← Chapters

အခန်း ၄၇၆

Vol. 45 Ch. 476

အခန်း ၄၇၆

Vol. 45 Ch. 476

အခန်း ၄၇၆ - ငါတို့က လမ်းစဥ်မတူဘူး

ထိုက်စီးအဆောင်စာရွက်၏ စွမ်းအားများက ချက်ချင်းမြင့်တက်လာပြီး တံခွန်သခင်နှင့် ဧကရာဇ်ခန်းမတမန်တော်တို့၏ တိုက်ပွဲအား သတ်မှတ်ထားသော နေရာတစ်ခုအတွင်း ပိတ်လှောင်လိုက်သည်၊ တစ္ဆေတစ်သောင်းတံခွန်ကို ဖြန့်ကျက်လိုက်ရာ စစ်မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေ၏။ တံခွန်သခင်၏ မျက်နှာပေါ်တွင် ယုံကြည်မှုတို့ အပြည့်ရှိနေသည်၊ မူလသဘောတရားတံဆိပ် မရှိသည့်အတွက် ဤတမန်တော်မှာ သူ၏မျက်လုံး၌ သာမန်ပစ်မှတ်တစ်ခုမျှသာ...

"သေစမ်း"

သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး တိုက်ခိုက်မှုတိုင်းတွင် ကမ္ဘာလောကကိုပင် ပျက်စီးစေနိုင်သော အားကောင်းသည့် မသေမျိုးစွမ်းအင်များကို ထုတ်လွှတ်လိုက်သည်၊ အာကာသအက်ကွဲကြောင်းများနှင့် ထပ်ဆင့်အလွှာများမှာ သူ၏ပြင်းထန်လှသော တိုက်ခိုက်မှုများကြောင့် တုန်ခါနေပြီး သာမန်မူလသဘောတရားအဆင့်များကိုပင် တုန်လှုပ်သွားစေနိုင်စွမ်းရှိ၏။

ထိုအချိန်တွင် တမန်တော်၏ လက်ထဲမှ သွေးရောင်ဓားတစ်လက် ထွက်ပေါ်လာပြီး ပြင်းထန်သော အညှိုးအတေးစွမ်းအင်များဖြင့် တောက်ပနေပြီး စစ်မှန်သော မုန်းတီးမှုအငွေ့အသက်ကို ဆောင်ကျဉ်းထား၏။

ထို့နောက် သွေးရောင်ဓားနှင့် တံခွန်သခင်၏ စွမ်းအားတို့ ထိပ်တိုက်ထိတွေ့မိသောအခါ အမှောင်အင်အားစုကြီးနှစ်ခု စစ်ခင်းနေသကဲ့သို့ လောကကြီးတစ်ခုလုံး ဆိုးယုတ်မှုတို့ဖြင့် ပြည့်နှက်သွား၏။

ဝုန်း....။

ပထမဆုံး အကြိမ် ထိတွေ့တိုက်ခိုက်မှုမှာ မျှော်လင့်ထားသည့်အတိုင်းပင်....တံခွန်သခင်က ဧကရာဇ်ခန်းမတမန်တော်ထက် အသာစီးရနေသည်။

နဂါးဖြူချောက်ကမ်းပါးသခင်က မျက်ခုံးများကျုံ့ကာ မှတ်ချက်ချ၏။

"ထိုက်ဟွမ်နန်းတော်ရဲ့ အကူအညီနဲ့ဆိုရင် တံခွန်သခင်က ဒီတမန်တော်ကို အနိုင်ယူနိုင်ဖို့ အခွင့်အရေးရှိတယ်"

ရှန်လော့ကောင်းကင်ဘုံသခင်ကလည်း တိုက်ပွဲကို သေချာကြည့်နေရင်းမှ ဆို၏။

"ငါ့ကို စိတ်ရှုပ်စေတာက တမန်တော် ဘာကြောင့် ဆန်းကြယ်နယ်မြေထဲကနေ ထွက်လာတာလဲဆိုတာပဲ၊ သူသာ ပုန်းနေခဲ့ရင် ထိုက်စီအဆောင်စာရွက်ရဲ့ ပိတ်လှောင်မှုထဲ ရောက်မှာမဟုတ်ဘူး"

"သူ ကြိုမတွေးထားမိတာ ဖြစ်နိုင်တယ်" ၊ အခြားသူတစ်ဦးက မှတ်ချက်ပေးသည်။

"သူက ငါတို့ဆဌမကောင်းကင်ဘုံရဲ့ မြင့်မြတ်နယ်မြေတွေ တစ်ခုခုထဲကဆိုတာတော့ အသေအချာပဲ"

