← Chapters

ယန္တရားစိတ်ဝိဉာဉ်သံချပ်ကာ (၃)

Vol. 65 Ch. 1068

ယန္တရားစိတ်ဝိဉာဉ်သံချပ်ကာ (၃)

Vol. 65 Ch. 1068

ချန်စီရွှမ်က ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် တိတ်ဆိတ်မှုကို ဖြတ်တောက်ကာ စကားပြောလာသည်။

“အမှောင်ယဉ်ကျေးမှုဟာ တကယ်ပဲ အရမ်းကိုမြင့်မားတဲ့ အသိဉာဏ်ကို ပိုင်ဆိုင်ထားတာပဲ။ ဒါဆိုရင် ကျွန်မတို့ အရုဏ်ဦးမြို့တော်မှာ လုပ်ဆောင်ခဲ့တဲ့ အပြုအမူတွေက...”

“ငါတို့ ကောက်ချက်ချဖို့ မလောသင့်သေးဘူး”

လင်းရှန်က သူမ၏ စကားကို ဖြတ်ပြောလိုက်သည်၊၊

“ချူချူယန်နဲ့ ငါဟာ အမှောင်သတ္တဝါတွေရဲ့ အသိစိတ်နဲ့ ရှင်းရှင်းလင်းလင်းချိတ်ဆက်မိခဲ့ဖူးတယ်၊၊ ပြီးတော့ ငါတို့အပြင် ဖီးနစ်ကလည်း ဒီလိုပဲဆုံးဖြတ်ချက်ချခဲ့ကြတာပဲ။ ဒီလိုမြင့်မားတဲ့ အသိဉာဏ်နဲ့ အဆင့်မြင့်နည်းပညာတွေဆိုတာ ငါတို့ရဲ့ နားလည်မှုအပေါ်မှာပဲ အခြေခံထားတာမို့ အမှောင်ယဉ်ကျေးမှုကို အကုန်လုပ်နိုင်တယ်လို့ လောလောဆယ်မသတ်မှတ်ရသေးဘူး”

ချီလီက ပခုံးတွန့်လိုက်သည်၊၊

“အကယ်၍ သူတို့က အဲဒီလောက်တောင် စွမ်းတာဆိုရင် မြင့်မြတ်မြို့တော်နဲ့ ဗျာဒိတ်တော်ဂိုဏ်းကလူတွေကို မင်းကို လုပ်ကြံဖို့ စေလွှတ်မှာ မဟုတ်ဘူး။ ငါထင်တာတော့ဒီရေမကျမချင်း အရာအားလုံးဟာ မရေရာသေးဘူးဆိုတာပဲ”

“ဟုတ်တယ်”

ကီကီက လင်းရှန်ကို ကြည့်လိုက်ပြီးနောက် စားပွဲပေါ်က သတ္တုလုံးလေးကို မေးဆတ်ပြကာ “ဒါက အန္တရာယ်မရှိသလို ရှင့်ရဲ့ စွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်တယ်ဆိုတော့ နောက်ထပ်နည်းနည်းလောက် ထပ်စမ်းကြည့်ပါဦး။ ကျွန်မတို့ ဒီမှာတင် ရမ်းသန်းမှန်းဆနေတာထက်စာရင် တကယ့်ပြဿနာက ရိုးရိုးလေးဖြစ်နေနိုင်ပါတယ်”

လင်းရှန် ခေါင်းငြိမ့်လိုက်၏။

“ငါလည်း အဲဒီလိုပဲ ထင်တယ်”

“ဖောင်ဒေးရှင်းက ကျွန်မတို့ကို စောင့်ကြည့်နေတယ်၊၊ မိုးလင်းတာနဲ့ ကျွန်မတို့ ထွက်ခွာကြမလား”

ချန်ဆီရွှမ်က သတိကြီးစွာဖြင့် ပြောလိုက်သည်။

“အလျင်မလိုဘူး”

လင်းရှန်က စားပွဲပေါ်က သတ္တုလုံးလေးကို ကြည့်လိုက်ရာ သူ့မျက်ဝန်းများ လင်းလက်သွားခဲ့သည်။

