← Chapters

အခန်း (၁၆၃-၁၆၅)

Vol. 11 Ch. 163-165

အခန်း (၁၆၃-၁၆၅)

Vol. 11 Ch. 163-165

အခန်း (၁၆၃)

မဟာချင်ပြည်ထောင်၏ စိတ်ပျက်အားငယ်သွားသော ပါရမီရှင်

"အဲဒီလောက်တောင် ခက်ခဲလို့လား"

"သေချာတာပေါ့ ခက်တာပေါ့!"

"မင်းသိထားဖို့က ပါရမီရှင်ပညာရှိဆိုတဲ့ ငါဟာ ဒီအင်းကွက်ကို ခင်းကျင်းဖို့အတွက် ဆယ်နှစ်တိုင်တိုင် ကြိုးပမ်းအားထုတ်ခဲ့ရတာ... ဒါပေမဲ့ မင်းကတော့ အသက်ရှူကြိမ် ဆယ်ဂဏန်းလောက်အတွင်းမှာတင် ဖျက်ဆီးပစ်လိုက်တယ်"

ကျွင်းဟောက်ချိုးသည် အကြောင်းပြချက်မရှိဘဲ ဒေါသအဟုန် ပြင်းထန်နေခဲ့သည်။

"မျိုးရိုးချူ... မင်းက တကယ်ကို အစွမ်းထက်တာပဲ၊ ဒါပေမဲ့ မင်း ငါ့ဇနီးကို နာကျင်အောင်လုပ်ချင်ရင် ငါ့ရဲ့ အလောင်းကို အရင်ကျော်သွားရလိမ့်မယ်။ ငါ မဟာချင်ပြည်ထောင်ရဲ့ နံပါတ်တစ် ပါရမီရှင်ပညာရှိက ခေါင်းဖြတ်ဖို့ပဲသိတဲ့ လူရိုင်းတစ်ယောက်ထက် နိမ့်ကျလိမ့်မယ်လို့ လုံးဝ မယုံကြည်နိုင်ဘူး၊ မြင့်မြတ်သောဝိညာဉ်မျက်လုံး၊"

မိမိ၏ ဒဏ်ရာများကို ဂရုမစိုက်တော့ဘဲ ကျွင်းဟောက်ချိုးသည် သူ၏ အစွမ်းရှိသမျှဖြင့် အသက်စွန့်တိုက်ခိုက်ရန် ပြင်လိုက်တော့သည်။ သူ၏ နဖူးထက်တွင် ဒေါင်လိုက်မျက်လုံးတစ်လုံး ရုတ်တရက် ပေါ်ပေါက်လာပြီး အလွန် အစွမ်းထက်လှသော ဝိညာဉ်စွမ်းအားတစ်ခု ပောက်ကွဲထွက်လာခဲ့သည်။ ထိုစွမ်းအားမှာ အခြားမဟုတ်၊ မြင့်မြတ်သောဝိညာဉ်စွမ်းအားပင် ဖြစ်ပေသည်။

ချူရွှမ်ပင်လျှင် မအံ့ဩဘဲ မနေနိုင်တော့ပေ။ တည်ထောင်သူ ဧကရာဇ်နှင့် စီနီယာကောင်းကင်ဓားမတို့အပြင် မဟာချင်ပြည်ထောင်အတွင်း၌ မြင့်မြတ်သောဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်သည့် တတိယမြောက်လူတစ်ဦး အမှန်တကယ် ရှိနေခဲ့သည်လား။ သို့သော် ဤစွမ်းအားမှာ ချူရွှမ်၏ အာရုံခံစားမှုအရ အနည်းငယ် အားနည်းနေပုံရသည်။

သို့သော်လည်း မည်သို့ပင်ဖြစ်စေ မြင့်မြတ်သောဝိညာဉ်စွမ်းအားဟူသည် ဆန်းကြယ်နက်နဲလှပြီး စိတ်အာရုံနှင့် ဝိညာဉ်ကို တိုက်ရိုက် သက်ရောက်စေသဖြင့် ချူရွှမ်သည် ပေါ့ဆရန်မဝံ့ရဲချေ။ ကျွင်းဟောက်ချိုး သူ၏အစွမ်းကို ထုတ်ဖော်လိုက်သည်ကို မြင်သောအခါ သူသည် မိမိစိတ်ထဲရှိ မြင့်မြတ်သောဝိညာဉ်မျိုးစေ့ သုံးခုစလုံးကို ချက်ချင်းပင် လည်ပတ်စေလိုက်တော့သည်။

ဝုန်း၊

သူ၏နဖူးတွင် ကျွင်းဟောက်ချိုးကဲ့သို့ ဒေါင်လိုက်မျက်လုံးမရှိသော်လည်း ချူရွှမ်၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ကြောက်မက်ဖွယ်ကောင်းသော မြင့်မြတ်သောဝိညာဉ် အလင်းကာရံတစ်ခု ဖွဲ့စည်းတည်ဆောက်သွားခဲ့သည်၊ မိစ္ဆာဝိညာဉ်သန့်စင်ခြင်းကျင့်စဉ်... မြင့်မြတ်သောဝိညာဉ် တိုက်ခိုက်မှု။

ချူရွှမ်၏ ကြည့်လိုက်ရုံမျှဖြင့်... ကျွင်းဟောက်ချိုး၏ မျက်စိရှေ့မှောက်တွင် မြင့်မြတ်သောဝိညာဉ်စွမ်းအား သက်သက်ဖြင့် ဖွဲ့စည်းထားသည့် သွေးသောက် အရူးဓားမကြီးတစ်စင်း ပေါ်ပေါက်လာခဲ့ရာ မဟာချင်ပြည်ထောင်၏ ပါရမီရှင်ပညာရှိကို အလွန် ထိတ်လန့်သွားစေခဲ့သဖြင့် သူ၏ မျက်လုံးသုံးလုံးစလုံး ပြူးကျယ်သွားခဲ့ရသည်။

"မြင့်မြတ်သောဝိညာဉ်၊"

"မင်းက ကွပ်မျက်သူတစ်ယောက်ဖြစ်ပြီးတော့ မြင့်မြတ်သောဝိညာဉ်ကိုပါ ဖွဲ့စည်းနိုင်တယ်ပေါ့၊"

"ပြီးတော့ ဒီမြင့်မြတ်သောဝိညာဉ်စွမ်းအားက ငါဆယ်နှစ်တိုင်တိုင် ကျင့်ကြံခဲ့ရတဲ့ မြင့်မြတ်သောဝိညာဉ်စွမ်းအားထက် အဆပေါင်းများစွာ ပိုပြီး ကြောက်ဖို့ကောင်းနေပါလား၊"

"ဒီလိုဆို ငါက ဘယ်လိုလုပ်ပြီး တိုက်နိုင်မှာလဲ"

သူတို့၏ မြင့်မြတ်သောဝိညာဉ်များ ထိပ်တိုက်တွေ့ဆုံမိသည့် အခိုက်အတန့်တွင် ကျွင်းဟောက်ချိုးသည် ရုတ်တရက် စူးစူးဝါးဝါး အော်ဟစ်လိုက်ရပြီး သူ၏ မြင့်မြတ်သောဝိညာဉ်မျက်လုံးတစ်ခုလုံးမှာ ရိုက်ခတ်မှုဒဏ်ကြောင့် ပေါက်ကွဲထွက်သွားခဲ့တော့သည်။ သူ၏ နဖူးထက်တွင် သွေးချင်းချင်းနီနေသော အပေါက်ကြီးတစ်ပေါက် ချက်ချင်းပေါ်လာပြီး အတွင်းဘက်ရှိ ဦးခေါင်းခွံကိုပင် လှမ်းမြင်ရလုနီးပါး ဖြစ်သွားခဲ့ရသည်။

"လင်ယောက်ျား၊"

ဝတ်ရုံဖြူဝတ် အမျိုးသမီးသည် အလွန် ထိတ်လန့်သွားရှာသည်။ သူမသည် ရုတ်တရက် အသက်ငဲ့ကွက်ခြင်းမရှိဘဲ ကျွင်းဟောက်ချိုး၏ ရှေ့မှ ကာကွယ်ပေးလိုက်ရာ မြင့်မြတ်သောဝိညာဉ်တိုက်ခိုက်မှုကို တစ်စိတ်တစ်ပိုင်းသာ တားဆီးနိုင်ခဲ့သော်လည်း သူမ၏ တစ္ဆေခန္ဓာကိုယ်မှာမူ ထိုမြင့်မြတ်သောဝိညာဉ်၏ တိုက်ခိုက်မှုအောက်တွင် ထိုနေရာတင်တင် တိုက်ရိုက် တစ်စစီ ပျက်စီးလွင့်စင်သွားခဲ့တော့သည်။

"ဇနီးလေး၊"

ကျွင်းဟောက်ချိုး၏ မျက်လုံးများ သွေးကဲ့သို့ နီမြန်းသွားခဲ့သည်။ သူသည် ဝတ်ရုံဖြူဝတ် အမျိုးသမီးထံသို့ ပြာပြာသလဲ ပြေးသွားခဲ့သော်လည်း ပြန်လည်ပေါ်ပေါက်လာသော အမျိုးသမီးမှာ လူသားအသွင်သဏ္ဌာန်ကို ဆက်လက်မထိန်းသိမ်းနိုင်တော့ဘဲ အလွန် လွင့်ပျယ်လုနီးပါးဖြစ်နေသော တစ္ဆေမြေခွေးခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်ကိုသာ မြင်တွေ့လိုက်ရတော့သည်။

အမှန်အတိုင်းပြောရလျှင် ဤသို့သော မြင့်မြတ်သောဝိညာဉ်ချင်း ထိပ်တိုက်တွေ့ဆုံမှုက ချူရွှမ်အား အနည်းငယ် ထိတ်လန့်သွားစေခဲ့သည်။ မြင့်မြတ်သောဝိညာဉ် တိုက်ခိုက်မှုသည် ဝိညာဉ်ခန္ဓာကိုယ်အပေါ် ဤမျှလောက်အထိ ကြောက်မက်ဖွယ်ကောင်းသော ထိခိုက်ပျက်စီးမှုကို ဖြစ်ပေါ်စေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိချေ။ မြင့်မြတ်သောဝိညာဉ် တိုက်ခိုက်မှုတစ်ချက်တည်းဖြင့်ပင် ဝတ်ရုံဖြူဝတ် အမျိုးသမီး၏ ဝိညာဉ်ကို လုံးဝ လွင့်စင်ပျောက်ကွယ်သွားစေလုနီးပါး ဖြစ်သွားခဲ့စေသည် မဟုတ်ပါလား။

