အခန်း ၅၁၈
Vol. 29 Ch. 518
အပိုင်း (၅၁၈) ပြည့်တန်ဆာရုံ အရည်အသွေး စီမံခန့်ခွဲမှု။
ဖန်ကျန်းရီက နောက်လှည့်ကာ ယွီနျန်ကို မတတ်သာသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ “ဒီနေ့ ပြည့်တန်ဆာရုံ သုံးခုက ကျုပ်ကို ပြင်ဆင်မှုတွေနဲ့ ကြော်ငြာတွေ လုပ်ပေးဖို့ ခေါ်ထားပြီးပြီ၊ ကျုပ်လည်း လက်ခံထားလိုက်တယ်။ ချွန်းယွီရုံကိုပါ ထပ်ပေါင်းထည့်လိုက်ရင် ကျုပ်ဘယ်အချိန်အထိ အလုပ်လုပ်နေရမှာလဲ။ ခင်ဗျား … ထားလိုက်ပါတော့။”
သုံးရုံတောင်။
ယွီနျန်၏ စိတ်ထဲတွင် ချက်ချင်းပင် ရှုပ်ထွေးသွားသည်။ ထိုသုံးရုံက သူ့ကို ကြော်ငြာခိုင်းထားပြီဆိုလျှင် နောက်ပိုင်း ချွန်းယွီရုံက ဟင်းရည်ပဲ သောက်ရတော့မှာလား ဟု တွေးပူသွား၏။
“သခင်လေးရှင့် .. သခင်လေးက သုံးရုံတောင် လက်ခံထားပြီးပြီပဲ၊ ကျွန်မတို့ တစ်ရုံကိုလည်း ထပ် ပေါင်းထည့်လိုက်ပါ ရှင်၊ ဈေးနှုန်းက ညှိလို့ ရပါတယ်၊ ဈေးနှုန်းက ညှိလို့ ရပါတယ်။” ယွီနျန်က အဆက်မပြတ် တောင်းပန်လိုက်သည်။
ဖန်ကျန်းရီက အင်္ကျီလက်စကို ယမ်းခါလိုက်ပြီး မတတ်သာသည့်ဟန်ဖြင့် ပြောလိုက်၏။ “ဟူး... ယွီနျန်ရယ်၊ ကျုပ်က ခင်ဗျား ကို မကူညီချင်လို့ မဟုတ်ပါဘူး၊ လူတွေရဲ့ ယုံကြည်မှုကို ရထားမှတော့ သူတို့ ကိစ္စကို သေချာ လုပ်ပေးရမှာပေါ့။ ခင်ဗျားတို့ဆီကိုပါ ထပ်လက်ခံလိုက်ရင် ကျုပ်မှာ ခွန်အားတွေ မလောက်တော့မှာ သေချာတယ်၊ အဲဒီအခါကျရင် တခြားသူတွေကို ကျုပ်ဘယ်လို မျက်နှာပြရမလဲ။ စင်မြင့်ပေါ်က လှုပ်ရှားမှု ပုံစံတွေက ဘယ်လောက် ရှုပ်ထွေးလဲ ခင်ဗျား သိလား။ ပြီးတော့ မိန်းကလေးတွေရဲ့ အဝတ်အစား ပုံစံတွေက ဘယ်လောက် ခက်ခဲလဲ။ အိုင်အက်စ်အို (9001) အရည်အသွေး စီမံခန့်ခွဲမှု စနစ်ဆိုတာ ဘာလဲ ခင်ဗျား သိလို့လား။”
“အိုင်အက်စ်အို။”
ယွီနျန်က ဖန်ကျန်းရီ၏ အင်္ကျီလက်စကို ဆွဲထားသော လက်ကို လွှတ်လိုက်ပြီး ကြောင်တောင်တောင်ဖြင့် မေးလိုက်သည်။ “အဲဒါက ဘာလဲ၊ ကျွန်မ တစ်ခါမှတောင် မကြားဖူးဘူး...”
