← Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

အခန်း (၃၅) တကယ်လို့ စာမေးပွဲကို ကောင်းကောင်း မဖြေနိုင်ရင် မင်းရဲ့ဘဝက ပြီးဆုံးသွားပြီပဲ

စာသင်ခန်းထဲတွင် လီပင်းမှလွဲ၍ လူတိုင်းသည် ကြောက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားကြပြီး သူမကမူ ထိုနေရာတွင်ရပ်ကာ အသံပြာသည်အထိ အော်ဟစ်နေသည်။

သူမသည် စင်မြင့်၏နံဘေးရှိ ဆရာမကို ကြည့်ကာ ခါးသီးစွာ တောင်းပန်လိုက်၏။

"ဆရာမ... သမီး တောင်းပန်ပါတယ်... သမီးရဲ့ မိဘတွေကို ဖုန်းမဆက်ပါနဲ့... သမီး ဒူးထောက်ပြီး တောင်းပန်ပါတယ်..."

လီပင်းသည် လူပုံအလယ်တွင် အမှန်တကယ် ဒူးထောက်လိုက်သော်လည်း မည်သူမျှ မရယ်မောကြချေ။ သူတို့အားလုံး သူမကို သနားကြင်နာသော အကြည့်များဖြင့်သာ ကြည့်လိုက်ကြသည်။

မိဘများကို ခေါ်ပြီးနောက် ဘာဖြစ်လာမည်ကို သူတို့အားလုံး စိတ်ကူးယဉ်တွေးတောကြည့်နိုင်သည်။

သူတို့ အကြောက်ဆုံးအရာမှာ မိဘများပင်။

ထိုထူးဆန်းသော မိဘနှစ်ပါးသည် လူသားဆန်မှု လုံးလုံးလျားလျား ကင်းမဲ့နေသည်။

"သူတို့ကို အကြောင်းကြားပြီးပြီ... မင်းရဲ့မိဘတွေ နောက်ငါးမိနစ်လောက်နေရင် ရောက်လာလိမ့်မယ်..." တရုတ်စာဆရာမ၏အသံမှာ အလွန်တည်ငြိမ်နေသည်။

ဤစကားကို ကြားသောအခါ လီပင်းသည် ထွက်ပြေးရန်အတွက် စာသင်ခန်းတံခါးဆီသို့ ချက်ချင်းပြေးသွားလေ၏။

သူမ၏ "မိဘများ" ကို သူမ မရင်ဆိုင်ချင်ချေ။ သူတို့သည် လူသားများ မဟုတ်ကြဘဲ နတ်ဆိုးများသာ ဖြစ်ကြသည်။

သို့သော် စာသင်ခန်းတံခါးဝတွင် လေနံရံတစ်ခုက သူမ၏လမ်းကို ပိတ်ဆို့ဟန့်တားထားသည်။

လီပင်းသည် မျက်ရည်များကျလာပြီး ကြမ်းပြင်ပေါ်သို့ ခွေကျသွားကာ လေနံရံကို ထုရိုက်နေသည်။

"သမီးရဲ့မိဘတွေကို သမီး မရင်ဆိုင်ချင်ဘူး... သမီး သူတို့ကို မတွေ့ချင်ဘူး..."

လီပင်း၏ စိတ်ခံစားမှု တန်ဖိုးသည် ပြိုလဲလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ ဤအဖြစ်အပျက်နှင့်အတူ ၉၅ ရာခိုင်နှုန်းသို့ ထိုးတက်သွားလေ၏။

နောက်ထပ် ၅ ရာခိုင်နှုန်းသာဆိုလျှင် သူမသည် လုံးလုံးလျားလျား ပြိုလဲသွားမည်ဖြစ်ပြီး ဤနယ်မြေတွင် စိတ်လွတ်သွားသော ပထမဆုံး ကစားသမား ဖြစ်လာပေမည်။

လီပင်း၏ ငိုကြွေးသံများကို နားထောင်ရင်း တခြားသူများသည် သူတို့၏အလှည့်ရောက်လာမည်ကို ကြောက်ရွံ့နေကြသည်။

သူတို့သည်လည်း ထို "မိဘများ"ကို ရင်မဆိုင်လိုကြချေ။ အကယ်၍ ထိုတစ္ဆေများသည် သူတို့၏ စာမေးပွဲအမှတ်များ အလွန်ဆိုးရွားနေကြောင်း သိသွားပါက သူတို့ကို ရူးသွပ်စွာ ညှဉ်းပန်းနှိပ်စက်ကြမည်မှာ သေချာပေါက်ပင်။

