← Chapters

အခန်း ၄၇၈

Vol. 45 Ch. 478

အခန်း ၄၇၈

Vol. 45 Ch. 478

အခန်း ၄၇၈ - ကောင်းကင်ဘုံအားလုံး ကို စစ်ဆေးခြင်း

ထိုစကားကို ကြားပြီးနောက် လနတ်ဘုရားနန်းတော်အတွင်းရှိ မူလသဘောတရားပုဂ္ဂိုလ်များ၏ အမူအရာမှာ ပို၍ လေးနက်သွားသည်။

လကညာတစ်ယောက်မျှသာ ဖြစ်သော်လည်း ယွဲ့ဟွာအရှင်သခင်ကိုယ်တိုင် လိုက်ပါပို့ဆောင်ပေးရလောက်အောင် အရေးပါသလား။ ယွဲ့ဟွာအရှင်သခင်၏ ပို့ဆောင်ပေးခြင်းမှာ အကြောင်းပြချက်တစ်ခုသာဖြစ်ပြီး မဟူရာနတ်ဆိုးချောက်ကမ်းပါးနှင့် ပိုမိုနက်ရှိုင်းသော မဟာမိတ်ဖွဲ့ခြင်းကသာ အဓိကအကြောင်းရင်းဖြစ်ကြောင်း သူတို့ အားလုံး နားလည်သွားကြသည်။

ခရမ်းရောင်ကံကြမ္မာဘိုးဘေးပင်လျှင် ဤအချက်ကို အံ့အားသင့်မိ၏။

သူသည် ကျိယွမ်ကို ကြည့်လိုက်ပြီး သူ၏စိတ်ထဲတွင် ရှုပ်ထွေးသော အတွေးများ လှည့်ပတ်နေသည်။

“ဖြစ်နိုင်တာက... ဒီသွေးဝတ်စုံဆိုတဲ့ကောင်လေးက လနတ်ဘုရားဘိုးဘေးရဲ့ လျှို့ဝှက်သားများ ဖြစ်နေမလား”

မဟုတ်ပါက လနတ်ဘုရားဘိုးဘေးက သွေးဝတ်စုံအပေါ် အဘယ့်ကြောင့် ဤမျှ အလေးပေးနေရသနည်း။

သို့သော် သူ၏အတွေးမှာ မကြာမီ ပျောက်ကွယ်သွားသည်။

ဆွေးနွေးမှုများ ပြီးသွားသောအခါ ကျိယွမ်က ရှေ့သို့ တိုးလာ၏။ “ယွဲ့ဟွာအရှင်သခင်၊ ကျွန်တော် လနတ်ဘုရားဘိုးဘေးကို တွေ့ဆုံခွင့် ရနိုင်ပါ့မလား”

ကျိယွမ်သည် သူ၏ဆရာဖြစ်သူ ရွမ်ယူချမ်း၏ သတင်းအစအနမရသေးသဖြင့် စိတ်မသက်မသာ ဖြစ်နေဆဲရှိ၏။

ယွဲ့ဟွာ၏မျက်ဝန်းများ တောက်ပသွားပြီး နူးညံ့စွာ ပြောသည်။ “အထက်တန်းအရှင်သခင်က တရားကျင့်ကြံနေဆဲမို့လို့ ဧည့်သည်လက်ခံလို့ မရသေးဘူး”

ကျိယွမ်မှာ စိတ်ပျက်သွားသည့် ခံစားချက်ကို ရလိုက်သည်။

သို့သော် ဘာတတ်နိုင်မည်နည်း ..တစ်ဖက်လူက တွေ့ဆုံရန်အဆင်ပြေသေးမှတော့ သူကလည်း ရိုင်းစိုင်းရန် မသင့်တော်ပါ။

သူက သက်ပြင်းချလိုက်ပြီး ကျင်းလီ၏ နှင်းကဲ့သို့ ဖြူစင်သော မျက်နှာလေးပေါ်တွင် ခဏတာ အကြည့်ရောက်သွားကာ မြတ်နိုးစွာပြုံးပြလိုက်လေသည်။

မည်သို့ဖြစ်စေ အချိန်နှင့်အာကာသကို ဖြတ်ကျော်ကာ ထားရှိခဲ့သော ကတိတစ်ခုကို သူတည်နိုင်ခဲ့ပြီ မဟုတ်ပါလား ...။

…...........

နေ့တစ်ဝက်ခန့်ကြာပြီးနောက်..

ခရမ်းရောင်ကံကြမ္မာကောင်းကင်တွင် ဖြစ်၏။

ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ကျိယွမ်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်သည်။ “မင်းနဲ့ လနတ်ဘုရားဘိုးဘေးက ဘယ်လိုပတ်သက်မှု ရှိတာလဲ”

“ဗျာ၊ ဘာမှမပတ်သက်ပါဘူး၊ ကျွန်တော်တို့ တစ်ခါမှတောင် မတွေ့ဖူးပါဘူး” ။ ကျိယွမ်က အမှန်အတိုင်း ဖြေလိုက်သည်။

“လမ်းတစ်လျှောက်လုံးမှာ ယွဲ့ဟွာအရှင်သခင်က... မင်းအပေါ် အရမ်းကို သဘောကောင်းနေတာ” ၊ ခရမ်းရောင်ကံကြမ္မာဘိုးဘေးက စိတ်ရှုပ်စွာ ခေါင်းယမ်း၏။ထိုအရာက လုံးဝသဘာဝ မကျပေ ။

သူသည် သွေးဝတ်စုံ၊ ယွဲ့ဟွာအရှင်သခင် ၊ ကျင်းလီတို့နှင့်အတူ ခရမ်းရောင်ကံကြမ္မာကောင်းကင်သို့ လာခဲ့သည့် နေ့တစ်ဝက်ခရီးစဉ်အတွင်း ယွဲ့ဟွာအရှင်သခင်၏ သဘောထားမှာ အကြီးအကဲတစ်ယောက်က လူငယ်တစ်ယောက်အပေါ် ထားရှိမည့် သဘောထားမျိုးမဟုတ်ဘဲ တန်းတူရည်တူ ဆက်ဆံနေသကဲ့သို့ ဖြစ်နေ၏။

“လူတိုင်းက တန်းတူပါပဲ၊ သူ ကျွန်တော့်အပေါ် သဘောကောင်းတာကလည်း သာမန်ပါပဲ ၊ကျွန်တော်ချောလို့လည်း ဖြစ်နိုင်တာပဲ ”

