← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

အခန်း (၂၆) ကြောက်မက်ဖွယ်ကောင်းသော အစည်းအဝေး

【တုန်လှုပ်ချောက်ချား အစည်းအဝေး】

【ကျေးဇူးပြု၍ "တုန်လှုပ်ချောက်ချား အစည်းအဝေးခန်းမသို့ ၅ မိနစ်အတွင်း လာရောက်ပါ... နောက်ကျသူများကို သေဒဏ်ပေးမည်...】

အကြောင်းအရာမှာ ရိုးရှင်းပြီး ရှင်းလင်းသော်လည်း ချန်လန်ကို အလွန်အမင်း စိုးရိမ်ပူပန်မှု ဖြစ်စေခဲ့သည်။

"ဒီ"တုန်လှုပ်ချောက်ချား အစည်းအဝေးရဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ..."

ချန်လန်က ဆာရာကို ကြည့်လိုက်သည်။

ဆာရာက ခေါင်းခါယမ်းပြီး အသံတိုးတိုးဖြင့် ပြောဆိုလိုက်သည်။

""တုန်လှုပ်ချောက်ချား အစည်းအဝေးတွေကို ကျင်းပလေ့ သိပ်မရှိဘူး... ကျင်းပတဲ့ အကြိမ်တိုင်း စီမံခန့်ခွဲသူ ဒါမှမဟုတ် ဖန်တီးသူ တစ်ယောက်က အမြဲလိုလို သေဆုံးရတယ်... ဒါတွေက အရမ်းအရေးကြီးတဲ့ အစည်းအဝေးတွေပဲ..."

ချန်လန် မျက်မှောင်တင်းတင်းကြုတ်လိုက်သည်။ ဤအချက်က သူ့ကို သခင်ဟေးယွီအား သတိရသွားစေသည်။ တစ်ဖက်လူသည် သူ့ကို စတင်၍ ပစ်မှတ်ထားနေသလော။

"မြန်မြန်သွားပါ... တကယ်လို့ တုန်လှုပ်ချောက်ချားနတ်ဘုရားက စိတ်ဆိုးသွားရင် နင့်ကို ငါ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး..."

ဆာရာက သူမ၏လက်ကို ဝှေ့ယမ်းလိုက်ရာ အစည်းအဝေးခန်းမဆီသို့ ဦးတည်သွားသော တံခါးတစ်ချပ်သည် ချန်လန်အတွက် ပွင့်လာလေ၏။

ချန်လန်က တွေဝေမနေဘဲ တံခါးထဲသို့ သူတစ်ယောက်တည်း ဝင်ရောက်သွားလေသည်။

တံခါး၏နောက်ကွယ်ရှိ နေရာမှာ သူ စိတ်ကူးထားသော အစည်းအဝေးခန်းမ မဟုတ်ဘဲ မှောင်မိုက်ပြီး ကျဉ်းမြောင်းသော စင်္ကြန်လမ်းတစ်ခုသာ ဖြစ်နေသည်။

ပုပ်ဟောင်သောအနံ့များ ပါဝင်သော လေအေးများက သူ့ထံသို့ တိုက်ခတ်လာသည်။ တစ်ခုတည်းသော အလင်းရောင်အရင်းအမြစ်မှာ အဆုံးတွင် အနည်းငယ် ပွင့်ဟနေသော တံခါးတစ်ချပ်မှ ဖြစ်ပြီး တံခါးဟနေသော နေရာမှတစ်ဆင့် မှိန်ပျပျ အဝါရောင်အလင်းတန်းများ ယိုစိမ့်ထွက်လာကာ ဖိနှိပ်ထားသော တီးတိုးစကားပြောသံများနှင့်အတူ ရောယှက်နေပေ၏။

ချန်လန်၏ နှလုံးခုန်သံများ အလိုအလျောက် မြန်ဆန်လာခဲ့သည်။

သူသည် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး သူ၏ စိုးရိမ်ပူပန်မှုများကို ဖိနှိပ်ကာ ရှေ့သို့လျှောက်လှမ်းသွားလိုက်သည်။