တိုက်ပွဲ ဆက်လက်ပြင်းထန်နေချိန်တွင် မူလသဘောတရားအဆင့်ပုဂ္ဂိုလ်များကြား အချင်းချင်း ခန့်မှန်းပြောဆိုနေကြသည်၊ အပြန်အလှန် တိုက်ခိုက်မှုပေါင်း တစ်ရာကျော်အတွင်း တံခွန်သခင်က အသာစီးရထားသော်လည်း သူ၏ပြိုင်ဘက်အား ထိခိုက်မှုတစ်စုံတစ်ရာ မပေးနိုင်သေးချေ။

တံခွန်သခင်က အနည်းငယ်အံသြသလိုဖြင့် ပြုံးလိုက်သည်။

"ကောင်းတယ်၊ မင်းမှာ လက်ရည်နည်းနည်းတော့ ရှိသားပဲ၊ ဒါပေမဲ့ အခုတော့ ငါ တကယ်လုပ်တော့မယ်"

သူသည် ပြိုင်ဘက်ကို အကဲခတ်ပြီးနောက် အင်အားအပြည့်ဖြင့် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်၊ တမန်တော်မှာ မူလသဘောတရားတံဆိပ် မရှိသော်လည်း သာမန်အတိုင်းဆိုပါက တိုက်ပွဲမှာ အဆုံးမရှိ ဆက်ဖြစ်နေမည် ဖြစ်သည်။ ထို့ကြောင့် သူသည် တစ္ဆေတစ်သောင်းတံခွန်၏ စွမ်းအားအပြည့်ဖြင့် အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။

"တစ္ဆေတစ်သောင်းတံခွန်ကို ပေးလိုက်၊ ငါ မင်းကို ဂုဏ်သိက္ခာရှိရှိ သေခွင့်ပေးမယ်"

တံခွန်မှာ ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး ၎င်း၏မကောင်းဆိုးဝါး အငွေ့အသက်များမှာ အရိုးထဲအထိ အေးစက်သွားစေသည်၊ မှောင်မိုက်သော အရိပ်များကြားတွင် ကြောက်မက်ဖွယ်ကောင်းသော ရုပ်ပုံများမှာ လက်သည်းများ ထုတ်လျက် ရှေ့သို့ တိုးဝင်လာပြီး သူတို့၏မျက်နှာများမှာ အမုန်းတရားနှင့် နာကျင်မှုတို့ဖြင့် ရှုံ့တွနေကုန်၏။ တစ္ဆေများ၏ မျက်လုံးတိုင်းမှာ ကျိယွမ်ကိုသာ စိုက်ကြည့်နေပြီး သူတို့ကို သတ်ဖြတ်ခဲ့သူဟု မြင်နေကြသည်။

တံခွန်သခင်သည် တစ္ဆေတစ်သောင်းတံခွန်ကို သူ၏စွမ်းအင်နှင့် ပေါင်းစပ်ထားခဲ့သည်မှာ ကြာပြီဖြစ်ရာ လက်စားချေဝိညာဉ်များကို အသုံးချကာ သူ၏ရန်သူများကို လူသတ်သမားများအဖြစ် မြင်စေသည်။ တံခွန်၏ လွှမ်းမိုးမှုအောက်တွင် ဝိညာဉ်တိုင်းက လက်စားချေရန် ကြိုးပမ်းနေသကဲ့သို့ တိုက်ခိုက်ကြ၏။

ကျိယွမ်သည် အန္တရာယ်နီးကပ်လာသည်ကို ရိပ်မိပြီး သူ၏ကိုယ်ပိုင်တံခွန်ကို အလိုလို ဆင့်ခေါ်လိုက်သည်။

"မင်းမှာ တစ္ဆေတစ်သောင်းတံခွန် ရှိသလို ငါ့မှာလည်း လူသားဧကရာဇ်တံခွန် ရှိတယ်"

ကျိယွမ်က အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်ပြီး စုတ်ပြဲနေသော်လည်း ကြီးကျယ်ခမ်းနားသော တံခွန်ကို ဝှေ့ယမ်းလိုက်သည်။ ရှေးဟောင်း ရှုပ်ထွေးသော ပုံစံများဖြင့် ပြည့်နှက်နေသည့် ၎င်းမှာ ဖြောင့်မတ်ခြင်းအရှိန်အဝါကို ပေါင်းစပ်ထားသော ရှေးဟောင်းပစ္စည်းတစ်ခု ဖြစ်သည်၊ ၎င်း၏ပြင်းထန်ပြီး မယိမ်းယိုင်သော အလင်းရောင်မှာ တစ္ဆေတစ်သောင်းတံခွန်၏ မကောင်းသော အငွေ့အသက်နှင့် ဆန့်ကျင်ဘက်ဖြစ်၏။

