← Chapters

အခန်း (၅၇၉-၅၈၀)

Vol. 49 Ch. 579-580

အခန်း (၅၇၉-၅၈၀)

Vol. 49 Ch. 579-580

အပိုင်း (၅၇၉)

“ဧကရာဇ်ဟောင်း၊ ဧကရာဇ်မင်းမြတ်... ကျုပ်တို့ တာ့ကျိုးဟာ အန္တရာယ် ရှိနေပါပြီ။”

“ဧကရာဇ်ဟောင်း... အခု အရေးကြီးဆုံးက ကျိန့်ဟိုင်မြို့စား စီးပြန်းကို ဖျောင်းဖျဖို့ပါ။ ကျုပ်တို့ တာ့ကျိုးဟာ ပြည်တွင်းစစ် လုံးဝ မဖြစ်နိုင်ပါဘူး။ အကယ်၍ ပြည်တွင်းစစ်သာ ဖြစ်သွားရင် တာယင်အင်ပါယာရဲ့ တပ်တော် သိန်းချီက တောင်ဘက်ကို ဆင်းလာမယ်၊ တာ့ရှီး အင်ပါယာရဲ့ တပ်တော် သိန်းချီကလည်း အရှေ့ဘက်ကို တက်လာမယ် ဆိုရင် ကျုပ်တို့ တာ့ကျိုးအင်ပါယာဟာ နိုင်ငံ ပျက်သုဉ်းမယ့် အန္တရာယ် ရှိလာပါလိမ့်မယ်။”

“ဟုတ်ပါတယ်။ ဧကရာဇ်ဟောင်း... အခု အရေးအကြီးဆုံးက ကျိန့်ဟိုင်မြို့စား ပါပဲ။ ကျိန့်ဟိုင်မြို့စားကို ဖျောင်းဖျနိုင်သရွေ့ အခြေအနေတွေကို ပြန်လည် ကုစားနိုင်မယ့် အခွင့်အရေး ရှိပါသေးတယ်။”

“ဧကရာဇ်ဟောင်း... ပြည်တွင်းစစ်ကို လုံးဝ မဖြစ်စေပါနဲ့။”

“အခု ကျုပ်တို့ တာ့ကျိုးဟာ နိုင်ငံတော် ဘဏ္ဍာတိုက်မှာ ငွေမရှိဘူး၊ တောင်ပိုင်းမှာ ပုန်ကန်မှုတွေ ဖြစ်နေတယ်။ လန်ကျိုးမှာ သဘာဝဘေးအန္တရာယ်တွေ ကြုံနေရတယ်၊ ပြည်တွင်း ပြည်ပ အန္တရာယ်တွေ ဝိုင်းရံနေတယ်။ ပြီးတော့ ကျင်းကျိုး ကာကွယ်ရေး မျဉ်းကလည်း တည်ဆောက်လို့ မပြီးသေးဘူး။

အကယ်၍ စစ်ပွဲ သာ စတင်လိုက်ရင် တာ့ကျိုးဟာ သေချာပေါက် လေးပိုင်း ငါးပိုင်း ကွဲသွားမှာ ဖြစ်ပြီး နှစ်ရာချီ ကြိုးစား တည်ဆောက်ခဲ့ရတဲ့ နိုင်ငံတော်ကြီးဟာ ချက်ချင်း ပျက်စီးသွားပါလိမ့်မယ်။ ဧကရာဇ်ဟောင်း... ကျေးဇူးပြုပြီး သေချာ စဉ်းစားပေးပါ... သေချာ စဉ်းစားပေးပါ။”

အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ် ရာချီခန့်သည် အားလုံး ဒူးထောက်လိုက်ကြသည်။

ဧကရာဇ်ဟောင်းကို ထောက်ခံသော အမတ်များသည်လည်း ယခုအချိန်တွင် အသံတစ်ချက်မှ မထွက်ဝံ့ကြတော့ချေ။

အကြောင်းမူကား ဤ ကောင်းကင်ကြီး ပြိုကျတော့မည့် အခြေအနေကြီးမှာ အလွန် ကြောက်စရာ ကောင်းလွန်းလှပြီး ရုတ်တရက် ကြီးမားသော လှိုင်းလုံးကြီးများ ရိုက်ခတ်လာသကဲ့သို့ ဖြစ်နေသောကြောင့်ပင်။

ဝန်ကြီးချုပ် လင်ကုန်းက ဦးညွတ်လျက် ပြောလိုက်လိုက်၏။ “ဧကရာဇ်ဟောင်း... ကျုပ် ထင်တာကတော့ အခုအချိန်မှာ ကျိန့်ဟိုင်မြို့စားနဲ့ မဖြစ်မနေ ငြိမ်းချမ်းရေး ဆွေးနွေးရပါမယ်။ ကျိန့်ဟိုင်မြို့စားက နုလန်ဟောက် အောက်ယွီကို သတ်ဖို့ တောင်းဆိုနေပေမယ့် ကျုပ်တို့က ဆွေးနွေးလို့ ရပါတယ်။ ကျုပ်တို့ရဲ့ ရိုးသားမှုကို ပြသတဲ့ အနေနဲ့ နုလန်ဟောက်ရဲ့ ရာထူးကို အရင်ဆုံး ရုပ်သိမ်းလိုက်ပြီး ကျိန့်ဟိုင်မြို့စားရဲ့ ဒေါသကို ယာယီ ပြေပျောက်စေနိုင်ပါတယ်။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ အမတ် ရာချီခန့်က အပြင်းအထန် ထောက်ခံလိုက်ကြသည်။

“ဟုတ်ပါတယ်... ဟုတ်ပါတယ်။ နုလန်ဟောက် အောက်ယွီရဲ့ ရာထူးကို အရင်ဆုံး ရုပ်သိမ်းလိုက်ပါ။”

ဤသည်မှာ အချိန်ဆွဲသည့် နည်းဗျူဟာမျိုး မဟုတ်ပေ။ အမှန်စင်စစ် ဤသည်မှာ တစ်ဆင့်ပြီးတစ်ဆင့် ဖိအားပေးသွားမည့် နည်းဗျူဟာတစ်ရပ်သာ ဖြစ်၏။

ရှေးဦးစွာ ဧကရာဇ်ဟောင်းအား အောက်ယွီ၏ ရာထူးကို ရုပ်သိမ်းပေးရန် တောင်းဆိုလိုက်ခြင်းသည် အလျှော့ပေးနိုင်ရန်အတွက် နေရာချန်ထားပေးသကဲ့သို့ ရှိသည်။

