← Chapters

အခန်း ၅၁

Vol. 6 Ch. 51

အခန်း ၅၁

Vol. 6 Ch. 51

အခန်း (၅၁) ပထမနေရာ... ကျိုးထျန်ချန်

ဤစကားများသည် လေးလံသော တူတစ်လက်အလား လူတိုင်း၏နှလုံးသားများကို ပြင်းပြင်းထန်ထန် ထုနှက်လိုက်၏။

သူတို့၏ ခန္ဓာကိုယ်များ တုန်ယင်သွားပြီး သူတို့၏ မျက်လုံးများသည် တရုတ်စာဆရာမလက်ထဲရှိ စာရင်းကိုသာ စိုက်ကြည့်နေကြသည်။

ပြီးသွားပြီ...အရာအားလုံး ပြီးဆုံးသွားကာ တရားစီရင်မှု စတင်လေပြီ...

ဘယ်သူတွေ နေရစ်ခဲ့ရပြီး ဘယ်သူတွေ ထွက်သွားရမည်ကို ဖော်ထုတ်တော့ပေမည်။

"ဆရာမ... တကယ်လို့ ကျွန်တော်တို့က ထိပ်ဆုံးငါးယောက်စာရင်း မဝင်ရင် ဆက်နေရမှာလား..."

လီတာတုန်းက လက်ထောင်ပြီး မေးလိုက်သည်။

ဤစကားကို ကြားသောအခါ တရုတ်စာဆရာမသည် သူ့ကို အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်ပြီး လူတိုင်း၏ စောင့်ကြည့်နေသော အကြည့်များအောက်တွင် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်... ထိပ်ဆုံးငါးယောက်စာရင်း မဝင်တဲ့သူတွေက အတန်းပြန်တက်ပြီး နောက်ထပ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေရမယ်... အချိန်ကလည်း ငါးလပဲ..."

အချိန်တခဏအတွင်း လူတိုင်း၏နှလုံးသားများ လေးလံသွားသည်။ အထူးသဖြင့် အမှတ်နည်းသော ကျောင်းသားများမှာ လုံးလုံးလျားလျား မျှော်လင့်ချက်မဲ့သွားကြ၏။

ဤသည်က အဖြေဖြစ်မည်ကို သူတို့ သိထားပြီးဖြစ်သော်လည်း မျှော်လင့်ချက်မဲ့မှုကိုမူ သူတို့ ခံစားနေရဆဲပင်။

ငါးလ....သူတို့ နောက်ထပ်ငါးလ ဆက်နေရပေမည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် သူတို့သည် ငါးလတိုင်တိုင် စာကျက်ခဲ့ပြီးလေပြီ။ မည်သို့ပင်ဆိုစေကာမူ နောက်တစ်ကြိမ်ကျလျှင် သူတို့ ဤနယ်မြေမှ သေချာပေါက် ထွက်သွားနိုင်မည်ဟု သူတို့ တွေးတောလိုက်ကြ၏။

ထို့ပြင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းများ မည်သို့ရှိသည်ကိုလည်း သူတို့ သိထားပြီးဖြစ်သည်။ စာမေးပွဲမေးခွန်းများကိုသာ အာရုံစိုက်ထားသရွေ့ မည်သို့ပင်ဆိုစေကာမူ ဤနယ်မြေမှ သူတို့ ထွက်သွားနိုင်ပေမည်။

"တစ်ဆိတ်လောက်... နောက်ကျရင် ကျောင်းသားသစ်တွေ ထပ်ရောက်လာအုံးမှာလား..."

လီပင်းက လက်ထောင်ပြီး မေးလိုက်သည်။

"သေချာတာပေါ့... နောက်ကျရင် ကျောင်းသားတွေ ပိုများလာမယ်... စာသင်ခန်းတိုင်းမှာ ကျောင်းသား ငါးဆယ် ရှိမယ်... မင်းတို့ကိုလည်း အတန်းသစ်တွေ ခွဲပေးမှာဖြစ်ပြီးတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းအသစ်တွေကလည်း ကျပန်းဖြစ်လိမ့်မယ်... အရင်ကဟာတွေနဲ့ အတူတူပဲ ဖြစ်မှာမဟုတ်ဘူး..."

