← Chapters

အခန်း ၅၂၀

Vol. 29 Ch. 520

အခန်း ၅၂၀

Vol. 29 Ch. 520

အပိုင်း (၅၂၀) ခုနစ်ရက် မဟာနတ်ဆေး။

အချိန်တွေက အလွန်မြန်ဆန်စွာ ကုန်ဆုံးသွားပြီး ဖန်ကျန်းရီ တစ်ယောက် အလုပ်ခွင်ကနေ ထပ်မံ ထွက်ပြေးလာခဲ့၏။

ချူယိုယီကို အကြောင်းပြချက် အနည်းငယ်ပေးကာ ဖူယွမ်တည်းခိုခန်းသို့ တန်းတန်းမတ်မတ် သွားရောက်ခဲ့သည်။ လူအများနှင့် တွေ့ဆုံပြီးနောက် ချွန်းယွီရုံ အတွင်းသို့ ရောက်ရှိသွားသည်။

ချွန်းယွီရုံအတွင်းတွင် လူများ ပြည့်နှက်နေပြီး ခြေချစရာ နေရာပင် မရှိတော့လောက်အောင် ကြိတ်ကြိတ်တိုး စည်ကားနေကာ ပွဲတော်တစ်ခုခုနှင့်ပင် တူနေ၏။

မိန်းမများထက် ယောက်ျားများက အလွန် များပြားနေသည်။

ဝန်ဆောင်မှုပေးမည့်သူ မရှိသဖြင့် သုံးလေးယောက် စုကာ စကားပြောနေကြသည်။ တစ်ချို့က စင်မြင့်ပေါ်မှ အကအခုန်များကို ကြည့်ရှုနေကြပြီး အားလုံး၏ စိတ်အားထက်သန်မှုမှာ အလွန် မြင့်မားနေဆဲ ဖြစ်၏။

ယွီနျန်က တံခါးဝတွင် အစောတည်းက စောင့်ဆိုင်းနေပြီး ဖန်ကျန်းရီကို မြင်သည်နှင့် အလွန် နွေးထွေးစွာ ကြိုဆိုလိုက်သည်။

သို့သော်ငြား တိုးညင်းစွာဖြင့် အနည်းငယ် မကျေမနပ် ပြောလိုက်၏။

“သခင်လေးဖန်၊ သခင်လေး ရောက်လာပြီပဲ။ ဒီနေ့ ချွန်းယွီရုံမှာ လူတွေ အရမ်း များနေတယ်။ အဲဒီ ကြော်ငြာစာရွက်ကို ထုတ်တုန်းက ကျွန်မကို ဘာလို့ အသိမပေးရတာလဲ။ သခင်လေး ပြောတဲ့ နတ်ဆေး ဆိုတာ ဘာလဲ ကျွန်မလည်း သိချင်တာပေါ့။”

ဖန်ကျန်းရီက ပြုံးကာ ပြန်ဖြေလိုက်သည်။ “တောင်းပန်ပါတယ် ယွီနျန် … နောက်တစ်ခါ မဖြစ်စေရပါဘူး။ ဒီနေ့ ခင်ဗျားရဲ့ စင်မြင့်ကို ခဏ ငှားသုံးပါရစေ၊ ခဏနေရင် ကျုပ် လူတွေ ပစ္စည်းတွေ လာပို့လိမ့်မယ်၊ ခင်ဗျား လူလွှတ်ပြီး သေချာ လက်ခံပေးပါအုံး။”

“ရပါတယ်။ ပြဿနာ မရှိပါဘူး။ သခင်လေးအတွက် နေရာ ဖယ်ထားပြီးပါပြီ။ အထဲဝင်ပါရှင် … ဒီနေ့ ရုံထဲက ဧည့်သည်တွေ အကုန်လုံးက သခင်လေးရဲ့ မျက်နှာကို မြင်ချင်နေကြတာပါ။” ယွီနျန်က ချွဲနွဲ့စွာ ပြုံးပြီး ပါးစပ်ကို အုပ်လိုက်၏။

