← Chapters

အခန်း ၅၂၆

Vol. 29 Ch. 526

အခန်း ၅၂၆

Vol. 29 Ch. 526

အပိုင်း (၅၂၆) အရက်မူးပြီး အရှက်ကွဲသော မန်နေဂျာဖန်။

အဝေးတစ်နေရာမှ သန်မာသော လူကြီးနှစ်ယောက်က မျက်မှောင်ကုတ်သွားပြီး ပြောလိုက်သည်။

"ဟေ့ … သူ ယောက်ျားတစ်ယောက် ခေါ်သွားတာ ခံလိုက်ရပြီ၊ ဘာမှ မဖြစ်လောက်ပါဘူးနော်။ ငါကြည့်ရတာ အဲဒီကောင်က လူကောင်း မဟုတ်ဘူး၊ ငါတို့ သခင်လေးကိုတောင် ပြန်ခံပြောရဲတယ်။ အနောက်ကနေ လိုက်ကြည့်ရအောင်။"

...

အရက်ဝိုင်းရှေ့တွင် ဖန်ကျန်းရီက ကုလားထိုင်ပေါ်တွင် ပျော့ခွေနေပြီး အဆက်မပြတ် ရေရွတ်နေဆဲ ဖြစ်၏။

"ရှောင်ရှဲ့ … မနက်ဖြန် မင်း ဖုန်းအခေါက် ငါးရာ ပြည့်အောင် ဆက်ရမယ်၊ အရောင်းပစ်မှတ် မပြည့်ရင် ဒီလ လစာ အကုန် ဖြတ်ပစ်မယ်။"

"သခင်လေး ... ဘာတွေ ပြောနေတာလဲ။ ကျုပ် တစ်ခွန်းမှ နားမလည်ဘူးဗျာ။"

ရှဲ့ရှန်းမှာ ငိုရခက် ရယ်ရခက် ဖြစ်နေပြီး အမူးပြေဟင်းရည်ကို ကိုင်ကာ ဖန်ကျန်းရီ၏ ပါးစပ်ထဲသို့ အတင်း လောင်းထည့်ရန် ပြင်လိုက်သည်။

ဖန်ကျန်းရီက အရက်မူးနေသော မျက်လုံးများဖြင့် ရှဲ့ရှန်းကို ကြည့်ကာ ပြင်းထန်စွာ ဝေဖန်လိုက်သည်။

"မင်းကို စကားပြောနည်းတွေ အလွတ်ကျက်ထားဖို့ ပြောထားတယ်လေ။ အလွတ်များများ ကျက်ထားဖို့။ ဖောက်သည်လာရင် ဘာမေးမေး ဘာမှ မသိဘူး။ ပစ္စည်း ရောင်းမထွက်ရင် မင်းအမေကို နောက်ထပ် နှစ်စုံ ထပ်ဝယ်ခိုင်းလိုက်။"

"သခင်လေး …. ဟင်းရည်သောက်ပါ၊ ဟင်းရည်သောက်ပါ။"

ရှဲ့ရှန်းမှာ ချွေးအေးများ ထွက်နေပြီး အဆက်မပြတ် တိုက်တွန်းနေ၏။

ကျောက်လျဲ့နှင့် ကျိုးထျဲ့တို့က လက်ပိုက်ကာ မေးခွန်းထုတ်ချင်သော မျက်နှာများဖြင့် ဖန်ကျန်းရီကို ကြည့်နေကြသည်။ ကျိုးထျဲ့က ပြောလိုက်သည်။

"အင်း … လူတွေ ပြောကြတာက အရက်မူးရင် စကားမှန် ထွက်တယ်တဲ့၊ သခင်လေးရဲ့ စကားမှန်တွေကို ငါတို့ တစ်ခွန်းမှ နားမလည်ဘူးနော်။ နားမလည်တာ မှန်တာပေါ့။ နားလည်ရင် ငါလည်း သခင်လေး လုပ်လို့ ရနေပြီပေါ့။"

"ငါ မသောက်ဘူး၊ ငါ့ကို မန်နေဂျာဖန်လို့ ခေါ်။"

ဖန်ကျန်းရီက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အမူးပြေ ဟင်းရည် ပန်းကန်ကို မှောက်ချလိုက်ကာ ရှဲ့ရှန်းကို လက်ညှိုးထိုးပြီး အော်ပြောလိုက်သည်။

"မန်နေဂျာရှဲ့၊ မင်း ငါ့ကို အတင်း မတိုက်တွန်းနဲ့။ ဒီနေ့ ဒီစာချုပ်ကို လက်မှတ်မထိုးရင် ငါ တစ်ပေါက်မှ မသောက်ဘူး။"

