← Chapters

အခန်း ၄၇၉

Vol. 45 Ch. 479

အခန်း ၄၇၉

Vol. 45 Ch. 479

အခန်း ၄၇၉ - သေဒဏ်ထိုက်သော ရာဇဝတ်မှု

ကြယ်တာရာအလင်းတန်းများသည် အထပ်ထပ်ဆင့်လျက် စူးရှတောက်ပစွာ လင်းလက်နေသော်လည်း သေသေချာချာကြည့်လျှင် ၎င်းတို့မှာ လေးထောင်ကျော်သော အလင်းတန်းများဖြင့် ဖွဲ့စည်းထားကြောင်း မြင်တွေ့နိုင်လေသည်။ ထိုအလင်းတန်းများသည် ကောင်းကင်ယံရှိ ကြယ်တာရာများနှင့် ရောယှက်ကာ တိမ်တိုက်များထဲသို့ တည့်တည့်မတ်မတ် ထိုးဖောက်ဝင်ရောက်သွား၏။

ဤမြင်ကွင်းသည် ဆန်းကြယ်ပြီး ခန့်ညားထည်ဝါလှသဖြင့် ဆဋ္ဌမကောင်းကင်ဘုံအတွင်းရှိ လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်လေသည်။

အတိုင်းအဆမဲ့သော လျှို့ဝှက်ဆန်းကြယ်နယ်မြေတစ်ခုတွင် အကြီးအကဲတစ်ဦးသည် လိပ်ခွံတစ်ခုပေါ်၌ ထိုင်နေပြီး သူ၏ပတ်ဝန်းကျင်တွင် စူးစူးရဲရဲ မကြည့်ဝံ့လောက်အောင် ကျယ်ပြောလှသော ကြယ်တာရာအလင်းပင်လယ်ကြီး ဝန်းရံလျက် ရှိနေသည်။ သူသည် ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံဘက်သို့ လှမ်းကြည့်လိုက်ရာ မုတ်ဆိတ်မွေးများပင်တုန်ရီသွားပြီး အံ့သြတကြီးရေရွတ်လိုက်လေသည်။

"ဒါက ဘယ်လိုအရာကြီးလဲ"

မူလသဘောတရားအသင်း၏ ဒုတိယခေါင်းဆောင်သည် သူ၏မျက်လုံးများကို ဖွင့်လိုက်၏။ အတိုင်းအဆမဲ့သော အကွာအဝေးကို ဖြတ်ကျော်ပြီး ကြည့်လိုက်မိသောအခါ နှစ်ပေါင်းထောင်ချီပတ်လုံး ရေခဲပြင်ကဲ့သို့ တည်ငြိမ်ခဲ့သော သူ၏မျက်နှာအမူအရာတွင် အံ့ဩတုန်လှုပ်မှုနှင့် ထိတ်လန့်မှုများ ထင်ဟပ်သွားလေသည်။

"ခန္ဓာကိုယ်တစ်ခုတည်းမှာ ယန်နတ်ဘုရားလေးထောင်လား။ မဟုတ်သေးဘူး... သူက ယန်နတ်ဘုရားလမ်းစဉ် လေးထောင်ကို ကျင့်ကြံခဲ့တာလား။ ဒါလည်း မဟုတ်နိုင်ဘူး"

သူ၏တုန်လှုပ်မှုနှင့်အတူ နက်ရှိုင်းသော သံသယများ ဖြစ်ပေါ်နေလေသည်။

ပိလော့ထျန်းကောင်းကင်ဘုံတွင် အဘွားအိုတစ်ဦး၏ ဦးခေါင်းထက်ရှိ ဆေးဖရုံသီးသည် ပွင့်သွားပြီး အတိုင်းအဆမဲ့သော ကြယ်တာရာအလင်းတန်းများကို ဝါးမြိုလိုက်၏။ သူမ၏လက်များက ရုတ်တရက် တုန်ရင်သွားကာ မယုံနိုင်သလို ရေရွတ်လိုက်သည်။

"မသေမျိုးလမ်းစဥ် စိတ်ဆန္ဒတွေ နိုးထလာတာလား"

ဝေးကွာလှသောအရပ်မှ မြင်ကွင်းသည် သူမ၏ စိတ်ကူးနှင့် နားလည်နိုင်စွမ်းကို ကျော်လွန်နေခဲ့လေ၏။

ထိုက်ဟွမ်နန်းတော်တွင် မူလစစ်မှန်အရှင်သခင်၏ မျက်နှာ၌ စိုးရိမ်တုန်လှုပ်မှု အမူအရာများ ထင်ဟပ်နေသည်။

"ဒါ... ဒါက ဘာလဲ"

သူ၏ပတ်ဝန်းကျင်ရှိ ယန်နတ်ဘုရားများမှာ တိတ်ဆိတ်နေကြ၏။ အဆင့်အတန်းနှင့် စည်းစနစ်သာ မရှိလျှင် သူတို့က 'မူလစစ်မှန်အရှင်သခင်... သင်က ဒီစုံစမ်းစစ်ဆေးမှု၏ ဒုတိယခေါင်းဆောင် မဟုတ်ဘူးလား။ သင်ပဲ သိရမှာလေ' ဟု ပြန်လည်ချေပမိကြပေလိမ့်မည်။

"ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံဘက်ကလာတာပဲ... ဒါက ခရမ်းရောင်ကံကြမ္မာဘိုးဘေး မဟုတ်နိုင်ဘူး။ ဒါဆိုရင်..."

နေမင်းအရှင်သခင်သည် မျက်မှောင်ကြုတ်ကာ လေးနက်စွာ စဉ်းစားနေလေသည်။

ထို့နောက် မူလစစ်မှန်အရှင်သခင်သည် ကြယ်တာရာနယ်ပယ်ဆီသို့ အကြည့်များကို ပြန်လည်စုစည်းလိုက်၏။

သူ၏မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။

"ဒါက မိုလိုမျိုးနွယ်စုက ယန်နတ်ဘုရားတွေနဲ့... နေမင်းဆယ်စင်းအရှင်သခင်တို့ ပတ်သက်နေတာပဲ"

"ဘာ"

ထိုက်ဟွမ်နန်းတော်ရှိ ယန်နတ်ဘုရားများ၏ မျက်နှာအမူအရာများ ချက်ချင်း တင်းမာသွားကြသည်။

ချက်ချင်းဆိုသလိုပင် သူတို့ နားလည်သွားကြ၏။

နေမင်းဆယ်စင်းအရှင်သခင်သည် မိုလိုမျိုးနွယ်ဆီသို့ တိတ်တဆိတ် သွားရောက်ပြီး ၎င်းတို့ကို ထိန်းချုပ်လိုက်ခြင်းလား။

နေဦး... ဒါဆိုရင် မိုလိုအရှင်သခင်က

တကယ်ပဲ...။

ယန်နတ်ဘုရားများ၏ စိတ်ထဲတွင် ကြောက်မက်ဖွယ်ရာ အတွေးတစ်ခု ဖြစ်ပေါ်လာသည်။

မိုလိုအရှင်ဆိုသည်မှာ အမှန်တကယ်၌ နေမင်းဆယ်စင်းအရှင်သခင် ဖန်တီးထားသည့် ရုပ်ဖျက်မှုတစ်ခု ဖြစ်နေမလား။

"မဟုတ်သေးဘူး... ဒါပေမဲ့ သူက ဘာဖြစ်လို့ ယန်နတ်ဘုရားလေးထောင်ကျော်ကို လိုအပ်ရတာလဲ။ ပထမနဲ့ ဆဋ္ဌမကောင်းကင်ဘုံကလွဲရင် ဒီယန်နတ်ဘုရားအရေအတွက်က အခြားကောင်းကင်ဘုံတွေထက်တောင် အများကြီး ပိုနေသေးတယ်"

ယန်နတ်ဘုရားတစ်ဦးက ဇဝေဇဝါဖြစ်စွာ ပြောလိုက်လေသည်။ကျန်သောသူများသည်လည်း ထိုနည်းတူစွာပင် ဝေခွဲမရ ဖြစ်နေကြ၏။

တစ်ချိန်တည်းမှာပင် ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံအတွင်း၌လည်း နေရာပေါင်းစုံမှ ယန်နတ်ဘုရားများသည် အကွာအဝေးများကို ဖြတ်ကျော်ကာ ၎င်းတို့၏အမြင်ကို ကျိယွမ်ထံသို့ စုစည်းထားကြသည်။

ကျိယွမ်၏ ဝတ်ရုံနက်မှာ အပေါက်များစွာ ဖြစ်နေပြီး ထိုအပေါက်များထဲမှ ကြယ်တာရာအလင်းတန်းများ အဆက်မပြတ် ယိုစိမ့်ထွက်ပေါ်နေသဖြင့် ထိန်းချုပ်ရန် မဖြစ်နိုင်တော့ပါ။

အစပိုင်းတွင် ကျိယွမ်သည် သူ၏အလင်းရောင်များကို ဝတ်ရုံဖြင့် ဖုံးအုပ်ကာ ကာကွယ်နိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့သည်။

သို့သော် သူ၏စိတ်ဝိညာဉ်တစ်ခုချင်းစီက အလင်းများ မရပ်မနားထုတ်လွှတ်နေပြီး မြေအောက်ကမ္ဘာရှိ မိုလိုမျိုးနွယ်၏ ဝိညာဉ်များကပါ မထင်မှတ်ဘဲ တောက်ပလာခဲ့၏။သူဘာတတ်နိုင်တော့မည်နည်း။

ထိုအခိုက်အတန့်တွင် နှင်းခဲဓားသည် သံသယများ ပြည့်နှက်နေသော မျက်နှာဖြင့် ကျိယွမ်ကို ကြည့်နေ၏။

အန်းရွှန်းလု၊ ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်၊ ခရမ်းရောင်ကံကြမ္မာရှောင်လုနှင့် အခြားသူများသည်လည်း မျက်လုံးများကို ဖွင့်လိုက်ကြရာ ဂိမ်းတစ်ခုထဲတွင် အလင်းဗုံးအထိခံလိုက်ရသကဲ့သို့ အဆုံးမရှိသော တောက်ပမှုဆီသို့ ၎င်းတို့၏အမြင်များ ရောက်ရှိသွားကြ၏။

၎င်းတို့၏မျက်နှာများတွင် တုန်လှုပ်မှု၊ အံ့ဩမှု၊ ဝေခွဲမရဖြစ်မှု၊ မိန်းမောမှုနှင့် မယုံကြည်နိုင်မှုများ အသီးသီး ထင်ဟပ်နေကြသည်။

