← Chapters

အခန်း ၉၀

Vol. 9 Ch. 90

အခန်း ၉၀

Vol. 9 Ch. 90

အခန်း (၉၀) - အမှောင်တမန်တော်

လင်းဖန်၏ လက်သည်းတစ်ဖက်က သူမ၏ မျက်လုံးများနှင့် မျက်နှာဆီသို့ ဝင်ရောက်သွားလေသည်။

အခြားလက်သည်းတစ်ဖက်ကမူ သူမ၏ လည်ပင်းဆီသို့ ဦးတည်သွားသည်။

လင်းဖန်၏ လက်သည်းမှာ နီးကပ်လာသော်လည်း သူမက လက်ဖြင့် ကာကွယ်လိုက်သည်။

သို့သော် သူ၏လက်သည်းက သူမ၏လက်ကို ဖောက်ထွင်းသွားလေသည်။

“ခွေးကောင်”

သူမသည် နာကျင်မှုကြောင့် အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။

ထို့နောက် သူမက ဒူးပင့်ကာ လင်းဖန်၏ ခါးကို တိုက်ခိုက်လိုက်သည်။

ဖုန်း…

သူမ၏ ဒူးမှာ နံရံအား ဝင်တိုက်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် ထိုတိုက်ခိုက်မှုက လင်းဖန်ကို အနည်းငယ် နာကျင်သွားစေရန် လုံလောက်ပေသည်။

လင်းဖန်သည် သူမကို မြေပြင်ပေါ်သို့ဖိချလိုက်ပြီး သူ၏ လက်ချောင်းများဖြင့် သူမ၏ ဦးခေါင်းအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားလိုက်သည်။

သူမက ရုန်းကန်ကာ လွတ်မြောက်ရန် ကြိုးပမ်းလေသည်။

“တခြားသူတွေလို လူကြီးလူကောင်းဆန်ဆန်နေပြီး ငါ့ရဲ့အလှတရားကို မခံစားနိုင်ဘူးလား။ နင်က ခန္ဓာကိုယ်ကျင့်ကြံသူ ဖြစ်နေတာ မဆန်းပါဘူး”

သူမက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

လင်းဖန်ကမူ ဂရုမစိုက်ဘဲ သူ၏ လက်ချောင်းများကို သူမ၏ ဦးခေါင်းခွံအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ထိုးသွင်းလိုက်သည်။

သူမ၏ ခုခံနိုင်စွမ်း အားနည်းလာသည်ကို သူ ခံစားလိုက်ရသည်။

‘နောက်နည်းနည်းလေးပဲ’

လင်းဖန်က တွေးလိုက်သည်။

ရုတ်တရက် တစ်စုံတစ်ယောက်က လင်းဖန်ကို နောက်ကျောမှဆွဲယူကာ အလွန်ပြင်းထန်သော အင်အားဖြင့် လွှင့်ပစ်လိုက်လေသည်။

သူသည် မြေပြင်ပေါ်တွင် လိမ့်ထွက်သွားပြီး နံရံကို ဝင်တိုက်မိမှသာ ရပ်တန့်သွားတော့သည်။

ဒုန်း…

နံရံကို ဝင်တိုက်မိချိန်တွင် တုံးတိတိအသံကို လင်းဖန် ကြားလိုက်ရသည်။

အရှိန်မှာ အလွန်ပြင်းထန်လွန်းလှသဖြင့် လင်းဖန်၏ အတွင်းကလီစာများပင် နာကျင်သွားလေရာ ချက်ချင်း ပြန်မထနိုင်တော့ချေ။

သူ၏ အရိုးအချို့ ကျိုးသွားချေပြီ။

လင်းဖန်သည် သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံး တစ်လုံးကို အမြန်ထုတ်ကာ မျိုချလိုက်သည်။

