အခန်း ၄၇၇
Vol. 45 Ch. 477
အခန်း ၄၇၇ - မသေမျိုးလမ်းစဥ်က ရုပ်ချောတာကို မုန်းတာလား
မူလသဘောတရားအသင်းဝင် အကြီးအကဲက ကျိယွမ်ရှေ့တွင် လက်နှစ်ဖက်ကို ယှက်ကာ ရိုသေစွာဆက်ပြောသည်။
"မိတ်ဆွေ၊ ခင်ဗျားသာ ထိုက်ဟွမ်နန်းတော်ကို ဆန့်ကျင်မယ်ဆိုရင် သတိထားပါ။ ထိုက်ဟွမ်နန်းတော်ရဲ့ အင်အားကို လျှော့တွက်လို့ မရဘူး"
သူ ပြောရင်း ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ ကျိယွမ်ထံ ပေးလိုက်၏။
"ခင်ဗျား အခက်အခဲနဲ့ ကြုံရရင် ဒီကျောက်စိမ်းပြားကို ဖျက်ဆီးလိုက်ပါ၊ မူလသဘောတရားအသင်းက ခင်ဗျားကိုယ်စား တစ်ကြိမ် တိတ်တဆိတ် ဝင်ရောက်ကူညီပေးပါမယ်"
ဧကရာဇ်ခန်းမတမန်တော်က အသင်းနှင့် ပူးပေါင်းရန် ငြင်းဆန်ခဲ့သော်လည်း "ရန်သူ၏ရန်သူသည် မိတ်ဆွေဖြစ်သည်" ဟူသော စကားပုံအတိုင်းပင်။ ထိုက်ဟွမ်နန်းတော်၏ ရန်သူများကို ကူညီပေးရခြင်းက မူလသဘောတရားအသင်းအတွက် အတိုင်းအတာတစ်ခုအထိ စိတ်ကျေနပ်မှု ရစေသည်။
ကျိယွမ်သည် ကျောက်စိမ်းပြားကို စေ့စေ့ကြည့်ရှုလိုက်ပြီး သူ၏အကြည့်မှာ တည်ငြိမ်နေသည်။
"အထက်တန်းအရှင်သခင်လား"
သူသည် ၎င်းအတွင်း၌ အထက်တန်းအရှင်သခင်၏အရှိန်အဝါကို ဝိုးတဝါး ခံစားမိ၏။
မူလသဘောတရားအသင်းဝင် အကြီးအကဲက ဂုဏ်ယူစွာဖြင့် ကျောကို ဆန့်လိုက်သည်။
"ဒီကျောက်စိမ်းပြားကို အသင်းရဲ့ ဒုတိယသခင် ကိုယ်တိုင် ပြုလုပ်ထားတာပါ" ။အသင်း၏ ဒုတိယသခင်ဆိုသည်မှာ အမှန်တကယ်ပင် အထက်တန်းအရှင်သခင်တစ်ပါး ဖြစ်၏။
"ခင်ဗျားတို့က ဒီလောက်တန်ဖိုးရှိတာကို ပေးတယ်ဆိုတော့ ကျွန်တော် ပြန်ပြီး ကျေးဇူးဆပ်သင့်မလား" ၊ ကျိယွမ်က သူ၏မေးစေ့ကို ပွတ်သပ်ရင်း အကြံပြုသည်။
"ဒီနေ့က ခင်ဗျားတို့အတွက် ကံကောင်းတဲ့နေ့ပဲ၊ ကျွန်တော့်မှာ ခင်ဗျားတို့ရဲ့ ဝိညာဉ်ထဲမှာ ထည့်ထားနိုင်တဲ့ ထူးခြားတဲ့ အမှတ်အသားတစ်ခု ရှိတယ်၊ ဒါက ခင်ဗျားတို့ အသက်ဆုံးရှုံးသွားရင်တောင် ကျွန်တော့်ရဲ့ ခရမ်းရောင်နန်းတော်မှာ ဝိညာဉ်အဖြစ် ပြန်လည်ရှင်သန်နိုင်အောင် အာမခံပေးလိမ့်မယ်"
ကျိယွမ်မှာ တစ်ဖက်လူထံမှ အလကားရယူလေ့ရှိသူ မဟုတ်ပေ။ ထိုစကားကို ကြားသောအခါ မူလသဘောတရားအသင်းဝင် အံ့အားသင့်သွားသည်။
ဝိညာဉ်အမှတ်အသားလား။
ငါ့ဝိညာဉ်ထဲမှာ ထည့်ရမလား၊ ဒါက မဖြစ်နိုင်တာပဲ၊
သူတို့အဆင့်တွင် ဝိညာဉ်ထဲသို့ တစ်စုံတစ်ဦးအား အမှတ်အသားထည့်ခွင့်ပေးခြင်းမှာ သေခြင်းတရားကို ဖိတ်ခေါ်နေခြင်းနှင့် အတူတူပင်။
"ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် ငြင်းပါရစေ" ၊ မူလသဘောတရားအသင်းဝင်က ခရမ်းရောင်နန်းတော်တွင် ပြန်လည်ရှင်သန်နိုင်မည့် ကမ်းလှမ်းချက်ကို နောက်ပြောင်မှုတစ်ခုအဖြစ် သဘောထားကာ ချက်ချင်း ငြင်းပယ်လိုက်၏။
ကျိယွမ်က သက်ပြင်းချသည်။
"သေချာလို့လား၊ ဒါသာရှိရင် ကျွန်တော် အသက်ရှင်နေသရွေ့ ခင်ဗျားတို့က ခရမ်းရောင်ကံကြမ္မာကောင်းကင်မှာ ကြောက်ရွံ့စရာမလိုဘဲ လွတ်လွတ်လပ်လပ် သွားနိုင်မှာ"
သူသည် အခြားသူများကို အလကား အမြတ်ထုတ်လေ့ မရှိပေ။
မူလသဘောတရားအသင်းဝင်က ရယ်မောရင်း ခေါင်းခါ၏။
"ဒါတွေ မလိုပါဘူး"
"ကောင်းပြီလေ၊ ဒါပေမဲ့ နောက်မှ ကျွန်တော် ခင်ဗျားတို့အသင်းကို ကြွေးတင်နေတယ်လို့တော့ မပြောနဲ့"
