← Chapters

အခန်း ၃၅၉

Vol. 24 Ch. 359

အခန်း ၃၅၉

Vol. 24 Ch. 359

အခန်း-(၃၅၉)

ခေါင်းဆောင်ဖြစ်သူဟာ ရုံးခန်းထဲကိုဝင်ပြီးနောက်တွင် ဒုဗိုလ်မှူးဖြစ်သူအား အလေးပြုကာ "ဒုဗိုလ်မှူး ၊ ကျွန်တော်က လူအားသုံး လျှပ်စစ်ထုတ်လုပ်ရေး နယ်မြေဧရိယာက အခြေအနေကိုအစီရင်ခံဖို့ ရောက်လာခဲ့တာပါ" ဟု သတင်းပို့လိုက်သည်။

စားပွဲပေါ်က စာရွက်စာတမ်းဆီမှပင် ခေါင်းကိုမမော့ဘဲ ဒုဗိုလ်မှူးက "ဘာဖြစ်တာလဲ" ဟု မေးလိုက်သည်။

"ဒုဗိုလ်မှူး ၊ အသက်ရှင်ကျန်ရစ်သူတွေက သူတို့ရဲ့မိသားစုတွေကို သူတို့ဆီလာလည်ခွင့်ပြုဖို့နဲ့ လစာပေးဖို့ ကျွန်တော်တို့ကို တောင်းဆိုခဲ့ပါတယ်"

ဒါကိုကြားတော့ ဒုဗိုလ်မှူးက စာရေးတာကို ရပ်လိုက်ပြီး နောက်ဆုံးမှာတော့ ခေါင်းကိုမော့လိုက်သည်။ ဒုဗိုလ်မှူးက ခေါင်းဆောင်ဖြစ်သူကို စူးစူးစိုက်စိုက်ကြည့်ပြီး "သူတို့တွေက အလုပ်လုပ်ဖို့ ငြင်းဆန်နေမယ်ဆိုရင် မိသားစုဝင်တွေနဲ့ ခြိမ်းခြောက်လိုက်။ သူတို့သာ ထပ်ပြီးဆူပူလာရင် သတိပေးချက်အနေနဲ့ မိသားစုဝင်တစ်ယောက်ကို သတ်ပြလိုက်" လို့ သွေးအေးစွာ အမိန့်ပေးလိုက်ပါတော့တယ်။

ဒုဗိုလ်မှူးရဲ့ သွေးအေးရက်စက်လှတဲ့စကားကိုကြားလိုက်တာနဲ့ ခေါင်းဆောင်ဖြစ်သူရဲ့မျက်လုံးတွေဟာ ထိန့်လန့်မှုကြောင့် ပြူးကျယ်သွားသည်။ သူ တခဏမျှ ဆွံ့အသွားခဲ့ရပြီးမှ "ဒုဗိုလ်မှူး ၊ သူတို့က မိသားစုဝင်တွေနဲ့ တွေ့ချင်ရုံပါ။ဒီလောက်အထိ ရက်စက်ပြင်းထန်လှတဲ့ နည်းလမ်းမျိုးကို သုံးဖို့ မလိုအပ်ဘူးလို့ ကျွန်တော်ထင်ပါတယ်" လို့ ခဏအကြာမှာ ဖျောင်းဖျစကားဆိုလိုက်သည်။

ဒါကိုကြားတော့ ဒုဗိုလ်မှူးက မျက်ခုံးပင့်ကာ "အခုက အခြေစိုက်စခန်းကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာ မင်းက ငါ့ကို သင်ပေးနေတာလား" လို့ ခနဲ့တဲ့တဲ့ မေးလိုက်တယ်။

ဒုဗိုလ်မှူးရဲ့ မျက်လုံးများထဲမှထွက်ပေါ်လာတဲ့ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေတဲ့ အေးစက်စက် အကြည့်နဲ့ စိုက်ကြည့်ခံလိုက်ရတဲ့ ခေါင်းဆောင်ဖြစ်သူကဟာ ခေါင်းကိုငုံ့ပြီး "ကျွန်တော် မလုပ်ရဲဘူး" ဟု ပြန်ဖြေလိုက်သည်။

