← Chapters

အခန်း ၅၁၉

Vol. 29 Ch. 519

အခန်း ၅၁၉

Vol. 29 Ch. 519

အပိုင်း (၅၁၉) ဆေးတုရောင်းသူ ဖန်ကျန်းရီ။

ချွန်းယွီရုံမှ ထွက်လာပြီးနောက် ဖန်ကျန်းရီက ဖူယွမ်တည်းခိုခန်းသို့ တန်းတန်းမတ်မတ် သွားလိုက်၏။

လူတစ်ရာကျော်ကို တည်းခိုခန်း နှစ်ခုတွင် ခွဲ၍ နေရာချထားသည်။ နေ့ခင်းဘက်တွင် အထူးတလည် ပြဿနာ မရှိပါက အားလုံး အပြင်ဘက်တွင် လှုပ်ရှားနေကြမည်။

ရှဲ့ရှန်း အပါအဝင် ကိုယ်လက်လှုပ်ရှားမှု သိပ်မရှိသူများကတော့ တည်းခိုခန်းထဲတွင် ကျန်ရစ်နေခဲ့၏။

သူထင်ထားသည့်အတိုင်းပင် ဖူယွမ်တည်းခိုခန်းသို့ ရောက်သောအခါ သိပ်မကြာခင်မှာပဲ ရှဲ့ရှန်းကို တွေ့လိုက်ရသည်။

ရှဲ့ရှန်းက အခန်းထဲတွင် တစ်စုံတစ်ခုကို ရေးခြစ်နေပြီး ဖန်ကျန်းရီကို မြင်သည်နှင့် ချက်ချင်း မတ်တပ်ရပ်လိုက်၏။

“ဘယ်လိုလဲ၊ သတင်းရပြီလား။” ဖန်ကျန်းရီက မေးလိုက်သည်။

ရှဲ့ရှန်းက ခေါင်းညိတ်လိုက်၏။ “ရပါပြီ၊ သခင်လေးလာတာ အချိန်ကိုက်ပဲ၊ မနက်ကမှ သတင်း ပြန်ရတာပါ။ မြို့ထဲမှာ သင်္ဘောတည်ဆောက်တဲ့ မိသားစု သိပ်မများဘူး၊ နာမည်ကြီးတာ ဆိုလို့ သုံးစုပဲ ရှိတယ်၊ ချူမိသားစု၊ ကျိုးမိသားစုနဲ့ ရွှီမိသားစု ပါ။”

“ချူမိသားစုကလည်း သင်္ဘောတည်ဆောက်တာလား။” ဖန်ကျန်းရီက အံ့အားသင့်စွာ မေးလိုက်သည်။

ချူအိမ်တော်တွင် နေလာသည်မှာ ရက်အနည်းငယ် ရှိနေပြီ ဖြစ်သော်လည်း ချူမိသားစုက မည်သည့်စီးပွားရေး လုပ်နေမှန်း သူ တကယ် မသိခဲ့ပေ။ တစ်ခါတလေ ကြားဖူးသလောက်တော့ သာမန် အရောင်းအဝယ် အလုပ်လောက်သာ ဖြစ်မည်ဟု ထင်ထားခဲ့၏။

“အင်း … သင်္ဘောတည်ဆောက်တာက ချူမိသားစုရဲ့ ဘိုးဘွားပိုင် လုပ်ငန်းပါ၊ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး ကျိုးမိသားစုကို မယှဉ်နိုင်လို့ ဒီအလုပ်ကို ဆက်မလုပ်တော့ဘူး။ ထူးခြားတာ မရှိဘူးဆိုရင် ဝူမင်းသားအတွက် သင်္ဘောတည်ဆောက်ပေးနေတာက ကျိုးမိသားစု ဖြစ်ရပါမယ်။”

“ဪ … ဘာလို့ အဲဒီလို ထင်ရတာလဲ။” ဤသို့ ပစ်မှတ်ကို မြန်မြန် ရှာတွေ့သွားလိမ့်မည်ဟု ဖန်ကျန်းရီ မထင်ထားခဲ့ချေ။

“ဘာလို့လဲဆိုတော့ ကျိုးမိသားစုက မကြာသေးခင်ကမှ မီးလောင်ပြီး လူသတ်ခံလိုက်ရလို့ပါ။” ရှဲ့ရှန်းက ပြန်ဖြေလိုက်သည်။

“...”