ကျိယွမ်က အတည်ပေါက်ပြောလိုက်သဖြင့် မူလသဘောတရားအသင်းဝင်က အဆင်မပြေစွာ ပြုံးလိုက်ရင်းမှ ဧကရာဇ်ခန်းမတမန်တော်မှာ ထူးဆန်းနေပြီး သာမန်လူမဟုတ်ကြောင်း ပို၍ ယုံကြည်သွားသည်။
သူက ယဉ်ကျေးစွာ နှုတ်ဆက်ပြီးနောက် ထွက်ခွာသွားရာ ကျိယွမ်နှင့် နဂါးဖြူချောက်ကမ်းပါးသခင်တို့သာ ကျန်ရစ်သည်။
ကျိယွမ်က သူမကို ကြည့်လိုက်၏။
"ဒီမှာ နှစ်ယောက်တည်း ရှိနေတာ၊ ဒါ မသင့်တော်ဘူးမဟုတ်လား"
အဓိပ္ပာယ်မှာ မူလသဘောတရားအသင်းဝင်ထွက်သွားပြီဖြစ်၍ သူမလည်း ထွက်သွားသင့်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ချောက်ကမ်းပါးသခင်၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး သူမ၏အသံမှာ မမျှော်လင့်ဘဲ ကြမ်းတမ်းသွားသည်။
"မင်း ဘာပြောချင်တာလဲ၊ မင်းက မိန်းကလေးလို့ ပြောချင်တာလား"
"နဂါးဖြူချောက်ကမ်းပါးသခင်၊ ခင်ဗျားက ယောက်ျားယောင်ဆောင်ထားတာကို အခြားနေရာမှာသွားလုပ်ပါလား" ။
ကျိယွမ်က သူမရုပ်ဖျက်ထားသည် ကို ဖောက်ထွင်းမြင်နေသကဲ့သို့ အထက်အောက်စုန်ဆန်ကြည့်ကာ ဆို၏ ။
"အဝတ်အစားလဲထားလည်း ကျွန်တော့်ကို မလှည့်စားနိုင်ပါဘူး၊ ခင်ဗျား အဝတ်အစားလဲထားတာပဲဖြစ်ဖြစ်၊ ဘာမှမဝတ်ထားတာပဲဖြစ်ဖြစ် ကျွန်တော် သိနေမှာပဲ"
နဂါးဖြူချောက်ကမ်းပါးသခင်၏ အပြုံးမှာ အေးခဲသွား၏။ တမန်တော်က သူမရုပ်ဖျက်ထားသည်ကို မြင်သွားသည့်အတွက် အံ့အားသင့်သွားသည်။
"မင်း ဘယ်လိုလုပ် သိတာလဲ" ၊ သူမစိတ်ရှုပ်ထွေးစွာ မေးလိုက်၏။
အထက်တန်းအရှင်သခင်တစ်ပါးပင်လျှင် အစွမ်းထက်သော မှော်ပညာကို အသုံးပြုကာ မစစ်ဆေးသရွေ့ သူမ၏ အထောက်အထားကို သိနိုင်မည် မဟုတ်ပေ။ ဖောက်ထွင်းမြင်နိုင်လျှင်ပင် သူမအား သတိပေးမိရာ ရောက်ပြီး သူမ တုံ့ပြန်နိုင်မည် ဖြစ်သည်။
"ဘယ်လိုမှ မလုပ်ဘူးလေ ၊ ကျွန်တော့်မျက်လုံးနဲ့ကြည့်တော့ မြင်နေရတာပဲကို"
နဂါးဖြူချောက်နက်သခင်မမှာ ဆွံ့အကာ ကျိယွမ်ကို စိုက်ကြည့်နေမိ၏။
"ငါတို့ အရင်က တွေ့ဖူးသလား"
"အင်း..တွေ့ဖူးတယ်လို့ ပြောလို့ရပါတယ်" ၊ ကျိယွမ်က မဖုံးကွယ်နေဘဲ ဝန်ခံလိုက်သည်။
"ကောင်းပြီလေ၊ စကားတွေပြောတာ များနေပြီ ၊ ခင်ဗျား ဘာလိုချင်တာလဲ"
သူသည် ဒီတိုက်ပွဲမှ ဆုလာဘ်များစွာ ရရှိထားပြီး တစ္ဆေတစ်သောင်းတံခွန်ကို လူသားဧကရာဇ်တံခွန်နှင့် ပေါင်းစပ်ရန် အချိန်ပေးရမည် ဖြစ်၏။
"မင်းက မသေမျိုးနယ်မြေပြင်ပက လာတာလား" ။နဂါးဖြူချောက်ကမ်းပါးသခင်က တမန်တော်၏မူလအစကို စိတ်ဝင်တစားစွာ မေးလိုက်သည်။
"ဟုတ်တယ်လို့ ပြောလို့ရပါတယ်" ။ ကျိယွမ်က ရိုးသားစွာ ဖြေ၏။
သူ၏အိမ်မှာ မူလက ၂၁ရာစုကမ္ဘာ၏ မြို့လေးတစ်မျိုးတွင် ရှိသည် မဟုတ်ပါလား ။ ထို့ကြောင့် သူကအပြင်လူသာဖြစ်၏။
"ဒီလိုကိုး " ။နဂါးဖြူချောက်ကမ်းပါးသခင်က သက်ပြင်းရှည် တစ်ချက် ချလိုက်သည်။
"မင်းက ဒေသခံ မူလသဘောတရားပုဂ္ဂိုလ် မဟုတ်ဘူး၊ မူလသဘောတရားတံဆိပ်ဖြစ်လာဖို့ မသေမျိုးလမ်းစဥ် စိတ်ဆန္ဒနဲ့ မင်းရဲ့တာအိုကို မပေါင်းစပ်ထားဘူးဆိုတာ ထင်ရှားနေတယ်"
တံဆိပ်မရှိပါက အထက်တန်းအရှင်သခင်နှင့် ရင်ဆိုင်ရလျှင် တိုက်ခိုက်ရေးပစ္စည်းရှိသော်လည်း သူ အခွင့်အရေး မရှိချေ။
"အထက်တန်းအရှင်သခင်နဲ့ တံခွန်သခင်တို့လို ပုဂ္ဂိုလ်တွေကြားမှာ ခြားနားချက်က အကြီးကြီးရှိတယ်၊ အဆင့်ချင်း နည်းနည်းပဲ ကွာခြားတယ်လို့ ထင်ရပေမဲ့ အထက်တန်းအရှင်သခင်ရဲ့ အစွမ်းက..."
