အခန်း ၅၂၈
Vol. 29 Ch. 528
အပိုင်း (၅၂၈) တရားခံပြေးကို ခိုးဝှက်လက်ခံထားခြင်း။
ဖန်ကျန်းရီ ချူအိမ်တော်သို့ ရောက်ရှိလာချိန်တွင် သူ၏ရင်ဘတ်တစ်ခုလုံး အရည်များစိုရွှဲနေခဲ့ပြီဖြစ်သည်။
ကံကောင်းသည်မှာ ချူယိုယီက ဘာမှ သိပ်မစားထားခြင်းကြောင့် (အခဲပါဝင်မှု ၁၀ ရာခိုင်နှုန်းအောက်သာ ရှိသည်မို့) သိပ်ပြီး ပုံပန်းမပျက်လှချေ။
ချူယိုယီ၏ စိတ်အခြေအနေကတော့ ပြောရခက်လှ၏။ သတိလစ်နေပုံရသော်လည်း လက်နှစ်ဖက်က ဖန်ကျန်းရီ၏ ဆံပင်များကို ရမ်းသမ်းပြီး ဆွဲဖွနေဆဲဖြစ်သည်။
ယခုဆိုလျှင် သူ၏ခေါင်းမှာ ကြက်သိုက်တစ်ခုလို ဖြစ်နေခဲ့၏။
တံခါးစောင့်က ဖန်ကျန်းရီ ပြန်လာသည်ကို မြင်သောအခါ ချက်ချင်း အလန့်တကြားဖြစ်သွားပြီး အော်လိုက်သည်။ “သခင်မလေးလတ်... ကိုဖန်၊ ဒုတိယ သခင်မလေးဘာဖြစ်လာတာလဲ။”
ယခင်ကလည်း ခဏခဏ ခိုးထွက်လေ့ရှိသဖြင့် တံခါးစောင့်နှင့် သူက ရင်းနှီးနေပြီဖြစ်သည်။
ဖန်ကျန်းရီက အလျင်အမြန် ပြန်ဖြေလိုက်၏။ “အသံမထွက်နဲ့ … ဒီနေ့ ဒုတိယ သခင်မလေး အပြင်မှာ သောက်တာ နည်းနည်းများသွားလို့၊ တခြားလူတွေ မသိစေနဲ့နော်”
“ရတယ်.. အမြန်ဝင်သွားလိုက်၊ အထဲမှာတော့ လိုက်ရှာနေလောက်ပြီ။”
တံခါးစောင့်က အလျင်အမြန် တံခါးဖွင့်ပေးလိုက်သဖြင့် ဖန်ကျန်းရီလည်း ချူယိုယီကို ကျောပိုးကာ တောင်ဘက်ခြံဝန်းဆီသို့ အမြန်ပြန်လာခဲ့သည်။
အခန်းဝတွင် ရှင်းကျူနှင့် လိုင်ကော်အာတို့က စိုးရိမ်တကြီး စောင့်ဆိုင်းနေကြပြီး ဖန်ကျန်းရီ ပြန်လာသည်ကို မြင်သောအခါ မျက်လုံးများ အရောင်လက်သွားကာ အလျင်အမြန် ဆီးကြိုလိုက်ကြ၏။
“သခင်မလေး... သခင်မလေး... အစ်ကိုဖန်၊ ဒုတိယ သခင်မလေးဘာဖြစ်လာတာလဲ။ အရင်ဆုံး အခန်းထဲဝင်... အခန်းထဲရောက်မှ ပြောကြတာပေါ့” ရှင်းကျူက စိုးရိမ်ပူပန်နေသော မျက်နှာဖြင့် ပြောလိုက်သည်။
ပြောပြီးသည်နှင့် ဖန်ကျန်းရီကို ချူယိုယီ၏ အိပ်ခန်းထဲသို့ ခေါ်ဆောင်သွားပြီး လိုင်ကော်အာကိုတော့ အခန်းအပြင်ဘက်မှာ အောင်မြင်စွာ တားဆီးထားခဲ့၏။
