အခန်း ၁၂၂
Vol. 9 Ch. 122
အခန်း (၁၂၂) ကိုးကွယ်ယုံကြည်သူ သုံးသိန်းအား ဘွဲ့ထူးအာဏာ ချီးမြှင့်အပ်နှင်းခြင်း မဟာအခမ်းအနား
တစ်လတာ ကာလ ကုန်ဆုံးပြီးချိန်တွင်။
ယခုနှစ်၏ မဟာပွဲတော်ကြီး ပြီးဆုံးခဲ့သည်မှာ လေးလတိုင်တိုင် ရှိခဲ့ပြီ ဖြစ်၏။ နောက်ထပ် မဟာအခမ်းအနားကြီးကိုမူ နောက်နှစ်လအကြာတွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။
နတ်ဘုရား လီယွဲ့သည် နတ်ဘုရားနယ်မြေ အတွင်း၌ ရပ်တန့်ကာ တနေ့တခြား ပိုမိုစည်ကားဝပြောလာသော လေးပြင်ကျယ်မြို့နှင့်တကွ ဒုံဟိုင်ရွာ၊ ရှီးဟိုင်ရွာ၊ နန်ဟိုင်ရွာနှင့် ပေဟိုင်ရွာတို့ကို ငုံ့ကြည့်နေခဲ့၏။
ဟူး...
သူသည် စိတ်ကူးပေါက်လာသဖြင့် [ကိုးကွယ်ယုံကြည်သူ၏ သတင်းစကား] ကို ဖွင့်လှစ်ကြည့်ရှုလိုက်သည်။
…
[နေ့စဉ် နတ်သံပူဇော်မှု ပမာဏ]: ၅၈၇,၀၈၇
[တာအိုအဆင့် ကိုးကွယ်ယုံကြည်သူ]: ၀
[နေ့စဉ် နတ်သံပူဇော်မှု ပမာဏ ၁၀၀,၀၀၀ ပေးစွမ်းသည်]
[ကောင်းကင်အဆင့် ကိုးကွယ်ယုံကြည်သူ]: ၀
[နေ့စဉ် နတ်သံပူဇော်မှု ပမာဏ ၁၀,၀၀၀ ပေးစွမ်းသည်]
[သူတော်စင်အဆင့် ကိုးကွယ်ယုံကြည်သူ]: ၂
[နေ့စဉ် နတ်သံပူဇော်မှု ပမာဏ ၁,၀၀၀ ပေးစွမ်းသည်]
[အဆင့်အေ ကိုးကွယ်ယုံကြည်သူ]: ၄၂
[နေ့စဉ် နတ်သံပူဇော်မှု ပမာဏ ၁၀၀ ပေးစွမ်းသည်]
[အဆင့်ဘီ ကိုးကွယ်ယုံကြည်သူ]: ၃၅,၆၆၅
[နေ့စဉ် နတ်သံပူဇော်မှု ပမာဏ ၁၀ ပေးစွမ်းသည်]
[အဆင့်စီ ကိုးကွယ်ယုံကြည်သူ]: ၂၁၈,၈၉၂
[နေ့စဉ် နတ်သံပူဇော်မှု ပမာဏ ၁ ပေးစွမ်းသည်]
[အဆင့်ဒီ ကိုးကွယ်ယုံကြည်သူ]: ၅၃,၄၅၁ [ဆယ်ရက်လျှင် နတ်သံပူဇော်မှု ပမာဏ ၁ ပေးစွမ်းသည်]
...
"တစ်လအတွင်းမှာတင် ကိုးကွယ်ယုံကြည်သူ အရေအတွက်က ၃၀၈,၀၅၂ ယောက်အထိ ရှိလာခဲ့ပြီပဲ..."
"နေ့တိုင်း စုဆောင်းရရှိတဲ့ နတ်သံပူဇော်မှုနဲ့ ဆုတောင်းသံတွေကို နတ်ဘုရားစွမ်းအား အရှိန်အဝါ ၅၈၇ စီးကြောင်းအဖြစ် ပြောင်းလဲနိုင်တယ်..."