သူမ ခေတ္တရပ်လိုက်သည်။
"တံဆိပ်မရှိရင် အထက်တန်းအရှင်သခင်ရဲ့ လက်အောက်မှာ အသက်ရှင်ဖို့ မဖြစ်နိုင်ဘူး"
နဂါးဖြူချောက်ကမ်းပါးသခင် ပြောလိုသည်မှာ ရှင်းပါသည်၊ တမန်တော်တွင် တံဆိပ်မရှိသောကြောင့် ထိုက်ဟွမ်နန်းတော်၏ အထက်တန်းအရှင်သခင်နှင့် ရင်ဆိုင်ရလျှင် သူ၏အသက်အန္တရာယ်မှာ အလွန်ကြီးမားမည် ဖြစ်သည်။
ကျိယွမ်၏ မျက်လုံးများက လေးနက်သွား၏။ ဤတံဆိပ်မှာ သူ မကြာသေးမီကမှ သိခဲ့ရသော အရာတစ်ခု ဖြစ်သည်။ ၎င်းမရှိသဖြင့် သူသည် လူသားဧကရာဇ်တံခွန်ကို မကိုင်ဆောင်ထားပါက သာမန်မူလသဘောတရားပုဂ္ဂိုလ်ကိုပင် ထိခိုက်အောင်မလုပ်နိုင်ချေ။
"ဒီမှာ အခြားနယ်မြေကလာတဲ့သူတွေအတွက် မူလသဘောတရားတံဆိပ်ကို ပုံဖော်ဖို့ လျှို့ဝှက်နည်းလမ်းတစ်ခု ရှိတယ်၊ သူတို့ရဲ့ တာအိုကို မသေမျိုးလမ်းစဥ်စိတ်ဆန္ဒနဲ့ ပေါင်းစပ်ရတယ်" ။ သူမက ကျောက်စိမ်းပြားတစ်ခုကို ကမ်းပေးရင်း ပြောလိုက်သည်။
"အဲလိုလည်း ရတာလား" ။ကျိယွမ်က ကျောက်စိမ်းကို သေချာကြည့်လိုက်ပြီး ချက်ချင်း နားလည်သွား၏။
"ခင်ဗျား ကျွန်တော့်ကို ကူညီပေးတာမို့ ကျွန်တော်လည်း ပြန်ကူညီသင့်တယ်၊ ခင်ဗျားရဲ့ ဝိညာဉ်ထဲမှာ ကျွန်တော် အမှတ်အသား ထည့်ပေးရမလား"
နဂါးဖြူချောက်ကမ်းပါးသခင်မှာ တုံ့ဆိုင်းသွားပြီး ကျိယွမ်အား ကြည့်ကာတိတ်ဆိတ်စွာ စဉ်းစားနေလေသည်။
သူ၏ စကားက နည်းနည်းလွန်သွားသည်ကို သတိထားမိသဖြင့် ကျိယွမ်က ပြန်ပြင်လိုက်၏။
"စိတ်မပူပါနဲ့၊ ဒါက ခင်ဗျား ရေချိုးနေချိန်မှာ ကျွန်တော် ကြည့်လို့ရအောင် လုပ်ထားတာ မဟုတ်ပါဘူး"
နဂါးဖြူးချောက်ကမ်းပါးသခင်က ကျိယွမ်အား စူးခနဲကြည့်သည်။
"တကယ်လို့ ငါ့ကို မတော်တဆ မြင်မိရင်တောင် ငါ ဂရုမစိုက်ပါဘူး..."
