← Chapters

အခန်း ၃၄၂

Vol. 35 Ch. 342

အခန်း ၃၄၂

Vol. 35 Ch. 342

အခန်း ၃၄၂ - မွေးရာပါ နတ်ဘုရားအရှိန်အဝါ….

ကြီးမားခမ်းနားလှသော နှင်းမြူခိုးများက တောင်တန်းများနှင့် မြစ်ချောင်းများကို ဖုံးလွှမ်းထားသည်။ မြူခိုးများကြားတွင် ထိုတောင်တန်းများမှာ ရှေးဟောင်း သားရဲကြီးများသဖွယ် တည်ရှိနေပြီး ဖိအားတစ်ခုကို ထုတ်ဖော်နေကြသည်။

နံနက်စောစောတွင်….

မြေပြင်၏ အထက်နှင့် မြင့်မားလှသော တောင်ထွတ်များ၏ အောက်က နှင်းမြူခိုးများကြားမှ ပုံရိပ်များ ပေါ်ထွက်လာကြသည်။ သူတို့ကို ဦးဆောင်လာသူမှာ အခြားသူမဟုတ်ဘဲ ယွမ်လီ ဖြစ်နေသည်။

ယွမ်လီသည် ရှေ့မ ရေခဲနှင့် နှင်းများ ဖုံးလွှမ်းနေသောလွင်ပြင်ကြီးကိုကြည့်ရင သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။

ဤမျှ ကြာမြင့်ပြီးနောက် သူတို့တွေ နောက်ဆုံးတော့ အနောက်ဘက် အန္တာရာယ်နယ်မြေမှ ထွက်လာနိုင်ခဲ့ကြပြီ ဖြစ်သည်။

လမ်းတစ်လျှောက်တွင် ဝမ့်ယင်းဂိုဏ်း တပည့် တစ်ဒါဇင်ကျော်ကို ယွမ်လီ ကိုယ်တိုင် သတ်ဖြတ်ခဲ့သည်။

ကိုးပြည်ထောင်နယ်မြေတွင် သူ့အဖို့ ဝိညာဉ်အသိအာရုံအဆင့် ကျင့်ကြံသူများနှင့် အသက်လုတိုက်ပွဲဝင်ရန် ခဲယဉ်းလှသဖြင့် ဤခရီးစဉ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများက သူ့ကို ကြီးမားသော အကျိုးကျေးဇူးများ ရရှိစေခဲ့သည်။ထို့ကြောင့် စစ်မှန်သော တိုက်ပွဲများကို နှစ်သက်လာခဲ့ပြီ ဖြစ်သည်။

"အစ်ကိုယွမ်လီ... ဒီမှာပဲ ရပ်ကြရအောင်... ကျွန်မတို့ ရှေ့ဆက်သွားလို့ မဖြစ်တော့ဘူး..."

ကောင်းကင်လက်မှုပညာခန်းမမှ အမျိုးသမီး တပည့်တစ်ဦးက ရှေ့သို့ တက်၍ ပြောလိုက်ရာ အခြားတပည့်များကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ကြသည်။

ယွမ်လီ၏ နောက်သို့ လိုက်ပါလာသဖြင့် သူတို့မှာ ထိခိုက်ဒဏ်ရာရမှု အနည်းငယ်မျှ မရှိခဲ့ကြချေ။ ဤသည်က သူတို့၏ စိတ်ထဲတွင် ယွမ်လီအပေါ် ကြောက်ရွံ့ရိုသေမှုများကို အထွတ်အထိပ်သို့ ရောက်ရှိသွားစေသည်။

ယွမ်လီက ခေါင်းညိတ်လိုက်ပြီး…

"အနီးအနားမှာ နေရာကူးပြောင်းရအစီအရင် တည်ဆောက်ကြစို့... အဝေးကြီးကို လျှောက်မသွားကြနဲ့..."

"ဟုတ်ကဲ့..."

တပည့် တစ်ဆယ့်လေးယောက်က တညီတညွတ်တည်း ပြန်လည် ဖြေကြားပြီးနောက် ဘေးဘက်သို့ လျှောက်သွားကြတော့သည်။

ယွမ်လီကတော့ ထိုနေရာတွင် ရပ်လျက် အဝေးသို့ မျှော်ကြည့်နေသည်။ သူသည် ဤမြေပြင်၏ အဆုံးတွင် မည်သည့်အရာများရှိနေမလဲဟု အလွန် စူးစမ်းချင်နေသည်။

အနောက်ဘက် အန္တရာယ်နယ်မြေက သူ စိတ်ကူးထားသည်ထက် များစွာ ပိုမို ကျယ်ပြောလှသည်။ ယခင်က အနောက်ဘက် အန္တာရာယ်နယ်‌မြေက ကြီးမားသည်ဟု ကြားဖူးရုံမျှသာ ရှိခဲ့သော်လည်း အမှန်တကယ် ဖြတ်သန်းသွားလာပြီးမှသာ မည်မျှအထိ ကျယ်ပြောကြောင်း သိရှိရတော့သည်။