"မင်း မလုပ်ရဲဘူးဆိုရင် ပါးစပ်ကိုသာပိတ်ထားပြီး ငါပြောတဲ့အတိုင်းသာလုပ်။ အခုထွက်သွားလို့ရပြီ" ဟု ဒုဗိုလ်မှူးက မောင်းထုတ်လိုက်သည်။

ယခုတစ်ကြိမ်တွင်တော့ ခေါင်းဆောင်ဖြစ်သူသည် ဒုဗိုလ်မှူးရဲ့ အမိန့်ကို မေးခွန်းထုတ်ဝံ့ခြင်းမရှိတော့ဘဲ အလေးပြုပြီးတာနဲ့ ချက်ချင်း ရုံးခန်းထဲမှ ထွက်ခွာသွားသည်။

နောက်ဆုံးတော့ ရုံးခန်းအပြင်ဘက်တွင် ရပ်လိုက်သောအခါမှ သူ့ကျောတွင် ချွေးအေးများ ရွှဲစိုနေတာကို သဘောပေါက်လိုက်သည်။ အကယ်၍ သူသာ နောက်ထပ်တစ်ကြိမ် ထပ်ပြီးစကားတစ်ခွန်းပြောရဲပါက ဒုဗိုလ်မှူးက သူ့ကို တကယ်ပဲသတ်ပစ်လိုက်နိုင်သည်။

ယခုအချိန်တွင် ဒုဗိုလ်မှူးက သူ့ကို အမိန့်ပေးလိုက်ပြီဖြစ်သောကြောင့် သူ့တွင် အမိန့်ကို လိုက်နာရန်မှလွဲ၍ အခြားနည်းလမ်းမရှိတော့ပါ။ သို့သော် ဤသို့ပြုလုပ်ခြင်းကြောင့်ပဲ နောက်ဆုံးတွင် အသက်ရှင်ကျန်ရစ်သူများက ဆူပူအုံကြွလာကြပါလိမ့်မည်။

သူတို့မှာ လက်နက်နှင့် အခြေစိုက်စခန်းရှိရင်တောင်မှ အသက်ရှင်ကျန်ရစ်သူတွေသာ သူတို့အတွက် အလုပ်လုပ်ပေးခြင်းမရှိတော့ပါက လူအင်အားချို့တဲ့ပြီး အခြေစိုက်စခန်းကို ကြာရှည်စွာ လည်ပတ်နိုင်အောင် ထိန်းထားနိုင်မှာမဟုတ်တော့ပါ။

အတွေးတွေ ရှုပ်ထွေးနေတဲ့ကြားမှပဲ ခေါင်းဆောင်ဖြစ်သူဟာ လေးလံတဲ့ခြေလှမ်းတွေနဲ့ လျှပ်စစ်ထုတ်လုပ်ရေး နယ်မြေဆီသို့ စိတ်ပျက်စွာ ပြန်လည်လျှောက်လှမ်းလာခဲ့ပါတော့တယ်။

ခေါင်းဆောင်ဖြစ်သူဟာ ဒုဗိုလ်မှူးရဲ့ အမိန့်အတိုင်း အလုပ်သမားများရဲ့ မိသားစုများကို ခြိမ်းခြောက်ရန် မပြုလုပ်ခဲ့ဘဲ ၎င်းတို့ရဲ့ မိသားစုများထံကို စာရေးစေခဲ့သည်။ သူက ကူညီကာ ၎င်းတို့ရဲ့စာများကို မိသားစုများထံ ပေးပို့ ပေးခဲ့သည်။

မွန်းလွဲပိုင်း အချိန်သို့ ရောက်ရှိလာတဲ့အခါမှာတော့ ရှန်းကျင်းယွဲ့တစ်ယောက်သည် အစောင့်စစ်သားများထံမှ ခေါ်ဆောင်ခြင်းခံခဲ့ရသည်။ သူမ အပြင်ဘက်သို့ ရောက်ရှိလာသောအခါတွင် လူအများအပြားက စုဝေးနေကြတာကို တွေ့လိုက်ရသည်။

ခေါင်းဆောင်ဖြစ်သူက သူ့ကျောပိုးအိတ်ကို ဖွင့်ပြီး "ခင်ဗျားတို့ရဲ့ မိသားစုဝင်တွေဆီက စာတစ်စောင်စီ ယူလာခဲ့တာပါ။ ခင်ဗျားတို့ရဲ့ မိသားစုဝင်တွေက ဘယ်သူလဲဆိုတာကို ကျွန်တော် မသိဘူး။ ဒါကြောင့် စာမှာရေးထားတဲ့ နာမည်ကိုပဲ ခေါ်လိုက်မယ်။ ခင်ဗျားတို့ကလာပြီး စာကို လာယူပါ" လို့ ပြောလိုက်တယ်။

