← Chapters

အခန်း ၁၀၈၄

Vol. 104 Ch. 1084

အခန်း ၁၀၈၄

Vol. 104 Ch. 1084

အခန်း ၁၀၈၄ ဧကရာဇ် လေးပါး

မုဆိုးကြယ်သည် မိမိကိုယ်ကိုယ် ပိုမိုသန်မာလာသည်ဟု ခံစားလိုက်ရ၏။ သူသည် မိမိ၏ ခွန်အားကို စမ်းသပ်ရန်အတွက် နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ရန် ပြင်ဆင်လိုက်သော်လည်း ဧကရာဇ်လုသည် သူ့ရှေ့တည့်တည့်သို့ ချက်ချင်း ရောက်ရှိလာခဲ့သဖြင့် ရုတ်တရက် ရပ်တန့်သွားခဲ့ရသည်။

​မုဆိုးကြယ်သည် အကွာအဝေးတစ်ခု ဖြစ်ပေါ်စေရန်အတွက် အနောက်ဘက်သို့ လျင်မြန်စွာ ခုန်ဆုတ်လိုက်ပြီးနောက် မိမိထံသို့ တဖြည်းဖြည်း တိုးကပ်လာနေသော ဧကရာဇ်လု၏ လက်မောင်းဆီသို့ မှောင်မိုက်သော စွမ်းအင်လုံးကြီး တစ်လုံးကို ထပ်မံ၍ ပစ်လွှတ်လိုက်တော့၏။

​မုဆိုးကြယ်၏ လည်ပင်းကို ညှစ်သတ်ရန်အတွက် ဆန့်တန်းလာခဲ့သော ထိုလက်ကြီးမှာ အမှောင်ထုစွမ်းအင်လုံး၏ တိုက်ခိုက်မှုကို ခံလိုက်ရသဖြင့် ထိုလက်တစ်ဖက်လုံးမှာ အမှုန့်ခြေဖျက်ဆီးခြင်း ခံလိုက်ရသည့်အပြင် ပုခုံးတစ်စိတ်တစ်ပိုင်းပါ ပြတ်တောက်သွားခဲ့ရသည်။

​"ဒီကောင်ကတော့ တကယ်ပဲ။ ခန္ဓာကိုယ် တစ်ခုလုံး ပြာကျမတတ် ပျက်စီးသွားခဲ့ရတဲ့ ဖြစ်တည်မှုတွေကို ပြန်ပြီး အသက်သွင်းရတာ ငါ တကယ်ကို သဘောမကျတာ ဒါကြောင့်ပဲ။ သူက ရှင်သန်လာပြီး အစွမ်းတွေ ရှိနေသေးတယ်ဆိုပေမဲ့ သူ့ရဲ့ ဉာဏ်ပညာကတော့ လုံးဝ ရှုပ်ထွေးနောက်ကျိနေပြီ။ ဘာပဲဖြစ်ဖြစ် ငါ့အနေနဲ့ သူ့ကို သုံးပြီး ဘယ်သူ့ကိုမှ အချိန်ဆွဲခိုင်းဖို့ မလိုတော့ပါဘူး။ သူ ကျရှုံးသွားခဲ့ပြီဆိုတော့ အခုကစပြီး ငါကိုယ်တိုင်ပဲ ဝင်လုပ်တော့မယ်။ ဘာဖြစ်ဖြစ် ဒီအစီအရင်ကြီးကလည်း အခုအချိန်မှာ အသုံးမဝင်တော့ပါဘူး"

​မျက်နှာတစ်ဝက် ဖုံးအုပ်ထားသော ထိုလူ၏ မျက်နှာထက်တွင် စိတ်ပျက်ရိပ်များ ပြည့်နှက်နေခဲ့ပြီး သူသည် တော်ဝင်နန်းတော်၏ အမိုးထက်တွင် ရုတ်တရက် ထွက်ပေါ်လာခဲ့ရာ ထိုနေရာက ဆိုလျှင် လုံချန်းနှင့် မုဆိုးကြယ်တို့၏ တိုက်ပွဲအခြေအနေအား ကွက်ကွက်ကွင်းကွင်း မြင်တွေ့နိုင်ပေသည်။

