← Chapters

အခန်း ၄၈၀

Vol. 45 Ch. 480

အခန်း ၄၈၀

Vol. 45 Ch. 480

အခန်း (၄၈၀) - ဖိအားပေးခံရတာကို ငါမုန်းတယ်၊ ဒါကြောင့် ငါပဲ ဖိအားပေးလိုက်တော့မယ်...

ခရမ်းရောင်ကံကြမ္မာကောင်းကင်နယ်မြေတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာသည် ခဏအတွင်းပျံ့နှံ့သွားလေ၏။ ယင်းသည် ရှေးဟောင်းသမိုင်းတစ်လျှောက်တွင် မကြားဖူးသော၊ အလွန်ထူးဆန်းသည့် ဖြစ်ရပ်တစ်ခု ဖြစ်သောကြောင့် ယန်နတ်ဘုရားများစွာ၏ အာရုံစိုက်မှုကို ရရှိသွားလေသည်။

နဂါးဖြူချောက်ကမ်းပါးသခင်သည် ကျောက်စိမ်းရောင် ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမ၏မျက်ခုံးကို တွန့်ချိုးထားသည်။

"သူက နေမင်းဆယ်စင်းအရှင်သခင် ဖြစ်နေတာပေါ့လေ၊ ထိုက်ဟွမ်နန်းတော်က အရှင်သခင်နေရာအတွက် တိုက်ပွဲပြီးဆုံးချိန်မှာ သူ့ကို လွှတ်ပေးမှာ မဟုတ်ဘူး၊ ဒါက ခက်ခဲတဲ့ ကိစ္စပဲ၊ တကယ့်ကို ခက်ခဲတာ"

သူမသည် သွေးဝတ်စုံ၏ သွေးမျိုးဆက်ကို လိုချင်သော်လည်း သူ့အတွက်ကြောင့် ထိုက်ဟွမ်နန်းတော်ကို ရင်ဆိုင်ရန် အန္တရာယ် မယူဝံ့ပေ။

"သူမသေခင်မှာ ငါနဲ့ တစ်ညလောက် အတူနေပြီး ကလေးတစ်ယောက်လောက် ချန်ခဲ့ပေးရင် တကယ့်ကို လှပတဲ့ ပုံပြင်လေး ဖြစ်လာမှာပဲ"

နဂါးဖြူချောက်ကမ်းပါးသခင်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလေ၏။

အချိန်တန်လျှင် ထိုကလေးသည် ကြီးပြင်းလာပြီး ဖခင်အတွက် လက်စားချေကာ ထိုက်ဟွမ်နန်းတော်ကို ဖျက်ဆီးပစ်လိမ့်မည်။ မည်မျှ ကြည်နူးဖွယ် ကောင်းလိုက်သော အတွေးနည်း။ သို့သော် နဂါးဖြူချောက်ကမ်းပါးသခင်မှာ ထိုအတွေးကိုသာ တွေးနေနိုင်ပြီး လက်တွေ့တွင် မဖြစ်နိုင်ပေ။

ထိုအချိန်တွင်...

ထိုက်ဟွမ်နန်းတော်၌ အစွမ်းထက်သော အရှိန်အဝါများ ပြင်းထန်စွာ ထွက်ပေါ်လာလေသည်။

မူလစစ်မှန်အရှင်သခင်၏ မျက်လုံးများတွင် လူသတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာသည်။

"ဟွန်း၊ ခရမ်းရောင်ကံကြမ္မာဘိုးဘေးနဲ့ ဓားနက်တို့က ငါတို့လမ်းကို ဝင်ပိတ်ဖို့ လုပ်ရဲကြတယ်ပေါ့"

သူ့ဘေးရှိ မဟာမူလသဘောတရားနယ်ပယ်အဆင့်တစ်ယော​က်က ခေါင်းညိတ်သည်။

"အထက်တန်းအရှင်သခင် ဝင်ရောက်စွက်ဖက်ပေးတာတောင်မှ နေမင်းဆယ်စင်းအရှင်သခင် လွတ်မြောက်သွားနိုင်တယ်လို့ ဘယ်သူထင်မလဲ"

"သူ ခုတော့ လွတ်သွားနိုင်ပေမယ့် ငါတို့လက်ကနေ တစ်သက်လုံး လွတ်မြောက်နိုင်ပါ့မလား"

မူလစစ်မှန်အရှင်သခင်က မထီမဲ့မြင် ပြုံးလိုက်သည်။

ယခုအခါ ထိုက်ဟွမ်နန်းတော်သည် လင်းယာအသွင်ပြောင်းလဲခြင်းကို ကြီးကြပ်ရတော့မည်ဖြစ်၍ နေမင်းဆယ်စင်းအရှင်သခင်ကို ကိုင်တွယ်ရန် နည်းလမ်းရှာတွေ့ပေလိမ့်မည်။

နေမင်းအရှင်ကတော့ ရှုပ်ထွေးသော အမူအရာဖြင့် ဘေးတွင် ရပ်နေ၏။

"သူက မဟာမူလသဘောတရားနှစ်ခုကို ကျွမ်းကျင်ပြီးသားဖြစ်တဲ့ နတ်ဆိုးမျိုးဆက်သစ် မိုကျိ(နတ်ဆိုးသားတော်) ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ၊ သူသာ ဆက်ပြီး ကြီးထွားလာရင် ထိုက်ဟွမ်နန်းတော်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မယ်"

ထိုစကားကြောင့် တက်ရောက်လာသော ယန်နတ်ဘုရားများ တင်းမာသွားကြသည်။ နေမင်းဆယ်စင်းအရှင်သခင်တွင် မဟာနေမင်းအထက်တန်းအရှင်သခင်ကိုပင် စိန်ခေါ်နိုင်သော အလားအလာ ရှိသည်။ တစ်ချိန်က သူသည် နေမင်းဆယ်စင်းကို အသုံးပြု၍ ကောင်းကင်ဘုံကို စိုးမိုးခဲ့ပြီး နယ်မြေအားလုံးကို ထိတ်လန့်စေခဲ့ဖူးသည်။ နောက်ပိုင်းတွင် မဟာမူလသဘောတရားနှစ်ခုကို နားလည်သဘောပေါက်ကာ ပြိုင်ဘက်ကင်းသော ပါရမီကိုပြသခဲ့သည်။

ထိုသို့သောသူသည် အချိန်လုံလောက်စွာ ရရှိပါက မည်သို့ဖြစ်လာမည်ကို ခန့်မှန်း၍ မရနိုင်ပေ။

"အရေးမပါတဲ့ ရာဇဝတ်သားလေးတစ်ယောက်က ဒီလောက်အဆင့်ထိ တက်လာတာ တကယ့်ကို အံ့ဩစရာပဲ၊ ဒါပေမဲ့ သူ့ကံကြမ္မာ ကုန်ဆုံးသွားပြီ၊ ဒီကစပြီး သူရတော့မှာက ထိုက်ဟွမ်နန်းတော်ရဲ့ အမျက်ဒေါသပဲ"

မူလစစ်မှန်အရှင်သခင်က လူသတ်လိုစိတ်ဖြင့် ကြွေးကြော်လိုက်သည်။

ထိုစဉ်မှာပင် သတင်းစကားတစ်ခု ရောက်ရှိလာသဖြင့် မူလစစ်မှန်အရှင်သခင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

"သူက ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေမှာ ပုန်းနေတာလား"

"ဘာ၊ ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေ ဟုတ်လား"

အခြားယင်နတ်ဘုရားများလည်း ထိုသတင်းကို ကြားသောအခါ အံ့အားသင့်သွားကြသည်။ ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေသည် မကြာသေးမီက နာမည်ကျော်ကြားလာခဲ့သည်။ လူသားဧကရာဇ်ခန်းမတမန်တော်သည် ထိုနေရာတွင် ပုန်းအောင်းနေပြီး တံခွန်သခင်ကို အနိုင်ယူခဲ့ဖူးသည်။

"ဒါဆိုရင် လူသားဧကရာဇ်ခန်းမတမန်တော်နဲ့ ကျိယွမ်က တစ်ယောက်တည်း ဖြစ်နေတာများလား"

မူလစစ်မှန်အရှင်သခင်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

နေမင်းဆယ်စင်းအရှင်သခင်သည် မဟာမူလသဘောတရားနှစ်ခုကို နားလည်ထားပါက အလားအလာအလွန်ကောင်းသည်။ သို့သော် လူသားဧကရာဇ်ခန်းမတမန်တော်သည် သူ၏စွမ်းရည်ကို အပြည့်အဝ ထုတ်ဖော်ပြသထားသူဖြစ်သည်။

"သူတို့က တစ်ယောက်တည်းသာဆိုရင် ဒါက တကယ့်ကို အန္တရာယ်များတာပဲ"

"ဟွန်း၊ သူက တံခွန်သခင်ကို တန်ပြန်ဖို့ပဲ လုပ်ဆောင်နိုင်တာ၊ ငါတို့အားလုံး ဝိုင်းတိုက်ရင် သူ့ကို သတ်နိုင်တယ်၊ မဟာမူလသဘောတရားအမှတ်အသားရဲ့ ကာကွယ်မှုမရှိဘဲ ဖန်ဆင်းရှင်တိုက်ခိုက်ရေးရတနာ ရှိနေရင်တောင် အထက်တန်းအရှင်သခင်ရဲ့ တိုက်ခိုက်မှု တစ်ချက်တည်းနဲ့ သူသေမှာပဲ"

မူလစစ်မှန်အရှင်သခင်က အားမလျော့ဘဲ ဟိန်းဟောက်လိုက်ပြန်သည်။

ဆဋ္ဌမမြောက်ကောင်းကင်ဘုံတွင် မဟာမူလသဘောတရားအမှတ်အသားသည် မဟာမူလသဘောတရားနယ်ပယ်အဆင့်ရှိသူများအတွက် ကာကွယ်ရေးတံဆိပ်ဖြစ်သည်။

"ဒါပေမဲ့ ထူးဆန်းတာက သူမှာ ဘာလို့ မဟာမူလသဘောတရားအမှတ်အသား မရှိတာလဲ"

"ဒီလိုထူးဆန်းတဲ့သူမျိုးရဲ့ ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်လာမလဲ ဘယ်သူသိမှာလဲ"

"ဒီလိုရန်သူမျိုးကို လွှတ်မထားသင့်ဘူး၊ သူသာ မဟာမူလသဘောတရားအမှတ်အသားကို စုစည်းနိုင်ရင် ကိုင်တွယ်ရ ပိုခက်သွားလိမ့်မယ်"

ထိုက်ဟွမ်နန်းတော်မှ အဖွဲ့ဝင်များမှာ တင်းမာနေကြပြီး စိတ်အားထက်သန်နေကြသည်။ သူတို့သည် အထက်တန်းအရှင်သခင်၏ အမိန့်ကို စောင့်မျှော်နေကြပြီး ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေသို့ ဆင်းသက်ရန် ပြင်ဆင်နေကြ၏။

.........