ဖန်ကျန်းရီက ဂုဏ်ယူစွာဖြင့် ပြန်ပြောလိုက်၏။ “အဲဒါက အရမ်း ရှုပ်ထွေးတဲ့ အရာတစ်ခုပဲ။ ကျုပ်နှစ်ပေါင်းများစွာ အချိန်ကုန်ခံပြီး လေ့လာစုဆောင်းထားတဲ့ အရာတွေပဲ။ ဧည့်သည် ဝင်လာတာကနေ အခန်းထဲ ရောက်တဲ့အထိ၊ လုပ်ငန်းစဉ် တစ်ခုလုံးကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ရမယ်။
ပြောတဲ့ စကားတိုင်း၊ မျက်နှာအမူအရာ တိုင်း၊ လှုပ်ရှားမှုတိုင်းအတွက် အသေးစိတ် သတ်မှတ်ချက်တွေ ရှိတယ်။ ခင်ဗျား စဉ်းစားကြည့် ဧည့်သည်က ချွန်းယွီရုံ တံခါးဝကို ဝင်လာတာနဲ့ လာကြိုတဲ့သူ ရှိမယ်... ပြီးရင် ပုံစံအဆန်းနဲ့ မိန်းကလေးတွေ ထွက်လာမယ်။ ကျားကြီးရေသောက်၊ မာယာရှင်ပုလွေ၊ ဇောက်ထိုးမှောက်လန်၊ တစ်ပေါင်ကျော် အစာကောက် .. ကဲ … နောက်ဆုံးကျရင်... ဘယ်ယောက်ျားမဆို ဒါကို ထိတွေ့တာနဲ့ သွေးတွေ ပူလာပြီး ရုန်းထွက်လို့ မရအောင် ဖြစ်သွားစေရမယ်လို့ ကျုပ် အာမခံတယ်။
ဒီလို ဝန်ဆောင်မှုမျိုးကို ခံစားဖူးသွားတဲ့ ဧည့်သည်က တခြား နေရာကို ရွေးချယ်ပါ့အုံးမလား။ ခင်ဗျားတို့ ပြည့်တန်ဆာရုံကို မြို့တော်အထိ သွားဖွင့်မယ် ဆိုရင်တောင် ချွန်းယွီရုံ မြို့တော်ခွဲကို တွေ့တာနဲ့ ဧည့်သည်ဟောင်းတွေက တွေဝေမနေဘဲ ချက်ချင်း ထပ်ရွေးချယ်လိမ့်မယ်လို့ ကျုပ်ရဲရဲကြီး အာမခံတယ်။
ဘာဖြစ်လို့လဲ။ စံနှုန်းမြင့်မားမှုက အရည်အသွေး မြင့်မားမှုကို ဆုံးဖြတ်ပေးလို့ပဲ။ တစ်နိုင်ငံလုံးက ဘယ် ချွန်းယွီရုံကိုပဲ သွားသွား ဒီလို အရည်အသွေးမြင့် ဝန်ဆောင်မှုကို ခံစားရမယ် ဆိုတာကို ဧည့်သည်က သိနေရင် သူ နောက်ထပ် ရွေးချယ်စရာ ရှိပါအုံးမလား။ အဲဒီအချိန်ကျရင်... ပြည့်တန်ဆာရုံ လောကကြီးမှာ ကြီးမားတဲ့ အပြောင်းအလဲကြီး တစ်ခု ဖြစ်ပေါ်လာတော့မှာပဲ။”
ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် အလွန် ဝမ်းနည်းနှမြောနေသည့် အမူအရာများ ပေါ်လွင်နေသည်။
ယခင်ဘဝက သူသည် အလွန် ဖြူစင်သူ တစ်ဦး ဖြစ်ပြီး ဤအရာများ အားလုံးကို အင်တာနက်မှတစ်ဆင့် ကြားဖူးနားဝသာ ရှိခဲ့၏။