အကယ်၍ ချင်းရှောင်တံဆိပ်ပြားသာ မရှိပါက သူတို့တွေ ဤနေရာမှ မည်သည့်အခါမျှ ထွက်နိုင်တော့မည် မဟုတ်ကြောင်း အမှန်တကယ် ခံစားရပေလိမ့်မည်။

ဤအရာက ယွမ်လီကို ကျယ်ပြောလှသော ကမ္ဘာကြီးအပေါ် ပိုမို စူးစမ်းလိုစိတ် ဖြစ်ပေါ်စေခဲ့သည်။ ဤကမ္ဘာကြီးက အမှန်တကယ် မည်မျှအထိ ကြီးမားသနည်း၊ ကျင့်ကြံခြင်း လမ်းစဉ်ကကော မည်မျှအထိ ဝေးကွာသနည်း…

ထိုအတွေးများက အတွေးသက်သက်သာဖြစ်ပြီး သူ ချင်းရှောင်ဂိုဏ်းမှ ထွက်ခွာသွားမည် မဟုတ်ချေ။ သူသည် ချင်းရှောင်ဂိုဏ်းကို လောကီလူသားကမ္ဘာ တစ်ခုလုံးကို လွှမ်းမိုးနိုင်အောင်သာ ကူညီပေးမည် ဖြစ်သည်။

ထိုအချိန်တွင် မိုင်ပေါင်း ရာနှင့်ချီ၍ ဝေးကွာသော နေရာ၌ ……

ရေခဲလွင်ပြင်ရှိ တောင်ကုန်းတစ်ခုထက်တွင် မီတာအနည်းငယ်မြင့်သော ကျောက်တိုင်ကြီးတစ်ခုမှာ ကောင်းကင်ပြင်ပမှ ကျောက်ဓားတစ်စင်းကဲ့သို့ မြေကြီးထဲသို့ စိုက်ဝင်နေသည်။

ထိုကျောက်တိုင်ကြီး၏ ထိပ်တွင် ပုံရိပ်တစ်ခု ရပ်နေသည်။

ဤသူသည် ဝါးခမောက်နှင့် ကောက်ရိုးမိုးကာအင်္ကျီကို ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။ သူ့တွင် ထူထဲသော မုတ်ဆိတ်မွေးများ ရှိပြီး နှာတံပေါ်ရှိ အမာရွတ်တစ်ခုကြောင့် သူ့ပုံစံမှာ ခက်ထန်ကြမ်းကြုတ်ပုံ ပေါ်နေသည်။

သူ့နောက်ကျောတွင်လည်း ဓားသေတ္တာတစ်လုံးကို လွယ်ပိုးထားသည်။ တိုက်ခတ်နေသော လေအေးများက ထိုသူ၏ဝတ်စုံကို တဖျတ်ဖျတ် လွင့်ပျံစေပြီး အကြည့်များကလည်း လင်းယုန်တစ်ကောင်သဖွယ် စူးရှနေသည်။

"ဒီချင်းရှောင်ဂိုဏ်းက တကယ်ကို သတ္တိရှိတာပဲ... သူတို့က ကိုးပြည်ထောင်နယ်မြေက လာလို့ သိပ်ပြီး မသိနားမလည်လို့လား... ဒါမှမဟုတ် အားကိုးစရာ တစ်ခုခု ရှိနေလို့လားမသိဘူး..."

ဓားသေတ္တာအတွင်းမှ စူးရှပြီး သေးသွယ်သော အသံတစ်ခု ထွက်ပေါ်လာရာ ၎င်းမှာ အမျိုးသား သို့မဟုတ် အမျိုးသမီး အသံ ဖြစ်သည်ကို ခွဲခြားရန် ခက်ခဲလှသည်။

သက်လတ်ပိုင်း အမျိုးသားက….

"ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်... ဝမ့်ယင်းဂိုဏ်းက အနည်းဆုံးတော့ ဒုက္ခရောက်ရတော့မှာပဲ..."

"ဒါဆို နင် ဘာလို့ လာတာလဲ... ဝမ့်ယင်းဂိုဏ်းကို နှိမ်နင်းဖို့ ဒီဂိုဏ်းငယ်လေးကို တကယ်ပဲ အားကိုးမလို့လား... နင် သူတို့အကြောင်းကို မစုံစမ်းရသေးဘူးလေ.. သူတို့ ကျင့်ကြံခြင်းလမ်းစဉ်ထဲ ဝင်ရောက်ခဲ့တာ နှစ်ပေါင်း လေးဆယ်တောင် မပြည့်သေးဘူး... ပြီးတော့ ဂိုဏ်းထဲမှာ အစွမ်းထက်ပြီး ကျော်ကြားတဲ့ မဟာကျင့်ကြံသူ တစ်ယောက်မှ မရှိဘူး..."

