← Chapters

အခန်း ၃၅၇

Vol. 24 Ch. 357

အခန်း ၃၅၇

Vol. 24 Ch. 357

အခန်း-(၃၅၇)

ကျင်းရွှီယန်းနှင့် ကျိူးလီဇီတို့ စတင်တိုက်ခိုက်လိုက်ချိန်တွင် နတ်ဆိုးအဖွဲ့ဝင်များကလည်း သူတို့ရဲ့စွမ်းရည်များကို အသုံးပြု၍ ပူးပေါင်းလာခဲ့ကြသည်။ ဇွန်ဘီများကို ရှင်းလင်းရင်းနဲ့ အဖွဲ့ဝင်များက ဖြည်းဖြည်းချင်းဖြင့် ရွေ့လျားနေစဉ်တွင် ချင်လူဇီကတော့ အခြေအနေကို စစ်ဆေးရန်အတွက် အရှေ့နားဆီသို့ ပျံသန်းသွားခဲ့သည်။

အတုံးအရုံး ပြေးဝင်လာကြတဲ့ ဇွန်ဘီအုပ်စုကြီးကိုမြင်တော့ သူ့ရဲ့လက်ချောင်းတွေကို အကြိမ်ပေါင်းများစွာ လှုပ်ရှားလိုက်တယ်။

" ဘုန်း ဘုန်း ဘုန်း ဘုန်း "

သူ့လက်ချောင်းတွေ တစ်ကြိမ် လှုပ်ရှားလိုက်တိုင်း ပေါက်ကွဲမှုတစ်ခုဖြစ်သွားပြီး ဇွန်ဘီအုပ်စုကြီးတစ်ခုကို ချက်ချင်းသတ်ပစ်လိုက်တယ်။

အခြားလူတွေရဲ့ နောက်မှာ ကျန်ခဲ့မှာကို မလိုလားတဲ့ ရှန်းကျင်းဇီကလည်း အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီး လေထဲကို ခုန်တက်လိုက်တယ်။ နောက်တစ်ခဏမှာ သူ့ပါးစပ်ကို ဟပြီး အပြာရောင်မီးတောက်ရှည်ကြီးကို မှုတ်ထုတ်လိုက်တယ်။

ရှန်းကျင်းဇီက အဆင့်မြင့်ဇွန်ဘီတစ်ကောင်ရဲ့ တိုက်ခိုက်မှုပုံစံကို ကူးယူလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားတာကြောင့် ဒါကိုမြင်တဲ့အခါမှာ အဖွဲ့ဝင်တွေအားလုံးက အံ့အားသင့်သွားကြပါတယ်။

ခဏအကြာမှာ ရှောင်ချီက တစ်ခုခုကို ပြန်သတိရပြီးနောက်တွင် ရယ်လိုက်ပြီး "အစ်ကိုကျင်းဇီ ဒီမနက်က ကြက်သွန်ဖြူအချဉ်စားခဲ့တာမဟုတ်ဘူးလား။ ဇွန်ဘီတွေသာ စကားပြောနိုင်ရင် မင်းရဲ့ ခံတွင်းနံ့ဆိုးကြောင့် ညည်းညူကြလိမ့်မယ်" လို့ပြောကာ တဟားဟားနဲ့ လှောင်ရယ်လိုက်တယ်။

ဒါကိုကြားလိုက်ရတဲ့အချိန်မှာ ရှန်းကျင်းဇီရဲ့အေးစက်စက်အရှိန်အဝါတွေက ပျောက်ကွယ်သွားပြီး သူ့ရဲ့ကိုယ်ပိုင်မီးလျှံတွေကြောင့်နဲ့ပဲ သီးပြီး သေလုမတတ်ဖြစ်သွားတယ်။ မြေပြင်ပေါ်ကို ဆင်းသက်လိုက်တာနဲ့ ရှောင်ချီကို စိုက်ကြည့်ပြီး "ရှောင်ချီ၊ မင်း စကားမပြောရင်လည်း မင်းကို ဘယ်သူကမှ ဆွံ့အနားမကြားသူလို့ ထင်မှာ မဟုတ်ဘူး" ဒေါသတကြီးအော်ပြောလိုက်သည်။