လူတိုင်း၏ခန္ဓာကိုယ်များ တုန်ယင်သွားပြီး သူတို့၏ မျှော်လင့်ချက်မဲ့မှုများ ပို၍နက်ရှိုင်းလာသည်။

စာမေးပွဲမေးခွန်းတွေက ပြောင်းသွားမှာလား...

ကျပန်းတောင် ဖြစ်နေသေးတာလား...

ဒါက ငါတို့ကို ထွက်မသွားနိုင်အောင် တမင်တကာ ရည်ရွယ်ထားတယ်ဆိုတာ အသိသာကြီးလေ..

သူတို့ တွေးတောမိကြ၏။

"ဒါ့ပြင်..."

တရုတ်စာဆရာမ၏စကား မပြီးဆုံးသေးချေ။

"မင်းတို့ရဲ့ မှတ်ဉာဏ်တွေကို ချိတ်ပိတ်ထားလိမ့်မယ်... မင်းတို့ ဘာမှတ်ဉာဏ်မှ ရှိမှာ မဟုတ်ဘူး... တက္ကသိုလ်ဝင်တန်းစာမေးပွဲ မတိုင်ခင် တစ်ရက်အလိုကျမှပဲ ဒီမှတ်ဉာဏ်တွေအားလုံးကို မင်းတို့ဆီ ပြန်ပေးလိမ့်မယ်... ဒါက အတန်းပြန်တက်တဲ့ သူတွေအနေနဲ့ မင်းတို့ရတဲ့ တစ်ခုတည်းသော အကျိုးခံစားခွင့်ပဲ..."

ပထမစကားတစ်ဝက်ကို ကြားလိုက်ရချိန်၌ လူတိုင်း ပြိုလဲလုမတတ် ဖြစ်သွားကြ၏။ အခြေအနေက ဆိုးရွားနေသည့်အပြင် ယခု သူတို့၏မှတ်ဉာဏ်များကိုပင် ချိတ်ပိတ်ခံရတော့ပေမည်။

သို့သော် နောက်ပိုင်းတွင် သူတို့၏မှတ်ဥာဏ်များကို ပြန်ပေးမည်ဖြစ်သောကြောင့် အဆင်ပြေပေလိမ့်မည်။ အနည်းဆုံးအနေဖြင့် သူတို့သည် ကျောင်းသားသစ်များထက် အသိပညာ ပို၍ကြွယ်ဝနေမည်ဖြစ်ရာ ထွက်ခွာရန် ပို၍လွယ်ကူပေမည်။

"ဒါပေမဲ့ ကြိုပြီးတော့ ဝမ်းသာမနေနဲ့ဦး... မင်းတို့က ကျောင်းသားသစ်တွေထက် အများကြီး ပိုသိမှာ မဟုတ်ဘူး... ဘာလို့လဲဆိုတော့ မင်းတို့အားလုံး တူညီတဲ့ စမှတ်ကနေ စတင်ပြီးတော့ တူညီတဲ့ အခြေခံ အသိပညာတွေကိုပဲ သင်ယူရမှာမလို့ပဲ... နောက်ဆုံးနေ့ကျမှ မင်းတို့ရဲ့မှတ်ဉာဏ်တွေ ပြန်ရလိမ့်မယ်... ပြီးတော့ မင်းတို့က အဲ့ဒီနေရာငါးနေရာအတွက် ကျောင်းသားသစ်တွေနဲ့ ယှဉ်ပြိုင်ရဦးမှာပဲ... အဲ့ဒါက ပြောင်းလဲမှာ မဟုတ်ဘူး..."

