အခန်း ၁၀၈၆
Vol. 104 Ch. 1086
အခန်း ၁၀၈၆ ဟန့်တားနှောင့်ယှက်ခြင်း
ဟင်းလင်းပြင် အက်ကွဲကြောင်းများက ဓား အနားသို့ တိုးကပ်လာသည်ကို မြင်လိုက်ရချိန်တွင် လုံချန်း၏ အတွင်းစိတ်ထဲ၌ တစ်စုံတစ်ခုသော အရေးကြီးသည့် အရာအား ဆုံးရှုံးရတော့မည့်အလား တိရစ္ဆာန်ရိုင်း တစ်ကောင်ကဲ့သို့သော တွန်းအားတစ်ခု ထွက်ပေါ်လာခဲ့၏။
သူသည် နောက်ထပ်တစ်ကြိမ်ပင် ထပ်မံမတွေးတောတော့ဘဲ မိမိရပ်နေသော နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး အချိန်ဓား၏ အပေါ်တည့်တည့်တွင် ဘွားကနဲ ထွက်ပေါ်လာခဲ့သည်။ အကယ်၍ တစ်စုံတစ်ခု မှားယွင်းသွားပါက သူ့ကိုပါ အသက်ပျောက်သွားစေနိုင်သည့် ထိုဟင်းလင်းပြင် အက်ကွဲကြောင်းများအား သူ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိချေ။
အချိန်ဓား၏ အထက်သို့ ရောက်ရှိလာသည်နှင့် တပြိုင်နက် သူသည် ဓားဆီသို့ လက်ကို ဆန့်တန်းလိုက်တော့သည်။
လုံချန်း၏ လက်က ဓားထံသို့ မရောက်ရှိမီမှာပင် ဟင်းလင်းပြင် အက်ကွဲကြောင်းများက ဓား အနားသို့ ရောက်ရှိလုနီးပါး ဖြစ်နေခဲ့ပြီဖြစ်၏။ အချိန်ဓား၏ တစ်ဝက်ခန့်မှာလည်း ဝါးမြိုခြင်းကို ခံလိုက်ရပြီဖြစ်သော်လည်း ဓားတစ်ချောင်းလုံး လုံးဝ ပျောက်ကွယ်မသွားမီ လုံချန်းက ဓားရိုးအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ဓားကို အပြင်သို့ အားကုန် ဆွဲထုတ်လိုက်တော့သည်။
လုံချန်းက ဓားကို ဆွဲထုတ်ရန် ကြိုးပမ်းလိုက်ချိန်တွင် ဓားတစ်ဝက်အား ဝါးမြိုထားပြီးဖြစ်သော အက်ကွဲကြောင်းထံမှ ဟင်းလင်းပြင်ဆိုင်ရာ ခုခံမှုစွမ်းအား အချို့ကို သူ ခံစားလိုက်ရ၏။
သို့သော် ကံမကောင်းစွာဖြင့်ပင် ထိုခုခံမှု စွမ်းအားမှာ သူ့အတွက်မူ အရေးကြီးကိစ္စ မဟုတ်ချေ။ လုံချန်းသည် အချိန်ဓားကို ဆွဲထုတ်နိုင်ခဲ့ရုံမျှမက ဝူလျာ အမှန်တကယ် ပြန်လည် မနိုးထမီ ထိုဓားနှင့်အတူ ရုတ်တရက် ပျောက်ကွယ်သွားခဲ့တော့သည်။
လုံချန်းထံသို့ တိုးကပ်လာနေသော ကျန်ရှိသည့် ဟင်းလင်းပြင် အက်ကွဲကြောင်းများကိုမူ ပိုမိုမည်းနက်သော အခြားဟင်းလင်းပြင် အက်ကွဲကြောင်း အချို့က ကြားဖြတ်ကာ တားဆီးပိတ်ဆို့ထားပုံရပေသည်။
၎င်းတို့မှာ လုံချန်းက အချိန်ဓားကို ကောက်ယူနေစဉ်အတွင်း မိမိ ခန္ဓာကိုယ်အား ဟင်းလင်းပြင် အက်ကွဲကြောင်းများ၏ အန္တရာယ်မှ ဘေးကင်းစေရန်အတွက် ထုတ်ဖော်လိုက်ခြင်း ဖြစ်၏။
