← Chapters

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း (၂၃၃) - လျှပ်စီးဦးချိုမိကျောင်း

ရွှစ်...

လင်းဖန်သည် ယခင်ကထက် တောနက်ထဲသို့ ပို၍ ဝင်ရောက်သွားခဲ့သည်။

အနီးအနားတွင် သတ္တဝါများ၏အူသံများ ထွက်ပေါ်နေပြီး သစ်ရွက်များမှာ ပိုမိုထူထပ်နေကာ သူသည် အချို့နေရာများကို အတင်းထိုးဖောက်၍ သွားခဲ့ရလေသည်။

တစ်နာရီခန့် ခရီးဆက်ပြီးနောက် သူသည် ရေဆာလာသဖြင့် ရေသောက်ရန်အတွက် မြစ်တစ်စင်းကိုရှာဖွေရန် ဆုံးဖြတ်လိုက်သည်။

အသံမှတ်ညာဏ်စွမ်းရည်ကို အသုံးပြုလိုက်ရာ အနီးအနားမှ ရေစီးသံကိုကြားလိုက်ရပြီး ထိုအရပ်ဆီသို့ လျှောက်သွားလေသည်။

လင်းဖန်သည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူ့လက်နှစ်ဖက်ဖြင့် ရေခပ်လိုက်သည်။

ထိုစဉ် ရုတ်တရက်ပင် သူ့စိတ်ထဲ၌ ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာချေပြီ။

[ဒင်]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]

[ကလဲ့စားချေအမှတ် ၅၀၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် လျှပ်စီးဦးချိုမိကျောင်းကို သုတ်သင်ပါ]

ဝုန်း...

ရုတ်တရက် ရေပြင်မှ ရေများပန်းထွက်လာကာ ဧရာမမိကျောင်းကြီးတစ်ကောင်၏ပါးစပ်ကြီးက လင်းဖန်ထံသို့ ဝင်ရောက်လာတော့သည်။

လင်းဖန်သည် လေထဲသို့ အလျင်အမြန်ခုန်တက်လိုက်ပြီး နဂါးဟိန်းသံလှံကို ထုတ်ယူလိုက်လေသည်။

အောက်သို့ငုံ့ကြည့်လိုက်သောအခါ သူ့အား တိုက်ခိုက်ခဲ့သောအရာကို ရှင်းလင်းစွာ မြင်လိုက်ရသည်။

အလျား မီတာ (၁၀)ခန့်ရှိသော မိကျောင်းကြီးတစ်ကောင်က သူ့ကို မော့ကြည့်နေပေသည်။

ထိုအကောင်၏ခေါင်းပေါ်တွင် အပြင်သို့ပြူးထွက်နေသော ဦးချိုငယ်နှစ်ချောင်း ရှိလေသည်။

လင်းဖန်သည် နဂါးဟိန်းသံပမာ လှံသွားဖြာနည်းစနစ်ဖြင့် လျှပ်စီးဦးချိုမိကျောင်းကို ထိုးနှက်လိုက်သည်။

ဒုတ်...

စွမ်းအင်လှိုင်းသည် လျှပ်စီးဦးချိုမိကျောင်း၏ မာကျောသောအရေခွံကို ထိမှန်သွားသော်လည်း ထိုအကောင်က ဘေးဘက်သို့ ရှောင်တိမ်းသွားခဲ့လေသည်။

မကြာမီမှာပင် ထိုဦးချိုများပေါ်၌ အပြာရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာချေပြီ။

ဝုန်း...

တုံ့ပြန်ရန်နှင့် မြူခိုးအဖြစ်ပြောင်းလဲရန် အချိန်မရလိုက်မီ လင်းဖန်သည် ထိုဦးချိုများမှ ထွက်ပေါ်လာသော လျှပ်စီးကြောင်းတစ်ခု၏ ရိုက်ခတ်မှုကို ခံလိုက်ရလေသည်။

ထိုလျှပ်စီး၏အမြန်နှုန်းက သူ့အတွက် အရမ်းကို မြန်ဆန်လွန်းနေခဲ့သည်။

သူ၏ အရေပြားများ ကျွမ်းလောင်သွားသည့်အနံ့ကို သူ့နှာခေါင်းထဲတွင် ရနေပေသည်။

ကံကောင်းထောက်မစွာဖြင့် သူသည် အချိန်မီ ရှေးဦးမူလတိုက်တန်အကာအကွယ်ကို အသက်သွင်းနိုင်ခဲ့သောကြောင့် သူ၏အရေပြားအချို့သာ လောင်ကျွမ်းသွားခဲ့သည်။

ဘုန်း...