စကားဆုံးတာနဲ့ စာအိတ်များပေါ်တွင် ရေးထားသော အမည်များကို တစ်ခုပြီးတစ်ခု သူ ရွတ်ဆိုလိုက်သည်။ အသက်ရှင်ကျန်ရစ်သူများသည် ၎င်းတို့ရဲ့ခင်ပွန်း၊ ဖခင် သို့မဟုတ် အစ်ကို ၊ မောင်တို့ရဲ့အမည်များကို ကြားသောအခါ ဝမ်းသာအားရဖြစ်ကာ စာကိုယူရန် အလျင်အမြန်သွားကြသည်။ စာများလက်ခံရရှိပြီးနောက်မှာတော့ မိမိတို့ရဲ့အခန်းများသို့ဆီသို့ ပြန်သွားလိုက်ကြသည်။

မကြာခင်မှာပဲ ရှန်းကျင်းယွဲ့ရဲ့ အလှည့်ရောက်လာတယ်။ သူမရဲ့ဖခင်နာမည်ကိုကြားတော့ သူမက အလျင်အမြန်လျှောက်သွားပြီး "အဲဒါ ကျွန်မ အဖေရဲ့ နာမည်ပဲ" လို့ ပြောလိုက်တယ်။

ခေါင်းဆောင်က စာကို သူမဆီ ပေးပြီး "ကျွန်တော်က နှစ်ပတ်ကို တစ်ကြိမ် စာတွေ ပို့ပေးပါမယ်။ နှစ်ပတ်ပြည့်တဲ့အခါကြရင် ဒီနေရာကိုပဲလာပြီး စာလာထုတ်လို့ရပါတယ် " လို့ ပြောလိုက်တယ်။

ဒါကိုကြားတော့ ရှန်းကျင်းယွဲ့က ခေါင်းညိတ်ပြီး "ကျေးဇူးတင်ပါတယ် ရဲဘော်" လို့ စိတ်ရင်မှန်ဖြင့် ကျေးဇူးတင်စကားဆိုလိုက်သည်။

သူမရဲ့ လေးနက်လှတဲ့ ကျေးဇူးတင်စကားကို ကြားသောအခါတွင် ခေါင်းဆောင်ဖြစ်သူဟာ ရင်ထဲကအပြစ်မကင်းစိတ်ကြောင့် သူမရဲ့အကြည့်ကို ရှောင်လွှဲလိုက်ပြီး ဘာမှ မပြောပေ။ ခေါင်းဆောင်ဖြစ်သူရဲ့ ထူးဆန်းလှသော အပြုအမူကို မသိရှိတဲ့ ရှန်းကျင်းယွဲ့ကတော့ ပေးစာကို သူမရဲ့အိတ်ကပ်ထဲထည့်ကာ ဝမ်းသားအားရဖြင့် အခန်းထဲသို့ ပြန်ပြေးသွားသည်။

သူမပြန်ရောက်လာတာကို မြင်တာနဲ့ အဖွားဖြစ်သူက "အာယွဲ့၊ အစောင့်စစ်သားက မင်းကို ဘာလို့ရှာတာလဲ" လို့ ချက်ချင်းလှမ်းမေးလိုက်တယ်။

ရှန်းကျင်းယွဲ့က အဖွားဖြစ်သူရဲ့လက်ကိုဆုပ်ကိုင်ပြီး "အဖွား၊ အစောင့်စစ်သား အဖေ ကိုယ်တိုင် ရေးပေးလိုက်တဲ့ မိသားစု ပေးစာကို လာပြီးတော့ ပေးတာပါ" လို့ ပြောလိုက်တယ်။

သူတို့‌မြေးအဖွားပြောနေတာကို ကြားလိုက်တာနဲ့ ရှန်းကျင်းယွဲ့ရဲ့ အမေက "ကျင်းယွဲ့ ၊ စာကိုမြန်မြန် ဖတ်ကြည့်စမ်းပါ" လို့‌‌ လောဆော်လိုက်တယ်။

