အခန်း ၉၄
Vol. 10 Ch. 94
အခန်း (၉၄) ကောင်းကင်ဘုံအား ပြောင်းပြန်လှန်ခြင်း၊ အဘိုးဟူ၊ လီလန်သည် အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် ပြိုင်ဘက်ကင်း ဖြစ်သွားခဲ့သည်
"ဘာ..."
"ဝေ့ကော် အရိုက်ခံရတယ်..."
ထိုသတင်းကို ကြားလိုက်ရသည့်အခါ လီလန်၏ မျက်နှာမှာ ချက်ချင်းပင် မှောင်မိုက်သွားတော့သည်။
ကျန်းဝေ့ကော်သည် အဖွဲ့ခေါင်းဆောင်ကျန်း၏ တူဖြစ်ပြီး စစ်တပ်မိသားစုမှ ဆင်းသက်လာသူ ဖြစ်သည်။ သူသည် အသက် (၁၆)နှစ်သာ ရှိသေးပြီး လူမမယ်အရွယ် ဖြစ်သော်လည်း အဖွဲ့ခေါင်းဆောင်ကျန်းနီးပါး အရပ်ရှည်ကာ ကျောပြင်ကျယ်ကျယ်၊ ခါးတုတ်တုတ်နှင့် ကြွက်သားများ အပြည့်ရှိနေပြီ ဖြစ်သည်။
ဤကောင်လေးက ကိုယ်ခံပညာ အနည်းငယ် တတ်ကျွမ်းထားရာ မည်သို့လုပ်၍ အရိုက်ခံရကာ သွေးထွက်လာရသနည်း။
"ဘယ်သူရိုက်လိုက်တာလဲ..."
လီလန်က မေးလိုက်သည်။
သူ၏ စိတ်ထဲတွင် ခန့်မှန်းမိပြီးသား ဖြစ်သော်လည်း အတည်ပြုရန်နှင့် ရှင်းလင်းစွာ သိရှိရန် မေးမြန်းဖို့ လိုအပ်နေဆဲ ဖြစ်သည်။
သတင်းလာပို့သော ရွာသား၏ မျက်နှာမှာ သေလူတစ်ယောက်ကဲ့သို့ ဖြူလျော်နေသည်။ သူသည် လီလန်ကို ကြည့်လိုက်၊ အဘိုးဟူကို ကြည့်လိုက်လုပ်ရင်း ထစ်အကာ ပြောလာသည်။
"ကျွန်... ကျွန်တော်လည်း ဘယ်သူမှန်း မသိဘူး..."
"ကျွန်... ကျွန်တော် မမြင်လိုက်ဘူး..."
တိုက်ခိုက်သူများကို အလွန်ကြောက်ရွံ့နေသည့်အလား သူ၏ အသံမှာ တုန်ယင်နေသည်။
ထိုလူ၏ ကြောက်လန့်နေသော မျက်နှာအမူအရာကို မြင်လိုက်ရသည့်အခါ လီလန်သည် ပို၍ပင် သေချာသွားတော့သည်။
"အခုချိန်ထိ မင်းက ဘာလို့ ဘာမှမပြောသေးတာလဲ...ယန်ဝူ"
လောင်ဟူက သူ့ကို စိုက်ကြည့်ကာ ဆူပူလိုက်သည်။
ယန်ဝူသည် ခေါင်းငုံ့ထားရင်း ဟူရွှယ်ယန်ကို တစ်ချက်ကြည့်လိုက်ရာ အနည်းငယ် ကြောက်လန့်နေဆဲ ဖြစ်သည်။
အဘိုးဟူသည် လက်နှစ်ဖက်ကို နောက်ပစ်ထားကာ သူ၏ မျက်နှာမှာ တင်းမာနေသည်။
"စွန်းရှန်ရီနဲ့ ပေကျင်းကလာတဲ့ ပညာတတ်လူငယ်တွေလား..."
"အင်း…အင်း..."