ထိုမြင့်မြတ်သော အလင်းရောင်အောက်တွင် သူ၏သွေးရောင်ချပ်ဝတ်တန်ဆာမှာ ပို၍ပင် ထူးခြားဆန်းကြယ်နေသည်။ တစ်ဖက်တွင် သွေးရောင်ဓားကို ကိုင်ဆွဲပြီး တစ်ဖက်တွင် လူသားဧကရာဇ်တံခွန်ကို ကိုင်ထားကာ ကျိယွမ်မှာ နတ်ဘုရားတစ်ပါးနှင့် မကောင်းဆိုးဝါးတစ်ပါး ပေါင်းစပ်နေသကဲ့သို့ ဖြစ်နေသည်။

"မိစ္ဆာနဲ့ နတ်ဆိုးတွေအားလုံး အခုချက်ချင်း သန့်စင်ခြင်းခံကြ"

သူ၏ဓားမှာ လျှပ်တစ်ပြက် တောက်ပသွားပြီး လူသားဧကရာဇ်တံခွန်မှ သန့်စင်သော အလင်းတန်းများ ပေါ်ထွက်ကာ တစ္ဆေတစ်သောင်းတံခွန်၏ မကောင်းသော အငွေ့အသက်ကို ဖယ်ရှားလိုက်သည်။ ဝိညာဉ်များ၏ ငိုညည်းသံမှာ လေထဲတွင် ပျံ့နှံ့သွားပြီး သန့်စင်ခြင်းကို ပြင်းပြင်းထန်ထန် တုံ့ပြန်နေလေ၏။

"လူသားဧကရာဇ်တံခွန်လား" ၊ မူလသဘောတရားအဆင့်ပုဂ္ဂိုလ်များက အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။

ဤမျှစွမ်းအားကြီးသော တိုက်ခိုက်ရေးပစ္စည်းမျိုးကို မူလသဘောတရားအဆင့်ပုဂ္ဂိုလ်များကပင် နှစ်ပေါင်းများစွာ သန့်စင်မှ ရရှိနိုင်သည်၊ယခုလို လက်နက်မျိုးရှိနေလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားသလို တံခွန်သခင်ကိုယ်တိုင်ပင် မယုံကြည်နိုင်အောင် ဖြစ်နေသည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ လူသားဧကရာဇ်တံခွန်က တကယ်ရှိနေတာလား" ။ သူ တုန်လှုပ်စွာ ရေရွတ်လိုက်ပြီး တံခွန်အား သေချာစစ်ဆေးလိုက်၏။

တမန်တော်သည် တစ္ဆေစိုးမိုးကောင်းကင်ကို တိုက်ခိုက်တိုင်း တံခွန်များအားလုံးမှာ လူသားဧကရာဇ်တံခွန်၏ လက်အောက်ခံဖြစ်ပြီး တစ္ဆေတစ်သောင်းတံခွန်မှာ ဧကရာဇ်ခန်းမနှင့် ထိုက်တန်ကြောင်း ပြောလေ့ရှိသည်။ ယခုအချိန်အထိ တံခွန်သခင်က ထိုစကားများကို ကြွားလုံးထုတ်သည်ဟုသာ ထင်ခဲ့၏၊ သူသည် ၎င်းကို မူလပိုင်ရှင်ထံမှ ဆက်ခံခဲ့ပြီးနောက် ကိုယ်တိုင် ပြည့်စုံအောင် လုပ်ထားခဲ့ခြင်း ဖြစ်သဖြင့် အခြားသူက ပိုင်ပါသည်ဟု လာပြောသောအခါ မယုံခဲ့ပေ။

ကျိယွမ်က သူ့ကို ဂရုမစိုက်ပါ ။ သူက လူသားဧကရာဇ်တံခွန်ကို မြှောက်ကိုင်လျက် လေးနက်သော အသံဖြင့် ပြောသည်။

"မတရားမှုရှိတဲ့ နေရာတိုင်းမှာ ဒီတံခွန်က အမှန်တရားကို ဖော်ထုတ်ပေးလိမ့်မယ်"

တစ်ဖက်တွင် သတ်ဖြတ်လိုစိတ်ဆောင်သော ဓား၊ တစ်ဖက်တွင် ဖြောင့်မတ်သောအလင်းရောင်ဆောင်သော တံခွန်ကို ကိုင်ဆွဲလျက် ကျိယွမ် ရှေ့သို့ တိုးဝင်သွားသည်၊ သွေးရောင်နှင့် မြင့်မြတ်သော စွမ်းအင်များမှာ ရောယှက်နေပြီး အလွန်ပင် တောက်ပနေသည်။

"တိုက်ခိုက်"

