← Chapters

အခန်း ၁၀၈၈

Vol. 104 Ch. 1088

အခန်း ၁၀၈၈

Vol. 104 Ch. 1088

အခန်း ၁၀၈၈ သူခိုး

"ဘုရားရေ... မင်းကတော့ တကယ့်ကို ငတုံးပဲ။ ဒီလောက် အရေးကြီးတဲ့ အရာမျိုးကိုတောင် မင်း မကာကွယ်နိုင်ဘူးလား။ ငါတို့က အရှင်မင်းကြီးရဲ့ တော်ဝင် အစောင့်တပ်ဖွဲ့ဝင်တွေလေ။ တစ်ယောက်ယောက်က ငါတို့ဆီကနေ ပစ္စည်းခိုးသွားနိုင်တယ်ဆိုတာကို သူများတွေသိသွားရင် ငါတို့မှာ ဘာဂုဏ်သိက္ခာ ကျန်ဦးမှာလဲ။ ငါတို့ ခေါင်းတောင် မော့နိုင်မှာ မဟုတ်တော့ဘူး" စေတမန် အဖွဲ့ဝင် တစ်ဦးက ပြစ်တင် ဝေဖန်လိုက်၏။

​"ကဲပါ... စကားများမနေကြဘဲ ငါ့ကို ဝိုင်းရှာပေးကြပါဦး။ ငါတို့ တာဝန်နဲ့ ထွက်ခွာဖို့ အချိန်အများကြီး ကြန့်ကြာလို့ မဖြစ်ဘူး။ မြန်မြန်လုပ်ကြရအောင်" အဖွဲ့ခေါင်းဆောင်က သက်ပြင်းချရင်း ပြန်လည်ပြောကြားလိုက်သည်။

​"မင်း အရှင်မင်းကြီး အကြောင်းကိုကော စဉ်းစားပြီးပြီလား။ ငါတို့ ဘာလို့ အခုထိ ထွက်မသွားသေးတာလဲလို့ အရှင်မင်းကြီးက မေးလာရင် ငါတို့ ဘာပြန်ပြောရမလဲ" အခြားလူတစ်ယောက်က မေးမြန်းပြန်၏။

​"အဲဒါကို ငါပဲ တာဝန်ယူ ဖြေရှင်းပါ့မယ်။ အခုလောလောဆယ်တော့ အဲဒါကို ရအောင် ရှာကြည့်ရအောင်။ ငါတို့ ကံကောင်းရင် နာရီပိုင်း အတွင်းပဲ ရှာတွေ့နိုင်ပါတယ်" ခေါင်းဆောင်က ဆိုလိုက်သည်။

​"နာရီပိုင်းအတွင်းမှာ ဘယ်လိုလုပ် ရှာတွေ့မှာလဲ။ ဒါကို ဘယ်သူ ခိုးသွားလဲဆိုတာ မင်း သိလို့လား"

​"ငါလည်း သေချာမသိဘူး။ ဒါကြောင့်မို့လို့ မင်းတို့ရဲ့ အကူအညီကို လိုနေတာပေါ့"

​...

​အင်မော်တယ် လောက၏ စေတမန်များမှာ မိမိတို့၏ ပြဿနာနှင့် မိမိတို့ လုံးလည်လိုက်နေကြစဉ်အတွင်း အင်မော်တယ် လောက၏ အရသာကို ကောင်းကောင်းကြီး ခံစားနေသည့် အခြားလူတစ်ယောက် ရှိနေခဲ့ပေသည်။

​"ဟားဟားဟား... တကယ် ကောင်းတဲ့ ရတနာပဲ။ အစောင့်တစ်ယောက်လို လူမျိုးက ဒီလိုအရာမျိုးကို ပိုင်ဆိုင်ထားနိုင်တာ တော်တော် အံ့ဩဖို့ကောင်းတယ်"

​လူတစ်ယောက်သည် အင်မော်တယ် လောက၏ မြောက်ဘက် အင်ပါယာ လမ်းမများထက်တွင် ရတနာတစ်ခုကို လက်တွင်ကိုင်ဆောင်လျက် လမ်းလျှောက်နေခဲ့၏။ ၎င်းမှာ မကြာသေးမီက တော်ဝင် အစောင့်တပ်ဖွဲ့ဝင်များထံမှ သူ ခိုးယူလာခဲ့သော ရတနာပင် ဖြစ်သည်။