ယန်ဝူသည် အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။
စွန်းရှန်ရီသည် ပေကျင်းမှ ပညာတတ်လူငယ်တစ်ဦးဖြစ်ပြီး မြို့တော်တွင် မွေးဖွားကြီးပြင်းလာသော လူကြီးလူကောင်း တစ်ယောက်ဖြစ်သည်။ သူသည် အာဏာနှင့် သြဇာလွှမ်းမိုးမှု ရှိပြီး ရွှမ်းရွှေရွာ၏ ထုတ်လုပ်ရေးတပ်ဖွဲ့ခေါင်းဆောင်ပင်လျှင် သူ့ကို ဖားယားနေရသည်။ ယန်ဝူသည် သာမန်မုဆိုးလေးတစ်ယောက်သာဖြစ်ရာ သူ့ကို မည်သို့ ရန်စရဲမည်နည်း။
သူက စွန်းရှန်ရီကို တိုင်ကြားလိုက်ပါက ထိုပညာတတ်လူငယ်အုပ်စု၏ လက်စားချေမှုကို ခံရမည်ကို ကြောက်ရွံ့နေခြင်း ဖြစ်သည်။
"တကယ်ပဲ သူတို့ဖြစ်နေတာကိုး..."
လီလန်က လှောင်ပြုံးပြုံးလိုက်သည်။
"ဦးလေးဟူ ကျွန်တော့်အတွက် ပိုင်လုံကို ခဏလောက် ကြည့်ထားပေးလို့ ရမလား... ကျွန်တော် နောက်မှ လာပြန်ခေါ်မယ်..."
လီလန်သည် ဟူလောင်ပါးထံသို့ ခွေးကြိုးကို ကမ်းပေးလိုက်ပြီး တံခါးပေါက်မှ ဒေါသတကြီး ထွက်သွားလေသည်။
"ရှောင်လီ..."
"လီလန်..."
သူသည် နောက်ကွယ်မှ ဟူရွှယ်ယန်၏ ခေါ်ဆိုမှုများကို လျစ်လျူရှုထားခဲ့သည်။
"ဒုက္ခပါပဲ ဆိုးရွားတဲ့ကိစ္စတစ်ခုခု ဖြစ်တော့မယ်ထင်တယ်..."
လီလန်၏ ဒေါသထွက်နေသော မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ဟူလောင်ပါးမှာ စိုးရိမ်တကြီးဖြင့် သက်ပြင်းချလိုက်သည်။
ဟူရွှယ်ယန်က အေးစက်စွာ နှာမှုတ်လိုက်ပြီး
"ဘယ်လို ပြဿနာကြီးမျိုးက ဖြစ်လာနိုင်မှာမို့လို့လဲ..."
"ပေကျင်းက ကလေးတချို့က သူများပစ္စည်းကို ခိုးသွားတာလေ... ရှောင်လီက သူတို့နဲ့ စာရင်းသွားရှင်းရင် သူတို့က ဘာလုပ်နိုင်မှာတဲ့လဲ..."
"ဒီနေရာက အရှေ့မြောက်ဒေသကွ... ဒီနေရာက ကျောက်ဘိုင်တောင်တန်းကွ... ပေကျင်းမဟုတ်ဘူး..."
"ပညာတတ်လူငယ်တချို့က ငါတို့မုဆိုးတွေရဲ့ ခေါင်းပေါ်မှာ လာပြီး အညစ်အကြေးစွန့်နေကြတာ... သတင်းသာ
ပြန့်သွားရင် လူတွေ သေတဲ့အထိ ရယ်ကြလိမ့်မယ်..."