သူက အော်ဟစ်ကာ တံခွန်ကို ဝှေ့ယမ်းလိုက်၏။

တံခွန်သခင်မှာ ထိတ်လန့်စွာ နောက်သို့ ဆုတ်လိုက်ရသည်။ လူသားဧကရာဇ်တံခွန်၏ စွမ်းအားအောက်တွင် သူ၏တစ္ဆေတစ်သောင်းတံခွန်မှာ ကြောင်ကိုမြင်သော ကြွက်တစ်ကောင်ကဲ့သို့ ကျုံ့ဝင်သွား၏။ နတ်ဆိုးများ၏ အော်သံမှာ သဘာဝရန်သူတော်နှင့် တွေ့ဆုံရသကဲ့သို့ ပဲ့တင်ထပ်နေသည်။

တံခွန်သခင်၏ စိုးရိမ်မှုများ မြင့်တက်လာသည်၊ သူ၏ပြိုင်ဘက်၌ ဤမျှဖျက်ဆီးနိုင်စွမ်းရှိသော ပစ္စည်းမျိုး ရှိနေလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့မိပေ။

ကျိယွမ်၏ အသံမှာ စစ်မြေပြင်တစ်ခုလုံးကို တုန်ခါသွားစေသည်။

"တစ္ဆေတစ်သောင်းတံခွန်၊ မင်းတို့ အများကြီး ခံစားခဲ့ရပြီ၊ မကောင်းမှုဆိုတာ မင်းတို့ရဲ့ အပြစ်မဟုတ်ဘူး"

လူသားဧကရာဇ်တံခွန် တောက်ပလာပြီး တစ္ဆေတစ်သောင်းတံခွန်ပေါ်တွင် ထူးဆန်းသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။

"မင်း ဘာလုပ်နေတာလဲ" ။ တံခွန်သခင်က ထိတ်လန့်စွာ အော်ဟစ်သည်။

"ငါဟာ ကျင့်ကြံခြင်းလောကရဲ့ ပျက်စီးယိုယွင်းနေတဲ့ လမ်းကြောင်းတွေကို သန့်စင်နေတာ၊ အရာအားလုံးကို အမှန်အတိုင်း ဖြစ်စေဖို့ ဒီနေရာကို ရောက်လာတာ" ။ ကျိယွမ်က တည်ငြိမ်စွာ ပြောရင်း တစ္ဆေတစ်သောင်းတံခွန်ကို ကြည့်လိုက်သည်။

တစ္ဆေတစ်သောင်းတံခွန်မှာ ပျက်စီးယိုယွင်းနေသော ကျင့်ကြံခြင်းလောက၏ ထွက်ကုန်တစ်ခုဖြစ်ပြီး လက်စားချေဝိညာဉ်အမြောက်အမြားကို ပေါင်းစပ်ကာ ပြုလုပ်ထားသော ယုတ်ညံ့သည့်ပစ္စည်း ဖြစ်သည်။

တံခွန်ကို ကြည့်ရင်း ကျိယွမ်က ဆက်ပြောသည်။

"တံခွန်၊ မင်း မှားယွင်းမှုတွေ လုပ်ခဲ့တယ်ဆိုတာ ငါ သိတယ်၊ ဒါပေမဲ့ ဒါက မင်းအပြစ်မဟုတ်ဘူး၊ ဒီလောကရဲ့ အပြစ်သာ ဖြစ်တယ်၊ မင်း လူသားဧကရာဇ်တံခွန်နဲ့ ပူးပေါင်းပြီး ငါ့ကို အပြောင်းအလဲတစ်ခု ဖြစ်အောင် ကူညီမလား"

မဟာမေ့လျော့ခြင်းစိတ်ကျမ်းကို အသုံးပြုလျက် ကျိယွမ်၏ စည်းရုံးနိုင်စွမ်းရှိသော အသံမှာ တစ္ဆေတစ်သောင်းတံခွန်အတွင်းသို့ ရောက်ရှိသွားပြီး ဝိညာဉ်များကြားတွင် သံသယများ ဖြစ်ပေါ်စေသည်။

တံခွန်သခင်မှာ စိတ်ပူပန်လာ၏။တံခွန် ဝိညာဉ်များမှာ ခေတ္တရပ်တန့်ကာ တုန်လှုပ်နေသည်ကို သူမြင်လိုက်ရသဖြင့် ပို၍စိတ်ပူလာလေသည်။

"တော်စမ်း.."