ယင်းက အနည်းငယ် အထောက်အကူပြုပေးနိုင်သည်။

လင်းဖန်သည် မတ်တပ်ရပ်နိုင်ရန် ဂူနံရံကို အားပြုလိုက်ရလေသည်။

ထို့နောက် တစ်ဖက်လူအား သူ မြင်လိုက်ရသည်။

အမှောင်တမန်တော်ပင်…

ရင်းနှီးနေသော အသံတစ်ခုက သူ၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

[ဒင်]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့်ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]

[ကလဲ့စားချေအမှတ် ၆၀၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ပါ]

ကလဲ့စားချေအမှတ်များကို မြင်လိုက်ရချိန်တွင် လင်းဖန်၌ အတွေးတစ်ချက်သာ ရှိတော့သည်။

‘သွားရမယ့်အချိန်ပဲ’

အမှောင်တမန်တော်က လုတိကို တွဲထူပေးရင်း လင်းဖန်အား စိုက်ကြည့်နေလေသည်။

လုတိက သူမ၏မျက်နှာကို လက်ဖြင့်အုပ်ကာ လင်းဖန်ကို လက်ညှိုးထိုးလိုက်သည်။

သူမ၏ပုံစံမှာ လုံးဝကျေနပ်ပုံမပေါ်သည်မှာ သေချာပေသည်။

သူ့အတွက် လုပ်စရာ တစ်ခုတည်းသာ ကျန်တော့သည်။

သူသည် ကျောက်ချင်းယင် ပေးထားသော ကျောက်စိမ်းဆွဲပြားကို ထုတ်ယူကာ သူ၏ချီစွမ်းအင်ကို သွင်းလိုက်သည်။

ကျောက်ချင်းယင်က အာရုံရသွားပြီး မေးလိုက်လေသည်။

“ဘာဖြစ်လို့လဲ”

သူ၏အသံက လင်းဖန်၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။

လင်းဖန်က အမြန်ပြန်ဖြေလိုက်သည်။

“အမှောင်တမန်တော် ဒီကို ရောက်နေပြီ။ ကျုပ် သူ့ကို ယှဉ်နိုင်မယ် မထင်ဘူး”

ကျောက်ချင်းယင်သည် ချက်ချင်းပင် ဂူထဲသို့ ဝင်လာခဲ့သည်။

သူက စိတ်မရှည်နိုင်ဖြစ်နေပြီ ဖြစ်သည်။

အကယ်၍ ၎င်းမှာ ထောင်ချောက်တစ်ခုဖြစ်ခဲ့လျှင်ပင် ဖြစ်ချင်ရာဖြစ်၊ အစွမ်းအစအရှိဆုံးသူကသာ အသက်ရှင်လျက် ထွက်လာနိုင်မည် မဟုတ်ပါလော။

ယင်းက သူ၏ တာအိုလမ်းစဉ်ပင် ဖြစ်ပေသည်။

သို့သော် ထိုသို့မဖြစ်မီ လင်းဖန်အနေဖြင့် အမှောင်တမန်တော်ကို ရင်ဆိုင်ရမည် ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အမှောင်တမန်တော်က လင်းဖန်၏ အရှေ့၌ ပေါ်လာသည်ကို မြင်လိုက်ရသည်။

သူ၏ လက်သီးချက်က လင်းဖန်ဆီသို့ ပြေးဝင်လာသော အမည်းရောင်အလင်းတန်းတစ်ခုအလားပင်။

ဒေါင်…

လင်းဖန်သည် သူ၏ သံတူများကို အမြန်ထုတ်ယူလိုက်သည်။

ယင်းက အမှောင်တမန်တော်၏ လက်သီးချက်ကို ကာကွယ်လိုက်နိုင်သော်လည်း အရှိန်က အလွန်ပြင်းထန်လွန်းလှသဖြင့် သူသည် မြေပြင်ပေါ်မှ ဂူနံရံဆီသို့ နောက်ဆုတ်လျောကျသွားလေသည်။

