← Chapters

အခန်း ၇၆

Vol. 8 Ch. 76

အခန်း ၇၆

Vol. 8 Ch. 76

အခန်း (၇၆) ယော်ဆန် နှင့် တိုက်ပွဲ

ဒက် ဒက် ဒက် ဒက်...

မီးတောက်များ ဖြာထွက်လာပြီး မိုးသည်းထန်စွာ ရွာသွန်းနေသည့်အလား ထူထပ်သိပ်သည်းသော ကျည်ဆန်များသည် ရှေ့ဆုံးမှ ပြေးဝင်လာသော တစ္ဆေအနည်းငယ်ကို ချက်ချင်းဖုံးလွှမ်းသွားလေ၏။

အထူးပြုလုပ်ထားသော ကြောက်ရွံ့မှုထိုးဖောက်ခြင်း ကျည်ဖူးများသည် တစ္ဆေများကို ထိမှန်သွားပြီး မှိန်ပျပျ သန့်စင်ခြင်း အလင်းတန်းငယ်လေးများအဖြစ် ပေါက်ကွဲသွားသည်။ ထိုအရာများသည် အသက်အန္တရာယ် မပေးနိုင်သော်လည်း တစ္ဆေများ၏ ရှေ့တိုးလာမှုကို အောင်မြင်စွာ ဟန့်တားနိုင်ခဲ့ပြီး အရေပြားနှင့်အသားများကို စုတ်ပြဲသွားစေကာ သူတို့ကို ဒေါသတကြီး ဟိန်းဟောက်သွားစေသည်။

သို့သော် တစ္ဆေစစ်သူကြီးအဆင့်ရှိ သတ္တဝါများအတွက်မူ ဤတိုက်ခိုက်မှုအဆင့်မှာ လုံလောက်မှုမရှိသည်မှာ သိသာရှင်းလင်းနေသည်။

အရိပ်ကဲ့သို့ ပေါ့ပါးလွင့်မျောနေသော ခန္ဓာကိုယ်များရှိသည့် တစ္ဆေအချို့သည် ကျည်ဆန်မိုးကို အလွယ်တကူ ဖြတ်သန်းသွားကြ၏။ သူတို့သည် နောက်ချန်ပုံရိပ်များ ကျန်ရစ်ခဲ့လောက်အောင် လျင်မြန်စွာ ရွေ့လျားပြီး ချန်လန်ဆီသို့ တိုက်ရိုက်ပြေးဝင်လာကြသည်။

သူတို့သည် သန့်စင်သော အနုတ်လက္ခဏာစွမ်းအင်များဖြင့် ဖွဲ့စည်းထားသော လက်သည်းများကို ဝှေ့ယမ်းကာ နားကွဲလုမတတ် စူးရှသောအသံများကို ဖန်တီးလိုက်ကြသည်။

သို့သော် နောက်တစ်စက္ကန့်တွင် ဧရာမပုံရိပ်ကြီးတစ်ခုက ချန်လန်၏ရှေ့၌ ချက်ချင်း ထွက်ပေါ်လာသည်။

ထိုတစ္ဆေအနည်းငယ်သည် ချက်ချင်းရပ်တန့်သွားကြ၏။ သူတို့၏ရှေ့ရှိ တောက်ပသော အနီရောင် မျက်လုံးများနှင့် အရပ်ရှည်ရှည် ဧရာမယုန်ကြီးကို မြင်လိုက်ရချိန်၌ သူတို့၏နှလုံးသားများ ဆတ်ခနဲ တုန်ရီသွားသည်။

"အထွတ်အထိပ်အဆင့် တစ္ဆေဘုရင်..."

"သူ ထုတ်လွှတ်နေတဲ့ စွမ်းအားလှိုင်းက တစ္ဆေဘုရင်အဆင့်ရဲ့ အထွတ်အထိပ်မှာပဲ..."

"ပြေး..."