သို့သော်ငြား ပထမအဆင့်တွင် အလျှော့ပေးလိုက်သည်နှင့် ဒုတိယအဆင့်၊ တတိယအဆင့်တို့မှာ ဆက်တိုက် ဆိုသလို ပေါ်ပေါက်လာတော့မှာဖြစ်၏။ နောက်ဆုံးတွင်မူ နောက်ဆုတ်စရာနေရာ မရှိတော့သည့်အဆုံး အောက်ယွီ၏ ခေါင်းကို ဖြတ်ပေးရမည့် အခြေအနေသို့ ရောက်ရှိသွားပေလိမ့်မည်။

ဧကရာဇ်သည်လည်း နေရာမှ ထကာ ဒူးထောက်လိုက်ပြီး ဧကရာဇ်ဟောင်း၏ ခြေထောက်ကို ဖက်ကာ ပြောလိုက်၏။ “ခမည်းတော်... ကျေးဇူးပြုပြီး တိုင်းပြည်ရဲ့ အကျိုးစီးပွားကို အဓိက ထားပေးပါ။ ကျိန့်ဟိုင်မြို့စားနဲ့ အရင်ဆုံး ဆွေးနွေးလိုက်ပါ။ သူ့ကို အရင် တပ်ဆုတ်ခိုင်းလိုက်ပါ။ မဟုတ်ရင် ကျုပ်တို့ တာ့ကျိုးအင်ပါယာဟာ ချက်ချင်း ကောင်းကင်ကြီး ပြိုကျမယ့် ဘေးအန္တရာယ် ကြီးနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ အောက်ယွီရဲ့ နိုင်ကော်က ရာထူးကို အရင် ရုပ်သိမ်းပြီး အခြေအနေကို ယာယီ ထိန်းသိမ်းထားလိုက်ပါ။ နောက်ပိုင်းမှ ရာထူး ပြန်ပေးရင်လည်း နောက်မကျပါဘူး။”

ဤလုပ်ရပ်သည် အပေါ်ယံအားဖြင့် ဧကရာဇ်ဟောင်းကို မျက်နှာပန်းလှစေရန် ဆောင်ရွက်ပေးသကဲ့သို့ ရှိသော်လည်း၊ အကယ်၍ ယခုအချိန်တွင် အောက်ယွီ၏ ရာထူးကို ရုပ်သိမ်းလိုက်မည်ဆိုပါက ဧကရာဇ်ဟောင်း ကိုယ်တိုင် အလျှော့ပေးလိုက်သည့်သဘော သက်ရောက်သွားပေလိမ့်မည်။

ထိုသို့ ယနေ့တွင် အလျှော့ပေးလိုက်ပါက၊ မနက်ဖြန်တွင်မူ အောက်ယွီသည် အလောင်းပင် မြေမြှုပ်စရာ မရှိသည့် အခြေအနေ သေတောင် မြေမြှုပ်ဖို့နေရာတောင် မရှိသည့် အခြေအနေသို့ ရောက်ရှိသွားမည်မှာ သေချာပေါက် ဖြစ်သည်။

ထိုအချိန်တွင် နိုင်ကော်မှ အမတ်ကြီးက အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “အောက်ယွီ... အခု အခြေအနေ အထိ ရောက်နေပြီကို ခင်ဗျားက ရာထူးကို မက်မောနေသေးတာလား။ ခင်ဗျား တကယ်ပဲ တာ့ကျိုးအင်ပါယာကို အန္တရာယ်ထဲ တွန်းပို့ပြီး ဧကရာဇ်ဟောင်းကို တရားမျှတမှု မရှိတဲ့ အခြေအနေမျိုး ရောက်အောင် လုပ်ချင်နေတာလား။ ကျုပ်တို့ တာ့ကျိုးအင်ပါယာရဲ့ တိုင်းပြည်အတွက် ခင်ဗျား တစ်ခုခု လုပ်သင့်တယ် မဟုတ်လား။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ အချို့သော အမတ်များကလည်း ချက်ချင်း ဆူညံသွားကြပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်ကြသည်။ “အမတ်မင်း အောက်ယွီ... တာ့ကျိုး တိုင်းပြည် အတွက် ခင်ဗျား ရာထူးကနေ နုတ်မထွက်သင့်ဘူးလား။ ခင်ဗျားရဲ့ ရာထူး နေရာက အရေးကြီးတာလား၊ တာ့ကျိုးအင်ပါယာရဲ့ တိုင်းပြည် လုံခြုံရေးက အရေးကြီးတာလား။”

ယွင်ကျုံးဟဲ့သည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရှေ့သို့ ထွက်ကာ အရာရှိ ဦးထုပ်ကို ချွတ်၍ ဒူးထောက် ဦးညွတ်လျက် ပြောလိုက်၏။ “ဧကရာဇ်ဟောင်း... ကျုပ် ရာထူးတွေ အားလုံးကနေ နုတ်ထွက်ခွင့် ပြုဖို့ လျှောက်တင်ပါတယ်။ ဧကရာဇ်ဟောင်း ခွင့်ပြုပေးတော်မူပါ။”

ဧကရာဇ်ဟောင်း၏ အဖွဲ့အစည်းမှ အမတ်အချို့၏ စိတ်နှလုံးများ တုန်လှုပ်သွားကြတော့သည်။ ‘အခု အခြေအနေက အဓိက အရေးကြီးတဲ့ အရာကို ကာကွယ်ဖို့အတွက် အသေးအဖွဲတွေကို စတေးရတော့မှာလား။’

လူတိုင်း၏ အကြည့်များမှာ ဧကရာဇ်ဟောင်း ထံသို့ ရောက်ရှိသွားကြပြီး သူ၏ တုံ့ပြန်မှုကို စောင့်မျှော် နေကြသည်။ ဤကြီးမားလှသော ဖိအားများအောက်တွင် ဧကရာဇ်ဟောင်း အနေဖြင့် အခြေအနေ အရ လိုက်လျောပြီး တစ်ဝက်ခန့် အလျှော့ပေးကာ အောက်ယွီ၏ နုတ်ထွက်စာကို လက်ခံလိုက်မည်လား။

လူတိုင်း၏ စောင့်မျှော်နေမှုများ ကြားတွင် ဧကရာဇ်ဟောင်းသည် ရုတ်တရက် အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်တော့၏။ “ဟား.... ဟား... ဟား... ဟား...”