သူ့ရဲ့ ဒီစကားကို ကြားလိုက်ရတော့မှပဲ အဖွဲ့ဝင်အားလုံးက ရှောင်ချီနဲ့အတူ ပူးပေါင်းပြီး သူ့ကို ဝိုင်းဝန်းကာ ရယ်မောလိုက်ကြပါတော့တယ်။ ဒီအချိန်မှာတော့ အဲဒီအချဉ်ဖောက်ထားတဲ့ ကြက်သွန်ဖြူတွေစားမိတဲ့ ရှန်းကျင်းဇီဟာ အကြီးအကျယ် နောင်တရနေပါပြီ။သူ ဒီမနက်မှာ အစားအသောက်တွေ အများကြီးစားမိတာကြောင့် အစာစားပြီးကတည်းက လေချဉ်တက်ချင်စိတ်ဟာ တားမရဆီးမရ ဖြစ်နေတာပါ။

သူ့ရဲ့ စွမ်းရည်ကြောင့် လေချဉ်တက်လိုက်တဲ့အခါကြရင် ပါးစပ်ကနေ မီးတွေ ထွက်လာနိုင်မှန်းကို သူ သိနေခဲ့တယ်။ ဒါကြောင့်ပဲ သူ့အဖွဲ့ဝင်တွေကို ထိခိုက်အောင်လုပ်မယ့်အစား ဇွန်ဘီတွေကို ထိခိုက်အောင်လုပ်ဖို့ သူရွေးချယ်ခဲ့တယ်။ သူ့ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်က အခုလို ဟာသတစ်ခု ဖြစ်သွားမယ်ဆိုတာ ဘယ်သူသိမှာလဲ။

ကျိူးလီဇီက သူမရဲ့မျက်လုံးထဲမှာ အပြုံးရိပ်လေးတွေနဲ့ သူတို့ကို လှမ်းကြည့်လိုက်တယ်။ ရှောင်ချီရဲ့ ဟာသကြောင့် အရင်က အုပ်မှိုင်းပြီး တင်းမာနေတဲ့ ပတ်ဝန်းကျင်က နောက်ဆုံးတော့ ပျောက်ကွယ်သွားပြီး အဖွဲ့ဝင်တွေရဲ့ စိတ်ခံစားချက်တွေကလည်း တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။

သူတို့ရဲ့ မြင့်မားတဲ့ တိုက်ခိုက်နိုင်စွမ်းကြောင့် သူတို့ရဲ့ တိုက်ပွဲမှအသံဟာ ကီလိုမီတာပေါင်းများစွာ ဝေးတဲ့နေရာကနေ ကြားနိုင်လောက်အောင်အထိ ပြင်းထန်ပါတယ်။

ဒီအချိန်မှာပဲ မစ်ရှင်ပြီးဆုံးလို့ အခြေစိုက်စခန်းဆီသို့ ပြန်လာနေတဲ့ စစ်သားတစ်စုက ထိုအသံတွေကို ကြားလိုက်ရပြီး သူတို့ထဲကတစ်ယောက်က "ဒုဗိုလ်ကြီး၊ ကွင်းပြင်နားမှာ တစ်ခုခုဖြစ်‌နေပုံရတယ်" လို့ သတင်းပို့လိုက်တယ်။

ဒါကိုကြားတော့ အမျိုးသမီးတစ်ယောက်က မျက်မှောင်ကြုတ်ပြီး "စခန်းကိုပဲ အရင်ပြန်သွားပြီး ဒုဗိုလ်မှူးကို အရင်အကြောင်းကြားရအောင်" လို့အမိန့်ပေးလိုက်တယ်။