​သူသည် ရှေ့မှောက်က မြင်ကွင်းအား ကြည့်ရင်း စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကိုသာ ခါယမ်းနေမိတော့၏။

​သူ ဤနေရာသို့ ရောက်ရှိလာရန်အတွက် အချိန်အနည်းငယ်မျှသာ ကြာမြင့်ခဲ့သော်လည်း ထိုအချိန်တိုလေး အတွင်း၍ပင် လုံချန်းအနေဖြင့် ဝူလျာကို အပြတ်ရှင်းပစ်ရန်အတွက် လုံလောက်နေခဲ့ပြီ ဖြစ်သည်။

​မျက်လုံးအစုံ မည်းနက်နေသော လုံချန်းသည် အလွန်အမင်း ဒေါသထွက်နေခဲ့သဖြင့် သူ နိုးထလာပြီး ဝူလျာကို အနောက်ဘက်သို့ လွှင့်ပစ်လိုက်သည်နှင့် တပြိုင်နက် ဝူလျာအနားသို့ ရုတ်တရက် ရောက်ရှိသွားခဲ့ပြီး မိမိ၏ လက်ဖဝါးအား ဝူလျာ၏ လည်ချောင်း အတွင်းသို့ အားကုန် ထိုးစိုက်ပစ်လိုက်တော့သည်။ ၎င်းက ဝူလျာသည် လုံချန်းကို မည်သို့မည်ပုံ သတ်ဖြတ်ရန် ကြံစည်ခဲ့သနည်း ဟူသော နည်းလမ်းအတိုင်း ထပ်တူထပ်မျှ ပြန်လည်လုပ်ဆောင်လိုက်ခြင်း ဖြစ်၏။

​ဝူလျာသည် လုံချန်း၏ လက်ဖဝါး မိမိ၏ လည်ချောင်း အတွင်းသို့ တိုးဝင်လာသည်ကို ကြည့်ရင်းမြေပြင်ပေါ်က ထရပ်ရန်ပင် အချိန် မရလိုက်ပေ။ ဤကောင်က မည်သို့ဖြစ်ပြီး ဤမျှထိ မြန်ဆန်နေရသနည်း။ ၎င်းက လုံချန်းတစ်ယောက် နေရာရွှေ့ပြောင်းခြင်းအစွမ်းကို အသုံးပြုလိုက်သည့်အလား အံ့ဩစရာကောင်းပေသည်။ ဤကောင်က မည်သို့ကြောင့် နေရာရွှေ့ပြောင်းနိုင်ရသနည်း။ အစီအရင်ကြီးက ယခုထက်ထိ ကောင်းမွန်စွာ အလုပ်လုပ်နေဆဲ မဟုတ်လော။

​သူ မသိရှိခဲ့သည်မှာမူ ဟင်းလင်းပြင်ကြီး တစ်ပြင်လုံးမှာ ရုတ်တရက် အလွန်အမင်း မတည်မငြိမ် ဖြစ်ပေါ်သွားခဲ့သဖြင့် ထိုအစီအရင်ကြီးမှာ လည်ပတ်နေဆဲဖြစ်သော်လည်း မည်သည့် အာနိသင်မျှ မရှိတော့ဘဲ အသုံးမဝင်တော့ခြင်း ဖြစ်ပေသည်။

​အမှောင်ယဇ်ပဏ္ဏာကို ပြုလုပ်ပြီးနောက်တွင်မူ လုံချန်း၏ အမှောင်စွမ်းအားမှာ အလွန်အမင်း အစွမ်းထက်လွန်းပေရာ ၎င်းက သူတို့နှင့် ဆင်တူသော ထူးခြားချက်များ ရှိနေသဖြင့် ကောင်းကင်ဘုံမိစ္ဆာ တစ်ကောင် ပြန်လည်ရောက်ရှိလာသည့်အလား ဖြစ်နေခဲ့၏။