​ထိုလူမှာ အင်မော်တယ် လောက တစ်ခုလုံးရှိ အင်ပါယာ အားလုံးနီးပါး၏ ဖမ်းဝရမ်းထုတ်ခြင်းကို ခံထားရသော အင်မော်တယ် လောက၏ အကြီးဆုံးသော သူခိုးကြီးအဖြစ် ကျော်ကြားသူ ဖြစ်၏။

​ထိုကဲ့သို့ အလိုရှိနေသော ရာဇဝတ်ကောင် တစ်ဦး ဖြစ်သည့်တိုင်အောင် သူသည် ပုန်းအောင်းနေနိုင်ရုံမျှမက မည်သူ တစ်ဦးတစ်ယောက်ကမျှ သူ့ကို အမှန်တကယ် မမြင်တွေ့ဖူးကြသဖြင့် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိဘဲ လွတ်လပ်စွာ သွားလာနေနိုင်ခြင်း ဖြစ်ပေသည်။

​သူ့တွင် မိမိ မည်သူ မည်ဝါဖြစ်ကြောင်းကို လျှို့ဝှက်ထားနိုင်ပြီး ခိုးယူမှုများအား အဆင်ပြေပြေ လုပ်ဆောင်နိုင်ရန် ကူညီပေးသည့် ရတနာအမြောက်အမြား ရှိနေခဲ့သည်။ ထိုကဲ့သို့သော ကြီးမြတ်သည့် ရတနာများ ရှိနေသည့်တိုင်အောင် သူသည် အင်မော်တယ် လောက၏ ကြီးမြတ်သော ဧကရာဇ်လေးပါးထံမှ ခိုးယူရန်မူ မည်သည့် အခါမျှ မဝံ့ရဲခဲ့ပေ။ အနည်းဆုံးမူ ထိုဧကရာဇ်များ တော်ဝင်နန်းတော် အတွင်း၌ ရှိနေချိန်မျိုးတွင် ဖြစ်၏။

​သူသည် ထိုဧကရာဇ်လေးပါးနှင့် တတ်နိုင်သမျှ ဝေးဝေးတွင်သာ နေထိုင်လိုသည်။ သူသည် ဧကရာဇ်လေးပါးထဲမှ တစ်ဦးထံမှ ခိုးယူခြင်းကို တစ်ကြိမ်တည်းသာ လုပ်ဆောင်ဖူးခဲ့၏။

​တောင်ဘက် ဧကရာဇ်သည် သူ့ရတနာတစ်ခု ခိုးယူခြင်းကို ခံလိုက်ရသည့် တစ်ဦးတည်းသော ကြီးမြတ်သည့် ဧကရာဇ်ဖြစ်သော်လည်း ထိုအရာမှာ ဧကရာဇ်အနေဖြင့် တော်ဝင်နန်းတော် အတွင်း၌ မရှိရုံမျှမက တောင်ဘက် အင်ပါယာ၏ အပြင်ဘက်သို့ ရောက်ရှိနေချိန်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

​လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်က တစ်စုံတစ်ခုသော အကြောင်းအရင်းများကြောင့် ဧကရာဇ်လေးပါးစလုံး ထိပ်တိုက်တွေ့ဆုံရန် ဆုံးဖြတ်ခဲ့ကြဖူး၏။ ထိုတွေ့ဆုံပွဲ နေရာကိုမူ အရှေ့ဘက် ဧကရာဇ်၏ နယ်မြေအဖြစ် သတ်မှတ်ခဲ့ကြသည်။

​ဧကရာဇ် ပြန်လည်ရောက်ရှိလာချိန်တွင်မူ ရတနာခိုးယူခံလိုက်ရကြောင်း သိရှိသွားခဲ့ရသည်။ ဧကရာဇ်လေးပါးထဲတွင် မိမိတစ်ဦးတည်းသာ ပစ္စည်းခိုးခံလိုက်ရသဖြင့် အခြားဧကရာဇ်များ၏ လှောင်ပြောင်စရာ ပြက်လုံးတစ်ခု ဖြစ်သွားခဲ့ရသောကြောင့် တောင်ဘက် ဧကရာဇ်မှာ အလွန်အမင်း ဒေါသထွက်ခဲ့ရ၏။

​တောင်ဘက် ဧကရာဇ်သည် မိမိကို သေလောက်အောင် မုန်းတီးနေပြီး သေအောင် သတ်ပစ်ချင်နေကြောင်း သိရှိလိုက်သဖြင့် ထိုသူခိုးသည် တော်ဝင်မြို့တော်နှင့် ဝေးဝေးတွင် နေသရွေ့ ရှင်သန်နိုင်မည်ကို သိရှိထားလေရာ တောင်ဘက် အင်ပါယာအတွင်းသို့ မည်သည့်အခါမျှ ခြေဦးမလှည့်ဝံ့တော့ပေ။

​"ဟင်..."

