← Chapters

အခန်း ၅၅

Vol. 6 Ch. 55

အခန်း ၅၅

Vol. 6 Ch. 55

အခန်း (၅၅) နိုင်ငံခြားသားများအားလုံး အထက်တန်းနောက်ဆုံးနှစ်တွင် ပါဝင်ခြင်း

ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာ..

အထက်တန်းနောက်ဆုံးနှစ် နယ်မြေ တရားဝင် စတင်ခြင်းနှင့်အတူ ကမ္ဘာတဝှမ်းရှိ လူများကို ရွေးချယ်နိုင်လေပြီ။

ဟွာရှား၌...

အလုပ်ချိန် ပြီးဆုံးသွားသဖြင့် ဘာစားရမည်ကို စဉ်းစားနေသော အလုပ်သမားတစ်ဦး၏ မျက်စိရှေ့တွင် ပုံရိပ်ယောင်မျက်နှာပြင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

【သင်သည် တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေ အထက်တန်းနောက်ဆုံးနှစ်သို့ ဝင်ရောက်ရန် ရွေးချယ်ခံရပါသည်】

အသိပေးချက်ကို မြင်လိုက်ရသည်နှင့် တပြိုင်နက် အမျိုးသားသည် ထိတ်လန့်တကြား မတ်တပ်ရပ်လိုက်၏။

"ငါက ဘာလို့လဲ..."

အနီးနားရှိ တခြားသူများ ကြောင်​တောင်တောင် ဖြစ်သွားကြသော်လည်း အမျိုးသား၏ လက်မောင်းပေါ်တွင် တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေများ၏ ထူးခြားသော ဦးခေါင်းခွံအမှတ်အသား ထွက်ပေါ်လာသည်ကို မကြာမီ သတိပြုမိသွားကြပြီး အံ့အားသင့်သွားသည်။

"ရှောင်လင် ရွေးချယ်ခံရတယ်..."

"အဲ့ဒါက တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေပဲ..."

"သောက်ကျိုးနည်း... ကံဆိုးလိုက်တာ..."

နယ်မြေတစ်ခုအတွက် ရွေးချယ်ခံရခြင်းသည် သေဆုံးသွားခြင်းနှင့် လုံးလုံးလျားလျား မကွာခြားသဖြင့် လူတိုင်း သနားသွားကြသည်။

နောက်တစ်စက္ကန့်တွင် အမျိုးသားသည် ထိုနေရာမှာပင် ပျောက်ကွယ်သွားပြီး နယ်မြေထဲသို့ ဝင်ရောက်သွားသည်။

အလားတူ အဖြစ်အပျက်များသည် နိုင်ငံတစ်ဝှမ်းလုံးတွင် ဖြစ်ပွားနေပေ၏။

စာသင်နေသော ဆရာတစ်ဦးသည် သူ၏ ကျောင်းသားများရှေ့တွင် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ အမှတ်အသား ထွက်ပေါ်လာသည်နှင့် တပြိုင်နက် သူ လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီး ထိတ်လန့်ကာ စိတ်ရှုပ်ထွေးနေသော ကျောင်းသားများကိုသာ ချန်ထားရစ်ခဲ့သည်။

"ဟင့်အင်း... ငါ့ကို မရွေးပါနဲ့... ငါ မသေချင်ဘူး..."

"ဒါက ဘယ်လို နယ်မြေမျိုးလဲ... အထက်တန်းနောက်ဆုံးနှစ်ဆိုတာ ဘာလဲ... ငါ မသွားချင်ဘူး..."

"ဖေဖေ... မေမေ... သား တောင်းပန်ပါတယ်... သားကို နောက်တစ်ခါ မြင်ရတော့မှာ မဟုတ်ဘူး..."

"ဝါး... ငါ အသက်ရှင်ရတာ မဝသေးဘူး..."