မိခင်ဖြစ်သူရဲ့စကားများကို ကြားသောအခါတွင် ရှန်းကျင်းယွဲ့က ခေါင်းညိတ်ပြပြီး စာကိုဖွင့်၍ ခဏဖတ်လိုက်သည်။ စာကိုဖတ်ပြီးသည်နှင့် သူမရဲ့ မျက်နှာက လုံးဝဖြူဖျော့သွားပြီး လက်များကလည်း တုန်ယင်လာသည်။

သူမရဲ့ ပုံမှန်မဟုတ်တဲ့ အမူအရာကိုမြင်တော့ အမေရှန်းက "ကျင်းယွဲ့ ၊ မင်းအဖေက ဘာပြောလိုက်လဲ" လို့ မေးလိုက်တယ်။

ရှန်ကျင်းယွဲ့သည် စိတ်ငြိမ်အောင် အသက်ကို ပြင်းပြင်းရှူပြီးနောက်မှ မိခင်နှင့် အဖွားဖြစ်သူထံသို့ တိုးကပ်သွားကာ "အဖွား၊ အမေ၊ သမီးပြောတာ နားထောင်ပြီးရင် စိတ်ကိုငြိမ်အောင် ထားရမယ်" ဟု တိုးတိုးလေး ပြောလိုက်သည်။

အဘွားရှန်းက မျက်မှောင်ကြုတ်ပြီး "အာယွဲ့၊ ဘာတွေဖြစ်နေတာလဲ" လို့ စိုးရိမ်တကြီး မေးလိုက်တယ်။

"အဖွား ၊ အဖေပြောထားတာက စခန်းမှာက အစားအစာကုန်တော့မယ်။ ပြီးတော့ စခန်းက ဒုဗိုလ်မှူးကလည်း အဖေနဲ့ မောင်လေးတို့ ဆက်ပြီးအလုပ်လုပ်အောင် ခြိမ်းခြောက်ဖို့အတွက် သမီးတို့ကို အသုံးချဖို့ စီစဉ်နေတယ်။ ဒါကြောင့်မို့ အဖေနဲ့ မောင်လေးက လျှပ်စစ်ထုတ်လုပ်ရေး နယ်မြေဆီကနေ ထွက်ပြေးဖို့ နည်းလမ်းရှာနေပြီမို့ သမီးတို့ကိုလည်း အဆင်သင့်ဖြစ်အောင် ကြိုပြင်ဆင်ထားခိုင်းတယ်" ဟု ရှန်းကျင်းယွဲ့က တိုးတိုးလေးရှင်းပြသည်။

သမီးဖြစ်သူရဲ့ စကားတွေကို ကြားပြီးတဲ့နောက်မှာတော့ နံဘေးမှာရှိနေတယ့် အမေရှန်းက စိုးရိမ်တကြီးဖြင့် "ဒီစခန်းကနေ ထွက်သွားပြီးရင် ဘယ်ကိုသွားရမှာလဲ" လို့ ဆိုလိုက်တယ်။

အချိန်ခဏလောက် တိတ်ဆိတ်သွားပြီးမှ အဖွားရှန်းက သူမရဲ့ချွေးမနှင့် မြေးမရဲ့လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်တယ်။ အဖွားရှန်းက သူတို့ကိုကြည့်ပြီး "မင်းတို့နှစ်ယောက်စလုံးက အရေးကြီးတဲ့ပစ္စည်းတွေကိုသိမ်းပြီး ပစ္စည်းတွေကိုထုပ်ပိုးလိုက်။ အချိန်တန်ရင် လင်အန်းမြို့ကိုသွားပြီး အာဇီကို ရှာကြ" လို့ ပြောလိုက်တယ်။

သူမရဲ့စကားတွေက တစ်ခုခု မှားနေတာကို သတိထားမိတဲ့ ရှန်းကျင်းယွဲ့က "အဖွား၊ အဖွားကရော သမီးတို့နဲ့အတူ မလိုက်ဘူးလား" လို့ စိုးရိမ်တကြီးမေးလိုက်တယ်။