"ငါ နည်းနည်း ဇွတ်ဆန်သွားပုံရတယ်"

ချူရွှမ်၏ ကျောပြင်တွင် ချွေးစေးများ ပြန်လာခဲ့သည်။ အပြန်အလှန် တိုက်ခိုက်မှုမှတစ်ဆင့် ကျွင်းဟောက်ချိုးတွင် မြင့်မြတ်သောဝိညာဉ်စွမ်းအား ရှိနေသော်လည်း ထိုစွမ်းအားမှာ မြင့်မြတ်သောဝိညာဉ်မျိုးစေ့တစ်ခုကို စတင်ဖွဲ့စည်းကာစ အဆင့်မျှသာ ရှိသေးကြောင်း သူ တွေ့ရှိခဲ့ရသည်။ သူ၏ မြင့်မြတ်သောဝိညာဉ်မှာမူ ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ထက်ပိုသည်မှာ သူ၏ မြင့်မြတ်သောဝိညာဉ်မျိုးစေ့ သုံးခုစလုံးမှာ ပြီးပြည့်စုံနေခြင်း ဖြစ်သည်။ ကျွင်းဟောက်ချိုးနှင့် နှိုင်းယှဉ်ပါက ၎င်းသည် လူကြီးသုံးယောက်က ကလေးတစ်ယောက်ကို ဝိုင်းပြီး အနိုင်ကျင့်နေသကဲ့သို့ပင် ဖြစ်နေတော့သည်။

သို့သော်လည်း ကျွင်းဟောက်ချိုးသည် နောက်ဆုတ်ခြင်းမရှိခဲ့ချေ။ ယင်းအစား သူသည် ဟိန်းဟောက်လျက် ချူရွှမ်ထံသို့ ထပ်မံ အရှိန်အဟုန်ဖြင့် ပြေးဝင်လာပြန်သည် "မင်း ငါ့ဇနီးကို နာကျင်အောင်လုပ်တယ်... ဒီနေ့ ငါ မင်းနဲ့ အသက်သေခံပြီး တိုက်မယ်၊"

"သခင်ကြီး... ကျွန်တော်တို့ ကူညီပါရစေ၊"

ထိုအခိုက်အတန့်တွင် နတ်အဆင့် အစေခံသုံးဦးစလုံးသည်လည်း သတ္တိမွေးကာ အတူတကွ ပြေးဝင် တိုက်ခိုက်ကြတော့သည်။

ချူရွှမ် မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် အမှန်တကယ်ပင် အမှုစုံစမ်းရန် ရောက်ရှိလာခြင်းဖြစ်သော်လည်း အကယ်၍ ဤလူများက တကယ်ပဲ အသက်စွန့်တိုက်ခိုက်ရန် ရည်ရွယ်ထားကြပါက သူသည်လည်း သတ်ဖြတ်ရန် ဝံ့ရဲပေသည်။ ကွပ်မျက်သူတစ်ဦးအနေဖြင့် ထိုမျှလောက်အထိ အထွေအထူး ဂရုစိုက်နေမည် မဟုတ်ပေ။

ရုတ်တရက်ဆိုသလို... ကြီးမားလှသော ဝမ်းနည်းမှုနှင့် ဒေါသအဟုန်များ လွှမ်းမိုးနေသည့် ကျွင်းဟောက်ချိုး၏ ရှေ့မှ ပုံရိပ်တစ်ခု ကာကွယ်တားဆီးလိုက်လေသည်၊ ၎င်းမှာ အခြားမဟုတ် တစ္ဆေမြေခွေးပင် ဖြစ်ပေသည်။

"လင်ယောက်ျား... မတိုက်ပါနဲ့တော့။ ဒီတရားစီရင်ရေးအရာရှိမင်းက ကရုဏာသက်ပြီး သက်ညှာတာပေးခဲ့လို့ပါ။ မဟုတ်ရင် ကျွန်မက မူလအသွင်ကို ပြန်ပြောင်းရုံတင်မကဘဲ ဝိညာဉ်ပါ လုံးဝ ပျောက်ကွယ်သွားလောက်ပြီ"

"တရားစီရင်ရေးအရာရှိမင်း... အပြစ်အားလုံးက ကျွန်မရဲ့ အပြစ်တွေပါ။ ကျွန်မက မွေးရာပါ မိစ္ဆာတစ်ကောင် ဖြစ်တာကြောင့် လူသားတစ်ယောက်နဲ့ သံယောဇဉ်တွယ်ဖို့ ဘယ်လိုလုပ်ပြီး မျှော်လင့်နိုင်မှာလဲ။ ဒါကြောင့် ကျွန်မ အသေခံဖို့ အသင့်ပါပဲ၊ အပြန်အလှန်အနေနဲ့ တရားစီရင်ရေးအရာရှိမင်းက ကျွန်မရဲ့ လင်ယောက်ျားကို ချမ်းသာပေးပါ"

ဝတ်ရုံဖြူဝတ် အမျိုးသမီး အသွင်ပြောင်းသွားသည့် တစ္ဆေမြေခွေးသည် ကောင်းကျိုးဆိုးပြစ်ကို ကြိုတင်နိမိတ် သိမြင်နိုင်သော အထူးစွမ်းရည်တစ်ရပ်ကို ပိုင်ဆိုင်ထားပေသည်။ သူမ၏ ကြိုတင်သိမြင်မှုအရ ချူရွှမ်အား ဆန့်ကျင်ခြင်းသည် လုံးဝ ပျက်စီးခြင်းသို့သာ ဦးတည်သွားစေလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ကျွင်းဟောက်ချိုးကို ကယ်တင်ရန်အတွက် တစ္ဆေမြေခွေးသည် မိမိ၏ ဝိညာဉ်ခန္ဓာကိုယ်ကိုပင် လောင်ကျွမ်းစေသည်အထိ မဆုတ်မနစ် ကြိုးပမ်းခဲ့ရှာသည်။

"ဇနီးလေး၊" ဤမြင်ကွင်းကို ကြည့်ရင်း ကျွင်းဟောက်ချိုး၏ မျက်လုံးများမှ သွေးမျက်ရည်များ စီးကျလာခဲ့ရသည်။

ချူရွှမ်သည်လည်း စိတ်လှုပ်ရှားသွားခဲ့ရသည်။ "ငါတို့ ကွပ်မျက်သူတွေက ရက်စက်တတ်ကြတာ မှန်ပေမယ့် နှလုံးသားမရှိတဲ့သူတွေတော့ မဟုတ်ပါဘူး။ ကောင်းပြီလေ... ငါ မင်းတို့အားလုံးကို လောလောဆယ် ချမ်းသာပေးမယ်၊"

ဝုန်း၊

ကြောက်မက်ဖွယ်ကောင်းသော မြင့်မြတ်သောဝိညာဉ်စွမ်းအားများ လုံးဝဥဿုံ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ မက်မွန်ပန်းအိမ်တော်တစ်ခုလုံးတွင် ဖော်ပြ၍မရနိုင်သော ကြောက်မက်ဖွယ် ဖိအားများဖြင့် ပြည့်နှက်သွားခဲ့သည်။ ဤစွမ်းအားသည် မဟာဆရာသခင်တစ်ဦး၏ ကိုယ်ခံပညာဖိအားနှင့် မတူဘဲ ဝိညာဉ်အပေါ် တိုက်ရိုက်သက်ရောက်စေသည့် ကြီးမားလှသော ထိတ်လန့်ခြောက်ခြားမှုကြီး တစ်ခုပင် ဖြစ်သည်။

ဤမြင့်မြတ်သောဝိညာဉ်စွမ်းအားအောက်တွင် တစ္ဆေမြေခွေး၏ လောင်ကျွမ်းနေသော ဝိညာဉ်ခန္ဓာကိုယ်မှာ တိုက်ရိုက် ဖိနှိပ်ချူပ်ချယ်ခြင်း ခံလိုက်ရသည်။ ကျွင်းဟောက်ချိုးနှင့် အစေခံသုံးဦးမှာမူ သူတို့၏ ဝိညာဉ်များ ခဲလုနီးပါး ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။

"မင်း... မင်းက တကယ်ပဲ ဒီလောက်တောင် ကြောက်ဖို့ကောင်းတဲ့ မြင့်မြတ်သောဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားတာလား" ကျွင်းဟောက်ချိုးသည် မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီးနောက် သတိပြန်ဝင်လာကာ ပြောလိုက်သည် "မင်း ခုနက ဘာပြောလိုက်တာလဲ... ငါတို့ကို ချမ်းသာပေးမယ် ဟုတ်လား"

"မှန်တယ်... ငါ မင်းတို့ကို ချမ်းသာပေးနိုင်တယ်၊ ဒါပေမဲ့ မင်း ငါ့ရဲ့ မေးခွန်းအချို့ကို ဖြေရမယ်" ချူရွှမ်က လေးနက်သောလေသံဖြင့် ပြောလိုက်ပြီး တစ္ဆေမြေခွေးအား လက်ညှိုးထိုးပြလျက် "ငါ့ရဲ့ ကွပ်မျက်ခြင်းက အပြစ်ရှိဖို့ လိုအပ်တယ်၊ အကယ်၍ အပြစ်ရှိတယ်ဆိုရင် နတ်ဘုရားတွေနဲ့ ဗုဒ္ဓတွေဖြစ်ပါစေ ငါ သတ်လိမ့်မယ်။ အကယ်၍ အပြစ်မရှိဘူးဆိုရင် မိစ္ဆာတစ်ကောင် ဖြစ်နေပါစေ ငါ ဓားနဲ့ မခုတ်ဘူး"