​လုံချန်းကိုယ်တိုင်ပင် မိမိအသုံးပြုလိုက်သော အမှောင်ယဇ်ပဏ္ဏာ ပညာရပ် အစွမ်းမှာ ကောင်းကင်ဘုံ မိစ္ဆာများထံမှ တိုက်ရိုက် ဆင်းသက်လာခဲ့ခြင်းဖြစ်ကြောင်း မသိရှိခဲ့ပေ။ ထိုမိစ္ဆာများကို ယခုကဲ့သို့သော သာမန်အစီအရင်များဖြင့် လုံးဝ တားဆီးပိတ်ဆို့နိုင်ခြင်း မရှိခဲ့ဘဲ ယခုအခါ လုံချန်းအတွက်လည်း ထိုအချက်က မှန်ကန်နေခဲ့ပြီ ဖြစ်သည်။

​တစ်ခုတည်းသော ကွဲပြားခြားနားချက်မှာမူ ကောင်းကင်ဘုံမိစ္ဆာများသည် ဤအစွမ်းကို အသုံးပြုသည့် အချိန်တွင်ပင် သူတို့၏ အသိစိတ်များကို ကောင်းမွန်စွာ ထိန်းချုပ်ထားနိုင်ခြင်း ဖြစ်၏။ လုံချန်းသည် သာမန်သေမျိုးတစ်ဦး ဖြစ်နေခဲ့သဖြင့် သူတို့ကဲ့သို့သော အကျိုးကျေးဇူးမျိုးကို မရနိုင်ချေ။

​လုံချန်းသည် ဤပညာရပ် အစွမ်းကို အသုံးပြုခြင်းကြောင့် ရရှိလာမည့် နောက်ဆက်တွဲ ဆိုးကျိုးများကို ရှောင်လွှဲနိုင်ခြင်း မရှိသလို ဤအစွမ်းအား မည်သို့မည်ပုံ အသုံးပြုရမည် ဆိုသည်ကိုလည်း ကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်း မရှိချေ။ သို့သော် ယခုအခါ သူ ဤအစွမ်းကို ထုတ်ဖော်ပြီးဖြစ်သဖြင့် မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ချေ။ သူ ဂရုစိုက်မိသည့် တစ်ခုတည်းသော အရာမှာမူ မိမိ စိတ်ကျေနပ်မှု ရရှိသည်အထိ ဤစွမ်းအားများကို အားကုန် ထုတ်ဖော်အသုံးပြုရန်သာ ဖြစ်ပေတော့သည်။

​...

​အင်မော်တယ်လောက... ၎င်းက လူသားများထဲတွင် အစွမ်းထက်ဆုံး ကျင့်ကြံသူများ နေထိုင်ရာ ကမ္ဘာကြီးတစ်ခု ဖြစ်ပေသည်။ သေမျိုးလောကမှ ဤနေရာသို့ လာရောက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာမူ ကျင့်ကြံခြင်းအဆင့်မှာ သူတော်စင်နယ်ပယ်ထက် များစွာ မြင့်မားနေရန် လိုအပ်ခြင်း ဖြစ်၏။ ထို့ကြောင့် သူတော်စင် နယ်ပယ်ထက် မြင့်မားသော အဆင့်သို့ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သူတိုင်းသည် ဤသေမျိုးလောကအား စွန့်ခွာကာ အင်မော်တယ် လောကသို့ တက်လှမ်း၍ ဘဝသစ်ကို တည်ဆောက်ရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်ပေသည်။

​အင်မော်တယ် လောက၏ ဆွဲဆောင်မှုမှာ မည်သူမျှ လက်မလွှတ်နိုင်လောက်အောင် အလွန်အမင်း ကြီးမားလွန်းပေသည်။

​အင်မော်တယ် လောက အတွင်း၌ ကျင့်ကြံသူများ၏ ခွန်အားကို တိုးတက်စေနိုင်သည့် အင်မော်တယ် အရင်းအမြစ် အမြောက်အမြား ပြည့်နှက်နေသဖြင့် သူတို့၏ ကျင့်ကြံခြင်း အဆင့်မှာ ပိုမို လျင်မြန်စွာ တိုးတက်လာနိုင်မည့် အခွင့်အရေးများ ရှိနေခဲ့သည်။