ဓားနက်၏ ခန္ဓာကိုယ်ပေါ်ရှိ မှိန်ဖျော့ဖျော့အလင်းတန်းမှာ ထိုအလင်းပင်လယ်ကြီးအတွင်းသို့ ကြာမြင့်စွာကပင် နစ်မြုပ်သွားခဲ့ပြီ ဖြစ်၏။

"သမီးဆီက ဘာလို့ အလင်းတွေ ထွက်နေရတာလဲ။ သမီးက တကယ်ပဲ ပုန်းကွယ်နေတဲ့ ယန်နတ်ဘုရားတစ်ပါးလား"

ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က အံ့ဩတုန်လှုပ်စွာဖြင့် တိုးတိုးရေရွတ်လိုက်သည်။

သူမ၏ကျင့်ကြံမှုအဆင့်ကနိမ့်နေသဖြင့် ဤအလင်း၏ မြစ်ဖျားခံရာသည် ကျိယွမ်ဖြစ်ကြောင်း ခွဲခြားသိမြင်နိုင်လောက်အောင် မမြင့်မားသေးချေ။

သို့သော် အန်းရွှန်းလုသည် ကျိယွမ်ကို စိုက်ကြည့်ကာ အံကြိတ်လျက် ပြောလိုက်၏။

"နင် နှင်းခဲဓားပြောတာကို မကြားဘူးလား။ သွေးဝတ်စုံက သူ့ဝတ်ရုံအောက်မှာလျှပ်စစ်မီးသီးတွေ ထောင်ချီပြီး ဝှက်ထားတာပဲ"

နည်းပညာဆိုင်ရာ တီထွင်မှုတစ်ခုဖြစ်သော လျှပ်စစ်မီးသီးများကို မဟူရာနတ်ဆိုးချောက်ကမ်းပါးအတွင်း၌ လူသားများ သို့မဟုတ် အချို့သော ကျင့်ကြံသူများက ဆန်းသစ်သောအရာအဖြစ် အသုံးပြုလေ့ရှိကြသည်။

"လျှပ်စစ်မီးသီးတွေလား"

ငယ်ရွယ်သော ပါရမီရှင်များသည် ကျိယွမ်ထံသို့ စိုက်ကြည့်နေမိကြပြီး ခဏမျှ ဝေခွဲမရ ဖြစ်သွားကြ၏။

"အဟမ်း... ငါ့ဝတ်ရုံက အထူးဝတ်စုံဆိုတော့ အလင်းတွေထွက်နေတာပါ။ စိုက်မကြည့်ကြနဲ့တော့... မဟုတ်ရင် ငါ့လျှို့ဝှက်ချက်တွေ ပေါ်ကုန်လိမ့်မယ်"

ပျိယွမ်သည် သူ၏ဝတ်ရုံရှိ အပေါက်များကို အလျင်အမြန် ဖုံးအုပ်ရန် ကြိုးစားလိုက်သော်လည်း အလင်းတန်းများသည် အတိုင်းအဆမဲ့သော လမ်းကြောင်းများအတိုင်း အားမနာတမ်း အပြင်သို့ တိုးထွက်နေကြကုန်၏။

သူသည် လုံးဝဥဿုံပေါ်သွားခြင်းမျိုး မဟုတ်သော်လည်းယိုစိမ့်နေခြင်း ကတော့ အမှန်ပင် ။

ထိုစဉ် ငယ်ရွယ်သောပါရမီရှင်တစ်ဦးက အလန့်တကြားထအော်လေသည်။

"နေဦး... ကောင်းကင်အာဏာစက်မြေပုံကို ကြည့်လိုက်။ ဒါ... ဒါက ယန်နတ်ဘုရားဖြစ်စဉ်ပဲ"

လူတိုင်း၏မျက်လုံးများသည် ကောင်းကင်အာဏာစက်မြေပုံဆီသို့ ရောက်ရှိသွားကြပြီး မျက်နှာတိုင်းတွင် တုန်လှုပ်မှုများ ထင်ဟပ်သွားတော့သည်။

၎င်းတို့၏အကြည့်များသည် ကျိယွမ်ထံသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိလာကြပြီး မျက်နှာများတွင် တုန်လှုပ်မှု၊ စိုးရိမ်ပူပန်မှုနှင့် ဝေခွဲမရဖြစ်မှု စသည့် ကွဲပြားသော အမူအရာများ ဖြစ်ပေါ်နေကြ၏။

ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်သည် သူမ၏ဆံပင်များကို တ​ဗျင်းဗျင်းကုတ်လိုက်ပြီး မယုံကြည်နိုင်သော မျက်နှာအမူအရာဖြင့် အော်ဟစ်လေသည်။

"ငါ့ဦးနှောက်က လိုက်မမှီတော့ဘူး။ သွေးဝတ်စုံ... တကယ်ပဲ ဘာတွေဖြစ်နေတာလဲ"

"သွေးဝတ်စုံ... နင်က ယန်နတ်ဘုရားအဆင့်ကို ရောက်သွားတာလား။ ဒါပေမဲ့ ယန်နတ်ဘုရားတွေက အလင်းတန်းတစ်ခုပဲ ထုတ်လွှတ်တာလေ။ နင့်မှာကျတော့ ဘာလို့ အလင်းတန်းတွေ ဒီလောက်တောင် များနေရတာလဲ"

"ငါ့မျက်စိတွေပဲ မှားနေတာလား... ဒါမှမဟုတ် ငါ အိပ်မက်မက်နေတုန်းပဲလား"

ဤအခိုက်အတန့်တွင် ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံရှိ ယန်နတ်ဘုရားများသည် ကျိယွမ်ကိုသာစိုက်ကြည့်နေကြပြီး ၎င်းတို့၏မျက်လုံးများထဲတွင် အံ့ဩချီးကျူးမှုများ ပြည့်နှက်နေလေသည်။

ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည်လည်း ထိုနည်းတူစွာပင် တုန်လှုပ်လျက် ဝေခွဲမရ ဖြစ်နေ၏။

ယနေ့ဖြစ်ရပ်များသည် သူ စိတ်ကူးခဲ့သမျှအရာအားလုံးကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ထို့နောက် ယွဲ့ဟွာအရှင်သခင်က ရှုပ်ထွေးသော အမူအရာဖြင့် ပြောလိုက်လေသည်။

"ကျိယွမ်... နင် ဒီလောက်အထိ ဖုံးကွယ်ထားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ နင်က မဟာမူလသဘောတရားနှစ်ခုကို နားလည်သဘောပေါက်ထားရုံတင်မကဘဲ ကြယ်တာရာအလင်းတန်းတွေ ဒီလောက်တောင် ပိုင်ဆိုင်ထားတာ... တကယ်ကို ထူးခြားလွန်းတယ်"

ကောင်းကင်ဘုံစစ်ဆေးခြင်း ပြီးဆုံးသွားပြီးနောက် သွေးဝတ်စုံ၏ မည်သူမည်ဝါဖြစ်ကြောင်းမှာ ဧကန်မုချ ပေါ်ပေါက်သွားပေတော့မည်။

ထိုက်ဟွမ်နန်းတော်သည် ကြယ်တာရာနယ်ပယ်ရှိ အလင်းပြန်ပုံရိပ်များကို အခြေခံ၍ ကျိယွမ်၏ မည်သူမည်ဝါဖြစ်ကြောင်းကို တွက်ချက်ပြီးလောက်ပြီ ဖြစ်၏။ထို့ကြောင့် သူမအနေဖြင့် ကျိယွမ်၏ လျှို့ဝှက်ချက်ကို ဆက်လက်ဖုံးကွယ်ထားရန် အကြောင်းပြချက် မရှိတော့ချေ။

"ဘာ... မဟာမူလသဘောတရားနှစ်ခုလား။ သူက...မိုလိုအရှင်သခင်လား"

ပတ်ဝန်းကျင်ရှိ ယန်နတ်ဘုရားများအားလုံး မှင်တက်သွားကြ၏။

ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည်လည်း ခဏမျှဆွံ့အသွားပြီးနောက် ဝမ်းသာအားရ ဖြစ်သွားလေသည်။

သို့သော် အပျော်ဆုံးလူမှာ ခရမ်းရောင်ကံကြမ္မာရှောင်လု ဖြစ်ပေလိမ့်မည်။ သူမသည် အန်းရွှန်းလုကို စိတ်လှုပ်ရှားစွာ ကြည့်ပြီး ကြွားတော့သည်။

"တွေ့တယ်မလား... အစ်ကိုသွေးဝတ်စုံက မဟာမူလသဘောတရားနှစ်ခုကို နားလည်ထားတာ။အစ်ကိုဓားနက်ထက် တစ်ခုတောင် ပိုများသေးတယ်"

ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်ကတော့ ကျိယွမ်ကို စိုက်ကြည့်နေမိပြီး သူမ၏စိတ်ထဲရှိ သံသယများမှာ နောက်ဆုံးတွင် ကင်းစင်သွားခဲ့ပြီ ဖြစ်သည်။

သွေးဝတ်စုံအနေဖြင့် ယွဲ့ဟွာအရှင်သခင်နှင့်တွေ့ဆုံနိုင်ခွင့်ရခြင်းများ ၊ လကညာအား လက်ထပ်ခွင့်ရခြင်းများမှာ အံ့ဩစရာ မရှိတော့ပါ။

မိုလိုအရှင်သခင်ဆိုသည်မှာ သွေးဝတ်စုံ၏ အခြားနာမည်တစ်ခုဖြစ်နေခဲ့၏။

သူမ၏စိတ်ထဲတွင် ရုတ်တရက် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။

ယခင်က မိုလိုအရှင်သခင်သည် မူလသဘောတရားနံရံတွင် မူလသဘောတရားတစ်ခုကို လေ့လာနေစဉ်အတွင်း သူမက သူ့အား အရုပ်ဆိုးလှသည်ဟု လှောင်ပြောင်ခဲ့ဖူး၏။

ဒါဆိုရင် သွေးဝတ်စုံက အဲဒါတွေအားလုံးကို ကြားခဲ့ရတာပေါ့။

"အဟမ်း... မူလသဘောတရားလေးနှစ်ခုတည်းပါ။ တကယ်တော့ ကြွားစရာမရှိပါဘူး"

ကျိယွမ်က နှိမ့်ချစွာ ပြန်လည်ဖြေကြားလိုက်လေသည်။မူလသဘောတရားလေးခု တည်ရှိနေသည့်အနက် နှစ်ခုတည်းကိုသာ နားလည်ထားခြင်းမှာ ကြွားဝါရန်လည်း မထိုက်တန်ပါ။