ထို့ပြင် ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း ရတနာမှတစ်ဆင့် ချူရွှမ်သည် ဤတစ္ဆေမြေခွေးထံမှ မည်သည့်အပြစ်တရားကိုမျှ အာရုံမရခဲ့ချေ။ ထို့ကြောင့်ပင်... သူသည် မိမိ၏ ဓားကို ဓားအိမ်ထဲသို့ ပြန်သွင်းလိုက်ရင်း မြင့်မြတ်သောဝိညာဉ်စွမ်းအားကိုလည်း ပြန်လည်ရုပ်သိမ်းလိုက်တော့သည်။ ထိုနေရာရှိ လူအားလုံးသည် နောက်ဆုံးတွင် သက်ပြင်းချနိုင်ကြတော့သည်။

ကျွင်းဟောက်ချိုးမှာမူ ချွေးစေးများပင် ပြန်လာခဲ့ရရှာသည်။ "မင်းရဲ့ မြင့်မြတ်သောဝိညာဉ်စွမ်းအားက တကယ့်ကို စိတ်တိုင်းကျ ထိန်းချူပ်နိုင်တဲ့ နယ်ပယ်အထိ ရောက်နေပြီလား။ ဒါဆို မင်းက အင်းကွက်ပညာရပ်ရဲ့ မဟာဆရာသခင်တစ်ယောက်များလား"

"စိတ်မကောင်းပါဘူး... ငါ အင်းကွက်ဖွဲ့စည်းပုံတွေအကြောင်း ဘာမှမသိဘူး။ မင်းရဲ့ အင်းကွက်ကို ငါ ဖျက်ဆီးနိုင်ခဲ့တာက ငါ့ရဲ့ အစွမ်းထက်တဲ့ မြင့်မြတ်သောဝိညာဉ်ကြောင့်သက်သက်ပဲ" ချူရွှမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

သို့သော် ဤစကားကို ကြားရသော ကျွင်းဟောက်ချိုးမှာမူ သွေးအန်ချင်စိတ်ပင် ပေါက်သွားခဲ့ရသည်။ အင်းကွက်အကြောင်း ဘာမှမသိသည့် လူရိုင်းတစ်ယောက်က သူ ဆယ်နှစ်တိုင်တိုင် ပင်ပန်းကြီးစွာ ကြိုးပမ်းခဲ့ရသော အင်းကွက်ကို အလွယ်တကူ ဖျက်ဆီးပစ်ခဲ့သည် မဟုတ်ပါလား။ ဤရိုက်ခတ်မှုဒဏ်က ကြီးမားလွန်းလှသဖြင့် မဟာချင်ပြည်ထောင်၏ နံပါတ်တစ် ပါရမီရှင်ပညာရှိ ဖြစ်လင့်ကစား ကျွင်းဟောက်ချိုးသည် စိတ်ပျက်အားငယ်ကာ စိတ်ပိတ်ဆို့သွားသလို ခံစားလိုက်ရတော့သည်။

ထို့နောက် သူက မကျေနပ်နိုင်ဘဲ ထပ်မံ မေးမြန်းလိုက်သည်။ "မင်းက အင်းကွက်ပညာရှင်တစ်ယောက် မဟုတ်ရင် မင်းရဲ့ မြင့်မြတ်သောဝိညာဉ်စွမ်းအားကို ဒီလောက်အထိ အစွမ်းထက်အောင် ဘယ်လိုလုပ်ပြီး ကျင့်ကြံခဲ့တာလဲ"

မဟာချင်ပြည်ထောင်၏ အင်းကွက်ပညာရှင်များအကြားတွင် သူ ကျွင်းဟောက်ချိုးတစ်ဦးတည်းသာ မြင့်မြတ်သောဝိညာဉ်စွမ်းအားကို ကျင့်ကြံနိုင်ခဲ့သည့် တစ်ဦးတည်းသော ပါရမီရှင် ဖြစ်ကြောင်း သိထားရမည် ဖြစ်သည်။

ချူရွှမ်က စိတ်မရှည်စွာဖြင့် ပြောလိုက်သည် "အင်းကွက်ပညာရှင်တွေပဲ မြင့်မြတ်သောဝိညာဉ်ကို ကျင့်ကြံနိုင်တယ်လို့ ဘယ်သူပြောလဲ။ ငါတို့ ကွပ်မျက်သူတွေက ခေါင်းဖြတ်နိုင်သလိုပဲ မြင့်မြတ်သောဝိညာဉ်စွမ်းအားကိုလည်း ကျင့်ကြံနိုင်တယ်၊ ဒါထက်... အခုက မင်းက ငါ့ကို မေးနေတာလား၊ ငါက မင်းကို မေးနေတာလား"

"ငါ မင်းကို မေးမယ်... မင်းရဲ့ မြင့်မြတ်သောဝိညာဉ်စွမ်းအားကို ဘယ်လို ကျင့်ကြံခဲ့တာလဲ။ မြင့်မြတ်သောဝိညာဉ်နဲ့ ပတ်သက်ပြီး မင်းသိသမျှ ဗဟုသုတအကုန်လုံးကို ငါ့ကို ပြောပြစမ်း၊" ချူရွှမ်သည် ကျွင်းဟောက်ချိုးအား အေးစက်စွာ စိုက်ကြည့်လိုက်သည်။ ဤအချက်ကို သူလည်း ရှင်းရှင်းလင်းလင်း သိရှိရန် လိုအပ်ပေသည်။ ပြီးပြည့်စုံသော မြင့်မြတ်သောဝိညာဉ်တစ်ခုကို ဖွဲ့စည်းတည်ဆောက်ပြီးသည်နှင့် ကြီးမားသော ဘေးဒုက္ခတစ်ခုကို ဖိတ်ခေါ်မိသွားနိုင်ကြောင်းကို တည်ထောင်သူ ဧကရာဇ်က တစ်ခါက ပြောခဲ့ဖူးသည် မဟုတ်ပါလား။

ကျွင်းဟောက်ချိုးသည်လည်း ချူရွှမ်အား လေးနက်စွာ ကြည့်လိုက်ပြီး ပြောလိုက်သည် "မဟာချင်ပြည်ထောင်ရဲ့ အင်းကွက်ပညာရှင်အားလုံးထဲမှာ ငါတစ်ယောက်တည်းပဲ မြင့်မြတ်သောဝိညာဉ်စွမ်းအားကို ကျင့်ကြံနိုင်ခဲ့တာ။ မဟုတ်ဘူး... အတိအကျပြောရရင် ငါက ကံကောင်းလို့သာ မြင့်မြတ်သောဝိညာဉ်စွမ်းအားကို သဘောပေါက်နားလည်ခဲ့တာ။ ဒါပေမဲ့ မင်း... မင်းရဲ့ မြင့်မြတ်သောဝိညာဉ်စွမ်းအားက ငါ့ထက် အနည်းဆုံး အဆပေါင်းများစွာ ပိုပြီး သန်မာနေတာပဲ။ မင်းက ဒီလိုအရာမျိုးကို ငါ့ကို မေးနေဖို့ လိုသေးလို့လား"

အခန်း (၁၆၄)

မြင့်မြတ်သောဝိညာဉ်မျက်လုံး

"မေးချင်တာပေါ့။ ငါက လွန်ခဲ့တဲ့ လအနည်းငယ်ကမှ မြင့်မြတ်သောဝိညာဉ်အကြောင်းကို စတင်ထိတွေ့ဖူးတာမို့လို့ ဒီအတွင်းရေးတွေကို ရှင်းပြပေးမယ့်သူ တစ်ယောက်ယောက် လိုအပ်နေတာ။" ချုရွှမ်သည် မဟာချင်ပြည်ထောင်၏ ပါရမီရှင်ပညာရှိအား အလွန် စိတ်ဝင်တစားဖြင့် စိုက်ကြည့်လိုက်ရာ အမှန်တကယ်ပင် ပညာလိုလားသော အမူအရာ ပေါ်လွင်နေပေသည်။

သို့သော် ထို့နောက်တွင် သူသည် ကျွင်းဟောက်ချိုးက မိမိ၏ ရင်ဘတ်ကို ဖိထားပြီး စိတ်ပိတ်ဆို့လွန်းသဖြင့် အသက်ပင် မရှူနိုင်လောက်အောင် ဖြစ်နေသည်ကို မြင်လိုက်ရသည်။

ချုရွှမ်က အနည်းငယ် ဇဝေဇဝါဖြစ်သွားပြီး "မဟာချင်ရဲ့ ပါရမီရှင်ပညာရှိ... မင်း နေမကောင်းလို့လား။ မင်းကို ဒီအရာရှိက ကူညီကုသပေးဖို့ လိုမလား"

မည်သို့ပင်ဖြစ်စေ လက်ရှိမဟာချင်ပြည်ထောင်အတွင်း၌ မြင့်မြတ်သောဝိညာဉ်အကြောင်းကို နားလည်သူ သုံဦးသာ သူသိရှိပြီး တစ်ဦးမှာ တည်ထောင်သူ ဧကရာဇ် ဖြစ်ကာ အခြားတစ်ဦးမှာ စီနီယာကောင်းကင်ဓားမ ဖြစ်ပြီး ကံမကောင်းစွာဖြင့် သူတို့နှစ်ဦးစလုံးမှာ ကွယ်လွန်သွားခဲ့ကြပြီ ဖြစ်သည်။ ယခုအခါတွင်မူ သူ၏ရှေ့မှောက်ရှိ မဟာချင်ပြည်ထောင်၏ ပါရမီရှင်ပညာရှိတစ်ဦးသာ ကျန်ရှိတော့ပေသည်။

အကယ်၍ ကျွင်းဟောက်ချိုးပါ သေဆုံးသွားပါက သူနှင့် အပြန်အလှန် ဆွေးနွေးပြောဆိုမည့်သူ တစ်ဦးမျှ ရှိတော့မည် မဟုတ်ပါလား။ ဤသည်မှာလည်း ချုရွှမ်အနေဖြင့် တစ္ဆေမြေခွေးကို မသတ်ခဲ့ရသည့် အခြားအကြောင်းရင်းတစ်ခု ဖြစ်ပေသည်။

သို့သော် ဤစကားများကို ကြားရသောအခါ ကျွင်းဟောက်ချိုး၏ အခြေအနေမှာ သက်သာမလာသည့်အပြင် သူ၏မျက်နှာမှာ ပို၍ပင် ဖြူလျော်သွားခဲ့ရပြီး သက်ပြင်းအရှည်ကြီး ချလိုက်မိတော့သည်။