ဤလတွင် အားလပ်ရက် ရှိသေးကြောင်း မှတ်သားထားသင့်ပေ၏။

ငါးမိနစ် ကုန်လွန်သွားချိန်၌ တံခါးနားတွင် ခွေကျနေသော လီပင်းက ရုတ်တရက် အလောတကြီး လျှောက်လှမ်းလာသော ခြေသံများကို ကြားလိုက်ရသည်။ သူမက ထိတ်လန့်တကြား အသက်ရှူကာ ကပျာကယာ မတ်တပ်ရပ်လိုက်သည်။

သူမ မတ်တပ်ရပ်လိုက်သည်နှင့် တပြိုင်နက် မိဘများသည် တံခါးဝသို့ ရောက်ရှိလာပြီး သူမနှင့် အကြည့်ချင်း ဆုံသွားကြ၏။

ထိုအကြည့်တစ်ချက်တည်းဖြင့်ပင် လီပင်း၏ တစ်ကိုယ်လုံးရှိ သွေးများ အေးခဲသွားသကဲ့သို့ ဖြစ်သွားသည်။ သူမသည် သေဆုံးနေသည်မှာ ကြာမြင့်ပြီဖြစ်သော အလောင်းကောင်တစ်ခုကဲ့သို့ တောင့်တင်းစွာ မတ်တတ်ရပ်နေသည်။

တံခါးဝရှိ "မိဘများ"သည် အပြုံးတုများကို ပြသနေကြသော်လည်း ထိုအပြုံးများတွင် နွေးထွေးမှု လုံးဝမပါရှိဘဲ ကျောချမ်းဖွယ်ကောင်းသော အေးစက်မှုများသာ ပါရှိနေပေ၏။

သူတို့၏ မျက်လုံးများသည် အောက်ခြေမရှိသော အနက်ရောင် တွင်းနက်ကြီးနှစ်ခုအလား လီပင်းကို စူးစိုက်၍ကြည့်နေကြသည်။

"ပင်းပင်း..."

မိခင်ဖြစ်သူက ခေါ်လိုက်ရာ သူမ၏အသံမှာ ထူးဆန်းစွာ နူးညံ့နေသည်။

"ဆရာမက အမေတို့ကို ဒီကို ခေါ်တယ်... ဘာဖြစ်လို့လဲ..."

ဤခဏတာ နူးညံ့မှုသည် အတန်းဖော်များနှင့် ဆရာမရှေ့တွင် လီပင်း၏ နောက်ဆုံးကျန်ရှိနေသော ဂုဏ်သိက္ခာလေးကို ကယ်တင်ပေးရန်အတွက်သာ ဖြစ်နိုင်ပေ၏။

သူမ စကားပြောဆိုနေစဉ် သူမ၏လက်တစ်ဖက်ကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။ သာမန်မဟုတ်ဘဲ ဖြူရော်ကာ သေးသွယ်နေသော သူမ၏ လက်ချောင်းများသည် လေနံရံကို ဖြတ်ကျော်လာပြီး တုန်ယင်နေသော လီပင်း၏မျက်နှာကို ညင်သာစွာ ပွတ်သပ်ပေးလေသည်။

အေးစက်သော အထိအတွေ့ကို ခံစားလိုက်ရချိန်၌ လီပင်း၏မျက်လုံးသူငယ်အိမ်များ ပြင်းထန်စွာ ကျုံ့သွားလေ၏။ သူမ နောက်ဆုတ်ချင်စိတ်များ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာသော်လည်း နောက်ဆုတ်၍ မရကြောင်း သူမ သိထားသည်။

အကယ်၍ သူမ နောက်ဆုတ်လိုက်ပါက ထိုတစ္ဆေမိခင်ကို ဒေါသထွက်သွားစေပေမည်။

ဤထူးဆန်းသော မြင်ကွင်းကို စောင့်ကြည့်နေကြသော တခြားသူများသည် သူတို့၏ နှလုံးခုန်သံများ မြန်ဆန်လာသည်ကို ခံစားလိုက်ရသည်။ ဤသည်မှာ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှ၏။

ဤဖြစ်ရပ်ကို သူတို့ကိုယ်တိုင် ကြုံတွေ့နေရသကဲ့သို့ ခံစားရပြီး ကိုယ်ချင်းစာစိတ်မှာ အလွန်အမင်း ပြင်းထန်နေသည်။

"သမီး... သမီး မသိဘူး..."