သူ၏စကားကြောင့် ယန်နတ်ဘုရားပါရမီရှင်များသည် စကားမဲ့စွာဖြင့် အချင်းချင်း ကြည့်လိုက်ကြ၏။

အကယ်၍ သူတို့သာ ကမ္ဘာမြေပေါ်တွင် နေထိုင်ကြပါက သူ့အား 'နှိမ့်ချပြီး ကြွားဝါခြင်း၏ ဘုရင်' ဟု ဧကန်မုချ ခေါ်ဆိုကြပေလိမ့်မည်။

ခရမ်းရောင်ကံကြမ္မာရှောင်လု တစ်ဦးတည်းသာ အပြစ်မမြင်ဘဲ စိတ်လှုပ်ရှားကာ ဝမ်းသာအားရ ဖြစ်နေရှာသည်။ သူမသည် အန်းရွှန်းလုကို လှမ်းကြည့်ပြီး ထပ်ကြွားပြန်၏။

"တွေ့တယ်မလား...အစ်ကိုသွေးဝတ်စုံက အစွမ်းထက်ရုံတင်မကဘဲ နှိမ့်ချမှုလည်း ရှိတယ်။ သူက မဟူရာနတ်ဆိုးချောက်ကမ်းပါး၏ ထိပ်သီးပါရမီရှင် ဓားနက်အစ်ကိုကြီးထက် အများကြီး သာပါတယ်"

ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံရှိ ယန်နတ်ဘုရားအများစုက​တော့ ရုတ်တရက်သိလိုက်ရသောလျှို့ဝှက်ချက်ကြီးကြောင့် ဖြစ်ပေါ်လာသော စိတ်ခံစားမှု မုန်တိုင်းဒဏ်မှ မရုန်းထွက်နိုင်သေးချေ။

ယနေ့သတင်းသည် အလွန်ပင် ပြင်းထန်လွန်းလှ၏။

"ဒါပေမဲ့ နင့်ရဲ့ခန္ဓာကိုယ်ပေါ်က ထောင်ချီတဲ့ ကြယ်တာရာအလင်းတန်းတွေက...ဆန်းကြယ်လွန်းတယ်။ နင့်ရဲ့ခန္ဓာကိုယ်ထဲမှာ ယန်နတ်ဘုရားတွေ ထောင်ချီ ပုန်းကွယ်နေတာလား"

ယွဲ့ဟွာအရှင်သခင်က ဒွိဟဖြစ်စွာဖြင့် မေးလိုက်၏။အခြားသူများကလည်း နားမလည်နိုင်ဖြစ်နေလေသည်။

အကယ်၍ ယန်နတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ်အတွင်း၌ အခြားယန်နတ်ဘုရားတစ်ပါး ရှိနေလျှင် နားလည်နိုင်စရာ ရှိသေးသည်။

သို့သော် ထောင်ချီ၍ ရှိနေခြင်းမှာ မည်သို့ ဖြစ်နိုင်မည်နည်း။

ထို့အပြင် သူတို့အားလုံး ကျိယွမ်ကို စိုက်ကြည့်နေကြသော်လည်း သူတို့ထဲမှ မည်သူမျှ သူ၏အတွင်း၌ အခြားယန်နတ်ဘုရားများ ရှိနေကြောင်းအရှိန်အဝါကို မခံစားရချေ။

မဟာမူလသဘောတရားအဆင့်ရှိကြသော ခရမ်းရောင်ကံကြမ္မာဘိုးဘေးနှင့် ယွဲ့ဟွာအရှင်သခင်တို့ပင်လျှင် ထိုအရာများရှိသည့်အရိပ်အယောင်ကို မသိနိုင်ကြပါ။

ထိုစဉ် ကျင်းလီသည် ကျိယွမ်၏လက်ကို တင်းတင်းဆုပ်ကိုင်လိုက်၏။ သူမ၏လက်များသည် အေးစက်နေပြီး တစ်စုံတစ်ခုကို စိုးရိမ်ပူပန်နေပုံရသည်။

ကျိယွမ်သည် ကျင်းလီ၏ လှပသောမျက်နှာကို ကြည့်ကာ အခြားသူများ စိတ်အေးသွားစေရန်ရှင်းပြလိုက်၏။

"ကျွန်တော့်အထဲမှာ ယန်နတ်ဘုရားတွေ မရှိပါဘူး။ ရှိတယ်ဆိုရင်လည်း စိတ်ဝိညာဉ်တွေပဲ ရှိတာပါ။ ကျွန်တော့်မှာ စိတ်ဝိညာဉ်တွေက ပုံမှန်ထက် နည်းနည်း ပိုများနေပြီး... သူတို့ကလည်း ကိုယ့်ဘာသာ ကျင့်ကြံနိုင်ကြတယ်"

မိမိအပေါ် စေတနာထားသူများဖြစ်နေသောကြောင့် စိတ်မပူစေရန် ကျိယွမ်က ရိုးသားစွာ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်၏။စိတ်ဝိညာဉ်များ များစွာရှိနေခြင်း ကလည်း ပြဿနာမဟုတ်သဖြင့် သူ ဖုံးကွယ်ထားရန် မလိုပါ။

"စိတ်ဝိညာဉ်တွေလား"

"အဲဒီလောက်တောင်များတယ်ပေါ့ "

"သူတို့ဘာသာ ကျင့်ကြံနိုင်ကြတာလား"

"သူတို့က ယန်နတ်ဘုရားအဆင့်အထိ တောင် ကျင့်ကြံနိုင်ခဲ့ကြတာလား"

"ဒါက..."

ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံရှိ ယန်နတ်ဘုရားများသည် မှင်တက်သွားကြပြီး ၎င်းတို့၏ စိတ်အာရုံများ ပေါက်ကွဲလုနီးပါး ဖြစ်သွားကြရသည်။

ကျိယွမ်အပေါ် အမြဲတမ်း ယုံကြည်မှုရှိခဲ့သော ခရမ်းရောင်ကံကြမ္မာဘိုးဘေးပင်လျှင် ဘာပြောရမှန်းမသိဖြစ်သွား၏။

"ဒါဆို... မင်းပြောချင်တာက ဒီကြယ်တာရာအလင်းတန်းတွေက မင်းရဲ့ စိတ်ဝိညာဉ်တွေဆီကနေ ထွက်လာတာပေါ့"

ခရမ်းရောင်ကံကြမ္မာဘိုးဘေးက မယုံကြည်နိုင်စွာဖြင့် မေးလိုက်လေသည်။

၎င်းမှာ မဖြစ်နိုင်သကဲ့သို့ ရှိနေ၏။

မဟုတ်ဘူး .ဖြစ်ကိုမဖြစ်နိုင်တာ ။

"ဟုတ်ပါတယ်"

ကျိယွမ်က တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်၏။သူ စကားပြောပြီးသည်နှင့် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကြယ်တာရာအလင်းတန်းအားလုံး ချက်ချင်း ပျောက်ကွယ်သွားလေသည်။

ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံသည် ယခင်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

၎င်းက ကောင်းကင်ဘုံစစ်ဆေးခြင်း ပြီးဆုံးသွားခြင်းပင်။လူတိုင်း၏ အကြည့်များသည် ကျိယွမ်ထံသို့ ရောက်ရှိနေဆဲဖြစ်ကာ လက်ရှိအချိန်တွင် သူ၏ရှင်းလင်းချက်ကို လက်ခံရန် ခက်ခဲနေကြဆဲပင်။

အမှန်တကယ်ပင် ၎င်းမှာ အလွန်ပင် ဆန်းကြယ်ပြီး ယုတ္တိမရှိချေ။

စိတ်ဝိညာဉ်အနည်းငယ် ပို၍ရှိနေခြင်းမှာ အကြောင်းမဟုတ်သော်လည်း အခုပေါင်းထောင်ချီ၍ ရှိနေခြင်းနှင့် ၎င်းတို့က ကိုယ့်ဘာသာ ကျင့်ကြံနိုင်ခြင်းမှာမူ ထူးဆန်းလွန်းလှ၏။

ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် ကျိယွမ်ကို ကြည့်ကာ တဖြည်းဖြည်းစိတ်အေးသွားခဲ့၏။ မည်သို့ပင်ဆိုစေကာမူ ယနေ့ ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံ၌ ဖြစ်ပျက်ခဲ့သော အဓိကဖြစ်ရပ်သည် မဟူရာနတ်ဆိုးချောက်ကမ်းပါးကို လွှမ်းမိုးနိုင်ရုံတင်မကဘဲ လင်းယာအသွင်ပြောင်းလဲခြင်းအပေါ်တွင်လည်း သက်ရောက်မှု ရှိနိုင်ပေသည်။

"ဘာပဲဖြစ်ဖြစ်... သွေးဝတ်စုံ၊ မင်း မဟာမူလသဘောတရားနှစ်ခုကို နားလည်ထားတာကို ထိုက်ဟွမ်နန်းတော်က အခုအချိန်မှာ သိသွားလောက်ပြီ။ မင်းက အပြည့်အဝ မဖွံ့ဖြိုးသေးဘူး... သတိကြီးကြီးထားပါ"

ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ဝမ်းမြောက်မှုနှင့်အတူ စိုးရိမ်ပူပန်မှုများ ရောယှက်နေသော မျက်လုံးများဖြင့် သတိ​ပေးလိုက်လေသည်။

သွေးဝတ်စုံ၏ တိုးတက်မှုနှုန်းမှာ သူ၏မျှော်မှန်းချက်များကို ကျော်လွန်သွားခဲ့သဖြင့် သူအလွန်ဝမ်းသာမိ၏။သူသည် ယန်နတ်ဘုရားအဆင့်သို့ တိတ်တဆိတ် တက်လှမ်းနိုင်ခဲ့ရုံတင်မကဘဲ မဟာမူလသဘောတရားနှစ်ခုကိုလည်း ပိုင်ဆိုင်ထားပြီး သူ၏ လေးထောင်ကျော်သော ကြယ်တာရာအလင်းတန်းများသည်... နယ်ပယ်တစ်ခုလုံးကို ဖိနှိပ်ထားနိုင်ခဲ့သည်။

သို့သော် ထိုစွမ်းရည်သည် အစွမ်းထက်သော အင်အားစုများ၊ အထူးသဖြင့် ထိုက်ဟွမ်နန်းတော်၏ စောင့်ကြည့်စစ်ဆေးမှုကို ဆွဲဆောင်နိုင်မှာ အသေအချာပင်။