"အခုဆိုရင် အဆင့်အေ ကိုးကွယ်ယုံကြည်သူ ၄၂ ယောက်တောင် ရှိနေပြီ..."
လီယွဲ့ အတော်ပင် စိတ်ကျေနပ်သွားခဲ့၏။
ဤတစ်လတာ ကာလအတွင်း၌။
နတ်စင်ဂေါပက လီယူမင်သည် အဓိက နတ်ပူဇော်ရေးမှူး လေးဦးဖြစ်သော ဟော်ယွမ်မင်၊ လီရှို့တောက်၊ ကျန်းရှင်းလန်၊ ကျန်းရုံကွေ့တို့နှင့်အတူ ဂူရှင်းတို့ပါ ပူးပေါင်းကာ အလွန်တရာ ကြိုးပမ်းအားထုတ်ခဲ့ကြသည်။ သူတို့သည် အုပ်ချုပ်မှုနယ်မြေ အတွင်းရှိ မြို့ရွာအားလုံးသို့ လှည့်လည်သွားရောက်ခဲ့ကြပြီး ဖြစ်၏။
သေချာပေါက်ပင်…
အရေးအကြီးဆုံးသော အချက်မှာ လွန်ခဲ့သော တစ်လက သူ၏ အုပ်ချုပ်မှုနယ်မြေ အတွင်းရှိ လူသားအားလုံးထံသို့ ထိုမိစ္ဆာများကို သုတ်သင်ရှင်းလင်းပြခဲ့သည့် တိုက်ရိုက်မြင်ကွင်းပင် ဖြစ်သည်။
ထို့ပြင်…
သူသည် ရွှမ်ခရိုင်ပြင်ပရှိ မြို့ (၁၂) မြို့မှ မိစ္ဆာအားလုံးကို လုံးလုံးလျားလျား ချေမှုန်းပစ်ခဲ့သဖြင့် ထိုမြို့ (၁၂) မြို့ရှိ လူထုသည် သူ့အပေါ် အတိုင်းထက်အလွန် ကျေးဇူးတင်ရှိသွားကြပြီး သူ့အား အလွယ်တကူ ကိုးကွယ်ယုံကြည်လာကြခြင်း ဖြစ်၏။ ဤအကြောင်းရင်းများအားလုံး ပေါင်းစပ်သွားချိန်တွင် သူ၏ ကိုးကွယ်ယုံကြည်သူ အရေအတွက်မှာ တစ်လအတွင်းမှာပင် သုံးသိန်းကျော်အထိ သိသိသာသာ မြင့်တက်လာခဲ့တော့သည်။
"ဒါပေမဲ့လည်း သစ္စာစောင့်သိမှု အဆင့်အတန်းကတော့ ပိုပြီး မြင့်တက်လာဖို့ လိုသေးတယ်..."
"နောက်ထပ် နှစ်လအကြာမှာ ကျင်းပမယ့် မဟာပွဲတော်ကြီး ရောက်တဲ့အထိ စောင့်ကြည့်ရတာပေါ့..."
လီယွဲ့သည် ဤအရာကို အလွန်အမင်း အာရုံစိုက်မနေခဲ့ချေ။ သူ့အပေါ် ယုံကြည်ကိုးကွယ်မှု ရှိနေသရွေ့ ထိုသူ၏ သစ္စာစောင့်သိမှု အဆင့်အတန်းမှာ တဖြည်းဖြည်း မြင့်တက်လာမည်သာ ဖြစ်၏။ ဤသည်ကား အချိန်ကာလတစ်ခု လိုအပ်ရုံမျှသာ ဖြစ်သည်။
"ရွာလေးရွာရဲ့ မြေပိုင်ရှင်တွေ..."