ဤစကားများကို ပြောဆိုလိုက်သည်နှင့် တပြိုင်နက် လူတိုင်း၏နှလုံးသားများ ဆတ်ခနဲ တုန်ရီသွားလေ၏။ ဤတစ္ဆေသည် သူတို့၏အတွေးများအားလုံးကို ထွင်းဖောက်၍ တွေ့မြင်နေခဲ့သည်။

သေချာစဉ်းစားကြည့်လျှင် သူတို့ထံတွင် အားသာချက် များများစားစား မရှိချေ။ သူတို့၏မှတ်ဉာဏ်များ မရှိပါက သူတို့သည် လုပ်ရိုးလုပ်စဉ်အတိုင်း လိုက်နာပြီး အခြေခံအကျဆုံး အသိပညာများကို သင်ယူရပေမည်။ သူတို့သည် ခက်ခဲသော ဘာသာရပ်များကို အာရုံစိုက်ရန် အမြော်အမြင် ရှိမည်မဟုတ်သဖြင့် နောက်ဆုံးနေ့သို့ ရောက်ချိန်၌ အလွန်နောက်ကျနေပေလိမ့်မည်။

တကယ်ကို ရက်စက်တဲ့ နည်းလမ်းပဲ... ငါတို့ကို လူသားတွေလို့တောင် သဘောမထားဘူး... တိရစ္ဆာန်တွေလို ညှဉ်းပန်းနှိပ်စက်နေတာပဲ...

"အခု ထိပ်ဆုံးငါးယောက်ကို ဆရာမ ကြေညာမယ်... ပဉ္စမနေရာ..."

ဆရာမသည် တမင်သက်သက် ခဏရပ်လိုက်ပြီး လူတိုင်း၏ စိုးရိမ်ပူပန်နေသော အမူအရာများကို ကြည့်ပြီးမှ ဆက်ပြောလိုက်၏။

"ဆွန်းမေ... ပဉ္စမနေရာ... တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ် ၄၈၀..."

ဤအခိုက်အတန့်တွင် ထောင့်တစ်နေရာ၌ ထိုင်နေသော အသက်ကြီးကြီး အမျိုးသမီးတစ်ဦးသည် သူမ ပဉ္စမနေရာရကြောင်း ကြားလိုက်ရသည်။ သူမသည် စိတ်လှုပ်ရှားစွာ မတ်တတ်ရပ်လိုက်ပြီး ဝမ်းသာပျော်ရွှင်စွာ ကခုန်ကာ စိတ်သက်သာရာရစွာဖြင့် ငိုကြွေးလိုက်တော့သည်။

"ဟားဟားဟား... ငါ ပဉ္စမ ရတယ်... ကလေးလေး... မေမေ သားကို လာတွေ့ဖို့ အိမ်ပြန်လာလို့ ရပြီ..."

လူတိုင်း လှမ်းကြည့်လိုက်ကြရာ သူတို့၏ မျက်လုံးများတွင် မနာလိုမှုနှင့်အံ့အားသင့်မှုများ ပြည့်နှက်နေလေ၏။

ဤအမျိုးသမီးသည် နယ်မြေထဲမှ ထွက်သွားနိုင်ပြီး ဆက်လက်၍ ဆင်းရဲဒုက္ခမခံရတော့မည်ကို သူတို့ မနာလိုဖြစ်မိကြသည်။

ထို့ပြင် သူမသည် အမှတ် ၄၈၀ တည်းဖြင့် ပဉ္စမနေရာ ရရှိခဲ့သည်ကိုလည်း သူတို့ အံ့အားသင်နေခဲ့သည်။ ဤသည်က အမှန်တကယ်ကို ကံကောင်းလွန်းလှသည်။

ဆွန်းမေသည် ပုံမှန်အားဖြင့် စကားအလွန်နည်းပြီး တိတ်တဆိတ် စာကျက်လေ့ရှိပေ၏။ သူမ၏ အမှတ်များသည် အကောင်းဆုံးများထဲတွင် အမြဲတစေ ပါဝင်သော်လည်း သူမက စကားပြောခဲသောကြောင့် တခြားသူများက သူမ၏တည်ရှိမှုကို လျစ်လျူရှုထားခဲ့ကြခြင်းဖြစ်သည်။

