အခန်း ၃၆၀
Vol. 24 Ch. 360
အခန်း-(၃၆၀)
ရှန်းမိသားစုတွေ အခြေစိုက်စခန်းမှ ထွက်ပြေးရန် ပြင်ဆင်နေစဉ်တွင် နတ်ဆိုးအဖွဲ့သည် ကွင်းပြင်ကျယ်ကြီးရှိ ဇွန်ဘီအုပ်စုကြီးတစ်ခုကိုလုံး ရှင်းလင်းနိုင်ခဲ့သည်။
သူတို့တွေ တိုက်ပွဲနေရာကို ရှင်းလင်းနေတုန်းမှာပဲ ကျန်းယွမ်က ကျင်းရွှီယန်းဘက်ကို လှည့်ပြီး "ကပ္ပတိန် ၊ ဒီလိုပဲ ဆက်သွားနေမယ်ဆိုရင် စစ်စခန်းကိုရောက်ဖို့ နှစ်ရက်ကြာသွားနိုင်တယ်" လို့ သတိလှမ်းပေးလိုက်တယ်။
ကျင်းရွှီယန်းက အဝေးဆီက ဇွန်ဘီအများအပြားကို လှမ်းကြည့်လိုက်ပြီးမှ "အာဇီနဲ့ ငါက လမ်းဖွင့်ပေးမယ်။ ကျန်တဲ့သူတွေကတော့ ကားတွေနဲ့ ကပ်လိုက်လာကြ" လို့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြောလိုက်သည်။
သူ့စကားတွေကိုကြားတော့ ကျန်းယွမ်က မျက်မှောင်ကြုတ်ပြီး "ကပ္ပတိန် ၊ ဇွန်ဘီအရေအတွက်ကများလွန်းတယ် မင်းနဲ့ ခယ်မအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေလိမ့်မယ် " လို့ ပြောလိုက်တယ်။
ကျင်းရွှီယန်းက သူ့ရဲ့ပခုံးကို အသာပုတ်ပြီး "စိတ်မပူပါနဲ့၊ ငါတို့ အဆင်ပြေသွားမှာပါ" လို့ နှစ်သိမ့်လိုက်တယ်။
သူ ဒီလိုပြောပြီးတဲ့နောက်မှာပဲ သူ့ချစ်သူကို သွားရှာကာ "အာဇီ ၊ လမ်းကိုဖွင့်ပြီး စခန်းဆီ အမြန်ဆုံးရောက်ဖို့ သွားကြရအောင်" လို့ ပြောလိုက်တယ်။
ကျိူးလီဇီက သူမရဲ့လက်ပေါ်က လက်ပတ်နာရီကိုကြည့်လိုက်ပြီးမှ ခေါင်းညိတ်ပြလိုက်သည် "ကောင်းပြီ"
ဇွန်ဘီများရဲ့ အလောင်းတွေကို ရှင်းလင်းပြီးတဲ့အခါတွင် သူမက သံချပ်ကာယာဉ်နှစ်စီးကို နေရာလွတ်ထဲမှထုတ်ပြီး စွမ်းအင်တွေပြန်ပြည့်ဖို့အတွက်လည်း ကန်ရေအနည်းငယ်ကို သောက်လိုက်သည်။
မထွက်ခွာမီတွင် ကျင်းရွှီယန်းက သူ့အဖွဲ့သားတွေဘက် ကိုလှည့်ပြီး "အာဇီနဲ့ ငါက အရှေ့ကနေလမ်းဖွင့်ပေးမယ်။ မင်းတို့ကတော့ အနောက်ကနေ လိုက်လာကြ။ ရှောင်ချီ ၊ ဖုန်းယွင် မင်းတို့နှစ်ယောက်ကတော့ အမြုတေတွေ စုဆောင်းဖို့ တာဝန်ရှိလိမ့်မယ်" လို့ ညွှန်ကြားလိုက်တယ်။