အမှောင်ယဇ်ပဏ္ဏာကြောင့် သူ့အတွေးအမြင်များ ရှုပ်ထွေးနောက်ကျိနေခဲ့ပြီး မိမိ ခန္ဓာကိုယ်ကို ကိုယ်တိုင် မထိန်းချုပ်နိုင်ခဲ့သည့်တိုင်အောင် သူ့ဗီဇစိတ်ထဲက ရှင်သန်လိုစိတ်မှာမူ ရှိနေဆဲဖြစ်သဖြင့် လျော်ကန်သော အချိန်၌ မှန်ကန်သည့် ဆုံးဖြတ်ချက်အား ချမှတ်နိုင်ရန် ကူညီပေးခဲ့ပြီး ၎င်းက သူ့ကို ဟင်းလင်းပြင် အက်ကွဲကြောင်းများ၏ အန္တရာယ်မှ ဘေးကင်းစေခဲ့ခြင်း ဖြစ်ပေသည်။
ဓားကို ရရှိပြီးနောက် လုံချန်းသည် ပျောက်ကွယ်သွားခဲ့သော်လည်း သူ ထွက်ပြေးသွားခဲ့ခြင်း မဟုတ်ချေ။ အဝေးတစ်နေရာသို့ နေရာရွှေ့ပြောင်းသွားခဲ့ခြင်းလည်း မဟုတ်ပေ။ ထိုအစား သူသည် အသိစိတ်များ ကောင်းမွန်စွာ ပြန်လည်မဝင်သေးသော ဝူလျာ၏ အနောက်တည့်တည့်သို့ ရုတ်တရက် ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။
ဝူလျာသည် ပြန်လည်နိုးထလာခဲ့ပြီ ဖြစ်သော်လည်း သူသည် ယခင်က ဝူလျာ မဟုတ်တော့ပေ။ သူသည် နိုးထလာပြီးနောက် ရုပ်သေးရုပ် တစ်ရုပ်ပမာ ဖြစ်နေခဲ့သော ဧကရာဇ်လုကဲ့သို့ပင် ဖြစ်နေခဲ့၏။
သူ့ခန္ဓာကိုယ်မှာ များစွာ ပိုမိုသန်မာလာခဲ့သဖြင့် ပိုမိုကြီးမားသော စွမ်းအားများကိုလည်း လိုအပ်ပေသည်။ သို့သော် ကံမကောင်းစွာဖြင့်ပင် လိုအပ်နေသော စွမ်းအား ပမာဏမှာ အလွန်အမင်း များပြားလွန်းနေခဲ့သည်။
ဝူလျာ နိုးထလာခဲ့သည့်တိုင်အောင် ပြန်လည်နိုးထခြင်းဖြစ်စဉ် ပြီးပြည့်စုံစေရန်အတွက် စွမ်းအားများမှာ သူ့ခန္ဓာကိုယ် အတွင်းသို့ ဆက်လက် တိုးဝင်နေဆဲဖြစ်သဖြင့် သူသည် လမ်းလျှောက်နိုင်ခြင်း သို့မဟုတ် မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်ခြင်း မရှိသေးချေ။
လုံချန်းသည် ဓားကို ရရှိပြီးသည်နှင့် တပြိုင်နက် ဝူလျာကို တိုက်ခိုက်ရန်အတွက် သူ့အနောက်၌ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
သူ ပြန်လည်ရောက်ရှိလာမှုက ပြီးပြည့်စုံလုနီးပါး ဖြစ်နေခဲ့သဖြင့် တိုက်ခိုက်မှု အချိန်ကိုက်မှာ မည်မျှအထိ ပြည့်စုံမှန်ကန်နေကြောင်း သူကိုယ်တိုင်ပင် မသိရှိချေ။
လုံချန်း၏ အချိန်ဓားမှာ အပေါက်ကြီး ဖြစ်ပေါ်နေသော ဝူလျာ၏ လည်ပင်းဆီသို့ ဦးတည်လျက် သူ့ကို တစ်စစီဖြစ်သွားအောင် ပိုင်းဖြတ်ရန် အရှိန်အဟုန်ဖြင့် တိုးဝင်သွားခဲ့တော့သည်။