​သူသည် လမ်းမများထက်တွင် လမ်းလျှောက်နေစဉ်အတွင်း သူတို့ သံသယရှိသူ မှန်သမျှကို လိုက်လံစစ်ဆေးနေကြသော အစောင့်တပ်ဖွဲ့ဝင်များ သူရှိရာ အရပ်ဆီသို့ ဦးတည်လာနေသည်အား သတိပြုမိလိုက်၏။

​"စိတ်ဝင်စားဖို့ ကောင်းသားပဲ။ လိုက်ရှာနေကြပြီပေါ့လေ" ဆံပင်အနက်ရောင်နှင့် သူခိုးက ပြုံးလျက် တိုးတိုးရေရွတ်လိုက်သည်။

​သူသည် အနောက်သို့ လှည့်ပြန်သွားခြင်း သို့မဟုတ် ပုန်းအောင်းရန် ကြိုးပမ်းခြင်းမပြုဘဲ အစောင့်တပ်ဖွဲ့ဝင်များထံသို့ တည့်တည့်မတ်မတ် လျှောက်လှမ်းသွားခဲ့တော့သည်။

​"ခွင့်ပြုပါဦးခင်ဗျာ... ကျွန်တော့်ကို ကူညီပါဦး။ ခင်ဗျားတို့ လူတွေကို လိုက်ရှာနေတာဆိုတော့ ကျွန်တော့်ကိုလည်း ကူညီပေးလို့ရမလား။ လူတစ်ယောက်က ကျွန်တော့်ရဲ့ လက်စွပ်ကို ခိုးသွားလို့ပါ။ အဲဒီထဲမှာ ကျွန်တော့်တစ်သက်လုံး စုဆောင်းထားတဲ့ ဥစ္စာပစ္စည်းတွေ အားလုံး ရှိနေတာ။ ကျေးဇူးပြုပြီး ရှာပေးကြပါဦး။ အဲဒါက အနီရောင် သိုလှောင်လက်စွပ်လေးပါဗျာ" သူသည် မည်သည့်အချိန်တွင်မဆို ငိုချလိုက်တော့မည့် မျက်နှာမျိုးဖြင့် အစောင့်များကို ပြောကြားလိုက်၏။

​"ဖယ်စမ်း။ ငါတို့က အခု အရေးကြီးတဲ့ အရာတစ်ခုကို ရှာနေတာ။ မင်းရဲ့ လက်စွပ်နဲ့ မင်းရဲ့ မပြောပလောက်တဲ့ တစ်သက်တာ စုဆောင်းတာတွေကို ငါတို့ ဂရုမစိုက်အားဘူး။ သွားစမ်း... ငါ့ကို လာပြီး အာရုံမနောက်နဲ့" အစောင့်ခေါင်းဆောင်က ထိုသူခိုးကြီးကို မောင်းထုတ်လိုက်လေသည်။ သူ မောင်းထုတ်လိုက်သော လူမှာ သူတို့ လိုက်လံရှာဖွေနေသည့် သူခိုးကိုယ်တိုင် ဖြစ်နေကြောင်းကိုမူ သူ အနည်းငယ်မျှပင် မရိပ်မိပေ။

​"ဒါပေမဲ့..."

