← Chapters

အခန်း ၉၃

Vol. 10 Ch. 93

အခန်း ၉၃

Vol. 10 Ch. 93

အခန်း (၉၃) အဆင့် ၄ လျှို့ဝှက်သေတ္တာ၊ တိရစ္ဆာန်ပြင်ပဒဏ်ရာများအတွက် အံ့ဖွယ်ဆေးစွမ်းကောင်း

ကြီးမားခန့်ညားသော ခွေးဖြူကြီးတစ်ကောင်ဆီသို့ လီလန် လျှောက်သွားလိုက်သည်။

အနီးသို့ရောက်သောအခါ သူက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ခွေးကြီး၏ခေါင်းကို ယုယုယယ ပွတ်သပ်ပေးလိုက်၏။

"ဒီနေ့ကစပြီး မင်းနာမည်က ပိုင်လုံပဲ..."

ပိုင်လုံသည် ၎င်း၏ မျက်လုံးများဖြင့် လီလန်အား မော့ကြည့်လိုက်ပြီးနောက် ၎င်း၏ မူလသခင်ဖြစ်သူ ဟူရွှယ်ယန်ကို ပြန်လည် ကြည့်ရှုလိုက်သည်။

၎င်းမှာ ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး မူလသခင်မှ ရောင်းချလိုက်ပြီဖြစ်ကြောင်းကို သိရှိနေသည့်အလား ဟောင်သံနှစ်ချက်ပြုကာ လီလန်ထံသို့ ထော့နဲ့ထော့နဲ့ လျှောက်လာလေသည်။

နောက်ခြေထောက်ဒဏ်ရာရထားပြီး အမြဲတမ်း ချို့ယွင်းသွားနိုင်သည့် အမဲလိုက်ခွေးတစ်ကောင်မှာ စီးပွားရေးသမားတစ်ဦးဖြစ်သော ဟူရွှယ်ယန်အတွက် မည်သို့မျှ တန်ဖိုးမရှိတော့ပေ။

ခြံစောင့်ရန်အတွက် ကော့ကေးရှန်း သိုးထိန်းခွေးများ ရှိနေသောကြောင့် ဤခွေးကို မလိုအပ်တော့ချေ။

တောဝက်လိုက်ရန်အတွက် အာဂျင်တီးနားဒိုဂို ခွေးငါးကောင် ရှိနေသဖြင့် ဤခွေးမှာ အပိုသာဖြစ်နေသည်။

ဟူမိသားစုခြံဝင်းထဲတွင် နေထိုင်ပြီး နေ့စဉ် အသား ကျင်းပေါင်းများစွာ စားသောက်နေရသည်။ ဟူရွှယ်ယန်မှာ ငွေကြေးမချို့တဲ့သော်လည်း စီးပွားရေးသမားပီပီ အကျိုးအမြတ်ကိုသာ အလေးထားတတ်သောကြောင့် မသန်စွမ်းသော အမဲလိုက်ခွေးတစ်ကောင်အပေါ် အစားအစာများ ဖြုန်းတီးနေမည်မဟုတ်ပေ။

ထို့ကြောင့် လီလန်ထံသို့ ရောင်းချလိုက်ခြင်းက အနည်းဆုံးတော့ ငွေအချို့ ပြန်ရနိုင်မည်ဖြစ်သည်။

"ဦးလေးဟူ ကျွန်တော် ပိုင်လုံကို ယူလိုက်မယ်..."

လီလန်သည် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ဟူလောင်ပါး ကမ်းပေးလာသော ခွေးကြိုးကို လှမ်းယူလိုက်သည်။

သူသည် လက်တစ်ဖက်မှ ပိုင်လုံ၏ ခွေးကြိုးကို ကိုင်ထားရင်း ဟူရွှယ်ယန်ဘက်သို့ လှည့်ကြည့်လိုက်၏။

"အဘိုး ဈေးနှုန်းတစ်ခု သတ်မှတ်ပေးပါ..."

ဟူရွှယ်ယန်သည်လည်း အားနာမနေတော့ချေ။

"(၁၅)ယွမ်နဲ့ ငါးကြင်းတစ်ကောင်ပေး..."

