လင်းဖန်တစ်ယောက် နိုးထလာတဲ့အခါမှာ အားကိုးစရာ မိသားစုရယ်မရှိ၊ အထင်ကြီးလောက်စရာ ဂုဏ်ဒြပ်မရှိသလို၊ လုံခြုံမှုဆိုတာ ဝေလာဝေး။ ပရမ်းပတာဖြစ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ လောကကြီးမှာ သူ ဘယ်လိုရုန်းကန်ရှင်သန်ရမလဲ...။ ရုန်းရင်းဆန်ခတ် ဖြစ်ရပ်တွေကြားထဲမှာ သူ့ရဲ့စိတ်အာရုံအတွင်း လျှို့ဝှက်ချက်တစ်ခု ပေါ်ပေါက်လာခဲ့တယ်။ အဲတာကတော့... "သားရဲစွမ်းရည်စနစ်" ... သူ့ကို ခြိမ်းခြောက်လာတဲ့ ရန်သူတွေကို ချေမှုန်းလေလေ၊ ကလဲ့စားချေမှတ်တွေကို စုဆောင်းနိုင်လေပဲ။ ဒီလိုနဲ့ပဲ သေခြင်းတရားနဲ့ ကခုန်ရင်း တဖြည်းဖြည်း သူ့ရဲ့အစွမ်းအစတွေကို မြှင့်တင်နိုင်ခဲ့တယ်။ ... အခြေခံတောယုန်စွမ်းရည် - [ တောယုန်၏ အကြားအာရုံ ][ ခြေမြန်စွမ်းရည် ][ အံ့ဖွယ်ခုန်ပျံခြင်းစွမ်းရည် ] ကြမ်းကြုတ်ဝံပုလွေစွမ်းရည် - [ မုဆိုးအာရုံ ][ သံမဏိလက်သည်း ][ အုပ်စုခေါင်းဆောင်စွမ်းရည် ] မျောက်ဝံရိုင်းစွမ်းရည် - [ သစ်ပင်တက်ခြင်း ][ ကြံ့ခိုင်လက် ][ ချီရှုသွင်းခြင်း ] ... လင်းဖန်ဟာ သေရေးရှင်ရေးတိုက်ပွဲတိုင်းကို အသက်လုဆင်နွှဲရင်း ခွန်အားတွေကို တဆင့်ချင်းမြှင့်တင်ခဲ့တယ်။ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်... သိုင်းလောကထိတ်ထိတ်ကြဲဂိုဏ်းကြီးရဲ့ ကြောက်မက်ဖွယ်အကောင်းဆုံးသော ဂိုဏ်းချုပ်ကြီးဖြစ်လာတဲ့အခါမှာတော့... အတိတ်ကို ပြန်တွေးရင် လင်းဖန်တစ်ယောက် ပြုံးလိုက်မိတယ်။ ... "ကြီးကျယ်ခမ်းနားလှတဲ့ အထွတ်အထိပ်ဖြစ်တည်မှုတစ်ခုဟာ အလွန်တရာ သေးနုပ်လှတဲ့ တောယုန်တစ်ကောင်ရဲ့ စွမ်းရည်နဲ့ စတင်ခဲ့ရတယ်ဆိုရင် မိတ်ဆွေတို့ ယုံကြည်နိုင်ပါ့မလား။"