"ဝမ့်ယင်းဂိုဏ်းကို နှိမ်နင်းဖို့လား... ဟွန့်... ငါ့မှာ အဲဒီအတွက် ခွန်အားမရှိဘူး... ငါက ဒီကိစ္စကို သုံးပြီး ဂိုဏ်းကနေ ထွက်ခွာမလို့..."

သက်လတ်ပိုင်း အမျိုးသားက အေးစက်စက် နှာခေါင်းရှုံ့လျက် တည်ငြိမ်သော လေသံဖြင့် ဆိုလိုက်တော့

ဓားသေတ္တာအတွင်းမှ အသံ ထပ်မံ ထွက်ပေါ်မလာတော့ဘဲ စဉ်းစားနေပုံ ရသည်။

သည်းထန်စွာ ရွာသွန်းနေသော နှင်းများက သူ့ပုံရိပ်ကို တဖြည်းဖြည်းချင်း ဖုံးလွှမ်းသွားတော့သည်။

……………..

နှစ်သစ်တစ်ခု ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ဤနှစ်တွင် လီချင်းချိုး အသက် လေးဆယ့်ရှစ်နှစ် ရှိပြီ ဖြစ်သည် နုပျိုခြင်းထိန်းသိမ်းမှု ဆေးလုံးကို သောက်သုံးထားသဖြင့် နုပျိုနေဆဲ ဖြစ်ပြီး လူငယ်တစ်ဦးလိုပင်ထင်ရဆဲပင်။

ဂိုဏ်းတစ်ခုလုံး ပွဲတော်ကျင်းပ၍ စည်ကားနေသောအခါ လီချင်းချိုးကတော့ ယခင်နှစ်များကလို ဂိုဏ်းအတွင်း လျှောက်သွားခြင်း မရှိချေ။ သူသည် မသေမျိုးဂူအတွင်း ကျင့်ကြံနေခြင်း သို့မဟုတ် လင်းရှောင်ခြံဝင်း၌ သတင်းများကို စောင့်ဆိုင်းရင်း ဆုံးဖြတ်ချက်များ ချမှတ်နေခြင်းသာ ပြုလုပ်နေသည်။

တိုက်ပွဲဝင်ရမည့် ကိစ္စရပ်များကို ဝေထျန်းရှုံးနှင့် ချူကျင်းတို့ထံ လွှဲပြောင်းပေးထားပြီး ဖြစ်ရာ သူ လုပ်ဆောင်ရန် လိုအပ်သည်မှာ အထွေထွေ လမ်းညွှန်ချက်များကိုသာ အမိန့်ပေးရန် ဖြစ်သည်။

စစ်သူကြီးပါရမီ၊ အင်အားများလေ ကောင်းလေနှင့် သစ္စာစောင့်သိရဲစွမ်းသတ္တိနှလုံးသား ကံကြမ္မာများ ပိုင်ဆိုင်ထားသော ကျန်းယွင်ကွီကိုပင် ချူကျင်း၏ လက်အောက်တွင် ထားရှိပေးခဲ့ပြီး ခ

လေ့ကျင့်သင်ကြားပေးရန် စီစဉ်ခဲ့သည်။

ကျန်းယွင်ကွီက ငယ်ရွယ်လွန်းသေးသဖြင့် တာဝန်များကို မထမ်းဆောင်နိုင်သေးချေ။ထို့ကြောင့် ဤစစ်ပွဲကို အသုံးပြု၍ သူ့ကို ပြောင်းလဲသွားစေရန် ကူညီပေးချင်ခြင်း ဖြစ်သည်။

ဝေထျန်းရှုံးကို လေ့ကျင့်သင်ကြားခွင့် မပေးရခြင်း အကြောင်းမှာ ဝေထျန်းရှံးက မာနကြီးလွန်းပြီး ကျန်းယွင်ကွီ၏ ပါရမီကို အထင်သေးတတ်သောကြောင့်ပင်။

ချူကျင်းကတော့ လီချင်းချိုးအပေါ် သစ္စာရှိပြီး လီချင်းချိုး၏ စီစဉ်မှုများကို နားမလည်လျှင်ပင် တိကျစွာ အကောင်အထည်ဖော်မည့်သူ ဖြစ်သည်။

ချင်းရှောင်ဂိုဏ်းနှင့် ဝမ့်ယင်းဂိုဏ်းတို့ကြားတွင် ဖြစ်ပွားသော ဤစစ်ပွဲတွင် လီချင်းချိုး၏ ဖိအားမှာ အမှန်တကယ်အားဖြင့် ကြီးမားခြင်း မရှိချေ။ တကယ်တော့ လက်ရှိအကြပ်အတည်းပေါ်

လောင်းကြေးထပ်နေခြင်းပင် ဖြစ်သည်။

ဝမ့်ယင်းဂိုဏ်းကို ကျောက်သွေးကျောက်သဖွယ် အသုံးပြု၍ ဂိုဏ်းအတွက် ထက်မြက်သော ဓားသွားများကို သွေးယူလိုခြင်းပင်။

