← Chapters

အခန်း ၃၂

Vol. 4 Ch. 32

အခန်း ၃၂

Vol. 4 Ch. 32

အခန်း (၃၂) ရွေးနှုတ်ကယ်တင်ခြင်း ဖုန်းခေါ်ဆိုမှု...ပို၍ရူးသွပ်သော အလွန်အကျွံ ယှဉ်ပြိုင်မှုကို အားပေးခြင်း

ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့လေ၏။

ယနေ့သည် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ၁၀၅ ရက် အလိုပင်။

ခြောက်နာရီခွဲ၌...

မိနစ်သုံးဆယ်ကြာ မနက်ခင်း စာဖတ်ချိန် ပြီးဆုံးသွားသည်။

လူတိုင်း ရပ်တန့်သွားကြပြီး သူတို့၏ ပါးစပ်များ ခြောက်သွေ့ကာ လည်ချောင်းများ နာကျင်နေသဖြင့် စင်မြင့်ဘေးရှိ တရုတ်စာဆရာမကို တောင်းပန်သော အရိပ်အယောင်များဖြင့် ကြည့်လိုက်ကြ၏။

"ရေသောက်ဖို့ ဒါမှမဟုတ် အိမ်သာသုံးဖို့ နှစ်မိနစ် အချိန်ပေးမယ်... ပြီးရင် အတန်းစမယ်..."

တရုတ်စာဆရာမ၏ ထိုစကားများနှင့်အတူ လူအုပ်ကြီး အပြင်သို့ ပြေးထွက်သွားကြသည်။ သူတို့သည် ရေသောက်စက်သို့ အပြေးအလွှားသွားကာ အားရပါးရ သောက်ကြပြီး လူတချို့မှာ အိမ်သာဘေစင်များဆီသို့ ပြေးသွားကာ ရေများကို လက်ခုပ်ဖြင့် ခပ်ယူပြီး အငမ်းမရ သောက်ကြသည်။

နှစ်မိနစ်အကြာတွင် လူတိုင်း ပြန်ပြေးလာကြ၏။ သူတို့၏အဝတ်အစားအများစုမှာ စိုရွှဲနေသော်လည်း မကြာမီ ခြောက်သွားမည်ဖြစ်ရာ သူတို့အားလုံးသည် ထိုအရာကို အသားကျနေလေပြီ။

"ထိုင်ကြ... ဒီနေ့ ဆရာမက သတင်းနှစ်ခု ကြေညာစရာ ရှိတယ်... သတင်းဆိုးတစ်ခုနဲ့ သတင်းကောင်း တစ်ခု... ဘယ်ဟာကို အရင် ကြားချင်ကြလဲ..." တရုတ်စာဆရာမက အပြုံးနှင့် ပြောလိုက်သည်။

ဤစကားကို ကြားသောအခါ လူတိုင်း အံ့အားသင့်သွားသည်။ သူတို့ ဤနေရာတွင် ရောက်နေသည်မှာ နှစ်လနီးပါး ရှိနေပြီဖြစ်ရာ သတင်းကောင်းဆိုတာ တကယ်ရော ရှိနိုင်လို့လားဟု သူတို့ တွေးတောလိုက်ကြသည်။

ငါတို့ကို စောစောပြန်လွှတ်ပေးတော့မှာများလား..

"သတင်းဆိုးကို အရင်ပြောမယ်... မင်းတို့ရဲ့ အမှတ်တွေက အရမ်းဆိုးရွားနေပြီး အတန်းထဲမှာလည်း သေချာနားမထောင်ဘူးလို့ ဆရာမတွေက သတင်းပို့ထားတယ်... ဒါကြောင့် နေ့စဉ် ညပိုင်း ကိုယ်ပိုင်စာကျက်ချိန်ကို နောက်ထပ် တစ်နာရီ တိုးမယ်... ဒါ့ပြင် ဘာသာရပ် ခြောက်ခုလုံးအတွက် အိမ်စာတွေနဲ့ စာမေးပွဲမေးခွန်းလွှာတွေ ပေးမယ်... မပြီးမချင်း ဘယ်သူမှ စာသင်ခန်းထဲကနေ ထွက်ခွင့်မရှိဘူး..."

အချိန်တခဏအတွင်း ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ လူတိုင်း ခံစားလိုက်ရလေသည်။ သူတို့အနပ်မှ ချန်ထျန်က သတ္တိမွေးကာ မေးလိုက်သည်။

"တကယ်လို့ တစ်နာရီ တိုးလိုက်မယ်ဆိုရင် အရင်က ငါတို့ စုဆောင်းထားတဲ့ ပြစ်ဒဏ်တွေကရော အဲ့ဒီအပေါ်မှာ ထပ်တိုးမှာလား..."