တံခွန်သခင်က အသံနက်ကြီးဖြင့် အော်ဟစ်ကာ ကျိယွမ်ကို အသည်းအသန်တိုက်ခိုက်သည်။ သို့သော် တစ္ဆေတစ်သောင်းတံခွန်မှာ မလှုပ်မယှက်နှင့် ခုခံနေသည့်အပြင် တစ္ဆေစိုးမိုးကောင်းကင်မှ အခြားမူလသဘောတရားအဆင့်ပုဂ္ဂိုလ်သုံးဦး၏ အကူအညီရှိသော်လည်း တစ္ဆေတစ်သောင်းတံခွန်က ငြိမ်သက်နေမြဲပင်။

ဗြိ..ဗြိ...

သူ ထိတ်လန့်စွာ ကြည့်နေစဉ် တစ္ဆေတစ်သောင်းတံခွန်၏ ငါးပုံတစ်ပုံမှာ စုတ်ပြဲသွားပြီး လူသားဧကရာဇ်တံခွန်ဆီသို့ လွင့်စင်သွားသည်။ တံခွန်သခင်၏ မျက်နှာမှာ ဒေါသနှင့် စိတ်ပျက်အားငယ်မှုတို့ဖြင့် ရှုံ့တွသွားသည်။

"မဟုတ်ဘူး" ။ သူ နာကြင်စွာ အော်ဟစ်လိုက်သော်လည်း အချည်းနှီးသာ ဖြစ်၏။ ကြည့်ရှုနေသော မူလသဘောတရားအဆင့်ပုဂ္ဂိုလ်များမှာ တစ်ဦးကိုတစ်ဦး စိုးရိမ်စွာ ကြည့်လိုက်ကြသည်။

"တစ္ဆေတစ်သောင်းတံခွန်က တကယ်ပဲ လူသားဧကရာဇ်တံခွန်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေတာလား" ။ တစ်ဦးက သံသယစကားဆိုလာသည်။

"ဧကရာဇ်ခန်းမတမန်တော်က ဒီတိုက်ပွဲကို အစကတည်းက စီစဉ်ထားတာ ဖြစ်နိုင်တယ်၊ တံခွန်သခင်ကို သူ့တံခွန်ထုတ်လာအောင် လှုံ့ဆော်ပြီးမှ စုပ်ယူလိုက်တာပဲ" ၊ အခြားတစ်ဦးက ယခုမှ သဘောပေါက်လာသလို ထင်မြင်ချက်ပေးသည်။

"ဒီအတိုင်း ဆက်ဖြစ်နေရင် သူ တစ္ဆေတစ်သောင်းတံခွန်တစ်ခုလုံး ဆုံးရှုံးသွားတော့မှာပဲ"

သူပြောသလိုပင် တစ္ဆေတစ်သောင်းတံခွန်၏ အစိတ်အပိုင်းများမှာ လူသားဧကရာဇ်တံခွန်ထဲသို့ ပို၍ ပို၍ ပေါင်းစပ်ဝင်ရောက်သွားပြီး သူ၏စစ်မှန်သော အိမ်သို့ ပြန်လာသကဲ့သို့ ဖြစ်နေသည်။

ကျိယွမ်က ယုံကြည်ချက်ခိုင်မာစွာ အော်ပြောလိုက်သည်။

"အမှားကို သိတဲ့အချိန်မှာ ပြန်ပြင်တာထက် မြင့်မြတ်တာ မရှိဘူး၊ တံခွန်သခင်၊ တစ္ဆေတစ်သောင်းတံခွန်တောင် အမှန်တရားကို မြင်သွားပြီ၊ မင်းလည်း မင်းကိုယ်မင်း အဆုံးစီရင်ပြီး ငါ့တံခွန်ထဲ ဝင်လာတော့မလား၊ ငါ မင်းအတွက် ဝိညာဉ်ငယ်လေးတစ်ပါးအနေနဲ့ နေရာပေးပါ့မယ်"

"မင်း..."

တံခွန်သခင်မှာ ထိုက်စီအဆောင်စာရွက်ကို အသုံးပြုခဲ့မိသည့်အတွက် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲနေမိသည်။ ၎င်း၏ပိတ်လှောင်မှုကြောင့် သူသည်လည်း လွတ်မြောက်နိုင်ခြင်းမရှိဘဲ သူ၏အဖိုးတန်ပစ္စည်းမှာ ကျိယွမ်၏ လူသားဧကရာဇ်တံခွန်ထဲသို့ စုပ်ယူခံနေရသည်ကိုသာ ကြည့်နေနိုင်တော့သည်။

တိုက်ပွဲမှာ ကြာရှည်နေပြီး အချိန်ကြာလာသည်နှင့်အမျှ တစ္ဆေတစ်သောင်းတံခွန်မှာ အချိန်ကြာလေ ပိုမိုသေးငယ်လေ ဖြစ်နေခဲ့သည်။ တံခွန်သခင်မှာ အစွမ်းထက် လက်နက်တစ်ခု ပျက်စီးသွားသည်ကို မြင်ရပြီး စိတ်ပျက်အားငယ်မှုဖြင့် ပို၍ပင် ဆိုးရွားလာသည်။