ဤသည်မှာ အမှန်တကယ်ပင် ဖြစ်သည်။ အကြောင်းမှာ ထိုရှုပ်ထွေးလှသော အကြောင်းအရာများကို ဖမ်းဆီး အရေးယူခံရသည့် သတင်းများတွင်သာ မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်မည်။
သူ့အတွက် တစ်သက်တာလုံး နောင်တရစရာ ဖြစ်ခဲ့ရ၏။
ယခုတော့ လူတွေကို လှည့်စားရန် ဤအရာများကို အသုံးပြုရခြင်းက မဆိုးလှပေ။
ယွီနျန်မှာ နားထောင်ပြီးနောက် မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်မှုများ အပြည့် ဖြစ်သွားသည်။
ပြည့်တန်ဆာရုံတွင် ဘဝတစ်ဝက်ကျော် နေထိုင်ခဲ့ပြီး မည်သည့် ထူးခြားမှုများကို မမြင်ဖူးဘဲ နေမည်နည်း၊ သို့ပေမည့် ဤမျှ ဆန်းကြယ်သော လှည့်ကွက်များ ရှိနေသေးသည်လား။
ကျားကြီးရေသောက်၊ မာယာရှင်ပုလွေ၊ ဇောက်ထိုးမှောက်လန်၊ တစ်ပေါင်ကျော် အစာကောက်... ဒါတွေက ဘာကွက်တွေလဲ။ နားထောင်ရုံနဲ့တင် အရမ်း ဆန်းနေပြီ။
ဟုတ်တယ်... သူပြောသလို တကယ်ပဲ အဲဒီလောက် စံနှုန်းမြင့်ပြီး တစ်ပြေးညီ ဖြစ်နေမယ်ဆိုရင်၊ တခြား ပြည့်တန်ဆာရုံတွေကလည်း ဒီနည်းလမ်းအတိုင်း ဆိုင်ခွဲတွေ ဖွင့်လာကြရင် ချွန်းယွီရုံအတွက် ရှင်သန်ရပ်တည်ဖို့ နေရာ ရှိပါတော့မလား။
“ငွေတုံး ငါးရာ။ ကျွန်မ သခင်လေးကို ငွေတုံး ငါးရာ ပေးပါ့မယ်။ သခင်လေး ကျွန်မကို ကူညီတယ်လို့ သဘောထားပေးပါရှင်၊ နောက်ဆိုရင် ချွန်းယွီရုံမှာ စားသောက်တာ၊ နေထိုင်တာ၊ ပျော်ပါးတာ အားလုံး အခမဲ့ ပေးပါ့မယ်။” ယွီနျန်၏ မျက်နှာပေါ်တွင် လောဘရောင်များ ထင်ဟပ်လာ၏။
ဤစနစ်ကို သူမ တစ်ယောက်တည်း အပိုင်မစီးနိုင်လျှင်တောင် အနည်းဆုံးတော့ တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့် ရရမည်၊ စတင်ရာ နေရာမှာတင် ရှုံးသွားလို့ လုံးဝ မဖြစ်ဘူးပေ။
ဖန်ကျန်းရီက ခေါင်းယမ်းလိုက်သည်။ “ယွီနျန် .. တကယ် မရဘူး၊ ခွန်အား မလောက်တဲ့ ပြဿနာပါ။ ခင်ဗျားတို့ ဆိုင်တွေကို တစ်စုတစ်စည်းတည်း ထားပြီး ကျုပ် သင်ပေးလို့ ရမလား။ ပြီးတော့ ကျုပ်ကို ဖိတ်ခေါ်နေတဲ့ တခြား ပြည့်တန်ဆာရုံတွေလည်း အများကြီး ရှိသေးတယ်၊ ဒီအတိုင်း ဆက်သွားရင် ပြီးဆုံးတော့မှာ မဟုတ်ဘူး။”
“ရပါတယ်။ ရပါတယ်ရှင်။”