"မဆိုးဘူး၊ နတ်ဘုရားနည်းစနစ် အနည်းငယ် ထပ်ရလိုက်တယ်"

ကျိယွမ်သည် ကျင်းလီ၏ လက်သေးသေးလေးကို ကိုင်ထားပြီး နူးညံ့စွာ ကြည့်နေသည်။ ဒီတစ်ခါတော့ ကျင်းလီသည် လနတ်ဘုရားနန်းတော်မှ ခရမ်းရောင်ကံကြမ္မာကောင်းကင်အထိ သူ့နောက်ကို လိုက်ပါလာပြီး နတ်ဘုရားနည်းစနစ်များစွာကိုလည်း တစ်ပါတည်း ယူဆောင်လာခဲ့သည်။

"ခင်... ပွန်း၊ ဘာလို့ နတ်ဘုရားနည်းစနစ်တွေကို အဲ့လောက်တောင် လိုအပ်နေတာလဲ"

ကျင်းလီ၏ လှပသောမျက်နှာလေးမှာ ရှက်ရွံ့မှုကြောင့် ရဲနေပြီး သူမ၏အကြည့်မှာ ကြည်လဲ့နေသည်။

ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေသို့ ရောက်ပြီးကတည်းက ကျိယွမ်မှာ စိုးရိမ်မှု သို့မဟုတ် ကြောက်ရွံ့မှု အရိပ်အယောင်ပင် မပြပေ။ ယင်းအစား သူသည် နတ်ဘုရားနည်းစနစ်များကို အေးဆေးစွာ ဖတ်ရှုနေသဖြင့် ကျင်းလီမှာ နားမလည်နိုင် ဖြစ်နေမ်သည်။

"ဒါတွေအားလုံးက နေမင်းတွေကို ပြန်လည်သန့်စင်ဖို့အတွက်ပဲ၊ နည်းစနစ်တစ်ခုစီက နေမင်းတစ်စင်းနဲ့ ညီမျှတယ်၊ ဒါကြောင့် ငါအမြန်လုပ်ရမယ်"

ကျိယွမ်က ရှင်းပြပြီး ကျိယွမ်ကျမ်း၏ အမြုတေ အခန်းကို ပြင်ဆင်ရန် မျက်လုံးကို မှိတ်လိုက်၏။

ဘေးတွင် ရပ်နေသော ကျင်းလီသည် သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်ခန္ဓာနှင့်အတူ ကျိယွမ်ကို ငေးကြည့်နေသည်။

"နေမင်းတွေကို ပြန်လည်သန့်စင်မယ် ဟုတ်လား"

ကျိယွမ်သည် ကျိယွမ်ကျမ်းကို ဖန်တီးရာတွင် အာရုံအပြည့်စိုက်ထားသည်။

မကြာမီပင် ကျိယွမ်ကျမ်းသည် သိသိသာသာ တိုးတက်လာ၏။

သူက ခဏရပ်ပြီး သူ၏ ဂိမ်းကျောက်ပြားပေါ်တွင် တင်နေသော ဂိမ်းကို ကြည့်လိုက်သည်။

"ဂိမ်းရဲ့ လုပ်ဒင်း(Loading) က ပြည့်တော့မယ်... ငါ ထိုက်ဟွမ်နန်းတော်ရဲ့ ခြိမ်းခြောက်မှုကို အမြန်ရှင်းပစ်ရမယ်၊ မဟုတ်ရင် ဂိမ်းထဲက အချိန်စီးဆင်းမှုက နှေးပြီး လင်းယာအသွင်ပြောင်းလဲခြင်း စတင်သွားရင် ကပ်ဘေးကြီး ဖြစ်သွားနိုင်တယ်"

ကျိယွမ်သည် သူ၏ စီမံကိန်းကြီးကို သေချာစွာ စဉ်းစားထားသည်။ ဂိမ်းအသစ် မစတင်ခင် ထိုက်ဟွမ်နန်းတော်ကို ရှင်းပစ်ရမည်။ အကယ်၍ ဂိမ်းထဲက တစ်စက္ကန့်သည် လက်တွေ့ဘဝတွင် နှစ်တစ်သောင်းနှင့် ညီမျှပါက သူဂိမ်းဆော့ပြီးချိန်တွင် အရာအားလုံး ပြောင်းလဲသွားလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် ဂိမ်းထဲ မဝင်ခင် ထိုက်ဟွမ်နန်းတော်ကိစ္စကို ဖြေရှင်းထားခြင်းက အကောင်းဆုံးပင်။

သူ၏ အထောက်အထားကို ဖော်ထုတ်လိုက်ခြင်းမှာလည်း သူ၏ အစီအစဉ်တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ပြောရလျှင် သူသည် ကောင်းကင်ဘုံစစ်ဆေးခြင်းမှ ရှောင်လွှဲရန် နည်းလမ်းများစွာ ရှိသည်။ တစ်ခုတည်းသော မမျှော်လင့်ထားသည့် အချက်မှာ သူ၏ကိုယ်ခန္ဓာမှ ထွက်ပေါ်လာသော ကြယ်တာရာအလင်းများမှာ ကမ်းခြေသို့ ရိုက်ခတ်နေသည့် လှိုင်းလုံးများကဲ့သို့ဖြစ်သွားခြင်းပင်။

ခရမ်းရောင်ကံကြမ္မာကောင်းကင်မှ ထွက်ပြေးပြီး ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေသို့ ရောက်သည်အထိ သူသည် ဆက်တိုက် ဆုတ်ခွာနေသကဲ့သို့ ဖြစ်နေသည်။ ဒါက သူ၏ အစီအစဉ်ကို ပို၍ ယုတ္တိရှိစေသည်။

သူသည် ထိုက်ဟွမ်နန်းတော်၏ ဖိအားပေးခြင်းကို ခံခဲ့ရပြီး ထွက်ပြေးပုန်းရှောင်နေရ၏။

"ကျိယွမ်ကျမ်းကို နင်းထောင်ဆီ ပို့ပြီးပြီ၊ ထိုက်ဟွမ်နန်းတော်က ဘယ်တော့ ရောက်လာမှာလဲ"

ကျိယွမ်သည် ခြေများကိုဆန့်တန်းလိုက်ပြီး ကျင်းလီ၏ ပေါင်ပေါ်တွင် ခေါင်းကို ပေါ့ပါးစွာ တင်လိုက်သည်။

သူမ၏ ပေါင်လေးကနုညံ့သလို ကိုယ်နံ့အနံ့သင်းသင်းလေး ဝန်းရံနေသဖြင့် သူသည် စိတ်အေးလက်အေး ရှိသွားပြီး ပင်ပန်းမှုများလည်း ပြေပျောက်သွားလေ၏။

ကျင်းလီသည် ကျိယွမ်၏ခေါင်းကို ကိုင်ထားပြီး သူအဆင်ပြေစေရန် နေရာပြင်ပေးသည်။

"နင်းထောင်ဆိုတာ အစ်မလား ဒါမှမဟုတ် ညီမလား"

သူမ၏ အသံတွင် မနာလိုမှု အနည်းငယ် ပါနေ၏။

"အမ်..."

ကျိယွမ် အံ့ဩသွားပြီး ပေါင်ပေါ်တွင်မှိန်းနေရင်းမှ မျက်လုံးဖွင့်ကြည့်သည်။

"မင်း မနာလိုနေတာလား၊ သူက မင်းထက်သာမှာ ​စိုးရိမ်နေတာလား"

"ကျွန်မထက်သာမှာလား ၊ ဘာလို့ ကိုယ့်ဘာသာ မစမ်းကြည့်ရတာလဲ"

လနတ်သမီး ကျင်းလီက သူမ၏ နှုတ်ခမ်းလေးကို စူလိုက်ပြီး မျက်လုံးများမှာ တောက်ပနေသည်။ သူမက ပြောပြီးသည်နှင့် ကျိယွမ်ကို နမ်းရန် သူ၏ခါးလေးကို ကိုင်းညွှတ်လိုက်သည်။

ထိုအနမ်းသည် နက်ရှိုင်းပြီး ပြင်းထန်လှ၏။

အသက်ရှုကြိမ် အနည်းငယ်ကြာပြီးနောက် သူတို့ ခွာလိုက်ကြရာ ကျင်းလီ၏ အေးစက်သောမျက်နှာလေးမှာ ရဲနေလေပြီ။

"မြည်းစမ်းကြည့်ပြီးပြီလား"

ကျင်းလီ၏ လက်သွယ်သွယ်လေးများမှာ ကျိယွမ်၏ လည်ပင်းကို ဖက်ထားသည်။အာဏာနှင့် အနိုင်ယူမှု အခြေအနေမှာ ပြောင်းလဲသွားပြီး ကျိယွမ် အသာစီးရသွား၏။

ကျိယွမ်က ပြန်စဉ်းစားသည်။

"ရှင် မနာလိုတဲ့အရသာ မရဘူးလား"

ကျင်းလီသည် အမြဲတမ်း မွှေးကြိုင်နေပြီး သူဘာမှစိတ်အနှောက်အယှက်ဖြစ်စရာ မရှိခဲ့ပေ။

"နောက်တစ်ခါ ထပ်ကြိုးစားကြည့်မလား"

ကျင်းလီက ပိုမိုရဲတင်းစွာဖြင့် ကိုင်းညွှတ်လိုက်သည့်အပြင် ကျိယွမ်၏ခေါင်းကိုလည်း မယူလိုက်၏။

အများရှေ့တွင် သူမသည် နူးညံ့ပြီး သိက္ခာရှိသော်လည်း ကျိယွမ်နှင့် တစ်ယောက်တည်း ရှိနေချိန်တွင်မူ ရဲရဲတင်းတင်းဖြင့် ဆွဲဆောင်မှု ရှိနေတတ်သည်။

အတန်ကြာသောအခါ သူမက ခေါင်းမော့လိုက်ပြီး ကျိယွမ်ကို စိန်ခေါ်သလို ကြည့်သည်။

"သူမက တစ်ခါမှ ဒီလို မလုပ်ပေးဘူးမှတ်လား"

ကျိယွမ်သည် ထိုအသံမျိုးကို မှတ်မိပါသည်။ ခရမ်းရောင်ကံကြမ္မာရှောင်လုနှင့် အန်းရွှန်းလုတို့၏ စကားများခန်းများကိုပင် သတိရသွားမိသည်။

"ဟုတ်မယ်ထင်တယ်... ဟုတ်တယ်လေ"

ကျိယွမ်မှာ ရိုးသားလွန်းသူဖြစ်သဖြင့် မလိမ်တတ်ပေ။ သူသည် နင်းထောင်၊ ကျူးယန်တို့နှင့် အတူရှိနေစဉ်အတွင်း အသီးအနှံများစွာကို ဝေမျှစားသုံးခဲ့ဖူးသည်ကိုတော့ မှတ်မိ၏။

ထိုစကားကို ကြားသောအခါ ကျင်းလီက စိန်ခေါ်သည့်အနေဖြင့် သူ့လက်မောင်းကို အသာလေး ကိုက်လိုက်သည်။

"ဒါရော ဘယ်လိုလဲ"

ကျင်းလီသည် အခြားအရာတစ်ခုကို တွေးမိကာ အကြည့်ပြောင်းသွားသည်။

သူမ၏ အဖြူရောင်ဝတ်ရုံမှာ ရှေ့မှ အနည်းငယ် ဟသွားပြီး သူမ၏ ကြည်လင်သော ကျောက်စိမ်းရောင် အရေပြားလေးများ ပေါ်လာသည်။ နင်းထောင် ၊ ကျူးယန်တို့နှင့် မတူဘဲ ကျင်းလီ၏ ကိုယ်ခန္ဓာမှာ ပို၍ပြည့်ဖြိုးကာ ကောက်ကြောင်းကပို၍ ထင်ရှားလှ၏။

သူမတွင် ပိုလျှံနေသည့်အရာ မရှိသော်လည်း ပြည့်စုံသင့်သည့်နေရာတွင် လုံးဝပြီးပြည့်​စုံနေသည်။

သူမသည် ကျိယွမ်ကို ဖက်ထားပြီး ခန္ဓာကိုယ်ချင်း ထိကပ်နေကာ သူမ၏ ရဲနေသောမျက်နှာမှာ ပန်းပွင့်လေးတစ်ပွင့်ပမာ လှပနေသည်။ကျိယွမ်ကို တင်းတင်းကျပ်ကျပ် ဖက်ထားသဖြင့် သူတို့နှစ်ယောက်မှာ တစ်သားတည်း ဖြစ်နေသကဲ့သို့ပင်။

"ငါတို့ အခု အိမ်ထောင်သည်တွေ ဖြစ်သွားပြီ..."