ဖန်ကျန်းရီက ရုတ်တရက် အလွန် ခါးသက်သွားသကဲ့သို့ ခံစားလိုက်ရ၏။

သူ ဒီမှာ ရှိနေခဲ့တာက သင်္ဘောတည်ဆောက်တဲ့ ပညာရှင်တွေကို ရချင်လို့ပဲ မဟုတ်ဘူးလား။

ဝူမင်းသား ဆိုတဲ့ ခွေးကောင်က တကယ်ကို အပေါက်အပြဲ မရှိအောင် လုပ်သွားတာပဲ၊ အခွင့်အရေး တစ်စက်လေး တောင် မပေးဘူး။

အစကနေ ပြန်ပြီး သင်္ဘောတည်ဆောက်ရမယ်ဆိုရင် အချိန်ဘယ်လောက်တောင် ကြာအုံးမလဲ မသိဘူး။ ဒီလို အရေးကြီးတဲ့ ကိစ္စက ရှေ့ဆက်လို့ ရရင် သေချာပေါက် ရှေ့ဆက်ရမှာပဲ။ ဘယ်လောက်ကြာကြာ စောင့်ရ စောင့်ရ လက်ခံနိုင်တယ်။

ဒါပေမဲ့ ဒီလိုရလဒ်မျိုး ထွက်လာလိမ့်မယ်လို့ တကယ် မထင်ထားခဲ့ဘူး။

ဖန်ကျန်းရီက သက်ပြင်းချကာ မတတ်သာစွာဖြင့် ပြောလိုက်၏။ “ထားလိုက်ပါတော့၊ ထားလိုက်ပါတော့။ ပစ္စည်းတွေ သိမ်းပြီး မြို့တော်ကို ပြန်ဖို့ ပြင်ကြတော့။”

“သခင်လေး မလောပါနဲ့အုံး။ ကျုပ်ပြောလို့ မဆုံးသေးဘူး။ ကျိုးမိသားစုဝင်တွေ အကုန် မသေသေးဘူး၊ လေးယောက် အသက်ရှင်ကျန်နေသေးတယ်။ အစိုးရရုံးက ကြေညာထားတာကတော့ သုံးယောက်က အဆင့်မြင့် သင်္ဘော တည်ဆောက်ရေးလက်သမားတွေ ဖြစ်ပြီး နောက်တစ်ယောက်က ကျိုးမိသားစုရဲ့ သခင်လေးတဲ့၊ ပိုင်ဆိုင်မှုလုရင်း မကျေမနပ်ဖြစ်ပြီး မီးရှို့တာလို့ ပြောတယ်၊ အခု သူတို့ကို ဖမ်းဝရမ်း ထုတ်ထားတယ်။”

“သင်္ဘော တည်ဆောက်ရေးလက်သမား မဟုတ်ဘူး ဆိုရင်တောင်မှ သူတို့က တန်ဖိုးရှိတဲ့သူတွေ ဖြစ်မှာ သေချာတယ်၊ မဟုတ်ရင် အစိုးရက ဖမ်းဝရမ်း ထုတ်မှာ မဟုတ်ဘူး။ အစိုးရထက် အရင် သူတို့ လေးယောက်ကို ကျုပ်တို့ ရှာတွေ့ဖို့ အခွင့်အရေး ရှိပါသေးတယ်။” ရှဲ့ရှန်းက ရှင်းပြလိုက်သည်။