“ဟွန့်...သူက ဖန်ဆင်းရှင်ရတနာလက်နက်ကို ကိုင်ဆောင်ထားတဲ့ မဟာမူလသဘောတရားအဆင့်ပုဂ္ဂိုလ်ကွ ၊ အရူးများထင်နေလား ” ။ ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ကျိယွမ်ကို ဟောက်လိုက်သည်။

သို့သော် သူ၏စိတ်ထဲတွင် တွေးနေမိသည့်စကားကိုတော့ မပြောခဲ့ပါ ။ ထိုစကားမှာ “သူက ငါ့ထက် သွေးဝတ်စုံကို ပိုရိုသေနေသလိုပဲ” ဟူ၏။

သူကိုယ်တိုင်ကလည်း မဟာမူလသဘောတရားအဆင့်ပုဂ္ဂိုလ်တစ်ပါး ဖြစ်သောကြောင့် လူငယ်လေးတစ်ဦးနှင့် ကပ်တွက်နေသည်ဟု အပြောမခံနိုင်ပေ။

“အဲဒီလိုပြောကြေးဆို ခင်ဗျားလည်း မဟာမူလသဘောတရားအဆင့်ပုဂ္ဂိုလ်ပဲလေ၊ ပြီးတော့ ခင်ဗျားလည်း ကျွန်တော့်အပေါ် သဘောကောင်းနေတာပဲ” ကျိယွမ်က ထောက်ပြသည်။

ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ကျိယွမ်အား ကြည့်၏။

“အဲဒါက ဘယ်လိုလုပ်တူမှာလဲ ၊ မင်းနဲ့ငါက သပ်သပ် ၊သူက သပ်သပ်ကို.."

ထိုအချိန်တွင် နတ်လှေပေါ်မှအခန်းတစ်ခု၏ကုလားကာပွင့်သွားပြီး ယွဲ့ဟွာအရှင်သခင်နှင့် ကျင်းလီတို့ ထွက်လာကြသည်။

အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားသည့် ကျင်းလီမှာ နတ်သမီးတစ်ပါးကဲ့သို့ တည်ငြိမ်ပြီး လှပနေ၏။

ယွဲ့ဟွာအရှင်သခင်က ကောင်းကင်သို့မော့ကြည့်ကာ သက်ပြင်းချသည်။

“လင်းယာပြောင်းလဲခြင်းက မကြာခင် ရောက်တော့မှာ၊ မဟူရာနတ်ဆိုးချောက်ကမ်းပါးလည်း မငြိမ်မသက် ဖြစ်တော့မှာပဲ၊ ဒီအခြေအနေတွေက... နင်တို့နှစ်ယောက်အပေါ် မသက်ရောက်ပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်”

သူမ၏အကြည့်မှာ ကျိယွမ်နှင့် ကျင်းလီတို့အပေါ်သို့ ကျရောက်သွားသည်။

“စိတ်မပူပါနဲ့၊ ကျွန်တော် ရှိနေသရွေ့ ကျင်းလီကို ဘယ်သူမှ ထိခိုက်အောင် လုပ်ခွင့်မပေးဘူး”

စကားလုံးများမှာ ရဲရင့်ပြီးကြားနေကြစကားများဖြစ်သော်လည်း ကျိယွမ်ပြောလိုက်သောအခါ သက်ရောက်မှုက တစ်မျိုးဖြစ်သွား၏။

အဓိကကတော့ မည်သူပြောသနည်းဆိုသည့်အချက်ပေါ်၌ မူတည်လေသည်၊ ရုပ်ဆိုးဆိုးလူကြမ်းကြီးတစ်ယောက်က ပြောလျှင် စက်ဆုပ်ဖွယ်ကောင်းမည်ဖြစ်သော်လည်း ကျိယွမ်ကဲ့သို့သော ချောမောခန့်ညားသော လူငယ်လေးတစ်ယောက်က ပြောလိုက်သောအခါ ဆွဲဆောင်မှုရှိသွားသည်။

ထိုသို့ပြောရင်း ကျိယွမ်က ကျင်းလီ၏ အေးစက်နေသော လက်လေးကို ဆုပ်ကိုင်လိုက်၏။ကျင်းလီမှာ စကားတစ်ခွန်းမျှ မဆိုဘဲ သူ့ကို ငြိမ်သက်စွာ ကြည့်နေခဲ့သည်။

အဖွဲ့သည် သိပ်မကြာမီမှာပင် ခရမ်းရောင်ကံကြမ္မာကောင်းကင်သို့ ရောက်ရှိလာ၏။

ကျင်းလီသာ မပါဝင်ပါက မဟာမူလသဘောတရားအဆင့်ပုဂ္ဂိုလ်များအနေဖြင့် ဤခရီးကို အချိန်တိုတိုအတွင်း ရောက်ရှိနိုင်မည် ဖြစ်သည်။

ခရမ်းရောင်ကံကြမ္မာကောင်းကင်သို့ ရောက်သောအခါ ယွဲ့ဟွာအရှင်သခင် စကားပြောရန် ပြင်လိုက်ပြီးမှ ရပ်တန့်ကာ ရုတ်တရက် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်၏။

ခရမ်းရောင်ကံကြမ္မာဘိုးဘေးကလည်း သူမ ကြည့်သည့်အတိုင်း မော့ကြည့်လိုက်သည်။

ခရမ်းရောင်ကံကြမ္မာကောင်းကင်အတွင်းတွင် ယန်နတ်ဘုရားများနှင့် ကျင့်ကြံသူများမှာလည်း တစ်စုံတစ်ခုကို ခံစားမိလိုက်ကြသည်။

သူတို့သည် ကြယ်ရောင်စဉ်တန်းများလွှမ်းမိုးထားသော ကောင်းကင်ကို မြင်လိုက်ရ၏။

ကြယ်စုတန်းတို့မှာ ကြယ်မြစ်ကြီးတစ်ခုကဲ့သို့ ရစ်ပတ်နေပြီး ဝဲဂယက်တစ်ခုကို ဖန်တီးနေခြင်းပင်။

“လင်းယာပြောင်းလဲခြင်း... နောက်ဆုံးတော့ စတော့မှာပဲ” ၊ ယွဲ့ဟွာအရှင်သခင် မသက်မသာ ရေရွတ်လိုက်သည်။