လယ်ကွင်းထဲတွင် အလုပ်လုပ်နေသော လယ်သမားများ၊ စာသင်ခန်းများအတွင်းရှိ ကျောင်းသားများ၊ စစ်တန်းလျားများရှိ စစ်သားများ...

ထိုအချိန်က သူတို့ ဘာလုပ်နေသည်ဖြစ်စေ လူငါးသောင်း၏ ပုံရိပ်များသည် ရုတ်တရက် ဝါးတားတားဖြစ်သွားပြီး လက်တွေ့ကမ္ဘာမှ အတင်းအကျပ် ဆွဲထုတ်ခံလိုက်ရကာ "အထက်တန်းနောက်ဆုံးနှစ်" ဟု အမည်ရသော ထိုSSSအဆင့် တုန်လှုပ်ချောက်ချားဖွယ်နယ်မြေထဲသို့ ပစ်သွင်းခံလိုက်ရလေ၏။

ထို့ပြင် ဟွာရှားလူမျိုးများသာ ရွေးချယ်ခံရခြင်း မဟုတ်ချေ။ နိုင်ငံခြားသား ဆယ်ပေါင်းများစွာပင်လျှင် 【အထက်တန်းနောက်ဆုံးနှစ်】သို့ ဝင်ရောက်ရန် ရွေးချယ်ခြင်းခံခဲ့ရသည်။

မရေမတွက်နိုင်သော တခြားသူများ၏ မျက်မြင်တွေ့ရှိမှုအောက်တွင် လူငါးသောင်း ရွေးချယ်ခံရခြင်း...

တုန်လှုပ်ချောက်ချားဖွယ် မြေအောက်အကျဥ်းထောင်နယ်မြေက လူများကို ထပ်မံရွေးချယ်လိုက်ပြီဆိုသော သတင်းသည် အင်တာနက်တခွင်လုံး၌ လျှင်မြန်စွာ ပျံ့နှံ့သွားသည်။

"ကျေးဇူးပြုပြီး ငါ့ရဲ့သားကိုတော့ မရွေးပါစေနဲ့..."

"သွားပြီ... ငါ့ရဲ့သူငယ်ချင်း ရွေးချယ်ခံရတယ်... သူ နယ်မြေထဲ ဝင်သွားပြီ... သူ အသက်ရှင်ရက် ပြန်ထွက်လာနိုင်ပါ့မလား မသိဘူး..."

"စိတ်မကောင်းပါဘူး... နယ်မြေထဲ ဝင်သွားတဲ့ သူတွေထဲက အသက်ရှင်ရက် ပြန်ထွက်လာတဲ့သူက အခြေခံအနေနဲ့ တစ်ယောက်မှ မရှိသလောက်ပဲ..."

တစ်ချိန်တည်းမှာပင် ဟွာရှား၏ အဆင့်မြင့်အရာရှိများသည် သတင်းကို ရရှိခဲ့ပြီး 【အထက်တန်းနောက်ဆုံးနှစ်】နှင့် ပတ်သက်သော အချက်အလက်များကို အွန်လိုင်းတွင် အလျင်အမြန် ထုတ်ပြန်ခဲ့လေ၏။

【ယခု ရွေးချယ်လိုက်သော နယ်မြေသည် 【အထက်တန်းနောက်ဆုံးနှစ်】ဟု အမည်ရသော SSS-အဆင့် နယ်မြေတစ်ခု ဖြစ်သည်။ သေဆုံးမှု သတ်မှတ်ချက် မရှိသလို ဆုလာဘ်များလည်း အလွန်များပြားသည်။ လက်ရှိတွင် လူငါးဦး ရှင်းလင်းနိုင်ခဲ့သည်...】

တစ်နိုင်ငံလုံးရှိ လူများသည် နောက်ဆုံးပေါ် SSSအဆင့် နယ်မြေ 【အထက်တန်းနောက်ဆုံးနှစ်】နှင့် ပတ်သက်သော အချက်အလက်များအားလုံးကို မြင်တွေ့လိုက်ရချိန်၌ ချက်ချင်း အံ့အားသင့်သွားကြသည်။

သေဆုံးမှု သတ်မှတ်ချက် မရှိဘူး....ပြီးတော့ SSSအဆင့် နယ်မြေလည်း ဖြစ်တယ်...အဲ့ဒီအပြင် လူငါးယောက်တောင် ရှင်းလင်းပြီးသွားပြီတဲ့လား... နယ်မြေက တော်တော်လေး လွယ်ကူတဲ့ပုံ ပေါက်နေတာပဲ...