ယွီနျန်က အသက်ကယ်ကောက်ရိုးကို ဖမ်းကိုင်မိသကဲ့သို့ ပြောလိုက်၏။ “သခင်လေးက ကျွန်မတို့ကို တစ်နေရာတည်း စုခေါ်ပြီး သင်ပေးလို့ ရပါတယ် ရှင်၊ တခြား ပြည့်တန်ဆာရုံက တာဝန်ခံတွေကိုလည်း ကျွန်မ သိပါတယ်၊ သခင်လေး အခက်အခဲ ဖြစ်နေတယ်ဆိုရင် ကျွန်မ သွားပြီး ပြောပေးပါ့မယ်ရှင်။”
ဖန်ကျန်းရီက မျက်မှောင် အနည်းငယ် ကုတ်ကာ တုံ့ဆိုင်းနေခဲ့သည်။ “ဒါက... မကောင်းဘူး ထင်တယ်နော်။”
“မကောင်းတာ ဘာမှ မရှိပါဘူး ရှင်။ သခင်လေးက ပြည့်တန်ဆာရုံ လောကရဲ့ ကယ်တင်ရှင်ကြီးပဲ။ ဒီလို အရည်အချင်းမျိုးကို ဆိုင်သုံးဆိုင်လောက်ကိုပဲ ဘယ်လိုလုပ် သင်ပေးလို့ ရမလဲ။ သခင်လေး စဉ်းစားကြည့် .. သခင်လေးရဲ့ နည်းလမ်းကြောင့် နောင်တစ်ချိန်မှာ ပြည့်တန်ဆာရုံ အားလုံးရဲ့ အဆင့်အတန်းက အများကြီး တက်သွားမယ်။ အဲဒီအခါကျရင် တစ်လောကလုံးက လူတွေ အကျိုးကျေးဇူး ခံစားရမှာ၊ ဒါက ကြီးမားတဲ့ ကုသိုလ်ကြီးပါ ရှင်။” ယွီနျန်က မျက်ခုံးပင့်ကာ ဝမ်းသာအားရဖြင့် ပြောလိုက်သည်။
ဖန်ကျန်းရီက သူမကို ပြုံးစစဖြင့် ကြည့်လိုက်၏။
ကောင်းပြီလေ။ တစ်လောကလုံးက လူတွေကိုတောင် ဆွဲထည့်လိုက်သေးတယ်၊ ဒီမေမေကြီးက ငါ့ထက်တောင် စကားပြော ကောင်းနေသေးတယ်။
“အင်း... နားထောင်ရတာ အဓိပ္ပာယ် ရှိသလိုပဲ။ ဒါပေမဲ့ဒီလိုလုပ်တာ တကယ် အဆင်ပြေပါ့မလား။” ဖန်ကျန်းရီက တွေဝေစွာ မေးလိုက်သည်။
“အဆင်ပြေပါတယ်။ သေချာပေါက် အဆင်ပြေပါတယ်။ ကျွန်မ အာမခံပါတယ်ရှင်။” ယွီနျန်က ရင်ဘတ်ကို တဘုန်းဘုန်း ရိုက်ကာ ပြောလိုက်၏။
ဖန်ကျန်းရီက ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ပြီး ယွီနျန်၏ ဘေးတွင် အဆက်မပြတ် လမ်းလျှောက်နေသည်။
ခဏမျှ လျှောက်သွားပြီးနောက်မှ စကားစလိုက်၏။ “အဲဒါဆိုလည်း... ကောင်းပြီလေ၊ ခင်ဗျား ပြောတာလည်း ဟုတ်တာပါပဲ။”
“သခင်လေးက တကယ် သဘောထားကြီးတာပဲ ရှင်။” ယွီနျန်မှာ အရူးအမူး ဝမ်းသာသွား၏။