သူမသည် ထိပ်တန်းကျောင်းသားများထဲမှ တစ်ဦး အမြဲတစေ ဖြစ်ခဲ့ပြီး သူမ၏ နှလုံးသားထဲရှိ ခံယူချက်တစ်ခုတည်းကသာ သူမကို တွန်းအားပေးနေခဲ့ခြင်း ဖြစ်ပေ၏။ ဤသည်မှာ သူမ အိမ်ပြန်ပြီး သူမ၏ ကလေးကို တွေ့ဆုံရန်ပင်။

နယ်မြေထဲသို့ ဝင်မလာမီက သူမ မွေးဖွားခဲ့သော ပထမဆုံးကလေးငယ်မှာ နှစ်လသာ ရှိနေသေးသည်။

ဤအရာသည် ချန်လန် ဆုံးဖြတ်နိုင်သောအရာ မဟုတ်ဘဲ ကျပန်းရွေးချယ်မှုသာ ဖြစ်နေသည်။

နောက်ဆုံး၌ သူမ၏ကလေးကို တွေ့ဆုံရန် သူမ အိမ်ပြန်၍ ရလေပြီ။

"ဂုဏ်ယူပါတယ်... ပြန်သွားလို့ရတဲ့အတွက် ဂုဏ်ယူပါတယ်..."

"ငါ အရမ်းမနာလိုဖြစ်တာပဲ... နင်က ဒီညှဉ်းပန်းနှိပ်စက်တဲ့ နယ်မြေကနေ ထွက်သွားရတော့မယ်..."

"အစ်မမေ... အစ်မ လုပ်နိုင်မယ်ဆိုတာ ငါ သိတယ်... ငါ့ရဲ့စာလေးကို ယူသွားပြီး ငါ့မိဘတွေ သိအောင် ဖုန်းဆက်ဖို့ မမေ့နဲ့နော်..."

"အစ်မမေ... အစ်မက အရမ်းတော်တာပဲ..."

လူတိုင်းက သူမကို ချီးမွမ်းလိုက်ကြသည်။

မိန်းကလေးများသည် ဆွန်းမေ ဤနယ်မြေမှ ထွက်သွားနိုင်ရန် အခွင့်အရေးရှိကြောင်း ကြိုတင်သိရှိထားခဲ့ကြသဖြင့် တမြန်နေ့ကတည်းက သူမ ထွက်သွားနိုင်ပါက သတင်းစကားများ ပါးပေးရန် သူမကို တောင်းဆိုထားခဲ့ကြခြင်း ဖြစ်ပေ၏။

ယခုချိန်၌ ထိုမိန်းကလေးများက သူမကို သတိပေးလိုက်ချိန်၌ ဆွန်းမေ မေ့မသွားခဲ့ချေ။ သူမသည် မျက်ရည်များကြားမှ ခေါင်းညိတ်ပြလေသည်။

"အင်း... သတင်းစကားတွေကို သေချာပေါက် ငါ ပါးပေးပါ့မယ်..."

အချိန်တခဏကြာမျှ မနာလိုအားကျ ဖြစ်နေပြီးနောက် လူတိုင်းသည် သူတို့၏အကြည့်များကို ဆရာမထံသို့ ပြန်လည်၍ ပို့ဆောင်လိုက်ကြသည်။

တကယ်လို့ အမှတ် ၄၈၀က ထွက်သွားဖို့ လုံလောက်တယ်ဆိုရင် ငါတို့မှာရော အခွင့်အရေး ရှိနိုင်မလား...

"စတုတ္ထနေရာ... ထန်ဟောင်... ၄၈၃ မှတ်..."

အမျိုးသားတစ်ဦး ရုတ်တရက် မတ်တပ်ထရပ်ပြီး အသံကျယ်ကျယ်ဖြင့် အောင်ပွဲခံကာ လက်သီးဆုပ်ပြလိုက်၏။

"ဟားဟားဟား... ငါပဲ... ငါ စတုတ္ထရတယ်... ငါ ထွက်သွားလို့ ရပြီ..."