"ဟုတ်တယ်... ပြစ်ဒဏ်က ပြစ်ဒဏ်ပဲ... ဒါက ကျောင်းရဲ့ မူဝါဒ အပြောင်းအလဲပဲ..."

လူအုပ်ကြီးသည် လုံးလုံးလျားလျား မျှော်လင့်ချက်မဲ့သွားလေ၏။ နောက်ထပ် တစ်နာရီ တိုးလိုက်သည်ဆိုခြင်းမှာ မနက်နှစ်နာရီအထိ အတန်းဆင်းမည် မဟုတ်ကြောင်း ဆိုလိုသည်။ အဆောင်များကို စောစီးစွာ သော့ခတ်ထားမည်ဖြစ်ရာ သူတို့ပြန်ရန်မှာ ပို၍ပင် မဖြစ်နိုင်တော့ချေ။ အကယ်၍ သူတို့ထံ၌ ပြစ်ဒဏ်များ မရှိပါက တစ်နာရီတိတိတွင် ပြေးသွားပြီး အဆောင်မှူး အဒေါ်ကြီးကို တံခါးဖွင့်ပေးရန် တောင်းပန်မှသာ ရနိုင်ပေလိမ့်မည်။

သတင်းဆိုး ပြီးသွားပြီ...သတင်းကောင်းကရော ဘာလဲ...

ဤသတင်းကောင်းသည် အမှန်တကယ်ပင် သတင်းကောင်းဖြစ်ပါစေဟု လူတိုင်း ရုတ်တရက် မျှော်လင့်လိုက်ကြသည်။

"သတင်းကောင်းက... ကျောင်းမှာ ဖုန်းတစ်လုံး တပ်ဆင်ထားတယ်... မင်းတို့ရဲ့ အစမ်းစာမေးပွဲတွေနဲ့ လစဉ်စာမေးပွဲတွေရဲ့ အမှတ်တွေက စံသတ်မှတ်ချက်ကို မီသရွေ့ မိသားစုဆီ ဖုန်းခေါ်ဖို့ အခွင့်အရေး ရလိမ့်မယ်..."

ဤစကားကို ကြားသောအခါ လူတိုင်း၏ စိတ်ဓာတ်များ ချက်ချင်းကျဆင်းသွားသည်။

ဒါက ဘယ်လို သတင်းကောင်းမျိုးလဲ... အဲ့ဒီ 'အိမ်' ဆိုတာကြီးကို ငါတို့ လုံးဝ မရင်ဆိုင်ချင်တော့ဘူး...

အဲ့ဒါက အိမ်ကော ဟုတ်လို့လား....အဲ့ဒါက ဒီကျောင်းလိုပဲ အသက်ရှူကြပ်စရာကောင်းတဲ့ သောက်ငရဲကြီးပဲလေ...

သေရင်တောင် ငါတို့ အိမ်ကို ဖုန်းမခေါ်ဘူး...

"တိတိကျကျ ပြောရရင် ဒါတွေက လက်တွေ့ကမ္ဘာက မင်းတို့ရဲ့ မိသားစုတွေပဲ..."

ဆရာမက နှုတ်ခမ်းထောင့်ကို တွန့်ကွေးပြီး ပြောလိုက်သည်။

ထိုစကားတစ်ခွန်းတည်းက လူတိုင်း၏ နှလုံးသားထဲတွင် ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားလေ၏။ လူတိုင်း ခေါင်းဆတ်ခနဲ မော့လာပြီး တရုတ်စာဆရာမကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

လက်တွေ့ကမ္ဘာက မိသားစုတွေလား...

ဆိုလိုတာက ငါတို့ လက်တွေ့ကမ္ဘာက မိသားစုတွေဆီ ဖုန်းခေါ်လို့ရတယ်ပေါ့....

သောက်ကျိုးနည်း... ဒီနေ့ နေများ အနောက်ဘက်က ထွက်လာတာလား...

ဒါက တကယ့်ကို သတင်းကောင်းပဲ...