“ဖောင်ဒေးရှင်းနဲ့ ငါတို့ရင်ဆိုင်ရတာ ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ဟွာရှောင်လင်းက ငါနဲ့ ဖီးနစ်ကတစ်ဆင့် သတင်းစကားတစ်ခုခုကို ပေးချင်နေတာသေချာတယ်၊၊ ဒါမှမဟုတ်ရင် သူတို့ အခုလောက်ဆို လှုပ်ရှားနေလောက်ပြီ”

သူက လူတိုင်းကို ဝေ့ကြည့်လိုက်ပြီး သူ့အတွေးများကို မျှဝေလိုက်၏။

“အခုလို အနားယူဖို့ အခွင့်အရေးရတာ ရှားပါးတယ်။ အခု ငါတို့ကို တွင်းနက်ရဲ့ ဝင်ရိုးစွန်းညကလည်း မလိုက်လာတော့သလို၊ အမှောင်အမှတ်အသားလည်း မရထားဘူး။ တောင်အမေရိကကို ရောက်သွားရင်တော့ အဆုံးမရှိတဲ့ ဒုက္ခတွေ ရှိလာလိမ့်မယ်။ အရုဏ်ဦးဗဟိုစင်တာရဲ့ အဓိကရွှေ့ပြောင်းမှုဟာ တွင်းနက်တွေရဲ့ အမဲလိုက်ခြင်းကို ခံနေရတယ်၊၊ ပြီးတော့ ငါတို့က နောက်ဆုံးမှာ ဝင်ရိုးစွန်းကို ထွက်ပြေးကြရမှာလေ။ ဒါကြောင့် ငါတို့ ဒီမှာတင် ခဏအနားယူပြီး ငါတို့ရဲ့ စွမ်းအားတွေကို မြှင့်တင်ထားတာ ပိုကောင်းလိမ့်မယ်။ ငါတို့ရဲ့ ကိရိယာတွေ၊ တားမြစ်ပစ္စည်းတွေနဲ့ အခြားအရာတွေကို ပြန်လည်မွမ်းမံပြီး လိုက်လျောညီထွေဖြစ်အောင်လုပ်ဖို့ လိုအပ်တယ်”

ထိုစကားကို ကြားလျှင် ကြားချင်း ရှားရှားက သစ်တောက်ငှက်တစ်ကောင်လို ခေါင်းကို ချက်ချင်းငြိမ့်ပြလိုက်ပြီး သူမ၏ မျက်ဝန်းများ တောက်ပသွားခဲ့သည်။

“သဘောတူတယ်… သဘောတူတယ်… ညီမရဲ့ မိုးပျံမက်မွန်သီးက အပြည့်အဝမမွမ်းမံရသေးဘူး၊၊ ပြီးတော့ ဒီကျွန်းပေါ်မှာ ပစ္စည်းမရှာရသေးတဲ့ နေရာတွေလည်း အများကြီးကျန်သေးတယ်။ ညီမတို့ရဲ့ သင်္ဘောကြီးက အဲဒါတွေအားလုံးကို ထည့်သယ်သွားနိုင်တာပဲမို့… ဒါတွေကို အလဟဿမဖြုန်းတီးပစ်တာ ပိုကောင်းတယ်”

နန်ကျင်းနှင့် ရှုချင်းတို့ကလည်း ခေါင်းငြိမ့်ထောက်ခံကြသည်။ “ဟုတ်တယ်၊၊ ဒီလိုအေးအေးချမ်းချမ်းရှိတဲ့နေရာမျိုးက တကယ်ကို ရှားပါတယ်”

ချီလီက တဟားဟားရယ်မောရင်း ခုံကို နောက်မှီလိုက်ကာ “ငါကတော့ အရေးမကြီးပါဘူး၊၊ ဟာဝိုင်ယီရဲ့ နေရောင်ခြည်က တော်တော်လေးနေလို့ကောင်းတာပဲ၊၊ ဒါပေမဲ့ နောက်ပိုင်းကျရင်တော့ ဒီလိုမျိုးခံစားခွင့်ရချင်မှ ရတော့မှာလေ”

ထိုစကားကို ကြားသောအခါ လုရှင်းချန်ကလည်း ခေါင်းငြိမ့်ပြသည်၊၊

“ဟေး... ဒီနေရာက ကျင့်ကြံဖို့အတွက် တကယ်ကို သင့်တော်တယ်”