ထိုအချိန်တွင် အလင်းရောင်တစ်ခု ပေါ်လာပြီး တံခွန်သခင်က ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

"မူလစစ်မှန်အရှင်၊ ထိုက်စီအဆောင်စာရွက်ကို ဖယ်ရှားပေးဖို့ ကူညီပါဦး"

မူလစစ်မှန်အရှင်၏ပုံရိပ်က ရုတ်တရက်ဆင်းသက်လာပြီး မူလသဘောတရားအဆင့်ပုဂ္ဂိုလ်အားလုံး၏ အာရုံကို ဖမ်းစားသွားသည်။

ထိုပုံရိပ်က လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဖယ်ရှားလိုက်"

ထိုက်စီအဆောင်စာရွက်၏ စွမ်းအားမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဖြစ်သဖြင့် ချက်ချင်းလိုလို လျော့ကျသွား၏။ ၎င်း၏လွှမ်းမိုးမှု လျော့ပါးသွားသောအခါမှသာ တံခွန်သခင်မှာ သက်ပြင်းချလိုက်နိုင်သည်။ သူ၏အဖိုးတန်လက်နက်မှာ ပျက်စီးသွားသော်လည်း အစိတ်အပိုင်းတစ်ခု ကျန်ရှိနေသေးသဖြင့် သူသည် ဒုတိယအဆင့် မူလသဘောတရားပုဂ္ဂိုလ်များကြားတွင် အားနည်းဆုံးဖြစ်နေပါစေဦးတော့ သူ၏ရာထူးကို ဆက်ထိန်းထားနိုင်သည်။

ချက်ချင်းဆိုသလို သူပြန်လှည့်ကာ ထွက်ပြေးလိုက်၏။ သို့သော် အလင်းတန်းနှစ်ခုမှာ သူ၏လမ်းကြောင်းကို ပိတ်ဆို့လိုက်သဖြင့် သူ တုံ့ဆိုင်းသွားစဉ် ကျိယွမ်မှာ အနီးသို့ ရောက်လာသည်။ တံခွန်သခင်၏ နောက်ဆုံးကျန်ရှိနေသော တစ္ဆေတစ်သောင်းတံခွန် အစိတ်အပိုင်းမှာ လူသားဧကရာဇ်တံခွန်ထဲသို့ စုပ်ယူခံလိုက်ရတော့သည်။

"မဟုတ်ဘူး" ၊ သူ ကြေကွဲစွာ အော်ဟစ်လိုက်၏။

ဧကရာဇ်တံခွန်၏ ရှေ့မှောက်တွင် သူ ဆက်၍ မခုခံနိုင်တော့ပါ။ ဒေါသနှင့်အတူ အညှိုးတကြီးဖြင့် ထွက်ပြေးစဉ် ထိုနေရာတွင် ရှိနေသူတို့၏ လှောင်ပြောင်သံများကို သူ ကြားလိုက်ရသည်။

"တံခွန်သခင်၊ ငါ ဝင်မစွက်ဖက်ဘူးနော်"

"ငါလည်း မဟုတ်ဘူး"

"ငါလည်းဘာမှမလုပ်ဘူးနော် "

"ငါ့ဘာသာ ကြည့်နေတာ"

တံခွန်သခင် ဆုံးရှုံးရသည်ကို မည်သူမျှ စာနာခြင်းမရှိကြပေ။

တိုက်ပွဲမှာ တံခွန်သခင် ထွက်ပြေးရပြီး သူ၏တံခွန်ကို ဆုံးရှုံးလိုက်ရခြင်းဖြင့် အဆုံးသတ်သွားပြီး ကျန်ရှိနေသော ပုဂ္ဂိုလ်များမှာ ယနေ့ဖြစ်ပျက်သွားသည်များကို စဉ်းစားနေကြ၏။

တံခွန်သခင်၏ ဆုံးရှုံးမှုမှာ ကြီးမားသော ထိုးနှက်ချက်တစ်ခုပင်။ ဆဌမကောင်းကင်ဘုံတွင် ထိုမျှစွမ်းအားကြီးသော တိုက်ခိုက်ရေးပစ္စည်းမျိုး အနည်းငယ်သာ ရှိသည်။

ကျိယွမ်က မူလစစ်မှန်အရှင်ကို စူးရဲသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"ရာဇဝတ်သားကို ထွက်ပြေးအောင် ကူညီတာကလည်း ရာဇဝတ်မှုတစ်ခုပဲ"