ချူယိုယီကို ကုတင်ပေါ်တွင် ချပေးလိုက်ပြီးမှ ဖန်ကျန်းရီလည်း သက်ပြင်းတစ်ချက်ချနိုင်တော့သည်။ ထို့နောက် ခေါင်းလှည့်ကာ မေးလိုက်သည်။ “မင်းတို့နှစ်ယောက် ဒီမှာ ဘာလုပ်နေကြတာလဲ”
ရှင်းကျူက ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ဘာလုပ်ရမှာလဲ၊ ရှင်တို့ တစ်ခုခုဖြစ်မှာ စိုးရိမ်နေတာပေါ့။ ဒုတိယ သခင်မလေးဒီလောက်နောက်ကျတဲ့အထိ ပြန်မလာသေးတော့ အကြီးဆုံး သခင်မလေးသာ သိသွားရင် ဘယ်လောက် ဒေါသထွက်မလဲ မသိဘူး။ ကျွန်မ လိုင်ဖူကိုတောင် လူခေါ်ပြီး ရှင်တို့ကို အပြင်မှာ လိုက်ရှာခိုင်းထားတာ။ အခုတော့လည်း ကောင်းပါပြီ၊ ရှင်တို့ဘာသာ ပြန်ရောက်လာကြပြီ။
သခင်မလေးက ဘာဖြစ်လာတာလဲ။ ပြီးတော့ ရှင်လည်း တစ်ကိုယ်လုံး အရက်နံ့တွေ နံစော်နေတာပဲ”
ဖန်ကျန်းရီက လက်ကာပြရင်း ပြောလိုက်၏။ “သူ အတန်းဖော်တွေနဲ့ အပြင်မှာ သောက်ရင်း များသွားတာပါ။ မနက်ဖြန် ငါသူ့ကိုယ်စား ကျောင်းတော်ကိုသွားပြီး ခွင့်တိုင်ပေးလိုက်ပါ့မယ်။”
ရှင်းကျူက ချူယိုယီကို ကြည့်လိုက်ပြီးမှ စိတ်အေးသွားတော့သည်။
သူမ စကားပြောရန် ပြင်လိုက်စဉ် ချူယိုယီက လက်နှစ်ဖက်ကို ရမ်းသမ်းလှုပ်ရှားရင်း ညည်းတွားလိုက်၏။ “ပူလိုက်တာ... ပြတင်းပေါက်... ပြတင်းပေါက် ဖွင့်ပေး”
ဖန်ကျန်းရီ မျက်မှောင်ကြုတ်သွားသည်။ သူမ၏အခြေအနေကို ကြည့်ရသည်မှာ ဆေးစွမ်းပြနေပုံရ၏။ ဘေးထွက်ဆိုးကျိုး ရှိ၊ မရှိတော့ မသိပေ။
ရှင်းကျူ ပြတင်းပေါက်သွားဖွင့်မည်ပြုစဉ် ဖန်ကျန်းရီက တားဆီးလိုက်သည်။ “ပြတင်းပေါက် မဖွင့်နဲ့၊ အအေးပတ်သွားလိမ့်မယ်။ ငါ့ကို သခွားသီး၊ ခရမ်းသီး၊ မုန်လာဥ တစ်ခုခု သွားရှာပေး၊ အဲဒါတွေက အမူးပြေစေတယ်”
“ဟင်... ကျွန်မ သွားကြည့်လိုက်အုံးမယ်” ရှင်းကျူလည်း မီးဖိုချောင်ဘက်သို့ ကမန်းကတမ်း ပြေးသွား၏။
