← Chapters

အခန်း ၉၈

Vol. 10 Ch. 98

အခန်း ၉၈

Vol. 10 Ch. 98

အခန်း (၉၈) ယှဉ်ပြိုင်၍မရသော ဂုဏ်ကျက်သရေ... အဆင့်မြင့် ဖန်တီးသူအဖြစ် ရာထူးတိုးမြှင့်ခြင်း

【စက်ရုံထုတ်လုပ်မှုလိုင်း နယ်မြေ ပြီးဆုံးသွားပါပြီ... အကဲဖြတ်မှု စတင်နေပါပြီ...】

အေးစက်သော စနစ်အသိပေးသံက စီမံခန့်ခွဲမှု ဟင်းလင်းပြင်အတွင်း ပဲ့တင်ထပ်သွားသည်။

အချက်အလက်မျက်နှာပြင် ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး နယ်မြေ၏ တရားဝင်ပြီးဆုံးမှုကို အမှတ်အသားပြုနေသည်အားကြည့်ရင်း ဆာရာသည် အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် ကခုန်လုနီးပါး ဖြစ်နေလေ၏။ သူမသည် ပင်မထိန်းချုပ်ရေးစက် နံဘေးပတ်လည်တွင် ပျံဝဲနေပြီး သူမ၏ နီရဲသော မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ တောက်ပနေသည်။

"ပြီးသွားပြီ....နောက်ဆုံးတော့ ပြီးသွားပြီ...ချန်လန်... နင် မြင်လား... ဒီစက်ရုံထုတ်လုပ်မှုလိုင်းနယ်မြေက အထက်တန်းနောက်ဆုံးနှစ်ထက် အများကြီးပိုအစွမ်းထက်တယ်....ပြီးခဲ့တဲ့ ငါးလအတွင်းမှာ ငါတို့ အနုတ်လက္ခဏာစွမ်းအင် ဘယ်လောက်တောင် စုဆောင်းနိုင်ခဲ့လဲဆိုတာ နင် စိတ်ကူးတောင် ယဉ်နိုင်မှာ မဟုတ်ဘူး..."

သူမ၏စကားများကြောင့် ချန်လန်က မျက်ခုံးပင့်ရုံသာ ပြုလုပ်လိုက်သည်။ ဤကာလအတွင်း သူသည် 【ချေးငွေ】နယ်နြေကို စိတ်ကူးဖန်တီးခြင်းနှင့် ရှင်းလန်အဖွဲ့ကို စီမံခန့်ခွဲခြင်းတို့ဖြင့် အလုပ်ရှုပ်နေခဲ့လေ၏။ သူသည် စက်ရုံထုတ်လုပ်မှုလိုင်း၏ တိကျသော လည်ပတ်မှုများကို သိပ်ဂရုမစိုက်ခဲ့ဘဲ ဆာရာ့ကိုသာ အကောင်အထည်ဖော်ရန် လွှဲအပ်ထားခဲ့ကာ သူ၏ အကျိုးအမြတ် ခွဲဝေမှုများကို အချိန်မီ လွှဲပြောင်းပေးရန်သာ တောင်းဆိုခဲ့သည်။

"အိုး... ဘယ်လောက်လဲ..."

သူ၏ မျက်လုံးများတွင် စိတ်ဝင်စားမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူက ခပ်ပြတ်ပြတ်လေသံဖြင့် မေးလိုက်သည်။

ဆာရာသည် ကမ္ဘာကြီးကို တုန်လှုပ်သွားစေမည့် သတင်းတစ်ခုကို ကြေညာတော့မည့်အလား အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး အော်ပရာဆန်လုနီးပါး လေသံဖြင့် ပြောဆိုလိုက်သည်။

"တကယ်လို့ အထက်တန်းနောက်ဆုံးနှစ်နယ်မြေကို ငါးလ လည်ပတ်တာက အနုတ်လက္ခဏာစွမ်းအင် သုံးသိန်း အများဆုံး စုဆောင်းနိုင်တယ်လို့ ငါတို့ ပြောမယ်ဆိုရင်... စက်ရုံထုတ်လုပ်မှုလိုင်း နယ်မြေကတော့..."