“ကြယ်ရောင်စဉ်တန်းတွေ အသစ်ထပ်တိုးလာတာက ကောင်းကင်ဘုံအားလုံးစစ်ဆေးခြင်းကို စတင်တော့မယ့် အရိပ်အယောင်ပဲ” ။ ခရမ်းရောင်ကံကြမ္မာဘိုးဘေးကလည်း သက်ပြင်းချ၏။

လင်းယာပြောင်းလဲခြင်း မစတင်မီ ကောင်းကင်ဘုံအားလုံးစစ်ဆေးခြင်းကို ဆဋ္ဌမကောင်းကင်ဘုံအတွင်းရှိ ယန်နတ်ဘုရားအရှင်သခင်တို့ ပုန်းကွယ်နေသည့်နေရာမရှိစေရန်နှင့် လင်းယာပြောင်းလဲခြင်းတွင် ပါဝင်စေရန် လုပ်ဆောင်ခြင်းဖြစ်သည်။

“ကောင်းကင်ဘုံအားလုံးစစ်ဆေးခြင်း ပြီးသွားရင် ကျွန်မ လနတ်ဘုရားနန်းတော်ကို ပြန်တော့မယ်” ။ ယွဲ့ဟွာအရှင်သခင်က ကျိယွမ်ကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်ကာ ဆုံးဖြတ်လိုက်သည်။

သူမသည် လနတ်ဘုရားနန်းတော်၏ အခြားမူလသဘောတရားပုဂ္ဂိုလ်များ မသိသေးသော အချက်တစ်ခုကို သိထား၏။ ကျိယွမ်မှာ အမှန်တကယ်တွင် မူလသဘောတရားနှစ်မျိုးကို ပိုင်ဆိုင်ထားသော မိုလိုအရှင်သခင်ဖြစ်လေသည်။

ယခု ထိုက်ဟွမ်နန်းတော်က ကောင်းကင်ဘုံကို အုပ်ချုပ်နေချိန်တွင် သွေးဝတ်စုံ၏ မိုလိုအရှင်သခင်ဟူသော အထောက်အထားမှာ မလွဲမသွေ ပေါ်ပေါက်လာပေတော့မည်။သူမ၏ တာဝန်မှာ သူ့အတွက် နေရာယူပေးရန် ဖြစ်၏။

“ဒီစစ်ဆေးခြင်းမှာ မသိရသေးတဲ့ ရှေးဟောင်းပုဂ္ဂိုလ်တွေ ဘယ်လောက်တောင်များ ပေါ်လာမလဲ မသိဘူး” ။ ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ကြယ်ရောင်စဥ်တန်းကြီးကို ကြည့်ကာ သက်ပြင်းချသည်။

ထိုအချိန်တွင် ယွဲ့ဟွာအရှင်သခင်က လက်ကို မြှောက်လိုက်၏။

“ဒါက ဖန်ဆင်းရှင် ရတနာလက်နက်တစ်ခုဖြစ်တဲ့ ကောင်းကင်အာဏာစက်မြေပုံပါ”

“လရောင်အောက်မှာ အရာအားလုံးကို ဖမ်းဆုပ်နိုင်တယ်၊ ဒီစစ်ဆေးခြင်းနဲ့အတူ ကျွန်မတို့အနေနဲ့ ဆဋ္ဌမကောင်းကင်ဘုံမှာ ပုန်းကွယ်နေတဲ့ ယန်နတ်ဘုရား ဘယ်နှစ်ပါး၊ သို့မဟုတ် မူလသဘောတရားအဆင့်ပုဂ္ဂိုလ် ဘယ်နှစ်ပါးရှိလဲဆိုတာကို မြင်နိုင်လိမ့်မယ်”

ကောင်းကင်အာဏာစက်မြေပုံမှာ ဆဋ္ဌမကောင်းကင်ဘုံ၏ မြေပုံငယ်တစ်ခု ဖြစ်သည်။

၎င်း၏လုပ်ဆောင်ချက်မှာ ကောင်းကင်ဘုံ စစ်ဆေးခြင်းပြုလုပ်ချိန်၌ ကြယ်ရောင်စဉ်တန်းတို့၏ ပုံရိပ်ရောင်များသည် ကောင်းကင်အာဏာစက်မြေပုံပေါ်တွင် ပြန်လည် ပေါ်ထွက်လာခြင်းဖြစ်၏။

ထိုအခါ ကျင့်ကြံသူများအနေဖြင့် မြေပုံမှတစ်ဆင့် ယန်နတ်ဘုရားအရှင်သခင်များ ပုန်းကွယ်နေသည့်နေရာများကို လွယ်ကူစွာရှင်းရှင်းလင်းလင်း မြင်နိုင်ကြသည်။

ခရမ်းရောင်ကံကြမ္မာဘိုးဘေးက သူ၏မုတ်ဆိတ်များကို သပ်လိုက်၏။

“အချိန်လည်းရသေးတယ်ဆိုတော့ ဆဋ္ဌမကောင်းကင်ဘုံမှာ ပုန်းကွယ်နေတဲ့ ယန်နတ်ဘုရား ဘယ်နှစ်ပါးရှိမလဲ ကြည့်ရအောင်”

ကျင်းလီမှာ ကျိယွမ်ကို စိုးရိမ်တကြီး ကြည့်နေသည်။ကျိယွမ်က သူမကို အားပေးပြုံးဖြင့် ပြုံးပြလိုက်သည်။

“စိတ်မပူပါနဲ့၊ ငါ့မှာ အစီအစဉ် ရှိတယ်”

ကျင်းလီ စိတ်အေးသွားသည်။

သူမသည် ယခင်က အကျပ်အတည်းတစ်ခုတွင် ကျိယွမ်က သူမအား ကူညီပေးခဲ့သည့်အကြောင်းကို ပြန်အမှတ်ရမိ၏။

တစ်ချိန်က သူတို့ ဝေးကွာနေခဲ့သော်လည်း ယခုတော့ အတူတူရှိနေခဲ့လေပြီ ။သူမအနေဖြင့် မည်သည့်အရာကို ကြောက်နေရမည်နည်း။

အနည်းဆုံးတော့ ဒီတစ်ကြိမ်၌ သူမသည် သူ၏ဘေး၌ အေးအတူပူအမျှ ရှိနေပေးနိုင်မည် မဟုတ်ပါလား။