ထိုက်ဟွမ်နန်းတော်က သူ့အား အပြည့်အဝ ရင့်ကျက်ခွင့် ပေးပါ့မည်လော။

ချီယွမ်က ခေါင်းညိတ်ပြလိုက်၏။

"အဘိုးကြီး... စိတ်မပူပါနဲ့။ ကျွန်တော့်မှာ အလွန်ကြီးမားတဲ့ မဟာအစီအစဉ်တစ်ခု ရှိပါတယ်"

ကျိယွမ်၏မျက်လုံးများထဲတွင် လေးနက်သောအရိပ်အယောင်များတောက်ပသွား၏။မိမိ၏အစွမ်းကို ထုတ်ဖော်ပြသခြင်း၏ နောက်ဆက်တွဲအကျိုးဆက်များကို သူ ကောင်းစွာ သိပါသည်။ထို့အတွက် သူက ပြင်ဆင်ထားပြီး ဖြစ်၏။

မလှမ်းမကမ်းတွင်ရှိနေသော ခရမ်းရောင်ကံကြမ္မာရှောင်လုသည် 'အစီအစဉ်' ဟူသော စကားလုံးကို ကြားလိုက်ရသဖြင့် သူ့အား အားကျလေးစားသော မျက်လုံးများဖြင့် ကြည့်နေလေသည်။

တစ်ချိန်တည်းမှာပင် နှင်းခဲဓားသည် စိတ်ပျက်စွာ သက်ပြင်းချလိုက်မိ၏။

ယနေ့သည် ကောင်းကင်ဘုံစစ်ဆေးမှုအတွင်း ပါရမီရှင်များစွာ စုဝေးနေသည့်အချိန် ဖြစ်သဖြင့် သူ အစွမ်းပြရမည့်အချိန် ဖြစ်သင့်ပေသည်။

ကံဆိုးစွာပင် သူ၏အလင်းမှာ အလွန်မှိန်ဖျော့လွန်းလှသဖြင့် သွေးဝတ်စုံ၏အရှိန်အဝါအောက်တွင် လုံးဝ ဖုံးကွယ်သွားခဲ့ရ၏။

ယခုအခါ လူတိုင်း၏အကြည့်များသည် သွေးဝတ်စုံထံသို့သာ စုစည်းနေကြပြီး သူ့အား မည်သူမျှ သတိမပြုမိကြတော့ပါ။

"ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံက ပါရမီရှင်အစစ်အမှန်တစ်ယောက်ကို မွေးထုတ်ပေးလိုက်တာပဲ"

ထိုအခိုက်တွင် ထက်မြက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

မီးခိုးရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး ပေါ်လာပြီး ကျိယွမ်ကို စူးစိုက်ကြည့်နေကာ သူ၏အကြည့်များမှာ တောက်လောင်နေသကဲ့သို့ ရှိ၏။

၎င်းမှာ မဟူရာနတ်ဆိုးချောက်ကမ်းပါး၏ တတိယအကြီးအကဲ ဖြစ်လေသည်။

သူ ရောက်ရှိလာသည်နှင့် မဟူရာနတ်ဆိုးချောက်ကမ်းပါး၏ အခြားအကြီးအကဲအချို့လည်း ပေါ်လာကြပြီး ၎င်းတို့အထဲတွင်... ဓားနက်လည်း ပါဝင်လေသည်။

သို့သော် ဓားနက်သည်မည်သည့်စကားမှမဆိုဘဲ တည်ငြိမ်သော အမူအရာဖြင့် ကျိယွမ်ကို ကြည့်နေ၏။

ဤမျှများပြားသော မဟာမူလသဘောတရားအဆင့်များ စုဝေးနေသည်ကို မြင်တွေ့ရသဖြင့် ခရမ်းရောင်ကံကြမ္မာဘိုးဘေးမှာ စိတ်အားတက်ကြွလာလေသည်။

သူသည် များစွာ ဂုဏ်ယူဝင့်ကြွားမှုနှင့် အတူ ကျေနပ်မှုများကို သိသိသာသာခံစားနေရ၏။

"တတိယအကြီးအကဲ... သွေးဝတ်စုံရဲ့ပါရမီက အနှိုင်းမဲ့ပါတယ်လို့ ကျွန်တော် ပြောခဲ့သားပဲ မဟုတ်လား"

ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ဂုဏ်ယူစွာ ပြောလိုက်သည်။တတိယအကြီးအကဲနှင့် အခြားမဟာမူလသဘောတရားအဆင့်များသည် ရှုပ်ထွေးသော အမူအရာများဖြင့် ကျိယွမ်ကို ကြည့်လိုက်ကြ၏။

"လနတ်ဘုရားနန်းတော်က ဘာဖြစ်လို့ လကညာကို သွေးဝတ်စုံဆီ ထိမ်းမြားပေးချင်ရတာလဲဆိုတာ အံ့သြစရာမရှိတော့ဘူး။ ဒီလိုပါရမီမျိုးနဲ့ဆိုရင် ငါလိုအဘွားကြီးတောင် သူ့ကို လက်ထပ်ချင်မိမှာပဲ"

အကြီးအကဲအဘွားအိုတစ်ဦးက မှတ်ချက်ချလေသည်။

ထို့နောက် တိတ်ဆိတ်နေခဲ့သော ဓားနက်ကလည်း စကားပြောလာသည်။

"ဒီနေ့ကစပြီး မဟူရာနတ်ဆိုးချောက်ကမ်းပါးအတွင်းမှာ သွေးဝတ်စုံကို... မူလသဘောတရားအဆင့်အတိုင်း ဆက်ဆံရမယ်"

တမန်တော်နှင့် တံခွန်သခင်တို့၏ တိုက်ပွဲအပြီးတွင် မဟူရာနတ်ဆိုးချောက်ကမ်းပါး၏ ယန်နတ်ဘုရားများ စုဝေးခဲ့ကြပြီး ဆုံးဖြတ်ချက်အချို့ကို ချမှတ်ခဲ့ကြပြီ ဖြစ်၏။

ပထမအချက်အနေဖြင့် မဟူရာနတ်ဆိုးချောက်ကမ်းပါးကို ပိတ်ထားမည် ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် ချောက်ကမ်းပါးသခင်၏ ကိုယ်စား ဓားနက်က ချောက်ကမ်းပါးကို ယာယီဦးဆောင်မည် ဖြစ်သည်။

ယခုအခါ ဓားနက်၏ အမိန့်အရ သွေးဝတ်စုံ၏ စွမ်းအားကို အတည်ပြုပေးလိုက်ခြင်း ဖြစ်ပြီး ၎င်းသည် မဟူရာနတ်ဆိုးချောက်ကမ်းပါး၏ ရပ်တည်ချက်ကိုလည်း ပြသလိုက်ခြင်း ဖြစ်သည်။

ထိုစကားကို ကြားလိုက်ရသဖြင့် ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် ကျေးဇူးတင်ရှိသော မျက်လုံးများဖြင့် ဓားနက်ကို ကြည့်လိုက်၏။

အကယ်၍ ချောက်ကမ်းပါးသခင်သာ ဆက်လက်တာဝန်ယူနေပါက သွေးဝတ်စုံအား မူလသဘောတရားအဆင့် အဆင့်အတန်းကို လွယ်လွယ်ကူကူ ပေးအပ်လိမ့်မည် မဟုတ်ချေ။

ဓားနက်၏ စကားများကြောင့် အနည်းဆုံးတော့ လင်းယာအသွင်ပြောင်းလဲခြင်းအတွင်း၌ သွေးဝတ်စုံအနေဖြင့် ခွင့်မလွှတ်နိုင်သော အမှားမျိုးကို မကျူးလွန်သရွေ့ မဟူရာနတ်ဆိုးချောက်ကမ်းပါးက သူ့ဘက်က ရပ်တည်ပေးပေလိမ့်မည်။

အခြားယန်နတ်ဘုရားများသည် သွေးဝတ်စုံကို အားကျသော မျက်လုံးများဖြင့် ကြည့်နေကြ၏။

"ဒါဆို လင်းယာပြောင်းလဲခြင်း မစတင်ခင်မှာ မင်္ဂလာပွဲကို ဘာလို့ အမြန်မစီစဉ်ရမှာလဲ"

ယွဲ့ဟွာအရှင်သခင်က ကျေနပ်အားရသော မျက်နှာအမူအရာဖြင့် ရွှင်လန်းစွာတိုက်တွန်းလိုက်သည်။

သူမသည်လည်း သွေးဝတ်စုံကို သူမတို့၏အရေးကိစ္စတွင် ခိုင်မြဲစွာ ပတ်သက်စေရန် ရည်ရွယ်ထားခြင်း ဖြစ်၏။

လကညာကျင်းလီသည် ကျိယွမ်၏ နောက်တွင် ငြိမ်သက်စွာ ရပ်နေပြီး ယွဲ့ဟွာအရှင်သခင်၏ စကားကြောင့် မည်သည့်ဝမ်းမြောက်မှုမျှ မပြသချေ။ သူမ၏တည်ငြိမ်သော မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ကျန်ရှိနေသေးသည်။

ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ မျက်နှာတွင်မူ ဝမ်းမြောက်မှုများ ပြည့်နှက်နေ၏။

"လုပ်ရမှာပေါ့ ..ဒါကို မင်္ဂလာနှစ်ထပ်လို့ ခေါ်တယ် "

သို့သော်... သူ၏အပြုံးမှာ မကြာမီ ပျောက်ကွယ်သွားရ၏။

ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံ၏ ကောင်းကင်ယံတွင် တောက်လောင်နေသော နေမင်းတစ်စင်း ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံအတွင်းရှိ ကျင့်ကြံသူအားလုံးသည် ထိုအခိုက်အတန့်တွင် ပြင်းထန်သော အပူရှိန်ကို ခံစားလိုက်ကြရ၏။

ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် မော့ကြည့်လိုက်ရာ သူ၏အကြည့်ထဲတွင် ရန်လိုမှုများ ပြည့်နှက်နေသည်။ သူသည် ကောင်းကင်ထက်ရှိ နေမင်းပုံရိပ်ကို ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

"ထိုက်ဟွမ်နန်းတော်က ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ငါ့ရဲ့ ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံဆီကို ဆင်းသက်လာတာလား။ ငါ့ရဲ့ ဘိုးဘေးရတနာလက်နက်က မင်းတို့ကို ထိခိုက်နာကျင်စေမှာကို မစိုးရိမ်ဘူးလား"