အမှောင်တမန်တော်က သူ့ဆီသို့ ထပ်မံပြေးဝင်လာပြန်သည်။

ဤတစ်ကြိမ်တွင်မူ လင်းဖန်ကို လက်သီးဖြင့် မထိုးနိုင်မီ လင်းဖန်က သူ၏ အုပ်စုခေါင်းဆောင်စွမ်းရည်ကို အသုံးပြုလိုက်တော့သည်။

အမှောင်တမန်တော်သည် တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံခန့် ကြက်သေသေသွားသည်။

သို့သော် ထိုအချိန်တိုလေးသည်ပင် လင်းဖန်အတွက် သူ၏ ယင်ယန်ကြက်ခြေခတ်ရိုက်ချက်ကို အသုံးပြုရန် လုံလောက်နေခဲ့လေသည်။

ဘုန်း…

အမှောင်တမန်တော်၏ လည်ပင်းကို ထိုးနှက်လိုက်ခြင်းပင်။

ရုတ်တရက် အတိုက်ခံလိုက်ရသဖြင့် ဒေါသထွက်သွားသော အမှောင်တမန်တော်က လင်းဖန်အား လက်သီးဖြင့် ပြန်လည်ထိုးကြိတ်လိုက်ရာ လင်းဖန်၏ ပခုံးကို ထိမှန်သွားလေသည်။

ဘုန်း…

လင်းဖန်သည် လွင့်စင်သွားပြီး ဂူနံရံနှင့် သွားရောက်ရိုက်မိတော့သည်။

ကျောက်နံရံများ အက်ကွဲသွားပြီး သူဝင်တိုက်မိသောနေရာတွင် ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်သွားသည်။

ယင်ယန်ကြက်ခြေခတ်ရိုက်ချက်၏ စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာချိန်တွင်မူ အမှောင်တမန်တော်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ရုံဖြင့် ထိုတိုက်ခိုက်မှု၏ အရှိန်အဟုန်များ လုံးဝ ပျောက်ကွယ်သွားချေသည်။

အဟွတ်…

လင်းဖန်သည် သွေးများ အန်ချလိုက်ရသည်။

သူက သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံး နောက်တစ်လုံးကို မျိုချလိုက်သည်။

သို့ရာတွင် ဤတစ်ကြိမ်၌မူ ဆေးလုံးမှာ များစွာ အထောက်အကူမပြုတော့ပေ။

“မျိုးဆက်သစ်လေးကို အနိုင်ကျင့်နေတာပဲ မဟုတ်လား”

ကျောက်ချင်းယင်၏ အသံက လေထုထဲတွင် ဟိန်းထွက်လာပြီးနောက် အမှောင်တမန်တော်ဆီသို့ လေပွေဓားသိုင်းဖြင့် ထိုးနှက်တိုက်ခိုက်လိုက်လေသည်။

အမှောင်တမန်တော်က သူ၏ ခန္ဓာကိုယ်ထဲမှ ရေဘဝဲလက်တံကဲ့သို့သော အသားမျှင်များကို ပစ်လွှတ်လိုက်ပြီး သူ၏ ကိုယ်ကို ဖုံးကွယ်ကာကွယ်လိုက်သည်။

လေပွေဓားသိုင်း၏ တိုက်ကွက်မှာ ထိုလက်တံများကို ထိုးဖောက်နိုင်ခြင်း မရှိခဲ့ချေ။

ကျောက်ချင်းယင်က ပြေးဝင်သွားပြီး လက်ချောင်းများကို အထက်သို့ ပင့်တင်လိုက်ရင်း လှီးဖြတ်ဓားလှိုင်းတစ်ခုကို ဖန်တီးလိုက်ပြီး အမှောင်တမန်တော်ထံသို့ တိုက်ရိုက် ခုတ်ပိုင်းလိုက်လေသည်။

ထိုဓားလှိုင်း ဖြတ်သန်းသွားသော လမ်းကြောင်းတစ်လျှောက်တွင် ပြတ်ရှရာကြီးများ ကျန်ရစ်နေခဲ့သည်။