ရှင်းကျူ ထွက်သွားသည်ကို မြင်မှ ဖန်ကျန်းရီလည်း လှည့်ပြီး ချူယိုယီ၏ အခြေအနေကို စစ်ဆေး ကြည့်လိုက်သည်။
ကြည့်လိုက်မိသည်နှင့် သူ၏မျက်လုံးများ ပြူးကျယ်သွားကာ မျက်လုံးများပင် နီရဲသွားသလို ခံစားလိုက်ရ၏။
ကျောင်းတော်သားဝတ်စုံနှင့် အဖြူရောင် အဝတ်စရှည်ကြီးတစ်ခုမှာ ကြမ်းပြင်ပေါ်သို့ ရောက်နေပြီဖြစ်သည်။
ဖန်ကျန်းရီ တံတွေးတစ်ချက် မြိုချလိုက်မိ၏။
အသားအရေက ဖြူဝင်းချောမွေ့နေပြီး ဆွဲဆောင်မှုရှိလွန်းလှသည်။
ဒါပေမယ့် ဒါက... ဘယ်နှထပ်တောင် စည်းထားတာလဲ။ ရင်ဘတ်ကို ဖိချေထားသလို ဖြစ်မနေဘူးလား။
သာမန်လူတစ်ယောက်သာ ဤမြင်ကွင်းကို မြင်လိုက်ရပါက ပြေးပြီး နမ်းရှုံ့မိမည်မှာ သေချာသည်။ သို့ပေမည့် ဖန်ကျန်းရီက သာမန်လူမဟုတ်ပေ။ သူက အမြန်လျှောက်သွားပြီး စောင်ကိုဆွဲယူကာ ချူယိုယီကို ကောက်ညှင်းထုပ်တစ်ထုပ်လို ထုပ်ပိုးလိုက်ပြီး အထဲသို့ အတင်း ဖိသိပ်ထည့်လိုက်သည်။
ထို့နောက် အဖြူရောင်အဝတ်စနှင့် အဝတ်အစားများကို ကုတင်အောက်သို့ အမြန်ကန်သွင်းလိုက်သည်။
ထိုအချိန်တွင် ရှင်းကျူ ပြန်ရောက်လာပြီး မောကြီးပန်းကြီးဖြင့် ပြောလိုက်၏။ “ခရမ်းသီးတို့ ဘာတို့ မရှိဘူး၊ ဒီအချိန်ကြီး ဘယ်မှာ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် ရှိပါတော့မလဲ။ ဒါပေမဲ့ မီးဖိုချောင်ထဲမှာ မုန်လာချဉ်တော့ တွေ့ခဲ့တယ်”
ရှင်းကျူ ယူလာသော မုန်လာဥချဉ်ကို ကြည့်ကာ ဖန်ကျန်းရီ ဆွံ့အသွားသည်။
ပျော့ပျောင်းမှုကတော့ မဆိုးလှပေမဲ့ ကျန်တဲ့အပိုင်းတွေကတော့ တော်တော်လေး ကွာဟနေသေး၏။
ဖန်ကျန်းရီက ပြောလိုက်သည်။ “ထားလိုက်တော့၊ ထားလိုက်တော့.. သူ့ကို အိပ်ခိုင်းလိုက်ပါ။ လက်ဖက်ရည် နည်းနည်းလောက် ပြင်ထားပေးလိုက်။ ညသန်းခေါင် ရေဆာရင် သူ့ဘာသာ သောက်လိမ့်မယ်”
ကိုယ့်ဘာသာ လုပ်မှသာ ပြည့်စုံလုံလောက်မှုရှိမည် မဟုတ်ပါလား။ အာသာဖြေခြင်း ဆိုသည်မှာ တခြားသူ ကူညီလျှင် ကောင်းပါ့မည်လား မသေချာပေ။
“ဒါဆို ဒီမုန်လာဥက...”