ဟင်းလင်ပြင်တွင် တောက်လောင်နေသော နေမင်းအောက်၌ မဟာမူလသဘောတရားအဆင့်နှစ်ဦး တစ်ပြိုင်နက်တည်း ပေါ်လာကြ၏။

နှစ်ဦးစလုံးမှာ ထိုက်ဟွမ်နန်းတော်မှ ဖြစ်ကြသည်။

၎င်းတို့ထဲမှ တစ်ဦးမှာ အခြားသူမဟုတ်ပါ မူလစစ်မှန်အရှင်သခင် ဖြစ်လေသည်။

မူလစစ်မှန်အရှင်သခင်သည် ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ စကားကို လျစ်လျူရှုကာ ကျိယွမ်ကို တည့်တည့်ကြည့်လိုက်ပြီး အေးစက်သောအသံဖြင့် ဆို၏။

"ကျိယွမ်... မင်းရဲ့အပြစ်တွေကို တောင်းပန်ဖို့ ငါနဲ့အတူ ထိုက်ဟွမ်နန်းတော်ကို လိုက်ခဲ့ပါ"

သူ၏အသံမှာ အာဏာစက် ပြင်းထန်လှသဖြင့် ငြင်းဆန်ရန် လမ်းစမရှိချေ။

သူ ကျိယွမ်ကို ကြည့်သောအမူအရာမှာ ရာဇဝတ်ကောင်တစ်ဦးကို စီရင်ချက်ချနေသကဲ့သို့ ရှိ၏။

"ဟွန့်... ထိုက်ဟွမ်နန်းတော်က အမြဲတမ်း ဒီလိုပဲ အနိုင်ကျင့်တတ်တာလား"

ယွဲ့ဟွာအရှင်သခင်က အေးစက်စွာ တုံ့ပြန်လိုက်သည်။

"သူတို့က ပါရမီရှင်တစ်ယောက်ကို တွေ့တာနဲ့ အကြောင်းပြချက်မရှိဘဲ အပြစ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်ပေါ့ "

ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည်လည်း ဒေါသများ ပြည့်နှက်နေ၏။

"မင်းတို့က လင်းယာအပြောင်းအလဲကို လက်ခံကျင်းပပေးတဲ့သူတွေ ဖြစ်နေရင်တောင် ဒီလောက်အထိ အာဏာပြလို့မရဘူး။ ဆဌမကောင်းကင်ဘုံက...ထိုက်ဟွမ်နန်းတော်တစ်ခုတည်းပိုင်တာ မဟုတ်ဘူးကွ"

သူက ဒေါသတကြီး အော်ဟစ်လိုက်လေသည်။မဟူရာနတ်ဆိုးချောက်ကမ်းပါးမှ အခြားအကြီးအကဲများသည်လည်း နက်ရှိုင်းပြီး ကြောက်မက်ဖွယ်ရာ အရှိန်အဝါများကို ထုတ်လွှတ်လိုက်ကြပြီး ၎င်းတို့၏ တိုက်ခိုက်လိုစိတ်များ မြင့်တက်လာကြ၏။

အကယ်၍ ဓားနက်သာ အမိန့်ပေးလိုက်လျှင် သူတို့သည် ထိုက်ဟွမ်နန်းတော်၏ မူလသဘောတရားအဆင့်နှစ်ဦးကို ချက်ချင်း တိုက်ခိုက်ကြတော့မည့်ပုံရသည်။

မူလစစ်မှန်အရှင်သခင်သည် မျက်မှောင်ကြုတ်လိုက်သော်လည်း မည်သည့်ကြောက်ရွံ့မှုမျှ မပြသချေ။

သူသည် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒါက နန်းတော်သခင်နဲ့ သူတို့ကြားက ပုဂ္ဂိုလ်ရေးဆိုင်ရာ ရန်ငြှိုးပဲ။ မင်းတို့နဲ့ မသက်ဆိုင်ဘူး။ လမ်းမှားမလိုက်မိအောင် သတိထားကြဖို့ ငါ အကြံပြုချင်တယ်"

သူ၏စကားလုံးများသည် မိုးခြိမ်းသံကဲ့သို့ လူတိုင်း၏နားထဲတွင် ဟိန်းထွက်သွားလေသည်။

ပုဂ္ဂိုလ်ရေးဆိုင်ရာ ရန်ငြှိုးလား။

အားလုံးက သွေးဝတိစုံအား နားမလည်သလို ကြည့်လိုက်ကြ၏။

သွေးဝတ်စုံက ထိုအထက်တန်းအရှင်သခင်ကို မည်သို့ စော်ကားမိသနည်း။ သူ၏ လက်ရှိစွမ်းအားအဆင့်ဖြင့် ထိုအရာက မည်သို့ ဖြစ်နိုင်မည်နည်း။

ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်သည် အံ့ဩလွန်းသဖြင့် သူမ၏ပါးစပ်ကို လက်ဖြင့် အုပ်လိုက်မိ၏။

သူမ သွေးဝတ်စုံနှင့် ပထမဆုံးအကြိမ် တွေ့ဆုံစဉ်က သူ၏ အကြီးမားဆုံးရန်သူမှာ ထိုက်ဟွမ်နန်းတော်၏ အထက်တန်းအရှင်သခင် ဖြစ်ကြောင်း ပြောခဲ့သည်ကို သူမ မှတ်မိသွားသည်။

အစပိုင်းတွင် သူမက ၎င်းကို လက်မခံခဲ့ပါ ။ ပုရွက်ဆိတ်တစ်ကောင်က ကောင်းကင်ယံရှိ ကြယ်တစ်စင်းကို မည်သို့ ခြိမ်းခြောက်နိုင်မည်နည်း။

သို့သော် ယခုအခါတွင်မူ ၎င်းမှာ အမှန်တရား ဖြစ်နေပုံရသည်။

ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် ကျိယွမ်ကို လှမ်းကြည့်လိုက်ရင်း သူ၏မျက်နှာတွင် သံသယများ ဖြစ်ပေါ်သွား၏။

ဒါဆိုရင်...

မူလစစ်မှန်အရှင်သခင်သည် ကျိယွမ်ကို နက်ရှိုင်းစွာ စိုက်ကြည့်ကာ အေးစက်စွာဆိုသည်။

"သူက ရာဇဝတ်ကောင်ပဲ"

"ဘာ"

"ရာဇဝတ်ကောင်လား"

စုဝေးနေသော ယန်နတ်ဘုရားများသည် ချက်ချင်းပင် ချိတ်ဆက်မိသွားကြပြီး ၎င်းတို့၏မျက်နှာများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားကြ၏။

ယွဲ့ဟွာအရှင်သခင်က ပြန်လည်ချေပလိုက်သည်။

"ထိုက်ဟွမ်နန်းတော်က ဒီလောက်အထိ အရှက်မရှိလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ တစ်ခါတုန်းက ယုတ်ညံ့တဲ့နည်းလမ်းတစ်ခုအတွက်နဲ့ သူတို့က နယ်မြေသုံးထောင်ကို ဖျက်ဆီးခဲ့ကြတယ်။ မူလသဘောတရားအသင်းရဲ့ အထက်တန်းအရှင်သခင်တစ်ယောက်က ထိုက်ဟွမ်နန်းတော်ဆီကို ရှင်းလင်းချက်တောင်းဖို့ သွားတဲ့အခါတုန်းကလည... နယ်မြေသုံးထောင်လုံးက ရာဇဝတ်ကောင်တွေဖြစ်တယ်လို့ သူတို့က ပြန်ဖြေခဲ့ကြတာပဲ"

" ကဲ... ငါ နင်တို့ကို ပြောပြမယ်။ ထိုက်ဟွမ်နန်းတော်ကသာ တကယ့်ရာဇဝတ်ကောင်ပဲ"

'ရာဇဝတ်ကောင်' ဟူသော တံဆိပ်ကပ်ခြင်းမှာ တစ်စုံတစ်ဦးအား အပြစ်ပုံချရန် အသုံးပြုသည့် အကြောင်းပြချက်သက်သက်သာ ဖြစ်၏။

"ရာဇဝတ်ကောင်ဖြစ်ပြီး အပြစ်ပေးတာကို လက်မခံဘဲ နယ်မြေသုံးထောင်ကို ​တော်လှန်ခဲ့တဲ့ကျိယွမ်... မင်းရဲ့အပြစ်ကို မင်းသိလား"

မူလစစ်မှန်အရှင်သခင်၏အသံမှာ နတ်ဘုရားအာဏာစက်များဖြင့် ဟိန်းထွက်နေသည်။

ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံသို့ မရောက်ရှိမီ အချိန်ပိုင်းအတွင်းလေးက မှ ဤပုဂ္ဂိုလ်သည် အခြားသူမဟုတ်ဘဲ နယ်မြေသုံးထောင်ကို ဒုက္ခပေးခဲ့သည့် ကျိယွမ်ဖြစ်ကြောင်း သူ သိရှိခဲ့ရခြင်း ဖြစ်သည်။

သူ၏ ဟိန်းဟောက်သံကြောင့် မဟာမူလသဘောတရားအဆင့်များအားလုံးတုန်လှုပ်သွားကြ၏။

မဟာမူလသဘောတရားအဆင့်တော်တော်များများသည် နယ်မြေသုံးထောင်အတွင်း၌ အထက်တန်းအရှင်သခင်၏ ဖြတ်တောက်ထားသော အတိတ်ဘဝခန္ဓာကိုယ် ရှိနေကြောင်း သိရှိကြသည်။

မဟာနေမင်းအရှင်သခင်သည် အနာဂတ်တွင်လည်းကောင်း၊ အတိတ်တွင်လည်းကောင်း မကျင့်ကြံဘဲ ထာဝရတည်ရှိမှုအပေါ်တွင်သာ အာရုံစိုက်ထားသူ ဖြစ်၏။

သူသည် အလွန်အစွမ်းထက်လွန်းလှသဖြင့် သူ၏အတိတ်ဘဝခန္ဓာကိုယ်ကို ဖြတ်တောက်ကာ နယ်မြေသုံးထောင်အတွင်း၌ သိုလှောင်ထားခဲ့ရသည်။

ယခုစကားများအရဆိုလျှင် ထိုနယ်မြေသုံးထောင်၏ ယန်နတ်ဘုရားသုံးထောင်လုံးကို ကျိယွမ်က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ရှိနေကြသော မူလသဘောတရားအဆင့်များသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အသက်ရှုလိုက်ကြမိ၏။

ဤသည်မှာ တကယ့်ကို ကြီးမားလှသော ရန်ငြိုးတစ်ခုပင်။

သာမန်မုန်းတီးမှုမျိုးဆိုလျှင် သည်းခံနိုင်စရာ ရှိသော်လည်း...