“ဖုတ်ကောင်တွေ အများကြီးက နေရာအနှံ့အော်ဟစ်ညည်းတွားနေကြတာကလွဲရင်ပေါ့”

ကီကီက ပခုံးတွန့်ပြသည်။

“ကဲပါ... ဒါဆိုရင်လည်း မနက်ဖြန်ကျရင် ကျွန်မတို့ ဆက်ပြီး လူခွဲပြီးတော့ ဒီကျွန်းကို စေ့စေ့စပ်စပ်ရှာဖွေကြတာပေါ့၊ အားအင်ပြန်ဖြည့်တဲ့အချိန်လို့ပဲ သဘောထားလိုက်ကြရအောင်” ချန်ဆီရွှမ်က စိတ်သက်သာရာရစွာဖြင့် ပြောလိုက်၏။

လင်းရှန်က တည်ငြိမ်နေသည်၊၊

“အခု ကျွန်းပေါ်က နေရာတော်တော်များများမှာ အချက်ပြစနစ်မိနေပြီဆိုတော့ လွတ်လွတ်လပ်လပ်သွားလာရင်းနဲ့အဆက်သွယ်လုပ်လို့ရတယ်၊၊ ဒါပေမဲ့ တစ်ယောက်တည်း မသွားကြတာ အကောင်းဆုံးပဲ”

ထိုအချိန်တွင် ကီကီက လင်းရှန်ကို ကြည့်လိုက်သည်၊၊

“လင်းရှန်၊ အခု အခွင့်အရေးရတုန်း သလင်းကျောက်ဆင့်ကဲပြောင်းလဲခြင်းကို စမ်းကြည့်သင့်လား။ ကျွန်မတို့မှာ အဆင့် ၄ သွေးပဲစေ့တွေ တော်တော်များများရထားတာဆိုတော့ ဒီအခွင့်အရေးကို သုံးပြီး အားလုံးရဲ့ စွမ်းအားကို မြှင့်တင်ထားရင် ဘယ်လိုလဲ”

ဤအရာက လူတိုင်း၏ စိတ်ဝင်စားမှုကို နှိုးဆွပေးလိုက်ပြီး မိုနီကာကလည်း လင်းရှန်ကို နူးညံ့စွာ ပြုံးပြရင်း လှမ်းကြည့်လာခဲ့သည်။

ထိုခဏတွင် လုရှင်းချန်၏ မျက်ဝန်းများ တောက်ပသွားပြီး လက်နှစ်ဖက်ကို စိတ်လှုပ်ရှားစွာ ချလိုက်ရင်း ပြောလာသည်၊၊

“အစ်ကိုလင်း... ဒီလိုကျင့်ကြံခြင်းနည်းလမ်းမျိုးဆိုရင် ငါ အရင်စွန့်စားပြီးတော့ စမ်းကြည့်ချင်တယ်”

“စွန့်စားစရာ မလိုပါဘူး။ ဖီးနစ်ရဲ့ အချက်အလက်တွေအရ ဝိညာဉ်တုန်ခါမှုလှိုင်းတန်ဖိုး ၁၀၀၀၀ ကျော်တဲ့သူတွေက အဆင့် ၄ သွေးပဲစေ့ကို သုံးရင် ပြဿနာသိပ်မရှိနိုင်ဘူး။ ပြီးတော့ အဲ့ဒါကို အမှောင်စွမ်းအင်ပေါင်းစည်းကိရိယာအောက်မှာ လုပ်ဆောင်မယ်ဆိုရင် ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာရမှုကိုပါ လျှော့ချပေးနိုင်တယ်” လင်းရှန်က ဆက်ပြောလိုက်သည်၊၊

“ဒါပေမဲ့ ပြဿနာတစ်ခုကတော့ ကျန်နေသေးတယ်၊ အဲဒါကဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးပဲ၊၊ ငါတို့ အတည်ပြုနိုင်တဲ့ တစ်ခုတည်းသော အချက်ကတော့...”