"ငါ ကျွင်းဟောက်ချိုးတစ်ယောက် တစ်သက်လုံး အစွမ်းထက်ခဲ့ပြီး ကိုယ့်ရဲ့ ပါရမီကို ဂုဏ်ယူဝင့်ကြွားခဲ့တာ... လောကမှာ ဘယ်သူ့ကိုမှ မျက်စိထဲ မထည့်ခဲ့ဘဲနဲ့ နောက်ဆုံးကျမှ ခေါင်းဖြတ်ဖို့ပဲသိတဲ့ ကွပ်မျက်သူတစ်ယောက်ရဲ့ လက်ထဲမှာ ကူကယ်ရာမဲ့ ရှုံးနိမ့်ခဲ့ရတယ်ပေါ့။”

"တရားစီရင်ရေးအရာရှိ ချူ... ငါ တကယ် အရှုံးပေးပါတယ်၊ လုံးဝကို အရှုံးပေးပါတယ်။ မင်း မြင့်မြတ်သောဝိညာဉ်နဲ့ ပတ်သက်ပြီး သိချင်သမျှ အရာအားလုံးက ဒီစာအုပ်ထဲမှာ ရှိတယ်။ ယူပြီး မင်းဘာသာမင်း ဖတ်ကြည့်လိုက်တော့။"

ကျွင်းဟောက်ချိုးသည် ထပ်မံ၍ စကားမဆိုချင်တော့ဘဲ သူ၏ကိုယ်ပိုင်စာအုပ်တစ်အုပ်ကို ဆွဲထုတ်ကာ ချူရွှမ်ထံသို့ ပစ်ပေးလိုက်တော့သည်။ ချူရွှမ်သည် စူးစမ်းလိုစိတ်ဖြင့် စာအုပ်ကို လှမ်းယူလိုက်ရာ ၎င်းမှာ အမှန်စင်စစ် အင်းကွက်ဖွဲ့စည်းပုံများဆိုင်ရာ ကျမ်းစာတစ်အုပ် ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုထဲတွင် အင်းကွက်များကို ကျင့်ကြံခင်းကျင်းသည့် နည်းလမ်းမျိုးစုံကို အသေးစိတ် ဖော်ပြထားပြီး ရှုပ်ထွေးလှသော ကိန်းဂဏန်းများနှင့် အင်းစာလုံးများ အပြန်အလှန် ယှက်နွှယ်နေသဖြင့် ချူရွှမ်အား အနည်းငယ် ခေါင်းမူးသွားစေလုနီးပါး ဖြစ်စေခဲ့သည်။

သူသည် စာအုပ်ကို အမြန်ဆုံး လှန်လှောကြည့်ရှုလိုက်ပြီး မြင့်မြတ်သောဝိညာဉ်နှင့် ပတ်သက်သော သဲလွန်စများကို ဂရုတစိုက် ရှာဖွေရာ မကြာမီပင် စာအုပ်၏ အဆုံးသတ်ပိုင်း၌ ရှာဖွေတွေ့ရှိသွားခဲ့တော့သည်။

ဩော်... ဒီလိုကိုး။

ဒီစာအုပ်က အမှန်တော့ ယခင်မင်းဆက်ရဲ့ ရှေးဟောင်းလက်ရာတစ်ခု ဖြစ်နေတာပဲ။

ထို့ထက်ပို၍ စာအုပ်၏ မှတ်တမ်းများအရ မဟာချင်ပြည်ထောင် မတည်ထောင်မီကပင် ယခင်မင်းဆက်မှ အချို့သော အင်းကွက်ပညာရှင်များသည် မြင့်မြတ်သောဝိညာဉ်၏ ဆန်းကြယ်နက်နဲမှုများကို စတင်စူးစမ်းလေ့လာခဲ့ကြဖူးပေသည်။ သို့သော် မဟာချင်ပြည်ထောင်ကို တည်ထောင်ပြီးနောက်တွင်မူ မြင့်မြတ်သောဝိညာဉ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်အားလုံးသည် ရုတ်တရက် သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့ရသည်။ မြင့်မြတ်သောဝိညာဉ်ကို ကျင့်ကြံနိုင်သည့် အင်းကွက်ပညာရှင်များသည်လည်း လုံးဝ ကွယ်ပျောက်သွားခဲ့ကြသည်။

ဤစာအုပ်သည် မဟာချင်ပြည်ထောင် ထူထောင်စအချိန်က ယခင်မင်းဆက်၏ နောက်ဆုံးသော အင်းကွက်ပညာရှင်ကြီး ချန်ရစ်ထားခဲ့သည့် အင်းကွက်လမ်းစဉ်နှင့် မြင့်မြတ်သောဝိညာဉ်ကို ကျင့်ကြံရန် အချို့သော နည်းလမ်းများ၏ အမွေအနှစ် ဖြစ်ပေသည်။

"နှမြောစရာပဲ... ဒီနည်းလမ်းက အင်းကွက်တွေကတစ်ဆင့် ကျင့်ကြံဖို့ လိုအပ်တာကြောင့် ဒီအရာရှိနဲ့ မကိုက်ညီဘူး၊ ပြီးတော့ သူ့ရဲ့ ကျင့်ကြံခြင်းအရှိန်အဟုန်က စီနီယာကောင်းကင်ဓားမ ဖန်တီးခဲ့တဲ့ မိစ္ဆာဝိညာဉ်သန့်စင်ခြင်းကျင့်စဉ်ကို အဝေးကြီး အမှီမလိုက်နိုင်ဘူး။ ဒါပေမဲ့ ဒီအထဲမှာ ကောင်းတဲ့အချက်တစ်ချက်တော့ ရှိနေသေးတယ်၊ အဲဒါက မြင့်မြတ်သောဝိညာဉ်စွမ်းအား လုံလောက်တဲ့အခါ ကျင့်ကြံသူက မြင့်မြတ်သောဝိညာဉ်မျက်လုံးကို အမှန်တကယ် ဖွဲ့စည်းတည်ဆောက်နိုင်တာပဲ။"

"ပြီးတော့ ဒီမြင့်မြတ်သောဝိညာဉ်မျက်လုံးကို အကန့်အသတ်အထိ ကျင့်ကြံနိုင်ရင် မြင့်မြတ်သောဝိညာဉ်စွမ်းအားကို ပြီးပြည့်စုံတဲ့ မြင့်မြတ်သောဝိညာဉ်အဆင့်နဲ့ နှိုင်းယှဉ်နိုင်တဲ့အထိ တိုးမြှင့်ပေးနိုင်တာပဲ။"

ဤအချက်ကို မြင်လိုက်ရသောအခါ ချူရွှမ်သည် ချက်ချင်းပင် အလွန် ဝမ်းမြောက်သွားခဲ့ရသည်။ ကွပ်မျက်သူတစ်ဦးအနေဖြင့် ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် မဟာဆရာသခင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် သော့ချက်မှာ ပြီးပြည့်စုံသော မြင့်မြတ်သောဝိညာဉ်တစ်ခုကို ဖွဲ့စည်းတည်ဆောက်ရန်ဖြစ်ကြောင်း သိထားရမည် ဖြစ်ပေသည်။

"အကယ်၍ ဒီအဆုံးစွန်သော မြင့်မြတ်သောဝိညာဉ်မျက်လုံးက မြင့်မြတ်သောဝိညာဉ်စွမ်းအားကို ပြီးပြည့်စုံတဲ့ မြင့်မြတ်သောဝိညာဉ်အဆင့်အထိ တကယ်ပဲ မြှင့်တင်ပေးနိုင်မယ်ဆိုရင်... ငါက ပြီးပြည့်စုံတဲ့ မြင့်မြတ်သောဝိညာဉ်ကို ဖွဲ့စည်းဖို့ မလိုဘဲနဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း မဟာဆရာသခင်အဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်မယ်လို့ ဆိုလိုတာလား"

ဤသို့ တွေးတောရင်း ချူရွှမ်သည် စာအုပ်ထဲရှိ နည်းလမ်းအတိုင်း တင်ပျဉ်ခွေကာ ချက်ချင်းပင် ထိုင်ချလိုက်တော့သည်။ ချူရွှမ်၏ လှုပ်ရှားမှုကို မြင်တွေ့ရသောအခါ နတ်အဆင့် အစေခံသုံးဦးစလုံးမှာ အလွန်အံ့အားသင့်သွားကြပြီး တိုးတိုးတိတ်တိတ် ရေရွတ်လိုက်ကြသည်။

"သခင်ကြီး... ဒီကွပ်မျက်သူက ရူးသွားတာလား။ ဘာလို့ ဘာမဟုတ်တာနဲ့ ရုတ်တရက်ကြီး ကျင့်ကြံနေတာလဲ။ သူက ကျွန်တော်တို့ ထွက်ပြေးမှာ ဒါမှမဟုတ် သူ့ကို တိုက်ခိုက်မှာကို မကြောက်ဘူးလား"

ကျွင်းဟောက်ချိုးက ဆွံ့အစွာဖြင့် ပြောလိုက်သည်။ "ဒီလူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲပြီး မောက်မာလွန်းတယ်လို့ပဲ ပြောရမယ်။ သူ့ပုံစံအရဆိုရင် မြင့်မြတ်သောဝိညာဉ်မျက်လုံးကို ဒီနေရာတင် ချက်ချင်း ကျင့်ကြံဖို့ ရည်ရွယ်နေတာလား။ အားလုံး တိတ်တိတ်နေကြ၊ အကယ်၍ သူ ကျင့်ကြံတာ အောင်မြင်မှုမရရင် ဒေါသထွက်ပြီး ငါတို့ကို အုပ်မိုးအနိုင်ကျင့်တာမျိုး မဖြစ်အောင် သတိထားကြ..."