"အဲ... ဟွန်း..."

ကျိယွမ်က ရေရွတ်လိုက်ပြီး သူ၏ မျက်နှာမှာလည်း ရဲလာ၏။

"ဒီဝတ်ရုံက လှုပ်ရှားရ ခက်တယ်"

သူမ၏ ဝတ်ရုံအတွင်းတွင် ပိတ်မိနေသဖြင့် သူ၏ခေါင်းကိုအများကြီး မလှုပ်ရဲပေ။

"သူက တစ်ခါမှ ဒီလို မလုပ်ပေးဘူးမှတ်လား..ဖြေ"

"မလုပ်ပေးဘူး... သူရဲ့ ဝတ်ရုံက ပိုသေးတယ်လေ"

"ဘာ...ရှင်က...ကျွန်မကို ဝနေတယ်လို့ ပြောတာလား ၊ လာစမ်း.."

"အား ..ငါအသက်ရှုလို့ မရတော့ဘူး.."

ချစ်သူနှစ်ဦး၏ ကြည်နူးသံများက ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေအား သာယာလှပသွားစေတော့သည်။

သို့သော် ပျော်ရွှင်စရာအချိန်များသည် အမြဲတမ်း တိုတောင်းပြီး ကျိယွမ်မှာ သူ၏ ကန့်သတ်ချက်ကို သိ၏။

အလွန်အကျွံ လုပ်ဆောင်ခြင်းသည် အန္တရာယ် ရှိသောကြောင့် သူက အရက်ကိုပင် မည်မျှမွှေးပျံပါစေ ရှောင်နိုင်လောက်အောင်ရှောင်တတ်သည်။ နောက်ဆုံးအကြိမ်မှာ ဝူကွေ့မြို့ရိုးပေါ်တွင် ကျန်းရှန်းနှင့် ချန်းကျောင်းတို့၏ သမီးပျိုမွှေးရနံ့ဝိုင်ကို မြည်းစမ်းခဲ့ခြင်း ဖြစ်သည်။

သို့သော် သမီးပျိုမွှေးရနံ့ဝိုင်သည် ကျင်းလီ၏ ဆွဲဆောင်မှုကို မယှဉ်နိုင်ပေ။

မကြာသေးမီက ကျင်းလီမှာ အလွန်တက်ကြွပြီး နွေးထွေးနေကာ စွန့်ပစ်ခံထားရသော အိမ်မွေးတိရစ္ဆာန်လေးကဲ့သို့ သူ၏ ပွေ့ဖက်မှုကို ခဏခဏ တောင်းဆိုနေခဲ့သည်။

ဒါက သူမ၏ လနတ်သမီးကဲ့သို့ သိက္ခာရှိပြီး အေးစက်စက် အမူအရာနှင့် ကွဲပြားနေပြီး ကျိယွမ်က သူမ၏ မလုံခြုံသလိုခံစားနေရမှုကြောင့်ဟု ယူဆသည်။

ကျင်းလီမှာ ကြောက်ရွံ့မှု၊ စိုးရိမ်မှုနှင့် နှစ်ထောင်ပေါင်းများစွာ စုပုံလာသော လက်စားချေလိုစိတ်တို့ကို ခံစားနေရခြင်းပင်။

"ငါပဲ အစပျိုးပေးရမယ့်ပုံပဲ"

ကျိယွမ်က သူ၏ အလွန်ထက်မြတ်သောဉာဏ်ရည်ဉာဏ်သွေးဖြင့် တွေးလိုက်သည်။

သူသည် သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားပြီး လှပနေသော ကျင်းလီကို ကြည့်လိုက်သည်။ သူမ၏ ရိုးရှင်းသော ဝတ်ရုံမှာ သူမ၏ ကိုယ်ခန္ဓာကိုယ်အလှများကို ကောင်းကောင်း မဖုံးနိုင်ပေ။

"မင်းရဲ့ သံချပ်ကာကို ချွတ်လိုက်"

သူက ရုတ်တရက် အမိန့်ပေးလိုက်သည်။ကျင်းလီမှာ မျက်တောင်ခတ်လိုက်ပြီး သူမ၏ အမူအရာမှာ မချွတ်ချင်သော်လည်း တစ်ခုခုကို မျှော်လင့်နေသည့်ပုံရ၏။

"မင်းရဲ့ သံချပ်ကာကို ချွတ်လိုက်လို့"

ကျိယွမ်က ထပ်ပြောလိုက်သည်။

ကျင်းလီက ကျိယွမ်အားစူးရဲစွာကြည့်ကာ အံကိုတင်းတင်းကြိတ်လ်ုက်လေ၏။

"အင်း..ဒီလိုမှပေါ့.."

...........

ဆဋ္ဌမမြောက်ကောင်းကင်ဘုံရှိ တစ်ရက်သည် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေတွင် တစ်နှစ်ခွဲနှင့် ညီမျှသည်။

ကျိယွမ်သည် ထိုနေရာတွင် တစ်နှစ်နီးပါး ရှိနေခဲ့ပြီဖြစ်၏။

နောက်ဆုံးမှာတော့ မျှော်လင့်နေသည့်အတိုင်း ထိုက်ဟွမ်နန်းတော် ရောက်လာခဲ့သည်။

ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေအထက်၌ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာ၏။ နေမင်းကြီးတစ်စင်း ထွက်ပေါ်လာသကဲ့သို့ ကောင်းကင်ဘုံကို လွှမ်းခြုံသွားသည်။ ပတ်ဝန်းကျင်တွင် အခြားသော ဖြစ်တည်မှုများ မရှိတော့ဘဲ နေမင်းတစ်ခုတည်းသာ ရှိနေသည့်အတိုင်းပင်။

"နေမင်းဆယ်စင်းအရှင်သခင်၊ အပြင်ထွက်ခဲ့ပြီး သေခြင်းတရားကို ရင်ဆိုင်လိုက်စမ်း"

မိုးကြိုးသံကဲ့သို့သော အသံတစ်ခုက မိုင်ပေါင်းများစွာအထိ ပဲ့တင်ထပ်သွားသည်။နေမင်းကြီးအောက်တွင် နတ်ဘုရားများစွာ ပေါ်လာကြလေသည်။

မဟာမူလသဘောတရားအဆင့်နှစ်ပါးက ရှေ့ဆုံးတွင် ရပ်နေပြီး သူတို့၏ အစွမ်းကြောင့် မြေကြီးပင် တုန်လှုပ်သွား၏။ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေအတွင်း၌ ကျိယွမ်က အေးဆေးစွာ ပြုံးလိုက်သည်။

"အိုး.... တန်ခိုးကြီးလှတဲ့ ထိုက်ဟွမ်နန်းတော်က ဘာလို့အဝေးကြီးက လှမ်းအော်နေတာလဲ ၊ အတွင်းထဲ ဝင်လာပြီး အဆုံးသတ်ကို ရင်မဆိုင်ရဲတာလား"

သူသည် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေမှ ထွက်သွားစရာ အကြောင်းမရှိပါ။အပြင်ဘက်တွင် သူသည် ထိုက်ဟွမ်နန်းတော်နှင့် ယှဉ်နိုင်မည် မဟုတ်ပေ။

သို့သော် ဤနေရာတွင် စုတ်ပြဲဝတ်ရုံ၏ ကျန်ရစ်သော အရှိန်အဝါများက ကာကွယ်ထားသဖြင့် ထိုက်ဟွမ်နန်းတော်မှာ တွန့်ဆုတ်နေလိမ့်မည်ကို သူသိ၏။

"နေမင်းဆယ်စင်းက အရှင်သခင်နေရာကို စိန်ခေါ်ဖို့ တက်လာခဲ့တာ မဟုတ်လား၊ အခုတော့ မင်းရဲ့ ရဲရင့်မှုတွေ ဘယ်ရောက်သွားပြီလဲ၊ ဘာလို့ ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေထဲမှာ ပုန်းအောင်းနေတာလဲ"

မူလစစ်မှန်အရှင်သခင်က အေးစက်သော အသံဖြင့် အော်ဟစ်လိုက်သည်။

ပြောရလျှင် မြင့်မြတ်အလင်းမျိုးနွယ်စုနှင့် စုတ်ပြဲဝတ်ရုံ၏ အရှိန်အဝါများက သူ့ကို ထိတ်လန့်စေ၏။

သို့သော် ကျိယွမ်က ပျင်းရိစွာပြုံးလိုက်ပြီး ထွက်မလာခဲ့ပါ။

"မလာချင်ဘူး ပျင်းတယ်"

"မင်း..."

မူလစစ်မှန်အရှင်သခင်မှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာပျက်သွားသည်။

နေမင်းဆယ်စင်းအရှင်သခင်ကသာထိုသို့ပုန်းအောင်းနေပါက ထိုက်ဟွမ်နန်းတော်မှာ လက်ရှိအချိန်တွင် ဘာမှ မလုပ်နိုင်ပေ။သို့သော် မူလစစ်မှန်အရှင်သခင်က ထိုက်ဟွမ်နန်းတော်မှာ သူ့ကို ကိုင်တွယ်ရန် နည်းလမ်းရှာတွေ့လိမ့်မည်ဟု ယုံကြည်၏။

"ဖြည်းဖြည်း ပြောပါ.. ကြားပါတယ် ၊ သိပ်ပင်ပန်းမခံပါနဲ့၊ ဒီနေရာမှာ အချိန်စီးဆင်းမှုက မြန်တယ်၊ ဒါကြောင့် ငါ ရေချိုးဖို့ သွားတော့မယ်၊ ခဏနေရင် ပြန်လာပြီး မင်းနဲ့ ငြင်းခုံတာပေါ့"

ထိုစကားနှင့်အတူ ကျိယွမ် ပျောက်ကွယ်သွားလေသည်။ဤနေရာတွင် အချိန်က မြန်မြန်ကုန်ဆုံးသဖြင့် သူ အနားယူရန်၊ စဉ်းစားရန် သို့မဟုတ် တစ်ခုခုစားရန် အချိန်ရသည်။

"တော်သင့်ပြီ"

မူလစစ်မှန်အရှင်သခင်က ဟိန်းဟောက်လိုက်သည်။

"ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေကို စတင် သန့်စင်ကြ"

သူ၏ အမိန့်နှင့်အတူ ယန်နတ်ဘုရားများစွာ ထွက်ပေါ်လာပြီး သူတို့၏ နောက်မှ နေမင်းကြီးနှင့်အတူ ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေကို သန့်စင်ရန် ကြိုးစားကြလေသည်။

မူလစစ်မှန်အရှင်သခင်သည် နေမင်းဆယ်စင်းအရှင်သခင်ကို ကိုင်တွယ်ရခြင်းမှာ တစ်ရက်တည်းနှင့် ပြီးဆုံးမည့်ကိစ္စ မဟုတ်ကြောင်း သိ၏။

ကျိယွမ်ကတော့ ကောင်းကင်ပေါ်မှ အစွမ်းအမျိုးမျိုးထုတ်နေသော ယန်နတ်ဘုရားများကိုကြည့်ကာ ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေအတွင်းမှ ပေါ့ပေါ့ပါးပါးလှမ်းအော်လိုက်၏။

"အရမ်းတက်ကြွနေကြတာပဲ၊ ဆက်လုပ်ကြပါ ၊ ငါလည်း ရေချိုးပြီးသွားပြီ"

မူလစစ်မှန်အရှင်သခင်၏ မျက်လုံးများက ဒေါသကြောင့်ပြူးကျယ်သွားသည်။

"တောက်...မင်းစောင့်နေလိုက်၊ အားလုံးအရှိန်မြှင့်စမ်း.."