ပါရမီရှင်တစ်ဦး မည်မျှပင် ထူးချွန်ပါစေ၊ အတွေ့အကြုံများ မရှိပါက သူတို့ကိုယ်တိုင် ရပ်တည်နိုင်မည်မဟုတ်ပေ။

ဤလုပ်ငန်းစဉ်က သေချာပေါက် အန္တရာယ်များလှပြီး အချို့သောလူများ၏ စနစ်တကျ စွန့်လွှတ် အနစ်နာခံမှုများကို ရရှိစေလိမ့်မည်။

ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် လီချင်းချိုး ပြတ်သားရမည် ဖြစ်ပြီး အမြော်အမြင် ကြီးရမည်။ သူ့နေနှင့် စွန့်လွှတ်လိုက်ရသော တပည့်တိုင်းအတွက် ဒေါသထွက်နိုင်ပြီး ကလဲ့စားချေနိုင်သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ စွန့်လွှတ်ရခြင်း မရှိစေရဟူသော အတွေးမျိုးကိုတော့ မတွေးတောနိုင်ပေ။

ဤကဲ့သို့သော အတွေးမျိုးက သူ့ကိုသာ ချည်နှောင်ထားပေလိမ့်မည်။

လီချင်းချိုး လင်းရှောင်ခြံဝင်းထဲတွင် ထိုင်ရင်း အနာဂတ်ကို တွေးတောနေစဉ်

ကျန်းယွီချွန်း ခြံဝင်းထဲသို့ ဝင်လာခဲ့သည်။

"အစ်ကိုကြီး... ဒီနေ့ နောက်ထပ် ပျိုးပင်ကောင်းတစ်ပင် ပေါ်လာပြန်ပြီ... ပါရမီကတော့ တကယ့်ကို လျှံထွက်နေတာပဲ... သာမန် မျက်စိနဲ့တင် မြင်နိုင်တယ်..."

သူသည် တစ်ခါတရံတွင် အကဲခတ် မှားယွင်းတတ်ကြောင်း ဝန်ခံသော်လည်း အချို့သော ပါရမီရှင်များကတော့ အကဲခတ် မမှားစေခဲ့ပေ။

"ဘာလဲ... မင်း သူ့ကို တပည့်အဖြစ် လက်ခံချင်လို့လား..."

"ထိန်းချုပ်ရေးခန်းမမှာ ပါရမီရှင်တွေ အလုံအလောက် ရှိနေပါပြီ... တစ်ခါတရံမှာ ပါရမီရှင်တွေ အများကြီး ရှိနေတာကလည်း မကောင်းဘူး... မာနကြီးတဲ့သူတွေ ထိပ်တိုက်တွေ့ရင် စစ်ပွဲတွေ ဖြစ်ပွားဖို့ လွယ်ကူတတ်တယ်... ကျွန်တော် ဂိုဏ်းအတွက် ဝမ်းသာလို့ပါ... ပါရမီရှင်တွေက တောက်ပတဲ့ ကြယ်တာရာတွေနဲ့ တူတယ်... ဒါက ကောင်းတဲ့ အရာပဲလေ.. ကျွန်တော်က နောက်မျိုးဆက်တွေ အရည်အချင်း မမီမှာကိုပဲ စိုးရိမ်နေတာ... အခုတော့.. တစ်မျိုးဆက်ထက် တစ်မျိုးဆက် ပိုပြီး သန်မာလာကြတယ်..."

"အခု ကျွန်တော်တို့က အစ်ကိုကြီးရဲ့ တပည့်ငယ်လေး ရောက်လာပြီး လမ်းပြပေးမှာကိုပဲ စောင့်နေကြတာ... ရှေ့ကနေ လျှောက်လှမ်းပေးမယ့် ထူးချွန်ပြီး ပါရမီရှိတဲ့ တပည့်တစ်ယောက် ရှိနေရမယ်... ဒါမှလည်း သူတို့ရဲ့ မာနတွေကို နှိမ်နင်းနိုင်မှာ..."

လီချင်းချိုး တပည့်ငယ်တစ်ဦးကို လက်ခံလိုကြောင်း ပြောကြားခဲ့ကတည်းက ကျန်းယွီချွန်း ၎င်းကို မျှော်လင့်နေခဲ့ခြင်း ဖြစ်သည်။

လီချင်းချိုးက ထိုတပည့်လေးအား ရှန်ယွဲ့နှင့် ကျန်းကျောက်ရှားတို့ကိုပင် သွားရောက် ရှာဖွေခိုင်းခဲ့သည်။ လီချင်းချိုး ဤမျှအထိ တန်ဖိုးထားရအောင် ထိုသူတွင် မည်ကဲ့သို့သော ပါရမီမျိုး ရှိနေသနည်း…

ယခုအခါ ကျန်းယွီချွန်းအနေနှင့် လီချင်းချိုး၏ အကဲဖြတ်မှုကို မေးခွန်းထုတ်တော့မည် မဟုတ်ဘဲ မျှော်လင့်ချက်များဖြင့်သာ စောင့်ကြည့်နေတော့မည် ဖြစ်သည်။

ယွမ်လီနှင့် ယွင်ချိုင်တို့ထက်ပင် ပိုမို ထူးခြားဆန်းပြားသော ပါရမီရှင်တစ်ဦးကို သူ စိတ်ကူး၍ပင် မရနိုင်ပေ။

လီချင်းချိုးက သက်ပြင်းချလိုက်ပြီး….