"နင်ဘယ်သူလဲဆိုတာ ငါ့ကို အရင်မြင်ခွင့်ပေးရင် ငါ့ရဲ့ ဝိညာဉ်ထဲမှာ အမှတ်အသား ထည့်ခွင့်ပေးမယ်" ။ ချောက်ကမ်းပါးသခင်က တည်ငြိမ်စွာ တောင်းဆိုလိုက်၏။
"အင်း..အဲဒါကို ကျော်လိုက်ကြရအောင်" ။ ကျိယွမ်က ချက်ချင်း ငြင်းလေသည်။ သူ နောက်ထပ် ရှုပ်ထွေးမှုမျိုး မလိုချင်တော့ပါ ။
"ဒါဆိုရင်လည်း ဒီလောက်နဲ့ပဲ နှုတ်ဆက်ခဲ့ပါတယ် "
စကားဆုံးသည်နှင့် ကျိယွမ်ကပျောက်ကွယ်သွားလေ၏။
နဂါးဖြူချောက်နက်သခင်မက စိတ်ရှုပ်ထွေးစွာ သက်ပြင်းချ၏။
"သူက တကယ်ကို..."
..........
နတ်ဆိုးတောင်ကြားသို့ ပြန်ရောက်သောအခါ....
ကျိယွမ် မျက်မှောင်ကြုတ်လိုက်သည်။ နဂါးဖြူချောက်ကမ်းပါးသခင်နှင့် လမ်းခွဲပြီးနောက် သူသည် နတ်ဆိုးချောက်ကမ်းပါးသို့ သွားရောက်ကာ တစ္ဆေတစ်သောင်းတံခွန်ကို လူသားဧကရာဇ်တံခွန်နှင့် အောင်မြင်စွာ ပေါင်းစပ်လိုက်သဖြင့် သူ၏အင်အားမှာ ပိုမိုတိုးတက်လာခဲ့၏။ နတ်ဆိုးတောင်ကြားရှိ သူ၏ဂူသို့ ပြန်ရောက်သောအခါ နဂါးဖြူချောက်နက်သခင်မ ပေးခဲ့သည့် လျှို့ဝှက်နည်းလမ်းကို သူစတင်လေ့လာလေသည်။
သို့သော် တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ တုန်လှုပ်သွားသည်။
"ဒီမသေမျိုးလမ်းစဥ်စိတ်ဆန္ဒက ရုပ်ချောတာကို မုန်းတာလား၊ ဘာလို့ ငါ့ကို ဒီလောက် ပြင်းပြင်းထန်ထန် ဆန့်ကျင်နေတာလဲ"
ကျိယွမ် ခေါင်းစားသွားလေသည်။
မသေမျိုးစိတ်ဆန္ဒ၏ ပြဿနာမှာ အလွန်ကြီးမားနေသည်ဟု သူခံစားမိ၏။
"ဒါမှမဟုတ် ငါက လူတွေကို မြေအောက်ကမ္ဘာကို ဆွဲခေါ်သွားတာကို သူက မကြိုက်တာ ဖြစ်နိုင်မလား"
သူ၏စိတ်ထဲတွင် မသေမျိုးစိတ်ဆန္ဒမှာ အသိစိတ်ကင်းမဲ့ပြီး အလိုလိုတုံ့ပြန်မှုဖြင့်သာ လုပ်ဆောင်နေ၏။ တစ်နည်းအားဖြင့် ၎င်းမှာ ကောင်းကင်ဘုံတာအို၏ ကြီးမားသော ပုံစံတစ်ခု ဖြစ်သည်။
"ဒါဆိုရင် ငါ့အတွက် တံဆိပ်မရှိတော့ဘူးပေါ့"
လျှို့ဝှက်နည်းလမ်းကို ရရှိပြီးနောက် သူသည် မသေမျိုးစိတ်ဆန္ဒနှင့် ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အပြည့်အဝ ပေါင်းစပ်ရန် ရည်ရွယ်ချက် မရှိသေးပေ။ သူကိုယ်သူ စာချုပ်တစ်ခုဖြင့် ချည်နှောင်ထားရခြင်း သို့မဟုတ် လက်ထပ်ခြင်းမျိုးကို သူ မလိုလားပါ။
သူ မသေမျိုးနယ်မြေမှ ထွက်ခွာသွားပါက တန်ဖိုးကြီးသော "ကွာရှင်းမှု" နှင့် ကြုံရပြီး သူ၏ကျင့်ကြံခြင်းတစ်ဝက်ခန့်ကို အိမ်ထောင်စရိတ်အဖြစ်ပေးရလျှင် မည်သို့လုပ်မည်နည်း။
သို့သော် သူ စိုးရိမ်ခဲ့သမျှက အပိုဖြစ်သွားခဲ့သည်။ ထိုမသေမျိုးစိတ်ဆန္ဒကလည်း အခြားစွမ်းအားများနှင့် ပေါင်းစည်းရန် စိုးစိမျှ စိတ်ဝင်စားပုံမရချေ။
"ဒါဆိုရင် သူက တကယ်ပဲ ရုပ်ချောတာကို မုန်းတာကိုး" ။ ကျိယွမ်က ကောက်ချက်ချလိုက်၏။
"ကံကောင်းတာက ငါ့မှာ နောက်ဆုံးအစီအစဉ် ရှိနေတယ်"
သူက ကိုယ့်ကိုယ်ကိုယ် ပြန်အားပေးကာ ကျောက်စိမ်းပြားကိုပြန်သိမ်းလိုက်သည်။ထိုအချိန်မှာပင် သူ၏ဂူပြင်ပမှ အသံတစ်ခု ထွက်ပေါ်လာ၏။
" စီနီယာအစ်ကိုသွေးဝတ်စုံ... ရှိလား"