ဧကရာဇ်ဟောင်းသည် မိုင်ရှစ်ရာ အရေးပေါ် စစ်ရေး သတင်းများကို စားပွဲပေါ်တွင် ချထားလိုက်သည်။

“မြောက်ဘက်က တာယင်အင်ပါယာနဲ့ ကိစ္စ၊ တောင်ပိုင်းက လူရိုင်းတွေ ပုန်ကန်တဲ့ ကိစ္စ၊ အနောက်ဘက် နယ်စပ်က ရှီးလျန် နိုင်ငံရဲ့ ကိစ္စ၊ တောင်ပိုင်း တပ်တော်မှာ ကူးစက်ရောဂါ ဖြစ်ပွားတဲ့ ကိစ္စ၊ ကျန်းကျိုး ပင်လယ်ပြင်မှာ ကျိန့်ဟိုင်မြို့စားနဲ့ ပင်လယ်ဓားပြတွေ ပူးပေါင်း ရေတပ် ဖွဲ့တဲ့ ကိစ္စ၊ စုစုပေါင်း စစ်ရေး အကျပ်အတည်း ငါးခု ရှိနေတာ မဟုတ်လား။”

ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ဒါဆိုရင် ကျုပ်တို့ တစ်ခုချင်းစီ ပြောကြတာပေါ့။ ပထမဆုံး တစ်ခု ဖြစ်တဲ့ မြောက်ဘက် နယ်စပ်မှာ တာယင်အင်ပါယာနဲ့ စစ်ရေး ပဋိပက္ခ ဖြစ်ပွားတဲ့ ကိစ္စ... တာယင်အင်ပါယာက ပိုင်ရှင်မဲ့နယ်မြေမှာ တပ်တော် သိန်းချီ စုစည်းပြီး တောင်ဘက်ကို ဆင်းလာဖို့ ပြင်ဆင်နေတယ် ဟုတ်လား။

ကိုယ်တော် ခန့်မှန်းတာ မမှားဘူးဆိုရင် ဒီတစ်ကြိမ် စစ်ပွဲ စတင်ဖို့ အစပြုလိုက်တာက ကျုပ်တို့ တာ့ကျိုးအင်ပါယာကပဲ ဖြစ်လိမ့်မယ်။ ရည်ရွယ်ချက် ကတော့ တာယင်တပ်တော်ကြီး တောင်ဘက်ကို ဆင်းလာဖို့ ဆွဲဆောင်ချင်လို့ပဲ။

ကျုပ်တို့က ကျင်းကျုံး ကာကွယ်ရေး မျဉ်းကို တည်ဆောက်နေသလို တာယင်အင်ပါယာ ကလည်း ပိုင်ရှင်မဲ့နယ်မြေမှာ ကာကွယ်ရေး မျဉ်းကို တည်ဆောက်နေပါတယ်။ ပြီးတော့ မြောက်ဘက်မှာလည်း တာ့ရှ အင်ပါယာရဲ့ ကျူးကျော်မှုကို ကာကွယ်ဖို့ ကာကွယ်ရေး မျဉ်းကို တည်ဆောက်နေပါသေးတယ်။ အနာဂတ်မှာ ဖြစ်လာမယ့် ဒီစစ်ပွဲ ကြီးမှာ တာယင်အင်ပါယာက ကျုပ်တို့ထက် အများကြီး ပိုပြီး ယုံကြည်ချက် ရှိပါတယ်။

လက်ရှိ နိုင်ငံတော်ရဲ့ အင်အားနဲ့ စစ်ရေး အင်အားကို ယှဉ်ကြည့်မယ်ဆိုရင် တာယင်အင်ပါယာက ကျုပ်တို့ တာ့ကျိုးထက် သာလွန်ပါတယ်။ ဒါပေမဲ့ ပိုင်ရှင်မဲ့နယ်မြေရဲ့ ကာကွယ်ရေးမျဉ်းနဲ့ ကျုပ်တို့ရဲ့ ကျင်းကျုံး ကာကွယ်ရေးမျဉ်းကို ယှဉ်ကြည့်မယ်ဆိုရင်တော့ ကျုပ်တို့က အားကောင်းပြီး တာယင်အင်ပါယာက အားနည်းပါတယ်။

တာယင်အင်ပါယာဟာ ပိုင်ရှင်မဲ့နယ်မြေမှာ စစ်ရေး ခံတပ်တွေ အပြည့်အဝ မတည်ဆောက်ရသေးဘဲနဲ့ ဘယ်လိုလုပ်ပြီး တပ်တော်ကြီးကို ဦးဆောင်ကာ တောင်ဘက်ကို ဆင်းလာနိုင်မှာလဲ။ ခင်ဗျားတို့က တာယင် ဧကရာဇ်ကို အရမ်း အထင်သေးလွန်းနေပြီ။

သူက ဒီလို အချိန်မျိုးမှာ အခွင့်ကောင်း ယူပြီး တိုက်ခိုက်လိမ့်မယ်လို့ ခင်ဗျားတို့က ထင်နေကြတာလား။ ကျုပ်တို့ကို စစ်ပွဲ အနည်းငယ်လောက် အနိုင်တိုက်ပြီး ပြည်နယ် အနည်းငယ်လောက်ကို ခွဲယူသွားလိမ့်မယ်လို့ ထင်နေကြတာလား။

မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး။ သူ လိုချင်တာက နိုင်ငံ ပျက်သုဉ်းမယ့် စစ်ပွဲမျိုး၊ သူ လိုချင်တာက တစ်ချက်တည်းနဲ့ အပြတ်အသတ် အနိုင်ယူပြီး လုံးဝ နိုင်ငံ ပျက်သုဉ်းသွားအောင် လုပ်ချင်တာပါ။ ဒါကြောင့် လောလောဆယ်မှာ မြောက်ဘက်က တာယင်အင်ပါယာနဲ့ စစ်ဖြစ်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ပါပဲ။

ဘာလို့လဲဆိုတော့ တာယင်အင်ပါယာက နိုင်ငံ တစ်ခုလုံး ပါဝင်မယ့် စစ်ပွဲကြီးအတွက် အဆင်သင့် မဖြစ်သေးလို့ပါပဲ။” ဧကရာဇ်ဟောင်းသည် ပထမဆုံး အရေးပေါ် စစ်ရေးသတင်းဟုဆိုသော စာလွှာကို ပစ်ချလိုက်သည်။

“ဒုတိယ တစ်ခုက လူရိုင်းတွေ ပုန်ကန်တယ် ဟုတ်လား။ တောင်ပိုင်းရဲ့ ပုန်ကန်မှု အဓိက အင်အားစုဟာ ဟွမ်ထျန်း ဘာသာရေးဂိုဏ်း ဖြစ်ပေမယ့် အခု ဟွမ်ထျန်း ဘာသာရေးဂိုဏ်းက ထွက်သွားပြီလေ။ ပြီးတော့ တောင်ပိုင်း လူရိုင်းတွေရဲ့ ခေါင်းဆောင်တွေ အားလုံး သေကုန်ပြီဆိုတော့ ဘယ်သူက ဦးဆောင်ပြီး ပုန်ကန်မှာလဲ။ ဒီ လူရိုင်း တစ်သိန်းက အမိန့်အရ ပုန်ကန်တာပဲ ဖြစ်လိမ့်မယ်။ ကျုပ်ကို ပြဇာတ် ကပြနေတာ မဟုတ်လား။”