သူ၏အမိန့်သံနှင့်အတူ ယန်နှစ်ဘုရားများ၏ အရှိန်အဝါများက ပို၍တောက်ပလာပြီး ကောင်းကင်ကမ္လာဆန်းကြယ်နယ်မြေကို ဆက်လက်သန့်စင်ကြတော့သည်။

ကျိယွမ်က သူတို့အားလက်ခုပ်တီးကာ အားပေးလိုက်၏။

"ကျားယို့...ကျားယို့.."

ဤသို့ဖြင့် ထူးဆန်းသော အခြေအနေမှာ ဆက်လက် ဖြစ်ပွားနေပြီး မူလစစ်မှန်အရှင်သခင်က အပြင်ဘက်တွင် အော်ဟစ်နေချိန်၌ ကျိယွမ်မှာ အနားယူကာ လေ့ကျင့်နေ၏။

ထိုအချိန်တွင် တစ်ဖက်ရှိ ခရမ်းရောင်ကံကြမ္မာကောင်းကင်အတွင်း၌လည်း မုန်တိုင်းတိမ်တိုက်များ စုဝေးလာသည်။

ဖျော့တော့သော မျက်နှာဖြင့် ခရမ်းရောင်ကံကြမ္မာရှောင်လုက ပြောလိုက်၏။

"ထိုက်ဟွမ်နန်းတော်က ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေကို ဝိုင်းထားတယ်လို့ ကြားတယ်၊ အစ်ကိုကြီး သွေးဝတ်စုံလည်း အထဲမှာပဲ၊ သူ... သူ အန္တရာယ် ဖြစ်မှာလား"

သူမ၏ စိုးရိမ်မှုမှာ ယခင်ကထက် များစွာကြီးမားနေသည်။ အထက်တန်းအရှင်သခင်တစ်ပါး ဦးဆောင်နေသော ထိုက်ဟွမ်နန်းတော်က အင်အားအပြည့်ဖြင့် တိုက်ခိုက်နေသောကြောင့် ပစ်မှတ်အထားခံရသူအတွက် အသက်ရှင်ရန် ခက်ခဲလှ၏။

အန်းရွှန်းလုက ရှောင်လု၏စိုးရိမ်နေသော အမူအရာကို မြင်သော်လည်း ယခင်လို လှောင်ပြောင်မှုများ မလုပ်တော့ဘဲ နှစ်သိမ့်ပေးလိုက်သည်။

"အစ်ကိုဓားနက်နဲ့ ငါတို့ဘိုးဘေးတို့ ရှိနေသမျှတော့ ထိုက်ဟွမ်နန်းတော်က... သွေးဝတ်စုံကို ဒီလောက် လွယ်လွယ်နဲ့ မသတ်နိုင်ပါဘူး"

အမှန်တရရားမှာ ၄င်းက နှစ်သိမ့်ပေးခြင်းသာ ဖြစ်ပြီး လင်းယာအသွင်ပြောင်းလဲခြင်းကို ကြီးကြပ်နေသော ထိုက်ဟွမ်နန်းတော်၏ စွမ်းအားမှာ ထိတ်လန့်ဖွယ် ကောင်းမှန်း အားလုံးသိလေ၏။ အခြားအရှင်သခင်များပင် သွေးဝတ်စုံကို ထုတ်ဖော် ကာကွယ်ရန် မဝံ့ရဲပေ။ ဓားနက်မှာလည်း မဟာမူလသဘောတရားနယ်ပယ်သို့ မရောက်သေးသဖြင့် အခြေအနေကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။

ရှောင်လုက မျက်ရည်များဝဲနေပြီး ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်သည်။

"ငါလည်း အဲ့လိုပဲ မျှော်လင့်ပါတယ်"

ထိုအခိုက် ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က ဝင်ပြော၏။

"ပြောရရင်တော့ သွေးဝတ်စုံရဲ့ လုံခြုံရေးအတွက် ငါသိပ်မပူပါဘူး၊ နယ်မြေသုံးထောင်ကို သိမ်းပိုက်ဖို့ အောက်ဘုံကနေ တက်လာတဲ့သူဆိုတော့ သူ့မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိမှာပဲ၊ ပြီးတော့... ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေထဲမှာ ပုန်းနေတာက သူ့ကို ထိုက်ဟွမ်နန်းတော်ဆီကနေ အချိန်အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်မှာပါ"

တာ့ရွှယ်မှာ ဘိုးဘေးကို မတွေ့ဖူးသော်လည်း အခြားယင်နတ်ဘုရားများနှင့် စကားပြောဖူးသဖြင့် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေအကြောင်း ပိုနားလည်သည်။

"သူ့အတွက် ပူပန်မယ့်အစား ငါတို့ကိုယ်တိုင်အတွက် ပူပန်သင့်တယ်၊ ငါကြောက်တာက... ထိုက်ဟွမ်နန်းတော်က သူ့ကို အပြင်ထွက်လာအောင် ငါတို့ ခရမ်းရောင်ကံကြမ္မာကောင်းကင်ကို အသုံးချပြီး ဖိအားပေးမလားဆိုတာပဲ"

သူမ၏ စကားကြောင့် ရှောင်လု၏ မျက်နှာမှာ ပို၍ ဖျော့တော့သွားသည်။

"ငါ ဘယ်တော့မှ ထိုက်ဟွမ်နန်းတော်အတွက် အသုံးချခံ ဖြစ်မလာစေရဘူး၊ သူတို့သာ လာရင် ငါသတ်သေလိုက်မှာပဲ"

ခရမ်းရောင်ကံကြမ္မာကောင်းကင်၏ အပြင်၌ ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် သူ၏ မျိုးဆက်သစ်တို့၏ စကားကို နားထောင်ရင်း မျက်လုံးများတွင် စိတ်ပျက်အားငယ်မှုများဖြင့် ကြည့်နေသည်။ တာ့ရွှယ်၏ စကားက မှန်ကန်ကြောင်း သူကောင်းကောင်း သိလေသည်။

ထို့ကြောင့် ကျိယွမ် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေသို့ ထွက်ပြေးသွားချိန်တွင် သူသည် ချောက်ကမ်းပါးသခင်နှင့် တွေ့ဆုံရန်သာ လုပ်ဆောင်ခဲ့၏။

ထိုစဉ်မှာပင် အာကာသ၌ စွမ်းအင်လှိုင်းတစ်ခု ရိုက်ခတ်လာပြီး အနက်ရောင် ဝတ်စုံဖြင့် ဓားနက် ပေါ်လာသည်။

သူ့ကို မြင်သောအခါ ခရမ်းရောင်ကံကြမ္မာဘိုးဘေးက အလျင်အမြန် မေးလိုက်သည်။

"ဘယ်လို ဖြစ်လာလဲ"

ဓားနက်က ခေါင်းခါသည်။

"ကျွန်တော် ရှန်လော့​ကိုသွားခဲ့ပေမယ့် အဲ့ဒီက သခင်က ကျွန်တော်ကို လက်မခံဘူး"

ရှန်လော့သည် မဟူရာနတ်ဆိုးချောက်ကမ်းပါး၏ အနီးကပ်ဆုံး မဟာမိတ် ဖြစ်သည်။ အကယ်၍ မဟူရာနတ်ဆိုးချောက်ကမ်းပါးက အပြင်ဘက်မှ အကူအညီ တောင်းပါက ကောင်းကင်အထက်လွှာသည် အကောင်းဆုံး ဖြစ်လိမ့်မည်။

ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ ပုခုံးများငြိမ်ကျသွားပြီး သူ၏ အဆိုးဆုံးအခြေအနေကို အတည်ပြုလိုက်သည်။

"ရှန်လော့ရဲ့ အရှင်သခင်ကလည်း ဝင်မစွက်ဖက်ဘူး၊ လနတ်ဘုရားအရှင်သခင်ကလည်း မကူညီဘူး... အင်း.. အခြေအနေတွေက တကယ့်ကိုဆိုးရွားလာပြီပဲ"

"ဒါပေမဲ့ နဂါးဖြူချောက်ကမ်းပါးသခင်ကတော့ ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေထဲကို ခိုးဝင်ပေးဖို့ ဝန်မလေးဘူးလို့ ပြောတယ်"

ဓားနက်က ထပ်ပြောလိုက်သည်။

ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ မျက်လုံးများမှာ ခဏတာ တောက်ပလာ၏။

"ဒါပေမဲ့သူက... ကူညီဖို့ထက် သွေးဝတ်စုံရဲ့ သွေးမျိုးဆက်ကို ထိန်းသိမ်းဖို့အတွက်ပဲ"

ဓားနက်က သက်ပြင်းချ၏။

ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ မျက်လုံးထဲမှ အလင်းရောင်မှာ မှေးမှိန်သွားသည်။

"အရူးပဲ...ငါ သူ့ရဲ့ သားသမီးတွေကို စိတ်မဝင်စားဘူး၊ ငါလိုချင်တာက သွေးဝတ်စုံ အသက်ရှင်ဖို့"

"အခြား မြင့်မြတ်နယ်မြေတွေကလည်း ကျွန်တော့်ကို မတွေ့ဘူး၊ မူလသဘောတရားအသင်းကတော့..."

ဓားနက်၏ အကြည့်မှာ ရှုပ်ထွေးသွားလေသည်။

"တကယ်လို့ သွေးဝတ်စုံသာ သူ့ရဲ့ ဝိညာဉ်အစတစ်ခုနဲ့ အသက်သွေးတစ်စက်ကို စွန့်လွှတ်မယ်ဆိုရင် သူတို့က ကြားဝင်စေ့စပ်ပေးပြီး ကာကွယ်ပေးမယ်လို့ ပြောတယ်"

ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ မျက်နှာမှာ မှုန်မှိုင်းသွားလေသည်။

"ငါတို့လိုအဆင့်မှာ တစ်ပါးသူအတွက် ဝိညာဉ်နဲ့ သွေးကို စွန့်လွှတ်ရတာဟာ ကိုယ့်ကိုယ်ကိုယ် အကာအကွယ်မဲ့ ဖြစ်အောင် လုပ်တာနဲ့ အတူတူပဲ။ သွေးဝတ်စုံက ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ"

သူကိုယ်တိုင်လည်း ထိုအခြေအနေမျိုးဆို လက်ခံမှာ မဟုတ်ကြောင်း ခရမ်းရောင်ကံကြမ္မာဘိုးဘေး သိသည်။

"တခြား နည်းလမ်း မရှိတော့ဘူးလား"

ဓားနက်က အသက်ပြင်းပြင်း ရှူ၏။

"ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေထဲမှာ စုတ်ပြဲဝတ်ရုံရဲ့ ဝိညာဉ် ကျန်နေသေးတယ်၊ သွေးဝတ်စုံ အဲ့ဒီမှာဆိုရင် လုံခြုံမှာပါ"

သူက ခရမ်းရောင်ကံကြမ္မာဘိုးဘေးကို ကြည့်လိုက်သည်။

"ဒီအချိန်အတွင်းမှာ သတိထားပါ၊ ခရမ်းရောင်ကံကြမ္မာကောင်းကင်ကနေ မထွက်ပါနဲ့၊ အခြေအနေတွေ ဆိုးရွားလာရင်... ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေကို ဆုတ်ခွာလိုက်ပါ"

ဓားနက်၏ စကားမှာ သတိပေးချက်တစ်ခု ဖြစ်သည်။ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ခေါင်းညိတ်ပြ၏။