မူလသဘောတရားအဆင့်ပုဂ္ဂိုလ်များမှာ ထိုစကားကို ကြားပြီး အံ့အားသင့်သွားကြသည်။ နဂါးဖြူချောက်ကမ်းပါးသခင်ပင် စိတ်ဝင်စားသွားဟန်ရှိသည်။

အဆုံးမဲ့ချောက်ကမ်းပါးသခင်က ခနဲ့လိုက်သည်။

"ဧကရာဇ်ခန်းမတမန်တော်၊ သူက ဘယ်သူလဲဆိုတာ မင်း သိရဲ့လား၊ သူက ထိုက်ဟွမ်နန်းတော် အရှင်သခင်သုံးပါးထဲက တစ်ပါးပဲ"

"ဟွန့်...အရှင်တွေဘာတွေ နားမလည်ဘူး ၊၊ဧကရာဇ်တစ်ပါးဖြစ်ပါစေ၊ ဥပဒေဆိုတာ ရှိရမယ်၊ သူ ဒီနေ့ ရာဇဝတ်မှု ကျူးလွန်ခဲ့ရင် သူ အပြစ်ရှိတာပဲ" ။ ကျိယွမ်က တည်ငြိမ်စွာ ပြန်ပြောသည်။

မူလသဘောတရားအဆင့်ပုဂ္ဂိုလ်များမှာ စကားမပြောနိုင် ဖြစ်သွားကြ၏။သူနှင့် ပူးပေါင်းရန် စဉ်းစားနေသူများပင် ပြန်လည်စဉ်းစားသွားကြသည်။

မူလစစ်မှန်အရှင်၏ အကြည့်များကလည်း အေးစက်သွားသည်။

"မင်း ထိုက်ဟွမ်နန်းတော်ကို ဘယ်လို 'တရားစီရင်' မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"

"အေး...ငါ့လေ့ကျင့်မှု ပြီးသွားရင် ကိုယ်တိုင် လာခဲ့မယ်" ။ ကျိယွမ်က ပျင်းရိစွာ သမ်းဝေရင်းမှ လက်ခါပြလိုက်၏။ သူ၏ပုံစံမှာ ပေါ့ဆနေသော်လည်း သူ၏အသံမှာ လေးနက်သော အဓိပ္ပာယ်ကို ဆောင်နေသည်။

"ဒါဆိုရင် ထိုက်ဟွမ်နန်းတော်မှာ ငါ စောင့်နေမယ်" ၊ မူလစစ်မှန်အရှင်က ပြောပြီးသည်နှင့် ပုံရိပ်မှာ ပျောက်ကွယ်သွားသည်။

အခြားမူလသဘောတရားအဆင့်ပုဂ္ဂိုလ်များလည်း ပြန်လည်ထွက်ခွာသွားကြပြီး ကျိယွမ်ကို ရိုသေခြင်းနှင့် အတူ စိုးရိမ်သလိုလည်း ကြည့်သွားကြ၏။

တစ်ဦးတည်း ကျန်ခဲ့သောအခါ ကျိယွမ်သည် ရွာသားများ၏ အလောင်းများ ပြန့်ကျဲနေသော ပျက်စီးနေသည့် မြို့လေးဘေးသို့ ရောက်လာသည်။ သူ မျက်လုံးကို မှိတ်လိုက်ပြီး ထိုရွာသားများ၏ နောက်ဆုံးအချိန်များကို စိတ်ထဲတွင် မြင်ယောင်လာသည်။

တောင်ပေါ်ကျောင်းတော်သို့ ပစ္စည်းများ သယ်ဆောင်ရင်း အသက်ဆုံးရှုံးသွားခဲ့ရသည့် ရွာသားများ၏ ပုံရိပ် ဖြစ်သည်။

"ကံကောင်းတာက သူတို့ကို မျိုးစေ့ကျန်ခဲ့အောင် ငါ လုပ်ပေးထားခဲ့လို့ပဲ" ၊ ကျိယွမ်က ရေရွတ်လိုက်သည်။ အနီးအနားတွင် သူချန်ထားခဲ့သော လျှို့ဝှက်အမှတ်အသားများကို အသက်သွင်းလိုက်ပြီး ထိုအမှတ်အသားများကြောင့် မြေအောက်ကမ္ဘာတွင် ရင်းမြစ်များရှိသရွေ့ ထိုလူများကို ပြန်လည်ရှင်သန်စေလိမ့်မည်။

ထိုအခိုက် ဝတ်ရုံခြုံထားသောသူတစ်ဦးက သူ၏နောက်မှာ စကားပြောလာသည်။

"မင်း ဘာလုပ်နေတာလဲ"

ကျိယွမ် မော့ကြည့်လိုက်ရာ နဂါးဖြူချောက်ကမ်းပါးသခင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