“စားပွဲပေါ်သာ ပစ်တင်ထားလိုက်၊ ဂရုစိုက်မနေနဲ့တော့”
ချူယိုယီကို နေရာချပေးပြီးမှ ဖန်ကျန်းရီလည်း သက်ပြင်းချကာ အခန်းထဲမှ ထွက်လာခဲ့သည်။
အခန်းအပြင်ဘက်တွင် လိုင်ကော်အာက စောင့်နေဆဲဖြစ်ပြီး သူထွက်လာသည်ကို မြင်သောအခါ ချက်ချင်း အနားကပ်လာကာ ပြောလိုက်၏။ “အစ်ကိုကြီး.. စောစောက တံခါးစောင့်က ကျုပ်ကို လာပြောတယ်၊ အပြင်မှာ အစ်ကိုကြီးကို လာရှာတဲ့သူ ရှိတယ်တဲ့”
“အေး.. မင်းတို့နှစ်ယောက် အရင်သွားနားကြတော့၊ ငါ သွားကြည့်လိုက်မယ်”
ဖန်ကျန်းရီ အပြင်ဘက်သို့ ထွက်လာသောအခါ ရှဲ့ရှန်းနှင့် တခြားသူများကို တွေ့လိုက်ရသဖြင့် သံသယဝင်စွာ မေးလိုက်၏။ “ခင်ဗျားတို့က ဘာလို့ လိုက်လာကြတာလဲ”
ရှဲ့ရှန်းက ရှေ့တိုးလာပြီး တိုးတိုးလေး ပြောလိုက်သည်။ “သခင်လေး... နေ့ခင်းတုန်းက အပြင်မှာ လူ လိုက်ရှာနေတဲ့ ညီအစ်ကိုတွေဆီက သတင်းရတယ်၊ အစိုးရမင်းတွေရဲ့ အာရုံစိုက်တာကို ခံရမှာ စိုးရိမ်နေကြတယ်။ သခင်လေးလည်း သိတဲ့အတိုင်း ကျုပ်တို့ ညီအစ်ကိုတွေက ခန္ဓာကိုယ် တော်တော် ထွားကျိုင်းကြတော့ အပြင်မှာ လှုပ်ရှားသွားလာရင် မျက်စိနောက်စရာ ဖြစ်နေတယ်။ ဘယ်လိုလုပ်ကြမလဲ”
“ဘယ်လိုလုပ်ရမှာလဲ ဟုတ်လား။ အခု ကျုပ် ခင်ဗျားတို့အတွက် ငွေရှာပေးပြီးပြီ။ လူပါ ထပ်ရှာပေးရအုံးမှာလား” ဖန်ကျန်းရီက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
ကျိုးထျဲ့က အနေခက်စွာဖြင့် ပြောလာ၏။ “သခင်လေး... ဒီတစ်ခေါက် လာတဲ့ ညီအစ်ကိုတွေက လူခုတ်တဲ့ နေရာမှာတော့ နံပါတ်တစ်ပါပဲ။ တခြားအလုပ်တွေဆိုရင်တော့ နည်းနည်း ညံ့သွားလိမ့်မယ်။ ဒီအတိုင်း ဆက်သွားရင် အချိန်တွေ အများကြီး နှောင့်နှေးကုန်မှာ စိုးလို့ပါ”
“စောစောက မပြောဘူး။ ငွေတွေ ပါလာလား။ ကျုပ်ကို တစ်ဝက်ပေး၊ မနက်ဖြန်ကျရင် လူနှစ်ဆယ် ထပ်ပြင်ထားပေး”
ကျိုးထျဲ့က ငွေများကို လှမ်းပေးလိုက်သည်။ ဖန်ကျန်းရီက ရေတွက်ကြည့်ပြီးနောက် ငွေတုံး ခုနစ်ရာကို ယူကာ ကျန်သည်များကို ပြန်ပေးလိုက်ပြီး မောင်းထုတ်လိုက်၏။ “ရပြီ... ခင်ဗျားတို့ ပြန်ကြတော့၊ နေ့ခင်းဘက် သွားလာလှုပ်ရှားရင် နည်းနည်း သတိထားကြ”
……
အပြန်လမ်းတွင် ဖန်ကျန်းရီက ပထမ သခင်မလေး၏ ခြံဝန်းဘက်သို့ လမ်းကြုံ ဝင်လာခဲ့သည်။