လီပင်းသည် ထိတ်လန့်တကြား ခေါင်းအနည်းငယ် ခါယမ်းပြလိုက်ပြီး သူမ၏အသံမှာ ထစ်အနေသည်။

သူမသည် နှလုံးခုန်ရပ်သွားလုမတတ် ကြောက်လန့်နေပြီး သူမ၏ခြေထောက်များ အလွန်အားနည်းနေကာ မတ်တပ်မရပ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိနေလေပြီ။

နောက်ထပ် ဘာဖြစ်လာမည်ကို သူမ စိတ်ကူးယဉ်တွေးတောကြည့်နိုင်ခဲ့သည်။

ထိုအချိန်၌ တရုတ်စာဆရာမ လျှောက်လှမ်းလာပြီး လီပင်း၏ မိဘများကို ကြည့်လိုက်သည်။

"လီပင်းရဲ့ မိဘတွေမလား... ဒီမှာ စကားပြောရတာ အဆင်မပြေဘူး... စင်္ကြန်ထဲကို ထွက်သွားကြရအောင်..."

"ကောင်းပါပြီ..."

မိခင်ဖြစ်သူသည် လီပင်း၏လက်ကို ဆုပ်ကိုင်ကာ အပြင်သို့ ခေါ်ဆောင်သွားသည်။

လီပင်းသည် သူမ၏ရှေ့ တည့်တည့်ရှိ လှေကားခွင်ကို ကြည့်လိုက်၏။ သူမ ပြေးလိုသည်။ ဤနေရာမှာ စတုတ္ထထပ်ဖြစ်ပြီး သူမ အစွမ်းကုန် ထွက်ပြေးလိုသည်။

သူတို့ စင်္ကြန်သို့ ရောက်ရှိချိန်၌ တရုတ်စာဆရာမက အရင်ဆုံး စကားပြောဆိုလိုက်သည်။

"လီပင်းရဲ့ အမှတ်တွေက မကြာသေးခင်က အရမ်းဆိုးရွားနေတယ်... အဲ့ဒါကို ရှင်တို့ သိလား..."

ထိုစကားတစ်ခွန်းတည်းဖြင့်ပင် လီပင်း၏ နှလုံးသား လုံးလုံးလျားလျား အေးစက်သွားသည်။ အဘယ်ကြောင့်ဆိုသော် မိဘများ၏ အပြုံးများ အေးခဲသွားသည်ကို သူမ မြင်လိုက်ရသောကြောင့်ပင်။

အခြေအနေသည် အေးစက်ပြီး မွန်းကြပ်ကာ မျှော်လင့်ချက်မဲ့သွားလေ၏။ လီပင်းသည် အသက်ပင် မရှူရဲချေ။ သူမ၏အသက်ရှူသံက မိဘများကို ဒေါသထွက်စေမည်အား သူမ ကြောက်ရွံ့နေခဲ့သည်။

စာသင်ခန်းထဲရှိ လူများသည် သူတို့ ပြောနေသည်များကို မကြားရသော်လည်း အဆက်မပြတ် တုန်ယင်နေသော သူမ၏ ခန္ဓာကိုယ်ကို ကြည့်ခြင်းအားဖြင့် သူမ မည်မျှထိ ပြိုလဲနေပြီဖြစ်ကြောင်း သူတို့ သိနိုင်ကြသည်။

"ကျွန်မတို့... မသိပါဘူး..."

မိခင်ဖြစ်သူက နူးညံ့သော လေသံကို ထိန်းသိမ်းထားဆဲဖြစ်ပြီး ပြောလိုက်သည်။

"ဒီနေ့ လပတ်စာမေးပွဲရှိတယ်... လီပင်းရဲ့ ရလဒ်တွေက စုတ်ပြတ်သတ်နေတာပဲ... တရုတ်စာ နည်းနည်းလေး ပိုကောင်းတာကလွဲရင် တခြားဘာသာရပ်တွေ အကုန်ကျတယ်... သူ့ရဲ့ စုစုပေါင်းအမှတ်က သုံးရာတောင် မပြည့်ဘူး... ဒီအတိုင်းသာ ဆက်သွားရင် ဒုတိယအဆင့် တက္ကသိုလ်တစ်ခုတောင် ရပါ့မလားလို့ ကျွန်မ စိုးရိမ်တယ်... သူက အတန်းပြန်တက်ရတာ ဒါမှမဟုတ် ကျောင်းထွက်ပြီး အလုပ်လုပ်ရတာမျိုး ဖြစ်သွားနိုင်တယ်..."

ဤစကားကို ကြားသောအခါ မိဘများ၏ မျက်လုံးများသည် သွေးရောင်လွှမ်းသွားပြီး ကြောက်မက်ဖွယ်ကောင်းသော နီရဲသည့် အလင်းရောင်များ မှိန်ပျပျ ထွက်ပေါ်လာပေ၏။

"ဆရာမ... သမီး တောင်းပန်ပါတယ်... ဆက်မပြောပါနဲ့တော့..."