"ထိုးမယ်။ ကျုပ် ထိုးမယ်။ မန်နေဂျာဖန် .. ဒီအရက်ကို သောက်လိုက်ပါ၊ ကျုပ် အခု ချက်ချင်း လက်မှတ်ထိုးပါ့မယ်။"

ဖန်ကျန်းရီ ဘာပြောနေမှန်း နားမလည်သော်လည်း ရှဲ့ရှန်း၏ ဦးနှောက်က မြန်ဆန်စွာ အလုပ်လုပ်သွားပြီး ချက်ချင်း အလိုက်အထိုက် ပြန်ဖြေလိုက်၏။

ကျောက်လျဲ့က အခွင့်ကောင်းကို ယူကာ အမူးပြေဟင်းရည် သုံးပန်းကန် ထပ်မံ ယူလာပေးလိုက်သည်။

ဖန်ကျန်းရီက ဂုဏ်ယူစွာ ရယ်မောလိုက်ပြီး လူယုတ်မာ အောင်မြင်သွားသည့် မျက်နှာထားမျိုးဖြင့် ပြောလိုက်၏။

"ဟားဟား … ဖောက်သည်ဆိုတာ ဘာကောင်မို့လို့လဲ။ သောက်ကျိုးနည်း မင်းလည်း ဒီနေ့ အလှည့် ရောက်လာတာပဲ။ အခြေအနေကို နားလည်လို့ တော်သေးတယ်။"

ပြောပြီးသည်နှင့် အမူးပြေဟင်းရည် သုံးပန်းကန်ကို မော့သောက်လိုက်ပြီး ဖန်ကျန်းရီက ဆက်လက် ရေရွတ်နေသည်။

"ရှောင်ကျိုး … ငါ့အမေက ဖက်ထုပ် လုပ်ထားပေးတယ်၊ ငါ့အတွက် အချိန်ခရီးသွားစက် လက်မှတ် တစ်စောင် ဝယ်ပေး …. ငါ အိမ်ပြန်ချင်တယ်။"

ပြောပြီးသည်နှင့် ခေါင်းတစ်ဖက်စောင်းကာ အိပ်ပျော်သွား၏။

ယွီနျန်က လုရှို့ဝမ်ကို နေရာချထားပေးပြီးနောက် နောက်လှည့်ကာ ဖန်ကျန်းရီ အနားသို့ ပြန်ရောက်လာသည်။ ကုလားထိုင်ပေါ်တွင် ပျော့ခွေနေသည်ကို မြင်သောအခါ အံ့ဩစွာ မေးလိုက်သည်။ "အို … သခင်လေးဖန် ဘယ်လောက်တောင် သောက်ထားတာလဲ။"

"လေးအိုး။"

"လေးအိုး။"

ယွီနျန်က အံ့ဩစွာ ပါးစပ်ကို အုပ်လိုက်ပြီး ပြောလိုက်၏။ "အိုးတွေက သေးပေမယ့် ဒီအရက်က နောက်မှ အရှိန်တက်တာရှင့်။ သာမန်လူဆိုရင် တစ်အိုးနဲ့တင် လုံလောက်နေပြီ။ သခင်လေးဖန်က တကယ်ကို အရက် သောက်နိုင်တာပဲ။"

"အပိုတွေ ပြောမနေနဲ့ …. အမူးပြေဟင်းရည် နှစ်ပန်းကန်လောက် ထပ်ယူလာခဲ့။"

ယွီနျန်က လက်နှစ်ဖက်ကို ပွတ်ကာ အရှက်ပြေ ပြုံးပြီး ပြောလိုက်သည်။

"ကျွန်မ ကြည့်ရတာ ပန်းကန်တော်တော်များများ သောက်ပြီးပြီပဲ။ ထပ်သောက်လို့ မရတော့ဘူး။ အမူးပြေ ဟင်းရည် ဆိုတာလည်း ဆေးပဲလေ။ ကျွန်မတို့ရဲ့ ဒီဆေးနည်းက သုံးလာတာ ဆယ်နှစ်ကျော်ပြီ။ အာနိသင် အရမ်းကောင်းတယ်။ ဒီလောက် အများကြီး သောက်ထားတာဆိုတော့ ခဏနေရင် သတိရလာလိမ့်မယ်။ သူ့ကို ရေနည်းနည်းလောက် ပက်ပေးလိုက်ပါ။"