သူ၏ အကြည့်သည် အဆင့်အေ ကိုးကွယ်ယုံကြည်သူ (၄၂) ဦးအနက်မှ (၄) ဦးထံသို့ ကျရောက်သွားခဲ့၏။
ဤရွာလေးရွာ၏ မြေပိုင်ရှင်ရာထူးသည် အလွန်အရေးကြီးပြီး သူ၏ ကိုယ်စားလှယ်များနှင့် လုံးဝ တူညီပေသည်။ အကယ်၍ ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ပါက အနာဂတ်တွင် နတ်ဘုရားအဆင့်အထိ တိုးမြှင့် တက်လှမ်းနိုင်မည် ဖြစ်၏။
သို့သော်လည်း ကောင်းမွန်စွာ မစွမ်းဆောင်နိုင်ပါက တစ်သက်လုံး ထိုရွာ၏ မြေစောင့်နတ်အဆင့်မှာတင် သဘာဝအတိုင်း ကျန်ရစ်ခဲ့ပေလိမ့်မည်။
"တိန်ကျူးအယ်က နတ်စိုက်ခင်းတွေကို စီမံခန့်ခွဲလာတာ တစ်နှစ်ကျော်ပြီ... သူ ကြိုးစားအားထုတ်ပြီး တာဝန်ကျေပွန်သလို ဘာအမှားအယွင်းမှလည်း မရှိခဲ့ဘူး… စိတ်ရှည်လက်ရှည်နဲ့ သေသပ်သေချာတဲ့ လူတစ်ယောက်လည်း ဖြစ်တယ်..."
"ကျန်းချီအယ်ကတော့ တိန်ကျူးအယ်နဲ့ တစ်ချိန်တည်းမှာပဲ အဆင့်အေ ကိုးကွယ်ယုံကြည်သူ ဖြစ်လာခဲ့တာ... လီတီယန်ရဲ့ လက်အောက်မှာ အလုပ်လုပ်ကိုင်နေပြီး အထွေထွေကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အတော်လေး ကျွမ်းကျင်နေပြီ..."
"ကျန်းရုံကွေ့ကတော့ ရွာကို လေးပြင်ကျယ်ရွာထဲ ပေါင်းထည့်လိုက်ချိန်ကစလို့ နတ်စင်ဂေါပက လီယူမင်ကို ကူညီပြီး ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ကိစ္စရပ်တွေကို ကိုင်တွယ်ပေးခဲ့တာ... ဒီနယ်ပယ်မှာ သူက အတွေ့အကြုံ အလွန်များတယ်..."
"လီရှို့ချီက အစောဆုံး အဆင့်အေ ကိုးကွယ်ယုံကြည်သူတွေထဲက တစ်ယောက်ပေါ့... သူက ဉာဏ်ပြေးပြီး အတွေးအခေါ် အကြံဉာဏ် အလွန်ကောင်းတယ်..."
"ဒီလူလေးယောက်က ရွာလေးရွာရဲ့ မြေပိုင်ရှင်တွေ ဖြစ်လာဖို့ သင့်တော်ပေမယ့်..."