ရှေးဦးမူလတိုက်တန်အကာအကွယ်က လျှပ်စီးကြောင်းအချို့ကို မြေပြင်ပေါ်သို့ ပြန်လည်ရောင်ပြန်ဟပ်စေခဲ့ရာ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်သွားတော့သည်။

လင်းဖန် မြေပြင်ပေါ်သို့ကျဆင်းလာချိန်တွင် လှံကိုသိမ်းဆည်းလိုက်ပြီး သံတူများကို ထုတ်ယူလိုက်သည်။

သူသည် လျှပ်စီးဦးချိုမိကျောင်းထံသို့ သံတူများဖြင့်ရွယ်၍လွှဲယမ်းလိုက်ရာ တောက်ပနေသော မီးတောက်ဝံပုလွေနှင့် ရေခဲအစွယ်ကျားဖြူတို့က ထိုအကောင်ထံသို့ ပြေးဝင်သွားလေသည်။

မီးတောက်ဝံပုလွေက လျှပ်စီးဦးချိုမိကျောင်းကိုကိုက်ဖြတ်ရန် ကြိုးစားနေစဉ် ရေခဲအစွယ်ကျားဖြူက ဝမ်းဗိုက်ဆီသို့ ဝင်ရောက်သွားသည်။

ရွှစ်...

လျှပ်စီးဦးချိုမိကျောင်းသည် သူ့၏အမြီးဖြင့် မီးတောက်ဝံပုလွေကို လွှဲရိုက်လိုက်သည်။

ထိုရိုက်ချက်က မီးတောက်ဝံပုလွေကို ထိမှန်သွားရာ ချက်ချင်းပင် ပျောက်ကွယ်သွားချေသည်။

ဖုန်း...

လျှပ်စီးဦးချိုမိကျောင်းက သူ့၏အမြီးကို ရေပြင်ပေါ်သို့ ရိုက်ချလိုက်သောကြောင့် ရေနံရံတစ်ခု ပန်းထွက်လာလေသည်။

ရေများကြောင့် ရေခဲအစွယ်ကျားဖြူ၏အရှိန်မှာ နှေးကွေးသွားခဲ့သည်။

ထိုအရာက လျှပ်စီးဦးချိုမိကျောင်းအတွက် ခေါင်းကိုလှည့်ကာ ရေခဲအစွယ်ကျားဖြူအားရင်ဆိုင်ရန် လုံလောက်သွားပေသည်။

ဝုန်း...

ဦးချိုများမှ လျှပ်စီးကြောင်းနှစ်ခုက ရေခဲအစွယ်ကျားဖြူထံသို့ ပစ်ခတ်ဝင်ရောက်လာတော့သည်။

ရေခဲအစွယ်ကျားဖြူအတွက် တုံ့ပြန်ရန်မှာ အရမ်းကိုမြန်ဆန်လွန်းနေခဲ့သဖြင့် ပျောက်ကွယ်သွားလေတော့သည်။

လျှပ်စီးဦးချိုမိကျောင်းသည် သူ၏လျှပ်စီးတိုက်ကွက်အတွက် အားယူရန် အချိန်လိုအပ်ကြောင်းကို လင်းဖန် သတိပြုမိလိုက်သည်။

ထိုအကောင်က သူ၏လျှပ်စီးတိုက်ကွက်ကို အသုံးပြုပြီးသွားပြီဖြစ်သောကြောင့် သူသည် သံတူများကိုကိုင်ကာ အတင်းပြေးဝင်သွားတော့သည်။

ဒေါင်...

ရှစ်ကွက်အင်းအသံလှိုင်းက လေထဲတွင် ပေါက်ကွဲထွက်ပေါ်လာပြီး လျှပ်စီးဦးချိုမိကျောင်းကို ယိမ်းထိုးလူးလှိမ့်သွားစေတော့သည်။

ထို့နောက် လင်းဖန်သည် သံတူများဖြင့် သားရဲ၏ဦးခေါင်းကို ထုရိုက်ချလိုက်လေသည်။

ဘုန်း...