သူ တံခါးလက်ကိုင်ကို ကိုင်ရန် ပြင်လိုက်ချိန်မှာပင် တံခါးသည် ကျွီခနဲ အသံမြည်ကာ အလိုအလျောက် ပွင့်သွားလေ၏။

အခန်းအတွင်းရှိ မြင်ကွင်းက သူ၏ရှေ့တွင် ထင်ဟပ်လာသည်။

ဤသည်မှာ ကြီးမားသည့် အစည်းအဝေးခန်းမတစ်ခုဖြစ်ပြီး အလယ်တွင် ဧရာမ စားပွဲရှည်ကြီးတစ်ခုက နေရာယူထားသည်။

စားပွဲ၏ ထိပ်ဆုံးနေရာမှာ လွတ်နေသည်။ ထိုနေရာသည် တုန်လှုပ်ချောက်ချားနတ်ဘုရား၏ နေရာဖြစ်ကြောင်း သိသာထင်ရှားသည်။

နံဘေးတစ်ဖက်တစ်ချက်စီတွင် ကျောချမ်းဖွယ်ကောင်းသော ပုံရိပ်တချို့ ထိုင်နေကြလေပြီ။

သူ၏အကြည့်များသည် ဘယ်ဘက် ပထမဆုံးနေရာတွင် ထိုင်နေသော ပုံရိပ်တစ်ခုပေါ်သို့ ချက်ချင်း ရောက်ရှိသွားလေ၏။ ဤသည်က အနက်ရောင် ဦးထုပ်ရှည်ကို ဆောင်းထားပြီး သွေးစုပ်ဖုတ်ကောင်တစ်ကောင်ကဲ့သို့ ဖြူရော်နေသော မျက်နှာရှိသည့် အမျိုးသားတစ်ဦးဖြစ်ကာ သူ၏ ရှည်လျားသော ရွှေရောင်ဆံပင်များက သူ၏ နားရွက်များကို ဖုံးအုပ်ထားသည်။

ယော်ဆန်သည် ရုပ်ထုတစ်ခုအလား ထိုလူနောက်တွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေပြီး သူ၏အမူအရာတွင် ရိုသေလေးစားမှုများ ပြည့်နှက်နေသည်။

"သခင်ဟေးယွီ..."

ချန်လန်က သူ၏စိတ်ထဲမှ တီးတိုးရေရွတ်လိုက်ပြီး သူ၏ မျက်လုံးများ ရုတ်တရက် အေးစက်သွားသည်။

ဒါက တကယ့်ကို သူ့လက်ချက်ပဲ....

သခင်ဟေးယွီကလည်း သူ၏ အကြည့်ကို တုံ့ပြန်လာပြီး အပြုံးနှင့် ခေါင်းညိတ်ပြလေ၏။

ထိုအချိန်၌ သခင်ဟေးယွီ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ပုံရိပ်တစ်ခုက တိုးညှင်းစွာ ရယ်မောလိုက်ရာ ချန်လန်၏စိတ်အာရုံကို ဆွဲဆောင်သွားသည်။

သူမသည် ရှည်လျားပြီး မီးတောက်များကဲ့သို့ နီရဲကာ လှိုင်းတွန့်နေသော ဆံပင်များရှိပြီး ပြိုင်ဘက်ကင်းလောက်အောင် လှပသော အမျိုးသမီးတစ်ဦးပင်။

သို့သော် သူမ၏ခန္ဓာကိုယ်အောက်ပိုင်းသည် ထူထဲသော အကြေးခွံများ ဖုံးလွှမ်းနေသည့် မြွေမြှီးတစ်ခုဖြစ်ကာ လက်ရှိတွင် သူမ၏ခုံပေါ်၌ ရစ်ခွေထားပေ၏။

အလှတရားနှင့် ကြောက်မက်ဖွယ်ကောင်းမှုတို့သည် သူမထံတွင် ရောယှက်နေပြီး အသက်ရှူကြပ်လောက်အောင် ထူးဆန်းသော ဆွဲဆောင်မှုတစ်ခုကို ဖြစ်ပေါ်စေသည်။