ချူယိုယီ၏ ယခုအခြေအနေကို အနည်းနှင့်အများတော့ ရှင်းပြထားရမည်။ မနက်ဖြန် နိုးလာပြီး နားလည်မှု လွဲသွားပါက မကောင်းပေ။ တခြားအစေခံများထံမှ သူ သိထားသလောက်ဆိုလျှင် ချူချင်ဟန်က ပုံမှန်အားဖြင့် အိပ်ရာဝင် နောက်ကျတတ်၏။
ထင်သည့်အတိုင်းပင်။ စာကြည့်ခန်းထဲတွင် မီးလင်းနေဆဲဖြစ်ပြီး အထဲတွင် လူရိပ်နှစ်ခုကို မြင်နေရသည်။
စာကြည့်ခန်းထဲတွင် အသက်ကြီးကြီး တစ်ယောက်နှင့် ငယ်ရွယ်သူတစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေကြ၏။
ချူချင်ဟန်၏ မျက်လုံးတစ်ဝိုက် နီရဲနေပြီး မကျေမနပ်ဖြင့် ပြောလိုက်သည်။ “အဖေ... တခြားကိစ္စတွေကို သမီး သဘောတူပေးလို့ရပေမဲ့ ဒီကိစ္စကတော့ လုံးဝမဖြစ်ဘူး။ သူတို့က တရားခံပြေးတွေလေ။ အဖေက ဘယ်လိုလုပ် သူတို့ကို အိမ်ထဲ ခေါ်လာရဲရတာလဲ။ ဒါက အိမ်တော် သိမ်းဆည်းခံရပြီး မျိုးနွယ်စုပါ သုတ်သင်ခံရနိုင်တဲ့ အပြစ်ကြီးနော်”
ချူတယ်ယွင်က အိုမင်းနေသော မျက်နှာကို အိုမင်းထားလျက် ပြောလိုက်သည်။ “ချင်ဟန်... အရင်တုန်းက ချူမိသားစုရဲ့ သင်္ဘောလုပ်ငန်းကို ရပ်နားထားဖို့ မင်းပဲ ဆုံးဖြတ်ခဲ့တာလေ၊ အဖေလည်း သဘောတူခဲ့ပါတယ်။ သင်္ဘောတည်ဆောက်ရေးဆိုတာ မိသားစုရဲ့ ဘိုးဘွားပိုင်လုပ်ငန်းပါ။ အခု ပြန်လည် ထူထောင်နိုင်မဲ့ အခွင့်အရေး ရနေပြီဆိုတော့ ဒီအခွင့်အရေးကို လုံးဝ လက်လွှတ်ခံလို့ မဖြစ်ဘူး။
နောက်ပြီး ကျိုးမိသားစုက အရင်ကတည်းက ငါတို့နဲ့ အနည်းအကျဉ်း ရင်းနှီးမှုရှိခဲ့တယ်။ ဒီတစ်ကြိမ် မိသားစုလိုက် သုတ်သင်ခံရတဲ့ ကိစ္စကလည်း အမတ်ဖုန်းက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို မျက်စိကျသွားတာ ဖြစ်ဖို့ ၈၀ ရာခိုင်နှုန်း သေချာတယ်။ ဒီလိုကိစ္စမျိုးက အဖြစ်မနည်းပါဘူး။ ဆယ်ရက်ခွဲလောက် နေလို့ လေငြိမ်သွားရင် အဆင်ပြေသွားလိမ့်မယ်။
ကျိုးမိသားစုရဲ့ သင်္ဘောတည်ဆောက်ရေး နည်းပညာကို မင်း မသိတာမှ မဟုတ်တာ။ ဒီတစ်ခေါက် ဒုတိယ သခင်လေးကျိုး ခေါ်လာတဲ့ သင်္ဘော တည်ဆောက်ရေး လက်သမားတွေက သာမန်မဟုတ်ဘူး။ သူက ကိုယ်တိုင် ငါ့ဆီကို အကူအညီ လာတောင်းတာ။ ငါတို့က သူ့အသက်ကို ကယ်ပေးနိုင်မယ်ဆိုရင် သူ့မှာရှိတာတွေ အကုန် ပညာကုန် သင်ပေးလိမ့်မယ်။