လီယွဲ့သည် တစ်ကိုယ်တည်း ရေရွတ်လိုက်၏။
သူသည် တစ်လတာ ကာလပတ်လုံး စိစစ်သုံးသပ်ပြီးနောက်တွင်မှ ဤလေးဦးကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
လီယူမင်နှင့် ပတ်သက်၍မူ…
သူသည် လူ့လောကတွင် နတ်ဘုရားကိုယ်စား သက်ဝင်ယုံကြည်မှုဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပေးရမည့် နတ်စင်ဂေါပက ဖြစ်သဖြင့် နတ်ဘုရားအဖြစ် တင်မြှောက်ရန် အချိန်မတန်သေးချေ။
ထို့ပြင် နတ်စင်ဂေါပကတစ်ဦးအနေဖြင့် သူ၏ အဆင့်အတန်းမှာ နတ်ဘုရား၏ လက်အောက်တွင်သာ ရှိသော်လည်း နတ်ဘုရား ဖြစ်လာကြသည့် ကျောက်ကျိုယွမ်နှင့် ဝေရှန့်ရန်တို့ကဲ့သို့သော သူများပင်လျှင် သူ့ကို လေးစားသမှု ပြုကြရပေသည်။ အဘယ်ကြောင့်ဆိုသော်… လီယူမင်သည်သာ လူ့လောကတွင် နတ်ဘုရားကိုယ်စား ဆောင်ရွက်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သောကြောင့် ဖြစ်၏။
လီတီယန်နှင့် ပတ်သက်၍လည်း…
သူသည် လေးပြင်ကျယ်မြို့၏ လူကြီး ဖြစ်ပြီး နတ်စင်ဂေါပက လီယူမင်နှင့် ကောင်းမွန်စွာ လက်တွဲလုပ်ကိုင်နိုင်သူ ဖြစ်သည်။ လျင်မြန်စွာ တိုးတက်ပြောင်းလဲနေသော ဤခေတ်ကာလတွင် သူ့ကို နတ်ဘုရားအဖြစ် တင်မြှောက်ရန် အချိန်မကျသေးချေ။
လီရှို့တောက်၊ လျောင်ကျင်ရှန်း၊ ချန်မာကျိ၊ ရှို့ဝူနှင့် ရှို့လင်တို့သည်လည်း ၎င်းတို့ကိုယ်ပိုင် တာဝန်ဝတ္တရားများ ရှိနေကြဆဲဖြစ်ရာ လူ့လောက၌ ဆက်လက်ရှိနေရန် လိုအပ်ပေသေးသည်။
ကိုးကွယ်ယုံကြည်သူများအနေဖြင့်မူ သူတို့သည် အုပ်ချုပ်မှုနယ်မြေအတွင်းသို့ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ခွင့် ရှိကြ၏။ သို့သော်လည်း အကယ်၍ နတ်ဘုရားအဖြစ် တင်မြှောက်ခံရပြီးချိန်တွင်မူ ၎င်းတို့၏ ပိုင်နက်နယ်မြေပြင်ပသို့ ထွက်ခွာ၍ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းခွင့် ဧကန်မုချ မရှိတော့ပေ။
"ကိုးကွယ်ယုံကြည်သူတွေနဲ့ ရင်းနှီးတဲ့သူတွေကို နတ်ဘုရားအဖြစ် ပထမဆုံးအကြိမ် တင်မြှောက်တာပဲ..."
"ဒါကို ပိုပြီးတော့ တရားဝင်တဲ့ နည်းလမ်းနဲ့ လုပ်ဆောင်ဖို့ လိုအပ်လိမ့်မယ်..."
"ဒါက ကိုးကွယ်ယုံကြည်သူတွေရဲ့ သစ္စာစောင့်သိမှုကို မြှင့်တင်ဖို့ အကောင်းဆုံး နည်းလမ်းပဲ..."
"သာမန်လူသားတွေအတွက်တော့ နတ်ဘုရားတစ်ပါး ဖြစ်လာရခြင်းထက် ပိုပြီး ဆွဲဆောင်မှုရှိတာ ဘာရှိဦးမှာလဲ..."
လီယွဲ့သည် နတ်ဘုရားနယ်မြေ ပြင်ပရှိ လီယူမင်ကို ကြည့်ရှုလိုက်၏။
...
ဤအချိန်၌။
လီယူမင်သည် စိုက်ခင်းများကို လှည့်လည်စစ်ဆေးနေခဲ့သည်။ လေးပြင်ကျယ်မြို့တွင် အဆင့်စီ အမျိုးအစား နတ်စိုက်ခင်း ခြောက်ဧက ရှိနေပြီး ကျောက်စိမ်းဖြူ နတ်ဆန်စပါးများကိုပင် ရိတ်သိမ်းပြီး ဖြစ်၏။
"နတ်စင်ဂေါပကကြီး... ဒီနတ်စိုက်ခင်း ခြောက်ဧကက အတော်လေး ဖြစ်ထွန်းအောင်မြင်နေပါတယ်နော်..."