သူမသည် သူမ၏အသံကို တမင်သက်သက် ဆွဲဆန့်လိုက်ပြီး ပုံရိပ်ယောင်မျက်နှာပြင်ပေါ်ရှိ ထင်ရှားသော အနီရောင် ကိန်းဂဏန်းကို ညွှန်ပြလိုက်၏။

"အဲ့ဒါက တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာ တစ်ခုလုံးအတွက် စံချိန်သစ်တစ်ခု တင်လိုက်ပြီ...."

"ငါးလအတွင်းမှာ... အနုတ်လက္ခဏာစွမ်းအင် ရှစ်သိန်းအပြည့် စုဆောင်းနိုင်ခဲ့တယ်...အဲ့ဒါက အထက်တန်းနောက်ဆုံးနှစ်ထက် ငါးသိန်းတောင် ပိုများတာ..."

ရှစ်သိန်း.... အထက်တန်းနောက်ဆုံးနှစ်ထက် ငါးသိန်း ပိုများတယ်လား....

ချန်လန်ပင်လျှင် ဤကိန်းဂဏန်းကြောင့် အံ့အားသင့်သွားသည့် အရိပ်အယောင်ကို ပြသခဲ့သော်လည်း စိတ်ကျေနပ်မှုအဖြစ်သို့ လျှင်မြန်စွာ ပြောင်းလဲသွားသည်။

သူ တွေးထင်သည့်အတိုင်းပင် စက်ရုံထုတ်လုပ်မှုလိုင်း နယ်မြေသည် သူ့ကို စိတ်ပျက်မစေခဲ့ချေ။ အစကတည်းက ဤနယ်မြေသည် အထက်တန်းနောက်ဆုံးနှစ်ကို ကျော်လွန်နိုင်မည်ဟု ယုံကြည်ကာ သူ ကြီးမားသော မျှော်လင့်ချက်များ ထားရှိခဲ့လေ၏။

မည်သို့ပင်ဖြစ်စေ စက်ရုံထုတ်လုပ်မှုလိုင်းသည် လူအများအပြားအတွက် ပို၍ဆင်းရဲဒုက္ခရောက်စေပြီး မျှော်လင့်ချက်မဲ့စေသည်။ အထက်တန်းနောက်ဆုံးနှစ်နှင့် နှိုင်းယှဉ်လျှင် ဤသည်က အဆုံးမရှိသကဲ့သို့ ခံစားရသော မျှော်လင့်ချက်မဲ့မှုတစ်မျိုးကို ပိုင်ဆိုင်ထားသည်။

ထို့ပြင် ကြာချိန်ကို ငါးလဟု သူ တမင်သက်သက် သတ်မှတ်ထားခဲ့ခြင်းပင်။ ဤငါးလသည် တက်ကြွမှု၊ စိတ်အားထက်သန်မှုနှင့် သွေးပူမှုများ ပြည့်နှက်နေသော လူတစ်ဦးကို တွေးခေါ်မှုကင်းမဲ့ပြီး အလုပ်သာ လုပ်နိုင်သော ထုံကျင်ကာ မျှော်လင့်ချက်မဲ့နေသည့် စက်ရုပ်တစ်ရုပ်အဖြစ်သို့ ချိုးဖျက်ပစ်ရန် အတိအကျ လုံလောက်ပေ၏။

အဘယ်ကြောင့်ဆိုသော် ဤကာလထက် ပို၍ကြာမြင့်ပါက ကစားသမားများသည် ထုံကျင်မှုများသာ ကျန်ရှိတော့မည်ဖြစ်ပြီး အနုတ်လက္ခဏာစွမ်းအင်များကို များများစားစား ထုတ်လုပ်ပေးနိုင်တော့မည် မဟုတ်ခြင်းကြောင့်ပင်။ ထိုအချိန်ကျပါက သူသည် ကစားသမားသစ်များ အဆက်မပြတ် ဝင်ရောက်လာမှုအပေါ် မှီခိုရပေမည်။