ကျင်းလီမှာ သူမကိုယ်သူမ အားနည်းနေသေးကြောင်း သိပါသည်။သို့သော် ဒီတစ်ကြိမ်မှာတော့ သူမသည် ကျိယွမ်ဘေးတွင် ခိုင်မြဲစွာ ရပ်တည်မည် ဖြစ်၏။

ယွဲ့ဟွာအရှင်သခင်က ကောင်းကင်အာဏာစက်မြေပုံကို ကောင်းကင်သို့ ပစ်လွှတ်လိုက်သည်။

ခရမ်းရောင်ကံကြမ္မာကောင်းကင်ပေါ်ရှိ ကောင်းကင်ဘုံမှာ ချက်ချင်း ပြောင်းလဲသွားလေသည်။

မြေပုံမှာ ကောင်းကင်တစ်ခွင်သို့ ဖြန့်ကျက်သွားပြီး လူအများ၏ အာရုံကို ဆွဲဆောင်လိုက်၏။

ထိုအချိန်တွင် ယန်နတ်ဘုရားအရှင်သခင်တစ်ပါးက သတိပေးလိုက်သည်။

“ဒါက လနတ်ဘုရားနန်းတော်ရဲ့ ကောင်းကင်အာဏာစက်မြေပုံပါ၊ စိတ်မပူကြနဲ့”

သူ၏အသံမှာ နယ်မြေတစ်ခွင်သို့ ပျံ့နှံ့သွားပြီး ထိုစကားကို ကြားသောအခါမှ လူအများမှာ သက်ပြင်းချနိုင်တော့သည်။

ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ကျိယွမ်ကို ဖော်ရွေစွာပြုံးကာ ကြည့်လိုက်သည်။

“မင်းရဲ့ ဂျုနီယာလေးတွေကို သွားတွေ့လိုက်ဦး၊ သူတို့က မင်းရဲ့ တာအိုလက်တွဲဖော်ကို စောင့်နေကြတာ ကြာပြီ။”

“ဟုတ်ကဲ့” ကျိယွမ်က ခေါင်းညိတ်လိုက်ပြီး ကျင်းလီကို ခေါ်ကာ ခန်းမကြီးတစ်ခုဆီသို့ ဦးတည်သွားလိုက်သည်။

ခန်းမအတွင်းတွင် ခရမ်းရောင်ကံကြမ္မာကောင်းကင်မှ အရည်အချင်းရှိသူများနှင့် မဟူရာနတ်ဆိုးချောက်ကမ်းပါးမှ တပည့်များဖြင့် ပြည့်နှက်နေသည်။ ကျိယွမ်နှင့် ကျင်းလီတို့ ရောက်လာသည်ကို မြင်သောအခါ အားလုံးက ထရပ်လိုက်ကြပြီး ရိုသေစွာ ဦးညွှတ်ကြသည်။

“သွေးဝတ်စုံ အစ်ကို၊ လကညာတို့ကို ဂါရဝပြုပါတယ်။”

ကျိယွမ်က အားလုံးကိုဖော်ရွေစွာပြုံးပြလိုက်သည်။

“ဒီနေ့ ဘာကိစ္စနဲ့ စုဝေးနေကြတာလဲ၊ ဘာကို အောင်ပွဲခံကြမလို့လဲ၊ ပြီးတော့ ရေခဲဓား၊ မင်းရဲ့ဥတွေကို မစောင့်ရှောက်ဘူးလား၊ ဒီမှာ ဘာလာလုပ်နေတာလဲ။”

“ငါတို့က လကညာ ကျင်းလီနဲ့ သွေးဝတ်စုံ လက်ထပ်တော့မယ်လို့ ကြားလို့ လာကြည့်တာ”

ရေခဲဓားက အားလုံးကိုယ်စားပြန်ဖြေလိုက်သည်။

သွေးဝတ်စုံနှင့် လကညာတို့၏ လက်ထပ်ခြင်းသတင်းသည် မဟူရာနတ်ဆိုးချောက်ကမ်းပါးတစ်ခွင် လှုပ်ခတ်သွားစေ၏။ အမှန်ဆိုရလျှင် ဤသတင်းသည် အလွန်ပင် ထိတ်လန့်စရာကောင်းလှသည်။ လကညာတစ်ဦး လက်ထပ်ခွင့်မရှိဟူသော စည်းမျဉ်းသည် လနတ်ဘုရားနန်းတော်၏ သံမဏိစည်းကမ်းချက် ဖြစ်သည်။ ယခုမူ သွေးဝတ်စုံကြောင့် ထိုစည်းမျဉ်းမှာ ပျက်ပြယ်သွားခဲ့လေပြီ။

“မင်းတို့ရဲ့ ကျင့်ကြံသူများက ဘာလို့ ဒီလောက်နှေးကွေးနေရလဲဆိုတာ အခုတော့ နားလည်ပြီ၊ မင်းတို့က ကောလဟာလတွေကိုပဲ လိုက်နားထောင်နေကြတာကိုး”

ကျိယွမ်က သက်ပြင်းချရင်း ပြောလိုက်သည်။

ရေခဲဓားက ရယ်မောရင်း ကောင်းကင်ပေါ်ရှိ ကောင်းကင်အာဏာစက်မြေပုံကို မော့ကြည့်သည်။

“ငါတို့ အချိန်ကိုက် ရောက်လာတာကို ၊ လကညာကို မြင်ရုံတင်မကဘဲ မြေပုံကိုပါ မြင်ရတော့မှာလေ”

“မှန်တယ်၊ အခုဆိုရင် ဒီဆဋ္ဌမကောင်းကင်ဘုံမှာ ယန်နတ်ဘုရားဘယ်နှစ်ပါး ပုန်းကွယ်နေလဲဆိုတာ သိရတော့မယ်။”

အခြားသော လူငယ်များလည်း စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေကြသည်။ သို့သော် ခရမ်းရောင်ကံကြမ္မာ တာ့ရွှယ်ကမူ ထိုကိစ္စကို စိတ်ဝင်စားဟန်မရှိဘဲ သူမ၏အကြည့်မှာ ဘေးနားရှိ အန်းရွမ်းလုဆီသို့ ရောက်သွား၏။

“ကြည့်ပါဦး၊ သွေးဝတ်စုံက ကျင်းလီနဲ့ လက်ထပ်တော့မှာ၊ သူက မဟူရာနတ်ဆိုးချောက်ကမ်းပါးရဲ့ အတော်ဆုံး ပုဂ္ဂိုလ်ပဲ။”

“ဟွန့်..အဲဒါဘာဖြစ်လဲ ၊ သူက နင်နဲ့လက်ထပ်မှာ မဟုတ်ဘဲနဲ့ ဘာလို့ ဒီလောက်တောင် ပျော်နေရတာလဲ”

အန်းရွမ်းလုက မဲ့ ရွဲ့ကာ ပြန်ချေပလိုက်သည်။

“နင်...”