​ထို့အပြင် အင်မော်တယ် လောက အတွင်းက ချီစွမ်းအားများမှာလည်း ကောင်းကင်ဘုံ စစ်သည်တော်များ အသုံးပြုလေ့ရှိသည့် မူလစွမ်းအင် အနည်းငယ်ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်း ဖြစ်ပေသည်။ လူသားများအနေဖြင့် ထိုမူလစွမ်းအင်ကို တိုက်ရိုက် အသုံးမပြုနိုင်သော်လည်း ၎င်းဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် ချီစွမ်းအားများကပင် သူတို့အတွက် များစွာ အထောက်အကူ ဖြစ်စေခဲ့၏။

​အကယ်၍ တစ်စုံတစ်ဦးသည် သူတော်စင် နယ်ပယ်ထက် မြင့်မားသော အဆင့်သို့ ရောက်ရှိသွားခဲ့ပါက သူတို့၏ ကျင့်ကြံခြင်းနှုန်းမှာ တည်ရှိနေသော နေရာဒေသအပေါ် မူတည်၍ အကျိုးသက်ရောက်မှု ရှိသည်ဟု ဆိုကြပေသည်။

​အကယ်၍ သူတို့သည် သေမျိုးလောကတွင်သာ ဆက်လက်နေထိုင်မည်ဆိုပါက သူတို့၏ ကျင့်ကြံခြင်းနှုန်းမှာ အင်မော်တယ် လောကတွင် နေထိုင်ခြင်းထက် အနည်းဆုံး အဆပေါင်း တစ်ထောင်ခန့် ပိုမိုနှေးကွေးသွားမည် ဖြစ်၏။ ထို့အပြင် သူတို့သည် သေမျိုးလောကတွင်သာ ကျန်ရစ်ခဲ့မည်ဆိုပါက ထူးခြားသော ရတနာများအား ရရှိနိုင်မည့် အခွင့်အရေးများ ဆုံးရှုံးရမည်ဖြစ်သလို အင်မော်တယ် လောကတွင် ကိုယ်ပိုင်မိသားစုကို တည်ထောင်နိုင်မည့် အခွင့်အရေးလည်း ရှိတော့မည် မဟုတ်ပေ။

အင်မော်တယ် လောကသည် အလွန်ကြီးမားသော ကမ္ဘာကြီးတစ်ခု ဖြစ်သော်လည်း ၎င်းကို တောင်ဘက်၊ မြောက်ဘက်၊ အရှေ့ဘက်နှင့် အနောက်ဘက်ဟူ၍ အဓိက အစိတ်အပိုင်းကြီး လေးပိုင်းအဖြစ် ပိုင်းခြားထားခဲ့ပြီး ထိုနေရာ တစ်နေရာစီတွင် အုပ်ချုပ်မည့် ဧကရာဇ် တစ်ပါးစီ တည်ရှိနေခဲ့ကြသည်။

​ထို အစိတ်အပိုင်း လေးပိုင်း၏ ဧကရာဇ်လေးပါးတို့သည် ဤအင်မော်တယ် လောကကြီး၏ အရှင်သခင်များ ဖြစ်ကြပေသည်။ ထိုလေးပါးအနက်တွင်မူ မြောက်ဘက်ဧကရာဇ်သည် လူသားတစ်ဦး ရောက်ရှိနိုင်မည့် အမြင့်ဆုံး ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိထားသူ ဖြစ်သဖြင့် အစွမ်းထက်ဆုံးဖြစ်ကြောင်း လူသိများပေသည်။

​ကျန်ရှိနေသော ဧကရာဇ်သုံးပါးမှာမူ မြောက်ဘက်ဧကရာဇ်၏ အနောက်တွင် အနည်းငယ်မျှသာ လိုအပ်တော့သည့် အနေအထားတွင် ရှိနေခဲ့ကြ၏။

​ကောင်းကင်ဘုံ နယ်မြေသည် ဤအင်ပါယာကြီးများ၏ ထက်ဝက်ခန့်အား ထိန်းချုပ်ထားခဲ့ပြီး ကျန်ရှိနေသော အစိတ်အပိုင်းများကိုမူ ကောင်းကင်ဘုံ မိစ္ဆာကြီးများက ထိန်းချုပ်ထားခဲ့ကြသည်။

