← Chapters

အခန်း ၃၅၄

Vol. 24 Ch. 354

အခန်း ၃၅၄

Vol. 24 Ch. 354

အခန်း-(၃၅၄)

ဝမ်ဟန်လီက ထိုစကားများကို ပြောပြီးသည်နှင့် ရုန်ချင်ယုက မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ သူတို့ရဲ့ ယွန်ရှန်းမြို့အခြေစိုက်စခန်းတွင် စွမ်းရည်အသုံးပြုသူ စုစုပေါင်း ၃၀၀၀ သာရှိပြီး ဒြပ်စင်အမျိုးအစား စွမ်းရည်အသုံးပြုသူမှာ ၉၈၇ ဦးသာရှိသည်။

အကယ်၍ လင်အန်းအခြေစိုက်စခန်းဆီကို သတ္တုနှင့် မြေကြီးအမျိုးအစား စွမ်းရည်အသုံးပြုသူများ စုစုပေါင်း ၅၀၀ စေလွှတ်ပေးလိုက်ရမယ်ဆိုရင် သူတို့ရဲ့ ကိုယ်ပိုင်အခြေစိုက်စခန်းတည်ဆောက်မှု အရှိန်အဟုန်က ၄၀% ထက်မက ကျဆင်းသွားမှာ ဖြစ်ပါတယ်။ ဒါက သူတို့စခန်းရဲ့ တံတိုင်းအပြီးသတ်မယ့် အချိန်ကို ပိုမိုကြန့်ကြာသွားစေပါလိမ့်မယ်။

သူက အားသာချက်နှင့် အားနည်းချက်တွေကို အချိန်အတော်ကြာ စဉ်းစားပြီးမှ "သတ္တုနဲ့ မြေကြီးအမျိုးအစား စွမ်းရည်သုံးသူတွေကို စေလွှတ်နိုင်ပေမယ့် လူ ၅၀၀ စေလွှတ်ဖို့ကတော့ မဖြစ်နိုင်ဘူး။ အများဆုံးဆိုရင်တော့ စုစုပေါင်း လူ ၂၀၀ ပဲ စေလွှတ်နိုင်တယ်" လို့ ပြောလိုက်တယ်။

ဒီစကားကိုကြားတော့ အခန်းထဲမှာရှိတဲ့ လူတိုင်းက ရွှီချွန်း နှင့် ဝမ်ဟန်လီကို လှည့်ကြည့်လိုက်ကြတယ်။

သူတို့နှစ်ဦးက အပြန်အလှန် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက်မှ ဝမ်ဟန်လီက “ကျွန်တော်တို့က စွမ်းရည်အသုံးပြုသူ ၂၀၀ ကို လက်ခံပါမယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ရေကိုတော့ ရောင်းချပေးလို့ မရပါဘူး။အခုအချိန်မှာ စခန်းရဲ့ အဆင့်မြင့် ရေစွမ်းရေအသုံးပြုသူတွေက စခန်းမှာ မရှိကြဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ နေ့စဉ်ရေထုတ်လုပ်မှုက ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်သုံးစွဲမှုအတွက်ပဲ လုံလောက်ပါတယ်”

ရုန်ချင်ယုက ဒီရလဒ်ကို ကြိုတင်ခန့်မှန်းပြီးသားမို့ ဘာမှမကန့်ကွက်တော့ဘဲ "ကောင်းပြီ။ တခြားဘာမှမရှိတော့ဘူးဆိုရင် စာချုပ်ကို ရေးဆွဲပြီး အပြီးသတ်လို့ရပါပြီ" လို့ ပြောလိုက်တယ်။

ရွှီချွန်းက ခေါင်းညိတ်ပြီး "ကျွန်တော်တို့ဘက်က စာချုပ်ကို ပြင်ဆင်ပြီးရင် မနက်ဖြန်ကျ အကြောင်းကြားပါ့မယ်" လို့ ပြောလိုက်တယ်။

အခြေအနေကို ရိပ်မိလိုက်တဲ့ ရုန်ချင်ယုက မတ်တပ်ထရပ်ကာ သူ့လက်ကို ဆန့်ထုတ်လိုက်သည် "ခေါင်ဆောင်ရွှီ ကျွန်တော်တို့ မဟာမိတ် ပူးပေါင်းဆောင်ရွက်မှုကြီး အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်"