စစ်သားက ခေါင်းညိတ်ပြီး ကားကိုအရှိန်မြှင့်လိုက်တယ်။ တိုက်ခိုက်သံတွေကြောင့် အဲဒီနေရာက ဇွန်ဘီတွေဟာ ကွင်းပြင်ကျယ်ကြီးရှိရာဆီ ဆွဲဆောင်ခံလိုက်ရပြီမို့ စစ်သားတစ်စုရဲ့ အခြေစိုက်စခန်းကို ပြန်တဲ့ခရီးက ပိုချောမွေ့သွားသည်။

နာရီဝက်အကြာတွင် ထိုစစ်သားအုပ်စုက မြေအောက်စစ်စခန်းသို့ ရောက်ရှိလာခဲ့သည်။ နောက်တစ်ခဏတွင် မြေအောက်လျှို့ဝှက်သံမဏိတံခါးတစ်ခုက ပွင့်လာပြီး ကားများကလည်း စခန်းထဲသို့ မောင်းဝင်သွားကြသည်။

သူတို့တွေ ဝင်သွားတာနဲ့ သံမဏိတံခါးကြီးက ပြန်ပိတ်သွားသည်။ တံခါးကြီးရဲ့ အနောက်ဘက်မှာတော့ ဂိတ်အစောင့်တွေရပ်ထားတဲ့ သူတို့ရဲ့ကိုယ်ပိုင်ကား‌တွေရှိနေပြီး အပြင်ဘက်ကနေပြန်လာတဲ့ စစ်သားတွေကို ရောဂါပိုး ရှိ၊ မရှိစစ်ဆေးဖို့ ပြုလုပ်ထားတဲ့ ကျယ်ဝန်းလှတဲ့နေရာကြီး တစ်ခုလည်းရှိသည်။

စစ်သားအုပ်စုက ကားတွေကို စနစ်တကျ ရပ်တန့်လိုက်ကြပြီးတဲ့နောက်တော့ တစ်ယောက်ပြီးတစ်ယောက် ကားပေါ်က ဆင်းလာခဲ့ကြတယ်။ သူတို့ကိုမြင်သောအခါတွင် အစောင့်တွေထဲက တစ်ယောက်ကလာပြီး "ဒုတိယဗိုလ်ကြီး ကျန်း၊ မင်းနောက်ဆုံးတော့ ပြန်လာပြီပဲ။ ဒုတိယဗိုလ်မှူးက ဗိုလ်ကြီးကိုစောင့်နေတယ်" ဟု ပြောလိုက်သည်။

ဒါကိုကြားတော့ အမျိုးသမီးက "တစ်ခုခုဖြစ်သွားတာလား" လို့ မေးလိုက်တယ်။

အစောင့်က ခေါင်းညိတ်ပြီး "ဒီနေ့မနက်မှာ အသက်ရှင်ကျန်ရစ်သူတစ်စုက တိုက်ခိုက်ကြပြီး လူသုံးယောက် သေဆုံးသွားပါတယ်။ ကျန်တဲ့သူတွေကိုတော့ ဖမ်းဆီးထားပါတယ်" လို့ ပြောလိုက်တယ်။

ဒါကိုကြားတော့ ကျန်းမီက မျက်မှောင်ကြုတ်ပြီး "ဒီကိစ္စကို ကိုင်တွယ်ပြီးပြီဆိုရင် ဘာလို့ ဒီလောက်ထိတ်လန့်နေရတာလဲ" လို့ မေးလိုက်တယ်။

အစောင့်ဖြစ်သူစစ်သားက ခဏလောက် တွန့်ဆုတ်သွားပြီးမှ တိုးတိုးလေးပြောလိုက်တယ်"ဒုဗိုလ်ကြီး ကျန်း၊ အသက်ရှင်ကျန်ရစ်သူတွေ တိုက်ခိုက်ရတဲ့ အကြောင်းရင်းက သူတို့ရဲ့ ရိက္ခာကို လျှော့ချလိုက်လို့ပါ။ အခုဆို သူတို့တစ်ယောက်ချင်းစီတိုင်းက အရည်ကျဲကျဲ ဆန်ပြုတ်ပန်းကန်တစ်ဝက်ပဲ ရကြတယ်"