​"ဒါပေမဲ့တွေ ဘာတွေ လုပ်မနေနဲ့။ ငါ မင်းကို သတိပေးလိုက်မယ်။ မင်း အခုချက်ချင်း ထွက်မသွားဘဲ ငါ့ကို ဆက်ပြီး အာရုံနောက်အောင် လုပ်နေရင် မင်းကို ငါ ဖမ်းပစ်မယ်" အစောင့်က သူခိုးကို ခြိမ်းခြောက်လိုက်၏။

​"ဟင့်အင်း... မလုပ်ပါနဲ့ခင်ဗျာ။ ကျွန်တော် သွားပါ့မယ်။ ဒါက ကျွန်တော့်ရဲ့ ကံကြမ္မာကပဲ ကံဆိုးလွန်းလို့ နေမှာပါ"

​သူခိုးသည် သက်ပြင်းများ တရစပ်ချရင်း ထိုနေရာမှ ထွက်ခွာသွားခဲ့တော့သည်။

​"ငါ့ပစ္စည်းကို ခိုးသွားတဲ့ သူခိုးလည်း ဆိုးရွားတဲ့ ရောဂါဝေဒနာတွေ ခံစားရပါစေ"

​သူသည် လှမ်းလျှောက်သွားချိန်တွင်ပင် ဟန်ဆောင်မှုကို ရပ်တန့်ခြင်းမရှိဘဲ တစ်စုံတစ်ယောက်က မိမိ၏ သိုလှောင်လက်စွပ်ကို အမှန်တကယ် ခိုးယူသွားသည့်အလား စိတ်ကူးထဲက သူခိုးအား ဆက်လက် ကျိန်ဆဲနေခဲ့၏။

​အမှန်တကယ်တွင်မူ ဤလူများ မိမိကို လာရောက်စစ်ဆေးခြင်း မပြုလုပ်စေရန်အတွက် ထိုသို့ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ပေသည်။ သူ အသုံးပြုထားသော သိုလှောင်လက်စွပ်မှာမူ သူ့ခန္ဓာကိုယ်အတွင်း၌ပင် သေချာစွာ ဝှက်ဆွဲထားပြီးသား ဖြစ်၏။

​အစောင့်တပ်ဖွဲ့ဝင်များမှာ တစ်နေ့ကုန် လိုက်လံရှာဖွေခဲ့ကြသော်လည်း မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ကြပေ။

​"ငါတို့ အခုထိ ထွက်မသွားသေးဘူးဆိုရင်တော့ ပြဿနာအကြီးအကျယ် တက်လိမ့်မယ်။ ငါ့အထင်တော့ အဲဒီရတနာကို ငါတို့ ရှာတွေ့တော့မှာ မဟုတ်ဘူး။ ငါတို့ ဒီအတိုင်းပဲ ထွက်သွားကြပြီး ရတနာပျောက်တဲ့ ကိစ္စကို နောက်မှပဲ ရှင်းကြရင် ဘယ်လိုလဲ။ ဧကရာဇ်လုက အမှန်အတိုင်း ပြောနေတာလား၊ လိမ်ပြောနေတာလား ဆိုတာကို သိဖို့အတွက် ငါတို့ တခြားနည်းလမ်းတွေကိုလည်း သုံးလို့ရတာပဲလေ။ ဘယ်လိုလဲ"

​ညချမ်းအချိန် တိုးကပ်လာသည်နှင့် နေမင်းကြီးမှာလည်း စတင်ဝ င်ရောက်သွားခဲ့ပြီ ဖြစ်သည်။

​အချိန် အလွန်အမင်း ကြန့်ကြာသွားခဲ့ပြီ ဖြစ်သဖြင့် လူတိုင်း စတင် စိုးရိမ်လာကြတော့၏။

​သူတို့၏ စိုးရိမ်ပူပန်မှုများကို ကြားလိုက်ရသောအခါ အဖွဲ့ခေါင်းဆောင်သည်လည်း ကောင်းကင်ယံသို့ ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။

​"မင်းတို့ပြောတာ မှန်ပါတယ်။ သွားကြစို့။ တကယ်လို့ အဲဒီဧကရာဇ်လုက လိမ်ပြောနေတာကို ငါတို့တွေ့ရင် သူ့ကို သတ်ပစ်ပြီး အပြစ် အားလုံးကို သူ့အပေါ်ပဲ ပုံချလိုက်ကြတာပေါ့" သူက ခေါင်းညိတ်လျက် ဆိုလိုက်၏။

​တော်ဝင် စေတမန်ငါးဦး အဖွဲ့သည် နောက်ဆုံးတွင် ထွက်ခွာရန် ဆုံးဖြတ်လိုက်ကြပြီး မိမိတို့၏ ကျောပြင်တွင် ချိတ်ဆွဲထားသော အိတ်များထဲမှ ဓားများကို အပြင်သို့ ဆွဲထုတ်လိုက်ကြတော့သည်။