ထိုစဉ်မှာပင် ကောင်းကင်မှ အလင်းတန်းတစ်ခု ရုတ်တရက် ကျလာသည်။

"အစ်ကိုကြီး ဓားနက်၊ မဟူရာနတ်ဆိုးနယ်မြေမှာ ကပ်ဘေးတစ်ခု ဖြစ်နေပြီ၊ နတ်ဆိုးအကျင့်ပျက်မှုတွေ နေရာတိုင်းမှာ ပေါက်ကွဲနေတယ်၊ ကျေးဇူးပြုပြီး အမြန်ပြန်လာပြီး နှိမ်နင်းပေးပါ"

ရောက်လာသူမှာ ယင်နတ်ဘုရားတစ်ပါး ဖြစ်ပြီး သူ၏ အမူအရာမှာ အရေးပေါ် ဖြစ်နေသည်။

"ဘာ၊ မဟူရာနတ်ဆိုးနယ်မြေမှာ မငြိမ်မသက် ဖြစ်နေတယ် ဟုတ်လား"

ဓားနက်၏ အေးဆေးသော အမူအရာပင် ပျောက်ဆုံးသွားသည်။

မဟူရာနတ်ဆိုးနယ်မြေသည် ဖန်ဆင်းရှင်၏ အစွမ်းထက်သော ရတနာတစ်ခု ဖြစ်သော်လည်း တိုက်ခိုက်ရေးရတနာ မဟုတ်ပေ။ သို့သော် မဟူရာနတ်ဆိုးချောက်ကမ်းပါး၏ အဖိုးတန်ဆုံး ရတနာ ဖြစ်သည်။ မဟူရာနတ်ဆိုးချောက်ကမ်းပါး၏ ဖြစ်တည်မှုများစွာမှာ ထိုနေရာမှ ဆင်းသက်လာကြ၏။

ထိုနေရာမှာသာ တစ်ခုခု ဖြစ်ပါက မဟူရာနတ်ဆိုးချောက်ကမ်းပါး၏ သွေးမျိုးဆက်များ အားနည်းသွားနိုင်လေသည်။

လက်ရှိတွင် ဓားနက်ကို မဟူရာနတ်ဆိုးချောက်ကမ်းပါး၏ ထိန်းသိမ်းသူအဖြစ် ခန့်အပ်ထား၏။ထို့ကြောင့် တစ်ခုခု ဖြစ်လာသဖြင့် သူက ချက်ချင်း ပြန်သွားရမည်။

ဓားနက်သည် စိုးရိမ်စိတ်ကို ဖုံးကွယ်ရင်း ယင်နတ်ဘုရားကို ကြည့်ကာ ခေါင်းညိတ်၏။

"ငါ ချက်ချင်း သွားလိုက်မယ်"

သူက ခရမ်းရောင်ကံကြမ္မာဘိုးဘေးကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"ဂရုစိုက်ပါ၊ သတိထားပါ၊ မဟူရာနတ်ဆိုးနယ်မြေက ပြန်လာရင် ကျွန်တော်တို့ ထပ်ပြောကြမယ်"

ထိုစကားနှင့်အတူ ဓားနက်နှင့် ယင်နတ်ဘုရားတို့ ပျောက်ကွယ်သွားလေသည်။

တစ်ယောက်တည်း ကျန်ခဲ့သော ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေဆီကို လှမ်း​မျှော်ကြည့်လိုက်ပြီးနောက် ခရမ်းရောင်ကံကြမ္မာကောင်းကင်ကို ပြန်ကြည့်ကာ လေးလံသော မျက်နှာဖြင့် ပြောလိုက်သည်။

"မုန်တိုင်းတစ်ခု လာတော့မယ်..."

မိနစ်အနည်းငယ် ကြာပြီးနောက် သက်ပြင်းချမိပြန်သည်။

"မုန်တိုင်း လာတော့မှာ မဟုတ်ဘူး၊ ရောက်လာပြီးပဲ"

ရုတ်တရက် ရှေးဟောင်းအသံတစ်ခုက ခရမ်းရောင်ကံကြမ္မာကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။

အလွန်ကြီးမားသော ဖိအားတစ်ခု ကျရောက်လာပြီး မုန်တိုင်းတိမ်တိုက်များကဲ့သို့ မှောင်မိုက်နေသည်။

ခရမ်းရောင်ကံကြမ္မာဘိုးဘေးက မတ်တပ်ရပ်လိုက်သည်။ သူ၏ အကြည့်များမှာ ထက်မြက်သွားသည်။

"ဝူမင်အရှင်၊ မင်း ရောက်လာပြီပေါ့"

သူက နာကျည်းစွာအော်ဟစ်လိုက်သည်။

ဝူမင်အရှင်ဆိုသည့် နာမည်မှာ ချောက်ကမ်းပါးသခင်၏ အမည်ရင်းဖြစ်၏။

ဝူမင်အရှင်၏ ရုပ်သွင်မှာ အာကာသထဲတွင် ဖုံးကွယ်နေပြီး မှောင်မိုက်သော တိမ်တိုက်တစ်ခုအဖြစ်သာ မြင်ရသည်။

"မင်းက လောဘကြီးလွန်းတယ်... သတ္တိလည်း နည်းလွန်းတယ်၊ အခုသိထားတဲ့အရာတွေကို အဲ့ဒီတုန်းက သိခဲ့ရင် မင်းရဲ့ ဖန်ဆင်းရှင်တိုက်ခိုက်ရေးရတနာကို ပုံသွင်းဖို့ အခွင့်အရေး ငါပေးမှာ မဟုတ်ဘူး"

ခရမ်းရောင်ကံကြမ္မာဘိုးဘေးက အာကာသထဲကို ကြည့်ကာ ဟိန်းဟောက်လိုက်သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက မဟူရာနတ်ဆိုးချောက်ကမ်းပါးမှာ အကျပ်အတည်းနှင့် ကြုံတွေ့ခဲ့ရသည်။ ခရမ်းရောင်ကံကြမ္မာဘိုးဘေးနှင့် ဝူမင်အရှင် နှစ်ယောက်စလုံးတွင် ဖန်ဆင်းရှင်တိုက်ခိုက်ရေးရတနာကို ပုံသွင်းရန် အခွင့်အရေး ရှိခဲ့၏။ ခရမ်းရောင်ကံကြမ္မာဘိုးဘေးက တစ်လှမ်းသာနေသော်လည်း မဟူရာနတ်ဆိုးချောက်ကမ်းပါး၏ အရင်းအမြစ်များမှာ ရတနာတစ်ခုအတွက်သာ လုံလောက်သည်။

နောက်ဆုံးတွင် ဝူမင်အရှင်က ခရမ်းရောင်ကံကြမ္မာဘိုးဘေးကို သစ္စာဖောက်ကာ ရတနာကို ရယူခဲ့သည်။ ထိုရတနာဖြင့် သူသည် မဟူရာနတ်ဆိုးချောက်ကမ်းပါးကို ပျက်စီးခြင်းမှ ကယ်တင်ခဲ့၏။

"ခရမ်းရောင်ကံကြမ္မာဘိုးဘေး၊ မင်းက စိတ်ခံစားချက်တွေကို အမြဲတန်ဖိုးထားလွန်းတယ်၊ ဒီလောကမှာ စစ်မှန်တဲ့ စွမ်းအားဟာ ကိုယ့်လက်ထဲမှာ ရှိတဲ့အရာပဲဆိုတာ မင်း မသိသေးဘူး၊ ငါ လုပ်ခဲ့တဲ့အပေါ်မှာ နောင်တ မရဘူး၊ အချိန်ကို ပြန်သွားနိုင်ရင်လည်း ငါ ထပ်လုပ်မှာပဲ၊ ဒါပေမဲ့ ပိုပြီး ပြည့်စုံအောင် တောင် လုပ်ဦးမယ်"

ဝူမင်အရှင်၏ အသံမှာ အေးစက်နေသည်။

"မင်းရဲ့ စိတ်ဓာတ်နဲ့ဆိုရင် မင်းသာ ဖန်ဆင်းရှင်တိုက်ခိုက်ရေးရတနာကို ပုံသွင်းပြီး မဟူရာနတ်ဆိုးချောက်ကမ်းပါးရဲ့ သခင် ဖြစ်လာရင်တောင်... ချောက်ကမ်းပါးက အခုလို ဂုဏ်ကျက်သရေနဲ့ ပြည့်စုံပါ့မလား"

"မဟူရာနတ်ဆိုးချောက်ကမ်းပါးက ထိပ်တန်းနယ်မြေ ဆယ်ခုထဲမှာ ဘယ်တော့မှ ပါလာမှာ မဟုတ်ဘူး"

"တကယ်တော့ လာမယ့် လင်းယာအသွင်ပြောင်းလဲခြင်းနဲ့ဆိုရင် မင်းလက်ထဲမှာတင် ပျက်စီးသွားနိုင်တယ်"

ဆဋ္ဌမမြောက်ကောင်းကင်ဘုံတွင် မဟူရာနတ်ဆိုးချောက်ကမ်းပါးမှာ အထက်တန်းအရှင်သခင်များ ရှိနေသည့် မြင့်မြတ်နယ်မြေများမှလွဲ၍ ကျန်နယ်မြေများအားလုံးတွင် အစွမ်းထက်ဆုံး အင်အားစု ဖြစ်သည်။

ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ မျက်နှာမှာ ဒေါသကြောင့် ပျက်ယွင်းသွားသည်။သူသည် သူ၏ တစ်ပိုင်းတစ်စ ဖန်ဆင်းရှင်တိုက်ခိုက်ရေးရတနာကို ထုတ်လွှတ်လိုက်ရာ သူ၏ အရှိန်အဝါမှာ ထိတ်လန့်ဖွယ် ကောင်းလောက်အောင် မြင့်တက်သွား၏။

ဝူမင်အရှင်၏ အသံမှာ တည်ငြိမ်နေဆဲပင်။

"မင်းက နယ်မြေပေါင်းစုံမှာ သူငယ်ချင်းတွေ အများကြီး ရှိခဲ့တယ်၊ အခု... သွေးဝတ်စုံက အန္တရာယ် ဖြစ်နေတယ်၊ ငါကတော့ ခရမ်းရောင်ကံကြမ္မာကောင်းကင်ပေါ်မှာ ရပ်နေတယ်၊ မင်းကို ကူညီဖို့ ဘယ်သူ ရောက်လာလဲ"

ခရမ်းရောင်ကံကြမ္မာဘိုးဘေးက အေးစက်စွာ မဲ့လိုက်သည်။

"ငါတို့ လောင်းကြေးထပ်ကြမလား"

ဝူမင်အရှင်၏ အသံမှာ ပေါ့ပေါ့ပါးပါးပင်။

"သွေးဝတ်စုံက မင်းအတွက်... ခရမ်းရောင်ကံကြမ္မာကောင်းကင်အတွက် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေကနေ ထွက်လာလိမ့်မယ်လို့ မင်း ထင်သလား"

သူသည် ခရမ်းရောင်ကံကြမ္မာဘိုးဘေးကို မကြောက်ပေ။ ပထမအချက်အနေဖြင့် သူသည် ခရမ်းရောင်ကံကြမ္မာကောင်းကင်ပတ်ပတ်လည်တွင် ထောင်ချောက်ဆင်ထားပြီး ဖြစ်သည်။ ဒုတိယအချက်မှာ ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ စိတ်ဓာတ်ကို သူသိ၏။