ဒီသတင်းကြောင့် အံ့အားသင့်သွားတဲ့ ကျန်းမီက "ငါ့အဖွဲ့က လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ ရိက္ခာပစ္စည်းတွေ အများကြီး ယူလာခဲ့တာမဟုဘူးလား" လို့ မေးမြန်းလိုက်တယ်။

"ဒုဗိုလ်ကြီး ကျန်း၊ ကျွန်တော့်တို့စခန်းမှာက အသက်ရှင်ကျန်ရစ်သူအရေအတွက် ၁၅၀,၀၀၀ ကျော်ရှိပါတယ်။ ဗိုလ်ကြီးတို့အဖွဲ့နဲ့ တခြားအဖွဲ့တွေ ယူဆောင်လာတဲ့ ရိက္ခာပစ္စည်းတွေက မလုံလောက်သေးပါဘူး။ ကျွန်တော်တို့မှာ အစားအစာတွေ ကုန်နေပါပြီ"

ဒါကိုကြားလိုက်တော့ ကျန်းမီရဲ့ မျက်နှာအမူအရာက တစ်ခအတွင်းမှာပဲ တင်းမာခက်ထန်သွားပြီး "ဒုဗိုလ်မှူးကသာ ငါ့စကားကို နားထောင်ပြီး စခန်းထဲကိုဝင်ခွင့်ပြုမယ့် အသက်ရှင်ကျန်ရစ်သူတွေကို ရွေးချယ်လိုက်မယ်ဆိုရင် ဒီနေ့လိုပြဿနာမျိုးကို ငါတို့ ရင်ဆိုင်စရာလိုမှာမဟုတ်ဘူး" လို့ မကျေမနပ်နဲ့ ရေရွှတ်လိုက်တယ်။

သူမရဲ့စကားတွေကိုကြားပေမယ့် အစောင့်စစ်သားက မှတ်ချက်မပေးရဲဘဲ ခေါင်းသာငုံ့ထားလိုက်တယ်။ ဒါကိုမြင်တော့ ကျန်းမီက လျစ်လျူရှုပြီး တဲဆီသွားပြီး အစစ်ဆေးခံလိုက်တယ်။

ဆယ့်ငါးမိနစ်ကြာပြီး နောက်တွင်တော့ ‌ကျန်းမီ နှင့် သူမရဲ့အဖွဲ့သားများသည် သူတို့ရဲ့ ဖောင်းကားနေသော ကျောပိုးအိတ်များကို သယ်ဆောင်လျက် အခြေစိုက်စခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။

အပြင်မှာရှာတွေ့တဲ့ ရိက္ခာတွေအားလုံးကို စခန်းဆီပေးသွင်းရပေမယ့် ရိက္ခာတွေအပြည့်ထည့်ထားတဲ့ ကျောပိုးအိတ်တစ်လုံးကို ယူသွားရင်တောင် ဘယ်သူကမှ သူတို့ကို ဘာမှမပြောရဲကြပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီရိက္ခာတွေကို သူတို့တွေရှာတွေ့ခဲ့တာဆိုတော့ ရိက္ခာတွေထဲက တစ်စိတ်တစ်ပိုင်းကို သူတို့ယူသွားတာ နားလည်နိုင်ပါတယ်။

သူတို့တွေ အစောင့်တွေနှင့် စစ်သားတွေရဲ့ နေထိုင်ရာဧရိယာကို ရောက်တဲ့အခါမှာတော့ ကျန်းမီ က သူမရဲ့ကျောပိုးအိတ်ကို အဖွဲ့ဝင်တစ်ယောက်ဆီ ပေးပြီး "ရှေင်ဝမ် ၊ ကျွန်မရဲ့ ကျောပိုးအိတ်ကို ပြန်ယူသွားဖို့ ကူညီပေးပါအုံး" လို့ ပြောလိုက်တယ်။