ထို့နောက် ဧကရာဇ်ဟောင်းသည် ဒုတိယ အရေးပေါ် စစ်ရေး သတင်း ဟု ဆိုသော စာလွှာ ကိုလည်း ပစ်ချလိုက်ပြန်၏။

“တတိယ တစ်ခုက ရှီးလျန်နိုင်ငံရဲ့ မြင်းစီးတပ်ဖွဲ့တွေက ကျုပ်တို့ အနောက်ဘက် နယ်စပ် မဟာတံတိုင်းကို လာရောက် တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ် ဟုတ်လား။ ဒါက အိမ်ရှေ့စံမင်းသား လီကျိုးရဲ့ လက်ချက်ပဲ ဖြစ်လိမ့်မယ်။

ရိုလန်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ စစ်ပွဲတုန်းက အောက်ယွီက သူ့ရဲ့ တပ်တော် သုံးသိန်းကို မီးရှို့ဖျက်ဆီးပစ်ခဲ့လို့ လီကျိုးက အရိုးထဲထိ မုန်းတီးနေတာ။ ဒါကြောင့် ဧကရာဇ်နဲ့ ပူးပေါင်းပြီး အောက်ယွီကို ဖျက်ဆီးပစ်ဖို့ ကြိုးစားတာပဲ။

ဒါပေမဲ့ အခုချိန်မှာ လီကျိုးဟာ သွေးစွန်း ဘုရင်မနဲ့ ထီးနန်း လုဖို့တောင် အချိန်မရ ဖြစ်နေတာ ကျုပ်တို့ အနောက်ဘက် နယ်စပ်ကို လာကျူးကျော်ဖို့ အချိန် ဘယ်မှာ ရှိတော့မှာလဲ။ တာ့ရှီး အင်ပါယာက အရမ်းကို အင်အားကြီးမားတယ် ဆိုပေမယ့် တပ်တော် သုံးသိန်းကို မီးရှို့ခံလိုက်ရပြီးတဲ့နောက် တာ့ရှီး အင်ပါယာရဲ့ အရှေ့ဘက်ခြမ်းမှာ စစ်တပ်တွေ ဘယ်လောက်တောင် ကျန်သေးလို့လဲ။”

ထို့နောက် ဧကရာဇ်ဟောင်းသည် တတိယ စစ်ရေး သတင်းကိုလည်း ပစ်ချလိုက်ပြန်သည်။

“စတုတ္ထတစ်ခုက ကျုပ်တို့ တာ့ကျိုး တောင်ပိုင်းရဲ့ တပ်တော် သိန်းချီ ကူးစက်ရောဂါ ဖြစ်ပွားနေတယ် ဆိုတာကိုတော့ ကျုပ် ယုံပါတယ်။ ဘာလို့လဲဆိုတော့ တောင်ပိုင်းမှာ တစ်နှစ်ပတ်လုံး ကူးစက်ရောဂါတွေက အမြဲတမ်း ဖြစ်ပွားလေ့ ရှိပါတယ်။ ကြီးတာနဲ့ သေးတာပဲ ကွာပါတယ်။ ဒါပေမဲ့ တိုက်ဆိုင်စွာပဲ အခုလို အချိန်မျိုးကျမှ သတင်းပို့လာတာလေ။”

ဧကရာဇ်ဟောင်းသည် စတုတ္ထစစ်ရေး သတင်းကိုလည်း ပစ်ချလိုက်ပြန်၏။

နောက်ဆုံးတွင် ဧကရာဇ်ဟောင်းသည် ပဉ္စမမြောက် စစ်ရေး သတင်းကို အမြင့်သို့ မြှောက်ပြလိုက်၏။ ဤသည်မှာ ကျိန့်ဟိုင်မြို့စားက ပူးပေါင်း ရေတပ်များကို ဦးဆောင်ကာ ကျန်းကျိုး ဆိပ်ကမ်းကို ဝိုင်းရံ ထားသည့် စာလွှာပင် ဖြစ်သည်။

“စစ်ရေး သတင်းတွေ အားလုံးထဲမှာ ဒီတစ်ခုတည်းသာ အစစ်အမှန် ဖြစ်တယ်။”

ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ပြီးတော့ အသက်အန္တရာယ်လည်း အရှိဆုံးပါပဲ။ ကျိန့်ဟိုင်မြို့စား စီးပြန်း ပြောတာမှန်ပါတယ်။ သူ့ရဲ့ ရေတပ်ဟာ ကျုပ်တို့ တာ့ကျိုးထက် ဆယ်ဆ သာလွန်ပါတယ်။ ပင်လယ်ဓားပြတွေရဲ့ အင်အားကိုပါ ပေါင်းလိုက်ရင် ဆယ်ဆမကတောင် သာလွန်ပါသေးတယ်။

အကယ်၍ တာ့ကျိုးကို တိုက်ခိုက်မယ် ဆိုရင် ကျုပ်တို့ရဲ့ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတွေ အားလုံး ပြတ်တောက်သွားမှာ ဖြစ်ပြီး ပင်လယ်ကမ်းခြေက မြို့ရွာတွေ အားလုံးလည်း လုယက်ခံရမှာပါ။ အရင်တုန်းက ပင်လယ်ရေကြောင်း ကုန်သွယ်ရေး မရှိလည်း ကိစ္စမရှိပါဘူး။

ဒါပေမဲ့ အခု ပင်လယ်ရေကြောင်း ကုန်သွယ်ရေးကနေ ရတဲ့ ဝင်ငွေက ကျုပ်တို့ တာ့ကျိုးနိုင်ငံတော် ဘဏ္ဍာတိုက်ရဲ့ သုံးပုံတစ်ပုံကျော်လောက် ရှိနေပါတယ်။ အကယ်၍ တစ်နှစ်လောက် ပြတ်တောက်သွားရင် ငွေသား သန်းဆယ်ချီ ဆုံးရှုံးသွားမှာပါ။”

ဧကရာဇ်ဟောင်းသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော မိုင်ရှစ်ရာ အရေးပေါ် စစ်ရေး သတင်းများကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။ “ဒါကို ဘယ်လို ခေါ်လဲ။ အရပ်လေးမျက်နှာကနေ ဝိုင်းရံထားတယ်၊ နေရာတိုင်းမှာ ရန်သူတွေ ပြည့်နေတယ်၊ နိုင်ငံ ပျက်သုဉ်းမယ့် အန္တရာယ် ရှိနေတယ်။

တောင်ကြီး ပြိုကျလာသလို၊ ပင်လယ်ရေလှိုင်းကြီး လိမ့်ဝင်လာသလို ကောင်းကင်နဲ့ မြေကြီး ပြိုကျတော့မယ့် အခြေအနေ မျိုးလား။ ပြီးတော့ ဒီနိုင်ငံ ပျက်သုဉ်းမယ့် အန္တရာယ်ကို ဖြေရှင်းဖို့အတွက် အောက်ယွီ တစ်ယောက်တည်းကို သတ်လိုက်ရုံနဲ့ လုံလောက်တယ် ဟုတ်လား။”