ထိတ်လန့်နေမှုများကြားမှ တစ္ဆေများသည် လျင်မြန်စွာ နောက်လှည့်ကာ ထွက်ပြေးရန် ဟန်ပြင်လိုက်ကြသည်။

သို့သော် ယုန်နတ်ဆိုး မစ္စတာမာဆက်ခ်သည် သူတို့ကို သူ၏နှာခေါင်းအောက်၌ လာချင်သလိုလာပြီး သွားချင်သလိုသွားခွင့် ပြုမည်လော....

"ဟမ့်... သေချင်နေတာပဲ..."

ချန်လန် လှုပ်ရှားရန် မစောင့်တော့ဘဲ မစ္စတာမာဆက်ခ်က လှုပ်ရှားလိုက်သည်။

သူသည် နှေးကွေးပုံရသော ခြေလှမ်းတစ်လှမ်းကို ရှေ့သို့ လှမ်းလိုက်သော်လည်း သူ၏ပုံရိပ်သည် လျှပ်ပြက်သည့်အလား အရိပ်တစ္ဆေတစ်ကောင်၏ရှေ့သို့ ရောက်ရှိသွားသည်။

သူသည် မည်သည့် ဆန်းပြားသော စွမ်းရည်များကိုမျှ အသုံးမပြုခဲ့ချေ။ အဖြူရောင်အမွှေးများ ဖုံးလွှမ်းနေသော ယုန်လက်ဝါးကို မြှောက်ကာ ရှေ့သို့ပွတ်ဆွဲလိုက်ရုံသာ ဖြစ်ပေ၏။

ဘန်း....

ထိုအရိပ်တစ္ဆေသည် အမြန်ရထားတစ်စင်းဖြင့် တိုက်မိသွားသကဲ့သို့ ဖြစ်သွားသည်။ အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ သူ၏တစ်ကိုယ်လုံး ပေါက်ကွဲသွားပြီး မစ္စတာမာဆက်ခ်၏လက်ဝါးထဲသို့ လွယ်လင့်တကူ စုပ်ယူခြင်း ခံလိုက်ရသည်။

"အရသာက သာမန်ပဲ... အညစ်အကြေးတွေ အရမ်းများတယ်..."

မစ္စတာ မာဆက်ခ်သည် အနည်းငယ် အထင်သေးစွာဖြင့် သက်ပြင်းချလိုက်ပြီး သူ၏လက်များကို ဆက်တိုက်ဝှေ့ယမ်းလိုက်၏။

ဘန်း... ဘန်း...

ရှေ့သို့ပြေးဝင်လာသော တခြားအရိပ်တစ္ဆေနှစ်ကောင်လည်း တူညီသောကံကြမ္မာနှင့် ရင်ဆိုင်လိုက်ရပြီး မစ္စတာ မာဆက်ခ်အတွက် အာဟာရအဖြစ်သို့ ပြောင်းလဲသွားကာ နောက်ထပ် ခပ်အုပ်အုပ်အသံနှစ်သံ ဆက်တိုက်ထွက်ပေါ်လာသည်။

သူ၏တိုက်ခိုက်မှုများသည် သန့်ရှင်းပြီး ထိရောက်ကာ အမဲသားကင်စားစဉ်က သူ၏ "ကျော့ရှင်းမှု" နှင့် လုံးလုံးလျားလျား ကွာခြားနေသော စွမ်းအားကို ပြသနေလေ၏။ သူသည် အထွတ်အထိပ်အဆင့် တစ္ဆေဘုရင်တစ်ပါး၏ ကြောက်မက်ဖွယ် စွမ်းအားကို အပြည့်အဝ ဖော်ပြလိုက်ခြင်းပင်။

သို့သော် ကျူးကျော်ဝင်ရောက်လာသော တစ္ဆေများမှာ အလွန်များပြားလှသည်။ ပုပ်ဟောင်နေသော သားရဲကြီးများကဲ့သို့ ဧရာမခန္ဓာကိုယ်များရှိသည့် တစ္ဆေစစ်သူကြီးတချို့သည် ကျည်ဆန်မိုးကို အံတုကာ ဧည့်ခန်း၏တိုင်လုံးများကို ရိုက်ချိုးပြီး ချန်လန်ဆီသို့ အဆိပ်ပြင်းသော အမည်းရောင်အခိုးအငွေ့များကို ပန်းထုတ်ရန် သူတို့၏သွေးနီရောင်ပါးစပ်ကြီးများကို ဟလိုက်ကြသည်။

"အချိန်ကိုက်ပဲ..."

