစ်စွာ ကြံစည်နေခြင်း ဖြစ်ပါတယ်။

ဒီလို အဖြေထွက်သွားပြီးတဲ့နောက်မှာတော့ ဝမ်ဟန်လီက လေးနက်စွာနဲ့ "ရဲဘော်ရုန် တကယ်လို့ မင်းတို့က ဒီအပေးအယူထဲမှာ သာမန်အလုပ်သမားတွေကိုပါ ထည့်သွင်းချင်တယ်ဆိုရင်တော့... သူတို့ရဲ့ လုပ်ခလစာတွေကို မင်းတို့စခန်းဘက်ကပဲ တာဝန်ယူ ပေးချေရမှာ မဟုတ်ဘူးလား "

"လင်အန်းစခန်းကို ငွေပေးချေဖို့ တောင်းဆိုတာက အခြေခံအားဖြင့်ဆိုရင် ကျွန်တော်တို့ကို သူတို့တွေကို ငှားရမ်းပါလို့ တောင်းဆိုနေသလိုပါပဲ။ အဲဒီရှုထောင့်ကနေကြည့်ရင်တော့ စားနပ်ရိက္ခာအကျပ်အတည်း ဝန်ထုပ်ဝန်ပိုးကို ကျွန်တော်တို့ဆီ ရွှေ့ပြောင်းပေးခြင်းအားဖြင့် ခင်ဗျားတို့ရဲ့ စခန်းက အကျိုးခံစားခွင့်တွေ ရှိပါတယ်" ဟု ဝမ်ဟန်လီက အကွက်စေ့စေ့နဲ့ ချေပလိုက်တော့တယ်။

သူ့ရဲ့စကားတွေကိုကြားလိုက်ပေမယ့် ရုန်ချင်ယုက ပျာယာခတ်မသွားဘဲ တည်ငြိမ်လှသောအမူအရာနဲ့ပဲ "ကောင်းပြီ၊ ဒီလိုပြောရမယ်ဆိုရင်လည်း မင်းပြောတာက အဓိပ္ပာယ်ရှိပါတယ်" လို့ ပြန်ပြောလိုက်တယ်။

ခဏတာ ငြိမ်သက်သွားပြီးနောက် သူက ဆက်ပြောသည် “ဒါပေမဲ့ ကျွန်တော် ကြားသိထားရတာတော့... ဒုတိယအကြိမ်မြောက် ဗိုင်းရပ်စ်မိုး ရွာသွန်းဖို့က နောက်ထပ် နှစ်လတောင် မလိုတော့ဘူးမဟုတ်လား။ ဆောက်လုပ်ရေးလုပ်ငန်းမှာ ခင်ဗျားရဲ့ အရေးတကြီးလုပ်ဆောင်မှုအရ သာမန်မိုးရွာသွန်းမှုမျိုး မဟုတ်ဘူးလို့ ကျွန်တော် ယူဆပါတယ်”

"ကျွန်တော်တို့စခန်းက မင်းတို့ဆီကို အလုပ်သမားတွေ စေလွှတ်ပေးပြီး မင်းတို့ရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချတယ်ဆိုတာက မှန်ပေမဲ့လည်း... တစ်ဖက်မှာလည်း မင်းတို့စခန်းကိုယ်တိုင်လည်း အကျိုးအမြတ်တွေ ရရှိနေတာ မဟုတ်ဘူးလား။ အလုပ်သမားတွေ ပိုများလာလေလေ ခင်ဗျားတို့ရဲ့ ခံတပ်တံတိုင်း စီမံကိန်းကြီးက ပိုမိုမြန်ဆန်စွာနဲ့ အပြီးသတ်နိုင်လေလေပဲလေ"

ဝမ်ဟန်လီက ခေါင်းညိတ်ကာ ထောက်ခံလိုက်ပြီး “ ဒါကတော့ တကယ်ပါပဲ။ ဒါပေမယ့် သာမန်အလုပ်သမားတွေ ပိုများလာတာက တံတိုင်းတည်ဆောက်မှုရဲ့ တိုးတက်မှုကို အနည်းငယ်ပဲ ပြောင်းလဲစေနိုင်တယ်” လို့ ဆိုလိုက်တယ်။

အဲဒီလိုပြောလိုက်ပြီးတဲ့နောက်မှာပဲ သူက အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြီး “တကယ်လို့ မင်းတို့စခန်းက ဒီအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကို အောင်မြင်အောင် လုပ်ဆောင်ဖို့အတွက် တကယ်ပဲ စိတ်ရင်းမှန်ရှိတယ်ဆိုရင် သာမန်လုပ်သားတွေအပြင် သတ္တုအမျိုးအစားနဲ့ မြေအမျိုးအစား စွမ်းရည်အသုံးပြုသူ အနည်းဆုံး ၅၀၀ လောက်ကို ဒီအပေးအယူထဲမှာ ထည့်သွင်းပြီး စေလွှတ်ပေးစေလိုပါတယ်" လို အဆိုပြုလိုက်တယ်။

All Chapters