တိန်ကျူးအယ် ပြုံးရွှင်စွာဖြင့် ပြောဆိုလိုက်သည်။
လွန်ခဲ့သော တစ်နှစ်ကမူ သူမသည် မိစ္ဆာများ ကျက်စားရာ နယ်မြေမှ လွတ်မြောက်လာစ ဖြစ်သဖြင့် ပိန်လှီသေးငယ်ပြီး မွေးရာပါ ကြောက်ရွံ့တတ်သော သဘာဝ ရှိခဲ့၏။ သို့သော်လည်း တစ်နှစ်ကျော် ကာလ ကုန်ဆုံးပြီးချိန်တွင်မူ ယခုအခါ ရိုးရှင်းသော အဝတ်ကြမ်းကို ဝတ်ဆင်ထားပြီး မိတ်ကပ်ပြင်ဆင်ခြင်း မရှိသော်လည်း သူမသည် တည်ငြိမ်ပြီး တင့်တယ်လှပနေပေသည်။
သူမ၏ စိတ်ဓာတ်နှင့် ဟန်ပန်မှာ လွန်ခဲ့သော တစ်နှစ်ခန့်ကနှင့် ယှဉ်လျှင် လုံးလုံးလျားလျား ကွဲပြားခြားနားသွားခဲ့ပြီ ဖြစ်၏။ သူမ၏ အရှိန်အဝါမှာ အဆင့် (၃) အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ လေးပြင်ကျယ်မြို့၏ အထက်တန်းလွှာ ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။
"တိန်ကျူးအယ်... မင်း တကယ်ကို ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့တာပဲ..."
လီယူမင်သည် စိုက်ခင်းအတွင်းရှိ ကျောက်စိမ်းဖြူ နတ်ဆန်စပါးများကို ကြည့်ကာ စိတ်ကျေနပ်စွာ ပြောဆိုလိုက်၏။ သူသည် ဤနတ်စိုက်ခင်း ခြောက်ဧကကို အလွန်အမင်း တန်ဖိုးထားသည်။ ရိတ်သိမ်းရရှိသော နတ်ဆန်စပါးများဖြင့် မြို့အတွင်းရှိ ကိုယ်ခံပညာရှင်အချို့ကို လေ့ကျင့်ပျိုးထောင်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။
"ဒါက အားလုံးရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပါ..."
တိန်ကျူးအယ် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်၏။
ကွက်တိပင်…
အရာအားလုံးထက် မြင့်မြတ်ပြီး အာဏာစက် ပြည့်ဝသော အသံတစ်သံသည် လီယူမင်၏ စိတ်အာရုံထဲ၌ ရုတ်တရက် ဟိန်းထွက်လာခဲ့၏။
"လီယူမင်..."
"နောက်ထပ် ဆယ်ရက်အကြာမှာ နတ်ဘုရားဘွဲ့ထူးအာဏာ ချီးမြှင့်အပ်နှင်းတဲ့ မဟာအခမ်းအနားကြီးကို ကျင်းပမယ်..."
"ငါ့ရဲ့ နတ်ဘုရား အမိန့်တော်အရ တိန်ကျူးအယ်၊ ကျန်းရုံကွေ့၊ ကျန်းချီအယ်နဲ့ လီရှို့ချီတို့ကို အသစ်တည်ထောင်ထားတဲ့ ရွာလေးရွာရဲ့ မြေပိုင်ရှင်တွေအဖြစ် ခန့်အပ်လိုက်တယ်..."
ဤစကားကို ကြားလိုက်ရချိန်တွင် လီယူမင်သည် ချက်ချင်းပင် မြေပြင်ပေါ်၌ ဒူးထောက်လိုက်ပြီး ရိုသေလေးမြတ်စွာဖြင့် လျောက်တင်လိုက်သည်။
"ကျွန်တော်မျိုးတို့ နတ်ဘုရား လီယွဲ့ရဲ့ အမိန့်တော်မြတ်အတိုင်း နာခံပါ့မယ် ဘုရား..."
ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် တိန်ကျူးအယ်သည်လည်း မြေပြင်ပေါ်၌ ချက်ချင်း ဒူးထောက်လိုက်ပြီး သူမ၏ မျက်နှာထက်တွင် သစ္စာစောင့်သိမှုများ ပြည့်နှက်နေခဲ့၏။
ခေတ္တမျှ ကြာချိန်တွင်။
လီယူမင်သည် မတ်တတ်ထရပ်လိုက်ပြီး ထပ်တူပင် ထရပ်လိုက်သော တိန်ကျူးအယ်ကို ကြည့်လိုက်ရာ သူမ၏ မျက်နှာပေါ်၌ သံသယများ ပြည့်နှက်နေပြီး မေးမြန်းချင်သော်လည်း မဝံ့မရဲ ဖြစ်နေသည်ကို မြင်ကာ ပြုံးလျက် ပြောဆိုလိုက်သည်။
"တိန်ကျူးအယ်... ခုနတုန်းက အရှင် လီယွဲ့က နတ်ဘုရား အမိန့်တော် ပေးအပ်ခဲ့တယ်… နောက်ထပ် ဆယ်ရက်အကြာမှာ နတ်ဘုရားဘွဲ့ထူး ချီးမြှင့်တဲ့ အခမ်းအနား ကျင်းပမယ်တဲ့..."
သူ၏ စိတ်နှလုံးထဲတွင် ခံစားချက်မျိုးစုံ ရှုပ်ထွေးသွားခဲ့၏။
အတိတ်ကာလတုန်းက... တိန်ကျူးအယ်ဆိုတာ မိစ္ဆာနယ်မြေထဲမှာ မိစ္ဆာတွေကို သုတ်သင်ရင်း သူ ကယ်တင်ခဲ့ရတဲ့ မိန်းကလေးငယ်လေးသာ ဖြစ်သည်။ မထင်မှတ်ထားဘဲ… တစ်နှစ်ကျော် ကြာချိန်တွင် ထိုမိန်းကလေးငယ်လေးက နတ်ဘုရားမတစ်ပါး ဖြစ်လာတော့မည် ဖြစ်၏။
"နတ်ဘုရားဘွဲ့ထူး ချီးမြှင့်အပ်နှင်းတဲ့ မဟာအခမ်းအနားကြီးလား..."
တိန်ကျူးအယ်သည် အံ့အားသင့်သွားပြီး အားကျစိတ်များဖြင့် ပြောဆိုလိုက်သည်။
"အရှင် လီယွဲ့က နတ်ဘုရားဘွဲ့ထူးတွေကို ထပ်ပြီး ချီးမြှင့်ပေးဦးမှာလား... ဒီတစ်ခေါက် ဘယ်သူတွေ နတ်ဘုရား ဖြစ်လာမလဲဆိုတာ တကယ်ပဲ သိချင်မိတယ်..."
လီယူမင်မှ ခပ်တိုးတိုး နှစ်ချက် ရယ်မောလိုက်ပြီးနောက် တိန်ကျူးအယ်ကို နက်နက်နဲနဲ ကြည့်ကာ ပြောလိုက်သည်။
"နောက်ထပ် ဆယ်ရက်ကြာရင် မင်း သိရမှာပါ... တိန်ကျူးအယ်... မင်းအပြင် ဒီနတ်စိုက်ခင်းတွေကို စီမံခန့်ခွဲဖို့ ဘယ်သူက အသင့်တော်ဆုံး ဖြစ်မလဲ..."