ထိုအချိန်တွင် လူငယ်များကြား၌ ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။

“ကြည့်ပါဦး၊ အလင်းရောင်တွေ လင်းလာပြီ၊ စစ်ဆေးခြင်း စတင်ပြီ။”

“ပထမ ကောင်းကင်ဘုံတဲ့။”

“သူတို့က အမြဲတမ်း ပထမ ကောင်းကင်ဘုံကနေပဲ စစစ်လေ့ရှိတာလေ။”

အားလုံး၏ အကြည့်မှာ ကောင်းကင်အာဏာစက်မြေပုံပေါ်သို့ ရောက်သွားကြသည်။ ကောင်းကင်ဘုံတွင် အလင်းရောင်များက မီးသီးများထွန်းလိုက်သလို တစ်ခုပြီးတစ်ခု တောက်ပလာ၏။ ဆဋ္ဌမကောင်းကင်ဘုံသည်လည်း ပိုမိုတောက်ပလာပြီး ညအချိန်၏အမှောင်ကိုပင် ဖုံးလွှမ်းသွားသည်။ နေရာအနှံ့တွင် အလင်းအမှတ်ကလေးများ ပေါ်ထွက်လာသည်။

ပထမ ကောင်းကင်ဘုံရှိ ကျင့်ကြံသူများမှာလည်း ကောင်းကင်သို့ မော့ကြည့်နေကြပြီး ကြယ်ရောင်စဉ်များမှာ ကောင်းကင်သို့ မီးရှုးမီးပန်းများ ပစ်လွှတ်လိုက်သည့်အလား တောက်ပနေသည်။

“ဘာမှမသိတဲ့သူတွေဆိုရင် ဒါကို ဘာလင်မှာရှိတဲ့ လေကြောင်းရန်ကာကွယ်ရေးအမြောက်တွေနဲ့တောင် မှားနိုင်တယ်” ။ ကျိယွမ်က ထိုအလင်းတန်းများကို ကြည့်ကာ အေးဆေးစွာ မှတ်ချက်ချသည်။

ပထမ ကောင်းကင်ဘုံတွင်တော့ ဤကြယ်ရောင်စဉ်တန်းများကို မြင်သမျှ ကျင့်ကြံသူအားလုံးမှာ ရိုသေစွာ ဂါရဝပြုကြလေသည်။ အလင်းတစ်ခုစီတိုင်းသည် ယန်နတ်ဘုရားအရှင်သခင်တစ်ပါးကို ကိုယ်စားပြု၏။

“ပထမ ကောင်းကင်ဘုံမှာ ယန်နတ်ဘုရားတွေ အများကြီးပဲ။”

“ဆဋ္ဌမကောင်းကင်ဘုံထဲမှာ ပထမ ကောင်းကင်ဘုံက ဒုတိယမြောက် အင်အားအကြီးဆုံးပဲ။”

ကျိယွမ်၏အကြည့်မှာ ကောင်းကင်အာဏာစက်မြေပုံပေါ်တွင် တည်ငြိမ်နေသည်။

“ယန်နတ်ဘုရားတွေ ဒီလောက်များနေတာလား ၊ မသေမျိုးလမ်းစဥ်က တကယ်ကို ရှင်သန်နေတာပဲ။”

ကောင်းကင်အာဏာစက်မြေပုံမှာ ဆက်လက်လင်းလက်နေလေသည်။

ထိုအချိန်တွင် ထိုက်ဟွမ်နန်းတော်တွင်ဖြစ်၏။

မူလစစ်မှန်အရှင်၏ မျက်လုံးများမှာ ရှုပ်ထွေးသော အရိပ်အယောင်ဖြင့် တောက်ပနေသည်။

“ငါ အရင်က သိကျွမ်းခဲ့တဲ့သူအချို့ကို တွေ့လိုက်ရသလိုပဲ။”

သူ့ဘေးတွင်ရှိနေသော နေမင်းအရှင်မှာ မီးတောက်အငွေ့အသက်များဖြင့် တောက်ပနေ၏။

“ဒီလောကမှာ ငါတို့ ထင်ထားတာထက် ပိုအစွမ်းထက်တဲ့သူတွေ ရှိနေတာပဲ။”

“အင်း...ဒါကြောင့်လည်း လင်းယာပြောင်းလဲခြင်းက ပိုပြီး စိတ်လှုပ်ရှားစရာကောင်းနေတာပေါ့”

မူလစစ်မှန်အရှင်က မှတ်ချက်ချလိုက်သည်။

“ဒါနဲ့ ...နေမင်းဆယ်စင်းအရှင်သခင်က ပထမ ကောင်းကင်ဘုံမှာ ပုန်းမနေဘူးပဲ၊ စိတ်ဝင်စားဖို့ ကောင်းတယ်။”

ကောင်းကင်အာဏာစက်မြေပုံပေါ်တွင် နေမင်းဆယ်စင်းအရှင်သခင်၏ အလင်းမရှိသည့်အတွက် သူသည် ပထမ ကောင်းကင်ဘုံတွင် မရှိကြောင်း သိသာသည်။

“သူ ဘယ်မှာပဲ ပုန်းနေပါစေ၊ သေခြင်းတရားက သူ့ဆီကို ရောက်လာမှာပဲ”

မူလစစ်မှန်အရှင်က ကြုံးဝါးလိုက်၏။

“ကြည့်လိုက်... စစ်ဆေးခြင်းက ဒုတိယ ကောင်းကင်ဘုံကို ရောက်သွားပြီ။”

ထိုအချိန်တွင် ခရမ်းရောင်ကံကြမ္မာကောင်းကင်ရှိ ခန်းမအတွင်း၌ ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က ကျိယွမ်ကို ကြည့်သည်။

“သွေးဝတ်စုံ၊ ဘာလို့ နင်အဝတ်အစားတွေ ရုတ်တရက် လဲလိုက်တာလဲ။”

