ချန်လန်သည် ကမ္ဘာဂြိုဟ်မှ အပြာရောင်ကြယ်သို့ ကူးပြောင်းသွားခဲ့ပြီး ကင်ဆာကြောင့်သေဆုံးရန် သုံးရက်အလိုတွင် ချစ်သူ၏သစ္စာဖောက်ကာ စွန့်ပစ်ခြင်းကို ခံခဲ့ရသည်။ ထိုအချိန်မှာပင် တုန်လှုပ်ချောက်ချားဖွယ်နယ်မြေများ၏ ခန့်ခွဲသူ ဆာရာရောက်လာပြီး သူ့ကို နယ်မြေများဖန်တီးရန် ရွေးချယ်ခဲ့လေ၏။ သူဖန်တီးခဲ့သော နယ်မြေများအနက်...။ ပထမနယ်မြေ... အထက်တန်းနောက်ဆုံးနှစ်နယ်မြေ 'ဒီနယ်မြေရဲ့ နာမည်က အထက်တန်းနောက်ဆုံးနှစ်ပဲ... မင်းတို့အားလုံးက ငါးလတိတိ စာသင်ရမယ်... ပြီးတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ထိပ်ဆုံးငါးယောက်စာရင်းဝင်မှ ဆုလာဘ်တွေရရှိပြီး နယ်မြေထဲကနေ ထွက်ခွာနိုင်လိမ့်မယ်...' ဒုတိယနယ်မြေ... စက်ရုံထုတ်လုပ်မှုလိုင်း... 'ဝိညာဉ်ကို လိုက်လံရှာဖွေပြီး အသက်ကို နှုတ်ယူမယ့် စက်ရုံထုတ်လုပ်မှုလိုင်း... မှောင်မိုက်ပြီး မှုန်ကုပ်ကုပ်ဖြစ်နေတဲ့ တစ္ဆေအလုပ်ရုံ..' အသက်ရှင်ခြင်းနဲ့ သေခြင်းတရား သံသရာထဲက နေ့ဆိုင်းနဲ့ ညဆိုင်း... အဆုံးမရှိတဲ့ တိတ်ဆိတ်မှုထဲမှာ အိပ်ရေးပျက် အစားပျက်နဲ့... အပိုကြေးမရဘဲ အချိန်ပိုဆင်းရမယ်... မနက်ဖြန်ကျရင် ပုံးကိုထမ်းပြီး ထွက်ပြေးရမယ်... ပထမဆုံး မြင်လိုက်ချိန်မှာ 'ပုံးကိုထမ်းခြင်း' ရဲ့ အဓိပ္ပာယ်ကို မသိပေမဲ့... နောက်တစ်ခါ ထပ်မြင်ရတဲ့အချိန်မှာတော့ မင်းကိုယ်တိုင်က ပုံးကိုထမ်းနေတဲ့သူ ဖြစ်နေပြီ...' တတိယနယ်မြေ....။