တိန်ကျူးအယ်သည် တုံ့ဆိုင်းမနေဘဲ တိုက်ရိုက်ပင် ပြန်လည်ဖြေကြားလိုက်၏။
"ချန်ချင်အာပါ... သူက အသက်သိပ်မကြီးသေးဘဲ ကျွန်မထက် တစ်နှစ်လောက် ငယ်ပေမယ့် အလုပ်လုပ်တာ သေသပ်သေချာပြီး တာဝန်ယူစိတ် အလွန်ရှိပါတယ်..."
"ချန်ချင်အာလား..."
လီယူမင် ခေါင်းညိတ်လိုက်၏။
သူသည် ရွာအတွင်းရှိ ကိုယ်ခံပညာရှင်အားလုံးကို သိရှိသူ ဖြစ်သည်။
ချန်ချင်အာကိုလည်း သူ မှတ်မိပြီး သူမသည် တကယ်ကို စွမ်းဆောင်ရည်ရှိသူ ဖြစ်၏။
အရေးအကြီးဆုံးမှာ သူမသည် အရှင် လီယွဲ့အပေါ် လုံလောက်စွာ သစ္စာစောင့်သိပြီး နတ်ဘုရား၏ ကောင်းချီးပေးမှုကိုလည်း တစ်ကြိမ်ထက်မက ရရှိဖူးခြင်း ဖြစ်သည်။ တိန်ကျူးအယ် နတ်ဘုရား ဖြစ်လာပြီးချိန်တွင် ထိုနတ်စိုက်ခင်း ခြောက်ဧကကို ချန်ချင်အာအား စီမံခန့်ခွဲခွင့် ပေးအပ်ရန် ဆုံးဖြတ်လိုက်တော့သည်။
...
ဆယ်ရက်တာ ကာလသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့၏။
ဤနေ့တွင် လေးပြင်ကျယ်မြို့သည် အလွန်တရာ စည်ကားသိုက်မြိုက်နေပြီး အရပ်မျက်နှာအသီးသီးမှ ရောက်ရှိလာကြသော ကိုးကွယ်ယုံကြည်သူ အမြောက်အမြားသည် စိတ်လှုပ်ရှား တက်ကြွနေကြသည်။
ယနေ့တွင် အရှင် လီယွဲ့သည် နတ်ဘုရားဘွဲ့ထူးများကို ချီးမြှင့်အပ်နှင်းတော့မည် ဖြစ်၏။
ယနေ့ သူတို့သည် နတ်ဘုရား ပေါ်ထွန်းလာမှုကို ကိုယ်တိုင်ကိုယ်ကျ မျက်ဝါးထင်ထင် တွေ့မြင်ကြရတော့မည် ဖြစ်ရာ မည်သို့လျှင် စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။ နတ်ဘုရားဟူသည်ကား။ အကယ်၍ အခြားသူများတွင် နတ်ဘုရား ဖြစ်လာရန် အခွင့်အရေး ရှိခဲ့လျှင် ၎င်းတို့၌လည်း ဤကဲ့သို့သော အခွင့်အရေးမျိုး ရှိလာနိုင်သည် မဟုတ်ပါလော။
"ဂေါပကကြီး... ကျွန်တော်မျိုးတို့ကို ခေါ်ခိုင်းတယ်ဆိုလို့..."
တိန်ကျူးအယ်၊ ကျန်းရုံကွေ့၊ လီရှို့ချီနှင့် ကျန်းချီအယ်တို့သည် နတ်စင်ဂေါပက လီယူမင်အား အလေးပြုရင်း ဇဝေဇဝါဖြင့် မေးမြန်းလိုက်ကြ၏။
"မှန်တာပေါ့..."
"ဒီတစ်ခေါက် နတ်ဘုရား လီယွဲ့ ချီးမြှင့်အပ်နှင်းမယ့် နတ်ဘုရား အရေအတွက်က လေးပါး ရှိတယ်..."
"ဒါက မင်းတို့ လေးယောက်ပဲ ဖြစ်တယ်..."
လီယူမင်က ပြုံးလျက် ပြောဆိုလိုက်တော့သတည်း။