ထိုဆွဲဆောင်မှုရှိသလောက် အန္တရာယ်များသော အမျိုးသမီးအပြင် အဲလ်ဗစ်ပရက်စလေ၏ အထင်ကရ ကြယ်သီးများတပ်ဆင်ထားသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အရိုးစုတစ်ခုလည်း ရှိနေသည်။

အရိုးစုသည် သူ၏ လက်ချောင်းအရိုးများကြားတွင် သေသပ်လှပသော သတ္တုမီးခြစ်တစ်လုံးကို ကိုင်ဆောင်ထားပြီး ပါးစပ်တွင် ကိုက်ထားသော ဆေးပြင်းလိပ်ကို မီးညှိနေလေ၏။ အဖြူရောင် မီးခိုးငွေ့များသည် သူ၏ ဟာလာဟင်းလင်းဖြစ်နေသော မျက်လုံးပေါက်များ၊ နှာခေါင်းပေါက်များနှင့် နားပေါက်များမှတစ်ဆင့် ပျံ့လွင့်လာသည်။

ဤထူးဆန်းသော တစ္ဆေသုံးကောင်လုံးသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေကြသော်လည်း ချန်လန်ကမူ ကြောက်ရွံ့ခြင်း မရှိချေ။ သူသည် လွတ်နေသော နေရာတစ်ခုကို ရှာဖွေ၍ ထိုင်လိုက်၏။

ထိုတစ္ဆေသုံးကောင်သည် သူ့ကို ကြည့်နေကြပြီး ပတ်ဝန်းကျင်သည် လွှမ်းမိုးချုပ်ကိုင်နိုင်မှုများဖြင့် တိတ်ဆိတ်သွားတော့သည်။

ထိုအချိန်မှာပင် အဓိကနေရာတွင် ပြာလဲ့လဲ့ မီးခိုးငွေ့လေးတစ်ခု ထွက်ပေါ်လာပြီး လူသားပုံရိပ်တစ်ခုအဖြစ် တဖြည်းဖြည်း ပုံပေါ်လာသည်။ နောက်ဆုံးတွင် သူသည် ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင် မြူခိုးများ ဖုံးလွှမ်းထားပြီး ခေါင်းကိုသာ မြင်ရသော ချောမောသည့် အမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။

"အရှင်..."

အချိန်တခဏအတွင်း တစ္ဆေသုံးကောင်လုံး မတ်တပ်ရပ်လိုက်ကြပြီး ထူးဆန်းသော အမူအရာတစ်ခုကို ပြုလုပ်လိုက်ကြလေ၏။ သူတို့၏ လက်ညှိုးနှင့် လက်ခလယ်ကို ပူးကာ ဘယ်ဘက်ရင်အုံပေါ်တွင် တင်လိုက်ကြပြီး နက်ရှိုင်းသော လေးစားမှုဖြင့် ခေါင်းငုံ့လိုက်ကြသည်။

အမျိုးသားက ခေါင်းညိတ်ပြပြီးနောက် ချန်လန်ကို ကြည့်လိုက်သည်။

"ချန်လန်... ဆာရာရဲ့ နယ်မြေဖန်တီးသူ... မင်းဖန်တီးထားတဲ့ နယ်မြေက အရမ်းထူးခြားတယ်... ငါ တော်တော်လေး သဘောကျတယ်..."

ဤစကားကို ကြားသည်နှင့် တစ်ပြိုင်နက် သခင်ဟေးယွီ၏မျက်လုံးသူငယ်အိမ်များ ချက်ချင်းကျုံ့သွားလေ၏။ တုန်လှုပ်ချောက်ချားနတ်ဘုရားက 【အထက်တန်းနောက်ဆုံးနှစ်】 နယ်မြေအကြောင်းကို အမှန်တကယ် သိနေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။

နယ်မြေစစ်ဆေးမှုများနှင့် ပတ်သက်၍ "တုန်လှုပ်ချောက်ချားနတ်ဘုရားကိုယ်တိုင် စစ်ဆေးသည်ဟု လူတိုင်းက ထင်မှတ်ထားခဲ့ကြသော်လည်း ထိုသို့မဟုတ်တော့သည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း နားလည်ထားရပေမည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ကတည်းက ထိုနယ်မြေများကို စစ်ဆေးရန် အဖွဲ့တစ်ဖွဲ့ထံသို့ သူ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ပေ၏။

"သခင်ဟေးယွီ... ပြောပါ... ဒီအစည်းအဝေးကို ခေါ်ပြီး မင်း ဘာပြောချင်တာလဲ..."