“အစောကြီး မဝမ်းသာနဲ့အုံး ။ ကျုပ်ဒီလို တွေးကြည့်တော့လည်း နည်းနည်း ပင်ပန်းသလိုပဲ။ ဒါပေမဲ့ ပင်ပန်းလည်း ပင်ပန်းပါစေလေ၊ ခင်ဗျားတို့ ဆိုင်တွေ အားလုံး မျှခံလိုက်ရင် ပိုက်ဆံ နည်းနည်း သက်သာသွားတာပေါ့။ ဒါပေမဲ့ ကျုပ်ကြိုပြောထားမယ်။ အတူတူ သင်ပေးမယ်ဆိုရင် ခင်ဗျားတို့ လုံးဝ ရှုပ်အောင်လုပ်လို့ မရဘူး၊ ဒါကြောင့် ဒီကိစ္စအတွက် စည်းမျဉ်းတစ်ခု ဆွဲဖို့ လိုတယ်။
ကျုပ်တို့ အချင်းချင်း ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်းနိုင်ရင် အကောင်းဆုံးပဲ၊ ဒါမှလည်း လုပ်ငန်းစဉ်က မြန်မြန် ပြီးမြောက်နိုင်မှာ။ ဘာပဲဖြစ်ဖြစ် ကျုပ်အချိန်တွေကလည်း တန်ဖိုးရှိတယ်လေ။ ဒီကိစ္စ တစ်ခုတည်းအတွက်ပဲ အချိန်ဖြုန်းနေလို့ မရဘူး။” ဖန်ကျန်းရီက ဆက်ပြောလိုက်သည်။
“ဒါဆို သခင်လေးက ဘယ်လို လုပ်ချင်လို့လဲ ရှင်။” ယွီနျန်က မေးလိုက်၏။
“အဖွဲ့အစည်း တစ်ခု ဖွဲ့လိုက်ရင်ရော ဘယ်လိုလဲ၊ လောလောဆယ်တော့ ပန်းနီအသင်း လို့ နာမည် ပေးထားလိုက်မယ်။ အတူတူ သင်ပေးမယ်လို့ ဆုံးဖြတ်ပြီးပြီ ဆိုမှတော့ ကျုပ်ကို ဖိတ်ခေါ်နေတဲ့ တခြား ဆိုင်တွေလည်း ရှိသေးတယ်၊ ဘယ်ဆိုင်တွေ ပါဝင်မလဲ ဆိုတာကို ကျုပ်သေချာ စဉ်းစားပြီးရင် ခင်ဗျား က ကျုပ်ကိုယ်စား သွားပြီး ဆက်သွယ်ပေးပါ။”
တစ်ဆိုင်ပြီး တစ်ဆိုင် ငွေလိုက်ကောက်ရသည်မှာ တကယ်ကို အလုပ်ရှုပ်လွန်းမည်။
တစ်နေရာတည်းမှာ စုပြီး တစ်ခါတည်း ငွေကောက်သည်က ပိုကောင်း၏။ ဤကိစ္စကို ဖန်ကျန်းရီက အစောကြီးတည်းက စဉ်းစားထားပြီး ဖြစ်၏။
သို့သော်ငြား ယွီနျန်၏ မျက်နှာပေါ်တွင် စိုးရိမ်မှုများ ပေါ်လာသည်။ “သခင်လေး .. မြို့ထဲက ပြည့်တန်ဆာရုံ အားလုံးကို သင်ပေးချင်နေတာတော့ မဟုတ်ပါဘူးနော်။”
အားလုံးကို သင်ပေးတယ်ဆိုတာ ဘယ်သူ့ကိုမှ မသင်ပေးတာနဲ့ အတူတူပဲလေ။ ဒါဆို ကျွန်မက ဘာလို့ အလကားနေရင်း ပိုက်ဆံ အကုန်ခံရမှာလဲ။
ဖန်ကျန်းရီက လှောင်ပြုံး ပြုံးလိုက်၏။
“ဒါပေါ့ မဟုတ်ဘူးပေါ့။ မြို့ထဲမှာ ပြည့်တန်ဆာရုံတွေ အများကြီး ရှိတယ်။ ကျုပ်က အလားအလာရှိတဲ့ ဆိုင်တွေကိုပဲ ရွေးမှာ၊ အဲဒီ တတိယတန်းစား အောက်တန်းကျတဲ့ ကောင်တွေက ကျုပ်သင်ပေးဖို့ မတန်ပါဘူး။ ခင်ဗျားတို့လည်း ယှဉ်ပြိုင်ရမှာကို မကြောက်ကြနဲ့၊ အသင်းထဲ မပါတဲ့ အဲဒီ ပြည့်တန်ဆာရုံ သေးသေးလေးတွေက နောက်သိပ်မကြာခင်မှာပဲ ခင်ဗျားတို့ရဲံ ဝါးမြိုတာကို ခံရတော့မှာပါ။