ထိုအသံမှာ ပျော်ရွှင်တက်ကြွနေသည်။
"ရှောင်လုလေး၊ ဘာဖြစ်တာလဲ" ၊ ကျိယွမ် တည်ငြိမ်စွာဖြင့် အပြင်သို့ ထွက်လာ၏။
သူ့ကို မြင်သောအခါ ခရမ်းရောင်ကံကြမ္မာရှောင်လုက စိတ်သက်သာရာရသွားသလို သက်ပြင်းချသည်။
"ကျွန်မ စီနီယာအစ်ကို့ကို တစ်ခုခု ဖြစ်သွားမလားလို့ စိုးရိမ်နေတာ"
ဧကရာဇ်ခန်းမတမန်တော်ကို လိုက်လံဖမ်းဆီးရန်သတင်းများ ကြားရစဥ်ကတည်းက သူမ စိုးရိမ်နေခဲ့ရ၏။
"စိတ်မပူပါနဲ့၊ ငါ့ကို ဘာက ထိခိုက်အောင် လုပ်နိုင်မှာလဲ" ။ ကျိယွမ် ကတော့လအရေးမကြီးသလိုပင်။
ရှောင်လုက တစ်ခုခုကို စဉ်းစားနေသည့်အလား သူ့အား မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေသည်။
သူမတွင် သံသယများစွာ ရှိသော်လည်း နောက်ဆုံးတွင် ဘာမျှ မမေးမြန်းခဲ့ပေ။ စီနီယာအစ်ကို ပြောပြချင်ပုံမရသောကြောင့် ၎င်းမှာ လျှို့ဝှက်ချက်တစ်ခုသာ ဖြစ်ရမည်။
"စီနီယာအစ်ကို ဘေးကင်းရင် ရပါပြီ" ။ ရှောင်လုက ပုလင်းလေးတစ်လုံးကို သူ့ထံ ကမ်းပေးသည်။
"ကျွန်မ ဘိုးဘေးသွေးအဆီအနှစ် အသစ်တချို့ စုဆောင်းထားတယ်"
"ဟေ...ကောင်းလိုက်တာ၊ ညီမလေး ဆက်ကြိုးစား၊ ငါ နင့်ရဲ့ စားစရိတ်ကို တာဝန်ယူပေးမယ်" ။ ကျိယွမ်က ကျေနပ်စွာဖြင့် သွေးပုလင်းကို လက်ခံလိုက်သည်။
သူ့အတွက် ဘိုးဘေးသွေးအတတ်ပညာ၏ တိုးတက်မှုကို မဟူရာနတ်ဆိုးဘိုးဘေးသွေးမှတစ်ဆင့် ပိုမိုမြှင့်တင်ရန် လိုအပ်နေသည်။ သူ၏အတတ်ပညာမှာ တစ်လနီးပါး ဆအဆင့်ဆယ်သုံးတွင် ရပ်တန့်နေခဲ့သည်။
"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို"
ရှောင်လုမှာ ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားလေသည်။
ထိုအချိန်အတွင်း နတ်ဆိုးတောင်ကြားမှ လူငယ်များမှာလည်း စိတ်လှုပ်ရှားနေကြသည်။ တမန်တော်က တံခွန်သခင်ကို အနိုင်ယူပြီး တစ္ဆေတစ်သောင်းတံခွန်ကို သိမ်းပိုက်လိုက်သည့် သတင်းမှာ ဆဌမကောင်းကင်ဘုံတစ်ခွင်သို့ ပျံ့နှံ့သွားခဲ့သည်။
နတ်ဆိုးတောင်ကြားမှ လူငယ်များမှာ နတ်ဆိုးချောက်ကမ်းပါးကို မည်သည့်အချိန်တွင် တိုက်ခိုက်ပြီး ဂုဏ်ယူစရာများ ရယူနိုင်မည်နည်းဟု စဉ်းစားနေကြသည်။ သို့သော် သူတို့တွင် အချိန်မရှိတော့ကြောင်း သူတို့ မသိကြချေ။
မဟူရာနတ်ဆိုးချောက်ကမ်းပါးမှ ဘိုးဘေးခုနှစ်ပါးမှာ ယန်နတ်ဘုရားများနှင့် ဆွေးနွေးပွဲကို အောင်မြင်စွာ အဆုံးသတ်လိုက်ပြီ ဖြစ်သည်။
ချောက်ကမ်းပါးသခင်က အရေးကြီးသော ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့၏။
ထိုအချိန်တွင် ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည်လည်း ကျိယွမ်၏ဂူသို့ ရောက်လာသည်။
"ကောင်လေး၊ မင်းရဲ့ တာအိုလက်တွဲဖော်ကို လနတ်ဘုရားနန်းတော်ကနေ သွားခေါ်ကြရအောင်"
ကျိယွမ် အံ့အားသင့်သွား၏။
"ဘာလို့ အဲဒီလောက် အရေးတကြီး ဖြစ်နေတာလဲ အဘိုးကြီး"
ဘိုးဘေး၏ မျက်နှာမှာ မှိုင်းညှိုနေသည်။
"ချောက်ကမ်းပါးသခင်က မဟူရာနတ်ဆိုးချောက်ကမ်းပါးကို အလုံပိတ်လိုက်ပြီလို့ ကြေညာလိုက်တယ်"