"ငါလည်း စောင့်နေတာပဲ... ငါ သူတို့ကို စောင့်နိုင်ပါ့မလား မသိဘူး..."

ကျန်းယွီချွန်းက ရှန်ယွဲ့ ရှာဖွေနေသည်မှာ လေးနှစ် ရှိပြီ ဖြစ်ကြောင်း တွေးတောမိကာ စိတ်လှုပ်ရှားမှုများ ချက်ချင်းပင် လွင့်ပါးသွားခဲ့သည်။ သို့သော်လည်း သူ့အစ်ကိုကြီး သက်ပြင်းချသည်ကို မြင်သောအခါ ချက်ချင်းပင် နှစ်သိမ့်ပေးလိုက်သည်။

"မစိုးရိမ်ပါနဲ့... အစ်က်ိုကြီးရြဲ

အိပ်မက်ထဲကို ဝင်ရောက်နိုင်တယ်ဆိုကတည်းက သူက ထူးခြားတဲ့ ကံတရား ရှိတဲ့သူ ဖြစ်ရမယ်... ရှန်ယွဲ့ သူ့ကို သေချာပေါက် ရှာတွေ့မှာပါ..."

"အင်း... မင်းကို ဒီလောက်အထိ စိတ်လှုပ်ရှားစေတဲ့ ပါရမီရှင်က ဘယ်လိုလူလဲဆိုတာ ငါ့ကို ပြောပြဦး..."

လီချင်းချိုးက ခေါင်းညိတ်၍ စကားလမ်းကြောင်းလွှဲကာ မေးမြန်းလိုက်သည်။

အမှန်တော့ ထိုတပည့်ကို တာအိုမျိုးဆက်ဇယားထဲတွင် မြင်တွေ့ခဲ့ပြီးပြီ။ ၎င်းသည် တကယ့်ကို ထူးခြားလှပြီး ယွမ်လီ သို့မဟုတ် ယွင်ချိုင်တို့နှင့် မနှိုင်းယှဉ်နိုင်လျှင်ပင် ကျောက်ကျိန်းနှင့် တစ်တန်းတည်း ထားနိုင်လောက်သည်။

သို့သော်လည်း လီချင်းချိုးက ၎င်းကို တိုက်ရိုက် မပြောနိုင်ချေ။ အယုံကြည်ရဆုံးသော ညီငယ်နှင့် ညီမငယ်များ ရှေ့တွင်ပင် တာအိုမျိုးဆက်ဇယား တည်ရှိမှုကို ထုတ်ဖော်မည် မဟုတ်ပေ။

ကျန်းယွီချွန်းက ထိုပါရမီရှင်အကြောင်းကို စတင် မိတ်ဆက်ပေးလိုက်ရာ သူ စကားပြောလေလေ ပိုမို စိတ်လှုပ်ရှားလာလေလေပင်။

အချိန်အတော်ကြာပြီးနောက် ကျန်းယွီချွန်းက ထိုပါရမီရှင်အကြောင်းကို မိတ်ဆက်ပေးပြီးသောအခါ ဤကလေးအတွက် ဆရာတစ်ဦးကို မိတ်ဆက်ပေးလိုခြင်း ရှိမရှိ လီချင်းချိုးကို မေးမြန်းလိုက်သည်။

"သူ့ကို နင်းအာရဲ့ တပည့်ဖြစ်ခိုင်းလိုက်... သူက နောက်ဆို ငါ့ရဲ့ အကြီးဆုံး မြေးတပည့် ဖြစ်လာလိမ့်မယ်..."

ဤစကားကို ကြားလိုက်ရသောအခါ ကျန်းယွီချွန်း အတိုင်းမသိ ဝမ်းသာသွားသည်။ သူသည် ထိုပါရမီရှင်နှင့် တွေ့ဆုံခဲ့ပြီး ဖြစ်ကာ အလွန် ကောင်းမွန်စွာ စကားပြောဆိုခဲ့သဖြင့် ထိုပါရမီရှင်အတွက် ပိုမိုကောင်းမွန်သော အခွင့်အရေးကို ရရှိစေချင်ခြင်း ဖြစ်သည်။

ဂိုဏ်းချုပ်၏တိုက်ရိုက်တပည့်စာရင်းသို့ ဝင်ရောက်ခွင့် ရခြင်းမှာ သေချာပေါက် အကောင်းဆုံး အခွင့်အရေး ဖြစ်ပြီး လီချင်းချိုး၏ တတိယမြောက် မျိုးဆက် အကြီးဆုံး တပည့် ဖြစ်လာမည့် ဤအဆင့်အတန်းမှာ မရိုးရှင်းလှပေ။

"ရွှီနင်း သဘောတူပါ့မလား..."