​သူတို့အားလုံးသည် သူတို့၏ သိုလှောင်လက်စွပ်ထဲမှ အနီရောင် အဆောင် တစ်ရွက်စီကို ထုတ်ယူလိုက်ကြပြီး ၎င်းတို့အား ဓားများထက်သို့ တင်လိုက်ကြ၏။

​အဆောင်များကို ဓားများထက်သို့ တင်လိုက်သည်နှင့် တပြိုင်နက် ထိုစာရွက်များမှာ တောက်ပစွာ လင်းလက်လာခဲ့ပြီးနောက် ကွယ်ပျောက်သွားခဲ့တော့သည်။ ထိုတောက်ပမှုများမှာ ဓားများထက်တွင် ကျန်ရစ်ခဲ့ပြီး ဓားများကို ဟင်းလင်းပြင် စွမ်းအင်များ ယာယီ ပေးလိုက်ရာ ၎င်းမှာ သူတို့ သွားရောက်လိုသော ဦးတည်ရာသို့ လမ်းကြောင်းတစ်ခု ဖန်တီးရန်အတွက် အသုံးပြုမည့် အရာပင် ဖြစ်၏။

​သူတို့အားလုံးသည် သူတို့၏ ဓားများကို တစ်ပြိုင်နက်တည်း အထက်သို့ မြှောက်တင်လိုက်ကြပြီးနောက် အောက်သို့ အားကုန်လွှဲချလိုက်ကြတော့သည်။

​ဓားများက ဟင်းလင်းပြင်ကို ပိုင်းဖြတ်ပစ်လိုက်သည့်အလား သူတို့ငါးဦးစလုံး၏ ရှေ့တွင် ဟင်းလင်းပြင် အက်ကွဲကြောင်းများ ထွက်ပေါ်လာခဲ့ပြီး ထိုအက်ကွဲကြောင်းများမှာ သူတို့ ဝင်ရောက်သွားနိုင်ရန် လုံလောက်စွာ ကြီးမားသော စစ်မှန်သည့် ဟင်းလင်းပြင် ဝင်ပေါက်များ အဖြစ်သို့ ပြောင်းလဲသွားသည်အထိ ပိုမိုကြီးမားလာခဲ့တော့သည်။

​သူတို့ငါးဦးစလုံးသည် ဝင်ပေါက်များ အတွင်းသို့ ကိုယ်စီ ဝင်ရောက်သွားခဲ့ကြပြီး ပျောက်ကွယ်သွားခဲ့ကြလေတော့သည်။

​...

​လုံချန်း၏ ကတ္တရာစေးကဲ့သို့ မည်းနက်သော အချိန်ဓားသည် စာအုပ်ကို ဓားတစ်လက်အဖြစ် ပြောင်းလဲလိုက်သော မျက်နှာတစ်ဝက်ဖုံး လူသား၏ ရွှေရောင်ဓားနှင့် ပြင်းထန်စွာ ထိပ်တိုက် တွေ့ဆုံသွားခဲ့ပြီ ဖြစ်သည်။

​သူ၏ လှည့်ကွက်မှာ အလုပ်ဖြစ်ပုံရပေသည်။ မည်သို့ဆိုစေ စွမ်းအင်များဖြင့် ပြုလုပ်ထားသော အခြားဓားများနှင့်မတူဘဲ ဤဓားမှာ ဝါးမြိုခြင်းကို မခံရပေ။ ထို့ပြင် လုံချန်း၏ ဓားကြောင့် လွယ်ကူစွာ ဖျက်ဆီးခြင်း ခံရနိုင်သော သာမန်ဓားများနှင့် မတူဘဲ ဤဓားမှာ များစွာ ပိုမိုကြံ့ခိုင်ပြီး သန်မာပေသည်။

​ဤသည်မှာ ထိုလူပြောခဲ့သည့် အတိုင်းပင် ဖြစ်၏။ ဤဓားသည် နတ်ဘုရားအဆင့် လက်နက်တစ်လက်နှင့် နှိုင်းယှဉ်၍ မရနိုင်သည့်တိုင်အောင် ၎င်း၏ အစွမ်းမှာ ထိုအဆင့်ထက် များစွာ လျော့နည်းမနေပေ။

All Chapters