"နားလည်ပါပြီ" ဟု အဖွဲ့ဝင်များက တညီတညွတ်တည်း ပြန်ဖြေကြသည်။
ဇွန်ဘီများ ချဉ်းကပ်လာတော့ သူတို့ရဲ့ စကားပြောခြင်းကို ရပ်တန့်လိုက်ပြီး သံချပ်ကာယာဉ်များထဲသို့ အလျိုလျိုဝင်သွားကြသည်။ ကျင်းရွှီယန်းနှင့် ကျိူးလီဇီတို့ နှစ်ယောက်ကတော့ သူတို့ရဲ့ လက်နက်များကို ကိုင်ဆောင်ကာ ဇွန်ဘီများဆီသို့ အလျင်အမြန် ပြေးဝင်သွားကြသည်။
"ဘုန်းးး"
သူတို့နှစ်ယောက်က ဇွန်ဘီတွေနဲ့ ဆယ်မီတာအကွာမှ စတင်တိုက်ခိုက်လိုက်သည်။ လခြမ်းပုံသဏ္ဍန် ရေဓားတစ်ချောင်းက ဇွန်ဘီတွေဆီကို အရှိန်အဟုန်အပြည့်နဲ့ ပျံသန်းသွားပြီး လမ်းမှာပိတ်ဆို့နေတဲ့ ဇွန်ဘီတွေကို သတ်ပစ်လိုက်သည်။
ကျိူးလီဇီက သူမရဲ့ ရေခဲတံစဉ်ကို အသုံးပြုပြီး ဇွန်ဘီတွေကို သတ်နေချိန်မှာ ကျင်းရွှီယန်းကတော့ သူ့ချစ်သူရဲ့ တိုက်ခိုက်မှုကနေ အသက်ရှင်ကျန်ရစ်တဲ့ ဇွန်ဘီတွေကိုသတ်ပြီး သူ့ရဲ့ အနက်ရောင်မီးလျှံကိုအသုံးပြုကာ ဇွန်ဘီတွေရဲ့ အလောင်းအားလုံးကို မီးရှို့ပစ်လိုက်တာကြောင့် ပြာမှုန့်တွေရယ် နေရာအနှံ့ ပြန့်ကျဲနေတဲ့ အမြုတေတွေပဲ ကျန်ခဲ့တယ်။
သူတို့ရဲ့အနောက်က လိုက်နေတဲ့ယာဥ်နှစ်စီးတွင်တော့ ရှောင်ချီနှင့် ဖုန်းယွင်တို့က သံချပ်ကာယာဉ်များရဲ့ အမိုးပေါ်တွင် ထိုင်ပြီး အမြုတေများကို စုဆောင်းနေကြသည်။
သူတို့နှစ်ယောက် အဆင့်တစ်ကို ရောက်လာပြီးကတည်းက သူတို့ရဲ့ နေရာလွတ်အရွယ်အစားက တိုးလာရုံသာမကဘဲ ပစ္စည်းတွေ စုဆောင်းနိုင်တဲ့ အများဆုံးအကွာအဝေးကတောင် တိုးလာခဲ့ပါတယ်။
အခုအချိန်မှာဆို ရှောင်ချီက မီတာသုံးဆယ်အကွာကနေ ပစ္စည်းတွေ ကောက်ယူနိုင်ပြီး ဖုန်းယွင်ကတော့ မီတာငါးဆယ်အကွာကနေ ပစ္စည်းတွေ ကောက်ယူနိုင်နေပါပြီ။
ကျင်းရွှီယန်း နှင့် ကျိူးလီဇီတို့က လမ်းမှာပိတ်ဆို့နေသော ဇွန်ဘီများကို ရှင်းလင်းပေးသောကြောင့် နတ်ဆိုးအဖွဲ့ဟာ အရင်ကထက် ပိုမိုမြန်ဆန်စွာ ခရီးနှင်နိုင်ခဲ့ကြတယ်။ လမ်းဘေးဝဲယာမှာ ရှိနေတဲ့ ဇွန်ဘီတွေကိုတော့ သူတို့တွေဟာ လောလောဆယ်မှာ အချိန်ကုန်ခံပြီး မရှင်းလင်းတော့ဘဲ ခပ်သွက်သွက်သာ ကျော်ဖြတ်မောင်းနှင်ခဲ့ကြတယ်။
