အခန်း ၁၂၇
Vol. 9 Ch. 127
အခန်း (၁၂၇) လူသားသမိုင်းတွင် ထိပ်သီးပုဂ္ဂိုလ်ဆယ်ဦးအနက် တစ်ဦး၊ လူသားဧကရာဇ်ငယ်
"ဟမ်..."
"တစ်ယောက်ယောက်က ရှစ်ထပ်ရှိတဲ့ အဆောက်အအုံထဲကို ဝင်သွားပြီပဲ..."
"အဲဒါက အရင်က နတ်ဘုရားပဲလား..."
"သူတို့က ခုနစ်ထပ်မြောက်ကိုတောင် မစမ်းသပ်ဘဲ ရှစ်ထပ်မြောက်ကို တိုက်ရိုက်သွားတာပဲ... သူတို့ကိုယ်သူတို့ တကယ်ပဲ ယုံကြည်ချက်ရှိပုံရတယ်..."
အခြားသော ခုနစ်ထပ်ရှိသည့် ငါးဖမ်းမဏ္ဍပ်တစ်ခုပေါ်၌ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လွတ်လပ်ပေါ့ပါးကာ ကြည့်ကောင်းလှသော လူငယ်တစ်ဦးက အံ့ဩတကြီး ရေရွတ်လိုက်၏။ သူသည် အလွန်အမင်း ခန့်ညားချောမောလှပြီး ယွမ် ဟု အမည်ရသည့် ဝတ်စုံဖြူဝတ်ဆင်ထားသော လူသားထက်ပင် အဆမတန် ပို၍ ကြည့်ကောင်းနေခဲ့သည်။
၎င်းက ပြီးပြည့်စုံသော ရုပ်ရည်သွင်ပြင်ကို ရရှိထားသည်ဟူသော ခံစားချက်မျိုးကိုပင် ပေးစွမ်းနေ၏။
"ဒီနတ်ဘုရားတွေအားလုံးက ထူးဆန်းတဲ့ မူလဇစ်မြစ်ရှိကြတာပဲ..."
"သူတို့တွေက နံရံနဲ့ တိုက်မိတဲ့အထိ နောက်ဆုတ်ကြမှာ မဟုတ်ဘူး..."
"ဒါပေမဲ့ နတ်ဘုရားအုပ်စုတွေ တစ်စုပြီးတစ်စု ရောက်လာခဲ့ပေမဲ့ သူတို့ထဲက သုံးစုပဲ ငါတို့နဲ့ ပခုံးချင်းယှဉ်နိုင်ပြီး ခုနစ်ထပ်ရှိတဲ့ အဆောက်အအုံကို သိမ်းပိုက်နိုင်ခဲ့တာ..."
မျှော်စင်၏ ခုနစ်ထပ်မြောက်တွင် အလွန်တရာ လှပချောမောသော အမျိုးသမီးက တည်ငြိမ်စွာ စကားပြောဆိုလိုက်၏။
"နောက်ထပ် သုံးစုတောင် ရှိသေးတာလား..."
"ဒါပေမဲ့ မင်းက ငါ့ထက် ဒီနေရာမှာ အချိန်အတော်ကြာ ရှိနေခဲ့တာလေ... ငါကတော့ နောက်ဆုံးရောက်လာတဲ့ နတ်ဘုရားအုပ်စုကိုပဲ မြင်ဖူးတယ်... သူတို့ထဲက အမြင့်ဆုံးသူက ခြောက်ထပ်ရှိတဲ့ အဆောက်အအုံကိုပဲ သိမ်းပိုက်နိုင်ခဲ့တာ..."
ဝတ်စုံဖြူနှင့် ယွမ် က စကားပြောဆိုလိုက်သည်။
"သုံးစု မဟုတ်ဘူး... လေးစု..."
"ငါက ဒီနေရာကို နတ်ဘုရား (၁၂) အုပ်စု ရောက်လာတာကို မြင်ဖူးတယ်... ဒါပေမဲ့ သူတို့ထဲက လေးအုပ်စုပဲ ခုနစ်ထပ်ရှိတဲ့ အဆောက်အအုံကို သိမ်းပိုက်နိုင်ခဲ့တာ..."