သူသည် သူ့လူမျိုးကို ဘယ်တော့မှ စွန့်ခွာမည် မဟုတ်ပေ။

ဝူမင်အရှင်အတွက်မူ ဒါက ရယ်စရာကောင်းသော ကိိုယ်ကျင့်တရားပင် ဖြစ်သည်။

အကယ်၍ ဝူမင်အရှင်သာဆိုလျှင် သူ၏လူမျိုးကို စွန့်ပစ်ရမည်ဆိုပါက စွန့်ပစ်လိမ့်မည်။ သူအသက်ရှင်နေသမျှ သူ့လူမျိုးလည်း အသက်ရှင်နေမည် ဖြစ်သောကြောင့်ပင်။

ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ မျက်လုံးများမှာ မှောင်မည်းသွားသည်။

ဝူမင်အရှင်သည် သွေးဝတ်စုံကို ဖိအားပေးရန် သူ့ကို အသုံးချနေကြောင်း သူသိသည်။

တစ်ဖက်တွင် သူသည် သွေးဝတ်စုံက ထိုက်ဟွမ်နန်းတော်၏ ထောင်ချောက်ကို ရှောင်ရှားရန် မျှော်လင့်သလို အခြားတစ်ဖက်တွင်မူ သွေးဝတ်စုံက သူတို့၏ အခက်အခဲကို လျစ်လျူမရှုရန်လည်း မသိမသာ မျှော်လင့်မိသည်။

"ဝူမင်အရှင်၊ မင်း ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြွားဝါတတ်သွားတာလဲ"

ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ဟိန်းဟောက်ကာ သူ၏ အရှိန်အဝါဖြင့် ခရမ်းရောင်ကံကြမ္မာကောင်းကင်ကို လွှမ်းခြုံလိုက်သည်။

ဤနေရာတွင် သူသည် မဟာမူလသဘောတရား၏ စွမ်းအားကို အသုံးပြုနေပြီး ဝူမင်အရှင်၏ ရတနာပင် အလွယ်တကူ မဖောက်ဖျက်နိုင်ပေ။

ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် သွေးဝတ်စုံက လက်ရှိ အခြေအနေများကို နားလည်ပြီး ထိုက်ဟွမ်နန်းတော်၏ ဖိအားကို အရှုံးပေးမည် မဟုတ်ဟု မျှော်လင့်ရပေတော့မည်။

"တိုက်"

"မင်းကို ငါမသတ်နိုင်ဘူးလို့ ထင်နေတာလား"

ဝူမင်အရှင်၏ အသံမှာ ရက်စက်သွားသည်။

"ဒါပေမဲ့ လင်းယာအသွင်ပြောင်းလဲခြင်းက မစတင်သေးတော့ မင်းခုသေသွားရင် တစ်ခုခုအတွက် နှမြောဖို့ ကောင်းမှာပေါ့"

သူပြောလိုက်စဉ်မှာပင် သူ၏လက်ထဲတွင် သွေးတစ်စက် ပေါ်လာ၏။

ထိုအရာကို မြင်သောအခါ ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

"မူလနတ်ဆိုးသွေး... ဒါဆို ဒါက မင်းပဲပေါ့"

ဝူမင်အရှင်၏ လက်ထဲရှိ သွေးမှာ မူလနတ်ဆိုးသွေး ဖြစ်သည်။ဓားနက် တိုက်ခိုက်ခံရစဉ်က နောက်ကွယ်မှ ကြိုးကိုင်သူ ရှိနေကြောင်း ခရမ်းရောင်ကံကြမ္မာဘိုးဘေး သံသယ ရှိခဲ့သည်။ သူသည် ချောက်ကမ်းပါးသခင်ကို သံသယ ရှိခဲ့သော်လည်း မယုံကြည်နိုင်ခဲ့ပေ။

ဓားနတ်၏ စွမ်းအားမှာ မဟူရာနတ်ဆိုးချောက်ကမ်းပါးအတွက် အရေးကြီးသည်။ သို့သော် အခုတော့ ချောက်ကမ်းပါးသခင်ကိုယ်တိုင်က ကြိုးကိုင်သူ ဖြစ်နေ၏။

.........

ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေ၏ အပြင်ဘက်တွင်။

မူလစစ်မှန်အရှင်သခင်က ထိုသတင်းကို ကြားသောအခါ ပြုံးလိုက်သည်။

သူသည် ကျိယွမ်နှင့် ရက်ပေါင်းများစွာ ငြင်းခုံနေခဲ့သည်။ ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေ၏ အချိန်စီးဆင်းမှုက ကျိယွမ်ကို ပိုမိုလုပ်ဆောင်နိုင်စေသဖြင့် သူဒေါသထွက်နေခဲ့သည်။

သို့သော် ထိုက်ဟွမ်နန်းတော်၏ သိက္ခာအတွက် သူသည် ဒေါသကို ထိန်းထားရ၏။

အခုတော့.....

"နေမင်းဆယ်စင်းအရှင်သခင်၊ မင်း အပြင်မထွက်လာရင် မင်းထွက်လာတဲ့အချိန်မှာ ခရမ်းရောင်ကံကြမ္မာကောင်းကင်မှာ အပျက်အစီးတွေပဲ တွေ့ရလိမ့်မယ်"

ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေအတွင်း၌ ကျိယွမ်၏ အမူအရာမှာ တည်ငြိမ်နေသည်။

"မင်းရဲ့ အရှင်သခင်နဲ့ စစ်သည်တွေ အားလုံးက ဒီမှာ စုဝေးနေတာတောင် မင်းမှာ ခရမ်းရောင်ကံကြမ္မာကောင်းကင်ကို ဒုက္ခပေးဖို့ အချိန်ရှိနေသေးတယ်ပေါ့"

ထိုအချိန်တွင် မဟာနေမင်းကြီးမှာ အပြင်ဘက်တွင် မပေါ်သေးသော်လည်း သူ၏နတ်ဘုရားအာရုံမှာ ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေပေါ်တွင် ရှိနေသည်။ သူက စောင့်ကြည့်နေခြင်း​ဖြစ်၏။ထိုက်ဟွမ်နန်းတော်၏အင်အားစုများမှာ မူလသဘောတရားအသင်း၏ ဝင်ရောက်စွက်ဖက်မှုကို ကြောက်ရွံ့နေကြပြီး အချိန်ပြည့် စစ်ဆေးနေသည်။

၄င်းက ထိုက်ဟွမ်နန်းတော်မှာ ခရမ်းရောင်ကံကြမ္မာကောင်းကင်ကို တိုက်ခိုက်ရန် အင်အားနည်းနေကြောင်း ပြသနေခြင်းလည်းဖြစ်သည်။

သူတို့အနေဖြင့် ခရမ်းရောင်ကံကြမ္မာဘိုးဘေးကို သတ်လိုပါက အထက်တန်းအရှင်သခင်တစ်ပါး၏ ဝင်ရောက်စွက်ဖက်မှု လိုအပ်လေသည်။

"မဟူရာနတ်ဆိုးချောက်ကမ်းပါးရဲ့ ချောက်ကမ်းပါးသခင်က ငါတို့အရှင်သခင်ကို ခရမ်းရောင်ကံကြမ္မာကောင်းကင် တိုက်ခိုက်ရာမှာ ကူညီဖို့ သဘောတူထားပြီးပြီ"

မူလစစ်မှန်အရှင်သခင်က သူ၏လက်ကို မြှောက်လိုက်ရာ ကောင်းကင်တွင် ရုပ်ပုံတစ်ခု ပေါ်လာသည်။

ရုပ်ပုံထဲတွင် အစွမ်းထက်သော အရှိန်အဝါနှစ်ခု တိုက်ခိုက်နေကြပြီး တစ်ဖက်မှာ ပို၍ အားသာနေသည်။ ခရမ်းရောင်ကံကြမ္မာဘိုးဘေးက တိုက်ခိုက်ခြင်းကို ခံနေရလေ၏။

"ခရမ်းရောင်ကံကြမ္မာဘိုးဘေးမှာ မဟာမူလသဘောတရားနယ်ပယ် ရှိနေတော့ ချောက်ကမ်းပါးသခင်တောင် သူ့ကို အလွယ်တကူ မသတ်နိုင်ဘူး"

"အဘိုးကြီး၊ ကျုပ်အတွက် ခံစားလိုက်... သည်းခံထားစမ်းပါ၊ ကျုပ် ခင်ဗျားအတွက် လက်စားချေပေးမယ်လို့ ကတိပေးတယ်"

ကျိယွမ်က ထိုပုံရိပ်များကို တစ်ချက်သာကြည့်ပြီး ဂရုမစိုက်ပါ။

မူလစစ်မှန်အရှင်သခင်မှာ ကျိယွမ်၏ စိတ်အေးလက်အေး အမူအရာကို မအံ့ဩပေ။

သူ၏မျက်လုံးကို ကျဉ်းမြောင်းလိုက်ပြီး အထက်စီးမှဆို၏။

"ဒါပေမဲ့ ချောက်ကမ်းပါးသခင်က မူလနတ်ဆိုးသွေးကို သုံးရင်ရော ဘယ်လိုလုပ်မလဲ"

"ဘာ"

ကျိယွမ်၏ မျက်နှာမှာ အံ့ဩဟန်ဆောင်လိုက်သည်။ဤသတင်းမှာ မမျှော်လင့်ထားသည့်အရာပင်။

ကျိယွမ်က ထိုက်ဟွမ်နန်းတော်က သူ့ကို ခြိမ်းခြောက်ရန် ခရမ်းရောင်ကံကြမ္မာကောင်းကင်ကို အသုံးပြုလိမ့်မည်ဟု ကြိုသိထားသည်။ သို့သော် ကမ်းပါးအရှင်သခင်သာ ဝင်မစွက်ဖက်ပါက ခရမ်းရောင်ကံကြမ္မာဘိုးဘေးမှာ အသက်အန္တရာယ် မရှိဟု သူယုံကြည်ထား၏။

မူလနတ်ဆိုးသွေး ပေါ်လာခြင်းကသာ သူ့ကို အံ့ဩစေသည်။

ခရမ်းရောင်ကံကြမ္မာဘိုးဘေးမှာ မူလနတ်ဆိုးကပ်ဘေးကို နှစ်ပေါင်းများစွာ ထိန်းထားခဲ့ကြောင်း သူသိသည်။ သို့သော် မူလနတ်ဆိုးသွေးကို သုံးပါက သူသေဆုံးနိုင်သည့် အန္တရာယ် ရှိနေသည်။

"ကပ်ဘေးဆိုတော့ရော ဘာဖြစ်လဲ၊ အဲ့ဒါက အဘိုးကြီးရဲ့ ကံကြမ္မာဆိုရင်လည်း ဘာတတ်နိုင်မှာလဲ"

ကျိယွမ်က အေးစက်စွာ ပြန်ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ မအေးချမ်းနိုင်တော့ပါ။

သူ၏ စွမ်းအားမှာ နည်းလွန်းနေသည်။

မဟုတ်ပါက သူသည် ထိုက်ဟွမ်နန်းတော်နှင့် ပုန်းတမ်းကစားနေစရာ မလိုပေ။ လက်သီးတစ်ချက်တည်းဖြင့် အထက်ရှိ တိမ်တိုက်များကို ဖျက်ဆီးပစ်နိုင်လေသည်။

"နေမင်းဆယ်စင်းအရှင်သခင်၊ ကိုယ့်ကိုယ်ကိုယ် လှည့်စားစရာ မလိုပါဘူး"

မူလစစ်မှန်အရှင်သခင်က အေးစက်စွာ ပြောသည်။

"မင်း အထဲမှာပဲ နေနေရင် မူလနတ်ဆိုးသွေးကို သုံးလိမ့်မယ်၊ မင်း အပြင်ထွက်လာတဲ့အခါမှာ ခရမ်းရောင်ကံကြမ္မာဘိုးဘေးရဲ့ အလောင်းကိုပဲ တွေ့ရလိမ့်မယ်"

ထိုအချိန်တွင် ဆဌမကောင်းကင်ဘုံရှိ မျက်လုံးပေါင်းများစွာမှာ ဤဖြစ်ရပ်ကို ကြည့်ရှုနေကြသည်။

"ဒီထိုက်ဟွမ်နန်းတော်... တကယ့်ကို ရွံဖို့ ကောင်းလိုက်တာ၊ ခရမ်းရောင်ကံကြမ္မာဘိုးဘေးကို အသုံးချနေတယ်"

"ထိုက်ဟွမ်နန်းတော်မှာ သိက္ခာရှိရင် သူတို့ ဒီလိုလုပ်မှာ မဟုတ်ဘူး"

"ဒီ... နေမင်းဆယ်စင်းအရှင်သခင်၊ သနားဖို့ ကောင်းလိုက်တာ"

"ခက်ခဲတဲ့ အခြေအနေပဲ..."