တုန်လှုပ်ချောက်ချားနတ်ဘုရားက သခင်ဟေးယွီကို တစ်ချက်ကြည့်လိုက်သည်။

အဆင့်မြင့် နယ်မြေစီမံခန့်ခွဲသူများသည် တစ်နှစ်လျှင် တစ်ကြိမ် အစည်းအဝေးခေါ်ယူခွင့် အခွင့်ထူး ရှိကြသည်။

ဤစကားကို ကြားသောအခါ ချန်လန် အသိဝင်လာပြီး သူ၏စိတ်ထဲရှိ စိုးရိမ်ပူပန်မှုများ ချက်ချင်းပျောက်ကွယ်သွားသည်။

တုန်လှုပ်ချောက်ချားနတ်ဘုရားက အစည်းအဝေး အစီအစဉ်ကို မသိဘဲ သခင်ဟေးယွီက ခေါ်ယူခဲ့ခြင်း ဖြစ်ကြောင်း သူ သိလိုက်ရသည်။ ထိုသို့ဆိုလျှင် သူ များစွာစိုးရိမ်ပူပန်နေရန် မလိုတော့ချေ။

သခင်ဟေးယွီက ချန်လန်ကို လက်ညှိုးညွှန်ပြလိုက်သည်။

"အရှင်... ဒီချန်လန် ဖန်တီးထားတဲ့ နယ်မြေက သေဆုံးမှု သတ်မှတ်ချက် မရှိပါဘူး... ဒါက ပထမဆုံး တုန်လှုပ်ချောက်ချားနတ်ဘုရားရဲ့ မူဝါဒတွေနဲ့ မကိုက်ညီဘူး မဟုတ်လား..."

တုန်လှုပ်ချောက်ချားနတ်ဘုရားက မျက်ခုံးပင့်ပြီး ချန်လန်ကို ကြည့်လိုက်၏။

"အို... ရိုးရိုးသားသား ပြောရရင် ဒီနယ်မြေရဲ့ အသေးစိတ် အချက်အလက်တွေကို ငါ သေချာမကြည့်ရသေးဘူး... ဒါပေမဲ့ အဲ့ဒါက ငါ့အတွက်တော့ အရမ်းကို ဆွဲဆောင်မှုရှိတယ်... လူတွေကို အရမ်းထူးခြားတဲ့ နည်းလမ်းနဲ့ ညှဉ်းပန်းနှိပ်စက်နေတာ မဟုတ်လား... ဒါပေမဲ့ ဘာလို့ သေဆုံးမှု သတ်မှတ်ချက် မရှိတာလဲ..."

တုန်လှုပ်ချောက်ချားနတ်ဘုရားသည် နယ်မြေ၏ သတ်မှတ်ချက်များကို သေချာမကြည့်ရသေးကြောင်း ကြားသောအခါ သခင်ဟေးယွီက သက်ပြင်းချလိုက်နိုင်ပြီး သူ၏စိတ်ထဲမှ လှောင်ပြုံးပြုံးလိုက်သည်။

ဒီတစ်ခါတော့ ငါ့ရဲ့အစီအစဥ် အောင်မြင်တော့မယ်....

"အရှင်... နယ်မြေတစ်ခုမှာ သေဆုံးမှု သတ်မှတ်ချက် ရှိနေတာက အဓိပ္ပာယ်မရှိတဲ့ အရာတစ်ခုဖြစ်ပြီးတော့ မိုက်မဲမှုတစ်ခုလို့ ကျွန်တော် ယုံကြည်တယ်..."

"မင်းလို သောက်ကောင်က... ပထမဆုံး တုန်လှုပ်ချောက်ချားနတ်ဘုရားကို စော်ကားရဲတယ်ပေါ့လေ..."