အသားလက်တံများက လှီးဖြတ်ဓားလှိုင်းကို ပြန်လည်တိုက်ခိုက်ရန် ကြိုးစားသော်လည်း အပိုင်းပိုင်းအစစဖြင့် ပြတ်တောက်ကြေမွသွားလေသည်။

ထိုတိုက်ကွက်ကို မခုခံနိုင်တော့သဖြင့် အမှောင်တမန်တော်သည် ဘေးဘက်သို့လိမ့်ကာ ရှောင်တိမ်းလိုက်ရလေသည်။

ကျောက်ချင်းယင်က အမှောင်တမန်တော်ဆီသို့ နောက်ထပ် လှီးဖြတ်ဓားလှိုင်းတစ်ခုကို ထပ်မံလွှတ်ထုတ်လိုက်ပြန်သည်။

ထို့ကြောင့် အမှောင်တမန်တော်မှာ နောက်သို့ ဆုတ်ခွာသွားရတော့သည်။

“ဘယ်သွားမလို့လဲ။ သတ္တိကြောင်တဲ့ကောင်”

ကျောက်ချင်းယင်က အော်ဟစ်လိုက်သည်။

သူသည် မတ်တတ်ရပ်ကာ စောင့်ဆိုင်းနေသည်။

အမှောင်တမန်တော်က နောက်သို့လှည့်ကြည့်လာပြီး ကျောက်ချင်းယင်အား မျက်လုံးကျဉ်းကာ စိုက်ကြည့်လိုက်လေသည်။

ဖောက်…

ကျောက်ချင်းယင်က သူ၏ ဝိုင်ဘူးကိုဖွင့်ကာ ဝိုင်တစ်ငုံ မော့သောက်လိုက်သည်။

“မင်း ထောင်ထားတဲ့ ထောင်ချောက်ဆီကို လိုက်လာရလောက်အောင် ငါက အဲဒီလောက် တုံးအနေတယ်လို့ ထင်နေတာလား”

အမှောင်တမန်တော်သည် ဘာမှပြန်မပြောတော့ဘဲ ကျောက်ရွေ့နှင့် အခြားသူများ တောင်တစ္ဆေကြီးနှင့် တိုက်ခိုက်နေဆဲဖြစ်သော တစ်ဖက်ခြမ်းဆီသို့ လှမ်းကြည့်လိုက်သည်။

ထို့နောက် သူက ပလွေတစ်လက်ကို ထုတ်ယူကာ မှုတ်လိုက်လေသည်။

ပလွေသံကို ကြားလိုက်ရသည်နှင့် တောင်တစ္ဆေကြီးမှာ ရူးသွပ်စွာ သောင်းကျန်းတော့သည်။

၎င်းသည် ကျောက်ရွေ့နှင့် အခြားသူများကို လျစ်လျူရှုလိုက်ပြီး ကျောက်ချင်းယင်ဆီသို့ ပြေးဝင်လာသည်။

“ဂိုဏ်းတူဦးလေး… သတိထား…”

တောင်တစ္ဆေကြီး သူ့ထံသို့ ပြေးဝင်သွားသည်ကို မြင်လိုက်ရသဖြင့် ကျောက်ရွေ့က အော်ဟစ်သတိပေးလိုက်လေသည်။

တောင်တစ္ဆေကြီး လှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် မြေကြီးမှာ တသိမ့်သိမ့်ဖြင့် တုန်ခါသွားရသည်။

ကျောက်ချင်းယင်မှာ ရွေးချယ်စရာမရှိတော့ဘဲ ကိုယ်ကိုလှည့်၍ တောင်တစ္ဆေကြီးကို ရင်ဆိုင်ရတော့သည်။

အမှောင်တမန်တော်က ဤအခွင့်အရေးကို အသုံးချကာ လုတိနှင့်အတူ မှောင်ရိပ်များကြားသို့ ပျောက်ကွယ်သွားလေသည်။