“ကျုပ် မျက်နှာပြ၊ မပြ ဆိုတာက နောက်မှ ပြောမယ်။ လောလောဆယ်တော့ ပြဖို့ အစီအစဉ် မရှိသေးဘူး။” ပြောပြီးသည်နှင့် ဖန်ကျန်းရီက ယွီနျန် ညွှန်ပြသော နေရာသို့ လျှောက်သွားလိုက်သည်။

ရှေ့တွင် အမြင်အာရုံ အလွန် ကောင်းမွန်သော လွတ်နေသည့် နေရာတစ်ခု ရှိပြီး ကချေသည်များ၏ ပေါင်ရင်းအထိပင် မြင်နိုင်စွမ်း ရှိ၏။

ဖန်ကျန်းရီက အေးဆေးစွာ ဝင်ထိုင်လိုက်ပြီး အကအခုန်များကို ကြည့်ရှုနေသည်။

ကျောက်လျဲ့နှင့် ရှဲ့ရှန်းတို့က လက်ဖက်ရည်ကို တည်ငြိမ်စွာ သောက်ရင်း စင်မြင့်ပေါ်သို့ ကြည့်နေကြ၏။

ကျိုးထျဲ့ တစ်ယောက်သာ မျက်နှာရှုံ့မဲ့ကာ မေးနေသည်။

“သခင်လေး... ကျုပ် မတက်ရင် မရဘူးလား။”

“မရဘူး။ ခင်ဗျား မတက်ရင် ကျုပ် တက်ရမှာလား။ ဒီလောက် ရှက်စရာကောင်းတဲ့ အလုပ်ကို ကျုပ် မလုပ်ချင်ဘူး။” ဖန်ကျန်းရီက ခပ်ပေါ့ပေါ့ပင် ပြောလိုက်၏။

“……” ကျိုးထျဲ့။

“ကျုပ်လည်း မလုပ်ချင်ဘူးလေ။ ရှဲ့ရှန်းက ကျုပ်ထက် စကားပြော ပိုကောင်းတယ်လို့ ထင်တာပဲ။” ပြောပြီးသည်နှင့် ကျိုးထျဲ့က ရှဲ့ရှန်းကို တစ်ချက် ကြည့်လိုက်သည်။

“သူက အရမ်း ပိန်တယ်။ ကြည့်ရတာ ကျောက်ကပ် အားနည်းနေတဲ့ပုံ ပေါက်နေတယ်။ ဖောက်သည်တွေက ကျုပ်တို့ ပစ္စည်းကို ယုံကြည်ပါ့မလား။ ခင်ဗျားက ကြည့်ရတာ သန်မာတယ် ဆိုတော့ သေချာပေါက် အဆင်ပြေမှာပါ။ ကျန်းပြောင်တောင် ခင်ဗျားကို မယှဉ်နိုင်ဘူး။”

ရှဲ့ရှန်း၏ မျက်နှာမှာ ချက်ချင်း ရှုံ့မဲ့သွား၏။

“တကယ်လား။” ကျိုးထျဲ့၏ မျက်လုံးများ တောက်ပသွားသည်။

“ဒါပေါ့ .. ကျုပ် ခင်ဗျားကို လိမ်ပါ့မလား။ ကျန်းပြောင် လေ့ကျင့်ထားတာတွေက ကြွက်သားသေတွေလေ၊ ခင်ဗျား ခန္ဓာကိုယ်ရဲ့ ကြွက်သား အချိုးအစားတွေက သူ့ထက် အများကြီး ပိုလှတယ်။ ပြီးတော့ သူက အရိုးတစ်ချောင်းတည်း။ ခင်ဗျားက အရိုးနှစ်ချောင်းလေ။” ဖန်ကျန်းရီက အဆက်မပြတ် မြှောက်ပင့်နေ၏။

“ဟုတ်တာပေါ့။” ကျိုးထျဲ့က ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။ သို့ပေမည့် ဤမျှ အရှက်ရစရာ ကောင်းသော အလုပ်ကိုတော့ သေချာ စဉ်းစားရဦးမည်။

ဘေးနားရှိ ကျောက်လျဲ့က ဝင်ပြောလိုက်၏။ “အစ်ကိုထျဲ့က အရည်အချင်း ရှိပေမဲ့ အစ်ကိုပြောင်ကိုတော့ မယှဉ်နိုင်ပါဘူး။”