သူတို့ တွေးတောလိုက်ကြသည်။

"သောက်ကျိုးနည်း... အဲ့ဒါက တကယ်ကြီးလား... သေဆုံးမှု သတ်မှတ်ချက် မရှိဘဲ စာသင်ရုံနဲ့ ရှင်းလင်းလို့ရတဲ့ နယ်မြေတဲ့လား..."

"ကြည့်ရတာ အရမ်းကို လွယ်ကူလွန်းနေတယ်... စာသင်ရုံလေးပဲ... ဘယ်လောက်တောင် ကြောက်စရာကောင်းနိုင်လို့လဲ... အလွန်ဆုံး နည်းနည်းပင်ပန်းရုံပေါ့..."

"ဒီလို နယ်မြေမျိုးက SSSအဆင့် ဖြစ်နိုင်တာလား... ဒါက ကောင်းကင်ဘုံက ပေးတဲ့ လက်ဆောင်ပဲ ဖြစ်ရမယ်..."

"ဖန်တီးသူက ကမ္ဘာမြေကများ ဖြစ်နေမလား... ဘာပဲဖြစ်ဖြစ် အထက်တန်းနောက်ဆုံးနှစ်ဆိုတာ ငါတို့ ဂြိုဟ်မှာပဲရှိတဲ့ သီးသန့်အရာတစ်ခု မဟုတ်ဘူးလား..."

"ငါ အရမ်းမနာလိုဖြစ်တာပဲ... အဲ့ဒီလူတွေက အရမ်း အဆင်ပြေမှာပဲ... ဒီလောက် ရိုးရှင်းတဲ့အရာလေး လုပ်ရုံနဲ့ သူတို့ ချမ်းသာကြွယ်ဝတဲ့ ဆုလာဘ်တွေ ရနိုင်တယ်... ငါရော သွားလို့ ရမလား..."

"ကျေးဇူးပြုပြီး ငါ့ရဲ့သားကို ရွေးချယ်ပါစေ... သူရဲ့ဘဝကို ပြောင်းလဲနိုင်မလား ဆိုတာက အဲ့ဒီနယ်မြေအပေါ်မှာ မူတည်နေတယ်..."

"ဟားဟားဟား... ငါ့ရဲ့အဖေ ရွေးချယ်ခံရတယ်... နောက်ဆုံးတော့ သူ အောင်မြင်လာမယ်ဆိုတဲ့ ငါ့ရဲ့ အိပ်မက်တွေ ပြည့်ဝတော့မယ်..."

နယ်မြေ၏ အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ပြီးသည်နှင့် တစ်ပြိုင်နက် ပြည်သူများ၏အမြင်သည် ချက်ချင်းဆိုသလိုပင် ပြောင်းပြန်ဖြစ်သွားတော့သည်။

အစပိုင်းတွင် ကမ္ဘာလုံးဆိုင်ရာ ကြောက်ရွံ့မှုမှ လက်ရှိ ကမ္ဘာလုံးဆိုင်ရာ လိုလားတောင့်တမှုအထိ SSSအဆင့် နယ်မြေသည် ကြောက်မက်ဖွယ် မကောင်းတော့ဘဲ လူများတောင့်တသော နိဗ္ဗာန်ဘုံတစ်ခု ဖြစ်လာပုံရလေ၏။

သေဆုံးမှု သတ်မှတ်ချက် မရှိခြင်း၊ ရှင်သန်နိုင်စွမ်း ၁၀၀ ရာခိုင်နှုန်း ရှိခြင်းနှင့် ထွက်ခွာလာချိန်၌ မြင့်မားသော ဆုလာဘ်များ ရရှိနိုင်ခြင်း...