အဘိုးဟူ၏ မျက်နှာမှာ ပြာနှမ်းသွားပြီး ကျိန်ဆဲစကားများကို တရစပ် ပြောဆိုတော့သည်။
စွန်းရှန်ရီနှင့် မြို့ကြီးများမှ သူ၏ ပညာတတ်လူငယ်အုပ်စုမှာ ရွှမ်းရွှေရွာအနီးရှိ ကျေးရွာများတွင် သူတို့၏ ဆိုးရွားသော အပြုအမူများကြောင့် နာမည်ပျက်နေသည်မှာ ကြာပြီဖြစ်ကြောင်း ထင်ရှားလှသည်။
"ငါတို့က နိုင်ငံတော်ရဲ့ ခေါ်ဆိုမှုကို တုံ့ပြန်တဲ့အနေနဲ့ ရွာမှာ ပညာတတ်လူငယ်ရုံးကို တည်ထောင်ခဲ့ကြတာ... မြို့ကလူတွေ ငါတို့ရွာကို လာပြီး တောမှာ အလုပ်လုပ်ကြတယ်ဆိုတာ သူတို့ကို ကြီးထွားဖွံ့ဖြိုးလာဖို့ အခွင့်အရေးပေးတာပဲ..."
"မြို့နေလူတွေကို ပျင်းရိပြီး အသုံးမကျတဲ့ လူယုတ်မာတွေဖြစ်လာဖို့ ကူညီပေးရမှာ မဟုတ်ဘူး..."
ဟူလောင်ပါးမှာ ဘေးမှနေ၍ နားထောင်ရင်း ပို၍ပင် ထိတ်လန့်လာခဲ့သည်။ ပေကျင်းမှ စွန်းရှန်ရီသည် သူ၏ အဘိုးထံသို့ တန်ဖိုးကြီးလက်ဆောင်များဖြင့် လာရောက်လည်ပတ်ခဲ့သော်လည်း အဘယ်ကြောင့် အဝင်မခံရသနည်းဟု သူ အရင်က တွေးတောခဲ့ဖူးသည်။
အဘယ်ကြောင့်နည်း။
ယနေ့ အဘိုးအို ပြောလိုက်သော စကားများကို ကြားပြီးနောက်တွင်မူ တုံးအသော ဦးနှောက်ရှိသည့် လောင်ဟူပင်လျှင် နောက်ဆုံးတွင် နားလည်သွားတော့သည်။
"ယန်ဝူ ပြည်သူ့စစ်တွေကို သွားခေါ်ချေ..." ဟု ဟူရွှယ်ယန်က အေးစက်စွာ ပြောလိုက်သည်။
ကျေးရွာကွန်မြူနစ်အဖွဲ့တိုင်းသည် ရွာ၏ လုံခြုံရေးကို ကာကွယ်ရန်အတွက် ပြည်သူ့စစ်အဖွဲ့ တစ်ဖွဲ့စီ တည်ထောင်ထားကြသည်။
စန်းဟော့ရွာနှင့် ရွှမ်းရွှေရွာတို့သည် ဝက်ဝံနက်တောင်၊ ကျောက်ဘိုင်တောင်တန်း၊ တာ့ရှင်းအန်းလင်တောင်တန်းကြီးနှင့် ရှင်းအန်းလင်တောင်တန်းငယ်တို့ ဝန်းရံထားသော မုဆိုးရွာများဖြစ်ကြသည်။ တောင်များပေါ်တွင် တောရိုင်းတိရစ္ဆာန်များစွာရှိပြီး ပြည်သူ့စစ်အဖွဲ့ကို ရွာတစ်ရွာစီမှ အလွန်ကောင်းမွန်သော သေနတ်ပစ်စွမ်းရည်နှင့် အတွေ့အကြုံကြွယ်ဝသည့် မုဆိုးများဖြင့် ဖွဲ့စည်းထားသည်။ သူတို့သည် ရွာများကို ကင်းလှည့်ရန် တာဝန်ရှိပြီး တောင်ပေါ်မှ တောရိုင်းတိရစ္ဆာန်များ ရွာထဲသို့ ဆင်းလာသည်ကို တွေ့ရှိပါက အချိန်မီ သတိပေးချက်များ ထုတ်ပြန်ပေးမည် ဖြစ်သည်။
"ဟင်... ဘာလို့ ပြည်သူ့စစ်တွေကို ခေါ်ရမှာလဲ..."