ယခုအချိန်တွင် မတ်တတ်ပင် ကောင်းကောင်းမရပ်နိုင်တော့သည့် လင်းဖန်မှာ ထိုမြင်ကွင်းကို ကြည့်နေရုံမှလွဲ၍ ဘာမှမတတ်နိုင်ခဲ့ချေ။

သူ၏ ချီစွမ်းအင်များ မလုံလောက်တော့သည့်အပြင်၊ အုပ်စုခေါင်းဆောင်စွမ်းရည်ကို အသုံးပြုလိုက်ရသဖြင့် သူ၏ ခွန်အားများ လုံးဝ ကုန်ခန်းသွားခဲ့ပြီဖြစ်သည်။

ဝုန်း…

တောင်တစ္ဆေကြီးက မြေကြီးကို ၎င်း၏ လက်သီးများဖြင့် ထုချေလိုက်သောအခါ မြေပြင်အက်ကွဲသွားပြီး ကျောက်တုံးကျောက်ခဲများမှာ နေရာအနှံ့ လွင့်စဉ်ထွက်သွားလေသည်။

သို့ရာတွင် ကျောက်ချင်းယင်က ၎င်းထက် ပိုမိုမြန်ဆန်နေခဲ့သည်။

သူသည် ၎င်း၏ ပခုံးပေါ်သို့ ခုန်တက်သွားပြီး လေပွေဓားသိုင်းဖြင့် ၎င်း၏ လည်ပင်းကို ထိုးနှက်လိုက်သည်။

လေပွေစွမ်းအင်များက တောင်တစ္ဆေကြီး၏ မာကျောသော အမွေးအမျှင်များနှင့် အရေပြားကို ထိုးဖောက်ဝင်ရောက်သွားသည်။

ဂျီး…

၎င်းမှာ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ၎င်း၏ပခုံးပေါ်ရှိ ကျောက်ချင်းယင်အား ရိုက်ချရန် ကြိုးစားလိုက်သည်။

၎င်း၏ လည်ပင်းမှ သွေးများပန်းထွက်လာကာ ဖြူဖွေးနေသော အမွေးအမျှင်များမှာ သွေးရောင်အဖြစ် ပြောင်းလဲသွားလေသည်။

ကျောက်ချင်းယင်က မြေပြင်ပေါ်သို့ ပြန်လည်ခုန်ဆင်းလိုက်ပြီး သူ၏ လက်ချောင်းများဖြင့် လှီးဖြတ်ဓားလှိုင်းတစ်ခုကို ဖန်တီးကာ ၎င်း၏ မျက်လုံးများဆီသို့ လွှတ်ထုတ်လိုက်သည်။

ထိုဓားလှိုင်းက မျက်လုံးများကို ထိုးဖောက်ဖြတ်တောက်သွားသဖြင့် တောင်တစ္ဆေကြီးမှာ နာကျင်စွာ အော်ဟစ်လိုက်ရသည်။

“ဂျီး... ဂျီး... ဂျီး...”

တောင်တစ္ဆေကြီးက ၎င်း၏ လက်များဖြင့် မျက်လုံးများကို ကာကွယ်လိုက်သည်။

ထိုအခါ ကျောက်ချင်းယင်သည် တောင်တစ္ဆေကြီး၏နဖူးဆီသို့ သူ၏ လက်ချောင်းများဖြင့် ထိုးစိုက်လိုက်လေသည်။

ဖောက်…

လေပွေဓားသိုင်းက ဦးခေါင်းခွံကို ထိုးဖောက်သွားပြီး ဦးနှောက်များကို အပိုင်းပိုင်းအစစ ကြေမွသွားစေသည်။

ခဏအကြာတွင် တောင်တစ္ဆေကြီး၏လက်မှာ အားပျော့သွားကာ မြေပြင်ပေါ်သို့ပြုတ်ကျသွားပြီး ၎င်း၏ ကိုယ်ကြီးမှာလည်း နောက်သို့ လန်ကျသွားတော့သည်။

မြေပြင်နှင့် ရိုက်မိချိန်တွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာလေတော့သည်။

All Chapters