အာဂျင်တီးနားဒိုဂိုမှာ တစ်စိတ်တစ်ပိုင်း မသန်မစွမ်းဖြစ်နေသော်လည်း ကျောက်ဘိုင်တောင်တန်းတွင် တန်ဖိုးရှိနေဆဲဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ကျီလင်ပြည်နယ် တစ်ခုလုံးတွင် ဤခွေးမျိုး အနည်းငယ်သာ ရှိသောကြောင့်ဖြစ်သည်။

(၁၅)ယွမ်ဆိုသည်မှာ မများလွန်း မနည်းလွန်းသော ဈေးနှုန်းဖြစ်ပြီး ငါးကြင်းကြီးတစ်ကောင်လည်း ပါဝင်သေးသည်။

အဘိုးအိုမှာ စီးပွားရေးသမားတစ်ဦးဖြစ်ပြီး သူ၏ ကိုယ်ပိုင်စည်းမျဉ်းများ ရှိလေသည်။

"ကောင်းပါပြီ..."

လီလန်က ခေါင်းညိတ်လိုက်သည်။

သူသည် အင်္ကျီအိတ်ကပ်ထဲမှ (၁၅)ယွမ်ကို ထုတ်ကာ ဟူလောင်ပါးထံသို့ ကမ်းပေးလိုက်၏။

"ဦးလေးဟူ ပိုက်ဆံ ရေတွက်ကြည့်ပါဦး တစ်ပြားမှ မလျော့စေရပါဘူး..."

ဤ (၁၅)ယွမ်မှာ မူလက ဟူလောင်ပါး၏ ငါးဖိုးငွေဖြစ်ပြီး ယခုအခါတွင်မူ မူလပိုင်ရှင်ထံသို့ ပြန်လည်ရောက်ရှိသွားလေပြီ။

"ရေတွက်နေစရာ မလိုပါဘူး..."

လောင်ဟူက ခေါင်းခါ၍ ပြုံးရင်း ပြောလိုက်သည်။

"အဖွဲ့ခေါင်းဆောင်လီ မင်းကို ငါ အရင် သတိပေးရလိမ့်မယ် ဒီခွေးကြီးက နောက်ခြေထောက်မှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပြီး နောင်တစ်ချိန်မှာ ခြေဆွံ့သွားလိမ့်မယ် မင်း တကယ် ယူမယ်ဆိုရင် နောက်မှ စကားပြန်ပြင်လို့ မရဘူးနော်..."

ဟူလောင်ပါးက သတိပေးလိုက်သည်။

သူတို့သည် တိရစ္ဆာန်အရေခွံများ ရောင်းဝယ်ကြသူများ ဖြစ်သည်။ စီးပွားရေးလုပ်ငန်းတွင် ငွေပေးချေပြီးပါက အရောင်းအဝယ်ပြီးမြောက်သွားပြီဖြစ်ရာ အရေခွံတစ်ခုကို ရောင်းချပြီးသည်နှင့် နောက်ပြန်လှည့်၍ မရတော့ပေ။

"စီးပွားရေးလုပ်တဲ့နေရာမှာ ရိုးသားဖြောင့်မတ်မှု လိုအပ်တယ်ဆိုတာကို ကျွန်တော် ကောင်းကောင်း သိပါတယ်..."

လီလန်က ခေါင်းညိတ်လိုက်သည်။

ခွေး၏ နောက်ခြေမှာ ပြင်းထန်စွာ ဒဏ်ရာရထားပြီး အေမာကျားသစ်၏ ကိုက်ခဲခံထားရကာ ပြန်လည်ကောင်းမွန်လာရန် အခွင့်အလမ်း နည်းပါးလှကြောင်းကို လီလန် ကောင်းစွာ သိရှိလေသည်။

ဒဏ်ရာ အပြည့်အဝ သက်သာသွားလျှင်ပင် ခွေး၏ သွားလာလှုပ်ရှားမှုမှာ ယခင်ကဲ့သို့ သန်စွမ်းတော့မည် မဟုတ်ချေ။ အမဲလိုက်ခွေးတစ်ကောင်အတွက် ခြေတစ်ဖက် ဆွံ့အသွားခြင်းမှာ အနားယူရခြင်းနှင့် တူညီလေသည်။

အခြားမုဆိုးများအတွက်မူ ပိုင်လုံသည် ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်သည်။

သို့သော် လီလန်အတွက်မူ ထိုသို့မဟုတ်ပေ။

လီလန်တွင် လျှို့ဝှက်သေတ္တာများမှတစ်ဆင့် ဆုလာဘ်အမျိုးမျိုးကို ရရှိနိုင်သော လျှို့ဝှက်သေတ္တာစနစ် ရှိနေပေသည်။