သင်္ဘော တည်ဆောက်ရေးလက်သမား။

ဖန်ကျန်းရီ ချက်ချင်း စိတ်လှုပ်ရှားသွား၏။

သင်္ဘော တည်ဆောက်ရေးလက်သမားတွေသာ ဖြစ်မယ်ဆိုရင် ဒီခရီးစဉ်က အလကား မဖြစ်တော့ဘူး၊ ဆက်ပြီး စုံစမ်းဖို့ တန်ဖိုး ရှိသေး၏။

“အရမ်းကောင်းတယ်။ ဆက်ရှာ .. ဆက်ပြီး စုံစမ်း။ ညီအစ်ကိုတွေကို အလုပ်မြန်မြန် လုပ်ခိုင်းလိုက်၊ အစိုးရထက် အရင် အဲဒီ လေးယောက်ကို အရင် ရှာတွေ့အောင် လုပ်။”

ရှဲ့ရှန်းက ရုတ်တရက် အခက်တွေ့နေသည့် မျက်နှာဖြင့် ပြောလိုက်သည်။ “သခင်လေး... ဟိုလေ... ကျုပ်တို့ဆီမှာ ပိုက်ဆံ မရှိတော့ဘူး။ ညီအစ်ကိုတွေက တောင်ပေါ်မှာတုန်းက သူတို့ရဲ့ ဗလကြွက်သားတွေ ကျသွားတယ်လို့ ပြောကြတယ်။ ငတ်နေတဲ့ တစ္ဆေတွေ ဝင်ပူးနေသလိုပဲ နေ့တိုင်း အဆက်မပြတ် စားနေကြတာ၊ ငွေတွေ အကုန် ကုန်သွားပြီ... မနက်ဖြန် အခန်းခတောင် ပေးနိုင်ပါ့မလား မသိဘူး။ သခင်လေးဆီမှာ အခု ပိုက်ဆံ ရှိသေးလား။”

ဖန်ကျန်းရီက အနည်းငယ် မျက်မှောင် ကုတ်လိုက်၏။ “ကျုပ်မှာ ဘယ်က ပိုက်ဆံ ရှိမှာလဲ။ နောက်နှစ်ရက်နေရင် ပိုက်ဆံ အများကြီး ရတော့မှာပါ။ ခင်ဗျား တို့ နည်းနည်းတော့ ချွေတာသုံးကြစမ်းပါ။ ထားလိုက်တော့။ ဒီညတော့ ညီအစ်ကိုတွေအတွက် ငွေအရင်ရအောင် ကျုပ် နည်းလမ်းရှာပေးမယ်။ ညီအစ်ကိုတွေကိုတော့ အငတ်မခံနိုင်ပါဘူး။ ပါလာတဲ့ လူတွေထဲမှာ မြင်းဆေး ဖော်စပ်တတ်တဲ့သူ ရှိလား။”

(WY မဟုတ် ကာမ အားတိုးဆေး)

“ကျုပ်တတ်တယ်လေ။” ရှဲ့ရှန်းက ပြန်ဖြေလိုက်သည်။

ဖန်ကျန်းရီက ရယ်လိုက်သည်။ ကြည့်ရတာ ရှဲ့ရှန်းက တကယ်ပဲ ကျောက်ကပ် အားနည်းနေတာပဲ။ အားနေရင် ဒီဆေးဖော်စပ်နည်းကို ကိုယ်တိုင် လေ့လာနေတာကိုး။

“ဒါဆိုလည်း ပြီးတာပဲ။ ကျုပ် ခင်ဗျား ကို ငွေတစ်တေလ်း ပေးခဲ့မယ်။ ခင်ဗျား သွားပြီး အရက်နည်းနည်း ဝယ်၊ ပြီးရင် မြင်းဆေး နည်းနည်း ဖော်စပ်ပြီး အရက်ထဲ ရောလိုက်။ ဒီည ခင်ဗျားတို့ကို ပြည့်တန်ဆာရုံ ခေါ်သွားပြီး အရက်ရောင်းမယ်။ အရင်ဆုံး ပိုက်ဆံ အများကြီးရအောင် လုပ်ကြတာပေါ့။ ဪ .. ဒါနဲ့ မော်ဒယ် တစ်ယောက်လည်း လိုသေးတယ်၊ ညကျရင် ကျုပ်ပြန်လာခဲ့မယ်၊ ကျိုးထျဲ့ ပြန်လာရင် သူ့ကို ပေးမထွက်နဲ့တော့။ ကျုပ်ပြန်သွားပြီး နည်းနည်း စီစဉ်လိုက်အုံးမယ်။”