လူတိုင်း အလွန်အမင်း ဝမ်းသာသွားသည်။ သူတို့၏မိသားစုဝင်များနှင့် စကားမပြောရသည်မှာ တစ်လကျော် ကြာမြင့်နေပြီဖြစ်ပြီး အလွန်အမင်း လွမ်းဆွတ်နေခဲ့သည်။ အချိန်တိုင်း အချိန်တိုင်း သူတို့ကို လွမ်းဆွတ်နေခဲ့ခြင်းပင်။

နောက်ထပ်ငါးလအတွင်း သူတို့၏မိသားစုများထံမှ သတင်းကြားရရန် မျှော်လင့်ချက် မရှိတော့ဟု သူတို့ ထင်မှတ်ထားခဲ့ကြသော်လည်း နယ်မြေသည် ဤကဲ့သို့ ဖုန်းခေါ်ဆိုခွင့် ပေးလောက်အောင် ကြင်နာလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြချေ။

တစ်လကျော်ကြာ အသက်ရှူကြပ်လောက်အောင် မျှော်လင့်ချက်မဲ့ခဲ့ရပြီးနောက် လူတိုင်းသည် မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်သွားပြီး အားတက်လာကြသည်။

"ဒီနေ့ နေ့လယ်မှာ စုစုပေါင်း အမှတ် ၆၀၀ ပေးမဲ့ ဘာသာရပ်ခြောက်ခု အစမ်းစာမေးပွဲ ရှိမယ်... ၅၀၀နဲ့အထက် ရတဲ့ ဘယ်ကျောင်းသားမဆို ဖုန်းခေါ်ခွင့် ရလိမ့်မယ်... ဒါ့ပြင် နေရာ တစ်နေရာပဲ ရှိတယ်... အမှတ်အများဆုံး ရတဲ့သူကပဲ ရမှာ..."

ဤစကားများသည် လူများကို အားဖြည့်ဆေးတစ်လုံး ထိုးပေးလိုက်သကဲ့သို့ ဖြစ်သွားလေ၏။ လူတိုင်း ချက်ချင်း အလွန်အမင်း စိတ်လှုပ်ရှားသွားကြပြီး သူတို့၏ တရုတ်စာ ဖတ်စာအုပ်များကို သူတို့ကိုယ်တိုင် ထုတ်ကာ စာသင်သည်ကို စတင်၍ နားထောင်ကြသည်။

စာမေးပွဲတစ်ခုကို ဤမျှအထိ သူတို့ မျှော်လင့်ဖူးခြင်းမှာ ဤအကြိမ်သည် ပထမဆုံးအကြိမ်ပင်။ သူတို့သည် အမှတ်၅၀၀ အထက် ရရှိပြီး ထိုဖုန်းခေါ်ဆိုခွင့်ကို ရယူနိုင်ရန် မျှော်လင့်နေသည်။

မိန်းမရယ်... ယောကျာ်းရယ်... အဘိုးအဘွားတွေရယ်... အဖေနဲ့အမေရယ်... သားသမီးတွေရယ်... ငါ့ကို စောင့်နေကြနော်... ငါ သေချာပေါက် ဖုန်းခေါ်မယ်...

ဤသည်မှာ လူတိုင်း၏ နှလုံးသားထဲရှိ အတွေးဖြစ်ပြီး သူတို့အားလုံး ဤအခွင့်အရေးကို လိုအပ်နေကြ၏။

...

"အနုတ်လက္ခဏာစွမ်းအင်တွေ သိသိသာသာ နှေးကွေးသွားတယ်... ဒါပေမဲ့ ငါ နင့်ကို နားလည်ထားသလောက်တော့ နင် စီစဉ်လိုက်တဲ့ ဒီဖုန်းခေါ်ဆိုခွင့်က နောက်ပိုင်း ကိစ္စကြီးတစ်ခုအတွက် သေချာပေါက် လမ်းခင်းပေးလိုက်တာပဲ..."

ဆာရာသည် ချန်လန်ကို အရာအားလုံး ထိုးထွင်းသိမြင်နေပြီဖြစ်သော အမူအရာဖြင့် ကြည့်လိုက်သည်။

ချန်လန်က မျက်ခုံးပင့်လိုက်သည်။

"မဆိုးပါဘူး... မင်း တကယ်ကို မြင်သွားတာပဲ...မင်းပြောတာ မှန်တယ်... ဒီဖုန်းခေါ်ဆိုခွင့်က သူတို့ကို စိတ်လှုပ်ရှားစေပြီးတော့ သူတို့ရဲ့ စိတ်ခံစားမှု တန်ဖိုးတွေကို သိသိသာသာ ကျဆင်းသွားစေတယ်... ဒါပေမဲ့ အဲ့ဒါက သူတို့ကို ပိုပြီးတောင် အလွန်အကျွံ ယှဉ်ပြိုင်လာစေလိမ့်မယ်... သူတို့က ဒီဖုန်းခေါ်ခွင့် ရဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် အသေအလဲ ယှဉ်ပြိုင်ကြလိမ့်မယ်... ပြီးတော့ သူတို့ ယှဉ်ပြိုင်လေလေ သူတို့ ပိုပြိုလဲလာလေလေ ဖြစ်ပြီး စိတ်ခံစားမှု တန်ဖိုးတွေ မြန်မြန်ဆန်ဆန် မြင့်တက်လာလိမ့်မယ်... ဒါက ဆွဲငင်ခြင်းနဲ့ တွန်းထုတ်ခြင်းပဲ..."