ရွှီနင်းက မာနကြီးလွန်းလှသည်။လီချင်းချိုးကို အရိုအသေပေးခြင်းမှတစ်ပါး အခြားသူများအဖို့ သူမထံမှ ကောင်းမွန်သော အမူအရာကို ရရှိရန် အလွန် ခဲယဉ်းလှသည်။

ရွှီနင်းလို အေးစက်စက်နှင့် ဒေါသမာနကြီးသူ နောက်ထပ်တယောက်ရှိ‌သေးသည်။ထိုသူမှာ လီစစ်ကျင် ဖြစ်သည်။ သူတို့ နှစ်ယောက်မှာ ငယ်စဉ်ကတည်းက အတူတကွ ကြီးပြင်းလာခဲ့ကြသဖြင့် သူတို့၏ သံယောဇဉ်မှာ ညီအစ်မများသဖွယ်ဖြစ်နေကြပြီ။

"ဒါက အစောကတည်းက သဘောတူထားပြီးသားပဲ... သူ့ရဲ့ တပည့်တွေကို ငါကပဲ ဆုံးဖြတ်ပေးတာ... သူကိုယ်တိုင်ကလည်း ပြဿနာတွေကိုဝေးဝေးရှောင်တယ်..."

ဤစကားများက ကျန်းယွီချွန်းကို အားကျစိတ် ဖြစ်ပေါ်စေခဲ့သည်။ ရွှီနင်းက ဒေါသကြီးပြီးခက်ထန်သော်လည်း လီချင်းချိုး၏စကားကို အမှန်တကယ် နာခံတတ်သူ ဖြစ်သည်။ သူ့ရဲ့ ကိုယ်ပိုင်တပည့်များကတော့ ရွှီနင်းလို မခက်ထန်‌သော်လည်း သူ့စကားများကို အပြည့်အဝ မနာခံနိုင်ကြပေ။

သူတို့ နှစ်ယောက်က ခေတ္တမျှ ထပ်မံ စကားပြောဆိုပြီးနောက် လမ်းခွဲခဲ့ကြသည်။

ကျန်းယွီချွန်းမှာ ဂိုဏ်း၏ ပွဲတော်ကိစ္စရပ်များဖြင့် အလုပ်ရှုပ်နေရပြီး လီချင်းချိုးကတော့ ဆက်လက်၍ ကျင့်ကြံနေခဲ့သည်။

ရက်များ တရွေ့ရွေ့ ကုန်လွန်သွားပြီး နှစ်သစ်ကူး ပွဲတော်များကြောင့် ဖြစ်ပေါ်လာသော စည်ကားမှုများလည်း အလျင်အမြန်ပင် ပျောက်ကွယ်သွားခဲ့သည်။

ချင်းရှောင်ဂိုဏ်းအတွင်းရှိ တပည့်များမှာ ကျင့်ကြံခြင်းနှင့် ကြိုးစားအားထုတ်ခြင်းများဖြင့် အလုပ်ရှုပ်နေကြစဉ်အတွင်း တပည့်ပေါင်း တစ်သောင်းနီးပါးမှာ အနောက်ဘက် အန္တာရာယ်နယ်‌မြေတွင် တိုက်ပွဲဝင်နေကြရသည်။

ဇန်နဝါရီလကတည်းက ဝမ့်ယင်းဂိုဏ်းမှ ကျင့်ကြံသူများ ပိုမို ပေါ်ထွက်လာခဲ့ကြသည်။ အချို့က အနောက်ဘက် အန္တာရာယ်နယ်‌မြေအတွင်းသို့ ထိုးဖောက် ဝင်ရောက်လာကြပြီး အချို့က အနောက်ဘက် အန္တာရာယ်နယ်‌မြေ၏ အပြင်ဘက်တွင် ချင်းရှောင်ဂိုဏ်း တည်ဆောက်ထားသော ခံတပ်များကို တိုက်ခိုက်လာကြသဖြင့် တိုက်ပွဲများမှာ ပိုမို၍ စိတ်ချောက်ချားစရာ ကောင်းလာခဲ့သည်။

ဖေဖော်ဝါရီလလယ်တွင် ဂိုဏ်းနှစ်ခု၏ ကျင့်ကြံသူ တစ်ထောင်ကျော် ပါဝင်သော မဟာတိုက်ပွဲကြီးတစ်ခု ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့သည်။