ယန်ဝူက နားမလည်နိုင်စွာ မေးလိုက်သည်။
ဟူရွှယ်ယန်သည် အနားသို့သွားကာ သူ၏ တင်ပါးကို ခြေစုံကန်လိုက်သည်။
"ဟိုလူမိုက်တွေက လူတွေကို ရိုက်နှက်ပြီး ပစ္စည်းတွေ လုယက်နေကြတာလေ... ပြည်သူ့စစ်တွေကို ဘာလို့ ခေါ်ရမလဲ ဟုတ်လား..."
"မြန်မြန်သွားစမ်း..."
အဘိုးအိုက သူ့ကို ဆူပူလိုက်ရာ ယန်ဝူက ရွာ၏ ပြည်သူ့စစ်အဖွဲ့ထံသို့ အကူအညီတောင်းရန် ခြံဝင်းထဲမှ ကမန်းကတန်း ပြေးထွက်သွားလေသည်။
"လောင်ပါး ငါတို့လည်း သွားကြည့်ရအောင်..."
"အဘိုး အဖွဲ့ခေါင်းဆောင်လီက ဟိုပညာတတ်လူငယ်တွေကို မနိုင်မှာစိုးလို့လား..."
"မဟုတ်ဘူး... ရှောင်လီက ဒေါသလွန်ပြီး ဟိုပညာတတ်လူငယ်တွေကို ရိုက်သတ်မိသွားမှာ စိုးလို့..."
"ဟင်..."
လုံမင်မြစ်။
မြစ်၏ တစ်ဖက်ကမ်းတွင် လူအုပ်ကြီး စုရုံးနေပြီး ရေခဲမြစ်၏ အလယ်ဗဟိုရှိ လူငယ်တစ်ဦးထံသို့ အကြည့်အားလုံးက စူးစိုက်နေကြသည်။
သူသည် မြေပြင်ပေါ်တွင် ခွေယိုင်ကျနေပြီး သူ၏ ဆံပင်များမှာ ဖရိုဖရဲဖြစ်နေကာ မျက်နှာမှာ ဖူးရောင်နေပြီး သူ၏ ဝါဂွမ်းအင်္ကျီမှာလည်း စုတ်ပြဲနေသဖြင့် အဖြူရောင် ဝါဂွမ်းစများ ပေါ်ထွက်နေသည်။
သေချာကြည့်မည်ဆိုလျှင် သူ၏ တင်ပါးအောက်တွင် လူတစ်ယောက် ထိုင်နေသည်ကို တွေ့ရမည်ဖြစ်သည်။
ထိုလူမှာ အရပ်ပုပု၊ အသားမည်းမည်းနှင့် အနည်းငယ် ကောက်ကျစ်သည့် အသွင်အပြင် ရှိသည်။
"ငါ့ကို လွှတ်စမ်း ခွေးကောင်... ငါ့ကို လွှတ်စမ်း..."
ထန်ကျန်းကော်သည် ရူးသွပ်စွာ ရုန်းကန်ရင်း ဟိန်းဟောက်လိုက်သည်။
"မင်းအမေကို လွှတ်ပေးရမလား..."
"မင်းက ငါ့ငါးတွေကို ခိုးသွားသေးတယ်... ပြီးတော့ ငါက မင်းကို လွှတ်ပေးရဦးမယ်ပေါ့လေ..."
ကျန်းဝေ့ကော်သည် သူ၏ လက်သီးကြီးကို ဆန့်ထုတ်ကာ အမြင့်သို့ ရွယ်လိုက်ပြီး ထန်ကျန်းကော်၏ ခေါင်းကို ရိုက်ချလိုက်သည်။
ဤခွေးကောင်ကို သေအောင် ရိုက်သတ်ပစ်မည်။
"အစ်ကိုလန် ဖမ်းထားတဲ့ ငါးတွေကိုတောင် မင်းတို့က ခိုးရဲတယ်ပေါ့... သေချင်နေကြတာပဲ..."