"တော်လောက်ပြီ"
ဟိန်းဟောက်သံကြီး တစ်သံက ပတ်ဝန်းကျင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့ပြီးနောက် တစ်ဝက်တစ်ပျက် တောက်ပနေသော စွမ်းအင်အတားအဆီး တစ်ခုမှာ ဝူလျာ ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး တိုက်ခိုက်မှုနှင့် သူ့အကြားတွင် ဟန့်တား နှောင့်ယှက်မှု တစ်ခုကို ဖန်တီးလိုက်တော့သည်။
လုံချန်းသည် အရပ်မျက်နှာအားလုံးမှ ထွက်ပေါ်လာသည့်အလား ဖြစ်နေသော ထိုအသံကို ကြားလိုက်ရသော်လည်း သူ့တိုက်ခိုက်မှုအား ရပ်တန့်ခြင်းမရှိဘဲ ဓားကို ဆက်လက် လွှဲယမ်းလိုက်၏။
အချိန်ဓားမှာ ထိုစွမ်းအင် အတားအဆီးထက်သို့ ကျရောက်သွားခဲ့ပြီး အကာအကွယ်က အနည်းငယ်မျှ ခုခံနိုင်ခဲ့သော်လည်း အချိန်အကြာကြီး မထိန်းထားနိုင်ခဲ့ချေ။ ယင်းက အပိုင်းပိုင်း အစစ ကြေမွသွားခဲ့ပြီးနောက် လုံးဝ ပျောက်ကွယ်သွားခဲ့တော့သည်။
ဓားကမူ ရပ်တန့်သွားခြင်း မရှိဘဲ ဝူလျာ၏ ဦးခေါင်းကို သူ့ခန္ဓာကိုယ်မှ ပြတ်တောက် လွင့်စင်သွားအောင် ပိုင်းဖြတ်ပစ်လိုက်ပေတော့သည်။
...
"အဲဒီဓားက..."
မိမိ၏ အစွမ်းထက်သော စွမ်းအင် အတားအဆီးမှာ ဤမျှ လွယ်ကူစွာ ဖျက်ဆီးခြင်းခံလိုက်ရသည်ကို မြင်တွေ့လိုက်ရသောအခါ မျက်နှာတစ်ဝက်ဖုံးလူသားမှာ အလွန်အမင်း အံ့ဩသွားခဲ့ရ၏။ သူသည် အံ့ဩသွားခဲ့ရုံမျှမက အလွန်လည်း ဒေါသထွက်သွားခဲ့ရသည်။
မိမိ၏ စွမ်းအင် အတားအဆီး ဖျက်ဆီးခံလိုက်ရရုံမျှမက မိမိအနေဖြင့် စွမ်းအား အမြောက်အမြား အသုံးချကာ ပြန်လည် အသက်သွင်းထားခဲ့ရသော ရုပ်သေးရုပ်မှာလည်း ဖျက်ဆီးခြင်း ခံလိုက်ရရုံ ရှိသေးသည်။
ထိုဓားမှာ ကုန်လွန်သွားသည့် စက္ကန့်တိုင်းတွင် ပိုမို၍ အံ့ဩတုန်လှုပ်စရာ ကောင်းကြောင်း သက်သေပြနေခဲ့ပြီ ဖြစ်သည်။
သူ့အနေဖြင့်မူ ဤတိုက်ပွဲ အတွင်းသို့ ကြားဖြတ်ဝင်ရောက် တိုက်ခိုက်လိုသော်လည်း ဦးစွာ လုပ်ဆောင်ရမည့် အရာတစ်ခု ရှိနေသေးသဖြင့် ယခုထိ ဝင်ရောက်ခြင်း မရှိသေးပေ။
သူ့တွင် ကံကြမ္မာ အကာအကွယ် ရှိနေခဲ့ပြီး ယခုအခါ လုံချန်းသည် အမှောင်ထု၏ ဝါးမြိုခြင်းကို ခံထားရသဖြင့် သူသည် မိမိ အကာအကွယ် စွမ်းအား ဆုံးရှုံးရခြင်းမရှိဘဲ တိုက်ပွဲအတွင်းသို့ ဝင်ရောက်နိုင်ပြီဖြစ်သော်လည်း သူကိုယ်တိုင် တိုက်ခိုက်ခြင်းမပြုမီ ကံကြမ္မာ၏ ကောင်းချီးပေးမှုကို ဦးစွာ ခံယူရန်လိုအပ်ပေသည်။