ရွှီချွန်းကလည်း မတ်တပ်ထရပ်ပြီး ခေါင်းညိတ်ပြကာ လက်ဆွဲနှုတ်ဆက်ပြီး" ထပ်တူပဲ မျှော်လင့်ပါတယ်" ဟု ပြောလိုက်သည်။

ရုန်ချင်ယု အစည်းအဝေးခန်းထဲက ထွက်သွားပြီးနောက်မှ ရွှီချွန်းက သူ့အဖွဲ့ဝင်‌တွေ ဘက်ကိုလှည့်ပြီး “စာချုပ်ကို ရေးဆွဲပြီးရင် ယွန်ရှန်းမြို့ရဲ့ အခြေအနေကို စုံစမ်းစစ်ဆေးဖို့ အဖွဲ့တစ်ဖွဲ့ စေလွှတ်လိုက်ပါ” လို့ ညွှန်ကြားလိုက်တယ်။

အမိန့်ကိုလက်ခံရရှိသောအခါ စစ်သားများက ခေါင်းညိတ်ကာ တစ်ပြိုင်နက်တည်း “နားလည်ပါပြီ” ဟု ပြန်ဖြေကြသည်။

တစ်ချိန်တည်းမှာပဲ မြို့တော်ရဲ့နေရာအနှံ့အပြားမှာ ဇွန်ဘီတွေရဲ့ အသည်းအေးစရာ ဟိန်းဟောက်သံတွေက မြို့တစ်မြို့လုံးမှာ ပဲ့တင်ထပ်နေတယ်။ ဒီအချိန်မှာတော့ မြို့ရဲ့နေရာတိုင်းလိုလိုမှာ ဇွန်ဘီတွေသာ လှည့်လည်သွားလာနေပြီး လူသားတွေရဲ့ အရိပ်အယောင်ကိုတော့ လုံးဝမတွေ့ပေ။

နေမြင့်လာသည်နှင့်အမျှ ဇွန်ဘီများရဲ့ လှုပ်ရှားမှုတွေကလည်း ပိုမိုနှေးကွေးပြီး တောင့်တင်းလာခဲ့သည်။ အလွန်သော နေရောင်အောက်တွင် မြေအောက်ထဲမှာ လျှို့ဝှက်စွာ ဖုံးကွယ်ထားတဲ့ သတ္တုတံခါးတစ်ခုက ပွင့်သွားပြီး မြေအောက်ထဲမှ ကားများစွာ မောင်းနှင်ကာထွက်လာကြသည်။

ကားအတွင်းမှာထိုင်နေတဲ့ စစ်သားတစ်ယောက်က ကား ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်ပြီး “ မြို့ကြီးတစ်ခုလုံးက တကယ့်ကို အသက်မဲ့နေတဲ့ မြို့ပျက်ကြီး ဖြစ်သွားခဲ့ပြီပဲ" ဟု ညည်းတွားလိုက်တယ်။

ဒါကိုကြားတော့ အရှေ့ခန်းမှာထိုင်နေတဲ့ အမျိုးသမီး“ဒီတစ်ခေါက် ကျွန်မတို့အပြင်ထွက်လာတာက စားနပ်ရိက္ခာနဲ့ ပစ္စည်းအချို့ကို မဖြစ်မနေ ပြန်ယူသွားနိုင်ဖို့ပဲ။ မဟုတ်ရင်တော့ ကျွန်မတို့အားလုံး ငတ်ပြီးသေသွားမှာ” လို့ ပြောလိုက်တယ်။

"ဒုဗိုလ်ကြီး၊ ကျွန်တော်တို့ရဲ့ တခြားအဖွဲ့တွေနဲ့ရော အဆက်အသွယ် ရသေးလား" စစ်သားက ဆက်မေးလိုက်တယ်။