မဟာမူလသဘောတရားနယ်ပယ်တစ်ပါးက သက်ပြင်းချကာ ဆိုသည်။

"နေမင်းဆယ်စင်းအရှင်သခင်က အပြင်မထွက်လာရင်တောင် ထိုက်ဟွမ်နန်းတော်ရဲ့ အရှင်သခင်က နည်းလမ်းနဲ့ တစ်ခုခုနဲ့ ဒီနယ်မြေကို ဖောက်ဝင်ပြီး သူ့ကို သတ်လိမ့်မယ်"

"နေမင်းဆယ်စင်းအရှင်သခင်ရဲ့ အရည်အချင်းက ပြိုင်ဘက်ကင်းတယ်၊ အောက်ဘုံကနေ တက်လာပြီး နယ်မြေသုံးထောင်ကို သိမ်းပိုက်တဲ့အပြင် နတ်ဆိုးမျိုးနွယ်စုတွေကို ချေမှုန်းနိုင်လိမ့်မယ်လို့ ဘယ်သူထင်မလဲ"

"ပြီးတော့ မဟာမူလသဘောတရားနှစ်ခုကိုလည်း နားလည်ထားတယ်၊ ဒီလို လူသားမျိုးကို နောက်ထပ် မြင်ရဦးမှာလား"

"ထိုက်ဟွမ်အရှင်သခင်က သူ့ကို ဘယ်တော့မှ ကြီးထွားခွင့်ပေးမှာ မဟုတ်ဘူး၊ သူသာ အချိန်ရရင် ဘယ်လောက်ထိ တက်သွားမလဲ ဘယ်သူသိမှာလဲ"

"ကံကြမ္မာက ထိုက်ဟွမ်နန်းတော်ကိုပဲ အလိုရှိနေတာလား၊ လင်းယာအသွင်ပြောင်းလဲခြင်းကိုသာ ကြီးကြပ်နေတာ မဟုတ်ရင် နေမင်းဆယ်စင်းအရှင်သခင်ရဲ့ အထောက်အထားကို သူတို့ သိမှာ မဟုတ်ဘူး၊ သူသာ လျှို့ဝှက်ထားပြီး နှစ်သန်းပေါင်းများစွာ စောင့်ဆိုင်းခဲ့ရင် ထိုက်ဟွမ်နန်းတော် ဘာလုပ်နိုင်မှာလဲ"

အထက်တန်းအရှင်သခင်မှာ စုတ်ပြဲဝတ်ရုံ၏ ဝိညာဉ်ကို ကြောက်ရွံ့သဖြင့် တစ်ယောက်တည်း ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေသို့ မဝင်ဝံ့သော်လည်း ပြင်ဆင်ရန် အချိန်ရပါက နေမင်းဆယ်စင်းအရှင်သခင်ကို ချေမှုန်းပစ်မှာ အသေအချာပင်။

အကယ်၍ ရန်သူသည် ဖန်ဆင်းရှင်တိုက်ခိုက်ရေးရတနာ ရှိသော မဟာမူလသဘောတရားအဆင့်ဖြစ်ပါက ထိုအထက်တန်းအရှင်သခင်ပင် သတ်ရန် ခက်ခဲပေလိမ့်မည်။

သို့သော် နေမင်းဆယ်စင်းအရှင်သခင်မှာ မဟာမူလသဘောတရားကို မစုစည်းရသေးသဖြင့် အရှင်သခင်၏ တိုက်ခိုက်မှုကို မခံနိုင်ပေ။

၄င်းက အရှင်သခင်၏ ကြောက်မက်ဖွယ် စွမ်းအားပင်။

သူတို့နားလည်းထားသောမဟာမူလသဘောတရားတံဆိပ်သည် မဟာမူလသဘောတရားအဆင့်များ၏ အသက်ကို ကာကွယ်ပေးထားသဖြင့် ၄င်းတို့ကို အလွယ်တကူ မသတ်နိုင်ပေ။

"သုံးရက်အတွင်း မင်းအပြင်မထွက်လာရင်... မူလနတ်ဆိုးသွေးကို လွှတ်လိုက်မယ်"

မူလစစ်မှန်အရှင်သခင်က အေးစက်စွာ ကြေညာလိုက်သည်။စောင့်ကြည်နေသူအားလုံးမှာ ကျိယွမ်၏ တုံ့ပြန်မှုကို စောင့်ကြည့်နေကြ၏။

"ငါက အနိုင်ကျင့်ခံရတာကို အမြဲတမ်း မုန်းတယ်"

ကျိယွမ်၏ အမူအယာက အရင်ကဲ့သို့ ပေါ့ပေါ့ပါးပါး မဟုတ်တော့ပါ။ သူက လေးနက်စွာကြည့်နေ၏။

ထို့နောက် ရှေ့သို့ တိုးလာပြီး မူလစစ်မှန်အရှင်သခင်ကို စိုက်ကြည့်လိုက်သည်။

"ငါတို့ အလှည့်ပြောင်းလေး ကြည့်မလား ၊ ထိုက်ဟွမ်နန်းတော်ကို ငါက အနိုင်ကျင့်မယ်လေ.. သူတို့ကိုလည်း အခုလို ရွေးချယ်ခိုင်းမယ်"

"ဘာကွ.."

"ဟားဟား ဟားဟား ၊ ရယ်စရာကောင်းလိုက်တာ၊ မင်းမှာ ထိုက်ဟွမ်နန်းတော်ကို ဘယ်အာဏာနဲ့ ဖိအားပေးမှာလဲ"

မူလစစ်မှန်အရှင်သခင်က တဟားဟားရယ်မောကာ လှောင်ပြောင်လေသည်။

"မင်း ပိတ်မိနေပြီ၊ မင်းသေဖို့... အချိန်ပဲ လိုတော့တယ်"

"မင်းမှာ ဘာစွမ်းအား ရှိလို့လဲ"

ထိုက်ဟွမ်နန်းတော်မှ ယန်နတ်ဘုရားများကလည်း အမျိုးမျိုးလှောင်ကြ၏။

သူတို့အတွက် သွေးဝတ်စုံမှာ ခြိမ်းခြောက်မှုတစ်ခု မဟုတ်ပေ။

"ဟုတ်လို့လား"

ကျိယွမ်၏ အမူအရာမှာ ထူးဆန်းသော အပြုံးတစ်ခု ဖြစ်လာသည်။

"ဒါဆိုရင် သေချာကြည့်ထား၊ ငါ့မှာ ဘာတွေ ရှိလဲဆိုတာ"

ကျိယွမ်၏ စကားနှင့်အတူ ရှေးဟောင်းအရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။

ထိုစွမ်းအင်ထဲ၌ ဖန်ဆင်းခြင်း၏ သဘောတရားများစည်းမျဥ်းများပါဝင်နေ၏။ထိုသဘောတရားစည်းမျဥ်းများမှာ တံခါးတစ်ခုကို ဝန်းရံထားလေသည်။

၎င်းမှာ အခြားတံခါးများနှင့် မတူဘဲ မြင့်မြတ်ပြီး ကြီးမားလှသည်။

အိပ်မက်ကဲ့သို့လည်း ဖြစ်သလို လက်တွေ့လည်း ဖြစ်နေပြီး နေရာလပ်ထဲတွင် တစ်ခုတည်း ရပ်တည်နေ၏။

"မူလသဘောတရားတံခါး ၊ ဒါ...ဒါက မူလသဘောတရားတံခါးပဲ"

တစ်ယောက်က အံ့ဩတကြီး ထအော်လိုက်သည်။

"ဒီအရှိန်အဝါ... မလွဲဘူး၊ ဒါ မူလသဘောတရားတံခါးပဲ"

"မသေမျိုးလောကရဲ့ အကြီးမားဆုံး ဖန်ဆင်းရှင်ရတနာ၊ မူလသဘောတရားတံခါး"

"တကယ်ကြီး ..မူလသဘောတရားတံခါးပဲ"

ထိုအရာကို မြင်လိုက်ရသူတိုင်း တုန်လှုပ်သွားကြကုန်၏။၎င်းမှာ စစ်မှန်သော မူလသဘောတရားတံခါး မဟုတ်ပါလား။ မသေမျိုးလောက တစ်ခုလုံး၏ အကြီးမားဆုံး ဖန်ဆင်းရှင်ရတနာကြီးပင်ဖြစ်၏။

၄ွးကို ရရှိသူသည် ကပ်ဘေးအားလုံးမှ လွတ်မြောက်ပြီး လင်းယာအသွင်ပြောင်းလဲခြင်းကိုပင် ကြောက်စရာမလိုတော့ပေ။ နှစ်ပေါင်းတစ်သန်းကြာ ဝင်ရောက် လေ့ကျင့်ပြီးပါက သူသည် ပြိုင်ဘက်ကင်း ဖြစ်လာပေလိမ့်မည်။

"မှန်တယ်၊ ဒါက မူလသဘောတရားတံခါးပဲ"

ကျိယွမ်က ခေါင်းကိုမော့ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

သူ့အတွက်မူ ၄င်းက "အနန္တအသွင်ကူးပြောင်းတံခါး" ဖြစ်သော်လည်းမသေမျိုးလောကတွင်မူ မူလသဘောတရားတံခါးဟု သိကြလေ၏။

"မဟာနေမင်းအရှင်သခင်၊ မင်း မူလသဘောတရားတံခါးကို ကြည့်နေတာငါသိတယ်၊ မကြာခင် ငါအထဲဝင်ပြီး နှစ်သန်းပေါင်းများစွာ လေ့ကျင့်မယ်၊ ပြန်ထွက်လာတဲ့အခါ ထိုက်ဟွမ်နန်းတော်နဲ့ စာရင်းရှင်းကြတာပေါ့"

"ဒါကြောင့် ပြင်ဆင်ထားဖို့ အကြံပေးချင်တယ်၊ ငါပြန်ထွက်လာခင် မင်းတို့အားလုံး သေသွားရင်တော့ နှမြောစရာပဲ"

မူလစစ်မှန်အရှင်သခင်၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။

သူ၏ တွက်ချက်မှု အားလုံးမှာ မှားယွင်းသွားခဲ့သည်။ နေမင်းဆယ်စင်းအရှင်သခင်တွင် မူလသဘောတရားတံခါး ရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

သူသည် ငိုကြွေးကာအော်ပစ်ချင်စိတ်ပင် ပေါက်သွားသည်။ "တာအိုရောင်းရင်း... မင်းမှာ မူလသဘောတရားတံခါး ရှိရင် ဘာလို့ အစောကြီး မပြောတာလဲ... မင်းသာ အထဲဝင်ပြီး နှစ်သန်းပေါင်းများစွာ လေ့ကျင့်လိုက်ရင် နေမင်းအရှင်ဆိုတဲ့ ဘွဲ့ကို ရနိုင်တာပေါ့၊ အပြင်မှာ ဘာလို့ အချိန်ဖြုန်းပြီး ထိုက်ဟွမ်နန်းတော်ကို ဒုက္ခပေးနေတာလဲ"ဟု အော်ပစ်ချင်နေ၏။