ယခုချိန်၌ သူသည် အကဲဖြတ်မှုကို စောင့်ဆိုင်းပြီး နောက်ဆုံး အပြောင်းအလဲများ မပြုလုပ်မီ အခွင့်အာဏာ မည်မျှထိများများ ရရှိနိုင်မည်ကို ကြည့်ရှုရပေမည်။

ထိုအချိန်၌ ချန်လန်နှင့်ဆာရာတို့၏ လက်ထဲသို့ ဖိတ်စာနှစ်စောင် ရောက်ရှိလာလေ၏။ နောက်ထပ် အောင်ပွဲခံ အခမ်းအနားတစ်ခုပင်။

"နောက်တစ်ခါလား... SSSအဆင့် နယ်မြေတစ်ခု မွေးဖွားလာတိုင်း ဒါကို ကျင်းပတာလား..."

ချန်လန်က ဇဝေဇဝါဖြင့် မေးလိုက်သည်။

"အင်း... တစ္ဆေတွေအများကြီး နင့်ကို မနာလိုဖြစ်နေကြလိမ့်မယ်လို့ ငါ ထင်တယ်..."

ဆာရာက ရယ်မောရင်း ပြောဆိုသည်။

"ဟူး... ရွေးချယ်စရာ မရှိဘူးထင်တယ်... သွားကြတာပေါ့..."

အချိန်တခဏအတွင်း ချန်လန်နှင့်ဆာရာတို့ ပျောက်ကွယ်သွားကြ၏။

...

တစ်ချိန်တည်းမှာပင် တုန်လှုပ်ချောက်ချာူဖွယ်ကမ္ဘာ၏ နေရာတိုင်းတွင် အစွမ်းထက်သော တစ္ဆေများစွာရှေ့၌ တူညီသော ဖိတ်စာများ ထွက်ပေါ်လာသည်။

ပုပ်ဟောင်နေသော အသားများ၊ လိမ်ကောက်နေသော အရိုးများဖြင့် တည်ဆောက်ထားသည့် ရဲတိုက်တစ်ခု၏ အနက်ရှိုင်းဆုံးနေရာမှ မနာလိုမှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသော ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။

"သောက်ကျိုးနည်း...ချန်လန်ဆိုတဲ့ အဲ့ဒီလူသားက နောက်ထပ် SSSအဆင့် နယ်မြေတစ်ခုကို ဖန်တီးခဲ့ပြန်ပြီလား...သူက SSSအဆင့်ကို ဘာလို့ ထင်နေတာလဲ...လမ်းဘေးကနေ အလွယ်တကူ ကောက်ရနိုင်တဲ့ အရာတစ်ခုလို့ ထင်နေတာလား.."

မျှော်လင့်ချက်မဲ့မှု မျက်ရည်များဖြင့် ထာဝရ တလိမ့်လိမ့်ထနေသော သမုဒ္ဒရာတစ်ခု၏ အလယ်ဗဟိုတွင် ဧရာမပုံရိပ်ကြီးတစ်ခုသည် ရေများကို လှုပ်ခတ်စေခဲ့ပြီး ထိုင်းမှိုင်းသော စိတ်ပိုင်းဆိုင်ရာ စွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်၏။

"စံချိန်ချိုးသွားတဲ့ စက်ရုံထုတ်လုပ်မှုလိုင်းနယ်မြေ... ဒီလူသားကို လုံးဝဆက်ထားလို့ မရတော့ဘူး....သူ့ရဲ့ တည်ရှိနေမှုက ဟန်ချက်ညီမှုကို ပျက်စီးစေလိမ့်မယ်..."

"သူ့ရဲ့ အရင် အထက်တန်းနောက်ဆုံးနှစ်က အဲ့ဒီလူသုံးယောက်ရဲ့ အာရုံစိုက်မှုကို ရခဲ့ပြီးပြီလို့ ငါ ကြားတယ်"

"ဒီတစ်ကြိမ်မှာ သူက ပိုပြီးရက်စက်တဲ့ စက်ရုံထုတ်လုပ်မှုလိုင်းနယ်မြေကို ဖန်တီးခဲ့တယ်... သူ့ကို ဒီလိုဆက်ပြီး ကစားခွင့်ပေးထားရင် ငါတို့လို ဝါရင့်ကြီးတွေက မျက်နှာ ဘယ်နားသွားထားရမှာလဲ..."