ဤတိုက်ပွဲမှာ ကြီးမားသော အတိုင်းအတာ ရှိပြီး အနောက်ဘက် အန္တာရာယ်နယ်‌မြေ၏ အခြားတစ်ဖက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဝေထျန်းရှုံး၊ ရွှီနင်း၊ ယွမ်လီနှင့် အခြားသူများအားလုံး ထိုတိုက်ပွဲတွင် ပါဝင် တိုက်ခိုက်ခဲ့ကြသည်။

ဝမ့်ယင်းဂိုဏ်းဘက်မှ တိုက်ပွဲအတွင်း စေလွှတ်ခဲ့သော ကျင့်ကြံသူ ဦးရေ ပိုမို များပြားသော်လည်း ကံကောင်းထောက်မစွာဖြင့် ရွှီနင်းနှင့် ယွမ်လီတို့က ဝိညာဉ်အသိအာရုံအဆင့်ကို လွှမ်းမိုးနိုင်သော ခွန်အားများကို ပြသနိုင်ခဲ့ကြသည်။ နှစ်ဖက်စလုံး သရေကျပြီးနောက် ပြန်လည် ဆုတ်ခွာသွားခဲ့ကြသည်။

ဤတိုက်ပွဲက ချင်းရှောင်ဂိုဏ်း တပည့်များကို ဝမ့်ယင်းဂိုဏ်း၏ အင်အားနှင့် ပတ်သက်၍ ရှင်းလင်းစွာ သိရှိသွားစေခဲ့သည်။

ဝမ့်ယင်းဂိုဏ်းက အမှန်တကယ်ပင် အစွမ်းထက်ကြောင်း သူတို့ ဝန်ခံရပေလိမ့်မည်။ဝမ့်ယင်းဂိုဏ်း၏ အစီအရင်များ၊

မှော်လက်နက်များနှင့် သိုင်းကျင့်စဉ်များက သူတို့ကို မျက်စိပဒေသာ ဖြစ်စေခဲ့ပြီး ကာကွယ်ရန်လည်း ခဲယဉ်းလှသည်။

သေချာပေါက်ပင် ချင်းရှောင်ဂိုဏ်း၏ သိုင်းပညာရပ်များကလည်း မဆိုးလှပေ။ သူတို့အနေနှင့် အစီအရင်များနှင့် မှော်လက်နက်များပိုင်းတွင်သာ အားနည်းပုံ ပေါ်နေခြင်း ဖြစ်သည်။

မတ်လအစောပိုင်းတွင် ဝမ့်ယင်းဂိုဏ်းနှင့် ချင်းရှောင်ဂိုဏ်းတို့ နောက်ထပ် မဟာတိုက်ပွဲကြီးတစ်ခု ထပ်မံ ဖြစ်ပွားခဲ့ပြန်သည်။ ဤအကြိမ်တွင် ယွမ်လီက ရှုပ်ထွေးလှသော စစ်တလင်းထက်၌ ဝမ့်ယင်းဂိုဏ်း၏ ဦးဆောင်သူကို သတ်ဖြတ်နိုင်ခဲ့သဖြင့် ဝမ့်ယင်းဂိုဏ်းသားများ၏ စိတ်ဓာတ်ကို ပြင်းထန်စွာ ထိခိုက်သွားစေခဲ့သည်။

ဤသည်က ချင်းရှောင်ဂိုဏ်းအနေဖြင့် ဝမ့်ယင်းဂိုဏ်းကို ရှေ့တန်းစစ်မျက်နှာ၌ ပထမဆုံးအကြိမ် အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ထိုအောင်ပွဲသတင်း ချင်းရှောင်ဂိုဏ်းထံသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး ထိန်းချုပ်ရေးခန်းမက အကြောင်းကြားစာ ထုတ်ပြန်လိုက်သည့်အခါ ဂိုဏ်းတစ်ခုလုံး စိတ်အားထက်သန်သွားခဲ့ကြသည်။

ဤအောင်ပွဲက အလွန်ပင် အရေးပါလှသည်။ ၎င်းက ချင်းရှောင်ဂိုဏ်းသည် ကိုးပြည်ထောင်နယ်မြေ၏ အရှင်သခင်မျှသာ မဟုတ်ကြောင်း သက်သေပြလိုက်ခြင်း ဖြစ်သည်။ ပြင်ပ ကျင့်ကြံရေးဂိုဏ်းများနှင့် ရင်ဆိုင်ရလျှင်ပင် ချင်းရှောင်ဂိုဏ်းသည် အားကောင်းမောင်းသန် ရှိနေဆဲပင်။

……………………..