ချန်လန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော အရိုးစုသည် ရုတ်တရက် မတ်တတ်ထရပ်ပြီး မီးတောက်ဓားကြီးတစ်လက်ကို ဆွဲထုတ်ကာ ချန်လန်ကို ချိန်ရွယ်လိုက်သည်။

တုန်လှုပ်ချောက်ချားနတ်ဘုရားက မျက်မှောင်အနည်းငယ်ကြုတ်ပြီး အရိုးစုကို တစ်ချက် ကြည့်လိုက်၏။

ဘန်း...

အရိုးစုသည် ချက်ချင်း လွင့်စင်သွားပြီး နံရံနှင့် ပြင်းထန်စွာ ရိုက်မိကာ ကြမ်းပြင်ပေါ်သို့ အရိုးစုပုံကြီးတစ်ခုအဖြစ် ပြုတ်ကျသွားသည်။

ဤရုတ်တရက် အဖြစ်အပျက်က သခင်ဟေးယွီနှင့်အမျိုးသမီးတို့ကို ထိတ်လန့်သွားစေခဲ့သည်။ သူတို့သည် အလျင်အမြန် အကြည့်လွှဲလိုက်ကြပြီး တုန်လှုပ်ချောက်ချားနတ်ဘုရားကို မကြည့်ရဲကြတော့ချေ။

အရှင်က အခုမှရောက်လာတဲ့ ဖန်တီးသူတစ်ယောက်အတွက် တကယ်ကြီး တိုက်ခိုက်လိုက်တာလား...

ဘာတွေဖြစ်နေတာလဲ ..

ဒါမှမဟုတ် အရိုးစုရဲ့ စကားတွေက အရှင့်ကို မနှစ်မြို့စေခဲ့တာလား....

တုန်လှုပ်ချောက်ချားနတ်ဘုရား၏ လုပ်ဆောင်ချက်ကို မြင်သောအခါ ချန်လန်သည် သူ၏စိတ်ထဲတွင် တစ်စုံတစ်ခုကို နားလည်သွားခဲ့လေ၏။ ဤတုန်လှုပ်ချောက်ချားနတ်ဘုရားသည်လည်း ပထမဆုံး တုန်လှုပ်ချောက်ချား နတ်ဘုရား၏ မူဝါဒများနှင့် ပတ်သက်၍ သံသယရှိနေပုံရပေ၏။

ထိုသို့ဆိုလျှင် ကိစ္စများသည် ကိုင်တွယ်ရ လွယ်ကူသွားလေပြီ။

"အရှင်... ဒါလေးကို စဉ်းစားကြည့်ပေးပါ... တကယ်လို့ နယ်မြေတွေ အားလုံးက လူသေအောင် သတ်မှတ်ထားမယ်ဆိုရင် သေဆုံးမယ့် လူသားတွေ ပိုပိုများလာမှာ မဟုတ်ဘူးလား... လူသားတွေ ကုန်သွားတဲ့အခါကျရင် သူတို့ကို နယ်မြေတွေမှာ ဘယ်လိုလုပ်ပြီး ပါဝင်ခိုင်းနိုင်တော့မှာလဲ..."

"ဒါ့ပြင် ကျွန်တော်တို့ရဲ့ တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာက အနုတ်လက္ခဏာစွမ်းအင်နဲ့ လည်ပတ်နေတာလေ... အနုတ်လက္ခဏာစွမ်းအင် လုံလုံလောက်လောက် ရှိနေသရွေ့ လူတိုင်း ကြီးပွားတိုးတက်နိုင်တယ်... ဒါကြောင့် လူသားတွေ ပိုများလာလေလေ အနုတ်လက္ခဏာစွမ်းအင်တွေ ပိုများလာလေလေပဲ... သူတို့ကို ဘာလို့ သတ်ရမှာလဲ... သူတို့ကို ညှဉ်းပန်းနှိပ်စက်နေရုံနဲ့ မလုံလောက်ဘူးလား..."