သူက လူတိုင်းကို ဝေ့ကြည့်လိုက်ပြီး လေးနက်သောအမူယာဖြင့် ပြောလိုက်သည်၊၊

“သက်တမ်းတိုသွားတာပဲ”

ထိုစကားကြောင့် လူတိုင်း၏ မျက်ဝန်းများ အရောင်တောက်သွားကြသော်လည်း မည်သူမျှ စိုးရိမ်ပူပန်ပုံမရကြချေ။ ချီလီက ဘာမှမဟုတ်သလို ပေါက်ကွဲသံကြီးဖြင့် အော်ဟစ်ရယ်မောလိုက်ကာ “ငါက ဘာများလဲလို့၊ သက်တမ်း ဟုတ်လား။ တစ်ရက်ပို အသက်ရှင်ရရင်ပဲ မြတ်နေပြီပဲဟာ။ ကမ္ဘာပျက်ကပ်ထဲမှာ ဘယ်သူက အဲဒါကို ဂရုစိုက်နေမှာလဲ”

“သက်တမ်းက ဘယ်လောက်အထိတိုသွားမှာလဲ”

နန်ကျင်းက မေးလိုက်၏။

လင်းရှန်က ခေါင်းခါပြရင် ဖြေလိုက်သည်၊၊

“အတိအကျမရှိဘူး… ဖီးနစ်ရဲ့ ကောက်ချက်က ဆဲလ်ပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုအပေါ်မှာ အခြေခံထားတာပဲ။ လောလောဆယ်သိရသလောက်တော့ အနည်းဆုံး သက်တမ်း ၅နှစ် ကနေ ၁၀နှစ်အထိ တိုသွားနိုင်တယ်… အာ့ထက် ပိုရင်လည်း ပိုနိုင်တယ်”

ထိုစကားကို ကြားပြီးနောက် နန်ကျင်းက ချက်ချင်းပင် ပြန်ပြောသည်၊၊

“၁၀ နှစ်ဆိုတာ အရေးမကြီးပါဘူး။ အကယ်၍ ကျွန်မရဲ့ တိုက်ခိုက်ရေးစွမ်းအားကို နှစ်ဆတိုးလာစေနိုင်မယ်ဆိုရင် အနှစ် ၂၀ ဆိုရင်တောင် ကိစ္စမရှိဘူး”

“ကျွန်မလည်း အဲဒီလိုပဲ ခံစားရတယ်” ရှုချင်းကလည်း ပြောသည်။

လင်းရှန်က မချိပြုံးလိုက်ပြီး “ငါလည်း မင်းတို့နဲ့ သဘောထားချင်းတူပါတယ်။ အကယ်၍ သက်တမ်းပြဿနာသက်သက်ပဲဆိုရင် ကိစ္စမရှိပါဘူး။ အခြားဘေးထွက်ဆိုးကျိုးတွေအတွက်ကတော့ ငါတို့ တစ်လှမ်းချင်းစီပဲ သွားကြရမှာပေါ့”

သူ စကားပြောပြီးနောက် တင်းကျန်းရီကို တိုက်ရိုက်ကြည့်လိုက်သည်၊၊

“မနေ့ညက ငါ ဗိုင်အိုလာကို အစီအစဉ်တစ်ခုရေးဆွဲခိုင်းထားတယ်။ အဖွဲ့ရဲ့ လုံခြုံရေးကို ထည့်သွင်းစဉ်းစားတဲ့အနေနဲ့ အားလုံးကို အုပ်စုသုံးစုခွဲပြီး သလင်းကျောက်ကျင့်ကြံခြင်းကို လုပ်ဆောင်ကြမယ်။ ပြီးတော့ အေးခဲစနစ်နဲ့ အအေးခန်းအိပ်စက်အခန်းငယ်တွေကို သလင်းကျောက်မွေးမြူရေးအခန်းတွေအဖြစ် သုံးကြမယ်။ ငါကတော့ နောက်ဆုံးအကာအကွယ်အဖြစ် အာမခံပေးထားမယ်။ ငါတို့က ဒီအပိုင်းမှာ အရင်က အတွေ့အကြုံမရှိခဲ့ဖူးဘူး။ ရိုင်ယန်နဲ့ ဗန်နက်ဆာတို့ နှစ်ယောက်လုံးက ငါ့ကို ပြောဖူးတာကတော့ သလင်းကျောက်မွေးမြူခြင်းက အနည်းဆုံး ၇၂ နာရီ ကြာမြင့်မယ်တဲ့။ လုံခြုံရေးအတွက် ငါ မိုနီကာနဲ့ ကြိုတင်ဆွေးနွေးထားပြီးပြီ။ သူက ပထမဆုံးစမ်းသပ်မှုကို ခံယူလိမ့်မယ်၊၊ အောင်မြင်သွားပြီဆိုမှ ငါတို့ အုပ်စုလိုက်ဆက်လုပ်ကြမယ်”