ဤသည်ကို မြင်သောအခါ ယောကျာ်းလေးများက ကပျာကယာ အော်ဟစ်လိုက်ကြသည်။

"အစ်ကိုဟောင်... အပြင်ရောက်ရင် ကျွန်တော်ရဲ့ မိဘတွေကို သတင်းစကားလေး ပါးပေးပါ..."

"အစ်ကိုဟောင်... ကျွန်တော်လည်း အတူတူပဲ... အစ်ကို လုပ်နိုင်မယ်ဆိုတာ ကျွန်တော် သိတယ်... ကျွန်တော့်ရဲ့စာကို အစ်ကို့ကို အစောကြီးကတည်းက ပေးထားပြီးသားနော်..."

"ကျေးဇူးပြုပြီး အစ်ကိုဟောင်..."

ထန်ဟောင်က ခေါင်းညိတ်ပြပြီး သဘောထားကြီးစွာဖြင့် ပြောလိုက်၏။

"စိတ်မပူပါနဲ့ ညီအစ်ကိုတို့... ငါ ကူညီပါ့မယ်..."

သို့သော် သူ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက် သူ အသံထွက်၍ ငိုကြွေးလေသည်။

"နှုတ်ဆက်ပါတယ်... မင်းတို့အားလုံး မြန်မြန် အပြင်ကို ရောက်လာတာကို ငါ မြင်ချင်ပါတယ်... အဲ့ဒီအချိန်ကျရင် ငါတို့ အတူတူ သောက်ကြတာပေါ့..."

ဒါက မလွယ်ကူခဲ့ဘူး... တကယ်ကို မလွယ်ကူခဲ့တာ...

ဤငါးလတာ ညှဉ်းပန်းနှိပ်စက်မှုအတွင်း သူ အကြိမ်များစွာ ပြိုလဲခဲ့သော်လည်း ဘယ်တော့မှ လက်မလျှော့ဘဲ ကြိုးစားပြီး စာကျက်နေခဲ့လေ၏။

နောက်ဆုံး၌ သူ၏ကြိုးစားအားထုတ်မှုများ အရာထင်ခဲ့လေပြီ။ ပေါ့ပါးသောလှေငယ်လေးက တောင်တန်းတစ်သောင်းကို ဖြတ်ကျော်နိုင်သည့်အလား သူ စတုတ္ထနေရာမှာ ရှိနေပြီး ထွက်သွားနိုင်ခဲ့သည်။ ဘယ်တော့မှ ပြန်လာရန် မလိုတော့ချေ။

"တတိယနေရာ... ချန်ချွန်း... ၄၈၅ မှတ်..."

ဤသည်မှာ နောက်ထပ် ယောကျာ်းလေးတစ်ယောက်ပင်။ သူ၏နာမည်ကို ကြားလိုက်ရချိန်၌ သူသည် စားပွဲပေါ်သို့ ချက်ချင်းမှောက်ကျသွားပြီး စတင်၍ အော်ဟစ် ငိုကြွေးတော့သည်။

"အမေ... သား လုပ်နိုင်ခဲ့ပြီ... သားက လိမ္မာသေးတယ်... အပြင်ထွက်ပြီး သားရဲ့ တာဝန်တွေကို ဖြည့်ဆည်းလို့ရပြီ..."

လူသုံးယောက်ကို နာမည်ခေါ်ပြီးသွားပြီဖြစ်သော်လည်း အမှတ်များမှာ ၅၀၀ မကျော်သေးချေ။

ကျန်ရှိနေသော နေရာနှစ်နေရာမှာ...