"နှမြောစရာပဲ…"
"နောက်ဆုံးမှာတော့ အရာအားလုံးက အချည်းနှီးဖြစ်သွားပြီး သူတို့အားလုံး သေဆုံးကုန်ကြပြီ..."
တိရစ္ဆာန်မဏ္ဍပ်အတွင်း၌ လှပစွာ ထုဆစ်ထားသကဲ့သို့ ရှိသော မိန်းကလေးငယ်တစ်ဦးက ရွယ်တူထက် ပိုမိုရင့်ကျက်သော အမူအရာဖြင့် စကားပြောဆိုလိုက်၏။
"တို့ ငါးယောက်ထဲမှာ..."
"ရှင်က ထာဝရမြို့တော်ကို အစောဆုံး ရောက်ရှိခဲ့တဲ့ တည်ရှိမှုပဲ..."
"တကယ့်ကို သိချင်မိတယ်... ရှင့်ရဲ့ မူလမည်သူမည်ဝါက အမှန်တကယ်ပဲ ဘာလဲ..."
စစ်တုရင်ခန်းမအတွင်း၌ ပိန်လှီသော ပုံစံရှိသော်လည်း မျက်လုံးများက အရာအားလုံးကို ထိုးဖောက်မြင်နိုင်ပုံရသည့် အဖိုးအိုတစ်ဦးက မိန်းကလေးငယ်ကို နက်ရှိုင်းသော အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။
"ငါ့ရဲ့ အတိတ်ကို စပ်စုဖို့ မကြိုးစားပါနဲ့..."
"ရှင် ဘယ်သူလဲဆိုတာ မပြောနိုင်ဘူးလို့ ထင်နေတာလား..."
မိန်းကလေးငယ်က ညင်သာစွာ ရယ်မောလိုက်၏။
"တကယ်လို့ မင်း သိချင်တယ်ဆိုရင် ပြောပြလိုက်ရုံပဲလေ... ဘာအန္တရာယ် ရှိမှာမလို့လဲ..."
အဖိုးအိုက နှေးကွေးစွာ စကားပြောဆိုလိုက်သည်။ သူသည် လက်ထဲတွင် အဖြူရောင် စစ်တုရင်ရုပ်တစ်ခုကို ကိုင်ဆောင်ထားပြီး ၎င်းအဖြူရောင်ရုပ်ပေါ်၌ ကမ္ဘာတစ်ခု ဖန်တီးတည်ဆောက်နေသကဲ့သို့ ရှိနေခဲ့သည်။
ထို့နောက် အဖြူရောင်ရုပ် ကျရောက်သွားခဲ့သည့်အချိန်တွင် စစ်တုရင်ခုံပေါ်ရှိ အနက်ရောင်ရုပ်သုံးခုသည် သက်ပြင်းချရင်း အဖြူရောင်ရုပ်၏ ချေမှုန်းခြင်းကို ခံလိုက်ရကာ အပိုင်းပိုင်းအစစ ကြေမွ၍ လေထုထဲတွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
"မလိုပါဘူး..."
"ရှင် ပြောပြရင်တောင် ယုံမှာ မဟုတ်ဘူး..."
မိန်းကလေးငယ်က သူမ၏ ခေါင်းကို ခါယမ်းလိုက်၏။ သူမ၏ အကြည့်သည် လီယွဲ့ ဝင်ရောက်သွားခဲ့သည့် ရှစ်ထပ်ရှိသော မျှော်စင်ပေါ်သို့ ကျရောက်သွားပြီးနောက် စိတ်ဝင်စားမှုအပြည့်ဖြင့် ပြောဆိုလိုက်သည်…
"သူက ရှစ်ထပ်ရှိတဲ့ အဆောက်အအုံထဲက လူတစ်ယောက်ကို အနိုင်ယူနိုင်လိမ့်မယ်လို့ ရှင်တို့ ထင်ကြလား..."
ယွမ် ဟု အမည်ရသည့် ဝတ်စုံဖြူနှင့် လူသားက ချက်ချင်းပင် ခေါင်းခါယမ်းလိုက်ပြီး ပြတ်ပြတ်သားသား ပြောဆိုလိုက်၏…
"လုံးဝ မဖြစ်နိုင်ဘူး..."