ဤသည်မှာ မရေမတွက်နိုင်သောလူများ အိပ်မက်မက်ခဲ့သည့် နယ်မြေပင်။

ဤကဲ့သို့နယ်မြေမျိုးသည် ဘဝတွင် တစ်ခါသာ ကြုံတွေ့နိုင်သော အခွင့်အရေးတစ်ခုဖြစ်သည်။

နယ်မြေသည် အမှန်တကယ် မည်သို့ဖြစ်နေမည်ကိုမူ သူတို့ ဂရုမစိုက်ကြချေ။ စာသင်ရုံသက်သက်ဖြစ်သဖြင့် မည်သည့်အခက်အခဲမှ မရှိနိုင်ဟု သူတို့ တွေးတောလိုက်ကြသည်။

...

နယ်မြေကမ္ဘာ၌...

နေရာတစ်ထောင်ဖြင့် စုစုပေါင်း စာသင်ခန်းတစ်ထောင်ကို ဖန်တီးခဲ့လေ၏။

ယခုအချိန်၌ တုန်လှုပ်ချောက်ချားဖွယ် အထက်တန်းကျောင်းသည် စစ်မှန်သော အဓိပ္ပာယ်ဖြင့် အထက်တန်းကျောင်းတစ်ကျောင်းကဲ့သို့ ခံစားလာရလေပြီ။

ချန်လန်သည် လူငါးဆယ်စီ ပြည့်နေသော စာသင်ခန်းများကို ပြသနေသည့် ပုံရိပ်ယောင်မျက်နှာပြင်များကို ကြည့်ကာ သူ၏နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။

ပြပွဲ စတင်လေပြီ။

အချိန်ရောက်လာချိန်၌ တစ္ဆေဆရာမတစ်ဦးစီသည် စာသင်ခန်းတိုင်းသို့ ဝင်ရောက်လာပြီး လူအုပ်ကြီးကို ကြေညာလိုက်သည်။

【ဒါက SSSအဆင့် နယ်မြေတစ်ခုပါ... သေဆုံးမှု မရှိပါဘူး... ပြီးတော့ တာဝန်ကလည်း အရမ်းရိုးရှင်းပါတယ်... နယ်မြေကနေ ထွက်သွားဖို့အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ထိပ်ဆုံးငါးယောက်စာရင်းဝင်ဖို့ပဲ လိုပါတယ်... စာသင်ခန်း တစ်ခန်းစီမှာ နေရာငါးနေရာ ရှိတယ်... ထိပ်ဆုံးငါးယောက်စာရင်း မဝင်တဲ့သူတွေက ငါးလတိတိ အတန်းပြန်တက်ရပါမယ်... အခု စတင်ပါပြီ...】

လူငါးသောင်းတွင် နောက်ဆုံး၌ လူငါးထောင်သာ ထွက်ခွာနိုင်ပေမည်။ ဤသည်မှာလည်း ချန်လန်၏ တွက်ချက်မှု အစိတ်အပိုင်းတစ်ခုပင်။ မည်သို့ပင်ဖြစ်စေကာမူ လူငါးသောင်းသည် နေရာငါးနေရာအတွက် ယှဉ်ပြိုင်နေရပါက လူအများအပြား ထွက်ခွာနိုင်မည် မဟုတ်ချေ။ ထို့ပြင် နယ်မြေသည် ငါးလတစ်ကြိမ် လူငါးသောင်းကို ထပ်မံရွေးချယ်အုံးမည်ဖြစ်ရာ နောက်ဆုံးတွင် အရေအတွက်သည် တိုးပွားလာမည်သာ ဖြစ်ပေ၏။