ဧကရာဇ်ဟောင်းက ရယ်မောကာ ဆက်ပြောလိုက်၏။ “အောက်ယွီက တကယ်ကို တန်ဖိုးကြီးလွန်းပါတယ်။ သူက နုလန်ဟောက်ဘွဲ့ ရထားတဲ့ ပဉ္စမအဆင့် အရာရှိငယ်လေး တစ်ယောက် သက်သက်ပါပဲ။ သူ့ကို သတ်လိုက်တာနဲ့ ကျုပ်တို့ တာ့ကျိုးကို ကယ်တင်နိုင်ပြီ ဟုတ်လား။ အောက်ယွီက အရမ်း တန်ဖိုးကြီးတယ်လို့ ပြောရမလား၊ ကျုပ်တို့ တာ့ကျိုးက တန်ဖိုး မရှိဘူးလို့ ပြောရမလားပဲ။ ကောင်းကင်နဲ့ မြေကြီး ပြိုကျတော့မယ့် အခြေအနေ၊ နေရာတိုင်းမှာ ရန်သူတွေ ပြည့်နေတယ် ဟုတ်လား။”

အပိုင်း (၅၈၀)

ဧကရာဇ်ဟောင်းက ပြုံးလျက် မေးလိုက်သည်။ “ဧကရာဇ်... တကယ်ကို ကြီးမားတဲ့ အစီအစဉ်ကြီးပါပဲ။ ဒီကာလအတွင်း သည်းခံနေခဲ့တာတွေ အားလုံးက ဒီအချိန်မှာ ရူးရူးမူးမူး ပြန်လည် တိုက်ခိုက်ဖို့ အတွက်ပဲ မဟုတ်လား။ ဒီကောင်းကင်နဲ့ မြေကြီး ပြိုကျတော့မယ့် အခြေအနေမျိုးကို ဖန်တီးဖို့ အတွက်ပဲ မဟုတ်လား။”

ဧကရာဇ်က ဒူးထောက်ကာ ပြောလိုက်၏။ “ခမည်းတော်... နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို အဓိက ထားပေးတော်မူပါ။”

ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ကိုယ်တော်က အောက်ယွီရဲ့ ရာထူးကို မရုပ်သိမ်းဘူး၊ သူ့ကို မသတ်ဘူး ဆိုရင် ကျုပ်က နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို ဂရုမစိုက်တာ ဖြစ်သွားပြီလား။”

ဧကရာဇ်က ပြန်ပြောလိုက်သည်။ “ခမည်းတော်က အဲဒီလို လုပ်လိမ့်မယ်လို့ သားတော် မယုံကြည်ပါဘူး။ ခမည်းတော်ဟာ အချစ်တော်အမတ် တစ်ယောက်အတွက်နဲ့ နိုင်ငံတော်ရဲ့ လုံခြုံရေးကို လျစ်လျူရှု ထားလိမ့်မယ်လို့ သားတော် မယုံကြည်ပါဘူး။”

ဧကရာဇ်ဟောင်းက ဖြည်းညင်းစွာ ပြောလိုက်၏။ “နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို ဂရုမစိုက်တာက မင်းပါ ဧကရာဇ်။ အာဏာ ပြန်လုဖို့ အတွက် လုပ်တာကို ကျုပ် နားလည်ပါတယ်။ ဒါပေမဲ့ အာဏာ ပြန်လုဖို့အတွက် တာယင်အင်ပါယာကို သွားပြီး ရန်စတယ်၊ တာယင် တပ်တော် သိန်းချီကို နယ်စပ်အထိ ရောက်လာအောင် လုပ်တယ်။

အာဏာ ပြန်လုဖို့ အတွက် တာ့ရှီး အင်ပါယာရဲ့ မြင်းစီးတပ်ဖွဲ့တွေ သိန်းချီကို ကျုပ်တို့ တာ့ကျိုးရဲ့ နယ်စပ် မဟာတံတိုင်းကို လာတိုက်ခိုက်အောင် ဖိတ်ခေါ်တယ်။ အင်ပါယာကြီး တစ်ခုလုံးကို ဓားစာခံ လုပ်ပြီး ကျုပ် ဆိုတဲ့ ဧကရာဇ်ဟောင်းကို လာပြီး အတင်းအကျပ် ဖိအားပေးနေတာ။ မင်းရဲ့ ဒီ အစီအစဉ်က အရမ်း ကြီးမားလွန်းနေပြီ။

ဒါက ဘာနဲ့ တူလဲဆိုတော့ အဖေ တစ်ယောက်က သူ့ကလေးကို ဖမ်းပြီး ကလေးရဲ့ လည်ပင်းမှာ ဓားနဲ့ ထောက်ကာ အဘိုး ဖြစ်သူကို ခြိမ်းခြောက်နေသလိုပါပဲ။ ပိုင်ဆိုင်မှုတွေ အားလုံးကို ကျုပ်ဆီ အပ်လိုက်၊ မဟုတ်ရင် ခင်ဗျားရဲ့ မြေးကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်နေတာနဲ့ အတူတူပါပဲ။ ဒါပေမဲ့ သူ မေ့နေတာက ဒီကလေးက အဘိုးရဲ့ မြေး ဖြစ်သလို၊ သူ့ရဲ့ သားလည်း ဖြစ်တယ် ဆိုတာကိုပါပဲ။”

ဧကရာဇ်က အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ခမည်းတော် ပြောတဲ့ ဒီပြစ်မှုကို သားတော် လက်မခံရဲသလို၊ တာဝန်လည်း မယူနိုင်ပါဘူး။”

ဧကရာဇ်ဟောင်းက ဖြည်းညင်းစွာ ပြောလိုက်၏။ “နန်းကျ မိဖုရား နင်ရှီ ပြောတာ မှန်ပါတယ်။ ကျုပ်တို့ တာ့ကျိုးအင်ပါယာဟာ ဒီလို ပြည်တွင်းရေး အားပြိုင်မှုတွေကို ဆက်ပြီး သည်းမခံနိုင်တော့ပါဘူး။ ကောင်းကင်မှာ နေနှစ်စင်း မရှိသလို၊ ပြည်သူတွေမှာလည်း အရှင်သခင် နှစ်ယောက် မရှိပါဘူး။ ဒီလို အချိန်အကြာကြီး ဆက်သွားနေမယ်ဆိုရင် ကျုပ်တို့တာ့ကျိုးဟာ တကယ်ပဲ နိုင်ငံ ပျက်သုဉ်းသွားပါလိမ့်မယ်။”