လူတိုင်းသည် ဟန်ထျန်ယွီနှင့်ကျိုးထျန်ချန်တို့ဆီသို့ လှမ်းကြည့်လိုက်ကြ၏။ ဆရာမက အမြဲတစေ ချီးကျူးလေ့ရှိပြီး မိဘများကလည်း အမြဲတစေ နှိုင်းယှဉ်လေ့ရှိကြသော ဤထိပ်တန်းကျောင်းသား နှစ်ဦးသည် သေချာပေါက် ထွက်သွားနိုင်ပေမည်။ သို့သော် သူတို့၏အမှတ်များသည် မည်သို့ ရှိနေသနည်း။

ဟန်ထျန်ယွီနှင့်ကျိုးထျန်ချန်တို့သည် သိမြင်နားလည်သော အကြည့်တစ်ခုကို ဖလှယ်လိုက်ကြပြီး တစ်ယောက်နှင့်တစ်ယောက်၏ မျက်လုံးများတွင် ပြိုင်ဆိုင်မှုနှင့် အပြန်အလှန် လေးစားမှု အရိပ်အယောင်များကို မြင်တွေ့လိုက်ကြသည်။

"ဒုတိယနေရာ..."

ဆရာမကလည်း နားလည်ပုံရပြီး သူတို့နှစ်ဦးကို တမင်သက်သက် တစ်ချက်ကြည့်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။

"ဟန်ထျန်ယွီ... ၄၉၇ မှတ်..."

ဤစကားကို ကြားသောအခါ ဟန်ထျန်ယွီက ပြုံးလိုက်ပြီး ကျိုးထျန်ချန်ကို ကြည့်လိုက်သည်။

"ပထမနေရာကို ရတဲ့အတွက် ဂုဏ်ယူပါတယ်..."

ကျိုးထျန်ချန်သည် သေချာပေါက် ပထမနေရာ၌ ရှိနေမည်ကို သူ သေချာပေါက် သိထားသည်။ တစ်ဖက်လူ၏ ပါရမီနှင့် ကြိုးစားအားထုတ်မှုကို သူ မြင်တွေ့ခဲ့ပြီးဖြစ်ရာ မမျှော်လင့်ထားသောအရာ တစ်ခုခု မဖြစ်ပါက ကျိုးထျန်ချန် သေချာပေါက် ပထမ ရပေမည်။

"မင်းလည်း ထွက်သွားနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်..."

ကျိုးထျန်ချန်က အပြုံးနှင့် ပြောလိုက်သည်။

"ဒီတက္ကသိုလ်ဝင်တန်းစာမေးပွဲရဲ့ ပထမဆုရှင် ကျောင်းသား ကျိုးထျန်ယွီကို ဂုဏ်ပြုပေးလိုက်ကြရအောင်... စုစုပေါင်းအမှတ် ၅၁၅ မှတ်..."

အမှတ်ကို ကြေညာလိုက်သည်နှင့် တစ်ပြိုင်နက် အခန်းတစ်ခန်းလုံး ပွက်လောညံသွားလေ၏။

၅၁၅ မှတ်အထိ မြင့်နေတာလား...

"အစ်ကိုထျန်ယွီ... အစ်ကို လုပ်နိုင်မယ်ဆိုတာ ကျွန်တော် သိတယ်..."

"အစ်ကိုကျိုးက အရမ်းတော်တာပဲ..."

"အရမ်းမနာလိုဖြစ်တာပဲ... နှုတ်ဆက်ပါတယ် အစ်ကိုကျိုး..."

သူတို့သည် ကျိုးထျန်ယွီကို မနာလိုမှုနှင့် အံ့အားသင့်မှု အပြည့်ရှိသော အကြည့်များဖြင့် တစ်ယောက်ပြီးတစ်ယောက် ကြည့်လိုက်ကြ၏။ ကျိုးထျန်ယွီသည် အတော်ဆုံးဖြစ်သည်ကို သူတို့ သိထားကြသော်လည်း အမှတ် ၅၀၀ ကျော်ရသည်အထိ ထူးချွန်လိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြချေ။ ထိုတက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းများမှာ အလွန်အမင်း ခက်ခဲလွန်းလှသည်။

"အောင်မြင်စွာ ဘွဲ့ရသွားတဲ့ မင်းတို့ ငါးယောက်ကို ဂုဏ်ပြုပါတယ်... အခု မင်းတို့ရမယ့် ဆုလာဘ်တွေကို ဆရာမ ကြေညာပေးမယ်..."

All Chapters