အလုံပိတ်ခြင်းမှာ နယ်စပ်ကို ပိတ်လိုက်ခြင်းဖြစ်ပြီး မည်သူမျှ အပြင်ထွက်ခွင့် မရှိတော့ပေ။
ဆိုလိုသည်မှာ လင်းယာအသွင်ပြောင်းလဲခြင်းမှ နုတ်ထွက်ခြင်း ဖြစ်သည်။
"အဲဒီလိုရတာလား" ၊ ကျိယွမ် အံ့အားသင့်သွားလေသည်။
ထိုသို့ဆိုလျှင် အခြားအဖွဲ့အစည်းများကလည်း အလားတူ လုပ်ဆောင်နိုင်ကြမလား။
"ဒီထက် ပိုရှုပ်ထွေးတဲ့ ကိစ္စတွေ ရှိသေးတယ်" ၊ ဘိုးဘေးက နောက်ဆုံးရသတင်းအချက်အလက်များကို ကျိယွမ်အား ပြောပြလိုက်၏။
ထိုအကြောင်းကို ကြားသောအခါ ကျိယွမ် မျက်မှောင်ကုပ်သွားသည်။
"ဒါက တံခါးပိတ်တာမှ မဟုတ်တာ၊ ထိုက်ဟွမ်နန်းတော်ရဲ့ ကျွန်ဖြစ်သွားတာပဲ"
မဟူရာနတ်ဆိုးချောက်ကမ်းပါးက အမျအမြင်တွင် တံခါးပိတ်ထားသော်လည်း ထိုက်ဟွမ်နန်းတော်ကို ကူညီရန် မူလသဘောတရားပုဂ္ဂိုလ်အချို့ကို စေလွှတ်ပေးရဦးမည် ဖြစ်သည်။
"ဒါကြောင့် မင်းရဲ့ တာအိုလက်တွဲဖော်ကို အခုသွားခေါ်မှရမယ်၊ မဟုတ်ရင် အခွင့်အရေး မရှိတော့ဘူး" ။
ဘိုးဘေးက စိုးရိမ်စွာတိုက်တွန်းလိုက် သည်။
"စိတ်အေးအေးထားပါ၊ တစ်နေ့ကျရင် အဘိုးကြီးကို ကျွန်တော် ပြန်ကူညီပေးပါမယ်" ။ ကျိယွမ်ကတော့ ယခုအချိန် ပေါ့ပေါ့ဆဆ ရှိနေဆဲပင်။
ဘိုးဘေးက ရင်လေးစွာ သက်ပြင်းချ၏။
"တော်စမ်း..မင်းက ကိုယ့်ကိုယ်ကိုယ် အထက်တန်းအရှင်သခင်လို့ ထင်နေတာလား"
.........
လနတ်ဘုရားနန်းတော်တွင်ဖြစ်သည်။
လမင်း၏အရောင်မှာ ငွေရောင်ကဲ့သို့ စီးဆင်းနေပြီး ကမ္ဘာလောကကို ငြိမ်းချမ်းစွာ ဖုံးလွှမ်းထား၏။
ယွဲ့ရွှမ်သည် ဂရုတစိုက် ပြင်ဆင်နေသည့် ကျင်းလီကို ကြည့်နေရင်း စကားဆိုသည်။
"မဟူရာနတ်ဆိုးချောက်ကမ်းပါးမှာ ပြဿနာတွေ အများကြီး ရှိနေပေမဲ့ လနတ်ဘုရားနန်းတော်ထက်တော့ ပိုကောင်းပါတယ်၊ နင် အဲဒီမှာဆိုရင် ပိုအဆင်ပြေမှာပါ"
ထိုက်ဟွမ်နန်းတော်က လင်းယာပြောင်းလဲခြင်းကို ဦးဆောင်မည်ဟူသော သတင်းထွက်လာကတည်းက လနတ်ဘုရားနန်းတော်၏ လေထုမှာ တင်းမာလာခဲ့သည်။
မှန်ထဲတွင် ကျင်းလီ၏ ဖြူစင်သောမျက်နှာလေးမှာ ပုလဲလုံးအချို့ကို ဝတ်ဆင်ထားသဖြင့် ပိုမိုလှပနေသည်။
ပြတင်းပေါက်တွင် ထိုင်ရင်း ယွဲ့ရွှမ်က သူမ၏ခြေထောက်များကို ဆန့်ထုတ်လိုက်၏။
"ငါ စိတ်ဝင်စားမိတာက နင့်ရဲ့လူက လနတ်သမီးယွဲ့ဟွာကို ဘယ်လိုများ စည်းရုံးပြီး နင့်လို လကညာတစ်ယောက်ကို သူ့ရဲ့ တာအိုလက်တွဲဖော်အဖြစ် ခွင့်ပြုအောင် လုပ်လိုက်တာလဲ"
သူမမှာ လုံးဝနားမလည်နိုင်ဖြစ်နေရသည်။
ထိုအရာမျိုးက နန်တော်ရာဇဝင်တွင် တစ်ခါမျှ မဖြစ်ဖူးခဲ့ပါ။
ယခင်က ယန်နတ်ဘုရားတစ်ပါးက လကညာတစ်ယောက်ကို တောင်းဆိုဖူးသော်လည်း ချက်ချင်း ငြင်းပယ်ခံခဲ့ရ၏။
"ဖြစ်နိုင်တာက... သူက အရမ်းတော်နေလို့ ဖြစ်မှာပေါ့" ။
ကျင်းလီက တည်ငြိမ်စွာ ပြန်ဖြေရင်း အရေးမကြီးသလိုဆိုသည်။
သို့သော် သူမ၏အဝတ်အစားများကို ဖယ်ရှားလိုက်သည့်အခါ သူမသည် မည်မျှစိတ်အားထက်သန်ကြောင်းကို ကျိယွမ်တစ်ယောက်တည်းသာ သိလေသည်။
"တော်ရုံနဲ့တော့ မလုံလောက်ဘူး၊ ဖြစ်နိုင်တာက..." ။ ယွဲ့ရွှမ် စကားကို ရပ်လိုက်သည်။