ထို့အပြင် သူသည် ထိုအရာကို မိမိ၏ရန်သူ တည်ရှိနေသော ရှေ့မှောက်တွင် လုပ်ဆောင်ရန် လိုအပ်ပေသည်။ ထို့ကြောင့်ပင် သူသည် မိမိ နေရာတွင် ကြိုတင် ပြင်ဆင်ခြင်း မပြုဘဲ ဤနေရာသို့ ယခုကဲ့သို့ အလောတကြီး ထွက်ပေါ်လာခဲ့ခြင်း ဖြစ်၏။
သူသည် ဤနေရာသို့ ရောက်ရှိလာခဲ့သော်လည်း ရန်သူ၏ စွမ်းအား ပမာဏ အတွင်းမှ မလွတ်ကင်းစေဘဲ မိမိကိုယ်ကိုယ်မူ တော်ဝင်နန်းတော်၏ အမိုးထက်တွင် တတ်နိုင်သမျှ အကွာအဝေး တစ်ခု၌ နေထိုင်ခဲ့သည်။ လုံချန်းအား အာရုံလွှဲထားနိုင်ရန်အတွက် သူသည် ဝူလျာကိုပါ ရှေ့သို့ ထုတ်ဖော်ခဲ့သော်လည်း လုံချန်းက ဝူလျာ လုံးဝ ပြန်လည်မနိုးထမီ လှုပ်ရှားသွားခဲ့သဖြင့် ထိုအစီအစဉ်မှာလည်း ပျက်ပြားသွားခဲ့ရပြီ ဖြစ်သည်။
"ငါ တိုက်ပွဲမှာ အမှန်တကယ် ဝင်ရောက်နိုင်ဖို့အတွက် နောက်ထပ် စက္ကန့်နှစ်ဆယ်လောက် လိုသေးတယ်။ သူ့အနေနဲ့ အဲဒီစက္ကန့်နှစ်ဆယ်အတွင်းမှာ အဝေးကို နေရာရွှေ့ပြောင်းပြီး ထွက်မပြေးသွားဖို့ပဲ ငါ မျှော်လင့်ရမယ်။ တကယ်လို့ သူသာ ပျောက်သွားရင် သူ့ကို ပြန်ရှာရတာ အတော်လေး ရှုပ်ထွေးလိမ့်မယ်" ထိုလူသည် ကောင်းကင်ယံမှ ကျဆင်းလာနေသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားအချို့ကို စုပ်ယူနေသည့်အလား လက်နှစ်ဖက်အား ကောင်းကင်သို့ မြှောက်လျက် တိုးတိုးရေရွတ်လိုက်၏။
သူသည် ဝူလျာကို အချိန် ပိုမိုရရှိစေရန်အတွက် ကာကွယ်ပေးရန် ကြိုးပမ်းခဲ့သော်လည်း မိမိ၏ စွမ်းအင် အတားအဆီးမှာ သာမန် ဖန်တံတိုင်း တစ်ခုထက် မပိုကြောင်း သက်သေပြသွားခဲ့ရပြီ ဖြစ်သည်။
...
လုံချန်းသည် ဝူလျာကို နောက်တစ်ကြိမ် ထပ်မံသတ်ဖြတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို သီးခြားစီ ခွဲထုတ်ပစ်လိုက်သော်လည်း သူသည် ယခုတစ်ကြိမ်တွင်မူ ဤမျှဖြင့် ရပ်တန့်မသွားခဲ့ချေ။
ဝူလျာ၏ ခန္ဓာကိုယ် မြေပြင်ပေါ်သို့ မကျရောက်မီမှာပင် လုံချန်းသည် အချိန်ဓားဖြင့် စက္ကန့်အနည်းငယ် အတွင်း အကြိမ်ပေါင်း တစ်ထောင်ခန့် အရှိန်အဟုန်ဖြင့် ပိုင်းဖြတ်ပစ်လိုက်ရာ သူ့ခန္ဓာကိုယ်မှာ အပိုင်းအစပေါင်း တစ်ထောင်ခန့်အဖြစ် ပြတ်တောက်သွားခဲ့ရသည်။ ထိုအပိုင်းအစအားလုံးမှာ မြေပြင်ပေါ်သို့ အပြားလိုက် ကျရောက်သွားခဲ့တော့၏။ ယခုတစ်ကြိမ်တွင်မူ မည်သူတစ်ဦးတစ်ယောက်မျှ သူ့ကို ပြန်အသက်သွင်းနိုင်တော့မည် မဟုတ်ချေ။