ဝုန်း။

စကားပင် မဆုံးသေးမီမှာပင်... ချူရွှမ်၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မြင့်မြတ်သောဝိညာဉ်စွမ်းအားများ ကြမ်းတမ်းစွာ ပေါက်ကွဲထွက်ပေါ်လာပြီးနောက် ချူရွှမ်၏ နဖူးထက်တွင် စုစည်းသွားကာ ထူးခြားဆန်းပြယ်သော ဒေါင်လိုက်မျက်လုံးတစ်လုံးအဖြစ် ဖွဲ့စည်းတည်ဆောက်သွားသည်ကို သူတို့ မြင်တွေ့လိုက်ရတော့သည်။ နတ်အဆင့် အစေခံသုံးဦးစလုံး ထိုနေရာ၌ပင် မှင်သက်အံ့ဩသွားကြတော့သည်။

"သခင်ကြီး... သူ... သူ အောင်မြင်သွားတာလား"

ကျွင်းဟောက်ချိုးသည် စကားမဆိုသော်လည်း သူ၏မျက်နှာမှာ ပြင်းထန်စွာ တုန်ခါနေခဲ့သည်။ သူသည် ဤမြင့်မြတ်သောဝိညာဉ်မျက်လုံးကို ရရှိရန်အတွက် သုံးနှစ်တိုင်တိုင် ပင်ပန်းကြီးစွာ ကျင့်ကြံခဲ့ရကြောင်း သိထားသင့်ပေသည်။ သို့သော် သူ၏ရှေ့မှောက်ရှိ ကွပ်မျက်သူမှာမူ အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာတင် အောင်မြင်သွားခဲ့လေသည်။

"လူချင်းနှိုင်းရင် အသက်တိုတယ်ဆိုတာ ဒါမျိုးပဲ။"

ကျွင်းဟောက်ချိုးသည် ချက်ချင်းပင် စိတ်ပျက်အားငယ်ကာ စိတ်ပိတ်ဆို့သွားတော့သည်။

ချူရွှမ်မှာမူ ဝမ်းမြောက်ခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။ "မြင့်မြတ်သောဝိညာဉ်စွမ်းအားက တကယ့်ကို အံ့ဩစရာကောင်းတာပဲ။ မြင့်မြတ်သောဝိညာဉ်မျက်လုံးကို ဖွဲ့စည်းလိုက်ရုံတင် ရှိသေးတယ်၊ ငါ့ရဲ့ မြင့်မြတ်သောဝိညာဉ်စွမ်းအားက အနည်းဆုံး အဆပေါင်းများစွာ တိုးတက်လာတယ်လို့ ခံစားရတယ်။ ပါရမီရှင်ပညာရှိ ကျွင်း... မင်းကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။"

"မလုပ်ပါနဲ့... ဒီအရာရှိကို ကျေးဇူးမတင်ပါနဲ့။ ဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်တာထက်စာရင် မင်း ငါ့ကို သတ်ပစ်လိုက်တာကမှ ပိုကောင်းပါဦးမယ်။" ကျွင်းဟောက်ချိုးသည် လုံးဝ မျှော်လင့်ချက်မဲ့နေသော မျက်နှာထား ရှိနေခဲ့သည်။

သူ၏ဘေးရှိ တစ္ဆေမြေခွေးသည် သူ၏အဝတ်အစားကို အလျင်အမြန် ဆွဲလိုက်ပြီးနောက် ချူရွှမ်အား တောင်းပန်တိုးလျှိုးသော မျက်လုံးများဖြင့် ကြည့်ကာ ပြောရှာသည်။ "တရားစီရင်ရေးအရာရှိမင်း... ကျွန်မရဲ့ လင်ယောက်ျားက အရာရှိမင်းကို သူ့ရဲ့ အဖိုးတန်ဆုံး ရတနာကို ပေးအပ်ခဲ့ပါပြီ။ ကျွန်မတို့ကို ချမ်းသာပေးဖို့ တောင်းပန်ပါရစေ"

ချူရွှမ်က ခေါင်းညိတ်လိုက်သည် "သေချာတာပေါ့။ ငါ မျိုးရိုးချူဖြစ်တဲ့ ဒီအရာရှိက ကတိတည်ပြီးသားပဲ။ ဒါပေမဲ့ မင်းတို့ ဖြေရမယ့် မေးခွန်းအချို့ ရှိသေးတယ်။ ဘာပဲဖြစ်ဖြစ် ဒီအရာရှိက ဒီကို အမှုစုံစမ်းဖို့ ရောက်လာတာ။ အကယ်၍ တိကျတဲ့ အဖြေတွေ မရရင် အထက်ကို ပြန်လည်အစီရင်ခံဖို့ ခက်လိမ့်မယ်။ ကဲ... မင်းတို့ကို ငါမေးမယ်၊ မင်းတို့နဲ့ ဝိညာဉ်ဧကရာဇ်ဂိုဏ်းနဲ့ ဘာပတ်သက်မှု ရှိလဲ"

"ဘာမှမပတ်သက်ဘူး။"

ကျွင်းဟောက်ချိုးက အေးစက်စွာ ပြောလိုက်သည်။ "ဝိညာဉ်ဧကရာဇ်ဂိုဏ်းဆိုတာ တစ္ဆေကျင့်ကြံသူတွေ စုစည်းထားတဲ့အဖွဲ့ပဲ။ သူတို့က ငါ့ကို အင်းကွက်ပညာရှင်တစ်ယောက်ဆိုတာ သိလို့ သူတို့ဘက်ပါအောင် အမြဲတမ်း စည်းရုံးချင်နေကြတာ၊ ပြီးတော့ ငါ့ဇနီးရဲ့ အသက်အပြင် ကျူးရှန်းမြို့ငယ်က ပြည်သူတွေရဲ့ အသက်တွေနဲ့ပါ ငါ့ကို ထပ်ခါတလဲလဲ ခြိမ်းခြောက်ခဲ့ကြတယ်။ ငါ့ရဲ့ သည်းခံနိုင်စွမ်းက အရင်ကတည်းက ကုန်ဆုံးနေခဲ့ပြီ၊ မဟုတ်ရင် ဝိညာဉ်ဧကရာဇ်ဂိုဏ်းကို အသေအလဲ တိုက်ခိုက်ဖို့အတွက် မက်မွန်ပန်းအိမ်တော်မှာ ဒီလောက်အများကြီး အင်းကွက်တွေ ခင်းကျင်းထားမှာ မဟုတ်ဘူး။"

ချူရွှမ် ခေါင်းညိတ်လိုက်ပြီး ဆက်လက်မေးမြန်းသည်။ "မင်းက ကျူးရှန်းမြို့ငယ်မှာ တစ္ဆေကျင့်ကြံသူတွေ လှုပ်ရှားနေတာကို သိလျက်နဲ့ ဘာဖြစ်လို့ မြို့တော်ကို ကိုယ်တိုင် စာမပို့ဘဲ မြို့စောင့်အကျဉ်းထောင်ဌာနရဲ့ အမည်ကို အသုံးပြုခဲ့ရတာလဲ"

ကျွင်းဟောက်ချိုးသည် စကားမဆိုချင်တော့ချေ။

သူ၏ဘေးရှိ တစ္ဆေမြေခွေးက မကျေမနပ်ဖြစ်စွာဖြင့် ဝင်ပြောလိုက်သည်။ "ရိုးရိုးလေးပါပဲ၊ ကျွန်မနဲ့ ကျွန်မရဲ့ လင်ယောက်ျားဟာ ဝိညာဉ်ဧကရာဇ်ဂိုဏ်းရဲ့ စောင့်ကြည့်ခြင်းကို ခံနေရလို့ပါ။ အကယ်၍ ကျွန်မလင်ယောက်ျားက ကိုယ်တိုင် ထွက်လာခဲ့ရင် ဝိညာဉ်ဧကရာဇ်ဂိုဏ်းနဲ့ လုံးဝ မျက်နှာပျက်ရမှာ သေချာပါတယ်။ ဒါကြောင့် ကျွန်မတို့မှာ တခြားရွေးချယ်စရာမရှိဘဲ မြို့စောင့်အကျဉ်းထောင်ဌာနထဲက ဝိညာဉ်ဧကရာဇ်ဂိုဏ်းရဲ့ ဝါးမြိုခြင်းကို မခံရသေးတဲ့ အကျဉ်းထောင်စောင့်တစ်ဦးကို အသက်စွန့်ပြီး အပြင်ကို စာသွားပို့ခိုင်းခဲ့ရတာပါ။ အကယ်၍ တရားစီရင်ရေးအရာရှိမင်းက မယုံကြည်ဘူးဆိုရင် ကျူးရှန်းမြို့ငယ်ရဲ့ မြို့စောင့်အကျဉ်းထောင်ဌာနမှာ ကိုယ်တိုင် သွားရောက်စုံစမ်းနိုင်ပါတယ်"

"မလိုတော့ဘူး။ ဝိညာဉ်ဧကရာဇ်ဂိုဏ်းနဲ့ တိတ်တဆိတ် ပူးပေါင်းကြံစည်ခဲ့တဲ့ ကျူးရှန်းမြို့ငယ်ရဲ့ မြို့စောင့်အကျဉ်းထောင်ဌာနတစ်ခုလုံးကို ဒီအရာရှိက အကုန်လုံး ခေါင်းဖြတ်သတ်ပစ်ခဲ့ပြီးပြီ။" ချူရွှမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

တစ္ဆေမြေခွေးသည် လွန်စွာ ထိတ်လန့်သွားသဖြင့် မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့ရသည်။ အစေခံသုံးဦးမှာမူ ချူရွှမ်အား ပိုမိုပြင်းထန်သော ကြောက်ရွံ့မှုအပြည့်ရှိသည့် မျက်လုံးများဖြင့် ကြည့်လိုက်ကြတော့သည်။

သို့သော် ချူရွှမ်မှာမူ မည်သို့မျှ မခံစားရချေ။ အပြစ်မဲ့သူများကို မဆင်မခြင် မသတ်ဖြတ်သရွေ့ သူ၏ စိတ်နှလုံးသည် ဖြူစင်ရှင်းလင်းနေပေသည်။ ထို့ပြင် ဤအရာရှိသည် ကွပ်မျက်သူတစ်ဦး ဖြစ်သဖြင့် လူသတ်ခြင်းနှင့် ခေါင်းဖြတ်ခြင်းမှာ လုံးဝ တရားမျှတဆီလျော်လှပေသည်။ ပြင်ပလူများကို ရှင်းပြနေရန် မလိုအပ်ပေ။