ချမ်းသာကြွယ်ဝမှုဆိုတာ အန္တရာယ်ကြားကနေ ရှာရတယ်ဆိုတဲ့ သဘောတရားကို မင်း နားမလည်တာတော့ မဟုတ်ပါဘူး။”
ချူချင်ဟန်က အလောတကြီး ပြောလိုက်သည်။ “အခု တစ်မြို့လုံး သူတို့ကို လိုက်ရှာနေတာ။ အဖေက ဒီလောက်ရက်တွေအကြာကြီး ပုန်းအောင်းခိုင်းထားပြီး အခုမှ လာပြောတာက ဘာသဘောလဲ။ ချမ်းသာကြွယ်ဝမှုကို အန္တရာယ်ကြားကနေ ရှာရမယ်လို့ ပြောနေသေးတယ်။ အခု အိမ်မှာက သမီး စီမံခန့်ခွဲနေတာ။ သမီး သဘောမတူဘူး။ မနက်ဖြန် အစိုးရရုံးတော်ကို ချက်ချင်း ပို့မယ်။”
ချူတယ်ယွင် ချက်ချင်းပင် ဒေါသတကြီး အော်ဟစ်လိုက်၏။ “ရိုင်းစိုင်းလိုက်တာ။ ချူအိမ်တော်က ချူ မျိုးရိုးပါပဲ။ ဒီကိစ္စကို ငါက မင်းကို အသိပေးရုံသတ်သတ်ပဲ၊ အမှားအယွင်း မဖြစ်အောင်လို့။ ဘိုးဘွားပိုင် အမွေကတော့ ငါ့လက်ထက်မှာ အပျက်စီးခံလို့ လုံးဝ မဖြစ်ဘူး”
“အဖေ... ဘိုးဘွားပိုင် အမွေက ကျဆင်းသွားတာ ကြာလှပြီပဲ။ ဘာလို့ အတင်း ဆုပ်ကိုင်ထားချင်နေရတာလဲ” ချူချင်ဟန်က ခါးသီးစွာဖြင့် တောင်းပန်လိုက်သည်။
ချူတယ်ယွင်က မျက်နှာထားကို တင်းမာကာ ပြောသည်။ “အားလုံး ငါ့အစီအစဉ်အတိုင်း လုပ်။ မိန်းမသား တစ်ယောက်က ဒီကိစ္စတွေကို ဘယ်နားလည်မှာလဲ။ မင်းက အစောကြီးဖြစ်ဖြစ် နောက်ကျမှဖြစ်ဖြစ် အိမ်ထောင်ပြုရမယ့်သူပဲ။ ဒီမိသားစုပိုင်ဆိုင်မှုတွေကို မင်းအစ်ကိုကြီးက ထမ်းဆောင်ရလိမ့်မယ်။ ငါ အများကြီး ဆက်မပြောတော့ဘူး။ မင်း စိတ်အေးအေးထားပြီး အလုပ်လုပ်တော့”
ပြောပြီးသည်နှင့် တံခါးကို ဆောင့်ပိတ်၍ ထွက်သွားခဲ့ရာ စိတ်ပျက်အားငယ်နေသော ချူချင်ဟန်သာ ကျန်ရစ်ခဲ့တော့သည်။
လူထွက်လာသည်ကို မြင်သောအခါ ဖန်ကျန်းရီက ရှေ့တိုးသွားရန် ပြင်လိုက်သော်လည်း အနီးအနားမှ ဆူညံသံတစ်သိုက် ထွက်ပေါ်လာသဖြင့် ကမန်းကတမ်း ဘေးသို့ ပုန်းရှောင်လိုက်ရ၏။
အရက်မူးနေသော အသံတစ်သံကို ကြားလိုက်ရသည်။ “မဖြစ်ဘူး... ချင်ဟန်ဆီ မြန်မြန်သွားပြီး ငါ့အတွက် ငွေနည်းနည်း ထုတ်ခိုင်းလိုက်... ငါ... အရက်နတ်ဆိုးကြီးကို ပင့်ဖိတ်ရမယ်။ ဒီလူက... တကယ့်ကို ကာမရမ္မက်ကြီးတဲ့ တစ္ဆေပဲ၊ တကယ့်ကို ငါတို့မျိုးဆက်ရဲ့ သူရဲကောင်းပဲ...”