ဤမျှပြင်းထန်သော ရန်ငြိုးမှာ လနတ်ဘုရားဘိုးဘေးနှင့် မဟာနေမင်းအရှင်သခင်တို့အကြားရှိ ရန်ငြိုးနှင့် မခြားနားတော့ချေ။

သို့သော် မူလစစ်မှန်အရှင်သခင်၏ နောက်ထပ်စကားလုံးများသည် ၎င်းတို့၏ အံ့ဩတုန်လှုပ်မှုကို ပိုမိုပြင်းထန်စေခဲ့သည်။

"ရာဇဝတ်ခန္ဓာကိုယ်နဲ့ နယ်မြေသုံးထောင်ကိုတော်လှန်တာက ပထမအပြစ်။ နေမင်းဆယ်စင်းအပေါ် တက်လှမ်းပြီး မဟာနေမင်းရာဇပလ္လင်ကို မက်မောတာက ဒုတိယအပြစ်။ ဒီလိုအပြစ်မျိုးက ခွင့်လွှတ်လို့မရဘူး။ ဒါကြောင့် ဧကန်မုချ ကွပ်မျက်ရမယ်"

မူလစစ်မှန်အရှင်သခင်၏အသံမှာ မိုးခြိမ်းသံကဲ့သို့ လူတိုင်း၏နားထဲတွင် ဟိန်းထွက်သွားလေသည်။

ယွဲ့ဟွာအရှင်သခင်၏ မျက်နှာအမူအရာသည် အကြိမ်ကြိမ်ပြောင်းလဲသွား၏။

သူမသည် မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကျိယွမ်ကို ကြည့်လိုက်သည်။

"နင်... နင်က နေမင်းဆယ်စင်းအရှင်သခင်လား"

ကျိယွမ်တွင် ဤမျှများပြားသော မည်သူမည်ဝါဖြစ်ကြောင်းများ ရှိနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။၎င်းတို့အထဲတွင် နေမင်းဆယ်စင်းအရှင်သခင်လည်း ပါဝင်နေ၏။

အကယ်၍ ၎င်းမှာ ထိုက်ဟွမ်နန်းတော်၏ အခြားရန်သူတစ်ဦးသာ ဖြစ်ပါက ယွဲ့ဟွာအရှင်သခင်အနေဖြင့် သူ ကြီးထွားလာသည်ကို မြင်တွေ့ရသဖြင့် ဝမ်းမြောက်မိပေလိမ့်မည်။

သို့သော် ... နေမင်းဆယ်စင်းအရှင်သခင်ကလည်း ကျိယွမ် ဖြစ်နေခဲ့သည်။

တစ်ခါတုန်းက မဟာနေမင်းအရှင်သခင်၏ရာဇပလ္လင်ကို လုယူရန် ကြံစည်ခဲ့ဖူးသော နေမင်းဆယ်စင်းအရှင်သခင်။

ထိုအချိန်မှစ၍ သူသည် လနတ်ဘုရားနန်းတော်၏ ရန်သူလည်း ဖြစ်လာရန် ကံကြမ္မာ သတ်မှတ်ခြင်း ခံလိုက်ရပြီ ဖြစ်၏။

အခြားသော မူလသဘောတရားအဆင့်များသည်လည်း ထိုနည်းတူစွာပင် မှင်တက်လျက် ကျိယွမ်ကို ကြည့်နေကြသည်။

ဒီကောင့်မှာ... လျှို့ဝှက်ချက်တွေက ဘယ်လောက်တောင် များနေရတာလဲ။

သူက နယ်မြေသုံးထောင်ကို တော်လှန်ခဲ့သူ ဖြစ်ရုံတင်မကဘဲ ထိုက်ဟွမ်နန်းတော်ကို စိန်ခေါ်ဝံ့ပြီး မဟာနေမင်းအရှင်သခင်၏ ရာဇပလ္လင်ကိုပါ လုယူရန် ရည်ရွယ်ခဲ့သည်။

လူတိုင်း အလွန်တုန်လှုပ်သွားကြ၏။

ငယ်ရွယ်သော ပါရမီရှင်အချို့သည် ၎င်းတို့၏မျက်နှာများတွင် စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုများ ထင်ဟပ်လျက် နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်ခွာသွားကြလေသည်။

သို့သော် ကျိယွမ်ကတော့ တည်ငြိမ်နေဆဲပင်။သွေးနီရောင်ဝတ်ရုံကို ပြန်လည်ဝတ်ဆင်ထားသော သူသည် မည်သည့်တုန်လှုပ်မှုမျှမရှိဘဲ ကျင်းလီ၏လက်ကို ကိုင်လျက် တည်ငြိမ်စွာတုန့်ပြန်လိုက်သည် ။

" နယ်မြေသုံးထောင်ကို ပြုတ်ကျစေခဲ့ပြီး သက်ရှိအားလုံးကို တိရစ္ဆာန်တွေလို ဆက်ဆံခဲ့တာကရော မင်းတို့ထိုက်ဟွမ်နန်းတော်ရဲ့ရာဇဝတ်မှု မဟုတ်ဘူးလား။ ထိုက်ဟွမ်နန်းတော်ရဲ့ အထက်တန်းအရှင်သခင်က သူ့ရဲ့ ကြယ်တာရာပုံရိပ်နဲ့ ငါ့အိမ်ကို နေ့တိုင်း ချောင်းကြည့်ပြီး ငါ့ကိုယ်ပိုင်ပိုင်နက်ကို ကျူးလွန်ခဲ့တာကရော အပြစ်မဟုတ်ဘူးလား။ လောကစံနှုန်းတွေအရဆိုရင် ထိုက်ဟွမ်နန်းတော်ကသာ ကယ်တင်လို့မရအောင် အပြစ်ရှိနေပြီး ပြစ်တင်ရှုတ်ချခြင်း ခံရမှာပဲ"

သူ၏တည်ငြိမ်သောအသံမှာ အားမာန်အပြည့်ဖြင့် ဟိန်းထွက်သွားလေသည်။

ယွဲ့ဟွာအရှင်သခင်သည် ရှုပ်ထွေးသော အမူအရာဖြင့် ကျိယွမ်ကို လှမ်းကြည့်လိုက်ပြီး ရုတ်တရက် ဝင်ပြောလိုက်၏။

"ကျင်းလီ... ငါနဲ့အတူ လနတ်ဘုရားနန်းတော်ကို ပြန်လိုက်ခဲ့ပါ။ သူက... ထိုက်ဟွမ်နန်းတော်ရဲ့ ရန်သူတင်မကဘဲ လမင်းနတ်ဘုရားနန်းတော်၏ ရန်သူလည်း ဖြစ်နေပြီ"

ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း နောက်ဆုံးတွင် မည်သည့်ကန့်ကွက်မှုမျှ မပြုလုပ်ခဲ့ချေ။

သူသည် ယွဲ့ဟွာအရှင်သခင်၏ အကြောင်းပြချက်ကို နားလည်နိုင်ပါသည်။

အကယ်၍ ကျင်းလီသာ ကျိယွမ်နှင့်အတူ ဆက်ရှိနေပါက အလွန်အန္တရာယ်များပေလိမ့်မည်။ သူမအနေဖြင့် လနတ်ဘုရားနန်းတော်သို့ ပြန်သွားခြင်းက ပိုမိုကောင်းမွန်ပေလိမ့်မည်။

လူတိုင်း၏အကြည့်များသည် ကျင်းလီထံသို့ ရောက်ရှိသွား၏။

သူမ မည်သို့ဆုံးဖြတ်မည်နည်း။

ကျင်းလီ၏မျက်နှာအမူအရာမှာ အေးစက်နေပြီး အကြည့်များက ခိုင်မာနေခဲ့သည်။

"အရင် ဝမ်ယုကုန်းမြေတိုက်ကြီးမှာ ရှိတုန်းက သူပြင်ပနတ်ဆိုးတွေကို တစ်ယောက်တည်းရင်ဆိုင်နေရတာကို ကျွန်မ ဘာမှမကူညီနိုင်ဘဲ ဒီအတိုင်းပဲ ကြည့်နေခဲ့ရဖူးတယ်"

လကညာတစ်ဦးအနေဖြင့် သူမသည် တစ်ခါတုန်းက ကျိယွမ်၏လက်မောင်းပေါ်တွင် လကညာအမှတ်အသားကို ရေးထိုးပေးခဲ့ဖူးသည်။

လကညာအမှတ်အသားမှတစ်ဆင့် သူမသည် ကျိယွမ်၏နာကျင်မှုများကို အချိန်ပြည့် ပြင်းထန်စွာ ခံစားခဲ့ရ၏။

သူမပင် ထိုမျှနာကျင်ခဲ့ရလျှင် ကာယကံရှင်ကျိယွမ်အတွက် မည်မျှအထိ ပိုမိုနာကျင်ရခဲ့ရမည်နည်း။တွေးပင် မတွေးဝံ့ပါ ။

နောက်ပိုင်းတွင် သူမသည် ရှေးဟောင်းစီးချောင်သစ်ပင်ကြီးအောက်၌ တစ်ယောက်တည်း စောင့်ဆိုင်းခဲ့ရပြီးမှ မနေ့တစ်နေ့ကတင် စကားပြောခဲ့ဖူးသော ကျိယွမ်သည် အချိန်ကာလ၏ စီးဆင်းမှုအတွင်း ထိုဆိုးရွားလှသော နေရာတွင် တစ်ဦးတည်း ပိတ်လှောင်ခံထားရကြောင်း သိရှိခဲ့ရသည်။

"အခု ကျွန်မ သူ့ကို နောက်တစ်ကြိမ် ပြန်တွေ့ပြီဖြစ်တဲ့အတွက် ဘာတွေပဲဖြစ်ပျက်ပါစေ... ကြယ်တွေပဲ ကြွေကြွေ ၊ ကြယ်တာရာပင်လယ်ကြီးပဲ ပျက်ပျက်၊ မသေမျိုးနယ်ပယ်ကြီးတစ်ခုလုံး ဆိတ်သုဥ်းသွားပါစေ... ကျွန်မ သူ့ဘေးမှာပဲ ရပ်တည်သွားမှာပါ"

ကျင်းလီ၏ လှပသောမျက်နှာပေါ်တွင် မယုံကြည်နိုင်လောက်အောင် ခိုင်မာသော ဆုံးဖြတ်ချက်များ ထင်ဟပ်နေ၏။