"သူက ရှင်းလန် ဆိုတဲ့ အဖွဲ့တစ်ခုကိုတောင် စတင်ဖွဲ့စည်းပြီးတော့ လူတွေ စုဆောင်းနေတယ်လို့ ထင်ရတယ်..."

"ဟက်... တောအုပ်ထက် ပိုမြင့်တဲ့ သစ်ပင်က လေတိုက်လို့ ပျက်စီးသွားမှာပဲ... သူ ဘယ်လောက်ကြာကြာ မောက်မာနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့..."

မနာလိုမှု၊ သတိထားမှု၊ သတ်ဖြတ်လိုစိတ်စသည့် အမျိုးမျိုးသော အနုတ်လက္ခဏာ စိတ်ခံစားမှုများသည် ဖိတ်စာများကို လက်ခံရရှိသော တစ္ဆေများကြားတွင် ပျံ့နှံ့သွားလေ၏။

လူသားတစ်ဦးအနေဖြင့် SSSအဆင့် နယ်မြေနှစ်ခုကို ဆက်တိုက် ဖန်တီးနိုင်ခဲ့ပြီး ထိုအရာများအနက်မှ တစ်ခုသည် စံချိန်တင်သည့် နယ်မြေဖြစ်နေသည်။ ချန်လန်၏ကြယ်ပျံတစ်စင်းကဲ့သို့ မြင့်တက်လာမှုက သူတို့အားလုံးကို မနာလို ဖြစ်သွားစေခဲ့သည်။

ဒီကောင်လေးသာ မသေရင် အဲ့ဒါက ကောင်းကင်ဘုံရဲ့ ဥပဒေတွေကို ချိုးဖောက်ရာကျလိမ့်မယ်...

သူတို့ တွေးတောလိုက်ကြသည်။

သို့သော် အခြေအနေအရ သူတို့သည် ဖိတ်စာများကို လက်ခံခဲ့ကြပြီး အောင်ပွဲခံ အခမ်းအနားသို့ တစ်ကောင်ပြီးတစ်ကောင် ရောက်ရှိလာခဲ့ကြ၏။

...

အောင်ပွဲခံ အခမ်းအနား၌...

ချန်လန်နှင့်ဆာရာတို့သည် ရင်းနှီးကျွမ်းဝင်သော အောင်ပွဲခံ အခမ်းအနား၌ ထွက်ပေါ်လာသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုတစ္ဆေများသာ ဖြစ်နေဆဲဖြစ်သော်လည်း ဤတစ်ကြိမ်တွင် မျက်နှာသစ်အများအပြား ထပ်တိုးလာခဲ့သည်။

ဤတစ်ကြိမ်တွင် စွမ်းအင်အလင်းတန်း လမ်းကြောင်းတစ်ခုက ချန်လန်၏ရှေ့တွင် စုစည်းလာပြီး ထိုလမ်းကြောင်း၏အဆုံးတွင် ပလ္လင်တစ်ခု ရှိနေလေ၏။

စွမ်းအင်လမ်းကြောင်း၏ ဘယ်နှင့် ညာတွင် တစ္ဆေများသည် သူတို့၏လေးစားမှုကို ပြသရန် သတိအနေအထားဖြင့် ရပ်နေသကဲ့သို့ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာကြသည်။

ချန်လန်နှင့် ဆာရာတို့သည် ပလ္လင်ဆီသို့ ဦးတည်နေသော စွမ်းအင်လမ်းကြောင်းပေါ်သို့ ခြေချလိုက်ချိန်၌ ကမ္ဘာမြေ၏စည်းမျဉ်းများ ပဲ့တင်ထပ်မှုကြောင့် ဖြစ်ပေါ်လာပုံရသော ကြီးကျယ်ခမ်းနားသည့် ကြေညာချက်တစ်ခုသည် အောင်ပွဲခံ ဟင်းလင်းပြင်ကို ဖြတ်သန်းကာ မြည်ဟီးလာသည်။