သို့သော်လည်း ထိုမြို့စောင့်အကျဉ်းထောင်ဌာနအတွင်း၌ ချူရွှမ်သည် အပြစ်မဲ့သော အကျဉ်းထောင်စောင့် တစ်ဦးမျှ ရှာမတွေ့ခဲ့ချေ၊ ထို့ကြောင့် ဖြစ်နိုင်ခြေတစ်ခုသာ ရှိပေသည်။ ထိုအကျဉ်းထောင်စောင့်မှာ သေဆုံးသွားခဲ့ပြီဖြစ်ပြီး သူပေးပို့လိုက်သော စာမှာလည်း တစ်နေရာရာတွင် ပြဿနာတစ်ခုခုနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။ သို့မဟုတ်ပါက မြို့တော်ရှိ မြို့စောင့်အကျဉ်းထောင်ဌာနအနေဖြင့် ကျူးရှန်းမြို့ငယ်မှ ကွပ်မျက်သူ အသတ်ခံရသည်ကိုသာ သိရှိပြီး ဤအရာ၌ တစ္ဆေကျင့်ကြံသူများ၏ အင်အားစုများ တိတ်တဆိတ် ပါဝင်ပတ်သက်နေကြောင်းကို သိရှိလိမ့်မည် မဟုတ်ပေ။

ဤသို့ တွေးတောရင်း ချူရွှမ်က လေးနက်သောလေသံဖြင့် မေးမြန်းလိုက်သည်။

"နောက်ဆုံးမေးခွန်း... အခု ဝိညာဉ်ဧကရာဇ်ဂိုဏ်းရဲ့ အခြေစိုက်စခန်းက ဘယ်မှာလဲ၊ အဲဒီမှာ တစ္ဆေကျင့်ကြံသူ ဘယ်နှယောက် ရှိလဲ၊ သူတို့ထဲမှာ အစွမ်းထက်ဆုံးသူရဲ့ နယ်ပယ်က ဘာလဲ၊ ပြီးတော့ ဝိညာဉ်ဧကရာဇ်ဂိုဏ်းက ဒီလောက်အထိ ဒုက္ခတွေပေးပြီး ဘယ်လို ပူးပေါင်းကြံစည်မှုမျိုးကို ဖော်ဆောင်ဖို့ ကြံစည်နေတာလဲ"

အခန်း (၁၆၅)

တစ္ဆေတံခါးဝဆီသို့

ကျွင်းဟောက်ချိုးက သက်ပြင်းချရင်း မတတ်သာသလို ပြောလိုက်သည်။ "မင်းကို အထင်ကြီးရမလား၊ ဒါမှမဟုတ် သေရမှာမကြောက်ဘူးလို့ပဲ ပြောရမလား ငါမသိတော့ဘူး... ဝိညာဉ်ဧကရာဇ်ဂိုဏ်းရဲ့ နောက်ခံအကြောင်းကိုတောင် သေချာမသိဘဲနဲ့ အမှုတစ်ခုကို တစ်ယောက်တည်း စုံစမ်းရဲတယ်ပေါ့။"

သူသည် မိမိ၏ ဂုဏ်သိက္ခာကို အနည်းငယ် ပြန်လည်ဆယ်ယူရန်အတွက် ချုရွှမ်အား စကားနာအနည်းငယ် ထိုးချင်မိသေးသည်။ သို့သော် သူ့ရှေ့တွင် ရှိနေသောသူမှာ အနည်းငယ် စိတ်ဆွလိုက်ရုံမျှဖြင့် လူတစ်ယောက်၏ ခေါင်းကို အလွယ်တကူ ဖြတ်ပစ်တတ်သည့် ဒေါသကြီးသော ကွပ်မျက်သူတစ်ဦး ဖြစ်ကြောင်း သတိရလိုက်သဖြင့် ကျွင်းဟောက်ချိုးသည် သူ၏ မောက်မာမှုများကို နှိမ်ချကာ ပြောလိုက်ရတော့သည်။

"ဝိညာဉ်ဧကရာဇ်ဂိုဏ်းဆိုတာ နှစ်ပေါင်းတစ်ရာကျော် တည်ထောင်ခဲ့တဲ့ အင်အားစုတစ်ခုပဲ။ မူလကတော့ သူတို့ရဲ့ အစွမ်းက သိပ်ပြီး မကြီးမားလှဘူး၊ ဒါပေမဲ့ မကြာသေးခင် ဆယ်စုနှစ်တွေအတွင်းမှာတော့ ဝိညာဉ်ဧကရာဇ်ဂိုဏ်းကနေ အလွန် အစွမ်းထက်တဲ့ တစ္ဆေလမ်းစဉ် ပါရမီရှင်တစ်ယောက် ပေါ်ထွက်လာခဲ့တယ်၊ ကြားရသလောက်တော့ သူက မိစ္ဆာဧကရာဇ်ရဲ့ အမွေအနှစ်ကို ရရှိခဲ့တာတဲ့။"

"ဒီအမွေအနှစ်ကို အခြေခံပြီးတော့ ဝိညာဉ်ဧကရာဇ်ဂိုဏ်းဟာ တိတ်တဆိတ် အင်အားကြီးမားလာခဲ့တာပဲ။ ဒါပေမဲ့ နတ်ဆိုးနှိမ်နင်းရေးဌာနနဲ့ မြို့စောင့်အကျဉ်းထောင်ဌာနတို့က သူတို့ရဲ့ စွမ်းအင်တွေကို နတ်ဆိုးတွေနဲ့ မိစ္ဆာတွေအပေါ်မှာပဲ အာရုံစိုက်ထားခဲ့ကြတာကြောင့် ဝိညာဉ်ဧကရာဇ်ဂိုဏ်းကို တန်ခိုးထွားခွင့် ပေးလိုက်သလို ဖြစ်သွားပြီး နောက်ဆုံးမှာ ကျူးရှန်းမြို့ငယ်နဲ့ တစ္ဆေတံခါးဆီအထိပါ တဖြည်းဖြည်း အမြစ်တွယ် ဝင်ရောက်လာခဲ့တော့တယ်။"

"အခုဆိုရင် တစ္ဆေတံခါးရဲ့ အတွင်းပိုင်းဟာ ဝိညာဉ်ဧကရာဇ်ဂိုဏ်းရဲ့ အရေးပါတဲ့ အမာခံစခန်းကြီးတစ်ခု ဖြစ်နေပြီ။ နတ်အဆင့်က တစ္ဆေကျင့်ကြံသူတွေတင် ရာဂဏန်းထက်မနည်း ရှိနေတာ။ ဒါတင်မကသေးဘူး... အဋ္ဌမအလွှာရှိတဲ့ အကြီးအကဲ သုံးယောက်နဲ့ နတ်အဆင့် နဝမအလွှာ ရှိတဲ့ ကာကွယ်စောင့်ရှောက်သူ တစ်ယောက်ပါ ရှိနေသေးတယ်။"

"အရေးကြီးဆုံးအချက်ကတော့ ဝိညာဉ်ဧကရာဇ်ဂိုဏ်းရဲ့ အဲဒီပါရမီရှင်ကလည်း သူတို့နဲ့အတူ ရှိနေတာပဲ။ ဒီလူရဲ့ နယ်ပယ်ဟာ နတ်အဆင့် နဝမအလွှာ ရဲ့ ကန့်သတ်ချက်ကိုတောင် ချိုးဖျက်ကျော်လွန်နေပြီဖြစ်ပြီး ခြေလှမ်းဝက် မဟာဆရာသခင် နယ်ပယ်ထဲကို ခြေတစ်ဖက် လှမ်းဝင်ထားနိုင်ပြီ။ ဒါတင်မကဘူး... အဲဒီပါရမီရှင်ဟာ တစ္ဆေတံခါးအတွင်းမှာရှိတဲ့ ယင်စစ်သည်တော်တွေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တစ္ဆေတွေကို မိစ္ဆာနည်းလမ်းတစ်ခုခုကို သုံးပြီးတော့ အတင်းအဓမ္မ ဝါးမြိုဖို့ ကြိုးပမ်းနေတယ်၊ အဲဒီလိုလုပ်ပြီး မဟာဆရာသခင် နယ်ပယ်ကို အပြည့်အဝ ချိုးဖျက် ဝင်ရောက်နိုင်ဖို့အတွက်ပဲ။"

စကားကို တစ်ပြိုင်နက်တည်း အသက်ရှူကြိမ် တစ်ချက်အတွင်း ပြောပြီးနောက် ကျွင်းဟောက်ချိုးသည် ချုရွှမ်၏ မျက်နှာတွင် ထိတ်လန့်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း အမူအရာ ပေါ်လာလိမ့်မည်ဟု မျှော်လင့်လျက် စိုက်ကြည့်လိုက်သည်၊ အဘယ်ကြောင့်ဆိုသော် တစ္ဆေတံခါးအတွင်းရှိ ဝိညာဉ်ဧကရာဇ်ဂိုဏ်း၏ အင်အားမှာ ယခုအခါတွင် အမှန်တကယ်ပင် ကြီးမားလွန်းလှသောကြောင့် ဖြစ်သည်။

သို့သော် ကျွင်းဟောက်ချိုး စိတ်ပျက်သွားခဲ့ရသည်။ တစ္ဆေတံခါးတွင် ထိုမျှလောက်များပြားသော တစ္ဆေကျင့်ကြံသူများ ရှိနေကြောင်း ကြားရသော်လည်း ချုရွှမ်သည် ကြောက်ရွံ့ခြင်းမရှိသည့်အပြင် ရယ်မောချင်စိတ်ပင် ပေါက်လာခဲ့သည်။ "ဒီလောက်များတဲ့ တစ္ဆေကျင့်ကြံသူတွေအကုန်လုံးကိုသာ ဓားနဲ့ ခုတ်ပစ်လိုက်ရရင်..."

"အရူး... မင်းက တကယ်ကို အရူးပဲ။ တစ္ဆေတံခါးအတွင်းထဲမှာ ဝိညာဉ်ဧကရာဇ်ဂိုဏ်းတင် ရှိနေတာ မဟုတ်ဘူး၊ အဲဒီတစ္ဆေကျင့်ကြံသူတွေက အတွင်းထဲက ယင်စစ်သည်တော်တွေကိုပါ စေခိုင်းထိန်းချုပ်နိုင်ကြတာ။ မင်းက ရုပ်ခန္ဓာသန့်စင်ခြင်း နတ်အဆင့်ပဲ ရှိနေတာနေနေသာသာ... မင်းက ရုပ်ခန္ဓာနဲ့ သိုင်းပညာ ပြိုင်တူကျင့်ကြံတဲ့ နတ်အဆင့်တစ်ယောက် ဖြစ်နေရင်တောင်မှ..."