ဆက်လက်၍ ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “အမတ်မင်းတို့... အောက်ယွီက ခုနကမှ ငွေသား ခုနစ်သန်းကျော် ရှာဖွေပေးခဲ့တယ်။ အဲဒါက သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး အတွက် သုံးဖို့ လုံလောက်ရုံသာမက လန်ကျိုးကို ပြန်လည် တည်ဆောက်ဖို့ အတွက်ပါ လုံလောက်ပါတယ်။

ကျိန့်ဟိုင်မြို့စား ဆီကနေ ရတဲ့ ငွေတွေ ကျတော့ တန်ဖိုး မဖြတ်နိုင်ဘူး လို့ သတ်မှတ်ပြီး အောက်ယွီ ဆီက ရတဲ့ ငွေတွေ ကျတော့ အလကား လို့ သတ်မှတ်ကြမှာလား။ ကျေးဇူးတင်စကား တစ်ခွန်း ပြောတာကို ကိုယ်တော် ကြားခဲ့ရသလား။ အောက်ယွီရဲ့ အကျိုးဆောင်မှုကို ဆုချီးမြှင့်မယ်လို့ ပြောတဲ့သူ တစ်ယောက်ယောက် ရှိသလား။

ကျိန့်ဟိုင်မြို့စားက ကျုပ်တို့ တာ့ကျိုးရဲ့ မြို့စား တစ်ယောက်ပါ။ မြို့စား တစ်ယောက်က ရေတပ်တွေကို ဦးဆောင်ပြီး ကျုပ်တို့ တာ့ကျိုးရဲ့ ကျန်းကျိုးကို လာဝိုင်းထားတယ်။ ပြီးတော့ လူသောင်းချီကို သတ်ပစ် ခဲ့တယ်။ ကျုပ်တို့ တာ့ကျိုးရဲ့ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတွေကို ပိတ်ဆို့မယ်လို့ ခြိမ်းခြောက်တယ်။ တာ့ကျိုးရဲ့ ပင်လယ်ကမ်းခြေ မြို့ရွာတွေကို သတ်ဖြတ်မယ် လို့ ခြိမ်းခြောက်တယ်။ ပြီးတော့ အောက်ယွီကို သတ်ပေးဖို့ တောင်းဆိုတယ်။

ခင်ဗျားတို့က သူ့ရဲ့ တောင်းဆိုချက်ကို အရမ်း သဘောထားကြီးတယ်လို့ ထင်နေကြတယ်။ ဒီသတ်မှတ်ချက်က အရမ်း ကောင်းတယ်လို့ ထင်နေကြတယ်။ အရှက်ကွဲစရာ ကောင်းလိုက်တာ... ကြီးမားတဲ့ အရှက်တကွဲ ကိစ္စကြီးပါပဲ။ မြို့စား တစ်ယောက် ပုန်ကန်တော့မယ် ဆိုတာကို သိသိရက်နဲ့ ခင်ဗျားတို့ရဲ့ ပထမဆုံး တုံ့ပြန်မှုက နှိမ်နင်းဖို့ မဟုတ်ဘဲ သနားညှာတာဖို့ တောင်းပန်တာ ဟုတ်လား။

အရင်တုန်းက အောက်ရှင်းဟာ ပြည်နယ် ငါးခုကို အုပ်ချုပ်ပြီး တပ်တော် သိန်းချီကို ပိုင်ဆိုင်ထားခဲ့တယ်။ တောင်ပိုင်းကို သူ အုပ်ချုပ်ထားတဲ့ အချိန်တုန်းက သံစည်ပိုင်းကြီးတစ်ခုလို ခိုင်မာခဲ့ပြီး ရေတောင် မဝင်နိုင်ဘူး၊ အပ်တောင် ထိုးဖောက်လို့ မရဘူး။

သူ့ရဲ့ ဩဇာအာဏာက စီးပြန်းထက် မကြီးမားဘူးလား။ ဒါပေမဲ့ ဧကရာဇ်ရဲ့ အမိန့်တော် တစ်စောင် ထွက်လာတာနဲ့ သူက တောင်ပိုင်းပြည်နယ် ငါးခုရဲ့ အာဏာတွေ အားလုံးကို စွန့်လွှတ်ပြီး မြို့တော်ကို ပြန်လာကာ အမည်ခံ ဖျောက်ချီ စစ်သူကြီးချုပ် တစ်ယောက် လုပ်ခဲ့တယ်။

ခင်ဗျားတို့က သစ္စာရှိတဲ့ အမတ်တွေကို အနိုင်ကျင့်တဲ့ နေရာမှာတော့ တကယ်ကို ကျွမ်းကျင်တာပဲ။ ဒါပေမဲ့ အမတ်ယုတ်တွေနဲ့ တွေ့တဲ့အခါကျတော့ အလျှော့ပေးပြီး သနားညှာတာဖို့ပဲ တွေးနေကြတယ်။ ဒီလို နန်းတွင်းမျိုး၊ ဒီလို တာ့ကျိုးအင်ပါယာမျိုးဟာ ဘယ်လိုလုပ် မပျက်စီးဘဲ နေမှာလဲ။

အရင်တုန်းက ဧကရာဇ်က အောက်ရှင်းကို ရာထူး ပြန်ပေးဖို့ လုပ်တော့ သူက ငြင်းပယ်ခဲ့တယ်။ ကိုယ်တော်က ရာထူး ပြန်ပေးဖို့ လုပ်တော့လည်း သူက ငြင်းပယ်ခဲ့တယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အောက်ယွီ မင်္ဂလာဆောင်တုန်းက ကိုယ်တော်ဟာ အောက်ရှင်းနဲ့ စကားနည်းနည်းလောက် ပြောချင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ သူက ကိုယ်တော့်ရဲ့ လက်အောက်ခံ အဟောင်း၊ အမတ်ဟောင်း တစ်ယောက် ဖြစ်နေလို့ပဲ။ ဒါပေမဲ့ စကားက ပါးစပ်ဖျား ရောက်နေပေမယ့် ပြောမထွက်ခဲ့ဘူး။ ရှက်လို့ပါ... အရှက်ကွဲရလို့ပါ။

ကျုပ်တို့ တာ့ကျိုးရဲ့ သစ္စာရှိတဲ့ အမတ်တွေဟာ နေစရာ နေရာတောင် မရှိအောင် ဖိအားပေးခံနေရတယ်။ အမတ်ယုတ်တွေကတော့ ဩဇာအာဏာ ကြီးမားနေကြတယ်။ ဒီလို တာ့ကျိုးမျိုးဟာ အစောကြီးတည်းက ပျက်စီးသင့်နေပါပြီ။