【ချန်လန်မှ ဒုတိယမြောက် SSSအဆင့်နယ်မြေဖြစ်သည့် 'စက်ရုံထုတ်လုပ်မှုလိုင်း' ကို ဖန်တီးနိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါသည်】

ထိုအသံ ပျောက်ကွယ်သွားသည်နှင့် ယခင်တစ်ကြိမ်ကထက် ပို၍ပြင်းထန်ပြီး ရှုပ်ထွေးသော အကြည့်များသည် ချန်လန်အပေါ်သို့ အာရုံစိုက်လာကြ၏။

တစ္ဆေတချို့၏အကြည့်များတွင် သန့်စင်သော လေးစားအားကျမှုနှင့် ချီးကျူးမှုများ ရှိနေသည်။ မည်သို့ပင်ဆိုစေကာမူ SSSအဆင့် နယ်မြေနှစ်ခုကို ဆက်တိုက်ဖန်တီးနိုင်ခြင်းက သူ၏အရည်အချင်းကို ငြင်းဆို၍မရနိုင်ကြောင်း သက်သေပြနေသည်။

တစ္ဆေအချို့ကမူ ဖုံးကွယ်ထားခြင်းမရှိသော လောဘနှင့် လိုချင်တပ်မက်မှုများဖြင့် ကြည့်နေပြီး သူ့ကို ပစ်မှတ်ထားခြင်းဖြစ်စေ သူ၏ စံချိန်တင်နယ်မြေမှ ကိုယ်စားပြုသော ကြီးမားသည့် အကျိုးအမြတ်များကို ပစ်မှတ်ထားခြင်းဖြစ်စေ ဖြစ်နိုင်ပေ၏။

သို့သော် ထို့ထက်ပို၍ အဖြစ်များသောအရာမှာ နက်ရှိုင်းသော အကဲခတ်မှု၊ အေးစက်သော တွက်ချက်မှုနှင့် ငုပ်လျှိုးနေသော ရန်လိုမှုတို့ပင်။

ဤတစ်ကြိမ်အခြေအနေသည် ယခင်အကြိမ်နှင့် လုံးလုံးလျားလျား ကွာခြားနေကြောင်းကို ချန်လန် ရှင်းလင်းစွာ ခံစားမိသည်။

ယခင်တစ်ကြိမ်က သူ့ကို အလားအလာတချို့ရှိသော ကံကောင်းသည့် လူသစ်တစ်ဦးအဖြစ်သာ သူတို့အာူလုံး ရှုမြင်ခဲ့ကြသည်။

ယခုတစ်ကြိမ်တွင်မူ သူသည် စစ်တုရင်ခုံပေါ်ရှိ ကစားသမားတစ်ဦး၏ နေရာတွင် ထားရှိခြင်း ခံလိုက်ရလေပြီ။ ထိုသို့မဟုတ်ပါက ပို၍မှန်ကန်အောင် ပြောရလျှင် သူသည် အလေးအနက်ထား၍ ဖမ်းယူရန် ထိုက်တန်သော သားကောင် တစ်ကောင်အဖြစ် သတ်မှတ်ခံလိုက်ရခြင်းပင်။

ထောင်ပေါင်းများစွာသော အကြည့်များကို ခံယူရင်း စွမ်းအင်လမ်းကြောင်း၏အလယ်သို့ ချန်လန်က တည်ငြိမ်သော ခြေလှမ်းများဖြင့် လျှောက်လှမ်းသွားစဉ်တွင် သူ၏ အမူအရာသည် တည်ငြိမ်နေဆဲပင်။

ဆာရာသည် သူ၏နောက် ခြေလှမ်းဝက်ခန့်အကွာမှ လိုက်ပါလာပြီး သူမ၏ နီရဲသော မျက်လုံးများသည် ပတ်ဝန်းကျင်ကို သတိဝီရိယဖြင့် ဝေ့ဝိုက်၍ ကြည့်နေလေ၏။ အလွန်မသိသာသော်လည်း မကောင်းသော ရည်ရွယ်ချက်ရှိသည့် စွမ်းအင်လှိုင်းအနည်းငယ်က ချန်လန်ကို ချိတ်ပိတ်ထားကြောင်း သူမ ခံစားမိသည်။