အဘွားရှန်းက ခပ်အေးအေးပဲ ပြုံးလိုက်ပြီး "အဖွားက အခုဆို အသက်ကြီးပါပြီ။ဘဝကိုလည်း လုံလုံလောက်လောက် ဖြတ်သန်းခဲ့ပြီးပြီ။ မင်းတို့နဲ့အတူသွားရင် အဘွားက မင်းတို့အတွက် ဝန်ထုပ်ဝန်ပိုးပဲဖြစ်သွားလိမ့်မယ်။ ဒါကြောင့် အဖွားကို စိတ်ပူမနေဘဲ မင်းတို့ပါသာသွားလိုက်ကြ" လို့ သားအမိနှစ်ယောက်ကို ဖျောင်းဖျသည်။

ဒါကိုကြားတော့ ရှန်းကျင်းယွဲ့က အသည်းအသန် ခေါင်းကိုခါပြီး "အဖွား၊ အစ်ကိုကြီးက အဖွားအပေါ်မှာ ဘယ်လောက်ထိ ချစ်ခင်ရိုသေလဲဆိုတာကို အဖွားအသိဆုံးပဲ။ သမီးတို့သာ အဖွားကို စွန့်ပစ်ခဲ့ကြတယ်ဆိုတာကို သူသိသွားရင်တော့ သမီးတို့ကို တကယ်ပဲ စိတ်ဆိုးသွားပြီး တစ်သက်လုံး မုန်းတီးသွားလိမ့်မယ်" ဟု ငိုယိုကာပြောလိုက်သည်။

အဖွားဖြစ်သူက ဘာစကားတစ်လုံးမှ မပြောနိုင်ခင်မှာပဲ ရှန်းကျင်းယွဲ့က ဆက်ပြောလိုက်တယ် "အဖွား ၊ အဖွားကိုယ်တိုင်အတွက် မတွေးပေးချင်ဆိုရင်တောင် အနည်းဆုံးတော့ သမီးအတွက် တွေးပေးပါ။ အဖွားက သမီးတို့နဲ့အတူ မဖြစ်မနေ လိုက်လာခဲ့ရမယ်နော်။ အဘိုးက သမီး အသက်ရှင်ကျန်ရစ်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ်စတေးခဲ့တာ အဖွားကပါ သမီးအတွက် ထပ်ပြီး ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်တာမျိုး သမီး မမြင်ချင်ဘူး"

မြေးမလေးက သူမရဲ့ရှေ့မှာ မျက်ရည်အပြည့်နဲ့ ငိုယိုတောင်းပန်နေတာကို မြင်တွေ့လိုက်သောအခါ အဖွားရှန်းက သက်ပြင်းရှည်ကြီးချလိုက်သည်။ မြေးမလေးရဲ့ ပါးပြင်ပေါ်က မျက်ရည်စတွေကို အသာအယာ သုတ်ပေးလိုက်ရင်း "အာယွဲ့ ၊ သမီးရဲ့ အဖိုးဖြစ်ပျက်ခဲ့ရတဲ့ကိစ္စတွေက သမီးအမှားမဟုတ်ပါဘူး။ သမီးရဲ့ အဖိုးက ဆန္ဒအလျောက်လုပ်ခဲ့တာပါ။ သမီးအနေနဲ့ အပြစ်ရှိတယ်လို့ခံစားရရင် သမီးရဲ့ဘဝကို ကောင်းကောင်းမွန်မွန်နေထိုင်သင့်တယ်။ ဒီလိုမှမဟုတ်ရင် သမီး အဖိုးရဲ့စွန့်လွှတ်မှုက ဘာတန်ဖိုးမှ ရှိတော့မှာမဟုတ်ဘူး" ဟုနှစ်သိမ့်လိုက်သည်။

ဒါပေမဲ့လည်း ရှန်းကျင်းယွဲ့ကတော့ အဖွားဖြစ်သူရဲ့ လက်ဖဝါးကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့မိတယ်။ ဘာပဲဖြစ်ဖြစ် အဖွားကို သူမတို့နှင့်အတူပါအောင် မဖြစ်မနေခေါ်ဆောင်သွားမည်ဟု သူမရဲ့ရင်ထဲမှာ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားလိုက်တယ်။ သူမတို့ ထွက်ပြေးနိုင်ဖို့အတွက် မိသားစုဝင်‌တွေက ဇွန်ဘီအုပ်ကြီးရဲ့ ကိုက်ခဲဝါးမြိုခြင်းကို ခံနေရတာမျိုး သူမထပ်မကြည့်ချင်တော့ဘူး။

All Chapters