အခု ခင်ဗျားတို့က နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို အကြောင်းပြပြီး အောက်ယွီကို သတ်ခိုင်းနေတယ်။ အောက်ယွီ တစ်ယောက်တည်းကို စတေးလိုက်တာနဲ့ တာ့ကျိုးကို ကယ်တင်နိုင်မယ်လို့ ပြောနေကြတယ်။ တကယ်လို့ အဲဒီ အခြေအနေအထိ ရောက်နေပြီဆိုရင်တော့ ကျုပ်တို့ တာ့ကျိုးဟာ ပျက်စီးသွားတာကမှ ပိုကောင်းပါသေးတယ်။ အပြစ်တွေ ထပ်မပွားစေနဲ့တော့။

အမတ်မင်းတို့... ခင်ဗျားတို့ အားလုံးက ဉာဏ်ကောင်းတဲ့ သူတွေချည်းပါပဲ။ ဉာဏ်မကောင်းရင်လည်း ဒီနေရာကို ရောက်လာမှာ မဟုတ်ဘူးလေ။ ခင်ဗျားတို့ရဲ့ စိတ်ထဲမှာလည်း အားလုံး ရှင်းလင်းနေပါတယ်။ ဘာက ခင်ဗျားတို့ရဲ့ မျက်လုံးတွေကို ဖုံးကွယ်ထားနိုင်မှာလဲ။

ဧကရာဇ်က အင်အား အကောင်းဆုံး အရွယ်မှာ ရှိနေသေးပြီး ကိုယ်တော် ဆိုတဲ့ ဧကရာဇ်ဟောင်းကတော့ အသက်ကြီးပြီး အားနည်းနေပြီ။ ပြီးတော့ ခြေထောက် နှစ်ဖက်လုံး လေဖြတ်နေလို့ အသက်ရှင်ဖို့ အချိန် သိပ်မကျန်တော့ဘူးလို့ ထင်နေကြတာ မဟုတ်လား။

အကယ်၍ ကိုယ်တော့်ဘက်မှာ ရပ်တည်မယ်ဆိုရင် နှစ်အနည်းငယ် ကြာတဲ့အခါ ဧကရာဇ်ရဲ့ ရှင်းလင်း ဖယ်ရှားတာကို ခံရမယ်လို့ တွေးနေကြတာ မဟုတ်လား။ ဒါပေမဲ့ အခု... အမတ်မင်းတို့ကို ကိုယ်တော် တောင်းဆိုချင်တာက ကိုယ်တော့် ဘက်မှာလည်း မရပ်တည်ပါနဲ့၊ ဧကရာဇ် ဘက်မှာလည်း မရပ်တည်ပါနဲ့။ တာ့ကျိုးအင်ပါယာရဲ့ ရှုထောင့် ကနေပြီးတော့ပဲ စဉ်းစားပေးကြပါ။”

ဧကရာဇ်ဟောင်းသည် အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် ပြောလိုက်၏။ “အင်း... ခင်ဗျားတို့ရဲ့ ပခုံးတွေက တာဝန် မယူနိုင်ကြဘူးပဲ။”

“ဧကရာဇ်...”

ဧကရာဇ်ဟောင်းသည် အလွန် လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။ “နန်းကျ မိဖုရား ပြောတာ မှန်ပါတယ်။ ကျုပ်တို့ တာ့ကျိုးအင်ပါယာဟာ ဒီလို ပြည်တွင်းရေး အားပြိုင်မှုတွေကို ဆက်ပြီး သည်းမခံနိုင်တော့ပါဘူး။ တာ့ကျိုးမှာ ဧကရာဇ် တစ်ပါးတည်းပဲ ရှိလို့ ရပါတယ်။ ဒါကြောင့် အဆုံးအဖြတ် ပေးလိုက်ကြတာပေါ့။

ဧကရာဇ်... မင်းက လှည့်ကွက်တွေ အရမ်း မသုံးပါနဲ့။ နိုင်ငံ ပျက်သုဉ်းတော့မယ့် အကြောင်းတွေကို အမြဲတမ်း မပြောပါနဲ့။ နိုင်ငံ ပျက်သုဉ်းမယ့်အကြောင်း ပြောရရင် ကိုယ်တော်က မင်းထက် ပိုသိပါတယ်။”

ဧကရာဇ်ဟောင်းက အေးစက်စက် ပြုံးကာ ပြောလိုက်၏။ “အဲဒီတုန်းက ရှီးလျန် နိုင်ငံရဲ့ မြင်းစီး တပ်ဖွဲ့တွေဟာ မြို့တော် အရှေ့အထိ တိုက်ရိုက် ရောက်လာခဲ့ပြီး အဆုံးအစ မရှိလောက်အောင် များပြား ခဲ့တယ်။ အဲဒါကမှ ကျုပ်တို့ တာ့ကျိုးဟာ နိုင်ငံ ပျက်သုဉ်းမယ့် အချိန်နဲ့ အနီးကပ်ဆုံး အချိန်ပါပဲ။

မင်းက လူငယ် တစ်ယောက် ဖြစ်ပြီး အိမ်ရှေ့စံမင်းသား အဖြစ် ဆယ်စုနှစ်ချီ နေခဲ့ဖူးလို့ နည်းလမ်းတွေ အများကြီး သုံးတတ်တာပါ။ ဒီလို လုပ်ကြတာပေါ့။ ကျုပ်တို့ တာ့ကျိုးအင်ပါယာရဲ့ တိုင်းပြည်ကို လွှတ်ပေးလိုက်ကြရအောင်။ တာ့ကျိုးရဲ့ ပြည်သူ သန်းပေါင်းများစွာကိုလည်း လွှတ်ပေးလိုက်ကြရအောင်။ သူတို့ကို ထပ်ပြီး ဒုက္ခမပေးကြပါနဲ့တော့။”

ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “မင်းက ငြိမ်းချမ်းရေး ယူချင်ပြီး ကျိန့်ဟိုင်မြို့စားနဲ့ စကားပြောချင် နေတာ မဟုတ်လား။ ကိုယ်တော် ကတော့ စစ်တိုက်ချင်တယ်။ တောင်ပိုင်းရဲ့ တပ်တော် သိန်းချီက ဖူယန်ထူနဲ့ ကျိုးကျီ တို့ရဲ့ လက်ထဲမှာ ရှိနေတော့ သူတို့က မင်းစကားကိုပဲ နားထောင်မှာမို့ စီးပြန်းရဲ့ တပ်တော်နဲ့ စစ်တိုက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ကိုယ်တော့်ဘက်မှာကော... ကျိုးလီရဲ့ တပ်တော် သောင်းချီလောက်ပဲ စကားနားထောင်မှာပါ။ ရေတပ်က ဘယ်လောက် ကျန်သေးလဲ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “နှစ်သောင်းတောင် မပြည့်တော့ပါဘူး။”