"လင်ယောက်ျား... ကျွန်မရဲ့ အာရုံခံစားမှုအရတော့ ဒီသခင်လေးက တကယ်ပဲ ရုပ်ခန္ဓာနဲ့ သိုင်းပညာ နှစ်မျိုးစလုံးကို ပြိုင်တူကျင့်ကြံတဲ့ နတ်အဆင့်တစ်ယောက် ဖြစ်နေပုံရတယ်" ဟု ထိုအခိုက်အတန့်တွင် ဘေးမှ တစ္ဆေမြေခွေးက အားနည်းသောလေသံဖြင့် သတိပေးလိုက်ရှာသည်။

ထို့ပြင် သူမ၏ ချုရွှမ်အပေါ် ကြည့်သည့် အကြည့်များထဲတွင် ထိတ်လန့်ခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ အထူးစွမ်းရည်ကို အစွမ်းကုန် အသုံးချလိုက်လျှင်ပင် ချုရွှမ်၏ တိကျသော ကျင့်ကြံခြင်းနယ်ပယ်ကို ထိုးဖောက်မမြင်နိုင်သောကြောင့် တစ္ဆေမြေခွေး၏ မျက်လုံးများထဲတွင် ကြောက်ရွံ့တုန်လှုပ်မှုများ လွှမ်းမိုးနေခဲ့ရခြင်း ဖြစ်သည်။

ကျွင်းဟောက်ချိုးမှာမူ အသက်ရှူပင် မှားလုနီးပါး ဖြစ်သွားခဲ့ရသည်။ ဘာလဲ... ဒီကောင်လေးရဲ့ မြင့်မြတ်သောဝိညာဉ်က ကြောက်ဖို့ကောင်းနေရုံတင်မကဘဲ ရုပ်ခန္ဓာနဲ့ သိုင်းပညာ နှစ်မျိုးစလုံးကိုပါ ပြိုင်တူကျင့်ကြံထားတဲ့ နတ်အဆင့်တစ်ယောက် ဟုတ်လား။ လူကို ဒီလောက်အထိ စိတ်ဓာတ်ကျအောင် လုပ်ဖို့ လိုလို့လား။

နေပါဦး... ရုပ်ခန္ဓာနဲ့ သိုင်းပညာ နှစ်မျိုးစလုံး ပြိုင်တူကျင့်ကြံထားတဲ့ နတ်အဆင့် ဖြစ်နေတယ်ဆိုတာက ဒီကောင်လေးဟာ ကိုယ်ခံပညာလောကရဲ့ မကြုံစဖူး ထူးကဲတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်ကြောင်း ငြင်းပယ်လို့မရအောင် သက်သေပြနေတာပဲ။ အရေးကြီးဆုံးက ဒီလူဟာ အလွန် ကြောက်မက်ဖွယ်ကောင်းတဲ့ မြင့်မြတ်သောဝိညာဉ်စွမ်းအားကိုပါ ပိုင်ဆိုင်ထားသေးတယ်။

အကယ်၍များ... ရုတ်တရက်ဆိုသလို ကျွင်းဟောက်ချိုး၏ သဘောထားမှာ ပြောင်းလဲသွားခဲ့သည်။ သူ၏ မျက်နှာထက်တွင် သံသယစိတ်များ မရှိတော့ဘဲ ချုရွှမ်အား လွန်စွာ တည်ကြည်လေးနက်စွာ စိုက်ကြည့်ရင်း မေးလိုက်သည် "တရားစီရင်ရေးအရာရှိမင်း... မင်းရဲ့ လေသံအရဆိုရင် ဝိညာဉ်ဧကရာဇ်ဂိုဏ်းကို နှိမ်နင်းဖို့အတွက် တစ္ဆေတံခါးဆီကို သွားဖို့ ရည်ရွယ်နေတာလား"

"သွားတော့ရော ဘာဖြစ်လဲ" ချုရွှမ်က သာမန်ကာလျှံကာ လေသံဖြင့် ပြန်ပြောလိုက်သည်။

"အကယ်၍ အရာရှိမင်းက တကယ်ပဲ သွားဖို့ ရည်ရွယ်ထားတယ်ဆိုရင် ကျွန်တော့်ကို အကူအညီအသေးစားလေးတစ်ခု လောက် ပေးပါ။ တစ္ဆေတံခါးရဲ့ အတွင်းပိုင်းထဲမှာ ယန်ပြန်မြက်ပင်လို့ခေါ်တဲ့ ထူးခြားဆန်းကြယ်တဲ့ ရတနာတစ်မျိုး ရှိပါတယ်။ ဒီမြက်ပင်ဟာ ကျွန်တော့်ဇနီးရဲ့ တစ္ဆေမြေခွေး ခန္ဓာကိုယ်ကို အပြည့်အဝ ပြန်လည်ဖွဲ့စည်းတည်ဆောက်နိုင်ဖို့အတွက် အဓိကသော့ချက်ပါပဲ။ အမှန်အတိုင်းပြောရရင် ကျွန်တော် ဒီနေရာမှာ ဆယ်စုနှစ်တစ်ခုကျော် ဇာတ်မြှပ်နေခဲ့ရတဲ့ အဆုံးစွန်ဆုံး ရည်ရွယ်ချက်ကလည်း ဒီယန်ပြန်မြက်ပင်ကို ရရှိဖို့အတွက်ပါပဲ။"

"ဒါပေမဲ့ စိတ်မကောင်းစရာက အင်းကွက်ပညာရှင်တစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ စွမ်းရည်က အားနည်းလွန်းပြီး မြင့်မြတ်သောဝိညာဉ်ကလည်း မသန်မာတာကြောင့် တစ္ဆေတံခါးကို ဘယ်တုန်းကမှ အပြည့်အဝ ဖြတ်ကျော်နိုင်ခြင်း မရှိခဲ့ဘူး။ နောက်ပိုင်းမှာ တစ္ဆေတံခါးကို ဝိညာဉ်ဧကရာဇ်ဂိုဏ်းက သိမ်းပိုက်လိုက်တဲ့အခါမှာတော့ ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေအားလုံး လုံးဝ ပျက်စီးသွားခဲ့ရတော့တယ်"

"အကယ်၍ တရားစီရင်ရေးအရာရှိမင်းက တစ္ဆေတံခါးထဲကို ဝင်ရောက်ပြီး ကျွန်တော့်အတွက် ယန်ပြန်မြက်ပင်ကို ရှာဖွေပေးနိုင်မယ်ဆိုရင် ကျွန်တော် ကျွင်းဟောက်ချိုးအနေနဲ့ ကြီးမားလှတဲ့ ဆုလာဘ်တွေနဲ့ သေချာပေါက် ကျေးဇူးဆပ်ပါ့မယ်။" ပြောပြီးသည်နှင့် သူသည် ရိုသေစွာဖြင့် လေးလေးနက်နက် ဦးညွှတ် ဂါရဝပြုလိုက်တော့သည်။ ကျွင်းဟောက်ချိုးသည် အမှန်တကယ်ပင် လေးနက်တည်ကြည်နေကြောင်း ထင်ရှားလှပေသည်။ ဘေးရှိ တစ္ဆေမြေခွေး အမျိုးသမီးပင်လျှင် ချုရွှမ်အား မျှော်လင့်ချက်အပြည့်ရှိသော မျက်လုံးများဖြင့် စိုက်ကြည့်နေရှာသည်။

ချုရွှမ်၏ စိတ်နှလုံးသည် လှုပ်ခတ်သွားခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူ ကျူးရှန်းမြို့ငယ်သို့ ရောက်ရှိလာရခြင်းမှာ အကြောင်းရင်း နှစ်ခုကြောင့် ဖြစ်သည်။ တစ်ခုမှာ အမှုကို စုံစမ်းစစ်ဆေးရန်ဖြစ်ပြီး အခြားတစ်ခုမှာ ဤပါရမီရှင်ပညာရှိကို တောင်ပေါ်မှဆင်းကာ လောကထဲသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်ဖို့ဖြစ်ပေသည်။ အကယ်၍ ထိုယန်ပြန်မြက်ပင်ကို ရှာဖွေတွေ့ရှိနိုင်ခဲ့ပါက ပါရမီရှင်ပညာရှိ ထွက်မလာမည်ကို စိုးရိမ်နေရန် လိုအပ်တော့မည် မဟုတ်ချေ။

ချုရွှမ်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။ "ကောင်းပြီလေ... အကယ်၍ ဒီအရာရှိရဲ့ တစ္ဆေတံခါးခရီးစဉ်က အဆင်ပြေချောမွေ့လို့ အဲဒီယန်ပြန်မြက်ပင်နဲ့ မတော်တဆ ကြုံတွေ့ခဲ့ရင်တော့ ယူဆောင်ပေးဖို့ စဉ်းစားပေးပါမယ်၊ ဒါပေမဲ့ မျှော်လင့်ချက်ကိုတော့ အရမ်းကြီး မထားပါနဲ့ဦး။"

မည်သို့ပင်ဖြစ်စေ သူသည် တစ္ဆေတံခါး၏ အတွင်းပိုင်း အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရှိသေးသဖြင့် မည်သည့် အကြွင်းမဲ့ကတိမျိုးကိုမျှ မပေးခဲ့ချေ။ သို့သော်လည်း ကျွင်းဟောက်ချိုးနှင့် တစ္ဆေမြေခွေး အမျိုးသမီးတို့မှာ လွန်စွာ ကျေးဇူးတင်ရှိသွားကြပြီး ပြောရှာသည်။ "အရာရှိမင်း... ကိုယ့်ကိုယ်ကို ဘေးကင်းအောင်သာ အဓိကထား စောင့်ရှောက်ပါ။ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ကျွန်တော်တို့ကတော့ အရာရှိမင်းကို နှလုံးသားထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေမှာပါ။ ဒါနဲ့ အရာရှိမင်းအနေနဲ့ ကျွန်တော်တို့ ကြိုတင်ပြင်ဆင်နိုင်အောင် ဘယ်အချိန်လောက်မှာ စတင်လှုပ်ရှားဖို့ ရည်ရွယ်ထားပါသလဲ"

"တခြားနေ့တွေ ရွေးမနေတော့ဘူး... အခုချက်ချင်းပဲ သွားမယ်။"