ယခုအခါ မွန်းတည့်ချိန်ဖြစ်ပြီး လျှို့ဝှက်သေတ္တာများမှာ တစ်ဖန် ပြန်လည်အသစ်ဖြစ်နေပြီ ဖြစ်သည်။

ဤတစ်ကြိမ်တွင် သူသည် သူ၏ အမှတ်များအားလုံးကို အသုံးပြု၍ အဆင့် (၄) လျှို့ဝှက်သေတ္တာတစ်ခုကို လဲလှယ်ခဲ့သည်။

အဆင့်‌(၄) လျှို့ဝှက်သေတ္တာကို ဖွင့်လိုက်သောအခါ စနစ်မှ တိရစ္ဆာန်ပြင်ပဒဏ်ရာများအတွက် ဆေးတစ်ပုလင်းကို ဆုချခဲ့လေသည်။

ဤအံ့ဖွယ် ဆေးစွမ်းကောင်းဖြင့်ဆိုလျှင် အာဂျင်တီးနားဒိုဂို၏ နောက်ဒဏ်ရာမှာ ပြဿနာကြီးတစ်ခု မဟုတ်တော့ချေ။

ဆေးလိမ်းပြီးနောက် ရက်အနည်းငယ်အတွင်းမှာပင် ဒဏ်ရာမှာ ပျောက်ကင်းသွားမည်ဖြစ်သည်။

ဒဏ်ရာများမှ သက်သာလာသည်နှင့်တစ်ပြိုင်နက် ပိုင်လုံသည် သူ၏ တိုက်ခိုက်ရေးစွမ်းအား အပြည့်အဝကို ပြန်လည်ရရှိလာမည် မဟုတ်ပါလော။

ထို့အပြင် ဤဆေးမှာ အလွန် အံ့မခန်းဖြစ်လေသည်။ တိရစ္ဆာန်တစ်ကောင်သည် မည်သို့သော ဒဏ်ရာမျိုးကိုပင် ရရှိစေကာမူ၊ အရိုးများ ကျိုးနေလျှင်တောင်မှ ဆေးလိမ်းလိုက်သည်နှင့် အရိုးများ ချက်ချင်း ပြန်ဆက်သွားမည် ဖြစ်သည်။

တစ်ခုတည်းသော နှမြောစရာအချက်မှာ ဤအံ့ဖွယ် ပြင်ပဒဏ်ရာဆေးကို တိရစ္ဆာန်များအတွက်သာ အသုံးပြုနိုင်ပြီး လူများအတွက် အသုံးပြု၍ မရနိုင်ခြင်းပင် ဖြစ်၏။

သို့သော် လီလန်ကမူ ကျေနပ်နေခဲ့သည်။ အမဲလိုက်ခွေးများဖြစ်ကြသော ပိုင်လုံနှင့် ဟေးလုံတို့သည် တောင်ပေါ်ရှိ သားရဲတိရစ္ဆာန်များနှင့် မကြာခဏ တိုက်ခိုက်လေ့ရှိကြသည်။ ဤဆေးပုလင်းသာ ရှိနေပါက မည်မျှပင် ပြင်းထန်သော ဒဏ်ရာဖြစ်စေကာမူ ရောဂါကို ပျောက်ကင်းစေပြီး သူတို့၏ အကောင်းဆုံး အခြေအနေသို့ ချက်ချင်း ပြန်လည်ရောက်ရှိစေမည် ဖြစ်သည်။

လီလန်၏ စိတ်ထဲတွင် ကောင်းမွန်သော အစီအစဉ်တစ်ခုရှိနေပြီး ထိုသို့သာ မဟုတ်ပါက သူသည် ဤမျှ လွယ်လွယ်ကူကူ သဘောတူမည် မဟုတ်ပေ။

ဟူရွှယ်ယန်နှင့် သူ၏တူဖြစ်သူ ဟူလောင်ပါးတို့အတွက်မူ ပိုင်လုံမှာ မသန်စွမ်းတော့သော အမဲလိုက်ခွေးတစ်ကောင်မျှသာ ဖြစ်သည်။

သို့သော် လီလန်အတွက်မူ ဤအရာမှာ ရတနာတစ်ခုပင်ဖြစ်လေသည်။

ဈေးပေါပေါဖြင့် ရရှိလိုက်သော ရှားပါးရတနာတစ်ခုပင်တည်း။

"ကောင်းပြီလေ ဒါဆိုလည်း သဘောတူတယ်..."