​ကောင်းကင်ဘုံ စစ်သည်တော်များနှင့် မိစ္ဆာများသည် သေမျိုးလောက အားလုံးကို အခြေခံအားဖြင့် စိုးမိုးအုပ်ချုပ်ထားကြခြင်း ဖြစ်သော်လည်း သူတို့ကိုယ်တိုင် ဤနေရာများကို တိုက်ရိုက် ဝင်ရောက်အုပ်ချုပ်ရန် စိတ်မဝင်စားပေ။

​ထိုအစား သူတို့သည် ပိုမို၍အရေးကြီးသော ကိစ္စရပ်များကိုသာ အဓိက အာရုံစိုက်နေခဲ့ကြသဖြင့် အင်မော်တယ် လောကကို အလယ်အလတ် ကြားခံနယ်မြေတစ်ခုအဖြစ် အသုံးချကာ သေမျိုးလောကများအား ထိန်းချုပ်စေခဲ့ခြင်း ဖြစ်ပေသည်။

​ကောင်းကင်ဘုံအနေဖြင့် လုပ်ဆောင်လေ့ရှိသည့် တစ်ခုတည်းသော အရာမှာမူ အင်မော်တယ် လောကအနေဖြင့် မိမိတို့အတွက် ကိုယ်စားပြုအုပ်ချုပ်ပေးရမည့် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်း အချို့ကို ချမှတ်ပေးထားခြင်းသာ ဖြစ်၏။

​မြောက်ဘက်နှင့် တောင်ဘက် ဧကရာဇ်များသည် ကောင်းကင်ဘုံ စစ်သည်တော်များနှင့် ပူးပေါင်း၍ အင်မော်တယ် လောက၏ မိမိတို့ပိုင်ဆိုင်သော အခြမ်းကို ထိန်းချုပ်ခဲ့ကြသည်။ အရှေ့ဘက်နှင့် အနောက်ဘက် ဧကရာဇ်များကမူ ကောင်းကင်ဘုံ မိစ္ဆာများအတွက် အလုပ်လုပ်ပေးခဲ့ကြပြီး ကမ္ဘာမြေ၏ ထိုအခြမ်းကို ထိန်းချုပ်ထားခဲ့ကြခြင်း ဖြစ်ပေသည်။

​အထက်လောကကြီးသည် စည်းမျဉ်းစည်းကမ်း အမြောက်အမြား ချမှတ်ထားခြင်း မရှိချေ။ သို့သော် ချမှတ်ထားခဲ့သော စည်းမျဉ်းများထဲတွင် အဓိကအကျဆုံး စည်းမျဉ်းတစ်ခုမှာမူ မိမိတို့၏ ရန်သူ့သွေးမျို့ဆက်မှ မည်သူတစ်ဦးတစ်ယောက်မျှ ဤမြေပေါ်သို့ ခြေချခွင့်မရှိခြင်း ဖြစ်၏။ အကယ်၍ ထိုစည်းမျဉ်းကို ချိုးဖောက်ခဲ့ပြီး ၎င်းအား ရှာဖွေတွေ့ရှိသွားခဲ့မည်ဆိုပါက ခံစားရမည့် ပြစ်ဒဏ်မှာ အလွန်အမင်း ကြီးမားပေသည်။

​ယခုအခါ ထိုနေရာတွင် ကောင်းကင်ဘုံ မိစ္ဆာတစ်ကောင် ဖြစ်လာနိုင်ခြေရှိသည့် ဖြစ်တည်မှုတစ်ခု ထွက်ပေါ်လာခဲ့ပြီ ဖြစ်သဖြင့် ဧကရာဇ်လုအနေဖြင့် ဤကိစ္စက မည်မျှအထိ ကြီးလေးကြောင်း သိရှိနေခဲ့သည်။ အကယ်၍ သူသာ ဤအချက်ကို လျှို့ဝှက်ထားခဲ့ပြီး အထက်သို့ သတင်းမပို့ခဲ့ပါက သူတို့၏ ကမ္ဘာကြီး တစ်ခုလုံးမှာ အင်မော်တယ် လောက၏ အမြစ်ပြတ် ဖျက်ဆီးခြင်းကို ခံရနိုင်ခြေ ရှိပေသည်။