"တကယ်လို့ သူက သူတို့ထဲက တစ်ယောက်ကို အနိုင်ယူနိုင်ရင် သူက ငါတို့နဲ့ တန်းတူရပ်တည်နိုင်တဲ့ အရည်အချင်း ရှိသွားမှာ မဟုတ်ဘူးလား..."
အလွန်တရာ လှပသော အမျိုးသမီးက တည်ငြိမ်စွာ ပြောဆိုလိုက်၏…
"သူ့မှာ ခုနစ်ထပ်ရှိတဲ့ အဆောက်အအုံကို သိမ်းပိုက်ပြီး ငါတို့နဲ့ တန်းတူ ရပ်တည်နိုင်တဲ့ အလားအလာ မရှိဘူးလို့ မင်းတို့ ဘယ်လိုလုပ် သိနိုင်မှာလဲ..."
"ငါတို့အတွက်တော့ ဒါက ငါတို့ရဲ့ စွမ်းအားကို စမ်းသပ်တာပဲ..."
"ဒီနတ်ဘုရားတွေအတွက်တော့ စမ်းသပ်မှုက အလားအလာကိုပဲ စမ်းသပ်တာ..."
"သူတို့ရဲ့ ကံကြမ္မာက ငါ့လက်ထဲက ဒီမြစ်ရဲ့ အလှမ်းကမ်းနိုင်တဲ့ အပြင်ဘက်မှာ ရှိနေတယ်..."
ဤစကားကို ကြားလိုက်ရသည့်အချိန်တွင် ကျန်ရှိသော လေးဦးသည် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ကြသည်။
မည်သည့် အလှဆင်မှုမျှ မရှိသော ရိုးရှင်းလှသည့် နေရာလွတ်တစ်ခုအတွင်း၌ လီယွဲ့သည် လေထုထဲမှ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ သူသည် ပတ်ပတ်လည်ကို ဝေ့ဝဲကြည့်ရှုလိုက်၏။
"အချင်းဝက် မိုင်တစ်ထောင်..."
"အမြင့် မိုင်တစ်ရာ..."
"ဒါက အဲဒီ ရှစ်ထပ်ရှိတဲ့ မျှော်စင်ရဲ့ အတွင်းပိုင်းလား..."
သူသည် မိမိကိုယ်မိမိ တီးတိုးရေရွတ်လိုက်သည်။
ဝူး…
ရုတ်တရက် ရှေးဟောင်း ကျောက်စာတိုင်တစ်ခုသည် မြေပြင်မှ အလိုအလျောက် ထွက်ပေါ်လာခဲ့သည်။ ရှေးဟောင်း ကျောက်စာတိုင်ပေါ်၌ စာတန်းများ တိုက်ရိုက် ထင်ဟပ်လာခဲ့၏။
လီယွဲ့ လှမ်းကြည့်လိုက်သည်။
[စိန်ခေါ်သူ] : လီယွဲ့
[မည်သူမည်ဝါ] : နတ်ဘုရား
[အသက်] : ၁၆၀ လ
[စည်းမျဉ်းများ] : လူသားသမိုင်းတွင် ထိပ်သီးပုဂ္ဂိုလ်ဆယ်ဦးအနက် အသက် ၁၆၀ လ အရွယ် လူငယ်ဘဝရှိ တည်ရှိမှု သုံးဦးကို အနိုင်ယူပါ။
"ငါ့ရဲ့ အသက်က ဘာလို့ ၁၆၀ လ ဖြစ်နေရတာလဲ..."
"ငါ ဒီနေရာကို ဖြတ်သန်းလာတဲ့ အချိန်က ဆယ်ဆ မြှောက်ခြင်း ခံလိုက်ရတာလား..."
လီယွဲ့၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။ သူ ကူးပြောင်းလာပြီး နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့သည်မှာ အတိအကျဆိုလျှင် လွန်ခဲ့သော တစ်ဆယ့်ခြောက်လက ဖြစ်သည်။
ပြီးတော့ (၁၆၀) လ ဆိုသည်မှာ… အသက် (၁၃) နှစ်ကျော် အရွယ်မျှသာ ဖြစ်သည်။ လူသားမျိုးနွယ်၏ သမိုင်းကြောင်းအတွင်း ထိပ်သီးပုဂ္ဂိုလ် ဆယ်ဦးထဲမှ သုံးဦးသည် (၁၃) နှစ်အရွယ် လူငယ်ဘဝတွင် ထိုမျှလောက် အားကောင်းခဲ့ကြခြင်းလား။
"ဧကရာဇ်ငယ်လား..."