"စိတ်မပူပါနဲ့ မင်း အရှုံးပေါ်သွားမှာစိုးလို့ ငါ့ဦးလေးက ကော့ကေးရှန်းခွေးကလေးတစ်ကောင် အပိုပေးလိုက်မယ်လို့ ပြောတယ်..."

ဟူလောင်ပါးက ထပ်ဖြည့်ပြောလေသည်။

"ဦးလေးဟူ ကျေးဇူးတင်ပါတယ်..."

လီလန်က အလွန်ဝမ်းသာသွားသည်။

ကော့ကေးရှန်း သိုးထိန်းခွေးကလေး နှစ်ကောင်၊ တစ်ပိုင်း မသန်စွမ်းဖြစ်နေသော အာဂျင်တီးနားဒိုဂို ခွေးတစ်ကောင်နှင့် ကျင်း (၃၀)ရှိသော ခေါင်းကြီးငါးကြင်းတို့ကို ဝယ်ယူလိုက်ပြီဖြစ်သည်။

ဤအရောင်းအဝယ်မှာ အလွန်ပင် တန်လွန်းလှပေသည်။

တကယ့်ကို တန်လွန်းလှသည်တကား။

ထို့ထက်ပို၍ တန်ဖိုးရှိသည်မှာ လီလန်သည် တိရစ္ဆာန်အရေခွံ ကုန်သည်ကြီးဖြစ်သော ဟူရွှယ်ယန်နှင့် မိတ်ဆွေဖွဲ့နိုင်ခဲ့ခြင်းပင် ဖြစ်သည်။

ဤအဘိုးအိုမှာ အရှေ့မြောက်ပိုင်းရှိ တိရစ္ဆာန်အရေခွံ အားလုံးကို ဆိုဗီယက်ယူနီယံသို့ ရောင်းချနိုင်စွမ်းရှိသော ဩဇာကြီးမားသူတစ်ဦး ဖြစ်လေသည်။

လီလန်သည် သားကောင်များကို အမဲလိုက်ပြီးနောက် အရေခွံခွာကာ စုဆောင်းထားပြီး အဘိုးဟူ၏ အချိတ်အဆက်များမှတစ်ဆင့် ဆိုဗီယက်တို့ထံသို့ ရောင်းချနိုင်မည် ဖြစ်သည်။

ရုရှားမှာ အလွန်အေးချမ်းသော နေရာတစ်ခုဖြစ်ပြီး ဆောင်းရာသီတွင် ကျောက်ဘိုင်တောင်တန်းထက်ပင် ပို၍ အေးခဲလှသောကြောင့် တိရစ္ဆာန်အရေခွံများအတွက် ဝယ်လိုအား အလွန်ကြီးမားလေသည်။

ဤသည်မှာ ကောင်းမွန်သော နည်းလမ်းတစ်ခုဖြစ်သည်။ ၎င်းကို သေချာစွာ ကျွမ်းကျင်သွားသည်နှင့် အဘိုးဟူ၏ အချိတ်အဆက်များမှ အကျိုးအမြတ်ရယူကာ ဆိုဗီယက်ယူနီယံသို့ ကုန်ပစ္စည်းများ ဖလှယ်ရန် သူ၏ ရထားပေါ်သို့ပင် လိုက်ပါသွားနိုင်ပေသည်။

ဆိုဗီယက်တို့သည် တိရစ္ဆာန်အရေခွံ အများအပြား လိုအပ်ပြီး ၎င်းတို့ကို အခြားအရာများစွာနှင့် ဖလှယ်နိုင်ပေသည်။

ရုရှားတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သရွေ့ စစ်ရေးနည်းပညာများ၊ သေနတ်များ၊ ကျည်ဆန်များနှင့် လေယာဉ်ပျံများ၊ တိုက်လေယာဉ်များကိုပင် ဖလှယ်နိုင်မည် ဖြစ်သည်။

ဆိုဗီယက်ယူနီယံ၏ စစ်ရေးနည်းပညာမှာ ယခုအခါတွင် ကမ္ဘာပေါ်၌ အကောင်းဆုံးနှင့် နံပါတ်တစ်ဖြစ်နေလေပြီ။

လီလန်မှာ ယနေ့တွင် စိတ်အခြေအနေ အလွန်ကောင်းမွန်နေပြီး လုံမင်မြစ်ပေါ်ရှိ ရေခဲပြင်ငါးဖမ်းခရီးစဉ်မှာ တန်ဖိုးရှိခဲ့လေသည်။