ရှဲ့ရှန်း ပြန်မပြောရသေးခင်မှာပင် ဖန်ကျန်းရီက နောက်လှည့်ကာ ကျောင်းတော်သို့ အလျင်စလို ထွက်သွားခဲ့၏။

ယခု ချက်ချင်း ကြော်ငြာစာရွက် အသစ်တစ်ခု ထပ်ရေးပြီး လိမ်ညာ... အဲလေ၊ နတ်ဆေးရည်ကို ကြော်ငြာဖို့ လိုအပ်နေပြီ။ ညကျရင် ချွန်းယွီရုံကိုသွားပြီး လှုပ်ရှားလိုက်ရင် အဆင်ပြေသွားပြီ။

မူလက ယွီနျန်ဆီကနေ ငွေနည်းနည်း ချေးဖို့ စဉ်းစားထားသော်လည်း၊ လူကြီးလူကောင်း ပုံစံ ဖမ်းထားပြီးမှ ငွေသွားချေးလျှင် အဆင့်အတန်း ကျသွားလိမ့်မည်။ ထိုသို့လုပ်၍မဖြစ်ပေ။

...

သိပ်မကြာခင်မှာပဲ လတ်လတ်ဆတ်ဆတ် ရေးသားထားသော ကြော်ငြာစာရွက် အသစ်လေး ထွက်ပေါ် လာခဲ့သည်။

မိုးမချုပ်ခင် လိုင်ကော်အာကို သူတောင်းစားများထံ သွားခိုင်းပြီး လမ်းမပေါ်တွင် ကပ်ခိုင်းလိုက်၏။

အရက်နတ်ဆိုးဆိုသည့် နာမည်က တစ်မြို့လုံးတွင် နာမည်ကြီးနေပြီဖြစ်ရာ ပြည်သူအများစုက ဤကစားစရာလေး များကိုသာ အားထားပြီး အသက်ရှင်နေကြရသည်။

ကြော်ငြာစာရွက် ကပ်ပြီးသည်နှင့် ပုံမှန်အတိုင်း ဘေးပတ်ဝန်းကျင်မှ ပြည်သူများက လာရောက် ဝိုင်းအုံလာကြ၏။

အစပိုင်းတွင် စာတတ်ပေတတ်များက ရှင်းပြရန် ဝန်လေးနေကြသော်လည်း လူအများစုထဲတွင် ထင်ပေါ်ကျော်ကြားလိုသူများ အမြဲတမ်း ရှိနေတတ်သည်။

ထို့ကြောင့် ခေါင်းကို ယမ်းကာ ကြော်ငြာစာရွက်ပေါ်ရှိ အကြောင်းအရာများကို စတင် ရှင်းပြလာခဲ့၏။

“ဟင် … ဒီနေ့ နတ်ဆိုးကြီးက ချွန်းယွီရုံမှာ ကိုယ်တိုင် လာမယ်တဲ့၊ ပြီးတော့ သူ့ရဲ့ လျှို့ဝှက်နည်းလမ်းတွေကို သင်ပေးပြီး တူညီတဲ့ လမ်းကြောင်းပေါ်က လူတွေကို အကျိုးပြုမယ်လို့ ကြေညာထားတယ်။”

“အပေါ်မှာ ဘာတွေ ရေးထားတာလဲ။ ရှင်းအောင် ပြောပြပါလား၊ မဟုတ်ရင် ကျုပ်တို့ နားမလည်ဘူးဗျ။” နေရာတကာပါချင်သော စာမတတ်သူ တစ်ယောက်က ပြောလိုက်သည်။