သူတို့ရဲ့ မောင်းနှင်မှုအရှိန်က အဆမတန် မြန်ဆန်လွန်းလှတာကြောင့် ဇွန်ဘီတွေဟာ ကားနောက်ကို ဘယ်လိုမှ လိုက်မမီတော့ဘဲ မကြာခင်မှာပဲ အနောက်မှာကျန်ရစ်ခဲ့ကြပါတယ်။ အကွာအဝေးက တိုးလာတာနဲ့ ဇွန်ဘီတွေဟာလည်း သူတို့နောက်ကို ပြေးမလိုက်တော့ပါဘူး။
သုံးနာရီအကြာတွင် ကျင်းရွှီယန်းရဲ့ စုပ်ယူထားတဲ့စွမ်းအင်က အမြင့်ဆုံးအခြေနေသို့ ရောက်ရှိနေပြီး သူရဲ့ စွမ်းအင်များကိုလွှဲပြောင်းရန်အတွက် သူ့ချစ်သူရဲ့လက်ကို ဆုပ်ကိုင်ထားသည်။ နှစ်ယောက်သားမှာ လုပ်သားပျားများကဲ့သို့ မနားမနေ အလုပ်လုပ်ကာ ဇွန်ဘီများကိုလည်း ပုပ်နေသော ဂေါ်ဖီထုပ်များကဲ့သို့ ခုတ်ထစ်မီးရှို့ကာ အရှေ့ကိုဆက်သွားကြသည်။
နောက်ဆုံးမှာတော့... သူတို့တွေဟာ မြေအောက်စခန်းရဲ့ နယ်နိမိတ်ဧရိယာဆီသို့ ဘေးကင်းစွာ ဆိုက်ရောက်လာခဲ့ကြပါပြီ။ အဒီအချိန်တွင် ကောင်းကင်ကြီးရဲ့အရောင်ကလည်းပြောင်းနေပြီဖြစ်ပြီး နေမင်းကြီးကလည်း အနောက်ဘက် အရပ်ဆီသို့ ငုပ်လျှိုးကွယ်ပျောက်လုနီးပါး ဖြစ်နေခဲ့ပါပြီ။
သူတို့တွေ စခန်းရဲ့ နယ်နိမိတ်ထဲကို ဝင်ရောက်လိုက်တာနဲ့တစ်ပြိုင်နက် စောင့်ကြည့်ရေး ကင်မရာတွေကို ကိုင်တွယ်နေတဲ့ စစ်သားတွေက ချက်ချင်း သတိပြုမိသွားခဲ့ကြတယ်။ သံချပ်ကာယာဉ်တွေထဲက လူတစ်စု ထွက်လာတာကို မြင်တာနဲ့ စစ်သားတစ်ယောက်က "ဗိုလ်ကြီး၊ အခြေစိုက်စခန်းရဲ့ အပြင်ဘက်မှာ စစ်သားတစ်စု ရှိနေတယ်" လို့ သတင်းပို့လိုက်တယ်။
ဒါကိုကြားတော့ နယ်နိမိတ်ကို စောင့်ကြပ်ဖို့ တာတန်ရှိတဲ့ ဗိုလ်ကြီးက လျှောက်လာပြီး အခြေအနေကို စစ်ဆေးတယ်။ မော်နီတာပေါ်က ရင်းနှီးနေတဲ့ မျက်နှာကိုမြင်တော့ သူက ဝမ်းသာသွားပြီး "မြန်မြန် ဂိတ်တံခါးဖွင့်ပြီး သူတို့ကို ဝင်ခွင့်ပြုလိုက်" လို့ အမိန့်ပေးလိုက်တယ်။
အမိန့်ကိုလက်ခံရရှိပြီးချက်ချင်းပဲ စစ်သားတွေက ခလုတ်တစ်ခုကို လျင်မြန်စွာနှိပ်ပြီး ဂိတ်တံခါးကိုဖွင့်ပေးလိုက်သည်။