သွေးဝတ်စုံ ရောက်လာစဉ်က အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း ယခုတော့ အမည်းရောင် ဖြစ်သွားလေသည်။ အခြားသူများက ကျိယွမ်ကို အံ့အားသင့်စွာ ကြည့်လိုက်ကြ၏။

“နင်တို့ မျက်စိကို ပြန်စစ်ကြည့်သင့်တယ်၊ ငါ အဝတ်လဲတာမဟုတ်ဘူး၊ အင်္ကျီကို အနက်ရောင်ဆိုးလိုက်တာ”

ထိုစကားကို ကြားပြီးနောက် အားလုံး စကားမပြောနိုင်အောင် ဖြစ်သွားကြသည်။ သူတို့သည် ကောင်းကင်အာဏာစက်မြေပုံကို စိတ်လှုပ်ရှားစွာ ကြည့်နေကြစဉ် သူက အင်္ကျီအရောင်ဆိုးနေသည်တဲ့လား။

“ဘာလို့ ဆိုးနေရတာလဲ”

ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က နားမလည်သလိုမေးကာ ကျိယွမ်အား ခြေဆုံးခေါင်းဆုံးကြည့်၏။

“ဘာမှမဟုတ်ပါဘူး ၊ ငါက အနက်နဲ့ဆို ပိုချောလို့ ”

ကျိယွမ်က စကားကိုလှည့်ပတ်ပေးလိုက်သည်။

အမှန်တကယ်တွင် သူ့တွင် အကြောင်းရင်းတစ်ခု ရှိသည်။ အင်္ကျီကို အနက်ရောင်ဆိုးထားလျှင် စစ်ဆေးခြင်း သူ့ဆီသို့ ရောက်လာသောအခါ သူ၏ကြယ်ရောင်ကို ဖုံးကွယ်ထားနိုင်မည် ဖြစ်သည်။

ထိုသို့ စဉ်းစားမိပြီးနောက် သူ၏ထက်မြတ်သောဉာဏ်ရည်ကို သူ့ဘာသာပြန်ချီးကျူးလိုက်သည်။ ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က တစ်ချက်မဲ့လိုက်ပြီး ဘာမျှ ထပ်မပြောတော့ပေ။

အားလုံး၏ အာရုံမှာ ကောင်းကင်အာဏာစက်မြေပုံဆီသို့ ပြန်ရောက်သွားပြန်သည်။ ရေခဲဓားမှာ စိတ်လှုပ်ရှားနေ၏။

“ဒုတိယ ကောင်းကင်ဘုံမှာ ယန်နတ်ဘုရားတွေ ဒီလောက်ပဲလား။”

“စတုတ္ထ ကောင်းကင်ဘုံမှာလည်း မူလသဘောတရားအဆင့် ကျင့်ကြံသူ မရှိဘူးလား၊ အရမ်း စိတ်ပျက်ဖို့ကောင်းတယ်။”

“ကြည့်ပါဦး၊ ပဉ္စမ ကောင်းကင်ဘုံမှာ ဗုဒ္ဓနိုင်ငံတော်က ယန်နတ်ဘုရားလေးပါး ထပ်တိုးလာတယ်။”

“ဒါက ထူးဆန်းတယ်၊ ဗုဒ္ဓအရှင်တစ်ပါးပဲ ရှိရမှာ မဟုတ်ဘူးလား။”

“ခဏလေး၊ မိုလိုမျိုးနွယ်စုကို ကြည့်ကြဦး..၊ ဘာအလင်းမှ မရှိဘူး။”

“ဘာ”

ထိုအချိန်၌ မိုလိုမျိုးနွယ်စုအတွင်းရှိ တပည့်များမှာ မျက်လုံးပြူးကာ ထိတ်လန့်နေကြသည်။

“ဘာဖြစ်ကုန်တာလဲ။”

“အရှင်သခင်တွေ ဘယ်ရောက်သွားကြတာလဲ။”

မိုလိုမျိုးနွယ်စုတွင် ယန်နတ်ဘုရားအရှင်သခင် ဒါဇင်ပေါင်းများစွာ ရှိသည် မဟုတ်ပါလား ။ သို့သော် ယခုတော့ ဘာအလင်းမှ မရှိတော့ပေ။

ထိုအရာ အလွန်ထိတ်လန့်စရာကောင်းလှသည် ။

ထိုအချိန်တွင် မူလန်ဆိုသူကတော့ ဤအခြေအနေကို မြင်ပြီး အလွန်ပျော်ရွှင်သွားတော့သည်။

“ဟားဟားဟား၊ သူ ထွက်သွားပြီ၊ နောက်ဆုံးတော့ သူ ထွက်သွားပြီကွ။”

“ကြောက်စရာကောင်ကြီးက နောက်ဆုံးတော့ ထွက်သွားပြီပေါ့။”

ယခုအချိန်အထိ မူလန်မှာ စိုးရိမ်ပူပန်မှုများဖြင့် နေထိုင်ခဲ့ရသည်။ မိုလိုမျိုးနွယ်စုမှ ယန်နတ်ဘုရားများမှာ တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ အသွင်ဖျက်ထားခြင်းသာ ဖြစ်ကြောင်း သူ သိသွားခဲ့၏။ ထိုလျှို့ဝှက်ချက်ကို သိပြီးနောက် သူ နေ့တိုင်း ကြောက်ရွံ့စွာ နေခဲ့ရသည်။ သူ့အားနှုတ်ပိတ်မည်စိုးသဖြင့် သိနေရက်နှင့် မသိသလိုဆက်လုပ်နေရ၏။

ထိုအချိန်တွင် ဆဋ္ဌမကောင်းကင်ဘုံအတွင်းရှိ ထိုက်ဟွမ်နန်းတော်မှ ပုဂ္ဂိုလ်များမှာလည်း အံ့အားသင့်နေကြသည်။

“မိုလိုမျိုးနွယ်စုက ယန်နတ်ဘုရားတွေ ပျောက်ကွယ်သွားပြီ၊ သူတို့ ဘယ်သွားကြတာလဲ။”

“အရမ်းထူးဆန်းတယ်။”

နေမင်းအရှင်သခင်ကလည်း ထူးဆန်းလှသည်ဟုတွေးကာ မှတ်ချက်ချ၏။

“ မိုလိုအရှင်သခင်က ဘယ်မှာ ပုန်းနေလဲဆိုတာ ငါ သိချင်လိုက်တာ”