ဖန်ကျန်းရီက သူ့ကို မျက်စောင်းထိုးကာ ပြောလိုက်သည်။

“ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ။ အဲဒါ ကျိုးထျဲ့က ကျန်းပြောင်ကို အလျှော့ပေးထားတာလေ။ ကျန်းပြောင်က အရိုးတစ်ချောင်းတည်းနဲ့ ကျိုးထျဲ့ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။”

ကျိုးထျဲ့က ရယ်ကျဲကျဲဖြင့် ပြောလိုက်၏။ “သခင်လေး သိရင် ပြီးတာပါပဲ၊ သူ့ကို နိုင်တာပေါ့ဗျာ။”

“ကဲ .. ဒီလောက် အချိန်ရနေတာ။ စကားပြောနည်းတွေကို မြန်မြန် အလွတ်ကျက်ထားစမ်းပါ။ ခဏနေ စင်ပေါ်ရောက်ရင် ကျုပ်မျက်နှာ မပျက်စေနဲ့နော်။”

ကျိုးထျဲ့က ရင်ဘတ်ထဲမှ စာရွက်လေး တစ်ရွက်ကို အလျင်အမြန် ထုတ်ကာ တုန်ယင်စွာဖြင့် စတင် အလွတ်ကျက်နေပြီး ပါးစပ်မှလည်း ရေရွတ်နေသည်။

“လူတွေ အရမ်း များတယ်၊ လူတွေ အရမ်း များတယ်၊ ကျုပ်တကယ် စိတ်လှုပ်ရှားနေပြီ။”

“သခင်လေးက ခင်ဗျားကို ယုံတယ်။ ခင်ဗျားက အကောင်းဆုံးပဲ။ ဒီနေ့ အောင်မြင်သွားရင် ခင်ဗျားက တောက်ယွမ်ခရိုင်ရဲ့ လိင်တံဘုရင်ကြီး ဖြစ်သွားပြီ။ သခင်လေးက ခင်ဗျားအတွက် မိန်းကလေး ဆယ်ယောက်လောက် ရှာပေးပြီး မြို့ထဲမှာ ပျော်ပါးခိုင်းမယ်။” ဖန်ကျန်းရီက ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။

“သခင်လေး .. ကတိနော်။” ကျိုးထျဲ့ အလွန် ဝမ်းသာသွားသည်။

ရှဲ့ရှန်းက လှောင်ပြုံး ပြုံးလိုက်ပြီး သရော်သည့်ဟန်ဖြင့် ပြောလိုက်၏။

“ဆယ်ယောက်။ မင်း လုပ်နိုင်လို့လား။”

ကျိုးထျဲ့ စကားမပြောခင်မှာပင် ဖန်ကျန်းရီက အရင် ပြောလိုက်သည်။ “ဘာလို့ မလုပ်နိုင်ရမှာလဲ။ ကျိုးထျဲ့ရဲ့ ခန္ဓာကိုယ်နဲ့ တစ်ယောက်တည်းကို တစ်ညလုံး ဆယ်ခါလောက် လုပ်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူးပေါ့။ ဒါပေမဲ့ ဆယ်ယောက်ကို တစ်ယောက် တစ်ခါစီ လုပ်ဖို့ဆိုရင်တော့ သေချာပေါက် ပြဿနာ မရှိဘူး။”

“အဲဒါ အတူတူပဲ မဟုတ်ဘူးလား။” ရှဲ့ရှန်းက ပြန်လည် ငြင်းဆိုလိုက်၏။

“ဘယ်လိုလုပ် အတူတူပဲ ဖြစ်မှာလဲ၊ အဲဒါကို အမြင်အာရုံ လှည့်စားခြင်းလို့ ခေါ်တယ်၊ အားလုံးက သိပ္ပံပညာတွေပဲ၊ ခင်ဗျား နားမလည်ပါဘူး။” ဖန်ကျန်းရီက ပြောလိုက်သည်။