အမျိုးသမီးက ခေါင်းခါလိုက်ပြီး “မြေအောက်ခိုလှုံရေးစခန်းကို ပြောင်းရွှေ့လာပြီးကတည်းက ကျန်တဲ့သူတွေအားလုံးနဲ့ အဆက်အသွယ် လုံးဝ ပြတ်တောက်သွားခဲ့တာ။ ငါတို့တွေဘက်ကနေ လူတိုင်းဆီကို ရေဒီယိုအချက်ပြလှိုင်း သတင်းစကားတွေ တောက်လျှောက် ပို့ထားပါတယ်။ အခုအချိန်မှာတော့... တခြားသော အသက်ရှင်ကျန်ရစ်သူတွေက ငါတို့ရဲ့သတင်းစကားကို ရရှိပြီး၊ ငါတို့ကို လာရှာဖို့ပဲ မျှော်လင့်ချက်ထားရတော့မှာပေါ့"ဟု ပြန်ဖြေခဲ့တယ်။

သူမရဲ့စကားတွေကို ကြားပြီးတဲ့နောက်မှာတော့ သူတို့ထဲက တစ်ယောက်က “နတ်ဆိုး အဖွဲ့သာရှိနေရင် သိပ်ကောင်းမှာပဲ။ ကံမကောင်းစွာနဲ့ပဲ ကမ္ဘာပျက်ကပ်စရောက်လာတဲ့အချိန်မှာပဲ သူတို့မှာ မစ်ရှင်တစ်ခု ရှိနေခဲ့တယ်ဖြစ်မယ်” လို့ ပြောလိုက်တယ်။

သူဒီလိုပြောတာကို ကြားလိုက်တာနဲ့ချက်ချင်းပဲ အမျိုးသမီးက ဖြတ်ပြောလိုက်တယ် “သူတို့ရဲ့အခြေအနေတွေကို ကျွန်မတို့ မသိဘူး။ အခုချိန်မှာတော့ တခြားသူတွေအပေါ်မှာ မျှော်လင့်ချက်မထားဘဲ အရေးပေါ်ကိစ္စတွေကို ကျွန်မတို့ဘာသာ ဖြေရှင်းဖို့ အာရုံစိုက်လိုက်တာက အကောင်းဆုံးပဲ”

သူမရဲ့စကားများကိုကြားသောအခါတွင် စစ်သားများက ခေါင်းညိတ်ကာ “နားလည်ပါပြီ” ဟု တညီတညွှတ်ပြန်ဖြေကြသည်။

သူတို့တွေ အခြေစိုက်စခန်းကနေ ထွက်ခွာလာပြီး မကြာခင်မှာတင်... အဖွဲ့သားတွေဟာ လမ်းဘေးတစ်နေရာမှာ ကားတွေကို ရပ်တန့်လိုက်ကြပြီး ၊ မိမိတို့ရဲ့ လက်နက်တွေကိုကိုယ်စီ ကိုင်ဆောင်ကာ ကားပေါ်ကနေ ဆင်းလာခဲ့ကြသည်။ ဒီနယ်မြေမှာက ဇွန်ဘီအရေအတွက် အလွန်အမင်း များပြားလှတာကြောင့် သူတို့တွေက သေနတ်တွေကို အသုံးမပြုခဲ့ကြပါဘူး။ အဲဒီအစား ဓားမြှောင်တွေ၊ မီးသတ်ပုဆိန်တွေနှင့် ဓားရှည်တွေကိုပဲ အသုံးပြုခဲ့ကြသည်။

သူတို့တွေကားပေါ်က ဆင်းလာတာနဲ့ အနီးအနားက ဇွန်ဘီတွေဟာ လူသားတွေရဲ့အနံ့ကြောင့် ဆွဲဆောင်ခံရလိုက်ပြီး သူတို့ရှိရာနေရာကို အပြေးအလွှားရောက်လာကြသည်။

"ဂါးးးး"

ဇွန်ဘီတွေက သူတို့ရဲ့ လက်သည်းရှည်ကြီးတွေကို ဆန့်တန်းလိုက်ပြီး စစ်သားတွေရဲ့ ဦးခေါင်းတွေကိုချိန်ရွှယ်ကာ ဟိန်းဟောက်၍ ပြေးဝင်လာကြတယ်။ ဇွန်ဘီတွေရဲ့ အနီးကပ်တိုက်ခိုက်လာမှုကို မြင်သောအခါတွင် အမျိုးသမီးက “သတိထား” ဟု စိုးရိမ်တကြီး အော်ပြောလိုက်သည်။