သူမ တွေးမိသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ နိုင်ငံရေးမဟာမိတ် ဖြစ်သည်။
မဟူရာနတ်ဆိုးချောက်ကမ်းပါးမှာ တကယ်ပဲ အဲဒီလို ရည်ရွယ်ချက်တွေ ရှိနေတာလား။
ထိုအချိန်တွင် လနတ်ဘုရားနန်းတော်တစ်ခုလုံး၌ ကြီးကျယ်ခမ်းနားသော အသံတစ်ခု ပဲ့တင်ထပ်သွားသည်။
“ခရမ်းရောင်ကံကြမ္မာကောင်းကင်မှ ခရမ်းရောင်ကံကြမ္မာဘိုးဘေး ရောက်ရှိလာပြီး လနတ်ဘုရားနန်းတော်နှင့် ပေါင်းစည်းရန် ဆန္ဒရှိပါသည်”
စကားသံဆုံးသည်နှင့် လနတ်ဘုရားနန်းတော်ပေါ်သို့ တောက်ပသော အလင်းရောင်များ ကျဆင်းလာ၏။
နတ်သမီးများ ပန်းပွင့်များ ကြဲချနေသကဲ့သို့ ဖြစ်ပြီး နတ်ဘုရားများ၏ လက်နှင့် ထိတွေ့သကဲ့သို့ မြူခိုးများက နန်းတော်ကို ဖုံးလွှမ်းသွားသည်။ တစ်ခဏချင်းတွင် လနတ်ဘုရားနန်းတော်တစ်ခုလုံး တောက်ပပြီး ပွဲတော်တစ်ခုအတွက် ပြင်ဆင်နေသကဲ့သို့ စည်ကားသွားတော့သည်။
ထို့နောက် ဝိညာဉ်ကျောက်တုံးများနှင့် မသေမျိုးကျောက်စိမ်းများမှာ ကောင်းကင်မှ ဆီးနှင်းများကဲ့သို့ ရွာကျလာ၏။ ဤရှားပါးသော ကောင်းချီးကို မြင်ရပြီး လနတ်ဘုရားနန်းတော်မှ တပည့်များ၏ မျက်လုံးများ ပြူးကျယ်သွားကြကုန်သည်။
သူတို့သည် တစ်ယောက်ပြီးတစ်ယောက် လေထဲသို့ ပျံသန်းကာ ကောင်းကင်မှ ကျလာသော ကျောက်တုံးများကို ပျော်ရွှင်စွာ စုဆောင်းကြသည်။
သူမ၏အခန်းထဲတွင် ကျင်းလီမှာ နှလုံးခုန်မြန်လာပြီး မျက်လုံးများလည်း ပြူးကျယ်သွားသည်။
တစ်ဖက်တွင် ဤမြင်ကွင်းကို ကြည့်နေသော ကျိယွမ်က စိတ်ထဲမှ ရေရွတ်လိုက်သည်။
"အဘိုးကြီး၊ ဒီလောက်တောင် အကုန်အကျ ခံလိုက်တာလား"
"ဟွန့်၊ မင်းရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ ငါ မင်းကို ကူညီရမှာပေါ့၊ မဟုတ်ရင် ငါတို့ကို ကပ်စေးနှဲလွန်းတယ်လို့ ထင်သွားမှာပေါ့"
"ဒါပေမဲ့ ဝိညာဉ်ကျောက်တုံးတွေ၊ နတ်ဘုရားကျောက်တုံးတွေကို အခုလိုကြီး ကြဲချတာက နည်းနည်းတော့... ရိုမန်တစ်မဆန်ဘူးမဟုတ်လား၊ ဒါက နည်းနည်းတော့ ကြွားဝါရာရောက်နေမလား"
ကျိယွမ်က သံသယဖြင့် မေးသည်။
"လနတ်ဘုရားနန်းတော်က တပည့်တွေကတော့ ကြိုက်နေကြတာပဲ၊ ကြွားဝါရာရောက်တော့ရော မင်းနဲ့ ဘာဆိုင်လဲ ၊ ကြဲတာက ငါလေ "
ကျိယွမ်က ဆက်မငြင်းတော့ပါ ။
သို့သော် ...
"ခရမ်းရောင်ကံကြမ္မာ တာ့ရွှယ်က အဘိုးကြီးဆီကနေ အဲဒါမျိုးတွေကို အမွေဆက်ခံထားတာကိုး"
သူက ထိုသို့ ရေရွတ်ရင်း စကားပြောခြင်းကို အဆုံးသတ်လိုက်သည်။
ထိုအချိန်တွင် နူးညံ့သိမ်မွေ့သော အသံတစ်ခုက လနတ်ဘုရားနန်းတော်တစ်လျှောက် ပဲ့တင်ထပ်လာသည်။
“ဧည့်သည်တော်များ ရောက်လာပြီဆိုတော့ ကျေးဇူးပြု၍ ဝင်လာခဲ့ကြပါ”
အသံပိုင်ရှင်မှာ နန်းတော်၏ မူလသဘောတရားပုဂ္ဂိုလ်ကြီး နှစ်ပါးထဲမှ တစ်ပါးဖြစ်သော လနတ်သမီးယွဲ့ဟွာ ဖြစ်သည်။
ခဏအကြာတွင် ကျိယွမ်သည် ဘိုးဘေးနောက်သို့ လိုက်ပါကာ လနတ်ဘုရားနန်းတော်၏ ပင်မခန်းမသို့ ရောက်ရှိလာသည်။