အားလုံး၏အကြည့်အမျိုးမျိုးအောက်တွင် သူမသည် ကျိယွမ်၏လက်ကို ပိုမိုတင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး မိမိ၏ခံစားချက်များကို ပွင့်လင်းစွာ ထုတ်ဖော်ပြသလိုက်လေသည်။

အတိတ်ကာလက သူမ မပြောဝံ့ခဲ့သော စကားလုံးများကို ယခုအခါ ထုတ်ပြောခွင့်ရခဲ့လေပြီ ။ထို့အတွက် သူမသည် မည်သောအခါမှ နောင်တရမည်မဟုတ်ပါ ။

ထိုစကားကို ကြားလိုက်ရသောအခါ ယွဲ့ဟွာအရှင်သခင်၏ မျက်နှာအမူအရာ မှာ ပိုမိုရှုပ်ထွေးသွားလေ၏။

"နင်က လနတ်ဘုရားနန်းတော်က ပေးခဲ့တဲ့ နှစ်ပေါင်းများစွာက ကျေးဇူးတွေကို မေ့သွားပြီလား။ သူ့ဘေးမှာ ရှိနေတာက နင့်ကို သေမင်းဆီပဲ ပို့ဆောင်လိမ့်မယ်။ လနတ်ဘုရားနန်းတော်မှာပဲ အသက်ရှင်သန်နိုင်မယ့် အခွင့်အရေး ရှိတာ ၊ မရူးမိုက်စမ်းနဲ့ "

ကျိယွမ်သည် နယ်မြေသုံးထောင်ကို တော်လှန်ခဲ့သူဖြစ်ပြီး နေမင်းဆယ်စင်းအရှင်သခင်လည်း ဖြစ်နေသဖြင့် မဟာနေမင်းအရှင်သခင်က သူ့အား လွှတ်ပေးရန် လမ်းစမရှိပါ။ သူ၏ပါရမီနှင့် စွမ်းရည်များ မည်မျှပင် ထူးခြားနေပါစေ မဟာနေမင်းအရှင်သခင်၏ ဒေါသကို မည်သူမျှ တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။

ယခုကိစ္စမှာ သာမန်ရန်ငြှိုးတစ်ခုမဟုတ်ပါ ။ ကျင့်ကြံခြင်းလမ်းစဉ်၏ အခြေခံအုတ်မြစ်နှင့် ပတ်သက်နေသော ရန်ငြိုး ဖြစ်သည်။၎င်းမှာ အဖွဲ့အစည်းတစ်ခုခု၏ ပျက်စီးခြင်းကို ဧကန်မုချ တောင်းဆိုနေခဲ့လေပြီ။ တစ်ဘက်မရှိမှသာ တစ်ဖက်ကရပ်တည်နိုင်ပေးလိမ့်မည် ။

"ကျွန်မ စိတ်ဆုံးဖြတ်ပြီးပါပြီ အရှင်သခင်။ ကျေးဇူးပြုပြီး ထပ်မပြောပါနဲ့တော့"

ကျင်းလီ၏အသံက တည်ငြိမ်နေ၏။

ကျိယွမ်က သူမအားငုံ့ကြည့်ကာ စကားပြောမည်ပြုလိုက်စဥ်မှာပင် သူ၏နားထဲသို့ သတင်းစကားတစ်ခု ရောက်ရှိလာ၏။

"မြန်မြန်... ကျင်းလီကို ခေါ်ပြီး ဒီကနေ ထွက်သွားတော့။ ငါ ထိုက်ဟွမ်နန်းတော်က မူလသဘောတရားအဆင့်နှစ်ယောက်ကို တားဆီးပေးထားမယ်"

ထိုအသံမှာ အခြားသူမဟုတ်ဘဲ ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ အသံပင်။

ကျိယွမ်သည် အသက်ကို ပြင်းထန်စွာ ရှုလိုက်မိ၏။မိမိ၏ အစီအစဉ်ကြီးမှာ ဆက်လက်အလုပ်လုပ်နေဆဲဖြစ်ကြောင်း သူ သိလေသည်။

သို့သော် ယခုအချိန်တွင် သူ မဟူရာနတ်ဆိုးချောက်ကမ်းပါးမှ ထွက်ခွာမှ ရတော့မည်။ မဟုတ်ပါက သူ​က ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံကို ဒုက္ခပေးမိပေလိမ့်မည်။

ထိုက်ဟွမ်နန်းတော်နှင့် ပတ်သက်၍မူ...

ကျိယွမ်၏အကြည့်များက အေးစက်သွားခဲ့သည်။

တစ်နေ့တွင် သူသည် တောင်းပန်ရန် မဟုတ်ဘဲ အပြစ်ပေးရန်အတွက် ၎င်းတို့ဆီသို့ သွားရောက်ပေလိမ့်မည်။

သို့သော် သူ၏အစီအစဉ်အရ လက်ရှိအချိန်တွင် သူသည် ယာယီအားဖြင့် လိုက်လျောညီထွေဖြစ်အောင် ဟန်ဆောင်ရန်လို၏။

မဟုတ်ပါက ထိုက်ဟွမ်နန်းတော်၏ အထက်တန်းအရှင်သခင်ကို မည်သို့ ထောင်ချောက်ထဲသို့ ဆွဲဆောင်နိုင်မည်နည်း။

သူသည် မူလစစ်မှန်အရှင်သခင်ကို ကြည့်ကာ တည်ငြိမ်သော အမူအရာဖြင့် ဆို၏။

"လင်းယာအသွင်ပြောင်းလဲခြင်းစတဲ့နေ့က မင်းတို့ထိုက်ဟွမ်နန်းတော်ကို ငါ နင်းချမယ့်နေ့ပဲ။ အခုလောလောဆယ်တော့... လင်းယာပြောင်းလဲခြင်းကျင်းပခွင့်ရတာကို ပျော်ပျော်ကြီး ခံစားထားလိုက်ကြဦးပေါ့"

ကျိယွမ်၏ စကားလုံးများသည် ပြတ်သားလှ၏။၄င်းမှာ မဟာအစီအစဉ်ကြီး၏ အခြားအစိတ်အပိုင်းတစ်ခု ဖြစ်လေသည်။

"မိုက်ရူးရဲဆန်လိုက်တာ"

"ဘယ်လောက်တောင် ရူးသွပ်နေတာလဲ"

မဟာမူလသဘောတရားအဆင့်နှစ်ဦးသည် ဒေါသတကြီး ဖြစ်သွားကြပြီး ၎င်းတို့၏ အရှိန်အဝါများမှာ ပေါက်ကွဲထွက်လုနီးပါး ဖြစ်သွားရသည်။

မဟူရာနတ်ဆိုးချောက်ကမ်းပါး၏ အကြီးအကဲများသည် စိုးရိမ်ပူပန်စွာဖြင့် အချင်းချင်း ကြည့်လိုက်ကြသော်လည်း မည်သူမျှ ကြားဝင်စွက်ဖက်ခြင်း မပြုဝံ့ကြချေ။

ထိုအခိုက် ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် ထိုက်ဟွမ်နန်းတော်၏ မူလသဘောတရားအဆင့်နှစ်ဦးကို မပြောမဆိုဖြင့် ရုတ်တရက်တိုက်ခိုက်လေတော့သည်။

မူလသဘောတရားအဆင့်နှစ်ဦးမှာ ဒုတိယအဆင့်ရှိ မူလသဘောတရားအဆင့်များ ဖြစ်ကြသဖြင့် ၎င်းတို့၏ စွမ်းအားမှာ ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။

မိမိထက် အစွမ်းထက်သော မူလသဘောတရားအဆင့်နှစ်ဦးကို တစ်ယောက်တည်း ရင်ဆိုင်ရသဖြင့် ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် ဒဏ်ရာများ ရရှိရန် သေချာနေလေသည်။

ထိုစဉ် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ဓားနက်သည် သူ၏စွမ်းအားကို ထုတ်လွှတ်လိုက်ရာ အဖြူရောင်အလင်းတန်းတစ်ခုနှင့်အတူ အတိုင်းအဆမဲ့သော ဓားဆန္ဒသည် ထိုမူလသဘောတရားအဆင့်နှစ်ဦးကို ခဏမျှ ရပ်တန့်သွားစေခဲ့သည်။

ဓားနက်၏ တည်ငြိမ်သောအသံသည် ကျိယွမ်၏နားထဲသို့ ရောက်ရှိလာ၏။

"သွားတော့"

ကျိယွမ်သည် ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံမှလူများကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ကျင်းလီ၏လက်ကို တင်းတင်းဆုပ်ကိုင်ကာ ချက်ချင်းပျောက်ကွယ်သွားလေတော့သည်။

ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ နားထဲသို့ သတင်းစကားတစ်ခု ရောက်ရှိလာ၏။

"အဘိုးကြီး... တကယ်လို့ တစ်ခုခု အန္တရာယ်ရှိတယ်လို့ ခံစားရရင် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေဆီကို သွားလိုက်ပါ။ ကျွန်တော် ကာကွယ်ပေးထားမယ်"

ကျိယွမ်အနေဖြင့် ထွက်ခွာရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပါ။

သူသည် မိမိထံသို့ ဦးတည်လာနေသော ကြောက်မက်ဖွယ်ရာ အတိုင်းအဆမဲ့ပြီး တောက်လောင်နေသော စွမ်းအားတစ်ခုကို ခံစားမိပြီးသား ဖြစ်၏။

ထင်ရှားသည်မှာ ထိုက်ဟွမ်နန်းတော်၏ အထက်တန်းအရှင်သခင်သည်... သူ့အား မိုးကြိုးပစ်သကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုဖြင့် ဖျက်ဆီးရန် ပြင်ဆင်နေခြင်း ဖြစ်ပေသည်။

ကျိယွမ်နှင့် ကျင်းလီတို့ ပျောက်ကွယ်သွားသည်နှင့်..