ချန်လန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး နောက်ဆုတ်မည့်အစား သူ ရှေ့သို့ တိုးသွားလေ၏။

သူ၏လက်ကောက်ဝတ်ကို တစ်ချက်ခါလိုက်သည်နှင့် ကြောက်ရွံ့မှုသတ်ဓားထံမှ ကြည်လင်ပြတ်သားသော မြည်ဟီးသံတစ်သံ ထွက်ပေါ်လာပြီး စီးဆင်းနေသော ကြယ်ရောင်များ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

"ခုတ်ပိုင်းစမ်း..."

နဂါးငွေ့တန်းကဲ့သို့ တောက်ပသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အမည်းရောင် အခိုးအငွေ့များကို လွယ်လင့်တကူ ဆုတ်ဖြဲသွားသည်။ ထိုအရာသည် အရှိန်လျော့မသွားဘဲ သားရဲတစ္ဆေကြီးများ၏ ခန္ဓာကိုယ်များကို တိုဟူးတုံး လှီးဖြတ်သကဲ့သို့ ဖြတ်သန်းသွားလေ၏။

သားရဲတစ္ဆေကြီးများ၏ ရှေ့သို့ပြေးဝင်လာမှုသည် ရုတ်တရက် အေးခဲတောင့်တင်းသွားပြီး သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော အမူအရာများသည် သူတို့၏မျက်နှာများပေါ်တွင် ရပ်တန့်သွားသည်။

နောက်တခဏတွင် သူတို့၏ခန္ဓာကိုယ်အလယ်၌ ချောမွေ့သော ပြတ်ရှရာများ ထွက်ပေါ်လာသည်။ ထို့နောက် လေတိုက်ခံရသော သဲရုပ်ထုများကဲ့သို့ သူတို့၏ ဧရာမခန္ဓာကိုယ်ကြီးများသည် တောက်ပသော အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားကာ နဂါးငွေ့တန်းဓားအလင်းတန်းအတွင်း အကြွင်းအကျန်တစ်စက်မျှ မကျန်ရစ်ဘဲ ပျောက်ကွယ်သွားတော့သည်။

ဓားတစ်ချက်တည်း၏ စွမ်းအားသည် အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှ၏။

ချန်လန်၏နံဘေးပတ်လည်တွင် ကြယ်ရောင်များ ဝန်းရံနေပြီး ဓားကိုကိုင်ကာ စစ်နတ်ဘုရားတစ်ပါးကဲ့သို့ မတ်တတ်ရပ်နေသည်။

အပြင်ဘက်မှ အဆုံးမရှိသကဲ့သို့ အဆက်မပြတ် ဝင်ရောက်လာနေဆဲဖြစ်သော တစ္ဆေများကို သူ ကြည့်လိုက်ရာ သူ၏နှုတ်ခမ်းထောင့်မှ လှောင်ပြုံး ပို၍ပီပြင်ထင်ရှားလာသည်။

'ဒီခံစားချက်က... အရမ်းကောင်းလွန်းတယ်'

တစ္ဆေများကို ပထမဆုံးအကြိမ် သတ်ဖြတ်ခြင်းမှာ ဤမျှထိ စိတ်ကျေနပ်စရာ ကောင်းလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။

"မစ္စတာ မာဆက်ခ်... ဘယ်သူ ပိုပြီးမြန်မြန် ရှင်းလင်းနိုင်မလဲ ကြည့်ကြမလား..."

မစ္စတာ မာဆက်ခ်သည် နှုတ်ခမ်းကို သပ်လိုက်ပြီး သူ၏ အနီရောင် မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ တောက်ပနေပြီး ပြောဆိုသည်။

"မစ္စတာ ချန်လန်နဲ့ ယှဉ်ပြိုင်ရတာ ဝမ်းသာစရာပါပဲ..."