သူသည် ငါးကြီးတစ်အိတ်အပြည့် ဖမ်းမိခဲ့ပြီး ကော့ကေးရှန်း သိုးထိန်းခွေးတစ်ကောင်နှင့် အမဲလိုက်ခွေးတစ်ကောင်တို့ကို ရရှိခဲ့သည့်အပြင် ဟူရွှယ်ယန်ကဲ့သို့သော တရုတ်-နိုင်ငံခြား ကုန်သွယ်ရေးသမားကြီးနှင့်လည်း တွေ့ဆုံခွင့်ရခဲ့သည်။

ဤခရီးစဉ်မှာ အလွန် ကြီးကျယ်သော အောင်မြင်မှုတစ်ခုပင် ဖြစ်သည်။

"ရှောင်လီ အခွင့်အရေးရရင် ငါ့ဆီ မကြာခဏ လာလည်ပါဦး မင်းက တော်တဲ့ ငါးဖမ်းသမားတစ်ယောက်ပဲ ငါတို့ ရင်းရင်းနှီးနှီး ယှဉ်ပြိုင်ကြည့်ကြတာပေါ့..."

ဟူရွှယ်ယန်က ပြုံးလျက် ပြောလိုက်သည်။

"ကောင်းပါပြီ အခုကစပြှး စန်းဟော့ရွာကို ကျွန်တော် မကြာခဏ လာခဲ့ပါ့မယ်..."

လီလန်က ခေါင်းညိတ်လိုက်သည်။

"အော် ဒါနဲ့ ဟိုပညာတတ်လူငယ်တွေ ဘာဖြစ်သွားကြလဲ..."

အဘိုးဟူသည် တစ်စုံတစ်ရာကို ရုတ်တရက် သတိရသွားသည့်အလား အလျင်စလို မေးလိုက်သည်။

"ဘာမှမဖြစ်ပါဘူး လူပြက်အနည်းငယ်ပါ စိုးရိမ်စရာ မရှိပါဘူး..."

လီလန်သည် စွန်းရှန်ရီနှင့် သူ၏ အသုံးမကျသော ပညာတတ်လူငယ်အုပ်စုကို အလေးမထားဘဲ ခေါင်းခါလိုက်သည်။

"ရှောင်လီ စွန်းရှန်ရီလို့ခေါ်တဲ့ ပညာတတ်လူငယ်တစ်ယောက်ကို မင်း သတိထားတာ ပိုကောင်းမယ် သူက ပေကျင်းက ပညာတတ်လူငယ်တစ်ယောက်ဖြစ်ပြီး မြို့တော်မှာ မွေးဖွားကြီးပြင်းလာတဲ့ ဒေသခံ လူမိုက်တစ်ယောက်ပဲ သူ့နောက်ခံက သာမန်လူတစ်ယောက်ရဲ့ နောက်ခံမျိုး မဟုတ်ဘူး..."

အဘိုးအိုက ကြင်နာစွာဖြင့် သတိပေးလိုက်သည်။

လီလန်က ခေါင်းညိတ်လိုက်ပြီး

"ကျွန်တော့် အတိုင်းအတာကို ကျွန်တော် သိပါတယ် သူ ကျွန်တော့်ကို လာမစသရွေ့တော့ ဘာမှလုပ်စရာ မရှိပါဘူး..."

"မင်းဘက်က အရင်သွားစရင်ရော ဘယ်လိုလုပ်မလဲ..."

အဘိုးဟူက ပြုံးလျက် မေးလိုက်သည်။

သူသည် စွန်းရှန်ရီနှင့် ပတ်သက်၍ အခြားသူများထံမှ စုံစမ်းသိရှိထားပြီးဖြစ်ကာ ၎င်းမှာ မောက်မာပြီး ဗိုလ်ကျတတ်ကြောင်းနှင့် ပေကျင်းမှ ပညာတတ်လူငယ်တစ်ဦးဖြစ်သောကြောင့် ရွှမ်းရွှေရွာမှ ရွာခေါင်းဆောင်များကို အလေးမထားကြောင်း သိရှိထားလေသည်။

ဤသို့သော လူမျိုးများသည် ငယ်စဉ်ကတည်းက မိသားစု၏ အလိုလိုက်ခြင်းကို ခံခဲ့ရပြီး မည်သည့် အခက်အခဲကိုမျှ မကြုံတွေ့ခဲ့ဖူးချေ။ တစ်ကြိမ်တစ်ခါ အရှုံးနှင့် ရင်ဆိုင်ရပါက အလွန်အမင်း လက်စားချေတတ်ကြလေသည်။

"ဟွန့် ဒါဆိုလည်း သူ့ကို မြေကြီးပေါ် တွားသွားတဲ့အထိ ရိုက်နှက်ပစ်လိုက်တာပေါ့..."