ဝုန်း

ဟင်းလင်းပြင်တွင် မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သော အသံကြီးတစ်ခု ထွက်ပေါ်သွားလေ၏။ချော်ရည်ကဲ့သို့သော အလင်းတန်းများကလည်း နေရာအနှံ့ ပျံ့နှံ့သွားကာ ဟင်းလင်ပြင်သည်လည်း ထိုခဏ၌ တစ်စစီ ပြိုလဲပျက်စီးသွားတော့သည်။

ထိုက်ဟွမ်နန်းတော်၏ အထက်တန်းအရှင်သခင်သည် တိုက်ခိုက်မှုတစ်ခု ပြုလုပ်လိုက်ပြီး ဟင်းလင်းပြင်အားလုံးကို ဖြတ်တောက်ကာ ကျိယွမ်၏ ဆုတ်ခွာရာလမ်းကို ပိတ်ဆို့လိုက်ခြင်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။

သို့သော် သူ မသိလိုက်သည်မှာ ကျိယွမ်သည် သူ၏ကိုယ်ပိုင် ခရမ်းရောင်နန်းတော်အတွင်းသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ကြောင်းပင်။

အသက်ရှုကြိမ်တစ်ဝက်ခန့် ကုန်ဆုံးသွားပြီးနောက် ဟင်းလင်ပြင်တွင် အံ့ဩတုန်လှုပ်သွားသော ညည်းတွားသံတစ်ခု တိုးတိုးထွက်ပေါ်လာပြီးနောက် ပြန်လည်ပျောက်ကွယ်သွားလေသည်။

ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံ၏ ကောင်းကင်အပြင်တွင်ရှိ မဟာမူလသဘောတရားအဆင့်များသည် ၎င်းတို့၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားကာ တစ်ကိုယ်လုံးတုန်ရင်သွားကြ၏။

၎င်းမှာ အထက်တန်းအရှင်သခင်တစ်ဦး၏ တိုက်ခိုက်မှုကို ကိုယ်တိုင်မြင်တွေ့လိုက်ရခြင်း မဟုတ်ပါလား။

ဤကဲ့သို့သော စွမ်းအားမျိုးမှာ ဖော်ပြရန်ပင် မဖြစ်နိုင်ပါ ။ လက်ဝါးတစ်ချက်တည်းဖြင့် ၎င်းတို့အားလုံးကို ဖျက်ဆီးပစ်နိုင်သကဲ့သို့ ရှိနေသည်။

ခရမ်းရောင်ကံကြမ္မာရှောင်လု၊ ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်နှင့် အခြားသူများသည် မျက်နှာများ ဖြူလျော်နေကြ၏။သွေးဝတ်စုံ အောင်မြင်စွာ ထွက်ပြေးနိုင်ခြင်း ရှိမရှိကို သူတို့ မသိရှိကြပါ။

ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ မျက်နှာအမူအရာမှာ လေးနက်နေလေသည်။ ထိုက်ဟွမ်နန်းတော်မှ မူလသဘောတရားအဆင့်နှစ်ဦးကို တားဆီးပြီးနောက် သူက ကျိယွမ်၏ စကားများကို လေးနက်စွာ စဉ်းစားနေပုံရ၏။

ဒါက ဖြစ်နိုင်ပါ့မလား။

ဒီအတိုင်းပဲလား။

သူ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ရှိနေသည်။

ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်​မြေတဲ့လား... ဟိုစုတ်ပြဲနေတဲ့ ဝတ်ရုံက ထိုက်ဟွမ်နန်းတော်ရဲ့ အထက်တန်းအရှင်သခင်ကို တားဆီးနိုင်ပါ့မလား။

ကောင်းကင်ဘုံစစ်ဆေးခြင်းအောက်တွင် ကျိယွမ်သည် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေအတွင်း၌ ပုန်းကွယ်နေလျှင်ပင် သူ၏တည်နေရာကို ထိုက်ဟွမ်နန်းတော်က ချက်ချင်း သိရှိသွားပေလိမ့်မည်။

ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှင်နေပြီ သူ၏စိတ်ထဲတွင် ခဏမျှ ရုန်းကန်ပြီးနောက် သူ၏အကြည့်များက လေးနက်သွား၏။

ယခုဖြစ်ရပ်သည် ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံကို လှုပ်ခတ်စေခဲ့ပြီး မဟူရာနတ်ဆိုးချောက်ကမ်းပါးကို တုန်လှုပ်စေခဲ့ကာ ဆဋ္ဌမကောင်းကင်ဘုံတစ်ခုလုံးတွင် ဆူညံသွားခဲ့သည်။ သတင်းကိုကြားရတိုင်းက မယုံနိုင်စွာ တုန်လှုပ်သွားကြကုန်၏။

အချိန်မည်မျှကြာပြီးနောက် ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် မဟူရာနတ်ဆိုးတောင်ခြေသို့ တစ်ယောက်တည်း တိတ်တဆိတ်ရောက်လာခဲ့သည်။

သူ၏မျက်နှာပေါ်တွင် မာနထောင်လွှားမှုများ ပျောက်ကွယ်နေသည့်အပြင် သူသည် နေဝင်ချိန်သို့ ရောက်ရှိနေသော အဘိုးအိုတစ်ဦးကဲ့သို့ ညှိုးငယ်နေ၏။

နောက်ဆုံးတစ်ခေါက် ယခုနေရာသို့ လာရောက်ပြီး ချောက်ကမ်းပါးသခင်၏ အကူအညီကို တောင်းခံစဉ်က သူ့အား တွေ့ဆုံခွင့်ပင် မပေးခဲ့ချေ။

ထိုစဉ်က သူသည် ဒေါသထွက်လွန်း၍ အကယ်၍ ချောက်ကမ်းပါးသခင်၏ အကူအညီကို ထပ်မံတောင်းခံမိပါက သူသည် ဝက် သို့မဟုတ် ခွေးထက်ပင် နိမ့်ကျသူဖြစ်ပေလိမ့်မည်ဟု သစ္စာဆိုခဲ့ဖူးသည်။

သို့သော် ယခုအခါတွင်မူ...

သွေးဝတ်စုံသည် ဆန်းကြယ်နယ်မြေတွင် ပုန်းကွယ်နေသော်လည်း ထိုက်ဟွမ်နန်းတော်၏ ဖိအားများကို ရင်ဆိုင်ရပါက သူ ဘယ်လောက်အထိ တောင့်ခံနိုင်မည်နည်း။

ယခုအချိန်တွင် သူ၏သိက္ခာကို စွန့်လွှတ်ရပေတော့မည်။

သူသည် မဟူရာနတ်ဆိုးတောင်ဆီသို့ လေးနက်စွာ ဦးညွှတ်လိုက်၏။

"သွေးဝတ်စုံမှာ ထူးခြားတဲ့ပါရမီရှိပြီး မူလသဘောတရားနှစ်ခုကိုလည်း နားလည်ထားပါတယ်။ သူက မဟူရာနတ်ဆိုးချောက်ကမ်းပါးကို ပြန်လည်ဆန်းသစ်အောင် ဦးဆောင်နိုင်ပါတယ်။ ကျွန်တော် တောင်းပန်ပါတယ် ဆရာ... သူ့ကို ကာကွယ်ပေးပါ"

ယခုအချိန်မျိုး၌ မည်သည့်အကူအညီမဆို သွေးဝတ်စုံ၏ အသက်ရှင်သန်နိုင်မည့် အခွင့်အရေးကို တိုးတက်စေနိုင်ပေသည်။

တစ်ခါတုန်းက ဂုဏ်ယူဝင့်ကြွားခဲ့သော အဘိုးအိုသည် ယခုအခါတွင်မူ လေးနက်စွာ ဦးညွှတ်နေခဲ့ရလေပြီ။

သို့သော် မဟူရာနတ်ဆိုးတောင်ကတော့ တိတ်ဆိတ်နေဆဲဖြစ်ကာ အတွင်းမှ မည်သည့်တုံ့ပြန်မှုမျှ မရှိချေ။

ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် အံကြိတ်လျက် ပြောလိုက်သည်။

"တကယ်လို့ ဆရာက သွေးဝတ်စုံကို ကာကွယ်ပေးဖို့ သဘောတူရင်... ကျွန်တော် လင်းယာပြောင်းလဲခြင်းအတွက် ကောင်းကင်နန်းတော်မှာရှိတဲ့ ထိုက်ဟွမ်နန်းတော်ကို သွားပေးပါ့မယ်"

မဟူရာနတ်ဆိုးချောက်ကမ်းပါးကို ပိတ်ဆို့ပေးခြင်းမှာ ပေးဆပ်မှုမျှမရှိဘဲ ဖြစ်လာခဲ့သောအရာမဟုတ်ပေ။

ထိုပေးဆပ်မှုမှာ... အချို့သော မူလသဘောတရားအဆင့်များ သေဆုံးပေးရမည် ဖြစ်၏။

ထိုက်ဟွမ်နန်းတော်ကို သွားရောက်ပြီး ကူညီတိုက်ခိုက်ရန် မိမိကိုယ်ကို ပေးဆပ်ခြင်းမှာ... ဧကန်မုချ သေဆုံးခြင်းကို ဆိုလိုခြင်း ဖြစ်ပေသည်။

ထိုအခါမှ မဟူရာနတ်ဆိုးတောင်မှ ရှေးဟောင်းကျသောအသံတစ်သံ ထွက်ပေါ်လာ၏။

"ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ"

"မဟူရာနတ်ဆိုးချောက်ကမ်းပါးမှာ... ဓားနက် ရှိတယ်... ဒီလောက်ဆိုလုံလောက်နေပြီ"

ထိုအသံမှာ ဝေခွဲမရဖြစ်ခြင်း၊ အေးစက်ခြင်းနှင့် အနည်းငယ် စိတ်ပျက်အားလျော့ခြင်းများ ရောယှက်နေခဲ့သည်။

ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏မျက်ခုံးများကကျုံးသွား၏။သူ၏ ဒေါသများ မြင့်တက်လာသော်လည်း ဆက်လက်၍ လေးနက်စွာ ဦးညွှတ်နေဆဲပင်။

"ဆရာ... သွေးဝတ်စုံ .သူက သွေးမျိုးဆက်ရဲ့မူလအစပဲ။ ကျွန်တော် တောင်းပန်ပါတယ်... သူ့ကို ကာကွယ်ပေးပါ"

သူသည် မိမိ ကာလကြာရှည်စွာ နာကျည်းခဲ့ရသော ဆရာ့ထံသို့ လေးနက်စွာ ဦးညွှတ်လိုက်သည်။

"မူလအစဆိုတာ ဘာလဲ။ ဒီစကြာဝဠာထဲမှာ အဲ့ဒါအတွက် အနာဂတ်မရှိဘူး"

မဟူရာနတ်ဆိုးတောင်ဆီမှ ဝမ်းနည်းပူဆွေးသလို သက်ပြင်းချသံပေါ်ထွက်လာလေသည်။

"ပြန်သွားလိုက်တော့။ ဒီကိစ္စက... မင်းလက်လှမ်းမီနိုင်တာထက် ကျော်လွန်ပြီ"

---------

All Chapters