"စိတ်ဝင်စားစရာပဲ..."
"ထာဝရနတ်ဘုရားမြို့တော်ကို စိုးမိုးထားတဲ့ ဒီအဆောက်အအုံဆီကို နောက်ကျပြီးမှ ရောက်လာလေလေ၊ စိန်ခေါ်မှုက ပိုပြီး ကြီးမားလေလေ ဖြစ်ပုံရတယ်..."
"အကယ်၍ ငါသာ နောက်ထပ် နှစ်လကြာမှ လာခဲ့မယ်ဆိုရင် (၁၅) နှစ်အရွယ် လူသားဧကရာဇ်ငယ်ကို စိန်ခေါ်ရမှာ ဖြစ်လိမ့်မယ်..."
"(၁၅) နှစ်အရွယ် လူသားဧကရာဇ်ငယ်ကတော့ (၁၃) နှစ်အရွယ် လူသားဧကရာဇ်ငယ်ထက် သဘာဝအတိုင်း အဆမတန် ပိုမိုအားကောင်းမှာ အသေအချာပဲ..."
လီယွဲ့သည် ရှစ်ထပ်ရှိသော အဆောက်အအုံကို သိမ်းပိုက်ရန် မည်မျှအခြေအနေအထိ ခက်ခဲကြောင်းကို သဘောပေါက်သွားခဲ့သည်။
လူသားသမိုင်းတွင် ထိပ်သီးပုဂ္ဂိုလ် ဆယ်ဦးအနက် တစ်ဦး။
လူသားသမိုင်းတွင် ထိပ်သီးဆယ်ဦးအဆင့် သတ်မှတ်ခံရခြင်းက ခေတ်တစ်ခုလုံးကို တိုက်ခိုက်ချေမှုန်းပြီး ကောင်းကင်နှင့် မြေကြီးကို နှိမ်နင်းထားနိုင်သည့် အနိုင်မခံနိုင်သော တည်ရှိမှုမျိုး ဖြစ်သည်မှာ သဘာဝကျလှပေသည်။ သူသည် ထိုကဲ့သို့ပင် ခံစားလိုက်ရ၏… လူသားဧကရာဇ်ခေတ်၏ အနိုင်မခံနိုင်သော ဧကရာဇ်ရှစ်ပါးထဲမှ အများစုသည် လူသားသမိုင်း၏ ထိပ်သီးဆယ်ဦးစာရင်းထဲသို့ပင် ဝင်ရောက်နိုင်ခြေ ရှိလိမ့်မည်မဟုတ်ချေ။
ထိုကဲ့သို့သော အနိုင်မခံနိုင်သည့် တည်ရှိမှုမျိုးသည် သူတို့သည် လူငယ်ဘဝမျှသာ ရှိသေးသော်လည်း ထိတ်လန့်စရာကောင်းလောက်အောင် အားကောင်းလှပေသည်။ သူတို့တွင် များသောအားဖြင့် ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံများ ရှိကြပြီး အချို့ဆိုလျှင် သမိုင်းတစ်လျှောက်တွင်ပင် တွေ့ရခဲလှသည့် အတုမရှိသော ခန္ဓာကိုယ်ဖွဲ့စည်းပုံများကို ပိုင်ဆိုင်ထားကြသည်။
"ယွမ် က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက နတ်ဘုရားတွေဟာ ခြောက်ထပ်ရှိတဲ့ အဆောက်အအုံတွေကိုပဲ သိမ်းပိုက်နိုင်ခဲ့ကြတယ်လို့ ပြောခဲ့တာ မဆန်းတော့ပါဘူး..."
"သူတို့အားလုံးက ငါ့ထက် အဆမတန် နောက်ကျပြီးမှ ရောက်လာခဲ့ကြတာ ဖြစ်နိုင်တယ်..."