လုံချန်းသည် ဝူလျာကို သတ်ဖြတ်ပြီးနောက် ရပ်တန့်မသွားဘဲ ထိုအစား ထိုလူရပ်နေသော တော်ဝင်နန်းတော်၏ အမိုးထက်ဆီသို့ လှည့်ကြည့်လိုက်တော့သည်။
လုံချန်း၏ အကြည့်များသည် မျက်နှာတစ်ဝက်ဖုံးလူသား၏ အကြည့်များနှင့် ဆုံစည်းသွားခဲ့ပြီးနောက် လုံချန်းသည် ဤအသံ၏ အရှင်သခင်မှာ ထိုလူဖြစ်ကြောင်း သိရှိသွားသည့်အလား နောက်ထပ်တစ်ကြိမ် ထပ်မံ၍ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြန်သည်။
ထိုလူသည်လည်း လုံချန်းက မိမိကို စိုက်ကြည့်နေသည်ကို သတိပြုမိလိုက်ပြီး တိုက်ခိုက်မှုတစ်ခု ရောက်ရှိလာတော့မည်ဖြစ်ကြောင်း သိရှိလိုက်သော်လည်း သူ ဂရုမစိုက်ပေ။ သူသည် ဝင်ရောက်တိုက်ခိုက်နိုင်ခြင်း မရှိသေးပေ။ မည်သို့ပင်ဖြစ်စေ သူ့အတွက် ဆယ်စက္ကန့်ခန့်သာ လိုအပ်တော့သည်။ လုံချန်းက ဝင်ရောက်တိုက်ခိုက်လာခဲ့သည့်တိုင်အောင် သူသည် အခြားသော နေရာတစ်ခုသို့ နေရာရွှေ့ပြောင်းသွားနိုင်ပေသည်။
လုံချန်းက အမှောင်ဓားကို ကောင်းကင်ယံသို့ မြင့်မားစွာ မြှောက်တင်လိုက်သည်အား သူ မြင်တွေ့လိုက်ရသော်လည်း လုံချန်းက ၎င်းကို အောက်သို့ ချက်ချင်း ချမပစ်ခဲ့ပေ။ ထိုအစား သူ၏ ပုံရိပ်မှာ စက္ကန့်ပိုင်းမျှ ဝေဝါးသွားခဲ့ပြီးနောက် ရုတ်တရက် ပျောက်ကွယ်သွားခဲ့တော့သည်။
မိမိရပ်နေသော မူလနေရာမှ ပျောက်ကွယ်သွားပြီးနောက် လုံချန်းသည် ထိုလူ၏ ရှေ့တည့်တည့်တွင် ဘွားကနဲ ထွက်ပေါ်လာခဲ့ပြီး ထိုလူကို တစ်စစီဖြစ်သွားအောင် ပိုင်းဖြတ်ရန် ရည်ရွယ်လျက် သူ၏ ဓားအား အောက်သို့ အားကုန်လွှဲချလိုက်တော့သည်။
ရန်သူများ၏ အနောက်ဘက်တွင် ထွက်ပေါ်ကာ တိုက်ခိုက်လေ့ရှိသော လုံချန်းနှင့်မတူဘဲ ယခုတစ်ကြိမ်တွင်မူ တိုက်ခိုက်မှုက ရှေ့တည့်တည့်မှ ရောက်ရှိလာခြင်း ဖြစ်၏။
လုံချန်း၏ ဓားက မိမိ၏ ဦးခေါင်းထက်သို့ ကျရောက်လာသည်ကို မြင်လိုက်ရသောအခါ ထိုလူသည်လည်း ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး လုံချန်း၏ အနောက်ဘက် မီတာတစ်ရာခန့် အကွာတွင် ထွက်ပေါ်လာခဲ့သည်။ ရွှေရောင် စာအုပ်ကြီးကမူ သူ့လက်ထဲတွင် ရှိနေဆဲဖြစ်၏။
လုံချန်း၏ တိုက်ခိုက်မှုက ပြီးဆုံးသွားခဲ့ပြီ ဖြစ်သဖြင့် ရန်သူ ပျောက်ကွယ်သွားခြင်းက သူ့အတွက် မည်သို့မျှ အရေးမပါတော့ပေ။