ဤသည်မှာ ဝိညာဉ်ဧကရာဇ်ဂိုဏ်းအား အငိုက်ဖမ်း တိုက်ခိုက်ရန်အတွက် အကောင်းဆုံးသော အချိန်ပင် ဖြစ်ပေသည်။ ပြောပြီးသည်နှင့် ချုရွှမ်သည် မဆိုင်းမတွဘဲ မက်မွန်ပန်းအိမ်တော်၏ အပြင်ဘက်သို့ ချက်ချင်းပင် လှမ်းထွက်ခဲ့တော့သည်။

ကျွင်းဟောက်ချိုးသည် ထပ်မံ၍ စကားမဆိုတော့ဘဲ ချုရွှမ်၏ ကျောပြင်ကို ကြည့်ကာ လေးနက်စွာ ဦးညွှတ်လိုက်ရင်း ရေရွတ်လိုက်မိသည်။ "အပြင်ပန်းကြည့်ရင် အေးစက်လှချည်ရဲ့လို့ ထင်ရတဲ့ ဒီအရာရှိမင်းက ဒီလောက်အထိ ပြတ်သားတဲ့ သံမဏိစိတ်ဓာတ် ရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ အရာရှိမင်း ချူက ဒီလောက်အထိ ပွင့်လင်းပြတ်သားနေမှတော့... ဇနီးလေး ရေ၊ ငါတို့လည်း နောက်ဆုတ် တုံ့ဆိုင်းနေလို့ မဖြစ်တော့ဘူး။ ငါတို့လည်း ကျူးရှန်းမြို့ငယ်ရဲ့ ပြည်သူတွေအတွက် တစ်ခုခု လုပ်ပေးရလိမ့်မယ်။"

ကျွင်းဟောက်ချိုး၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်နေခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဤခြေလှမ်းကို လှမ်းလိုက်ခြင်းသည် သူနှင့် ဝိညာဉ်ဧကရာဇ်ဂိုဏ်းအကြားတွင် ပြန်လည်စေ့စပ်ညှိနှိုင်းစရာ လမ်းစမျှ ရှိတော့မည်မဟုတ်ကြောင်း အဓိပ္ပာယ်ရပြီး အကယ်၍ ချူရွှမ်သာ ကျရှုံးသွားခဲ့ပါက... သူတို့သည်လည်း မလွဲမသွေ ပျက်စီးခြင်းသို့ ရောက်ရှိသွားကြမည် ဖြစ်သည်။

တစ္ဆေမြေခွေး အမျိုးသမီးသည်လည်း ဤအချက်ကို သဘာဝကျကျ နားလည်ထားသော်လည်း သူမသည် တားဆီးရန် အလျဉ်းစိတ်ကူးမရှိခဲ့ချေ။ ယင်းအစား သူမက အားပေးစကား ဆိုရှာသည်။ "လင်ယောက်ျား... ရှင် ဒီလိုမျိုး လွန်ခဲ့တဲ့ကတည်းက လုပ်ခဲ့သင့်တာပါ။ ကျွန်မအတွက် ဘာမှ စိုးရိမ်ပူပန်မနေပါနဲ့။ ဘာပဲဖြစ်ဖြစ် ယန်ပြန်မြက်ပင် မရှိရင်လည်း ကျွန်မရဲ့ ဝိညာဉ်ခန္ဓာကိုယ်က သိပ်ပြီး ကြာကြာခံတော့မှာ မဟုတ်ပါဘူး။ သေမယ့်နေ့ကို ဒီတိုင်း ထိုင်စောင့်နေမယ့်အစား ကျူးရှန်းမြို့ငယ်က ပြည်သူတွေအတွက် နောက်ဆုံးအနေနဲ့ ကောင်းမှုကုသိုလ်တစ်ခု လုပ်ပေးသွားတာကမှ ပိုပြီး မြင့်မြတ်ပါသေးတယ်။"

"ဟားဟားဟား... ငါ့ကို အသိဆုံးကတော့ ဇနီးလေးပါပဲ။ ကဲ... မင်းတို့ သုံးယောက်ကော၊ ဒီမှာပဲ နေခဲ့မလား၊ ဒါမှမဟုတ် ငါနဲ့အတူ လိုက်မလား" ကျွင်းဟောက်ချိုးသည် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။ ထိုအချိန်မှသာ လွန်စွာ စိတ်ပျက်အားငယ်ပြီး စိတ်ဓာတ်ကျနေသော ပါရမီရှင်ပညာရှိထံမှ သူရဲကောင်းဆန်သော စိတ်ဓာတ်အရှိန်အဝါများ ပြန်လည်ပေါက်ကွဲ ထွက်ပေါ်လာခဲ့တော့သည်။

နတ်အဆင့် အစေခံသုံးဦးစလုံးသည်လည်း ထိုစိတ်ဓာတ်များကြောင့် တက်ကြွသွားကြပြီး ရိုသေစွာ လက်အုပ်ချီလျက် လေးနက်စွာ ပြောဆိုကြသည်။ "ကျွန်တော်တို့ရဲ့ အသက်တွေကို သခင်ကြီးက ကယ်တင်ပေးခဲ့တာပါ၊ ကျွန်တော်တို့တစ်သက်လုံး သခင်ကြီးရဲ့ နောက်ကိုပဲ သစ္စာရှိရှိ လိုက်ပါ့မယ်။" သူတို့၏ စကားလုံးတိုင်းမှာ ပြတ်သားခိုင်မာလှပေသည်။

မိမိ၏ အရှိန်အဝါကို တိတ်တဆိတ် ဖုံးကွယ်ထားသော ချူရွှမ်သည်လည်း စိတ်ထဲမှနေ၍ တိတ်တဆိတ် ခေါင်းညိတ်လိုက်မိသည်။ ကျွင်းဟောက်ချိုးနှင့် သူ၏လူများ ဘာလုပ်ရန် ပြင်ဆင်နေကြသည်ကို သူ အတိအကျမသိသော်လည်း မဟာချင်ပြည်ထောင်၏ ဤပါရမီရှင်ပညာရှိ ကျွင်းဟောက်ချိုးကို ယုံကြည်စိတ်ချနိုင်ကြောင်း သူ အာရုံခံစားမိလိုက်သည်။

"ကျွင်းဟောက်ချိုးက ကျူးရှန်းမြို့ငယ်ဘက်က ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းနေပြီဆိုတော့ ကျန်တဲ့ တစ္ဆေတံခါးဘက်က ကိစ္စတွေကိုတော့ ငါ့ရဲ့ တာဝန်ပဲ ဖြစ်ရတော့မယ်။"

ရွှစ်။

ချူရွှမ်သည် မည်သည့်အသံမျှ မထွက်စေဘဲ သူ၏ လေနှင့်မိုးကြိုး အတောင်ပံများကို ဖြန့်ကြက်ကာ မိုးတိမ်တိုက်များထဲသို့ မြင့်မားစွာ ပျံသန်းတက်လှမ်းသွားခဲ့တော့သည်။ သူ၏ မဟာဆရာသခင် နယ်ပယ်ရှိ ကိုယ်ခံပညာ ကျင့်ကြံခြင်းစွမ်းအားကြောင့် ကျွင်းဟောက်ချိုးနှင့် အခြားသူများအနေဖြင့် သူ၏ သွားလာလှုပ်ရှားမှု ပုံရိပ်ကို အနည်းငယ်မျှပင် ထောက်လှမ်းသိရှိနိုင်ခြင်း မရှိခဲ့ချေ။ ဤသို့ဖြင့် ခရီးစဉ်သည် တစ်ရက်ခန့် ကြာမြင့်ခဲ့သည်။

မကြာမီတွင် ကြီးမားထည်ဝါလှသော စစ်စခန်းတံတိုင်းကြီးတစ်ခုမှာ ချူရွှမ်၏ မျက်စိရှေ့မှောက်တွင် ပေါ်ပေါက်လာခဲ့သည်။ ဤနေရာမှာ တစ်ချိန်က မဟာချင်ပြည်ထောင်၏ ကောင်းကင်တံခါးတံတိုင်း ဖြစ်ခဲ့ပြီး မဟာချင်စစ်တပ်က သောင်းနှင့်ချီသော ရန်သူ့တပ်မတော်များနှင့် သွေးချောင်းစီး တိုက်ပွဲကြီး ဆင်နွှဲခဲ့ရသည့် စစ်တလင်းပြင်ကြီးလည်း ဖြစ်ပေသည်။

ဤနေရာတစ်ခုတည်းတင်တင် ကျဆုံးသွားခဲ့ရသော စစ်သည်တော်များ၏ အရေအတွက်မှာ ငါးသိန်းထက်မနည်း ရှိခဲ့ပေသည်။ ထို့ပြင် ဤနေရာသည် တစ္ဆေတံခါးအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် အတွင်းဘက်၌ ထပ်မံသေဆုံးသွားခဲ့ရသော မဟာချင်စစ်သည်များနှင့် သာမန်ပြည်သူ တစ်သိန်းကျော်ကိုပါ ပေါင်းစပ်လိုက်လျှင် ဤတစ္ဆေတံခါးအတွင်း၌ ရှိနေသော အရိုးစုများ၏ အရေအတွက်တင်တင် အနည်းဆုံး သန်းနှင့်ချီ၍ ရှိနေပြီဟု ဆိုလိုခြင်း ဖြစ်ပေသည်။

အနားသို့ပင် မချဉ်းကပ်ရသေးမီမှာပင် ချူရွှမ်သည် အေးစက်ပြင်းထန်လှသော တစ္ဆေလေပြေများကို ဆက်တိုက် ခံစားလိုက်ရသည်။ တံခါးကြီးတစ်ခုလုံးသည် သွေးပျက်ဖွယ်ရာ ဘီလူးကြီးတစ်ကောင်၏ ကြောက်မက်ဖွယ် မေးရိုးကြီးသဖွယ် ဖြန့်ကားလျက် သူ ရောက်ရှိလာမည့်အချိန်ကို စောင့်ကြိုနေသကဲ့သို့ ရှိနေတော့သည်။ ထို့နောက် ချူရွှမ်သည် တစ္ဆေတံခါးဝသို့ ချဉ်းကပ်ဝင်ရောက်လိုက်သည့် ထိုအခိုက်အတန့်တွင်...

All Chapters