​ထို့အပြင် အင်မော်တယ် လောကက သူတို့ကို ထောက်ပံ့ ပေးထားခဲ့သည့်တိုင်အောင် ကောင်းကင်ဘုံ စစ်သည်တော်များသည် ထိပ်ဆုံးတွင် ရှိနေဆဲ ဖြစ်သည်။ အနည်းငယ်မျှ သတင်းပေါက်ကြားသွားရုံနှင့် လူတိုင်း ဒုက္ခရောက်သွားနိုင်ပေသည်။ ထို့ကြောင့်ပင် လူတိုင်းက ဤသတင်းအပေါ် အလွန်အမင်း အလေးအနက် သဘောထားနေခဲ့ကြခြင်း ဖြစ်၏။

​မြောက်ဘက်ဧကရာဇ်သည် ဧကရာဇ်လုထံမှ သတင်းစကားကို ရရှိလိုက်သည်နှင့် တပြိုင်နက် သူသည် တောင်ဘက်ဧကရာဇ်နှင့် အရေးပေါ် အစည်းအဝေး တစ်ခုကို ချက်ချင်းပင် ဖိတ်ခေါ်ကျင်းပလိုက်တော့သည်။

​"မင်းက အဲဒီနေရာမှာ ကောင်းကင်ဘုံ မိစ္ဆာတစ်ကောင် ရှိနေတယ်လို့ ထင်နေတာလား။ ကောင်းကင်ဘုံ မိစ္ဆာတွေက ဘာဖြစ်လို့ အဲဒီလို သေမျိုးကမ္ဘာလေးထဲကို ဆင်းသွားရမှာလဲ။ ဒါက တကယ့်ကို အလိမ်အညာ တစ်ခုလိုပဲ ထင်စရာကောင်းတယ်" တောင်ဘက်ဧကရာဇ်က ထိုသတင်းစကားမှာ အလိပ်အညာ တစ်ခုသာ ဖြစ်မည်ဟု ယူဆလျက် မြောက်ဘက်ဧကရာဇ်ကို ပြောဆိုလိုက်၏။

​သူသည် သူ၏ ကိုယ်ပိုင်ထင်မြင်ချက်ကိုသာ အခိုင်အမာ ယုံကြည်နေခဲ့ခြင်း ဖြစ်သည်။

​"ငါလည်း အဲဒီလိုပဲ ထင်ပါတယ်။ ဒါက ကောင်းကင်ဘုံ မိစ္ဆာတစ်ကောင်တော့ သေချာပေါက် မဟုတ်နိုင်ပါဘူး။ တကယ်လို့ အဲဒီလိုသာ ဖြစ်ခဲ့မယ်ဆိုရင် သူက အခုလို သာမန် သူတော်စင် အဆင့် ဧကရာဇ်လေး တစ်ယောက်ဆီကနေ ထွက်ပြေးနေမှာ မဟုတ်ဘူးလေ။ အဲဒီအစား... ဒီဧကရာဇ်ကိုယ်တိုင်ကသာ အသက်လုပြီး ထွက်ပြေးရမှာ ဖြစ်သလို ကောင်းကင်ဘုံ မိစ္ဆာတစ်ကောင်သာ အတကယ် ဒေါသထွက်ခဲ့မယ်ဆိုရင် အင်ပါယာ တစ်ခုလုံးကလည်း ပြာကျ ပျက်စီးသွားခဲ့ရပြီ ဖြစ်မှာပါ" မြောက်ဘက် ဧကရာဇ်ကလည်း သဘောတူစွာဖြင့် ပြန်လည်ပြောဆိုလိုက်သည်။

​"ဒါဆိုရင် သူက ဘာဖြစ်လို့ အလိမ်အညာ စကားတွေကို ပြောနေရတာလဲ။ ငါတို့ဆီကနေ အသိအမှတ်ပြုမှု တစ်ခုခုကို ရချင်လို့လား"

​

All Chapters