ရိုက်ချက်တစ်ချက်စီတိုင်းတွင် ဝိညာဉ်ဖျက်သံမဏိက လျှပ်စီးဦးချိုမိကျောင်းကို မူးဝေသွားစေသည်။

မကြာမီမှာပင် ဦးခေါင်းခွံ ကျိုးကြေသွားသည့်အသံကို ကြားလိုက်ရလေသည်။

သို့သော်လည်း လင်းဖန်က မရပ်တန့်ဘဲ ဆက်တိုက် ထုနှက်နေခဲ့သည်။

ဖုန်း...

သံတူများက လျှပ်စီးဦးချိုမိကျောင်း၏ဦးခေါင်းကို အသားစိုင်များအဖြစ် စုတ်ပြတ်သတ်သွားစေသဖြင့် အသားစများက သူ့အပေါ်သို့ လွင့်စင်လာခဲ့ပေသည်။

သူ၏စိတ်ထဲတွင် ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာချိန်မှသာ လင်းဖန် ရပ်တန့်လိုက်တော့သည်။

[ဒင်]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ်ကို သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။]

[ကလဲ့စားချေအမှတ် + ၅၀၀]

[လက်ရှိကလဲ့စားချေအမှတ် - ၂၅၀၀]

သူ အမောဖြေလိုက်ပြီးနောက် မိစ္ဆာသားရဲအမြုတေကို စတင်တူးဖော်လေသည်။

လျှပ်စီးဦးချိုမိကျောင်း၏ ခန္ဓာကိုယ်ကို သူ လှန်ချလိုက်သည့်အခါ တုံးတိတိအသံတစ်သံကို ကြားလိုက်ရသည်။

သူ၏လက်သည်းများကို အသုံးပြုကာ ဝမ်းဗိုက်ကို ခွဲချလိုက်သည်။

ထို့နောက် လင်းဖန်သည် မိစ္ဆာသားရဲအမြုတေကိုရှာဖွေရန် လက်များဖြင့်နှိုက်ကာ မွှေနှောက်ရှာဖွေလိုက်လေသည်။

အချိန်အနည်းငယ်ကြာပြီးနောက် လျှပ်စီးဂျိုမိကျောင်း၏နှလုံးအနီးမှ သလင်းကျောက်နှင့်တူသော အရာတစ်ခုကို သူ စမ်းမိသွားချေပြီ။

ဇွပ်...

သူ့လက်များကို ပြန်ဆွဲထုတ်လိုက်ချိန်တွင် အပြာရောင်သလင်းကျောက်တစ်ခု ပါလာခဲ့သည်။

ထိုအထဲတွင် လျှပ်စီးဂျိုမိကျောင်း၏ ပုံရိပ်ယောင်လေးတစ်ခု လည်ပတ်နေသည်ကို မြင်တွေ့နိုင်ပေသည်။

လင်းဖန်သည် သူရရှိခဲ့သောအရာအတွက် ကျေနပ်သွားပြီး သစ်သားတဲဆီသို့ ပြန်လှည့်လာခဲ့သည်။

သူ့ထံတွင်ရှိသော မိစ္ဆာသားရဲအမြုတေများကို စိတ်ထဲမှ ရေတွက်ကြည့်လိုက်သည်။

မီးတောက်သမင်၏ မိစ္ဆာသားရဲအမြုတေမှာ အနည်းငယ်သာ ကျန်တော့ပေသည်။

အရေးအကြီးဆုံးမှာ အက်ဆစ်အဆိပ်ကင်းမြီးကောက်၊ ခေါင်းနှစ်လုံးရှိသောကျားနှင့် ရေခဲစွယ်ဆင်တို့၏ မိစ္ဆာသားရဲအမြုတေများကို သူ ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။

ယခု လျှပ်စီးဂျိုမိကျောင်း၏ မိစ္ဆာသားရဲအမြုတေပါ ထပ်တိုးလာသောကြောင့် သူ၏ တိုက်ခိုက်ရေးပုံစံမှာ ပိုမိုစုံလင်လာနိုင်ပေမည်။