တစ်ချိန်လုံး စကားမပြောသော ကျောက်လျဲ့က စကားစလိုက်၏။

“တကယ်ပဲ အဲဒီလို ဖြစ်နိုင်တယ်၊ ခရိုင်ထဲမှာ ကြက်တွေ မျိုးစပ်တဲ့ အချိန်တုန်းက ကျုပ်လေ့လာကြည့်ဖူးတယ်၊ ကြက်ဖက ကြက်မ တစ်ကောင်တည်းကို အကြာကြီး မလုပ်နိုင်ဘူး။ ဒုတိယ အကြိမ်ဆို မရတော့ဘူး။ ဒါပေမဲ့ ကြက်မ အသစ် တစ်ကောင် ပြောင်းပေးလိုက်တာနဲ့ သူ ချက်ချင်း ပြန်လုပ်နိုင်သွားတယ်။”

“ကြားတယ်မလား။ ယောက်ျားတွေ မိန်းမကြိုက်တာက ကြက် မျိုးရိုးဗီဇကြောင့်ပဲ။” ဖန်ကျန်းရီက ရှဲ့ရှန်းကို စောင်းကြည့်ကာ ပြောလိုက်သည်။

ရှဲ့ရှန်း၏ မျက်နှာပေါ်တွင် အံ့အားသင့် တုန်လှုပ်မှုများ ပေါ်လွင်နေ၏။

“ဒါ... သိပ္ပံပညာက တကယ်ကို အံ့ဩစရာ ကောင်းတာပဲ။”

သူတို့ စကားပြောနေစဉ်မှာပင် စားပွဲထိုးလေး တစ်ယောက်က ရှေ့တိုးလာပြီး အရက်အိုး သေးသေးလေး အနည်းငယ်နှင့် လှပသော အရက်ခွက်များကို ဖန်ကျန်းရီ အရှေ့တွင် ချပေးကာ ရိုသေစွာ ပြောလိုက်သည်။

“သခင်လေးဖန် … ဒါက သခင်လေးအတွက် အထူး ပြင်ဆင်ထားတဲ့ စပျစ်ရည်ပါ၊ ယွီနျန် အထူး သိမ်းဆည်းထားတဲ့ အရက်ပါ။ မလောက်ရင် အချိန်မရွေး ထပ်တောင်းလို့ ရပါတယ်။ ပြီးတော့ သခင်လေးရဲ့ လူတွေက ပစ္စည်းတွေ လာပို့ပါပြီ၊ ကျုပ်တို့ အနောက်ဘက် ခြံဝင်းထဲမှာ နေရာချထားပေးပါပြီ”

“အင်း။” ဖန်ကျန်းရီက လက်ထဲတွင် ကျန်နေသော ကြေးပြား အနည်းငယ်ကို စားပွဲထိုးလေး၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး ပြန်နှင်ထုတ်လိုက်၏။

ထို့နောက် အရက်အိုးကို ယူကာ ကျိုးထျဲ့တို့ကို ကမ်းပေးလိုက်သည်။

“လာ .. စပျစ်ရည် မြည်းကြည့်။ ဒီဟာကို ပုံမှန်ဆိုရင် ကျုပ်လည်း သိပ်မသောက်ဖူးဘူး။”

အရက်သောက်ခြင်းနှင့် ပတ်သက်၍ ဖန်ကျန်းရီက ပုံမှန်အားဖြင့် အရက်ဖြူများကိုသာ သောက်လေ့ရှိပြီး ဆန်အရက် အသောက်များကာ တောက်ယွမ်ခရိုင်တွင် စပျစ်ရည် ချက်လုပ်လေ့ မရှိပေ။

စပျစ်ရည်က အရက်ဖြူလောက် ကြာရှည်မခံဘဲ အနည်းငယ် သိမ်းဆည်းမှု မှားယွင်းပါက အလွယ်တကူ ပျက်စီး ချဉ်စူးသွားတတ်သဖြင့် အပြင်တွင် ရောင်းချသော စပျစ်ရည်များက အလွန် ဈေးကြီးလေ့ ရှိ၏။

သူတို့က သိပ်ပြီး အသေးစိတ် မစဉ်းစားကြဘဲ အရက်ခွက်များကို ဘေးဖယ်ထားကာ အရက်အိုးကို ကိုင်ပြီး ပါးစပ်ထဲသို့ တိုက်ရိုက် မော့သောက်လိုက်ကြသည်။