ဤလူများအတွက် တခြားအသုံးဝင်မှုများ သူ့ထံတွင် ရှိနေသေးသည်။

ထို့နောက် ဆရာမသည် ကျောက်သင်ပုန်း၏ ညာဘက်အပေါ်ထောင့်တွင် ရေးလိုက်သည်။

【တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ၁၄၉ ရက်သာ လိုတော့သည်】

ရှင်းလင်းသော စည်းမျဉ်းများကို မြင်ရသောအခါ လူအုပ်ကြီးသည် ပထမဆုံး ကစားသမားအုပ်စုကဲ့သို့ပင် အလေးအနက် မထားကြချေ။

"သေဆုံးမှု သတ်မှတ်ချက် မရှိဘူး... ဒီနယ်မြေက အရမ်းသဘောထားကြီးတာပဲ..."

"ကြည့်ရတာ ဒီနယ်မြေက အရမ်းကို လွယ်ကူလွန်းနေတယ်... စာသင်ရုံလေးပဲ... အဲ့ဒါဆို ငါက ထူးချွန်တဲ့လူမလို့ ပြဿနာမရှိနိုင်ဘူး..."

"သေဆုံးမှု မရှိဘူး... မိုက်တယ်... အခုတော့ နယ်မြေကို စိတ်ပူစရာမလိုဘဲ ဖြတ်သန်းလို့ရပြီ..."

"ဒါက SSSအဆင့် နယ်မြေတစ်ခုတဲ့... အဲ့ဒါတောင် သေဆုံးမှု မရှိဘူး..."

သေဆုံးမှု မရှိသဖြင့် ဤနယ်မြေသည် သူတို့အတွက် အလွယ်ကူဆုံးဖြစ်ပြီး ရှင်းလင်းရန်မှာ ကိတ်မုန့်စားရသကဲ့သို့ လွယ်ကူမည်ဟု သူတို့ တွေးတောလိုက်ကြ၏။

အထက်တန်းနောက်ဆုံးနှစ် နယ်မြေ တရားဝင် စတင်ခဲ့ပြီး တစ်ကျောင်းလုံး မနက်ခင်း ကိုယ်ပိုင်စာကျက်ချိန်ကို စတင်ခဲ့သည်။

အတန်းပြန်တက်ရသော ကျောင်းသား လေးဆယ့်နှစ်ယောက်ကို အတန်းအသီးသီးတွင် ရောနှောထားသည်။ သူတို့၏ မှတ်ဉာဏ်များ လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီဖြစ်ရာ ယခင်ကိစ္စများနှင့် ပတ်သက်၍ ဘာကိုမှ မမှတ်မိနိုင်ကြချေ။

စာသင်ခန်းတစ်ခု၏ နောက်ဆုံးတန်းတွင် ထိုင်နေသော လီပင်းသည် မျက်မှောင်ကြုတ်ကာ မသိစိတ်မှ တခြားသူများနှင့်အတူ စာသားများကို အသံထွက် ဖတ်နေသော်လည်း အရိုးထဲထိ စိမ့်ဝင်နေသော ပင်ပန်းနွမ်းနယ်မှုနှင့် မျှော်လင့်ချက်မဲ့မှုတို့က တစ္ဆေတစ်ကောင်ကဲ့သို့ သူမကို တွယ်ကပ်နေလေ၏။

သူမသည် စင်မြင့်ပေါ်ရှိ ဆရာမ၏ ကျောပြင်နှင့် ပတ်ဝန်းကျင်ရှိ မရင်းနှီးသော အတန်းဖော်များကို ကြည့်လိုက်ရင်း အတွေးတစ်ခုက အထိန်းအကွပ်မဲ့စွာ ထွက်ပေါ်လာသည်။

"ဒီကို ရောက်တာ ပထမဆုံးအကြိမ်ဆိုတာ ငါ သေချာသိနေတာကို... ဘာလို့ ဒီလောက်ထိ နာကျင်ရတာလဲ... ဘာလို့ ဒီလောက်ထိ မျှော်လင့်ချက်မဲ့နေရတာလဲ..."