မူလစစ်မှန်အရှင်သခင်က ဒေါသတကြီး ကြုံးဝါးလေသည်။

“မိုလိုမျိုးနွယ်စုက လင်းယာပြောင်းလဲခြင်းအတွက် အကြီးကြီး စီစဉ်နေတာပဲ၊ ဘာပဲဖြစ်ဖြစ် ထိုက်ဟွမ်နန်းတော်ရဲ့ မျက်စိကနေ မလွတ်ပါဘူး”

“နေမင်းဆယ်စင်းအရှင်သခင်က ပဉ္စမ ကောင်းကင်ဘုံမှာလည်း မရှိဘူး၊ သူက ဆဋ္ဌမကောင်းကင်ဘုံမှာ ပုန်းနေတာပဲ၊ သူ့သတ္တိကတော့ ချီးကျူးဖို့ကောင်းတယ်။”

“နေမင်းရှိတဲ့နေရာတိုင်းမှာ ဘယ်သူက ပုန်းကွယ်နိုင်မှာလဲ ၊ သူ့ရက်တွေ ကုန်ဆုံးတော့မှာပါ”

မူလစစ်မှန်အရှင်သခင်က ကြုံးဝါးလိုက်သည်။

ဤသို့ဖြင့် စစ်ဆေးခြင်းမှာ ဆဋ္ဌမကောင်းကင်ဘုံသို့ ရောက်ရှိလာ၏။

ထိုအချိန်တွင် ယွဲ့ဟွာအရှင်သခင်က ကျိယွမ်ကို နားမလည် ကြည့်သည်။ တကယ်တော့ သူမလည်း မိုလိုမျိုးနွယ်စုမှ ယန်နတ်ဘုရားများ မည်သည့်နေရာသို့ ရောက်သွားသလဲဆိုတာကို သိချင်နေသည်။

“ကြည့်လိုက်..၊ ပင်လယ်လို ကြယ်ရောင်တွေ၊ ဒါကမှ အစစ်အမှန် အထက်တန်းအရှင်သခင်ပဲ။”

“ဒါက ပီလော့ထျန်းရဲ့ အထက်တန်းအရှင်သခင်ဖြစ်မယ်။”

ကောင်းကင်အာဏာစက်မြေပုံပေါ်တွင် နေရာတစ်ခုမှာ ကြယ်ပင်လယ်ကြီးကဲ့သို့ တောက်ပနေသည်။ ကြည်မိသူမည်သူမဆို အလွန် တောက်ပနေသည့် ပင်လယ်ကဲ့သို့ အလင်းများကို မြင်နိုင်၏။

“နောက်ထပ် တစ်ခုရှိသေးတယ်၊ နောက်ထပ် ကြယ်ရောင်ပင်လယ်တစ်ခု၊ ဒါက လျှို့ဝှက်နယ်မြေတစ်ခု ဖြစ်ရမယ်။”

“နှစ်ပါးတောင်မှလား.. မူလသဘောတရားအသင်းမှာ အထက်တန်းအရှင်သခင်နှစ်ပါး တကယ်ရှိတာပဲ။”

စစ်ဆေးခြင်းက ဆဋ္ဌမကောင်းကင်ဘုံကို ကျော်ဖြတ်သွားသောအခါ ယန်နတ်ဘုရားအရှင်သခင်များမှာ တင်းမာနေကြသည်။ ဆဋ္ဌမကောင်းကင်ဘုံရှိ အင်အားများမှာ အလွန်ပင် ကြီးမားလှပြီးအမှန်တကယ်ပင် မူလသဘောတရားအဆင့် ကျင့်ကြံသူများ အလွန်များပြားနေသည်။

ယန်နတ်ဘုရားအရှင်သခင်အချို့က ဆဋ္ဌမကောင်းကင်ဘုံအတွင်းရှိ မူလသဘောတရားအဆင့် ကျင့်ကြံသူအရေအတွက်ကို ရေတွက်ရန် အာရုံစိုက်နေကြ၏။

“ရှန်လော့ကောင်းကင်ဘုံမှာ မဟာမူလသဘောတရားအဆင့် ကျင့်ကြံသူတစ်ပါး ထပ်ရှိနေသေးတာပဲ၊ ကောင်းကောင်း ဖုံးကွယ်ထားနိုင်တာပဲ။”

“နဂါးဖြူချောက်ကမ်းပါးမှာ မဟာမူလသဘောတရားအဆင့် ကျင့်ကြံသူ ခုနစ်ပါးတောင် ဖြစ်နေပြီ၊ ဘာတွေဖြစ်နေတာလဲ။”

“လနတ်ဘုရားနန်းတော်ကတော့ ယန်နတ်ဘုရားတွေ အရင်ကထက် နည်းသွားလိုက်တာ။”

လေထဲတွင် သက်ပြင်းချသံများ၊ တိုးတိုးပြောသံများနှင့် ခန့်မှန်းချက်များဖြင့် ပြည့်နှက်နေသည်။

ထိုအချိန်တွင် နှင်းခဲဓားမှာ စက္ကန့်နှင့်အမျှ ပို၍ စိတ်လှုပ်ရှားလာသည်။ စစ်ဆေးခြင်းမှာ ခရမ်းရောင်ကံကြမ္မာကောင်းကင်သို့ ရောက်တော့မည် ဖြစ်၏။ နှင်းခဲဓားမှာ သူ့ကိုယ်သူ ပို၍ လှပနေစေရန် အနေအထား ပြင်လိုက်သည်။ မကြာခင်မှာပဲ သူ၏ကြယ်ပွင့်မှာ အခြားအရာများထက် ပို၍ တောက်ပလာလိမ့်မည် မဟုတ်ပါလား။

“စတော့မယ်။”

ခရမ်းရောင်ကံကြမ္မာကောင်းကင်တစ်ခွင်တွင် အားလုံး၏ အာရုံမှာ စုစည်းသွားသည်။ ကျင့်ကြံသူတိုင်းမှာ ခရမ်းရောင်ကံကြမ္မာကောင်းကင်တွင် ယန်နတ်ဘုရား ဘယ်နှစ်ပါးရှိသလဲ၊ ဘယ်သူက ယန်နတ်ဘုရားအဆင့်သို့ တိုးတက်သွားသလဲဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

ကျိယွမ်ပင်လျှင် အနည်းငယ် စိုးရိမ်လာမိသည်။

“ကြယ်ရောင်စဉ်က သိပ်မပြင်းထန်ရင် ငါ့အမည်းရောင်ဝတ်ရုံက ဖုံးကွယ်ပေးနိုင်မှာပါ၊ ပြဿနာမရှိပါဘူး။”