ဖန်ကျန်းရီက တစ်ငုံ သောက်လိုက်ပြီး နှုတ်ခမ်းကို သပ်ကာ ပြုံးလိုက်၏။

“အင်း၊ ဒီအရက်က တကယ် မဆိုးဘူးပဲ၊ စားပွဲထိုး … နောက်ထပ် အိုးအနည်းငယ် ထပ်ယူလာခဲ့။”

ကျိုးထျဲ့က ရေငတ်နေသကဲ့သို့ တဂွတ်ဂွတ် မော့သောက်လိုက်ရာ အရက်အိုးငယ်လေး ချက်ချင်း ကုန်သွားသည်။ ဂေ့တစ်ချက်တက်ပြီး ပတ်ဝန်းကျင်ကို ကြည့်ကာ မေးလိုက်သည်။ “သခင်လေး .. ကျုပ်တက်ရတော့မလား။”

ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ စတင် ဆူညံလာကြပြီ ဖြစ်၏။

အချိန်ရောက်နေပြီ ဖြစ်သော်လည်း အရက်နတ်ဆိုးကြီး အဘယ့်ကြောင့် ထွက်မလာသေးသနည်း။

လူအများက အဆက်မပြတ် အော်ဟစ်နေကြသည်။

“မင်းတို့ ချွန်းယွီရုံက ကြော်ငြာ အတုတွေ လျှောက်ကပ်ထားတာလား။ နတ်ဆေး ဘယ်မှာလဲ။ ဒီနေ့ အရက်နတ်ဆိုးကြီး လာမှာလား၊ မလာဘူးလား။”

“ဟုတ်တယ်။ ဟုတ်တယ်။ ထိုင်စရာ နေရာတောင် မရှိဘူး၊ မင်းတို့ ပြည့်တန်ဆာရုံက ဧည့်သည်တွေကို ဒီလိုပဲ ဆက်ဆံသလား။”

“မြန်မြန်လုပ်ပါကွာ။ ငါ စောင့်ရတာ ပန်းတွေတောင် ညှိုးကုန်ပြီ။”

...

အသံများ ပိုမို ကျယ်လောင်လာပြီး ယွီနျန်လည်း အနည်းငယ် စိုးရိမ်လာကာ အဝေးမှနေ၍ ဖန်ကျန်းရီကို မျက်ရိပ်ပြနေ၏။

ဖန်ကျန်းရီက ယွီနျန်၏ အကြည့်ကို သတိပြုမိသွားပြီး ကချေသည်များကို ဆင်းသွားရန် လက်ဝှေ့ယမ်းပြလိုက်ကာ ဘေးနားရှိ ကျိုးထျဲ့ကို လက်ဖြင့် တွန်းလိုက်သည်။

“ပြင်ဆင်ပြီးရင် တက်တော့လေ။”

ကျိုးထျဲ့က လေးနက်သော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်ပြီး ရင်ဘတ်ထဲမှ ခွက်ငယ်လေး တစ်ခုကို ထုတ်ကာ အံကြိတ်၍ အင်္ကျီကို ဆွဲချွတ်လိုက်၏။

ထို့နောက် ခွက်ငယ်လေးထဲမှ အရာများကို ကိုယ်ပေါ်သို့ သုတ်လိမ်းလိုက်ရာ သိပ်မကြာခင်မှာပဲ လူတစ်ကိုယ်လုံး ပြောင်လက်တောက်ပလာသည်။

ထို့နောက် စင်ပေါ်သို့ ခုန်တက်သွားပြီး လက်နှစ်ဖက်ကို မြှောက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“အားလုံးပဲ စိတ်အေးအေး ထားကြပါ။ အရက်နတ်ဆိုးကြီး ရောက်နေပါပြီ။ ဒီနေ့တော့ နတ်ဆိုးကြီး ကိုယ်စား ကျုပ်က နတ်ဆေး အကြောင်းကို မိတ်ဆက်ပေးသွားမှာပါ၊ အခု ချက်ချင်း စတင်ပါတော့မယ်။”

ပြောပြီးသည်နှင့် သန်မာသော ကြွက်သားများကို ပြသသည့် ကိုယ်နေဟန်ထားကို ဖန်တီးလိုက်သည်။