လီပင်း တစ်ယောက်တည်းသာ ဤရင်းနှီးကျွမ်းဝင်သော ခံစားချက်ကို ရရှိခဲ့ခြင်း မဟုတ်ချေ။ တခြား အတန်းပြန်တက်ရသူများလည်း ထိုနည်းတူ ခံစားခဲ့ကြရသည်။

သူတို့တွင် မှတ်ဉာဏ်များ မရှိသော်လည်း ဒေဂျာဗူးဟုခေါ်သော ထူးဆန်းသည့် ဖြစ်စဉ်တစ်ခု ရှိနေပေ၏။

ဤသည်ကို အချိန်အတော်ကြာအောင် ကြုံတွေ့ခဲ့ရပြီးနောက် သူတို့၏မသိစိတ်သည် အတွေ့အကြုံ၏ ခံစားချက်တချို့ကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ သူတို့၏မှတ်ဉာဏ်များကို ဖျက်ပစ်လိုက်လျှင်ပင် ရင်းနှီးကျွမ်းဝင်သော ခံစားချက် ကျန်ရှိနေပေမည်။

"ရယ်စရာကောင်းလိုက်တာ... ဒီကစားသမားတွေက ပထမအုပ်စုလိုပဲ... ဒီနယ်မြေမှာ ကြောက်စရာ ဘာမှမရှိဘူးလို့ ထင်နေကြတာ... နောက်ပိုင်းကျမှ အစစ်အမှန် ငရဲက သူတို့ကို စောင့်နေတယ်ဆိုတာ သူတို့ လုံးဝမသိကြဘူး..."

ဆာရာသည် ကစားသမားသစ်များကို ကြည့်ရင်း သူမ၏နှုတ်ခမ်းများတွင် ကျီစယ်ကစားချင်စရာကောင်းသော အပြုံးတစ်ခုဖြင့် ပြောလိုက်၏။

ဤလူသစ်များကို ကြည့်ရခြင်းက ဆာရာ့အတွက် အလွန်ကောင်းမွန်သည်ဟု ခံစားရသည်။ အထူးသဖြင့် သူတို့၏ လုံးလုံးလျားလျား ကြောက်ရွံ့မှုကင်းမဲ့နေသော အမူအရာများကို မြင်ချိန်၌ အနာဂတ်တွင် သူတို့၏ နာကျင်မှုနှင့် မျှော်လင့်ချက်မဲ့နေသော အမူအရာများကို သူမ ပို၍ပင် မြင်တွေ့လိုစိတ် ပြင်းပြလာသည်။

"ဒီတစ်ကြိမ်တော့ အများကြီးပိုပြီး စိတ်ဝင်စားဖို့ကောင်းလိမ့်မယ်..."

ချန်လန်က အေးစက်စက် လှောင်ပြုံးပြုံးလိုက်သည်။

ယခုတစ်ကြိမ် ကစားသမားများသည် လူတန်းစားအလွန်စုံလင်ပြီး အမျိုးသားများ၊ အမျိုးသမီးများ၊ လူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် နိုင်ငံခြားသားများပင် ပါဝင်ပေ၏။

ဒီနိုင်ငံခြားသားတွေက ငါ စီစဉ်ထားတဲ့ ဘာသာရပ်တွေကို နားလည်နိုင်ပါ့မလား... သူတို့မှာ သဘာဝအရ အားသာချက် ရှိထားတာမို့ အင်္ဂလိပ်စာကတော့ ပြဿနာ မဖြစ်လောက်ဘူး... ဒါပေမဲ့ တရုတ်စာနဲ့ သင်္ချာကတော့ ကွဲပြားတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာနိုင်တယ်...

သူ တွေးတောလိုက်သည်။

"စက်ရုံထုတ်လုပ်မှုလိုင်း နယ်မြေရဲ့ စစ်ဆေးမှု အောင်သွားပြီလား..."

All Chapters