"ငါ့နယ်မြေထဲကို ရောက်လာမှတော့ နဂါးဖြစ်နေရင်တောင် ရှေ့မှာ တွားသွားရမှာပဲ..."

လီလန်က လှောင်ပြုံး ပြုံးလိုက်သည်။

"တော်တဲ့ကောင်လေး မင်းက သတ္တိရှိတာပဲ..."

ဟူရွှယ်ယန်နှင့် ဟူလောင်ပါးတို့မှာ အချင်းချင်း အဓိပ္ပာယ်ပါပါ ကြည့်ကာ ပြုံးလိုက်ကြသည်။

သူတို့သည် လီလန်ထံတွင် သူတို့၏ ငယ်ဘဝပုံရိပ်ကို ပြန်လည်မြင်တွေ့လိုက်ရလေသည်။

"ငါက ပြိုင်ဘက်ကင်းပဲ" ဆိုသော မောက်မာပြီး ဗိုလ်ကျတတ်သည့် စိတ်နေသဘောထားမျိုးပင် ဖြစ်သည်။

"လောင်ပါး ကြည့်စမ်း ဒါကမှ လူငယ်တွေ ဖြစ်သင့်တဲ့ပုံစံပဲ ဒါကမှ လူငယ်ပဲကွ..."

"လူငယ်ဆိုတာ အရိုင်းအစိုင်းဆန်ရတယ်ကွ ကျန်တာတွေ မေ့ထားလိုက် အရင်ဆုံး ရိုက်နှက်ပစ်လိုက်ကြတာပေါ့..."

အဘိုးဟူသည် စိတ်ခံစားမှု ပြင်းထန်သူတစ်ဦးဖြစ်ပြီး အလွန်စိတ်အားထက်သန်စွာဖြင့် ပြောဆိုလေသည်။

"ဦးလေး ဦးလေးငယ်ငယ်က အဖွဲ့ခေါင်းဆောင်လီထက်တောင် ပိုပြီး မောက်မာသေးတယ်... ဘေးရွာက အမျိုးသမီးဟဲနဲ့ အတူအိပ်ခဲ့ပြီးတော့ သူမရဲ့ ယောက်ျားက မြင်သွားတော့ ဦးလေးက သူ့ကိုတောင် ရိုက်နှက်ခဲ့သေးတာပဲ..."

"လောင်ဟူ မင်း သေချင်နေတာလား..."

"ရဲဘော် လီလန်က သူစိမ်းမှ မဟုတ်တာ..."

လီလန်သည် တက်ကြွနေသော ဦးလေးနှင့် တူနှစ်ယောက်ကို ပြုံးလျက် ကြည့်နေခဲ့သည်။

သူ၏ တည်ငြိမ်ပြီး ယုံကြည်စိတ်ချရသော သဘာဝရှိသော်လည်း အဘိုးဟူမှာ သူ၏ ငယ်စဉ်က အတော်လေး အရိုင်းအစိုင်းဆန်ပြီး လွတ်လပ်သူတစ်ဦး ဖြစ်ခဲ့ပေသည်။

သူတို့သုံးဦး စကားပြောကာ ရယ်မောနေစဉ် လူတစ်ယောက်သည် ခြံဝင်းထဲသို့ ရုတ်တရက် ပြေးဝင်လာလေသည်။

"ဦးလေးဟူ ပြဿနာကြီး တက်ပြီ ပြဿနာကြီး တက်ပြီဗျို့..."

"ဘာဖြစ်လို့လဲ..."

အဘိုးဟူက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

ထိုလူသည် အမောတကောဖြင့် ပြေးဝင်လာသည်။ သူသည် စကားပြောရန် ပြင်လိုက်စဉ် လှည့်ကြည့်လိုက်ရာ လီလန်ကို မြင်တွေ့လိုက်ရသဖြင့် သူ၏ မျက်နှာမှာ ကြောက်လန့်တကြား ချက်ချင်း ဖြူရော်သွားတော့သည်။

"အာ.. လီလန်ပါလား..."

"မင်း မင်း ဘယ်လိုလုပ် ဒီနေရာမှာ ရှိနေသေးတာလဲ..."

"မင်းရဲညီ ရိုက်နှက်ခံရပြီး ငါးတွေအကုန်လုံး အခိုးခံလိုက်ရပြီ..."

All Chapters