အခြေစိုက်စခန်းအပြင်ဘက်တွင်တော့ ကျိူးလီဇီက သံချပ်ကာယာဉ်များကို သူမရဲ့နေရာလွတ်တွင် သိမ်းဆည်းလိုက်ပြီးနောက်မှာတော့ သူမရဲ့ချစ်သူအတွက် ရေဗူးတစ်ဗူးကို ထုတ်ပေးကာ သူမကိုယ်တိုင်လည်း ရေသောက်လိုက်သည်။
သူမ ရေသောက်လို့ ပြီးသွားတဲ့ အချိန်မှာပဲ ဂိတ်တံခါးကြီးကပွင့်လာသည်။ ဒါကိုမြင်တော့ သူမရဲ့ချစ်သူကိုလှမ်းကြည့်လိုက်တာ ကျင်းရွှီယန်းက ဂိတ်တံခါးရဲ့ လှမ်းကြည့်နေတာကိုစူးစိုက်ကြည့်နေတာ တွေ့လိုက်ရသည်။
စောင့်ကြည့်ကင်မရာကို သတိပြုမိလိုက်သောအခါမှ သူမတို့ရောက်ရှိလာတာကို အခြေစိုက်စခန်းအတွင်းရှိ လူများက သတိပြုမိကြောင်း သူမချက်ချင်းသဘောပေါက်လိုက်သည်။
မကြာခင်မှာပဲ စစ်သားတစ်စု စခန်းထဲက ထွက်လာပြီး "ဗိုလ်ကြီးကျင်း၊ စခန်းကနေ ကြိုဆိုပါတယ်" လို့ ပြောလာတယ်။
ဒါကိုကြားတော့ ကျင်းရွှီယန်း မျက်ခုံးပင့်လိုက်ပေမယ့် ထူးဆန်းတယ်လို့တော့ သူမထင်မိဘူး။ ဘာပဲဖြစ်ဖြစ် သူဟာ မြို့တော်မှာနေထိုင်ခဲ့သလို အထက်လူကြီးတွေနဲ့ မကြာခဏတွေ့ဆုံလေ့ရှိပါတယ်။တစ်ကယ်လို့ သူတို့သာ အသက်ရှင်နေသေးရင်လည်း သူ့ကို မှတ်မိကြမှာက သေချာပါတယ်။
သူ့ချစ်သူရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး "သွားစို့" လို့ပြောလိုက်တယ်။
သူတို့တွေ စခန်းထဲကို ဝင်ရောက်သွားပြီး ဂိတ်တံခါးကြီးပြန်လည်ပိတ်ဆို့သွားတဲ့အခါမှာတော့ စခန်းရဲ့ အတွင်းပိုင်း အခြေအနေအမှန်ကို သူတို့တွေ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ကြရသည်။ ဝင်လိုက်တာနဲ့တစ်ပြိုင်နက် သူတို့အားလုံးက မျက်မှောင်တွေကို ကိုယ်စီ ကြုတ်လိုက်ကြမိတယ်။
အခြေစိုက်စခန်းအတွင်းရှိ လေထုသည် အသက်ရှူကြပ်ပြီး မနှစ်မြို့ဖွယ် အနံ့အသက်များနှင့် ပြည့်နှက်နေသည်။ အဲဒီအနံ့က ပုပ်သိုးနေတဲ့ အသားနံ့ မဟုတ်ဘဲ... မှိုနံ့၊ ချွေးနံ့၊ ဓာတ်ဆီနံ့၊ ဖုန်နံ့နဲ့ အချဉ်ဖောက်နေတဲ့ အနံ့အသက်တွေ ရောနှောနေတဲ့ အနံ့ဆိုးကြီး ဖြစ်ပါတယ်။