"သူတို့ကို ဒီမျှော်လင့်ချက်ထဲမှာ ရုန်းထွက်လို့မရတဲ့အထိ နစ်မြုပ်နေပါစေ... နောက်ဆုံးကျမှ သူတို့က အဲ့ဒီမျှော်လင့်ချက်အတွက် သူတို့ သွေးထွက်သံယိုဖြစ်အောင် ဘယ်လိုယှဉ်ပြိုင်ခဲ့ရတယ်ဆိုတာကို သိသွားလိမ့်မယ်..."

ဤနတ်ဆိုးဆန်သော စကားများကို ကြားသောအခါ ဆာရာသည် လျှာသပ်ကာ ခေါင်းခါယမ်းလိုက်၏။

"မင်းက တကယ့်ကို ကြောက်စရာကောင်းတာပဲ... မင်းကို ဖန်တီးသူအဖြစ် ရွေးချယ်လိုက်တာက ငါလုပ်ခဲ့ဖူးသမျှ ဆုံးဖြတ်ချက်တွေထဲမှာ တကယ်ကို အကောင်းဆုံးပဲ..."

"ဟက်... လာဖို့ ရှိသေးတယ်..."

...

နေ့လယ်ပိုင်း၌...

လူတိုင်း မျှော်လင့်နေသော အစမ်းစာမေးပွဲ ရောက်ရှိလာသည်။ မေးခွန်းလွှာများ မဝေငှမီ ဤစာမေးပွဲ အနည်းငယ် ပို၍လွယ်ကူပါစေဟု သူတို့၏စိတ်ထဲမှ ဆုတောင်းနေခဲ့ကြသည်။

မေးခွန်းလွှာများကို ဝေငှလိုက်ချိန်၌ သူတို့ အလွန်ဝမ်းသာသွားသည်။ အဘယ်ကြောင့်ဆိုသော် မေးခွန်းလွှာခြောက်ခုလုံးသည် အထက်တန်းပထမနှစ် သင်ရိုးများအပေါ်တွင်သာ လုံးလုံးလျားလျား အခြေခံထားသောကြောင့်ပင်။ မကြာသေးမီက သူတို့၏ ပြင်းထန်သော အလွန်အကျွံ ယှဉ်ပြိုင်မှုကာလသည် အလဟဿ မဖြစ်ခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် သူတို့သည် အလွန်အကျွံ ယှဉ်ပြိုင်ရန်အတွက် အနားယူချိန်များစွာကို စတေးခဲ့ရပြီး သူတို့၏ ဒဿမတန်း အသိပညာများကို အမီလိုက်နိုင်ခဲ့သောကြောင့်ပင်။ ယခု ဤမေးခွန်းများကို မြင်လိုက်ရချိန်၌ သူတို့အားလုံး ဖြေရှင်းနည်းကို သိနေကြသည်ဟု ခံစားလိုက်ရသည်။

အချိန်တခဏအတွင်း လူတိုင်းသည် သရဲဝင်ပူးနေသကဲ့သို့ ရေးသားနေကြပြီး အလျင်အမြန်နှင့် အလွန်အမင်း စိတ်လှုပ်ရှားစွာ ဖြေဆိုနေကြ၏။ ဤတစ်ကြိမ်တွင် အမှတ်ကောင်းကောင်းရပြီး ဖုန်းခေါ်ဆိုခွင့် အခွင့်အရေးကို အနိုင်ရရှိမည်ဟု သူတို့အားလုံး ယုံကြည်နေသည်။

ခေါင်းလောင်းသံ မြည်လာချိန်၌ အဖြေလွှာများကို သိမ်းဆည်းရန် အချိန်ရောက်လာသည်။ တရုတ်စာဆရာမက အဖြေလွှာအားလုံးကို စုဆောင်းလိုက်သည်။

"ဒီည ညပိုင်းကိုယ်ပိုင်စာကျက်ချိန်မှာ အမှတ်တွေကို ဆရာမ ကြေညာမယ်... စံသတ်မှတ်ချက်ကို မီတဲ့သူက ဒီည ဘယ်သူ့ဆီကိုမဆို ဖုန်းခေါ်လို့ရတယ်... ဖုန်းခေါ်ဆိုချိန်ကို ငါးမိနစ် ကန့်သတ်ထားတယ်..."