ရှဲ့ရှန်းက ကြားသည်နှင့် လက်ဖြင့် လက်ဖက်ရည်ခွက်ထဲမှ ရေကို တို့ကာ ဖန်ကျန်းရီ၏ မျက်နှာပေါ်သို့ အဆက်မပြတ် ပက်ပေးလိုက်၏။

ဆယ်မိနစ်ခန့် အကြာတွင် ဖန်ကျန်းရီက မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လာသည်။ သူက ခေါင်းကွဲထွက်မတတ် နာကျင်မှုကို ခံစားလိုက်ရသည်။

အရှေ့ရှိ သုံးယောက်က စိုးရိမ်တကြီးဖြင့် မေးလိုက်၏။ "သခင်လေး …. ဘယ်လိုနေသေးလဲ။"

ဖန်ကျန်းရီက လက်ကာပြလိုက်ပြီး ယွီနျန်ကို ကြည့်ကာ ပြောလိုက်သည်။

"ယွီနျန် .. ခင်ဗျားဆီကဟာက အရက်ကောင်းလည်း မဟုတ်ဘူး၊ ခေါင်းကို ကိုက်နေတာပဲ။ ကျုပ်အတွက် အမူးပြေဟင်းရည် တစ်ပန်းကန်လောက် ယူလာခဲ့။ အချိန်လည်း အရမ်း နောက်ကျနေပြီ။ ကျုပ် ပြန်ရတော့မယ်။ မနက်ဖြန် စီစဉ်စရာ ကိစ္စတွေ ရှိသေးတယ်။"

"မန်နေဂျာဖန်၊ ဒီနေ့ ဒီမှာပဲ အိပ်လိုက်ပါလား။"

ရှဲ့ရှန်းက သတိထားပြီး မေးလိုက်၏။

မန်နေဂျာဖန်။

ဖန်ကျန်းရီ၏ တစ်ကိုယ်လုံးရှိ မွေးညင်းပေါက်များ ထောင်ထသွားပြီး ချွေးစေးများ ပြန်လာကာ အရက်မူးလည်း အနည်းငယ် ပြေသွားသည်။

ရှဲ့ရှန်းကို အလွန် အံ့ဩစွာ ကြည့်၍ မေးလိုက်သည်။ "ခင်ဗျား စောစောက ကျုပ်ကို ဘယ်လို ခေါ်လိုက်တာလဲ။ ဘာလို့ အဲဒီလို ခေါ်တာလဲ။"

ရှဲ့ရှန်းက ထိုပုံစံကို မြင်သောအခါ ရယ်ချင်သော်လည်း မရယ်ရဲဘဲ တိုးညင်းစွာ ပြောလိုက်၏။ "သခင်လေး ... သခင်လေး အရက်မူးပြီး ကျုပ်ကို မန်နေဂျာဖန်လို့ ခေါ်ခိုင်းတာလေ။"

"ဟင်။"

ဖန်ကျန်းရီမှာ မျက်နှာတစ်ခုလုံး နီရဲသွားပြီး အလွန် ရှက်ရွံ့သွားသည်။

ယခင်ဘဝက မန်နေဂျာဖန် မဖြစ်ခဲ့ရတာက တကယ့်ကို နှမြောစရာပဲ၊ ဒါပေမဲ့ ငါဘာတွေ လျှောက်ပြောမိသွားတာလဲ။ ရင်ထဲက အပူတွေကို ဖွင့်ချလိုက်သလိုမျိုး မှတ်မိသလိုလိုတော့ ရှိတယ်။

မည်သို့ပင်ဖြစ်စေ သူပြန်ရတော့မည်။ ညဘက် ချူအိမ်တော်မှာ မရှိလျှင် သံသယဝင်ခံရပြီး အစိုးရရုံးကို တိုင်ကြားခံရမည့် အန္တရာယ်မျိုး ရှိနိုင်၏။

ထိုသို့ တွေးမိပြီးနောက် ဖန်ကျန်းရီက ယိမ်းယိုင်ယိုင်ဖြင့် ထရပ်လိုက်သည်။

"သွားမယ်၊ အိမ်ပြန်ကြစို့။"

ခြေလှမ်း နှစ်လှမ်းမျှ မလျှောက်ရသေးခင်မှာပင် သန်မာသော လူကြီးနှစ်ယောက်က ဖန်ကျန်းရီ အရှေ့သို့ ရုတ်တရက် ရောက်လာပြီး ပြောလိုက်၏။

"သခင်လေး ... သခင်လေး စောင့်ကြည့်ခိုင်းထားတဲ့ ကောင်မလေးက တခြား ယောက်ျား တစ်ယောက်နဲ့ အခန်းထဲ ဝင်သွားပြီ။ အရက်သောက်နေကြတဲ့ပုံပဲ၊၊ ကျုပ်တို့ စိတ်မချလို့ သခင်လေးကို လာပြောပြတာပါ။"