" ဒုတ် ကျွတ်"

ဇွန်ဘီတွေ နီးကပ်လာတာကိုမြင်တာနဲ့ စစ်သားတွေက သူတို့ရဲ့လက်နက်တွေကို ဝှေ့ယမ်းပြီး ဇွန်ဘီတွေရဲ့ ဦးခေါင်းကို ချိန်ရွယ်ကာ တိုက်ခိုက်လိုက်ကြတယ်။ နောက်တစ်ခဏမှာတော့ အနက်ရောင်သွေးတွေနှင့် ပုပ်နေတဲ့သွေးတွေဟာ နေရာအနှံ့ကို ပျံ့ကြဲသွားသည်။

ဒီအဖွဲ့ဝင်တွေ အားလုံးဟာ စွမ်းရည်အသုံးပြုသူတွေဖြစ်ပြီး စစ်တပ်မှာလည်း နှစ်ပေါင်းများစွာကြာအောင် ပြင်းထန်တဲ့ လေ့ကျင့်မှုတွေ ခံယူခဲ့ရပါတယ်။ ဒါကြောင့်ပဲ အရပ်မျက်နှာအနှံ့ကနေ အလုံးအရင်းနဲ့ ပြေးဝင်လာကြတဲ့ ဇွန်ဘီအုပ်ကြီးနဲ့ ရင်ဆိုင်ရပေမဲ့လည်း သူတို့ဟာ တည်တည်ငြိမ်ငြိမ်နေနိုင်ပြီး ကောင်းမွန်တဲ့အဖွဲ့လိုက်လုပ်ဆောင်မှုတွေနဲ့ အတူတကွတိုက်ခိုက်ခဲ့ကြပါတယ်။

သူတို့တွေက ဇွန်ဘီတွေနဲ့ တိုက်ခိုက်နေတုန်းမှာ မြေအောက်စစ်စခန်းမှာ ပုန်းအောင်းနေတဲ့ အသက်ရှင်ကျန်ရစ်သူတွေကတော့ အစားအစာရဖို့ တန်းစီနေကြတယ်။ ရိက္ခာပစ္စည်းတွေက အကန့်အသတ်နဲ့ရှိတာကြောင့် တစ်နေ့မှာ နေ့လည်တစ်ကြိမ်နှင့် ညနေတစ်ကြိမ်ပဲ ရကြတယ်။

အရင်တုန်းကဆိုရင်တော့ သူတို့ဟာ အရည်ကျဲကျဲ ဆန်ပြုတ်တစ်ပန်းကန်နှင့် ပေါင်မုန့်ပေါင်းတစ်ချပ်ကို ရနိုင်ခဲ့ပေမယ့် အခုချိန်မှာတော့ အရည်ကျဲတဲ့တစ်ပန်းကန်ပဲ ရနိုင်ပါတော့တယ်။

အခုအချိန်မှာတော့ လူတစ်စုဟာ သူတို့ရဲ့ ပန်းကန်တွေကိုကိုင်‌ဆောင်ထားပြီး စိတ်ပျက်လက်ပျက်နဲ့ တန်းစီနေကြတယ်။ တခြားသူတွေနဲ့မတူဘဲ ဒီအုပ်စုမှာတော့ သက်ကြီးရွယ်အိုတွေနှင့် ဆယ်ကျော်သက်တွေသာ အများစု ပါဝင်နေတာပါ။ နောက်ဆုံးမှာ သူတို့ရဲ့အလှည့်ကို ရောက်ရှိလာတဲ့ အခါကျတော့ ဆန်ပြုတ်တွေကို လိုက်လံခွဲဝေပေးနေတဲ့ ဝန်ထမ်းက သူတို့ကို မထီမဲ့မြင်ပြုတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။