ဤစကားကို ကြားသောအခါ လူတိုင်း ညပိုင်း ကိုယ်ပိုင်စာကျက်ချိန်ကို မျှော်လင့်လာကြသည်။ သူတိုအားလုံး အလွန်ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့ပြီး အမှတ်များများ သေချာပေါက်ရမည်ဟု ခံစားနေကြရသည်။

ရလဒ်အနေဖြင့် သူတို့သည် ထမင်းစားနေစဉ်နှင့် ရေချိုးနေစဉ်အတွင်းမှာပင် အလွန်အမင်း စိတ်လှုပ်ရှားနေကြပြီး သူတို့၏ စိတ်ထဲတွင် ညပိုင်း ကိုယ်ပိုင်စာကျက်ချိန်အကြောင်းသာ အမြဲတစေ တွေးတောနေသည်။

ညပိုင်း ကိုယ်ပိုင်စာကျက်ချိန်....

လူတိုင်း စာသင်ခန်းထဲတွင် ထိုင်နေကြပြီး တရုတ်စာဆရာမ ရောက်လာမည်ကို စောင့်ဆိုင်းနေကြသည်။

ခေါင်းလောင်းသံ မြည်လာပြီး တရုတ်စာဆရာမသည် အချိန်တိကျစွာပင် တံခါးဝသို့ ရောက်ရှိလာလေ၏။ လူတိုင်း၏ မျှော်လင့်နေသော အကြည့်များအောက်တွင် သူမက စင်မြင့်၏နောက်သို့ လျှောက်သွားပြီး အပြုံးနှင့် ပြောဆိုသည်။

"ဒီတစ်ခါ ရလဒ်တွေက ဆရာမကို အံ့အားသင့်သွားစေတယ်... မင်းတို့အားလုံး တကယ်ကို အောင်ကြတယ်... ပြီးတော့ မင်းတို့ရဲ့ အမှတ်တွေက အရမ်းကောင်းတယ်... မင်းတို့ ချီးကျူးခံရဖို့ ထိုက်တန်တယ်...."

တရုတ်စာဆရာမက ပထမဆုံး လက်ခုပ်တီးလိုက်သည်။ တခြားသူများလည်း လိုက်ပါ၍ လက်ခုပ်တီးကြပြီး သူတို့ထံတွင် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေကြ၏။

"ဒါပေမဲ့ ကံမကောင်းစွာနဲ့ မင်းတို့ထဲက လူနည်းစုလောက်ပဲ အမှတ်၅၀၀ အထက် ရတယ်... ဘာသာရပ် ခြောက်ခုလုံး အောင်ရုံလေးနဲ့ ဘာမှမပြောင်းလဲဘူး..."

ဘာသာရပ် ခြောက်ခုအတွက် အောင်မှတ်မှာ ခြောက်ဆယ်သာဖြစ်ရာ စုစုပေါင်း ၃၆၀ သာ ရှိပေ၏။ အမှတ်၅၀၀ ရောက်ရန်မှာ အလှမ်းကွာဟနေဆဲပင်။

ဤစကားကို ကြားရချိန်၌ လူအုပ်ကြီးထဲမှ အများအပြားသည် ချက်ချင်းမျှော်လင့်ချက်မဲ့သွားပုံ ပေါက်သွားသည်။ သူတို့သည် အမှတ်နည်းသူများဖြစ်ပြီး အတန်းထဲတွင် မကြာခဏ ဆူပူခြင်းခံရလေ့ရှိသူများဖြစ်သည်။ ယနေ့ သူတို့ဖြေရသော မေးခွန်းများစွာသည် လွယ်ကူသည်ဟု ထင်ရသော်လည်း တချို့သော အဓိက ပြဿနာများမှာ အလွန်ခက်ခဲနေဆဲပင်။

သူတို့ထံတွင် ကြိုတင်သိမြင်မှုများ အမြဲတစေ ရှိနေခဲ့ပြီး အံ့အားသင့်ဖွယ် ကိစ္စတစ်ခုကိုသာ မျှော်လင့်နေခဲ့ကြခြင်း ဖြစ်ပေ၏။ ဆရာမ၏ စကားများနှင့်အတူ သူတို့၏ နှလုံးသားထဲရှိ နောက်ဆုံးမျှော်လင့်ချက်လေးမှာ ရိုက်ချိုးခြင်း ခံလိုက်ရသည်။

"အခု... အမှတ်အများဆုံး ရတဲ့သူကို ကြေညာမယ်... အဲ့ဒီလူက သွားပြီး ဖုန်းခေါ်လို့ရပြီ..."

All Chapters