ဒီအချိန်မှာပဲ နတ်ဆိုးအဖွဲ့ဝင်တွေသည် ဒီအခြေစိုက်စခန်းထဲက လေထက် ဇွန်ဘီတွေရဲ့ အနံ့က ပိုကောင်းတယ်လို့ ခံစားလိုက်ရတယ်။
သူတို့ကိုလာရောက်ကြိုဆိုတဲ့ စစ်သားက သူတို့ရဲ့မျက်မှောင်ကြုတ်မှုကို သတိပြုမိတော့ "ဗိုလ်ကြီးကျင်း ၊ လျှပ်စစ်မီးမရှိလို့ အခြေစိုက်စခန်းရဲ့အခြေအနေက သိပ်မကောင်းပါဘူး။ အခုအချိန်မှာတော့ စခန်းက လေဝင်လေထွက်စနစ်ရဲ့ တစ်ဝက်လောက်ကိုပဲ ကောင်းအောင် လုပ်ပေးနိုင်တာပါ"လို့ ရှင်းပြလိုက်တယ်။
ဒါကိုကြားတော့ ကျင်းရွှီယန်းက မျက်မှောင်ကြုတ်ပြီးမေးလိုက်တယ် "အခြေစိုက်ခေါင်းဆောင်က ဘယ်သူလဲ၊ ဒီအခြေစိုက်စခန်းမှာ လူဘယ်နှစ်ယောက်ရှိလဲ"
"စခန်းကို စီမံခန့်ခွဲနေတာက ဒုဗ်ိုလ်မှူး ဝမ်ဟောင်ပါ။ ပြီးတော့ သူက ဗဟိုအစိုးရအဖွဲ့ထဲက တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ အဆင့်မြင့်အရာရှိပါ။ ဒီစခန်းက အသက်ရှင်ကျန်ရစ်သူ အရေအတွက် အတိအကျနဲ့ ပတ်သက်ပြီးတော့က ကျွန်တော်တို့မှာ ဒေတာတွေ မရှိသေးပါဘူး။ ဒါပေမယ့် ခန့်မှန်းခြေအားဖြင့် တွက်ချက်ကြည့်မယ်ဆိုရင်တော့ ဒီစခန်းမှာက လူ ၁၆၀,၀၀၀ နီးပါး ရှိပါတယ်" ဟု စစ်သားက ပြန်ဖြေသည်။
ထိုစစ်သားရဲ့စကားများကို ကြားသောအခါတွင် နတ်ဆိုးအဖွဲ့ဝင်များက အဓိပ္ပာယ်ပါပါနဲ့ အချင်းချင်းအပြန်အလှန်ကြည့်လိုက်ကြသည်။ သူတို့တွေဟာ အခြားလူတွေအားလုံးထဲကမှ ဒီယုတ်မာလှတဲ့ ဝမ်ဟောင်ဆိုတဲ့ လူတစ်ယောက်ထဲကသာ အသက်ရှင်ကျန်ရစ်နေလိမ့်မယ်လို့ လုံးဝ မျှော်လင့်မထားခဲ့ကြပါ။ တကယ်တော့လည်း လူယုတ်မာတွေက အသက်တစ်ထောင်ရှည်ပြီး၊ လူကောင်းတွေကတော့ စောစောစီးစီး သေဆုံးတတ်ကြတယ်ဆိုတဲ့ စကားပုံက အခုတော့ တကယ်ပဲ မှန်ကန်နေခဲ့ပါပြီ။
ကျင်းရွှီယန်းက ခဏလောက်စဉ်းစားလိုက်ပြီးမှ"ရဲဘော်၊ ငါက လူအချို့ကို ရှာနေတာပါ။ ဒီအခြေစိုက်စခန်းမှာ သူတို့တွေ ရှိမရှိကိုစစ်ဆေးပေးဖို့ ငါ့ကို ကူညီပေးနိုင်မလား" လို့ တောင်းဆိုလိုက်တယ်။