ဧကရာဇ်ဟောင်းက မေးလိုက်သည်။ “အတိအကျ ဘယ်လောက်လဲ။

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “တစ်သောင်းသုံးထောင်ပါ။”

ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “ဟုတ်တယ်။ ရေတပ်က အင်အား တစ်သောင်းသုံးထောင်ပဲ ရှိတော့တယ်။ ကျိန့်ဟိုင်မြို့စားဘက်မှာကော ရေတပ် ဘယ်လောက် ရှိလဲ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ကျိန့်ဟိုင်မြို့စား စီးပြန်းနဲ့ ပင်လယ်ဓားပြ ပူးပေါင်းရေတပ် အားလုံး ပေါင်းရင် တစ်သိန်း ခုနစ်သောင်း ကျော်ပါတယ်။”

ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “ဒါဆိုရင် စစ်သွားတိုက်ကြတာပေါ့။ ဒီပုန်ကန်မှု နှိမ်နင်းရေး စစ်ပွဲဟာ ပင်လယ်ပြင်မှာပဲ ဖြစ်ပွားလိမ့်မယ်။ အကယ်၍ ကျုပ်တို့ ရှုံးသွားရင် ကိုယ်တော်ဆိုတဲ့ ဧကရာဇ်ဟောင်းဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး အပြစ်ကို ဆပ်ပါ့မယ်။ ဒါပေမဲ့ တခြား တောင်ပိုင်း၊ အနောက်ပိုင်း၊ မြောက်ပိုင်းက ပြဿနာတွေကိုတော့ ဧကရာဇ်က ရပ်တန့်ပေးပါတော့။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး ချက်ချင်း ဒူးထောက်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ကြ၏။ “ဧကရာဇ်ဟောင်း သေချာ စဉ်းစားပေးပါ။”

ဧကရာဇ်ဟောင်းက ရယ်မောကာ ပြောလိုက်သည်။ “ဘာတွေ သေချာ စဉ်းစားရအုံးမှာလဲ။ ကိုယ်တော်က ဧကရာဇ်ကို တောင်းပန်ပြီး အရပ်လေးမျက်နှာက ပြဿနာတွေကို ရပ်တန့်ခိုင်းလိုက်ပါပြီ။ ဒီတစ်ကြိမ် ပင်လယ်ပြင်မှာ ကျိန့်ဟိုင်မြို့စားကို သွားနှိမ်နင်းဖို့အတွက် နိုင်ငံတော် ဘဏ္ဍာတိုက် ကနေ ငွေထုတ်ဖို့ မလိုပါဘူး။

ခင်ဗျားတို့ ဆီကနေ စစ်တပ်တွေ စုစည်းဖို့လည်း မလိုပါဘူး။ အကယ်၍ ရှုံးသွားရင် ကျုပ်တို့ဘာသာ ကျုပ်တို့ လည်ပင်းလှီးပြီး သေကြမှာပါ။ ခင်ဗျားတို့ရဲ့ ချမ်းသာကြွယ်ဝမှုတွေကိုလည်း မထိခိုက်စေပါဘူး။ နေ့စဉ် ဘဝတွေကိုလည်း မထိခိုက်စေပါဘူး။”

အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး နောက်တစ်ကြိမ် ဒူးထောက်လိုက်ကြပြီး မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်လာတော့၏။

ဧကရာဇ်ဟောင်းက ပြုံးလျက် ပြောလိုက်သည်။ “အောက်ယွီ... ကျုပ်တို့ နှစ်ယောက် တာ့ကျိုး နန်းတွင်းကို ကိုယ်စားပြုပြီး ကျိန့်ဟိုင်မြို့စားအိမ်တော်ကို စစ်ကြေညာလိုက်ကြရအောင်လား။ ပုန်ကန်မှု နှိမ်နင်းရေး စစ်ပွဲကို စတင်လိုက်ကြရအောင်လား။”

ယွင်ကျုံးဟဲ့ ဒူးထောက်ကာ လျှောက်တင်လိုက်၏။ “ကျုပ် ဧကရာဇ်ဟောင်းရဲ့ နောက်ကို လိုက်ပြီး ပုန်ကန်သူနဲ့ အဆုံးအထိ တိုက်ခိုက်သွားပါ့မယ်။”

ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “စီးကောင်း... ခင်ဗျား သွားပြီး စီးပြန်းကို ပြောလိုက်။ ကျုပ်တို့ တာ့ကျိုး နန်းတွင်းက သူ့ကို စစ်ကြေညာလိုက်ပြီ၊ ပုန်ကန်မှုကို နှိမ်နင်းတော့မယ်လို့။”

စီးကောင်းက အေးစက်စက်ဖြင့် ပြောလိုက်၏။ “နားလည်ပါပြီ။ ကျုပ် အစ်ကို့ကို သေချာပေါက် ပြောပြလိုက်ပါ့မယ်။ လဝက် အတွင်းမှာ ခင်ဗျားတို့ တာ့ကျိုး ရေတပ်ကို အကုန်အစင် သတ်ပစ်မယ်။ တာ့ကျိုးရဲ့ ပင်လယ်ကမ်းခြေ မြို့ရွာတွေကို သွေးချောင်းစီးအောင် လုပ်ပစ်မယ်။ သွားခွင့်ပြုပါအုံး။”

ထို့နောက် ကျိန့်ဟိုင်မြို့စား စီးပြန်း၏ တမန်သည် ထွက်ခွာသွားတောသည်။

ဧကရာဇ်ဟောင်းက မေးလိုက်၏။ “ဧကရာဇ်... ဒီရလဒ်ကို မင်း ကျေနပ်ရဲ့လား။ ဒီရေတပ်တိုက်ပွဲ ရှုံးသွားရင် ငါ့ဘာသာငါ လည်ပင်းလှီးပြီး သေမယ်။ မင်းကို အဖေကို သတ်တယ် ဆိုတဲ့ နာမည်ဆိုး မရစေရဘူး။ ဒါပေမဲ့ ဒီစစ်ပွဲ နိုင်သွားရင်တော့ မင်းရဲ့ ဧကရာဇ် နေရာကို လုံးဝ ထားစရာ မလိုတော့ဘူး ဆိုတာ နားလည်လား။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး တုန်လှုပ် သွားကြတော့သည်။

ဤသည်မှာ တကယ့်ကို အဆုံးစွန် အခြေအနေသို့ ရောက်ရှိသွားခြင်းဖြစ်ပြီး လက်နက်ချင်း ထိပ်တိုက် တွေ့နေကြပြီ ဖြစ်သည်။ ဧကရာဇ် နှစ်ပါး အနက် တစ်ပါး သာ အသက်ရှင်ခွင့် ရှိတော့မှာဖြစ်၏။

“သားတော် နားလည်ပါတယ်။” ဧကရာဇ်က ဒူးထောက်ကာ ပြောလိုက်သည်။

All Chapters