ထိုစဉ်ကျန်းဝေ့ကော်ထံသို့ လူရိပ်တစ်ခု ပြေးလာခဲ့သည်။
"ဝေ့ကော် ဘာဖြစ်တာလဲ..."
လီလန်သည် ဒဏ်ရာများဖြင့် ပြည့်နှက်နေသော ကျန်းဝေ့ကော်ကို ငုံ့ကြည့်လိုက်ပြီးနောက် သူ၏အောက်ရှိ ပညာတတ်လူငယ်အား ကြည့်လိုက်သည်။
ဤပညာတတ်လူငယ်ကို ရင်းနှီးနေသလိုပင်။ အိုး... သူ ယခုမှ မှတ်မိတော့သည်။ သူက စွန်းရှန်ရီ၏ လက်ပါးစေ ဖြစ်သည်။
"အစ်ကိုလန် ပြန်လာပြီပဲ..."
လီလန်ကို မြင်လိုက်ရသည့်အခါ ကျန်းဝေ့ကော်၏ မျက်လုံးများ အရောင်လက်သွားပြီး ချက်ချင်းပင် မတ်တတ်ရပ်လိုက်သည်။
"စွန်းရှန်ရီနဲ့ သူ့လူတွေလား..."
ထန်ကျန်းကော်ကို မြင်လိုက်သည်နှင့် လီလန်သည် အခြေအနေ၏ အဓိကအချက်ကို ချက်ချင်းပင် နားလည်သွားတော့သည်။
အစ်ကိုကြီး ရောက်လာသည်နှင့် ကျန်းဝေ့ကော်သည် ထန်ကျန်းကော်၏ ကျောကို နင်းထားလိုက်ပြီး "ငါ့အစ်ကို ရောက်လာပြီ... လိမ္မာစမ်း ငြိမ်ငြိမ်နေ..." ဟု ပြောလိုက်သည်။
"အစ်ကိုလန် ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော် အသုံးမကျဘူး... အစ်ကိုက ကျွန်တော့်ကို ငါးတွေကို စောင့်ကြည့်ဖို့ ပြောခဲ့ပေမယ့် ကျွန်တော် မလုပ်နိုင်ခဲ့ဘူး..."
"ဟိုခွေးကောင်တွေက ကျွန်တော့်ငါး သုံးကောင်ကို ခိုးသွားကြတယ်..."
ကျန်းဝေ့ကော်သည် သူ၏အနောက်မှ ဂုန်နီအိတ်ကို ယူလိုက်ပြီး လီလန်အား ပြသရန် ဖွင့်ပြလိုက်သည်။
လီလန်သည် အိတ်ကို တစ်ချက်ကြည့်လိုက်ရာ ဆယ်ကျင်းရှိသော ငါးကြင်းနှစ်ကောင်နှင့် ကျင်းသုံးဆယ်ရှိသော ခေါင်းကြီးငါးကြင်း တစ်ကောင်တို့ ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရသည်။
ငါးကြီး သုံးကောင်လုံးပေါင်း ငါးဆယ်ကျင်းရှိသော အသားများမှာ အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားလေပြီ။
"ရပါတယ်... သူတို့ ခိုးသွားတယ်ဆိုရင်လည်း ငါတို့ ပြန်ယူလို့ ရတာပဲ..."
"ဝေ့ကော် မင်း အဆင်ပြေရဲ့လား..."
လီလန်က ကျန်းဝေ့ကော်ကို အထက်အောက် စုန်ဆန် ကြည့်လိုက်သည်။
ကျန်းဝေ့ကော်သည် သူ၏ငါးများကို ခိုးယူရန် ကြိုးစားနေသော ထိုပညာတတ်လူငယ်များနှင့် တော်တော်လေး ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပုံရသည်။ သူ၏ မျက်နှာ၊ လက်မောင်းများနှင့် သူ၏ ဝါဂွမ်းအင်္ကျီများပင် ပွန်းပဲ့နေသည်။
ဤတိုက်ပွဲမှာ အလွန်ပြင်းထန်ခဲ့မည်မှာ သေချာသည်။
"ကျွန်တော် အဆင်ပြေပါတယ်... ကျွန်တော် လုံးဝ အဆင်ပြေတယ်..”