"ဘာပဲဖြစ်ဖြစ်…"
"ထာဝရနတ်ဘုရားမြို့တော်ထဲကို ဝင်ရောက်ဖို့အတွက် ပထမဆုံးအနေနဲ့ အဆင့် (၁) အထွတ်အထိပ်မှာရှိတဲ့ တစ္ဆေစစ်သည်တစ်ယောက်ကို သတ်ပစ်ဖို့ လိုအပ်တယ်..."
"သာမန် အဋ္ဌမအဆင့် နတ်ဘုရားတွေအတွက်တောင် ထာဝရနတ်ဘုရားမြို့တော်ထဲကို ဝင်ရောက်ဖို့က အလွန်တရာ ခက်ခဲလှတယ်..."
"အခုအချိန်မှာ ကြယ်တာရာပြာ နတ်ဘုရားတွေပဲဖြစ်ဖြစ်၊ ယောင်ကွမ်ဂြိုဟ် နတ်ဘုရားတွေပဲဖြစ်ဖြစ် သူတို့အားလုံးမှာ အဋ္ဌမအဆင့် နတ်ဘုရားတွေ ရှိနေကြပြီ..."
"ဘာပဲဖြစ်ဖြစ် အဲဒီပွဲစဉ်က ထိပ်သီးသုံးဦးအတွက် အလွန်တရာ ကြွယ်ဝတဲ့ ကောင်းချီးတွေကို ချီးမြှင့်ပေးခဲ့တာလေ..."
"ဒါပေမဲ့ အခုအချိန်အထိတော့ ထာဝရမြို့တော်ထဲကို ဝင်ရောက်နိုင်တဲ့ ဒုတိယမြောက် နတ်ဘုရားတစ်ပါး ပေါ်မလာသေးဘူး..."
လီယွဲ့က တီးတိုးရေရွတ်လိုက်သည်။
ဝူး…
ရုတ်တရက် သူနှင့် မိုင်တစ်ရာခန့် ကွာဝေးသော နေရာ၌ ရုပ်သွင်တစ်ခုသည် ဖြည်းညင်းစွာ လမ်းလျှောက်ထွက်လာခဲ့သည်။ ထိုရုပ်သွင်၏ မျက်နှာသည် မှုန်ဝါးနေသော်လည်း ရန်သူအားလုံးကို တိုက်ခိုက်ချေမှုန်းခြင်းဖြင့် ဖြစ်ပေါ်လာသည့် လူငယ်တစ်ဦး၏ စိတ်ဓာတ်နှင့် အနိုင်မခံနိုင်သော အရှိန်အဝါကို ခံစားသိရှိနိုင်ပေသည်။
သူ၏ လက်ထဲတွင် မည်သည့်လက်နက်မျှ ရှိမနေသော်လည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အတိုင်းအဆမဲ့လှသော ရွှေရောင်အလင်းတန်းများ ဖြာထွက်နေပြီး ရွှေရောင်ပင်လယ်ပြင်ကြီး လှိုင်းထနေသကဲ့သို့ ရှိနေခဲ့သည်။ ၎င်းသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းသော သွေးနှင့် ချီစွမ်းအင်တို့၏ အလင်းတန်းပင် ဖြစ်သည်။
သူသည် (၁၃) နှစ်အရွယ် လူငယ်လေးမျှသာ ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ မယုံနိုင်စရာကောင်းလောက်အောင် အားကောင်းလှပေသည်။ အထူးသဖြင့် သူ၏မျက်လုံးများသည် တောက်ပလှသော နေမင်းနှစ်စင်း ကိန်းအောင်းနေသကဲ့သို့ စူးရှတောက်ပနေခဲ့သည်။
သူ၏ နက်မှောင်သော ဆံပင်များသည် ပခုံးထက်သို့ ဝဲကျနေပြီး ၎င်းလူငယ်သည် အရပ်အမောင်း မြင့်မားကာ တည့်မတ်စွာ ရပ်နေရင်း သူ၏ နေမင်းကဲ့သို့ တည်ငြိမ်လှသော မျက်လုံးများဖြင့် လီယွဲ့ကို စိုက်ကြည့်နေခဲ့သည်။
"လူသားဧကရာဇ်ငယ်ပီသပါပေတယ်..."
"အသက် (၁၃) နှစ်ပဲ ရှိသေးတာကို သူ့ရဲ့ အရှိန်အဝါက အဆင့် (၇) အထွတ်အထိပ်ကို ရောက်နေပြီပဲ..."