ပေါက်ကွဲထွက်မတတ် ဖြစ်နေသော ကြွက်သားများ၊ ပြီးပြည့်စုံသော အချိုးအစားများက ထင်ရှားစွာ ပေါ်လွင်နေပြီး အလွန် ကြမ်းတမ်းလှ၏။

စင်အောက်မှ မိုးခြိမ်းသံကဲ့သို့ လက်ခုပ်သံများ ချက်ချင်း ထွက်ပေါ်လာပြီး ထိုအထဲတွင် ဖန်ကျန်းရီ၏ လေချွန်သံလည်း ပါဝင်နေသည်။

ရှဲ့ရှန်းက စင်ပေါ်သို့ ကြည့်ကာ ခေါင်းကို တစ်ဖက်သို့ လှည့်ပြီး ကျောက်လျဲ့ကို မေးလိုက်၏။ “သူ ကျန်းပြောင်ကို အတုခိုးနေတာလား။”

ကျောက်လျဲ့က သေချာ အကဲခတ်ကြည့်ပြီးနောက် တည်ကြည်စွာ ဖြေလိုက်သည်။ “သေချာပေါက် ဟုတ်တယ်။”

ကျိုးထျဲ့က ခန္ဓာကိုယ် အနေအထား နှစ်ခုလောက်ကို ထပ်မံ ဖန်တီးပြီးနောက် အသံသြသြဖြင့် ပြောလိုက်၏။

“ခင်ဗျားက တောင့်တင်းမှု အားနည်းလို့ စိတ်ညစ်နေတာလား။ ခင်ဗျားက အချိန်တိုလွန်းလို့ အရှက်ရနေတာလား။”

စကားစလိုက်သည်နှင့် စင်အောက်ရှိ ဖန်ကျန်းရီတို့ သုံးယောက်မှာ ချက်ချင်း ရယ်မောလိုက်သည်။ အူများပင် နာလျက်ရှိသည်။

အထူးသဖြင့် ဖန်ကျန်းရီပင် ဖြစ်၏။

တူလိုက်တာ။ ဒီအသံက အရင်တုန်းက သူကြည့်ဖူးတဲ့ ဆေးတု ကြော်ငြာတွေထဲက အသံနဲ့ အရမ်း တူနေတယ်၊ ကျိုးထျဲ့ရဲ့ ရမ္မက်ဆန်တဲ့ အသွင်အပြင်နဲ့ ပေါင်းစပ်လိုက်တော့ အရမ်း ရယ်ရတာပဲ၊ ထင်ထားတာထက် အများကြီး ပိုကောင်းတယ်။

ကျိုးထျဲ့က ဖန်ကျန်းရီတို့ဘက်မှ အခြေအနေကို သတိထားမိသွားသည်မှာ သေချာသည်။ သူ၏ မျက်နှာထား အနည်းငယ် တောင့်တင်းသွားသော်လည်း စစ်မြေပြင် ရောက်ဖူးသူ ဖြစ်ရာ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ကောင်းမွန်သဖြင့် အမြန်ဆုံး ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး သူ၏ စကားများကို ဆက်လက် ပြောဆိုနေသည်။

“... အားဆေးတွေ အများကြီး သောက်ကြည့်ခဲ့ပေမဲ့ ဘာအကျိုးမှ မထူးဘူးလား။”

ဤနေရာအရောက်တွင် ကျိုးထျဲ့၏ အသံက ပိုမို မြင့်တက်လာသည်။

“ဒါဆို ကျောက်ကပ်ကို အားကောင်းစေပြီး ခွန်အား ပြည့်ဝစေရုံသာမက ဆီးခဏခဏသွားတာ၊ ဆီးမထိန်းနိုင်တာ၊ ဆီးကျန်နေတာတွေကိုပါ ကုသပေးနိုင်တဲ့ အံ့ဖွယ်ဆေးကောင်း တစ်လက် မရှိတော့ဘူးလား။ လာပါပြီ။ ခုနစ်ရက် မဟာနတ်ဆေး။ ဒီနေ့တော့ သူ ရောက်လာပါပြီ။”

All Chapters