အချိန်တခဏအတွင်း ချန်လန်သည် ဓားကို ဝှေ့ယမ်းကာ တစ္ဆေအုပ်ကြီးထဲသို့ ပြေးဝင်သွားပြီး ကြီးမားသော သတ်ဖြတ်မှုကို စတင်တော့သည်။

ဓားခုတ်ချက်တိုင်းသည် တောက်ပသော နဂါးငွေ့တန်း တစ်စိတ်တစ်ပိုင်းကို ဆွဲထုတ်လိုက်သကဲ့သို့ဖြစ်ပြီး မည်သည့် အားစိုက်ထုတ်မှုမျှ မလိုဘဲ တစ္ဆေတစ်ကောင်ကို လွယ်လင့်တကူ သတ်ဖြတ်နိုင်လေ၏။

ယုန်နတ်ဆိုး မစ္စတာ မာဆက်ခ်မှာ ပို၍ပင် အစွမ်းထက်သည်။ အထွတ်အထိပ်အဆင့် တစ္ဆေဘုရင်တစ်ပါး၏ စွမ်းအားဖြင့် တစ္ဆေများကို သူ၏သတ်ဖြတ်မှုများသည် ဆင်တစ်ကောင်က ပုရွက်ဆိတ်များကို နင်းခြေရသကဲ့သို့ လွယ်ကူနေသည်။

သို့သော် သူတို့ကို တားဆီး၍မရနိုင်တော့ဟု ထင်ရချိန်မှာပင် မထင်ရှားသော်လည်း အစွမ်းထက်သော စွမ်းအားလှိုင်းတစ်ခု ရုတ်တရက် ဆင်းသက်လာလေ၏။

"စိတ်ဝင်စားစရာပဲ... အထွတ်အထိပ်အဆင့် တစ္ဆေဘုရင် ယုန်နတ်ဆိုး မစ္စတာမာဆက်ခ်က ဒီနေရာမှာ ရှိနေတာကိုး"

သရော်တော်တော် အသံတစ်သံကို ကြားလိုက်ရပြီးနောက် အဝေးမှ လေဟာနယ်သည် တွန့်လိမ်သွားပြီး ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်။

ထိုစကားကိုပြောဆိုသူသည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သွေးဆုတ်နေသကဲ့သို့ ဖြူရော်နေသော မျက်နှာ၏ အောက်ပိုင်းတစ်ဝက်နှင့် အေးစက်သော အပြုံးတစ်ခုကိုသာ ပြသထားလေ၏။ သူသည် မစ္စတာ မာဆက်ခ်ထက် မနိမ့်ကျသော ကြောက်မက်ဖွယ် ဖိအားတစ်ခုကို ထုတ်လွှတ်ထားသည်။ ဤသည်မှာ နောက်ထပ် တစ္ဆေဘုရင်တစ်ပါးပင်။

ထိုတစ္ဆေဘုရင်သည် ရှေးဟောင်း လူကြီးလူကောင်းတစ်ဦးကဲ့သို့ ခေတ်ဟောင်းဝတ်စုံကို ဝတ်ဆင်ထားသော သူ၏နံဘေးရှိ ယော်ဆန်ကို လှည့်ကြည့်လိုက်သည်။

"အဲ့ဒီလူသားကို မင်း ရှင်းလိုက်... မစ္စတာ မာဆက်ခ် ကို ငါ ရှင်းမယ်... ပြဿနာ မရှိဘူးမလား..."

ယော်ဆန်သည် လက်ကိုင်ပဝါဖြင့် သူ၏နှုတ်ခမ်းထောင့်ကို သုတ်လိုက်ပြီး လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။

"ပြဿနာမရှိဘူး... ငါက တစ္ဆေဘုရင် တစ်ပါးပဲ..သူက တစ္ဆေတွေကို အထူးနှိမ်နင်းနိုင်တဲ့ ကြောက်ရွံ့မှုသတ်ဓားကို ကိုင်ထားရင်တောင် လူသားတစ်ယောက်ကို ရှင်းဖို့က လွယ်ပါတယ်..."