စာတတ်ပေတတ်က မျက်လုံးကို ပွတ်ကာ သေချာစွာ စတင် ဖတ်ရှုလိုက်သည်။ အသေအချာ ဖတ်လိုက်သည်နှင့် တစ်ပြိုင်နက် လေအေးတစ်ချက် ရှူသွင်းလိုက်မိ၏။

“မိသားစု အမွေအနှစ်၊ နှစ်ထောင်ချီ သက်တမ်းရှိတဲ့ ရှေးဟောင်း ဆေးဖော်စပ်နည်းကို လောကကြီးမှာ ပြန်လည် ဖော်ထုတ်မယ်တဲ့။ အရက်နတ်ဆိုးကြီးက ဘိုးဘွားတွေရဲ့ အလိုဆန္ဒနဲ့ ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်ပြီး မိသားစု လျှို့ဝှက် နတ်ဆေးကို အများသိအောင် ထုတ်ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်တဲ့။

ဒါလေး ရှိရင် ခင်ဗျား က မျက်လှည့်ပြသလို ကြီးမားသန်မာလာပြီး ကြမ်းတမ်းလာလိမ့်မယ်။ အုတ်နံရံ အထူကြီး ဖြစ်နေရင်တောင် အပေါက်ကြီး တစ်ပေါက် ဖြစ်သွားအောင် ထိုးဖောက်နိုင်မယ်။ လောကက မိန်းမသားတိုင်းကို စိတ်လှုပ်ရှား ရင်ခုန်သွားစေဖို့ လုံလောက်တယ်။ ခင်ဗျားက အသက် ခြောက်ဆယ် ကျော်နေပြီ ဆိုရင်တောင် လူပျိုပေါက် အရွယ်ရဲ့ ခွန်အားတွေကို အံ့ဖွယ် ပြန်လည် ရရှိလာလိမ့်မယ်။

မထင်မှတ်ထားတဲ့ အချိန်မှာ ခင်ဗျား ရဲ့ အဘွားကြီးက လေပြင်းတိုက်ခံရတဲ့ ပန်းလေးလို ဖြစ်သွားပြီး အံ့ဩစရာ ကောင်းတဲ့ ခံစားချက်တွေကြားမှာ စိုးရိမ်ပူပန်မှုတွေ၊ ကြောက်ရွံ့မှုတွေနဲ့ အများကြီး ရောနှောသွားလိမ့်မယ်။

သူတို့တွေ ခံနိုင်ရည် မရှိတော့ပေမဲ့ လွန်ကဲတဲ့ ပျော်ရွှင်မှုတွေကို ခံစားရမယ်၊ နတ်ပြည်ရောက်သွားသလို သာယာမှု၊ လှပတဲ့ တုန်ရီမှု၊ မူးယစ်မှု... ကျင်းတိုင်းပြည်ရဲ့ ဂုဏ်ယူစရာ၊ ယောက်ျားတွေရဲ့ လိုအပ်ချက်၊ မိန်းမတွေရဲ့ အော်ဟစ်သံ။

ဒါလေးရှိရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာပြီး၊ သန်မာလာစေမယ်။ ကျင်းတိုင်းပြည်ရဲ့ လိင်တံဘုရင်ကြီး ဖြစ်လာစေမယ်။

ဒီနေ့ည ရှစ်နာရီ ချွန်းယွီရုံကို လာခဲ့ပါ။ နတ်ဆေး ထွက်ပေါ်လာတာကို အတူတူ သက်သေခံကြပါ။ လောကက လူတိုင်း သံမဏိယောက်ျားတွေ ဖြစ်လာဖို့ အခွင့်အရေးရှိတယ်၊ ပန်းသေပန်းညှိုးရောဂါကို တွန်းလှန်စို့။”

စာတတ်ပေတတ် ဖတ်ပြပြီးသောအခါ လူတိုင်း ကြောင်အမ်းသွားကြပြီး လေထုကြီးက တိတ်ဆိတ်သွားခဲ့သည်။