"နေမင်းဆယ်စင်းအရှင်သခင်၊ မင်း ခရမ်းရောင်ကံကြမ္မာကောင်းကင်မှာ ရှိတဲ့ သူငယ်ချင်းတွေနဲ့ ချစ်ရသူတွေကို တကယ်ပဲ စွန့်ပစ်ပြီး အဲ့ဒီတံခါးထဲ ဝင်သွားမှာလား"

မူလစစ်မှန်အရှင်သခင်က ဖိအားပေးရန် ကြိုးစားကြည့်လိုက်သည်။အတွင်းစိတ်တွင်မူ သူအလွန်စိုးရိမ်နေ၏။

အကယ်၍ သူသာဆိုလျှင် ခရမ်းရောင်ကံကြမ္မာကောင်းကင်ကို စွန့်ပစ်ပြီး မူလသဘောတရားတံခါးထဲ ဝင်သွားမည်မှာ သေချာသည်။

ခရမ်းရောင်ကံကြမ္မာကောင်းကင်တွင် ရှိနေသော ခရမ်းရောင်ကံကြမ္မာဘိုးဘေးက တဟားဟားဟား ရယ်မောလိုက်သည်။

"မြင်လိုက်လား ဝူမင်အရှင်၊ သွေးဝတ်စုံမှာ မူလသဘောတရားတံခါး ရှိတယ်၊ မင်း သေပြီ၊ ထိုက်ဟွမ်နန်းတော်လည်း ပျက်စီးတော့မယ်၊ ဟားဟားဟား... ကြည်နူးစရာပဲဟေ့.."

ပြင်းထန်စွာတိုက်ခိုက်​နေသော်လည်း ခရမ်းရောင်ကံကြမ္မာဘိုးဘေးနှင့် ဝူမင်အရှင်တို့သည် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေကို စောင့်ကြည့်နေခဲ့ကြသည်။

ယခု သွေးဝတ်စုံက မူလသဘောတရားတံခါးကို ထုတ်ဖော်လိုက်သဖြင့် ကောင်းကင်ဘုံတစ်ခုလုံး တုန်လှုပ်သွားလေ၏။

ထိုတုန်လှုပ်မှုမှာ သွေးဝတ်စုံက ကောင်းကင်ဘုံစစ်ဆေးခြင်း၌ အလင်းရောင်များ ထုတ်လွှတ်ခဲ့စဉ်ကထက်ပင် အဆများစွာပိုမိုကြီးမားသည်။

စဉ်းစားကြည့်ပါ၊ ကမ္ဘာပေါ်တွင် အမျိုးသမီးတစ်ယောက်က ခေါင်းဆယ်လုံးပါသော ကလေးကို မွေးဖွားသည်ဆိုပါက လူများ၏ အာရုံကို ဖမ်းစားလိမ့်မည်။သို့သော် ထာဝရအသက်ရှင်ခြင်းအတွက် ရတနာတစ်မျိုး ပေါ်ထွက်လာခြင်းကတော့ အားလုံးကို ရုန်းရင်းဆန်ခတ်ဖြစ်သွားစေမည်မဟုတ်ပါလား။

မူလသဘောတရားတံခါးမှာ ထိုကဲ့သို့သော ဆွဲဆောင်မှု ရှိ၏။ဝူမင်အရှင်၏ မျက်နှာမှာ မှောင်မိုက်သွားခဲ့သည်။

ခရမ်းရောင်ကံကြမ္မာဘိုးဘေးကတော့ ကျိယွမ်ကို ခရမ်းရောင်ကံကြမ္မာကောင်းကင်အတွက် မပူပန်ဘဲ မူလသဘောတရားတံခါးထဲ ဝင်ရန် တိုက်တွန်းချင်စိတ် ပေါက်သွားသည်။

ကောင်စုတ်လေး...အနာဂတ်ကိုပဲကြည့်။

ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေ၏ အပြင်ဘက်တွင်မူ။

ကျိယွမ်က မူလစစ်မှန်အရှင်သခင်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ငါ အနိုင်ကျင့်ပြီးဖိအားအပေးခံရတာကို အမုန်းဆုံးပဲ၊ ဒါ ငါ့ရဲ့သဘာဝပဲ"

"ခုနက မင်း ငါ့ကို ဖိအားပေးဖို့ ကြိုးစားခဲ့တယ်၊ ဒါပေမဲ့ အခု... မင်းကို ဖိအားပေးဖို့ ငါ့အလှည့်ပဲ"

သူက အထက်ရှိ မဟာနေမင်းကြီးကို မော့ကြည့်လိုက်သည်။

"မဟာနေမင်းအရှင်သခင်၊ မင်း ငါ့နောက်ကိုလိုက်ပြီး မူလသဘောတရားတံခါးထဲ ဝင်ရဲလား"

"ငါ ဒီတံခါးထဲမှာ ထောင်ချောက်တွေအများကြီး ဆင်ထားပြီး မင်းကို စောင့်နေတာ"

"မင်း ဝင်ရဲတဲ့ သတ္တိမရှိရင် ငါတစ်ယောက်တည်း ဝင်သွားမယ်၊ ငါ နှစ်သန်းပေါင်းများစွာ လေ့ကျင့်မယ်၊ ပြီးရင် ပြန်လာမယ်၊ အဲ့ဒီအခါ... မင်းတို့အားလုံး သေသွားလိမ့်မယ်"

"အခုချိန်မှာ ရှင်သန်နိုင်မယ့် အခွင့်အရေးတစ်ခု မင်းတို့မှာ ရှိတယ်၊ မင်း လိုက်ရဲလား"

သူ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

မူလသဘောတရား အဆင့်များနှင့် ယန်နတ်ဘုရားတိုင်းက သူ့စကားကို ကြားသောအခါ အံ့ဩသွားကြ၏။

ကျိယွမ်က မဟာနေမင်းအရှင်သခင်ကို မူလသဘောတရားတံခါးထဲ လိုက်ဝင်ရန် စိန်ခေါ်လိမ့်မည်ဟု ဘယ်သူမှ မထင်ခဲ့ပေ။

ဒါပေမဲ့ သူ ဘယ်လိုလုပ် ဒီလောက်ရဲရဲတင်းတင်း လုပ်နိုင်တာလဲ။

ထောင်ချောက်တွေ ဆင်ထားတယ်ဆိုရင်တောင် မဟာနေမင်းအရှင်သခင်၏ စွမ်းအားကို ဘယ်လိုယှဉ်နိုင်မလဲ။

နေမင်းဆယ်စင်းအရှင်သခင်က မူလသဘောတရားတံခါးကို လက်လွှတ်ပေးဖို့ ကြံစည်နေတာများလား။

သို့သော် မဟာမူလသဘောတရားအဆင့်အချို့ကမူ သံသယ ဖြစ်နေကြသည်။

ကျိယွမ်မှာ အရူးမဟုတ်ပါ၊ သူဘာလုပ်နေလဲဆိုတာ ကောင်းကောင်း သိပုံ ရသည်။ သူ့တွင် အစီအစဉ်တစ်ခုခုတော့ ရှိလိမ့်မည်။

"ကောင်းကင်ဘုံဆီ တစ်လှမ်း၊ ငရဲဆီ တစ်လှမ်းပဲ"

ကျိယွမ်က ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေမှ ထွက်လာရင်း အော်လိုက်သည်။

"မဟာနေမင်းအရှင်သခင်၊ မင်း ငါ့နောက်ကနေ... ဒီငရဲထဲ လိုက်ဝင်ရဲလား"

"ဒါမှမဟုတ် မင်း နှစ်သန်းပေါင်းများစွာ စောင့်ပြီး ငါပြန်ထွက်လာတဲ့အခါ မင်းကို ငရဲပို့ခိုင်းဖို့ စောင့်နေတာလား"

ထိုစကားနှင့်အတူ ကျိယွမ်နှင့် မူလသဘောတရားတံခါးအနီးတွင် ပေါ်လာသည်။ထို့နောက် တွန့်ဆုတ်ခြင်းမရှိဘဲ ကျိယွမ် တံခါးထဲသို့ ခုန်ဝင်လိုက်လေ၏။

မဟာမူလသဘောတရားအဆင့်များမှာ အခြားသူများ၏ အပြုအမူကို စောင့်ကြည့်နေကြသည်။အကယ်၍ သူတို့သာ မဟာနေမင်းအရှင်သခင်၏ နေရာမှာဆိုပါက ကျိယွမ်၏နောက်ကိုလိုက်ကာ မူလသဘောတရားတံခါးထဲ လိုက်ဝင်ကြမှာ အသေအချာပင်။

ပထမအချက်မှာ ကျိယွမ်၏ စိန်ခေါ်မှုနှင့် ခြိမ်းခြောက်မှုကြောင့် ဖြစ်သည်။

ဒုတိယအချက်မှာ အထက်တန်းအရှင်သခင်တစ်ပါးအနေဖြင့် သူတို့၏ စွမ်းအားကို အပြည့်အဝ ယုံကြည်သောကြောင့် ဖြစ်သည်။

နောက်ဆုံးအချက်မှာ ထိုအရာက မသေမျိုးလောကတွင် အလိုချင်ဆုံးသော ဖန်ဆင်းရှင်ရတနာ ဖြစ်သောကြောင့်ပင်။

ထိုအခိုက်မှာပင် မူလသဘောတရားတံခါး ပျောက်ကွယ်ခါနီး၌ မဟာနေမင်းအရှင်သခင်သည် လှစ်ခနဲပေါ်လာပြီး မူလသဘောတရားတံခါးထဲသို့ ခုန်ဝင်သွားတော့သည်။

ချက်ချင်းပင် ကောင်းကင်မှာ မှောင်မိုက်သွားပြီး မူလသဘောတရားတံခါး၏ အရှိန်အဝါများ ပျောက်ကွယ်သွားလေ၏။

မျက်လုံးများစွာမှာ ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေ၏ အပြင်ဘက်ကို စိုက်ကြည့်နေကြသည်။

ရလဒ်မှာ သူတို့၏မျှော်လင့်ချက်များအားလုံးကို ဆန့်ကျင်နေသောကြောင့် ဖြစ်သည်။

အကယ်၍ မဟာနေမင်းအရှင်သခင်က မူလသဘောတရားတံခါးကို ရယူနိုင်ပါက ဆဌမကောင်းကင်ဘုံ၌ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်သွားပေလိမ့်မည်။

သို့သော် လူများစွာတွင် မေးခွန်းရှိနေသည်။

ကျိယွမ်မှာ ဝံပုလွေကို အိမ်ထဲသို့ ရဲရဲဝံ့ဝံ့ ဖိတ်ခေါ်လိုက်ခြင်းမှာ အဘယ်ကြောင့်နည်း။

ထိုအချိန်တွင် လူများစွာမှာ စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များဖြင့် ရင်ခုန်နေကြသည်။

ရလဒ်ကို သိရန် အကြာကြီး စောင့်စရာ မလို​ပါ။အကြောင်းရင်းမှာ အထက်တန်းအရှင်သခင်တစ်ပါး၏ စွမ်းအားဖြင့် မဟာမူလသဘောတရားကို မစုစည်းရသေးသော အရှင်သခင်တစ်ဦးကို ကိုင်တွယ်ခြင်းမှာ လက်ဖျားခါရုံမျှလောက်သာ လွယ်ကူသောကြောင့် ဖြစ်သည်။

သူတော့ သေပြီ။

-------

All Chapters