ရှောင်ဝမ်က ခေါင်းညိတ်ကာ လက်ခံလိုက်ပြီး "ဒုဗိုလ်ကြီး၊ ဒီကိစ္စကို ကျွန်တော့်ဆီ ထားခဲ့လိုက်ပါ" လို့ ပြောလိုက်သည်။

သူမရဲ့ ကျောပိုးအိတ်ကို ရှောင်ဝမ်လက်ထဲ အပ်လိုက်ပြီးနောက်မှတော့ ကျန်းမီသည် စခန်းရဲ့ ဗဟိုနယ်မြေဆီကို တည်ငြိမ်စွာ လျှောက်သွားလိုက်သည်။ ဒီဧရိယာကတော့ စခန်းရဲ့ အဓိက အမိန့်ပေးကွပ်ကဲမှု ဗဟိုချက်မ ဖြစ်သလိုအထက်လူကြီးတွေက သူတို့ရဲ့ မိသားစုတွေနဲ့ အတူနေထိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။

သူမ ဝင်ပေါက်သို့ရောက်သွားသောအခါမှာတော့ အစောင့်စစ်သားများက သူမကို အလေးပြုကြပြီး အထူး သက်သေခံ ကတ်ပြားဖြင့် ဂိတ်တံခါးဖွင့်ပေးသည်။

လျှပ်စစ်မီး မရှိတော့သော်လည်း ဤအခြေစိုက်စခန်းတွင် ဆိုလာပြားများနှင့် မီးစက်များစွာ တပ်ဆင်ထားသည်။ ဆိုလာပြားများမှ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားက အခြေစိုက်စခန်း ပုံမှန်လည်ပတ်နိုင်ရန် လုံလောက်သည်။

ကျန်းမီက နာရီဝက်ခန့် လမ်းလျှောက်သွားပြီးနောက်မှ ရုံးခန်းတစ်ခုရဲ့အပြင်ဘက်တွင် ရပ်လိုက်သည်။ သူမက တံခါးကို အသာအယာ ခေါက်လိုက်ပြီး အပြင်ကနေ တည်ငြိမ်စွာ စောင့်ဆိုင်းနေခဲ့တယ်။ မကြာမီတွင်ပဲ သူမသည် ဒုဗိုလ်မှူးရဲ့ "အထဲဝင်ခဲ့ပါ" ဟူသော အသံကို ကြားလိုက်ရသည်။

တံခါးဖွင့်ပြီး အထဲကိုဝင်ကာ ရုံးခန်းအတွင်းထဲမှာ ရှိနေကြတဲ့ လူတွေကို တစ်ချက် ဝေ့ဝဲကြည့်ရှုလိုက်တယ်။ စားပွဲကြီးနဲ့ ခြေလှမ်းအနည်းငယ်အကွာမှာ ရပ်ပြီး ဗိုလ်မှူးကို အလေးပြုပြီးနောက်မှ "ဗိုလ်မှူး ၊ ကျွန်မကို ရှာနေတယ်လို့ ကြားတယ်" လို့ မေးလိုက်တယ်။

စားပွဲကြီးရဲ့ အနောက်မှာထိုင်နေတဲ့ အသက်လတ်ပိုင်းလူက ခေါင်းမော့လာပြီး ဘောပင်ကိုချကာ "ရဲဘော်ကျန်း ၊ ငါက မင်းတို့ရဲ့အဖွဲ့ကို ဧရိယာ D ဆီသွားပြီး ဆေးတွေထပ်သွားယူစေချင်တယ်" လို့ လေးနက်စွာ ပြောလိုက်တယ်။

All Chapters