လီပင်းက တောင်းပန်လိုက်သည်။

သူမ ထပ်မံ၍ ညှဉ်းပန်းနှိပ်စက်မခံချင်တော့ချေ။ အိမ်ပြန်ရောက်သည့်အခါ ရင်ဆိုင်ရမည့် ကြောက်မက်ဖွယ်ကောင်းသော ငရဲကို သူမ စိတ်ကူးယဉ်တွေးတောကြည့်နိုင်လေပြီ။

"သူက အတန်းရဲ့ ပျမ်းမျှအမှတ်ကို နောက်ဆွဲချနေတာ... ကျိုးထျန်ချန်နဲ့ ဟန်ထျန်ယွီလိုမျိုး အတော်ဆုံး ကျောင်းသားတွေသာမရှိရင် ပျမ်းမျှအမှတ်က သုံးဆယ်ဝန်းကျင်ပဲ ရှိလိမ့်မယ်... အိမ်ပြန်ရောက်ရင် လီပင်းကို သေချာပဲ့ပြင်ဆုံးမပေးဖို့ မျှော်လင့်ပါတယ်... တကယ်လို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကောင်းကောင်းမဖြေနိုင်ရင် သူ့ရဲ့ဘဝက ပြီးဆုံးသွားပြီပဲ..."

"ဘာလို့လဲ..."

မိခင်ဖြစ်သူ၏ မေးခွန်းတစ်ခုတည်းက လီပင်းကို အချိန်တခဏကြာမျှ ကြက်သေသေသွားစေခဲ့ပြီးနောက် သူမက ခေါင်းကို အဆက်မပြတ် ခါယမ်းလိုက်သည်။

"အမေ... သမီး တကယ် ကြိုးစားခဲ့ပါတယ်... သမီးကို မရိုက်ပါနဲ့ မဆူပါနဲ့နော်..."

"တခြားသူတွေအားလုံး ကြိုးစားနေကြတာကို သမီးက ဘာလို့ မကြိုးစားနိုင်ရတာလဲ... စာမေးပွဲ ကောင်းကောင်း မဖြေနိုင်ရင် သမီးရဲ့ဘဝ ပြီးဆုံးသွားပြီဆိုတာ သမီး မသိဘူးလား..."

မိခင်ဖြစ်သူက လီပင်းကို တည်ငြိမ်စွာ လှည့်ကြည့်လိုက်၏။

သို့သော် မကြာခဏဆိုသလို ဤကဲ့သို့ တည်ငြိမ်မှုမျိုးသည် အကြောက်ရဆုံးအရာပင်။

"အမေ... သမီး တကယ် ကြိုးစားခဲ့ပါတယ်... စာသင်တာက ကြိုးစားရုံနဲ့ လုပ်လို့ရတဲ့အရာ မဟုတ်ဘူး... ပါရမီ လိုတယ်လေ..."

လီပင်းသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ချလိုက်ပြီး သူမ၏မျက်နှာတပြင်လုံး မျက်ရည်များဖြင့် ဖုံးလွှမ်းသည်။

တခြားသူများ စာကျက်နေချိန်တွင် သူမလည်း စာကျက်နေခဲ့သည်။ တခြားသူများ အိပ်နေချိန်မှာပင် သူမ စာကျက်နေဆဲပင်။ တစ်နေ့ကို ၂၄ နာရီ ရှိသည့်အနက် ၂၂ နာရီကို သူမ စာသင်သည့်နေရာမှာ အသုံးပြုပြီးဖြစ်သည်။

သူမ တစ်နေ့ကို နှစ်နာရီသာ အိပ်ခဲ့သည်မှာ တခြားသူများထက် အနည်းငယ် ပိုသာစေရန်ပင်။

သို့ရာတွင် ထိုမေးခွန်းများကို မည်မျှပင် ကြည့်ကြည့် သူမ နားမလည်နိုင်ခဲ့ချေ။ သူမ အမှန်တကယ်ကို နားမလည်နိုင်ခဲ့ပေ၏။

ဤသညိက သူမ ကြိုးစားခြင်း မကြိုးစားခြင်းနှင့် မဆိုင်ဘဲ သူမ၏ပါရမီက တခြားသူတွေလောက် မကောင်း၍ပင်။

"ပါရမီလား... လူတိုင်းမှာ ခေါင်းတစ်လုံးစီ ရှိတာပဲ... ဘာလို့ တခြားလူတွေမှာ ပါရမီရှိပြီး သမီးမှာ မရှိရတာလဲ... တခြားလူတွေရဲ့ ပါရမီက အဆက်မပြတ် ကြိုးစားအားထုတ်မှုကနေ တိုးတက်လာတာလေ... သမီးရဲ့ ပါရမီက ညံ့တယ်လို့ ထင်ရင် သမီးက ပိုပြီးတောင် ကြိုးစားသင့်သေးတယ်..."