မလုံခြုံမှု၊ လှုပ်ရှားမှု။ ပြင်းထန်သော မလုံခြုံမှုများနှင့် လှုပ်ရှားမှုများက လေထုထဲတွင် ပြည့်နှက်နေ၏။

နားထောင်နေသော ပြည်သူတိုင်း၏ အသက်ရှူသံများ ပြင်းထန်လာကြသည်။ လောကရှိ မည်သည့် ယောက်ျားက ကျင်းတိုင်းပြည်၏ လိင်တံဘုရင် မဖြစ်ချင်ဘဲ နေမည်နည်း။

စကားတစ်ခွန်းချင်းစီက ဖြူစင်သော ပြည်သူများ၏ ရင်ဘတ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ စကားစု တစ်စုချင်းစီက လူများ၏ ရင်ထဲရှိ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်ကို ပြင်းထန်စွာ ရိုက်ခတ်သွားသည်။

ဖန်ကျန်းရီက သူကြုံတွေ့ခဲ့ဖူးသော တတိယတန်းစား ကြော်ငြာများ၊ သန်းခေါင်ယံ ရေဒီယို အစီအစဉ်များနှင့် အမှာစာ ရုပ်သံလိုင်းများ၏ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုများမှ ရရှိလာသော အနှစ်သာရ အားလုံးကို ဤစာရွက်ငယ်လေး တစ်ရွက်ပေါ်တွင် စုစည်းထားခြင်း ဖြစ်၏။

စက္ကူဖြူလေးလို ဖြူစင်သည့် ကျင်းတိုင်းပြည်မှ ပြည်သူများကို မဆိုထားနှင့် နှစ်ဆယ်ရာစုနှစ်က လူများပင်လျှင် ခံနိုင်ရည် ရှိမည် မဟုတ်ပေ။

“ဒါက တကယ် ဖြစ်နိုင်လို့လား။ ပြောတာက အရမ်း အံ့ဩစရာ ကောင်းလွန်းနေတယ်။” ချက်ချင်းပင် တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“တကယ် ဖြစ်မှာပေါ့။ မဟုတ်ရင် သူက ဘယ်ကနေ ခွန်အားတွေ အများကြီး ရလာပြီး ပြည့်တန်ဆာရုံ အများကြီးကို သွားနိုင်မှာလဲ၊ ခင်ဗျား လုပ်နိုင်လို့လား။” အခြားသူက ထောက်ခံလိုက်၏။

“ကျုပ်မှာ ပိုက်ဆံရှိရင်တော့ လုပ်နိုင်တာပေါ့။” နောက်တစ်ယောက်က ဝင်ပြောလိုက်သည်။

ချက်ချင်းဆိုသလိုပင် လမ်းမပေါ်တွင် ဆူညံသွားခဲ့၏။

လူတိုင်း၏ မျက်နှာများမှာ အလွန် စိတ်လှုပ်ရှားနေကြပြီး နတ်ဆေး သုံးစွဲပြီးနောက် ရရှိလာမည့် အံ့ဖွယ် အကျိုးသက်ရောက်မှုများကို စိတ်ကူးယဉ်နေကြသည်။

တစ်မြို့လုံးရှိ ချမ်းသာကြွယ်ဝသော နေရာများ အားလုံးတွင် ပြင်းထန်စွာ ဆွေးနွေးနေကြပြီး သိပ်မကြာခင်မှာပဲ ကျောင်းတော်အတွင်း၌လည်း စတင် ပျံ့နှံ့လာခဲ့၏။

ဖန်ကျန်းရီက ကျောင်းတော်အတွင်း လမ်းလျှောက်နေရင်း ထိုလူငယ် ကျောင်းသားများ၏ စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်ကို ကြားလိုက်ရသောအခါ အလိုလို ပြုံးလိုက်မိသည်။

အရမ်းကောင်းတယ်၊ ကြည့်ရတာ ဒီည တော်တော် အဆင်ပြေမယ့် ပုံပဲ။

All Chapters