“မိုနီကာ ဟုတ်လား”

လူတိုင်းက သူ့ကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြပြီး စိတ်ဓာတ်တက်ကြွနေသော လုရှင်းချန်က တစ်စုံတစ်ခုပြောရန် ပြင်လိုက်သော်လည်း ပြန်မျိုချလိုက်ရ၏။ သူ၏ ဗီဇအရ ကျင့်ကြံခြင်းအဆင့်မြှင့်တင်မှုကို အလွန်အာရုံကျနေခဲ့သော်လည်း သူသည် လင်းရှန်၏ ဆုံးဖြတ်ချက်များကို အမြဲထောက်ခံသူဖြစ်သောကြောင့် သူ၏ စိတ်လှုပ်ရှားနေသော နှလုံးသားကို ပြန်လည်ငြိမ်သက်အောင် လုပ်လိုက်ရသည်။

ထိုအချိန်တွင် မိုနီကာက ခေါင်းငြိမ့်ပြကာ လူတိုင်းကို ပြုံး၍ ပြောလိုက်သည်။

“စိတ်မပူကြပါနဲ့… ငါ အားလုံးအတွက် အရင်ဆုံး အတွေ့အကြုံယူပေးပါ့မယ်။ အကယ်၍ ငါ နိုးလာလို့ တစ်စုံတစ်ခုသိမြင်တာမျိုး ဒါမှမဟုတ် အတွေ့အကြုံရတာမျိုးရှိရင် မျှဝေပေးပါ့မယ်”

“မင်းရဲ့ လက်ရှိ ဝိညာဉ်တုန်ခါမှုလှိုင်းတန်ဖိုးက ၁၀၀၀၀ မပြည့်သေးဘူး မဟုတ်လား” ချီလီက မေးလိုက်၏။

မိုနီကာက သူမ၏ လက်ဖဝါးထဲသို့ ဒြပ်ထုအဖြစ် ပြောင်းလဲလုနီးပါးဖြစ်နေသော အသံလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီး “ရပါတယ်၊၊ အဲဒီညက ပြီးကတည်းက ငါ ၈၅၀၀ အထိ ရောက်သွားပြီ… အမြင့်ဆုံးအဆင့်ကို ရောက်လုနီးပါးမို့ သတ်မှတ်ချက်ကို ကပ်ပြီး ပြည့်သွားတာပါ”

သလင်းကျောက်ကိစ္စကို သူတို့ အလောတကြီးမလုပ်သင့်ပေ၊ အခု သူတို့မှာ အချိန်ရှိနေပြီဖြစ်၍ အသေအချာ သုတေသနလုပ်ရန်အချိန်ရပေသည်။

“ဒီအတိုင်းပဲ သတ်မှတ်လိုက်ကြရအောင်”

လင်းရှန် သဘောပေါက်ထားသည်မှာ အကယ်၍ ယခုအုပ်စုထဲက လူတိုင်း၏ စွမ်းအားညွှန်းကိန်းကို နှစ်ဆမြှင့်တင်နိုင်ခဲ့လျှင် ကောင်းကင်အမိုးခုံးရထားမရှိလျှင်တောင်မှ သူတို့ထဲက အများစုသည် အထူးအဆင့်ရန်သူများကို ထိပ်တိုက်ရင်ဆိုင်နိုင်ကြလိမ့်မည်ဖြစ်ပြီး S-Class များကိုပင် ရင်ဆိုင်ကောင်း ရင်ဆိုင်နိုင်ကြလိမ့်မည်ဖြစ်သည်။

All Chapters