သူက ထိုလူစုအတွက် ဆန်ပြုတ်ကို ဇွန်းတစ်ဝက်မျှသာ ခပ်ထည့်ပေးလိုက်ပြီး ထွက်သွားဖို့အတွက်ကို လက်ဟန်ပြကာ မောင်းထုတ်လိုက်တယ်။ တခြားသူတွေရတာရဲ့ တစ်ဝက်ပဲရှိတာကို မြင်တော့ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက် မကျေမနပ်နဲ့ မေးလိုက်တယ် “ရဲဘော်၊ ဘာလို့ ကျွန်မတို့က နည်းနည်းပဲရတာလဲ။ လူတိုင်းက တစ်ပန်းကန်စီရကြတယ်လေ။ ကျွန်မတို့တော့ ပန်းကန်တစ်ဝက်ပဲရတယ်”

ထိုဝန်ထမ်းက သူမရဲ့မျက်နှာကိုတောင် တစ်ချက်မကြည့်ဘဲ "အသုံးမဝင်တဲ့ ဝန်ထုပ်ဝန်ပိုး‌တွေကများ အစားအစာတွေထပ်တောင်းချင်နေတုန်းပဲ။ မင်းအနေနဲ့ အခုလိုဆန်ပြုတ်တစ်ဝက်ကို စားနိုင်တာကတောင် ဗိုလ်မှူးကြီးရဲ့ ရက်ရောမှုကြောင့်ပဲ။ တကယ်လို့ မင်းသာ ဒီနေရာမှာ ဆက်ပြီးတော့ ပြဿနာရှာနေဦးမယ်ဆိုရင်တော့ မင်းကို မှောင်မိုက်တဲ့အခန်းထဲကို ခေါ်သွားဖို့ အစောင့်တွေဆီ အကြောင်းကြားလိုက်လို့ ငါ့ကို အပြစ်မတင်နဲ့" လို့ ကြိမ်းမောင်းလိုက်တယ်။

သူရဲ့ ဒီလိုခြိမ်း‌ခြောက်စကားတွေကို ကြားလိုက်တာနဲ့ အသက်အရွယ်ကြီးရင့် အဘွားအိုတစ်ယောက်က ဆယ်ကျော်သက်မိန်းကလေးရဲ့လက်ကို ဆွဲပြီး “အာယွဲ့” လို့ ခေါ်လိုက်တယ်။

အဖွားရဲ့တားမြစ်စကားကိုကြားတော့ လှည့်ကြည့်လိုက်တာ အဖွားက ခေါင်းခါပြနေတာကို တွေ့လိုက်ရတယ်။ဆယ်ကျော်သက် မိန်းကလေးက အံကြိတ်ပြီး ဒေါသကို ထိန်းထားရင်းဖြင့် ဘေးကို လျှောက်သွားလိုက်တယ်။

ဝန်ထမ်းဖြစ်သူက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ကျန်ရှိနေတဲ့ လူအိုနှင့်ကလေးငယ်တွေရဲ့ အုပ်စုကိုလည်း ဆန်ပြုတ်ခွက်ဝက်စီသာ ဆက်လက်ခွဲဝေပေးနေခဲ့တယ်။ ဆန်ပြုတ်ကို ရရှိပြီးတဲ့နောက်မှာတော့ သူတို့တွေဟာ ရေလိုကျဲလှတဲ့ ဆန်ပြုတ်တွေကို ဆာလောင်မွတ်သိပ်စွာနဲ့ အမြန်ဆုံး သောက်ပစ်လိုက်ကြပြီး၊ မိမိတို့ရဲ့ အခန်းဆီသို့ ခေါင်းစိုက်ကာ ပြန်လာခဲ့ကြရတော့တယ်။

အခန်းလို့ခေါ်ဆိုနေပေမယ့် တကယ်တမ်းမှာတော့ နံရံလေးချပ်သာရှိပြီး အထဲမှာက ဘာမှမရှိတဲ့ မြေအောက်ကျင်းတစ်ခုနဲ့ ပိုတူပါတယ်။ နေရာကအလွန်အမင်း ကျဉ်းမြောင်းလွန်းနေပေမယ့်လည်း အခန်းတစ်ခန်းကို လူငါးဆယ်တို့က အတူတကွ တိုးဝှေ့ပြီး နေထိုင်နေကြရတာ ဖြစ်ပါတယ်"

All Chapters