သူ၏အကြည့်သည် ချန်လန်၏လက်ထဲရှိ ကြောက်ရွံ့မှုသတ်ဓားအပေါ်သို့ ကျရောက်သွားပြီး လောဘနှင့် သတိထားမှု အရိပ်အယောင် အနည်းငယ် ပါဝင်နေသော်လည်း အများစုမှာ အထင်အမြင်သေးသော အရိပ်အယောင်များသာ ဖြစ်နေသည်။

တစ္ဆေဘုရင်တစ်ပါးနှင့် လူသားတစ်ဦးကြားတွင် ကြီးမားသော စွမ်းအားကွာဟချက် ရှိနေသည်။ ဓားတစ်လက်တည်းက ထိုကွာဟချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဟု သူ မယုံကြည်ချေ။

မစ္စတာ မာဆက်ခ်၏ အနီရောင် ယုန်မျက်လုံးများသည် တစ္ဆေဘုရင်အပေါ်သို့ ချက်ချင်းချိတ်ပိတ်သွားလေ၏။ အထွတ်အထိပ်အဆင့် တစ္ဆေဘုရင် တစ်ပါး၏ ကြောက်မက်ဖွယ် ဖိအားကို အတားအဆီးမရှိ ထုတ်လွှတ်လိုက်ရာ သူ၏ ပေါ့ပါးသော ဝတ်စုံသည် လေမတိုက်ဘဲ လူးလွန့်နေပြီး လေထုထဲတွင် တစ္ဆေဘုရင်၏ စွမ်းအားလှိုင်းနှင့် တိုက်မိသွားသည်။ ဤသည်က မမြင်နိုင်သော ပေါက်ကွဲမှုများကို ဖန်တီးခဲ့ပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို အနည်းငယ် တွန့်လိမ်သွားစေသည်။

"တစ္ဆေဘုရင်... ဒီကိစ္စရဲ့ နောက်ကွယ်မှာ မင်းလို ကောက်ကျစ်တဲ့ ကောင်မျိုး ရှိနေတာကိုး..."

မစ္စတာ မာဆက်ခ်သည် အသစ်ရောက်လာသူကို မှတ်မိသွားပြီး သူ၏လေသံ တင်းမာနေလေ၏။

"ဘာလဲ... မင်းရဲ့ ဆွေးမြည့်နေတဲ့ သင်္ချိုင်းဂူထဲမှာ နေမယ့်အစား သေလမ်းလာရှာတာလား..."

"သေလမ်းလာရှာတာ ဟုတ်လား..."

ထိုတစ္ဆေဘုရင်က အက်ရှရှ ရယ်မောလိုက်သည်။

"မစ္စတာ မာဆက်ခ်... ဒါက ငါတို့ ပြီးခဲ့တဲ့ တစ်ခေါက် တွေ့ခဲ့သလိုမျိုးလို့ မင်း ထင်နေတာလား... ဒီတစ်ကြိမ်တော့ ငါ အဆင်သင့် ပြင်လာခဲ့တယ်..."

သူ၏ဝတ်ရုံအောက်ရှိ လက်သည် ဖြည်းညှင်းစွာ မြင့်တက်လာပြီး ပို၍သိပ်သည်းသော ဆွေးမြည့်ခြင်း စည်းမျဉ်းစွမ်းအားများ စတင်၍ စုစည်းလာသည်။

တခြားတစ်ဖက်တွင် ယော်ဆန်သည် ချန်လန်ထံသို့ လှည့်ကြည့်လိုက်ပြီး လူကြီးလူကောင်းတစ်ဦးကဲ့သို့ ကျော့ရှင်းစွာ ဦးညွှတ်လိုက်သော်လည်း သူ၏ မျက်လုံးများက လူသေတစ်ယောက်ကို ကြည့်နေသကဲ့သို့ ဖြစ်နေပေ၏။

"ချန်လန်... ငါ့ရဲ့လက်ချက်နဲ့ သေရတာ မင်းအတွက် ဂုဏ်ယူစရာပဲ... ကြောက်ရွံ့မှုသတ်ဓားကို ပေးလိုက်... ငါ မင်းကို မြန်မြန်ဆန်ဆန် သေခွင့်ပေးမယ်..."