ဤအဓိပ္ပာယ်မရှိ ယုတ္တိမတန်သော စကားများကို ကြားရသောအခါ လီပင်း လုံးလုံးလျားလျား ပေါက်ကွဲသွားတော့သည်။ သူမ ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ဒေါသကြောင့် ပြူးကျယ်နေသော မျက်လုံးများဖြင့် အော်ဟစ်လိုက်၏။

"မဟုတ်ဘူး... ရှင်တို့က စာလုပ်ရတဲ့ နာကျင်မှုကို လုံးဝနားမလည်ဘူး... နေ့တိုင်း ကျွန်မ စာကျက်ဖို့ အချိန်ဘယ်လောက်ပေးရလဲ ရှင်တို့ သိလား..."

"မနက်တိုင်း ငါးနာရီထရတယ်... ပြီးရင် မနက်ခင်း ပြေးရတယ်... မနက်စာစားပြီးတာနဲ့ မနက်ခင်း စာဖတ်ချိန် စရတယ်... တစ်နေ့ကို ဆယ်နာရီကျော် မရပ်မနား စာလုပ်ရတယ်... ကျွန်မ မြင်ရတာက စားပွဲပေါ်မှာ ပုံနေတဲ့ ဧရာမ စာအုပ်တောင်ကြီးပဲ... အနာဂတ်ကို ကျွန်မ မမြင်ရဘူး... ကျွန်မဘဝအတွက် ထွက်ပေါက်ဆိုတာ လုံးဝမမြင်ရဘူး... ကျွန်မ သိတာတစ်ခုက ကျွန်မမှာရှိတဲ့ အရာအားလုံး ကျွန်မရဲ့ အနာဂတ် ကျွန်မရဲ့ မျှော်လင့်ချက်တွေအားလုံးက အဲ့ဒီ စာအုပ်တောင်ကြီးရဲ့ ပိတ်ဆို့တာကို ခံထားရတယ်ဆိုတာပဲ..."

"မနက် ငါးနာရီ ထရတဲ့ အတွေ့အကြုံမျိုး ရှင်တို့မှာ ရှိလား... မရှိဘူး... ရှင်တို့မှာ မရှိဘူး... တစ်နေကုန် ကောင်းကောင်း မစားရ မအိပ်ရတဲ့ ခံစားချက်မျိုးကို ရှင်တို့ ကြုံဖူးလား... မရှိဘူး... ရှင်တို့မှာ အဲ့ဒါလည်း မရှိဘူး... တစ်နေကုန် အဆုံးမရှိတဲ့ အိမ်စာတွေ အဆုံးမရှိတဲ့ စာမေးပွဲမေးခွန်းလွှာတွေနဲ့ နေကြည့်ဖူးလား... ကျွန်မ ဘယ်လောက်တောင် ပင်ပန်းနေပြီလဲဆိုတာ ရှင်တို့ လုံးဝ မသိဘူး..."

"ကျွန်မ ရှင်တို့ကို ပြောပြမယ်... ကျွန်မ ရေတွက်ထားတယ်... ဒီကို ရောက်ကတည်းက ကျွန်မ စာမေးပွဲမေးခွန်းလွှာ တစ်သောင်းကျော် လုပ်ခဲ့ပြီးပြီ... မနက်ကနေ ညအထိ နားချိန် လုံးဝမရှိဘဲ လုပ်နေခဲ့ရတာ..."

"ပြီးတော့ ရှင်တို့က...ရှင်တို့ ဂရုစိုက်တာက အမှတ်တွေကိုပဲ... ကိုယ့်ကလေးကို ဂရုမစိုက်ဘူး... ကျွန်မက ရှင်တို့အတွက် ကိရိယာတစ်ခုပဲ... ရှင်တို့ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးမယ့် သင်ယူမှု ကိရိယာတစ်ခုပဲ..."

"သာမန် ကြက်နှစ်ကောင်က ဖီးနစ်ငှက်ကို ဘယ်တော့မှ မမွေးနိုင်ဘူး... ဘယ်တော့မှ မမွေးနိုင်ဘူး..."

All Chapters