ကျန်းဝေ့ကော်က သူ၏ လက်မောင်းများကို ဆန့်ထုတ်ကာ ဟိုဟိုဒီဒီ ခုန်ပေါက်ပြလိုက်သည်။
"အား... နာတယ်ဟ..."
သူသည် ခါးရှိ ဒဏ်ရာကို မတော်တဆ ထိမိသွားခဲ့သည်။
"မဟုတ်ပါဘူး... ဘာမှမဖြစ်ပါဘူး..."
ကျန်းဝေ့ကော်သည် လီလန်ကို မကြည့်ရဲဘဲ ခေါင်းငုံ့ကာ အပြစ်ရှိသလို ပြောလိုက်သည်။
လီလန်သည် အေးစက်သော မျက်နှာဖြင့် ရှေ့သို့ ခြေလှမ်းအနည်းငယ် တက်သွားကာ ကျန်းဝေ့ကော်၏ အင်္ကျီကို ဆွဲဖွင့်လိုက်သည်။
ကျန်းဝေ့ကော်၏ ခါးတွင် ခရမ်းရင့်ရောင် အညိုအမည်းစွဲနေသော ဒဏ်ရာကြီးတစ်ခု ရှိနေသည်။
ထိုခွေးကောင်များသည် ငါးများကို ခိုးယူချိန်တွင် ကျန်းဝေ့ကော်ကို အင်အားအလွန်အကျွံ သုံး၍ တိုက်ခိုက်ခဲ့ကြောင်း ထင်ရှားလှသည်။
လီလန်၏ မျက်နှာမှာ မှောင်မိုက်နေပြီး ဘာမှမပြောဘဲ တိတ်ဆိတ်နေသည်။
သူက အသံဩဩဖြင့် ပြောလိုက်သည်။
"ဝေ့ကော် ဘေးဖယ်လိုက်..."
ကျန်းဝေ့ကော်သည် လီလန်ကို မော့ကြည့်လိုက်သည်။ လီလန် ဤမျှလောက် ဒေါသထွက်နေသည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သူသည် ဒေါသမထွက်ဘဲနှင့်ပင် ဩဇာတိက္ကမ ကြီးမားနေသော်လည်း တောင်ပေါ်ရှိ တောရိုင်းသားရဲတစ်ကောင်ကဲ့သို့ ဖိနှိပ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်နေသည်။
"အစ်ကိုလန် ကျွန်တော်... ကျွန်တော် အဆင်ပြေပါတယ်..."
လီလန်က သူ့ကို စိုက်ကြည့်လိုက်ရာ သူ အလွန်လန့်သွားပြီး ဘေးသို့ ဖယ်ပေးလိုက်သည်။
"အား... မင်း ငါ့ကို ဖိထားတာပဲ ခွေးကောင်ရဲ့..."
ထန်ကျန်းကော်က မတ်တတ်ရပ်ရင်း ကျိန်ဆဲလိုက်သည်။
သူ တုံ့ပြန်နိုင်ခြင်း မရှိမီမှာပင် လက်ကြီးတစ်စုံက သူ၏ လည်ပင်းကို တင်းကျပ်စွာ ဆုပ်ကိုင်လာခဲ့သည်။
ထိုအင်အားမှာ အလွန်ကြီးမားလှသဖြင့် သူ့ကို အသက်ရှူရ ခက်ခဲစေပြီး မျက်နှာမှာ နီရဲလာကာ သေမင်း၏ အငွေ့အသက်များက သူ့ကို လွှမ်းခြုံလာခဲ့သည်။
*စွန်းရှန်ရီ ဘယ်မှာလဲ”