“ပထမ သခင်လေး .. ပထမ သခင်မလေး ဒီအချိန်ဆို အနားယူလောက်ပြီ။ သခင်လေး မသွားပါနဲ့တော့။ အဲဒီအစား သခင်လေး ခုနကဝယ်လာတဲ့ ခုနစ်ရက်နတ်ဆေးကို အရင်ပြန်စမ်းကြည့်ပါလား”
“ဟီး... ဒါလည်း ကောင်းတာပဲ။ သွားမယ်”
လူများ ထွက်သွားပြီးနောက် ဖန်ကျန်းရီက သခင်လေးချူ၏ ကျောပြင်ကို ရွံရှာစက်ဆုပ်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် ရှေ့တိုးကာ ချူချင်ဟန်၏ အခန်းတံခါးကို ခေါက်လိုက်သည်။
တံခါးခေါက်သံ ကြားသောအခါ ချူချင်ဟန်က မျက်ရည်များကို သုတ်လိုက်ပြီး မျက်နှာထားကို သေချာ ပြင်ဆင်ပြီးမှ အသံပြုလိုက်၏။
ဖန်ကျန်းရီ တံခါးတွန်းဖွင့်ကာ ဝင်လာသောအခါ အဖြူရောင်ဝတ်စုံနှင့် သခင်လေးတစ်ယောက် ဝင်လာသည်ကို မြင်လိုက်ရသဖြင့် ချူချင်ဟန် အံ့အားသင့်သွားကာ တွေဝေစွာဖြင့် မေးလိုက်သည်။ “ရှင်က...”
“ဖန်ထန်ကျင့်ပါ”
ချူချင်ဟန်က သူ့ကို အထက်အောက် နှစ်ခေါက်ခန့် သေချာအကဲခတ်ကြည့်ပြီးမှ ထူးဆန်းသော မျက်နှာထားဖြင့် ပြောလိုက်၏။ “ရှင်က ဘာလို့ ဒီလိုပုံစံ ဝတ်ထားတာလဲ။ ဒီလောက် နောက်ကျနေပြီကို ကျွန်မဆီ လာတာ ဘာကိစ္စရှိလို့လဲ”
ဖန်ကျန်းရီက သဘာဝကျသော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။ “အော်.. ဒုတိယ သခင်မလေးက ဒီည အတန်းဖော်တွေနဲ့ သောက်ဖို့ ဖိတ်ထားတာရှိလို့ ကျုပ် အဝတ်အစားလဲပြီး သူ့ကိုယ်စား အရက် သွားကူသောက်ပေးတာပါ။ ဒါပေမဲ့ ဒုတိယ သခင်မလေး အရက်မူးသွားလို့ မနက်ဖြန် ကျောင်းတော်ကိုသွားပြီး ခွင့်တိုင်ပေးဖို့ စဉ်းစားထားတယ်။ အဲဒါ ပထမ သခင်မလေးကို သတင်းလာပေးတာပါ”
ချူချင်ဟန်က သက်ပြင်းဖျော့ဖျော့ချလိုက်ပြီး တိုးတိုးလေး ညည်းတွားလိုက်၏။ “ဘယ်သူမှ စိတ်အေးရတယ်လို့ မရှိဘူး...”
ထို့နောက် ဖန်ကျန်းရီကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ “သိပါပြီ.. ဒီနေ့ ရှင် ပင်ပန်းသွားပြီပဲ။ ဒီအဝတ်အစား အတွက် ငွေမနည်း ကုန်သွားမှာပေါ့။ အိမ်တော်ထိန်း ပြန်ရောက်နေပြီ၊ မနက်ဖြန် သူ့ဆီသွားပြီး ငွေနည်းနည်း သွားထုတ်လိုက်”
မစင်တွင်းထဲ ပြုတ်ကျသွားတဲ့ အိမ်တော်ထိန်းဒုံ ရောဂါသက်သာပြီး ပြန်ရောက်လာပြီလား။
ဖန်ကျန်းရီက မျက်လုံးတစ်ချက် လှန်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ “ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ် ပထမ သခင်မလေး”