ဖန်ကျန်းရီက ခေါင်းကို ခါယမ်းလိုက်ပြီး အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"ဘယ်က ကောင်မလေးလဲ။"

"ကျောင်းသွားတဲ့ ကောင်မလေးကို ပြောတာပါ။"

ချူယိုယီလား။

ဖန်ကျန်းရီက ထိုလူကို အလျင်အမြန် ကြည့်လိုက်ပြီး အံ့အားသင့်စွာ မေးလိုက်၏။ "သူက ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ၊ ဘယ်သူနဲ့ ပါသွားတာလဲ။"

"သူက ဒီမှာ ရှိနေတာပါ၊ ရုပ်ဖျက်ပြီး ဝင်လာတာလေ... စောစောက အောက်ထပ်မှာ သခင်လေးကို ပြဿနာရှာနေတဲ့ကောင်က သူ့ကို အခန်းထဲ ခေါ်သွားတာ၊ ကောင်းကင် အမှတ်သုံး အခန်းထဲမှာပါ။"

"သောက်ကျိုးနည်း … ဒီလောက် အရေးကြီးတဲ့ ကိစ္စကို မင်းတို့ ဘာလို့ စောစော မပြောတာလဲ။"

ဖန်ကျန်းရီ ချက်ချင်း အလွန် အံ့ဩဒေါသထွက်သွားပြီး အရက်ရှိန်လည်း သုံးပုံတစ်ပုံခန့် ပြေသွားသည်။ လူအုပ်ကို တွန်းဖယ်၍ အပေါ်ထပ် ဧည့်ခန်းဘက်သို့ အပြေးအလွှား သွားတော့၏။

ကျိုးထျဲ့က မျက်မှောင်ကုတ်ကာ ထိုလူကြီး နှစ်ယောက်ကို ကြည့်ပြီး ဆူပူလိုက်သည်။

"ပုံမှန်ဆို မင်းတို့ကို ဘယ်လို သင်ပေးထားလဲ။ ခေါင်းထဲမှာ ကြွက်သားတွေချည်းပဲ ပြည့်နေတာလား။ အဲဒါ သခင်လေးရဲ့ မိန်းမလေ .. တစ်စက်လေးတောင် ဂရုမစိုက်ဘူး။ ပြဿနာ တက်ရင် အပြစ်ပေးခံရဖို့သာ ပြင်ထားတော့။"

ပြောပြီးသည်နှင့် ဖန်ကျန်းရီ နောက်သို့ အမြန်လိုက်သွားရာ နေရာတွင် ဘာလုပ်ရမှန်းမသိ ဖြစ်နေသော ယွီနျန်သာ ကျန်ရစ်ခဲ့သည်။

ဧည့်ခန်းအတွင်းတွင် လုရှို့ဝမ်က ချူယိုယီကို နီရဲနေသည့် မျက်လုံးများနှင့် ကြည့်နေပြီး ဆေးအရက် တစ်ပန်းကန် ငှဲ့ပေးလိုက်၏။

"ယိုယီ …. နောက်ထပ် တစ်ပန်းကန်လောက် ထပ်သောက်ပါ၊ ဒီလောက် ရှားပါးတဲ့ ရတနာကို ငါတို့ တစ်ဝကြီး သောက်ကြတာပေါ့။ ဒီမှာ အများကြီး ကျန်ပါသေးတယ်၊ နောက်ဆိုရင် ဒီလို အခွင့်အရေးမျိုး မရှိတော့ဘူးနော်။"

မူလကတော့ အရက်နှင့် ဟင်းနည်းနည်း ထပ်မှာပြီး သူမကို အရက်နည်းနည်း တိုက်ကာ လေထုကို ပြုပြင်ဖို့ စဉ်းစားထားခဲ့၏။

ဤ ခုနစ်ရက် မဟာနတ်ဆေးက ဖွင့်ဖောက်လိုက်သည်နှင့် တစ်ပြိုင်နက် ဆေးစိမ်အရက်အဖြစ် အသင့်ရှိနေလေရာ ပြုဖွယ်ကိစ္စ အလုပ်များစွာ သက်သာသွားလေတော့သည်။

ချူယိုယီက နှစ်ပန်းကန် သောက်ပြီးပြီ ဖြစ်ရာ လည်ချောင်းထဲတွင် ပူစပ်နေပြီး သောက်ရသည်မှာ အလွန် ခက်ခဲကြောင်းသာ ခံစားနေရ၏။