ယော်ဆန်ထံမှနေ၍ တောင်တစ်တောင်ကဲ့သို့ ကြောက်မက်ဖွယ် ဖိအားကို ချန်လန် ခံစားလိုက်ရပြီး ယခင်က မည်သည့် တစ္ဆေထက်မဆို များစွာသာလွန်နေသည်။

ဤသည်မှာ တစ္ဆေဘုရင်အဆင့်ရှိ သတ္တဝါတစ်ကောင်ကို သူ ပထမဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်ရခြင်းပင်။

သို့သော် သူသည် ကြောက်ရွံ့မှုသတ်ဓားကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်ပြီး ဓားသွားတစ်လျှောက်တွင် ကြယ်ရောင်များ ပြင်းထန်စွာ စီးဆင်းနေလေ၏။

"အပိုစကားတွေ အရမ်းများတာပဲ..."

ချန်လန်၏မျက်လုံးများ အေးစက်သွားပြီး သူ၏ တိုက်ခိုက်လိုစိတ်များ တလိမ့်လိမ့်ထနေသည်။

သူနှင့် တစ္ဆေဘုရင်တစ်ပါးကြားရှိ ကွာဟချက်မှာ ကြီးမားကြောင်း သူ သိထားသဖြင့် သူ ခံစစ်သက်သက် အနေအထားဖြင့် နေ၍မရချေ။

သူ၏အသံ မပျောက်ကွယ်မီမှာပင် သူ ပထမဆုံး စတင်တိုက်ခိုက်လိုက်သည်။

"နဂါးငွေ့တန်း သံကြိုး..."

ချန်လန်က ကြောက်ရွံ့မှုသတ်ဓားကို ဝှေ့ယမ်းလိုက်ရာ ကြယ်စွမ်းအင်များဖြင့် ဖွဲ့စည်းထားသော မရေမတွက်နိုင်သည့် သံကြိုးများသည် သက်ရှိများအလား ယော်ဆန်ဆီသို့ ပျံ့လွင့်သွားပြီး သူ၏လှုပ်ရှားမှုများကို ချည်နှောင်ရန် ကြိုးစားလေ၏။

တစ်ချိန်တည်းမှာပင် ချန်လန်သည် သူ၏ခြေထောက်များဖြင့် ဆောင့်နင်းလိုက်ရာ သူ၏ ခန္ဓာကိုယ်သည် လေးညှို့မှလွှတ်လိုက်သော မြှားတစ်စင်းကဲ့သို့ ဖြစ်သွားပြီး ဓားသွားသည် ယော်ဆန်၏ နှလုံးသားဆီသို့ တိုက်ရိုက်ချိန်ရွယ်ထားသည်။ သူသည် ပထမဆုံး လှုပ်ရှားမှုမှစ၍ အစွမ်းကုန် အသုံးပြုခဲ့ခြင်းပင်။

ဤသည်မှာ ကြောက်ရွံ့မှုသတ်ဓားတွင် မွေးရာပါ ပါရှိသော တစ္ဆေသိုင်းပညာနည်းစနစ်တစ်ခု ဖြစ်သည်။ ဤကာလအတွင်း ချန်လန်သည် သူ့ကိုယ်သူ စွမ်းအားဖြည့်တင်းနေခဲ့ပြီး သူ၏စွမ်းအားသည်လည်း တစ္ဆေစစ်သူကြီးအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။

ကြောက်ရွံ့မှုသတ်ဓားနှင့် ပေါင်းစပ်လိုက်ချိန်၌ ယော်ဆန်ကို သတ်ဖြတ်နိုင်မည်ဟု သူ ယုံကြည်ချက် ရှိပေ၏။

"ထောင်ချောက်ထဲကို ကိုယ့်ဘာသာကိုယ် ဝင်လာတာပဲ... မင်းရဲ့ ဓားရော နယ်မြေကိုပါ အားလုံး ယူရမယ်လို့ သခင်ဟေးယွီက အမိန့်ပေးထားတယ်..."

All Chapters