ခင်ဗျားတို့လည်း အမြင်ကျယ်ကျယ် ထားသင့်တယ်။ ကျုပ်ရဲ့ ဒီနည်းလမ်းတွေကို တခြား ဘယ်သူ့ကိုမှ မသင်ပေးရသေးဘူး၊ ယူတိန့်မြို့ကနေ ထွက်သွားရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သွားလို့ ရတယ်၊ အဲဒီအခါကျရင် တစ်နေ့ကို ရွှေအချောင်း ဝင်လာရင်တောင် မလွန်ဘူးလို့ ပြောလို့ ရတယ်။”
ယွီနျန်၏ မျက်နှာပေါ်တွင် ဝမ်းသာမှုများ ထပ်မံ ပေါ်လာသည်။ “သခင်လေး ပြောတာ ဟုတ်ပါတယ် ရှင်။ ဒါဆို သခင်လေးက ဒီနေ့ ချွန်းယွီရုံအတွက် နောက်ထပ်... နောက်ထပ် ကြော်ငြာလေး တစ်ရွက်လောက် ရေးပေးနိုင်မလား။”
ဖန်ကျန်းရီက လက်ကို ဝှေ့ယမ်းလိုက်၏။ “ခင်ဗျားတို့ကို ကူညီမယ်လို့ ဆုံးဖြတ်ပြီးပြီ ဆိုမှတော့ ကျုပ်လည်း အဆုံးအထိ ကူညီပေးပါ့မယ်။ ပြဿနာ မရှိပါဘူး။”
“သခင်လေးရဲ့ ကျေးဇူး ကြီးမားလှပါတယ်ရှင်။ ရှို့အာ နေကောင်းသွားရင် သူ့ကို သခင်လေးအတွက် သေချာ ပြုစုခိုင်းပါ့မယ်။”
ဖန်ကျန်းရီ မည်သို့မှ မနေနိုင်ဘဲ ရယ်မောလိုက်သည်။
ဒီတစ်ခါ အလုပ်လုပ်ရတာ အကျိုးအမြတ်တွေ တော်တော် များတာပဲ။ မထင်ထားခဲ့ဘူး။ အစောတည်းက သိရင် ပိုက်ဆံစုပြီး အစောကြီးကတည်းက လှုပ်ရှားလိုက်ပါတယ်။
ချူယိုယီဆီက ရတဲ့ ငွေနှစ်တေလ်းက ထမင်းတစ်နပ် စားဖို့လောက်ပဲ လောက်တယ်။
“ကောင်းပြီ .. ဒီနေ့ ပြောတာတွေ လုံလောက်ပြီ၊ ကျုပ်သွားတော့မယ်၊ အဆင်သင့် ဖြစ်ရင် ခင်ဗျားဆီကို သတင်းပို့ဖို့ လူလွှတ်လိုက်မယ်။” ဖန်ကျန်းရီက နောက်လှည့်ကာ ထွက်သွား၏။
ယွီနျန်က သူ့အနောက်မှ ချက်ချင်း အော်ဟစ်လိုက်သည်။ “သခင်လေး … အခုထိ သခင်လေးရဲ့ နာမည်ကို မသိရသေးဘူး။”
“မလိုပါဘူး၊ ကျုပ်နာမည်က ဖန် ပါ။” ဖန်ကျန်းရီက လက်ပြကာ ပြောလိုက်ပြီး သူ၏ကျောပြင်မှာ တံခါးဝတွင် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
ယွီနျန်က နက်ရှိုင်းစွာ တွေးတောနေသော မျက်နှာထားဖြင့် ကျန်ရစ်ခဲ့သည်။
သခင်လေးအရက်၊ ဖန်သခင်လေး... တကယ်ကို နက်နဲတဲ့ သူပဲ။