သို့ပေမည့် သောက်ပြီးသည်နှင့် တစ်ကိုယ်လုံး ပူနွေးလာပြီး မျက်နှာလည်း ပူထူလာသဖြင့် အာနိသင် ရှိမည်ဟု ထင်ကာ လုရှို့ဝမ်၏ ပန်းကန်ကို ယူ၍ ရှုံ့မဲ့ကာ သောက်လိုက်သည်။

တစ်ငုံသာ သောက်ရသေးသည်။ ချူယိုယီက မခံမရပ်နိုင်စွာဖြင့် ပြောလိုက်၏။ "သခင်လေးလု … ကျွန်မ တကယ် ဆက်မသောက်နိုင်တော့ဘူး။"

လုရှို့ဝမ်လည်း တစ်ပန်းကန် သောက်ထားပြီး ဖြစ်ရာ ယခုဆိုလျှင် အာနိသင် စတင်နေပြီကို သိသာစွာ ခံစားနေရသည်။

မျက်နှာတစ်ခုလုံး နီရဲနေသော ချူယိုယီကို ကြည့်ပြီး လုရှို့ဝမ်က တံတွေး မြိုချလိုက်မိ၏။

တကယ်ပဲ နတ်ဆေးပဲ။ နည်းနည်းလေးပဲ လိုတော့တယ်။ ဒီဟာက ငါ့အတွက် အာနိသင် ရှိတယ်ဆိုတော့ သူ့အတွက်လည်း သေချာပေါက် အာနိသင် ရှိမှာပဲ၊ နည်းနည်းလောက် ထပ်သောက်ခိုင်းလိုက်အုံးမယ်။

"ယိုယီ …. ဒီလောက် တန်ဖိုးကြီးတဲ့ နတ်ဆေးကို အလဟဿ မဖြစ်စေရဘူးလေ။ သောက်ရတာ ခက်တာတော့ မှန်ပေမဲ့ သူ့ရဲ့ အာနိသင်နဲ့ ယှဉ်လိုက်ရင် ဒီအားနည်းချက်လေးက ဘာမှ မဟုတ်တော့ပါဘူး။"

ချူယိုယီက တွေဝေစွာဖြင့် အရက်ပန်းကန်ကို ကိုင်ကာ တစ်ငုံချင်းစီ သောက်လိုက်သည်။

လုရှို့ဝမ်က ထိုမြင်ကွင်းကို မြင်သောအခါ ဂုဏ်ယူစွာ ပြုံးလိုက်ပြီး သူကိုယ်တိုင်လည်း တစ်ကျိုက်တည်း အများကြီး မော့သောက်လိုက်ရာ မူလက မွန်းကျပ်နေသော စိတ်အခြေအနေမှာ တဖြည်းဖြည်း သာယာလာခဲ့၏။

နောက်ထပ် တစ်ပန်းကန် သောက်ပြီးသောအခါ ချူယိုယီမှာ ခေါင်းမူးလာပြီး တစ်ကိုယ်လုံး မီးလောင်နေသကဲ့သို့ ခံစားလာရသည်။ သူမက ရေရွတ်လိုက်သည်။ "အိမ်ပြန်ကြမယ်။ အိမ်ပြန်ကြမယ်။ ကျွန်မ မသောက်တော့ဘူး။"

"နောက်ထပ် တစ်ပန်းကန် … နောက်ဆုံး တစ်ပန်းကန်ပါ။ ယိုယီ …. ငါ့ မျက်နှာကို ထောက်ပြီးတော့လေ။"

လုရှို့ဝမ်မှာ လည်ချောင်းများ ခြောက်သွေ့နေသော်လည်း အရက်တိုက်နေဆဲ ဖြစ်သည်။

ချူယိုယီက သူကမ်းပေးလာသော အရက်ပန်းကန်ကို အနည်းငယ် ရွံရှာစွာ ကြည့်၍ ပြောလိုက်၏။

"ပူတယ်။ အခန်းထဲက အရမ်း ပူတယ်... ကျွန်မ အရမ်း နေရခက်နေပြီ၊ အိမ်ပြန်ချင်တယ်။"

လုရှို့ဝမ်က မျက်မှောင်ကုတ်သွားသည်။

"ဒါဆို ဒီတစ်ပန်းကန် သောက်ပြီးရင် အိမ်ပြန်ကြမယ်လေ။ ကောင်းပြီ … ဒီတစ်ပန်းကန် သောက်ပြီးတာနဲ့ ချက်ချင်း အိမ်ပြန်ပို့ပေးမယ်။"

All Chapters