လီချင်းချိုးသည် တောအုပ်အတွင်း၌ အကြီးဆုံး မြေးတပည့် ဖြစ်သော ရွှီယွီချုံးကို ကျင့်ကြံခြင်းဆိုင်ရာများ သင်ကြားပေးနေသည်။ ရွှီယွီချုံးသည် အသက် တစ်ဆယ့်သုံးနှစ်သာ ရှိသေးပြီး နုနယ်သော အမူအရာနှင့် ဖြူစင်သော အသားအရေ ရှိသူဖြစ်သည်။

မြေပြင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်နေသည်ကို တစ်ချက် ကြည့်လိုက်ရုံနှင့် မိန်းကလေးငယ်တစ်ဦးနှင့်ပင်တူနေသေးသည်။

ဟွမ်ယွမ်ကျမ်းစာ၏ အခြေခံ စိတ်နှလုံးကျင့်ကြံခြင်းနည်းလမ်းကို ရွှီယွီချုံး ကျွမ်းကျင်စွာ တတ်မြောက်သွားသည်ကို မြင်သောအခါ လီချင်းချိုး အနည်းငယ် ခေါင်းညိတ်လိုက်မိသည်။

တာအိုမျိုးဆက်ဇယားကို ထပ်မံ ခေါ်ယူလိုက်ပြီး ရွှီယွီချုံး၏ ပုံရိပ်ကို ရှာဖွေလိုက်တော့…

【 အမည် - ရွှီယွီချုံး 】

【 ကျား/မ - ကျား 】

【 အသက် - ၁၃ နှစ် 】

【 သစ္စာရှိမှု (ဂိုဏ်းချုပ် / ဂိုဏ်း) - ၈၃ / ၇၈ (အမြင့်ဆုံးတန်ဖိုး ၁၀၀) 】

【 ကျင့်ကြံခြင်းပါရမီ - ထူးချွန် 】

【 နားလည်သဘောပေါက်နိုင်စွမ်း - အတော်ပင်ကောင်းမွန် 】

【 ကံကြမ္မာ - ကောင်းကင်ကိုးဘုံ လေအရှင်သခင်၊ မတားဆီးနိုင်သော အရှိန်အဝါ၊ မွေးရာပါ နတ်မင်းအရှိန်အဝါ 】

【 ကောင်းကင်ကိုးဘုံ လေအရှင်သခင် - ရှေးဟောင်း နတ်မင်းများ၏ ကံတရား ကောင်းချီးပေးခြင်းကို ခံရသဖြင့် လေဓာတ်သတ်မှတ်ချက်ရှိသော လမ်းစဉ်သိုင်းပညာရပ်များအပေါ် ထူးခြားလှသော နားလည်သဘောပေါက်နိုင်စွမ်း ရှိသည် 】

【 မတားဆီးနိုင်သော အရှိန်အဝါ - သူ ဘာပဲလုပ်လုပ် သူ့စိတ်ထဲတွင် ယုံကြည်မှု ပေါ်ထွက်လာသည်နှင့် ဤယုံကြည်မှုက သူ့ကို ပိုမို၍ သန်မာလာစေပြီး မည်သူမျှ မတားဆီးနိုင်‌ပါ 】

【 မွေးရာပါ နတ်မင်းအရှိန်အဝါ - မွေးရာပါ နတ်မင်းတစ်ပါး၏ အရှိန်အဝါကို ပိုင်ဆိုင်ထားသဖြင့် လူများက သူ့အပေါ် နှစ်သက်သဘောကျလွယ်ပြီး သူနှင့်ပိုမိုနီးစပ်လိုစိတ် ဖြစ်ပေါ်စေသည် 】

ထူးခြားလှသော ကံကြမ္မာ အမျိုးအစား သုံးခုနှင့် ထူးချွန်လှသော ကျင့်ကြံခြင်းပါရမီအဆင့် ပေါင်းစပ်နေခြင်း...

ဤသည်က လီချင်းချိုး သူ့ကို မြေးတပည့်အဖြစ် လက်ခံခဲ့ရသည့် အကြောင်းပြချက် ဖြစ်သည်။

သို့သော်လည်း လီချင်းချိုးကတော့ ထိုကလေးတွင် လျှို့ဝှက်ချက်များ ရှိနေသည်ဟု ခံစားနေရသည်။

ဤကလေးငယ်က ချင်းရှောင်ဂိုဏ်းသို့ တစ်ကိုယ်တည်း ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သူ့ကိုယ်သူ မိဘမဲ့တစ်ဦးဟု ပြောဆိုခဲ့သော်လည်း လီချင်းချိုးကတော့ ထိုသို့ မထင်မှတ်ပါ။

ရွှီယွီချုံးတွင် လျှို့ဝှက်ချက်များ ရှိနေသော်လည်း လီချင်းချိုးနှင့် ချင်းရှောင်ဂိုဏ်းအပေါ် သစ္စာရှိမှုက သူ့ကို ဆွဲဆောင်နိုင်ကြောင်း သက်သေပြနေသည်။

ဤကလေးငယ်ကို လက်ခံလိုက်သည့် အဓိက အကြောင်းပြချက်မှာ အလွန် ခမ်းနားထည်ဝါလွန်းလှသော ကံကြမ္မာများပိုင်ဆိုင်ထားသဖြင့် လီချင်းချိုးအနေဖြင့် သူ့ကို လက်လွှတ်ရန် မရက်စက်နိုင်ခြင်းကြောင့်ပင် ဖြစ်လေသည်။

All Chapters