ရွှေနှင့်ငွေ တွားသွားသတ္တဝါ၏ မိစ္ဆာသားရဲအမြုတေများကိုမူ ဟိုမင်၏ အမြုတေဖွဲ့စည်းခြင်းအဆင့် တက်လှမ်းမှုအတွက် အသုံးပြုနိုင်လေသည်။

ထိုသို့တွေးလိုက်ပြီးနောက် သစ်သားတဲဆီသို့ပြန်သွားရန် ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်လိုက်တော့သည်။

ဟိုကျဲ့၏ဒဏ်ရာက ပိုကောင်းလာခဲ့ပြီး ပုံမှန်အတိုင်း ဟင်းလျာများကို ချက်ပြုတ်ပေးနိုင်နေပြီ ဖြစ်သည်။

သစ်သားတဲအတွင်းသို့ လင်းဖန် ဝင်ရောက်လာချိန်၌ ကြက်သားဟင်းချို၏ မွှေးပျံ့သောအနံ့ကို ချက်ချင်း ရှူရှိုက်မိလိုက်သည်။

လင်းဖန်ကိုမြင်သောအခါ ဟိုကျဲ့က ပြောလိုက်သည်။

“ပြန်ရောက်လာပြီပဲ... ညစာစားဖို့ အချိန်ကိုက်ပဲ...”

လင်းဖန်က ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် လက်ဖက်ရည်တစ်ခွက်ကို ငှဲ့လိုက်သည်။

“ကျေးဇူးပဲ...”

သူ အချိန်မဖြုန်းတော့ဘဲ အစားအသောက်များကို စတင်စားသောက်လိုက်လေသည်။

လျှပ်စီးဦးချိုမိကျောင်းနှင့် တိုက်ခိုက်ပြီးနောက် သူ အလွန်ဆာလောင်နေခဲ့ပြီ ဖြစ်သည်။

လင်းဖန်က အသားတစ်ဖတ်ကို တူဖြင့်ညှပ်ယူလိုက်ချိန်မှာပင် ဟိုမင်က သစ်သားတဲအတွင်းသို့ ဝင်လာပြီး ပြောလိုက်လေသည်။

“ငါ နှောင့်ယှက်သလိုများ ဖြစ်သွားလားမသိဘူး... ဒါပေမဲ့ ‘ကောဟယ်ရု’ အတွက် ပစ္စည်းတစ်ခု ရောက်လာတယ်...”

လင်းဖန်က ပြုံးလိုက်ပြီးနောက် ပြန်ပြောလိုက်သည်။

“အင်း... ‘ကောဟယ်ရု’ က ဒါကိုစောင့်နေတာကြာပြီ...”

ဟိုမင်က ခေါင်းခါယမ်းလိုက်ပြီး သူ့လိပ်ခွံထဲမှ အရာအချို့ကို ထုတ်ယူလိုက်သည်။

သူက စားပွဲငယ်ပေါ်သို့ ရွှေတုံးများကို တစ်တုံးပြီးတစ်တုံး အစဉ်လိုက် ချထားလိုက်သည်။

စားပွဲပေါ်တွင် ပြည့်သွားသောအခါ မြေကြီးပေါ်တွင်ပါ ချထားရလေသည်။

မကြာမီမှာပင် ညနေခင်းနေရောင်ခြည်က ရွှေတုံးများအပေါ် ကျရောက်လာကာ သစ်သားတဲတစ်ခုလုံး ရွှေရောင်အလင်းတန်းများ တောက်ပလာတော့သည်။

နောက်ဆုံးတွင် ဟိုမင်က သေတ္တာငယ်တစ်ခုကိုထုတ်ယူကာ လင်းဖန်ထံသို့ ကမ်းပေးလိုက်သည်။

လင်းဖန်က သေတ္တာကိုယူ၍ ဖွင့်လိုက်သည်။

အလွန်မွှေးပျံ့သော ဆေးရနံ့တစ်ခုက လေထုထဲသို့ လွှမ်းခြုံသွားလေသည်။

ထိုအရာက ရွှေအမြုတေတက်လှမ်းခြင်းဆေးလုံး ဖြစ်ပေသည်။

မြို့စားလုက သူ့ဘက်မှ သဘောတူညီချက်ကို တာဝန်ကျေပွန်စွာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

All Chapters