ဤဆန်းသစ်သော တွေးခေါ်မှုက တုန်လှုပ်ချောက်ချားနတ်ဘုရား၏မျက်လုံးများကို တောက်ပသွားစေသည်။ သူသည် စားပွဲကို လက်ချောင်းဖြင့် ခေါက်နေပြီး ဘာမျှမပြောချေ။

ချန်လန်နှင့် တခြားသူများလည်း စကားမပြောရဲကြချေ။ အခြေအနေသည် မုန်တိုင်းမလာမီ ကြိုတင်နိမိတ်ကဲ့သို့ အလွန်အမင်း တိတ်ဆိတ်နေသော်လည်း ကြောက်မက်ဖွယ် ကောင်းနေပေ၏။

"မင်းပြောတာက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်... အနုတ်လက္ခဏာစွမ်းအင်တွေကို အဆက်မပြတ် စုဆောင်းနိုင်တာက နယ်မြေတစ်ခု လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ပဲ... ဒါက မင်းရဲ့ 【အထက်တန်းနောက်ဆုံးနှစ်】 နယ်မြေနောက်ကွယ်က သဘောတရားလား... တစ်လတည်းနဲ့တင် အနုတ်လက္ခဏာစွမ်းအင် အမှတ် သုံးသောင်းနီးပါးကို စုဆောင်းနိုင်ခဲ့တယ်... ဒီလိုနယ်မြေမျိုးက အရင်က တစ်ခါမှ မရှိဖူးဘူး... မင်းရဲ့ နောက်ထပ် နယ်မြေတွေကို ငါ စောင့်မျှော်နေမယ်..."

တုန်လှုပ်ချောက်ချားနတ်ဘုရားက သခင်ဟေးယွီကို ကြည့်လိုက်သည်။

"ဒါက ကောင်းမွန်တဲ့ ဖန်တီးသူတစ်ယောက်ရဲ့ ပုံစံပဲ... သူ့ဆီကနေ မင်း ပိုပြီး လေ့လာသင့်တယ်... သေဆုံးမှု သတ်မှတ်ချက် စနစ်က ခေတ်နောက်ကျနေပြီ..."

"ပြီးတော့..."

သူသည် ကြမ်းပြင်ပေါ်တွင် ဖြည်းညင်းစွာ ပြန်လည်တပ်ဆင်နေသော အရိုးစုကို တစ်ချက်ကြည့်လိုက်သည်။

"ပထမဆုံးတစ်ယောက်က သေသွားပြီ... အခု ငါက တုန်လှုပ်ချောက်ချားနတ်ဘုရားပဲ... ငါက စည်းမျဉ်းတွေကို သတ်မှတ်တယ်..."

ထိုသို့ပြောဆိုပြီးနောက် တုန်လှုပ်ချောက်ချားနတ်ဘုရား ပျောက်ကွယ်သွားလေ၏။ သခင်ဟေးယွီနှင့် တခြားသူများသည် ငရဲတံခါးဝမှ လွတ်မြောက်လာသကဲ့သို့ ချက်ချင်း အမောတကော အသက်ရှူလိုက်ကြသည်။

သူတို့ သေဆုံးပြီးသား ဖြစ်နေသော်လည်း သေခြင်းတရား၏ ကြောက်မက်ဖွယ်ကောင်းမှုကို ခံစားနေရဆဲပင်။

ချန်လန်က သက်ပြင်းတစ်ချက် ချလိုက်သည်။ ဤကိစ္စက ဤမျှထိ လွယ်ကူစွာ ပြေလည်သွားလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။

သို့သော် သူတစ်ဦးတည်းသာ မြင်နိုင်သော သွေးရောင်လွှမ်းနေသည့် စက္ကူတစ်ရွက် ထွက်ပေါ်လာရာ သူ့ကို အံ့တင်းတင်းကြိတ်သွားစေခဲ့သည်။

【ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်】

【သင် အမြတ်ရရှိသော အနုတ်လက္ခဏာစွမ်းအင် တစ်ဝက်ကို တုန်လှုပ်ချောက်ချားနတ်ဘုရားထံသို့ အပ်နှင်းရမည်】

All Chapters