သူ သေချာစဉ်းစားကြည့်သည်။ သူက ခရမ်းရောင်နန်းတော်အဆင့်သာ ရှိသေးသည်၊ မူလသဘောတရားနှစ်ခု၏ စွမ်းအားရှိသော်လည်း သူ၏ကြယ်ရောင်စဉ်မှာ မည်မျှတောက်ပနိုင်မည်နည်း။

ခရမ်းရောင်ကံကြမ္မာဘိုးဘေးက သူ၏မုတ်ဆိတ်ကို ပွတ်သပ်ရင်း မှတ်ချက်ချ၏။

“ဒီမှာ ယန်နတ်ဘုရားအရှင်သခင် အရေအတွက် မပြောင်းလဲဘူး၊ အသစ်တိုးလာတာဆိုလို့ နှင်းခဲဓားပဲ ရှိတယ်”

မူလသဘောတရားအဆင့် ကျင့်ကြံသူများအတွက် သူ့၏လျှို့ဝှက်ချက်ကိုမြင်ရန်မှာ အလွန်လွယ်ကူ၏။ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ စကားဆုံးသည်နှင့် ခရမ်းရောင်ကံကြမ္မာကောင်းကင်အတွင်းမှ တောက်ပသော ကြယ်ရောင်စဉ်တစ်ခု ကောင်းကင်သို့ ပစ်လွှတ်လိုက်သည်။

ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ ကြယ်ရောင်စဉ်မှာ ရေကန်တစ်ခုကဲ့သို့ တောက်ပနေသည်။ တစ်ချိန်တည်းမှာပင် ယွဲ့ဟွာအရှင်သခင်၏ ကြယ်ရောင်စဉ်မှာလည်း ပျံသန်းသွားကာ ခရမ်းရောင်ကံကြမ္မာဘိုးဘေးထက် ပိုမိုကျယ်ဝန်းပြီး တောက်ပနေသည်။

“ယန်နတ်ဘုရား အရေအတွက် မပြောင်းလဲဘူး၊ ဘာမှ လုပ်စရာမလိုပါဘူး။”

သို့သော် သူ၏စကားမှာ ရပ်တန့်သွားပြီး သူ၏အကြည့်မှာ နှင်းခဲဓားဆီသို့ ရောက်သွားသည်။ ယွဲ့ဟွာအရှင်သခင်လည်း ထိုနေရာသို့ ရုတ်တရက် လှည့်ကြည့်လိုက်၏။ ဆဋ္ဌမကောင်းကင်ဘုံအတွင်းရှိ ယန်နတ်ဘုရားအရှင်သခင်များမှာ ထိုပြင်းထန်မှုကို ခံစားမိပြီး ခရမ်းရောင်ကံကြမ္မာကောင်းကင်ဆီသို့ အာရုံစိုက်လိုက်ကြသည်။

နှင်းခဲဓားဆီမှ ကြယ်ရောင်စဉ်တစ်ခု က ကောင်းကင်သို့ ထိုးတက်သွားလေသည်။

ဒီအချိန်ပဲကွ..။

စိတ်လှုပ်ရှားနေသော နှင်းခဲဓားမှာ အခြားသူများ၏ အာရုံစိုက်မှုကို ခံယူရန် အသင့်ပြင်ထားလိုက်၏။

“အား....ဘယ်သူက အလင်းပေးမှော်ပညာကို သုံးလိုက်တာလဲ၊ ဘာမှ မမြင်ရတော့ဘူး။”

ရုတ်တရက် ပြင်းထန်သော အဖြူရောင်အလင်းတန်းနှင့် ပူပြင်းသောအလင်းရောင်များက သူ့ကို လွှမ်းခြုံသွားသဖြင့် ဟန်လုပ်နေသောနှင်းခဲဓားမှာ အလန့်တကြားမျက်စိမှိတ်လိုက်​ရ၏။

သူကိုယ်တိုင် ယန်နတ်ဘုရားတစ်ပါး ဖြစ်သော်လည်း ထိုအလင်းများက စူးလွန်း၍ မျက်လုံးကို တင်းတင်းစုံမှိတ်ထားရသည်။

ငါလှလှပပလေး ပွဲထွက်တော့မှာကို ။

သူက မကျေမနပ်ဖြင့် မျက်လုံးပြန်ဖွင့်လိုက်သောအခါ ရုတ်တရက်ကြက်သေသေသွားတော့သည်။

သွေးဝတ်စုံ၏ အမည်းရောင်ဝတ်ရုံမှာ ပေါက်ပြဲနေပြီး အတွင်းမှ ကြယ်ရောင်စဉ်တန်းများက အဆုံးမရှိသလို ပန်းထွက်နေသောကြောင့်ပင်။

အလင်းတန်းများမှာ ကောင်းကင်သို့ အဆုံးမရှိ ပစ်လွှတ်နေပြီး ထိုမြင်ကွင်းမှာ အလွန်ထူးဆန်းသည်။

အထက်တန်းအရှင်သခင်၏ ကြယ်ရောင်စဉ်တန်းပင်လျှင် ဤမျှကျယ်ဝန်းသော အလင်းရောင်မျိုးနှင့် မယှဉ်နိုင်ပေ။ ယန်နတ်ဘုရား ထောင်ပေါင်းများစွာ တစ်နေရာတည်းတွင် စုဝေးနေပြီး တစ်ပြိုင်နက်တည်း တောက်ပနေသကဲ့သို့ပင်။

“ဒါ ယန်နတ်ဘုရားတစ်ပါးရဲ့ ကြယ်ရောင်စဉ် မဟုတ်ဘူး။”

“နေဦး.. အလင်းတန်းတွေ ထောင်ပေါင်းများစွာစုနေတာလား။”

၎င်း၏ ပြင်းထန်မှုမှာ မဖော်ပြနိုင်လောက်အောင် ကြောက်စရာကောင်းလှ၏။တုန်လှုပ်နေသော နှင်းခဲဓားမှာ မျက်တောင်များကို မြန်ဆန်စွာ ခတ်လိုက်သည်။

“သွေးဝတ်စုံ၊ မင်း အင်္ကျီထဲမှာ မီးသီးတွေ ဘယ်နှထောင်လောက် ဝှက်ထားတာလဲ”

----------

All Chapters