ထိုအချိန်၌ မကျယ်လောင်သော်လည်း ရှင်းလင်းသော ဆိုးယုတ်သည့် အသံတစ်သံက ချန်လန်၏ နားထဲသို့ ဝင်ရောက်လာသည်။

"လူသား... မင်းရဲ့ ကံတရားက... အမြဲတမ်း ဒီလောက် ကောင်းနေမှာ မဟုတ်ဘူး... ပိုမြင့်တဲ့နေရာကို ရောက်လေလေ... ပိုပြီးပြင်းပြင်းထန်ထန် ပြုတ်ကျလေပဲ..."

ချန်လန် လှည့်ကြည့်လိုက်သည်။ ဤသည်မှာ ယခင်က အစည်းအဝေးခန်းတွင် ထွက်ပေါ်လာခဲ့သော ထိုအရိုးစု ဖြစ်နေသည်။ သူသည် အဆင့်မြင့် ဖန်တီးသူ တစ်ဦးဖြစ်ပြီး တုန်လှုပ်ချောက်ချားနတ်ဘုရား၏ လက်အောက်ငယ်သားပင်။

"အိုး... ဒါဆိုရင် ငါ့ကို တားဖို့ ကြိုးစားကြည့်လေ..."

ချန်လန်က အေးစက်စက် လှောင်ပြုံးပြုံးလိုက်ပြီး အမြင့်ဆုံးပလ္လင်ဆီသို့ ခြေတစ်လှမ်းချင်း လျှောက်သွားကာ ထိုအရာပေါ်တွင် ခိုင်မာစွာ ထိုင်လိုက်၏။

'စက်ရုံထုတ်လုပ်မှုလိုင်း နယ်မြေက သမိုင်းသစ်ကို ဖန်တီးခဲ့ပြီး သမိုင်းတလျှောက် အနုတ်လက္ခဏာစွမ်းအင် အများဆုံး စုဆောင်းနိုင်တဲ့ ပထမဆုံး နယ်မြေ ဖြစ်လာခဲ့တယ်'

'SSSအဆင့် နယ်မြေတစ်ခု ဖန်တီးနိုင်ခဲ့တဲ့အတွက် ဆုလာဘ်တစ်ခု ချီးမြှင့်မယ်.... ဒါက တုန်လှုပ်ချောက်ချားနတ်ဘုရားဝတ်ရုံပဲ...'

'ဒီဝတ်ရုံက အထွတ်အထိပ်အဆင့် တစ္ဆေဘုရင် အဆင့်မှ တိုက်ခိုက်မှုအားလုံးကို ခုခံနိုင်စွမ်းရှိတယ်...】

【SSSအဆင့် နယ်မြေနှစ်ခု ဖန်တီးနိုင်ခဲ့ပြီး​တော့ အဆုံးမရှိတဲ့ အလားအလာတွေကို ပြသနိုင်ခဲ့တဲ့အတွက် အဆင့်မြင့်ဖန်တီးသူအဖြစ် ချွင်းချက်အနေဖြင့် ရာထူးတိုးမြှင့်ပေးလိုက်ပြီ...】

【ချန်လန်က အဆင့်မြင့် ဖန်တီးသူ ဖြစ်လာပြီးတော့ ပထမဆုံး လူသား အဆင့်မြင့်ဖန်တီးသူ ဖြစ်လာတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်တယ်】

အဆင့်မြင့် ဖန်တီးသူ....

ပထမဆုံး လူသား အဆင့်မြင့် ဖန်တီးသူ...

ဤဆက်တိုက် ကြေညာချက်များသည် အောင်ပွဲခံ အခမ်းအနား နေရာအထက်တွင် ပေါက်ကွဲထွက်သွားသော မိုးကြိုးများကဲ့သို့ ဖြစ်နေပေ၏။

ရှုပ်ထွေးသော အကြည့်များဖြင့် ပြည့်နှက်နေခဲ့သော နေရာသည် ချက်ချင်းဆိုသလိုပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

"ချွင်းချက်အနေနဲ့ ရာထူးတိုးတာလား...."

All Chapters