ကြီးကျယ်ခမ်းနားသော ခန်းမမှာ သီးခြားနယ်မြေတစ်ခု၌ ရှိနေသကဲ့သို့ ဖြစ်ပြီး ထူးခြားသော အငွေ့အသက်များကို ဆောင်ကျဉ်းထားသည်။ ကျိယွမ် ဝင်ရောက်လိုက်သောအခါ အေးစက်မှုအနည်းငယ်ကို ခံစားလိုက်ရပြီး လေထဲတွင် သစ်ကြံပိုးခေါက်နံ့သင်းသင်းကို ရလိုက်၏။
ခန်းမအလယ်ရှိပလ္လင်ပေါ်တွင် လနတ်သမီးယွဲ့ဟွာ ထိုင်နေပြီး သူမ၏ဘေးတစ်ဖက်စီတွင် ယန်နတ်ဘုရားဆယ့်ရှစ်ပါး ရှိနေသည်။ ကျိယွမ်သည် သူတို့ကြားတွင် လကညာ ကျင်းလီကို ချက်ချင်း တွေ့လိုက်ရပြီး သူမ၏နူးညံ့သော အကြည့်များမှာ သူနှင့်တခဏမျှတွေ့သွားပြီးနောက် ရှက်ရွံ့စွာဖြင့် အောက်သို့ ငုံ့လိုက်သည်။
ယန်နတ်ဘုရားဆယ့်ရှစ်ပါးမှာ ကျိယွမ်ကို ကြည့်နေကြပြီး အချို့မှာ စိတ်ဝင်စားနေကု အချို့ကတော့ စိတ်ရှုပ်နေကြ၏။
ကျိယွမ်၏ နောက်ခံကို သူတို့ မသိကြသဖြင့် လနတ်သမီးယွဲ့ဟွာက လကညာတစ်ယောက်ကို သူနှင့် ပေါင်းစည်းရန် အဘယ့်ကြောင့် ခွင့်ပြုသည်ကိုလည်း နားမလည်နိုင် ဖြစ်နေကြသည်။
ယွဲ့ဟွာက နူးညံ့စွာ ပြောလိုက်သည်။
"မင်းရဲ့ ရည်ရွယ်ချက်ကို ငါ သိပါတယ်" ။
သူမက ကျိယွမ်ကို ကြည့်၏။
"ဒီနေ့... ဒီနေ့အတွက် အကြာကြီး စောင့်ဆိုင်းခဲ့ရတာ"
ထိုစကားကြောင့် ယန်နတ်ဘုရားများ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
သူတို့မှာ ယခုထိ နားမလည်နိုင်ဖြစ်နေကုန်၏။
"ပုံမှန်အားဖြင့် လနတ်ဘုရားနန်းတော်ရဲ့ သမီးတစ်ယောက် လက်ထပ်ရင် ငါတို့ ဂုဏ်ယူဝင့်ကြွားစွာနဲ့ပဲ ကျင်းပလေ့ရှိပါတယ်၊ ဒါပေမဲ့ ဒီနေ့တော့..." ။ယွဲ့ဟွာ၏ မျက်လုံးများမှာ စိုးရိမ်မှုအနည်းငယ်နှင့် နူးညံ့သွားသည်။
"လင်းယာပြောင်းလဲခြင်း စတင်တော့မှာမို့လို့ အခမ်းအနားကို ရိုးရှင်းစွာပဲ ထားကြရအောင်၊ သွေးဝတ်စုံ .."
သူမက ကျိယွမ်အား နု့ညံ့စွာကြည့်၏။
" လကညာ ကျင်းလီ... ငါ သူ့ကို နင့်လက်ထဲ အပ်လိုက်တယ်၊ သူ့ကို လေးစားမှု ၊ ချစ်ခင်မှုတွေနဲ့ ဆက်ဆံပေးပါ"
"သူမ တစ်စုံတစ်ရာ စိတ်ထိခိုက်စရာ ကြုံရရင်တော့ လနတ်ဘုရားနန်းတော်က အကြောင်းအရင်းကို လိုက်ရှာရလိမ့်မယ်"
ယွဲ့ဟွာ၏ အသံမှာ တင်းမာသွားသည်။
ကျိယွမ်က ရိုသေစွာ ဦးညွှတ်လိုက်၏။
"စီနီယာ စိတ်ချပါ၊ ကျွန်တော် ကျင်းလီကို လမင်းကဲ့သို့ မယိမ်းယိုင်သော နှလုံးသားနဲ့ ဆက်ဆံပါ့မယ်"
ပြင်ပတွင် တည်ငြိမ်နေသော်လည်း ကျိယွမ်၏ နှလုံးသားထဲတွင် အတွေးများစွာဖြင့် ပွက်လောရိုက်နေသည်။
သူနှင့် ကျင်းလီမှာ လင်လုံးယွီရှီမှတစ်ဆင့် သိရှိခဲ့ကြပြီး ဝမ်ယုကုန်းမြေတိုက်ကြီးမှတစ်ဆင့် လမ်းကြောင်းချင်း ဆုံခဲ့ကြသော်လည်း နီးလျှက်နဲ့ ဝေးနေခဲ့ကြရ၏။
သို့သော် နောက်ဆုံးတော့ သူ၏ ကတိအတိုင်း သူမနှင့် ပြန်လည် ဆုံစည်းနိုင်ခဲ့လေပြီ ။
"ဒီတစ်ခါ ကျင်းလီ ခရမ်းရောင်ကံကြမ္မာကောင်းကင်ကို ထွက်ခွာတဲ့အခါ ငါ ကိုယ်တိုင် လိုက်ပို့ပေးမယ်"
ယွဲ့ဟွာက မူလသဘောတရားပုဂ္ဂိုလ်၏ အာဏာကို အသုံးပြုကာပြောလိုက်ပြီး သူမ၏လက်စကို ဝှေ့ယမ်းလိုက်ရာ ကြီးမားသော စွမ်းအားလှိုင်းတစ်ခု ပေါ်ထွက်လာလေသည်။
...........