"တကယ်တော့ ဒီလူသားဧကရာဇ်ငယ်ရဲ့ ကျင့်ကြံမှုအဆင့်က အဆင့် (၇) အဆင့်နိမ့်မှာပဲ ရှိရဦးမှာ ဖြစ်တယ်..."
"အဆင့် (၇) အဆင့်နိမ့် ကျင့်ကြံမှုနဲ့တင် သူ့ရဲ့ အရှိန်အဝါက အဆင့် (၇) အထွတ်အထိပ်ထက် မနည်းလှဘူး..."
"ဧကရာဇ်ငယ်က တကယ့်ကို ထိတ်လန့်စရာကောင်းတာပဲ..."
လီယွဲ့သည် အံ့ဩချီးကျူးမိသည်။
ယခင်က… ကောင်းကင်နှင့် မြေကြီးက သူ့ကို ပေးအပ်ခဲ့သော အချက်အလက်များအရ သူ၏ ကမ္ဘာမြေတွင် အဆင့် (၅) အထွတ်အထိပ်မှ အဆင့် (၆) အထွတ်အထိပ်သို့ တက်လှမ်းရန် အမြန်ဆုံး စံချိန်မှာ ၃၅ နှစ် ဖြစ်သည်။
ယခု ပြန်လည်စဉ်းစားကြည့်သည့်အချိန်တွင် သူ နေထိုင်ခဲ့သည့် ကမ္ဘာမြေတွင် လူသားဧကရာဇ်အဆင့်ရှိသော တည်ရှိမှုမျိုး တစ်ခါမျှ ပေါ်ထွက်ခဲ့ဖူးခြင်း မရှိချေ။
သဘာဝကျကျပင် ကောင်းကင်နှင့် မြေကြီးက သူ့ကို ပေးအပ်ခဲ့သည့် အချက်အလက်များသည် တိကျချင်မှ တိကျလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ကောင်းကင်နှင့် မြေကြီး၏ မှတ်တမ်းတင်ခြင်းမှ ရှောင်လွှဲနိုင်မည့် နည်းလမ်းများစွာ ရှိနေပေသည်။ ဥပမာအားဖြင့် လျှို့ဝှက်နယ်မြေတစ်ခုအတွင်းသို့ ဝင်ရောက်၍ အဆင့်တက်လှမ်းခြင်းသည် ဤကမ္ဘာမြေမှ ထွက်ခွာသွားခြင်းနှင့် တန်းတူဖြစ်သဖြင့် သဘာဝအတိုင်း မှတ်တမ်းတင်ခံရမည် မဟုတ်ချေ။
"ဒါဆိုရင် ငါလည်း စမ်းကြည့်ရတာပေါ့..."
"(၁၃) နှစ်အရွယ် လူသားဧကရာဇ်ငယ်က မည်မျှအထိ အားကောင်းမလဲဆိုတာကို တွေးကြည့်စမ်း..."
"အဆင့် (၇) အဆင့်နိမ့် ကျင့်ကြံမှု၊ အဆင့် (၇) အထွတ်အထိပ် အရှိန်အဝါ... ဒါဆိုရင် တိုက်ခိုက်ရေးစွမ်းရည်ကရော ဘယ်လိုရှိမလဲ..."
"ဒါက…"
"အဆင့် (၈) စစ်မှန်သော မဟာသခင်ကြီး အဆင့်ကို ရောက်ရှိနေတာလား..."
လီယွဲ့က မိမိကိုယ်မိမိ တီးတိုးရေရွတ်လိုက်သည်။ သူသည် လက်ကို ဝှေ့ယမ်းလိုက်၏။ ရုတ်တရက် ကောင်းကင်ပြင်တစ်ခုလုံးတွင် မည်းမှောင်သော တိမ်တိုက်များ စုစည်းလာခဲ့သည်။ သူသည် သမိုင်းတစ်လျှောက်တွင် အားအကောင်းဆုံးဖြစ်သော လူသားဧကရာဇ်အဆင့်ရှိသည့် လူငယ်တစ်ဦးနှင့် တိုက်ခိုက်တော့မည် ဖြစ်သည်။