"သူတို့ကို အလုပ်သစ် ရှာပေးနေတာပါ" ၊ ကျိယွမ်က တိုတိုတုတ်တုတ် ပြောလိုက်သော်လည်း သူမအနီးသို့ မကပ်​မိအောင်သတိထားပြီး စိတ်မသက်မသာ ဖြစ်နေသည်။

"တော်တော် သဘောကောင်းတာပဲ" ၊ နဂါးဖြူချောက်ကမ်းပါးသခင်က ပြုံးကာ ​မှတ်ချက်လေသည်။ သူမက ကျိယွမ်ကို အလောင်းများအား သေသေချာချာလေး မြေမြှုပ်ပေးနေသည်ဟု ထင်နေခြင်းပင် ၊ သာမန်လူများအတွက် ပြန်လည်ရှင်သန်ရန်မှာ မဖြစ်နိုင်သောကြောင့် မြေမြုပ်ပစ်ခြင်းက အကောင်းဆုံးလုပ်ဆောင်ပေးခြင်း ဖြစ်၏။

"ကျန်တဲ့တစ်ယောက်ကရော ဘာလို့မပြန်သေးတာလဲ " ၊ ကျိယွမ်က အကွာအဝေးတစ်ခု ထိန်းထားရင်း အခြား ပုံရိပ်တစ်ခုကို အော်မေးလိုကိသည်။

အနည်းငယ်အိုမင်းနေသော အသံတစ်ခုပေါ်လာ၏။

"ငါက မင်းကို မူလသဘောတရားအသင်းမှာ ဂုဏ်ထူးဆောင်အဖွဲ့ဝင်အဖြစ် ဖိတ်ခေါ်ဖို့ လာခဲ့တာပါ"

မူလသဘောတရားအသင်းမှ အဖွဲ့ဝင်တစ်ဦး ပေါ်လာကာ ကျိယွမ်ကို ကမ်းလှန်းလိုက်သည်။သို့သော် ကျိယွမ်က ချက်ချင်း ငြင်းလိုက်သည်။

"ငါမဝင်ဘူး .."

"မင်း ထိုက်ဟွမ်နန်းတော်ကို ဆန့်ကျင်ဖို့ မဟာမိတ်ဖွဲ့ချင်မယ်လို့ ငါ ထင်ခဲ့တာ" မူလသဘောတရားအသင်းမှ အကြီးအကဲက ယုံကြည်မှုရှိစွာ ဆို၏။

ကျိယွမ် ခေါင်းခါလိုက်သည်။

"မင်းတို့နဲ့ ပူးပေါင်းတယ်ဆိုတာ အလျှော့ပေးလိုက်ရတာမျိုးပဲ၊ တကယ်လို့ မင်းတို့ မကောင်းမှုတွေ လုပ်နေတာကို မြင်ရင် ငါ့တံခွန်ရဲ့ ဂုဏ်သိက္ခာအတွက် ငါ ဝင်လုပ်မိမှာဆိုတော့ ပေါင်းနေလည်း မထူးပါဘူး"

ထိုအကြီးအကဲမှာ စကားမပြောနိုင်ဘဲ ဖြစ်သွားပြီး ကျိယွမ်၏ စံနှုန်းများမှာ ဟန်ဆောင်မှုသက်သက်ဟု သူတို့ ထင်ခဲ့ခြင်းမှာ မှားယွင်းသွားသည်ကို သဘောပေါက်သွား၏။

"မင်း တကယ် ပြောနေတာလား" ၊ သူ က တွန့်ဆုတ်စွာ မေးလိုက်သည်။

"ငါ လိမ်မပြောတတ်ဘူး"

"လူသားဧကရာဇ်တံခွန်က ကျင့်ကြံခြင်းလောကရဲ့ ပျက်စီးယိုယွင်းမှုတွေကို သန့်စင်ဖို့ ငါ့ရဲ့ဆန္ဒကို ကိုယ်စားပြုတယ်၊ ငါတို့က လမ်းစဥ်ချင်း မတူညီဘူး"

ခဏအကြာတွင် မူလသဘောတရအသင်းဝင် အကြီးအကဲက သက်ပြင်းချလိုက်သည်။ နဂါးဖြူချောက်ကမ်းပါးသခင်ကတော့ တိတ်ဆိတ်စွာဖြင့် ကျိယွမ်ကို စိတ်ဝင်တစား ကြည့်နေသည်။

သူ ပြောသမျှသာ အမှန်တကယ် ဖြစ်ပါက သူ ပြောသည်ထက် ပိုမိုနက်ရှိုင်းသော အကြောင်းအရာများ ရှိနေဟန်တူ၏။

"သူက တကယ်ပဲ ဘယ်လိုလူလဲ"

----------

All Chapters