← Chapters

အခန်း ၇၇

Vol. 8 Ch. 77

အခန်း ၇၇

Vol. 8 Ch. 77

အခန်း (၇၇) တစ္ဆေဘုရင် နှင့် ယော်ဆန် ကို သတ်ဖြတ်ခြင်း

ဝီ...

မမြင်နိုင်သော အတားအဆီးတစ်ခုက ယော်ဆန်၏ ရှေ့တွင် ထွက်ပေါ်လာသည်။ ကြယ်သံကြိုးများသည် ထိုအရာကို ထိမှန်သွားရာ သတ္တုအချင်းချင်း ထိခတ်သံ ထွက်ပေါ်လာသော်လည်း လက်မဝက်မျှပင် ရှေ့သို့ မတိုးနိုင်ခဲ့ချေ။

ချန်လန်၏ အစွမ်းကုန် ဓားချက်သည် အတားအဆီးပေါ်သို့ ကျရောက်သွားသော်လည်း ရွှံ့ညွန်တစ်ခုထဲသို့ နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ပြင်းထန်သော တန်ပြန်ရိုက်ခတ်မှုကြောင့် သူ၏လက် ထုံကျင်သွားလေ၏။

"လူသား...စွမ်းအား ကွာဟချက်ကို ဓားတစ်လက်တည်းနဲ့ ဖြည့်ဆည်းလို့ မရဘူး..."

ယော်ဆန်က ခေါင်းခါယမ်းပြီး ပြောဆိုသည်။

ချန်လန်က လျင်မြန်စွာ နောက်ဆုတ်လိုက်ပြီး သူ၏ ညာလက် အနည်းငယ် တုန်ယင်နေကာ ယော်ဆန်ကို ကြည့်လိုက်သည်။

အစောပိုင်းက ဓားချက်ကြောင့် အတားအဆီးမှတဆင့် ထွက်ပေါ်လာသော ရိုက်ခတ်မှုက သူ၏ လက်မနှင့် လက်ညှိုးကြားရှိ အရေပြားကို အက်ကွဲသွားစေခဲ့လေ၏။

"နယ်မြေကို ပေးလိုက်... ငါ မင်းရဲ့အသက်ကို ချမ်းသာပေးမယ်...."

ယော်ဆန်က အေးစက်စက် အော်ငေါက်လိုက်သည်။

အချိန်တခဏအတွင်း သူ၏ခန္ဓာကိုယ်သည် လျင်မြန်စွာ ကြီးထွားလာပြီး သူ၏ဝတ်စုံ ပေါက်ပြဲသွားသည်။ သူသည် ငါးမီတာအရပ်မြင့်သော ဧရာမ ဝံပုလွေလူသားကြီးတစ်ကောင်အဖြစ်သို့ အမှန်တကယ် ပြောင်းလဲသွားပြီး ပါးစပ်မှ တံတွေးများ စီးကျနကာ ချန်လန်ကို ငုံ့ကြည့်နေရာ အလွန်ရွံရှာဖွယ် ကောင်းနေလေ၏။

"ကြည့်ရတာ သခင်ဟေးယွီက တကယ့်ကို စိတ်မရှည်တော့ဘူး ထင်တယ်..."

ချန်လန်က လှောင်ပြုံးပြုံးလိုက်သည်။

"သန့်စင်ရေးနေ့ မတိုင်ခင်တောင် ငါ့အပေါ် လှုပ်ရှားလာခဲ့တယ်..."

"မင်းကိုယ်မင်း အရမ်းထင်ပေါ်အောင် လုပ်ချင်နေတာကိုပဲ အပြစ်တင်လိုက်တော့..."

ယော်ဆန်က အေးစက်စက် အော်ဟစ်ပြီး သူ၏ခြေထောက်ကို ဆောင့်နင်းလေသည်။

ဤသည်ကို မြင်သောအခါ ချန်လန်သည် လျှင်မြန်စွာ ရှောင်တိမ်းလိုက်ပြီး သူ၏ ဓားကို နောက်သို့ ဝှေ့ယမ်းလိုက်၏။ ရှည်လျားသော မြစ်တစ်စင်းကဲ့သို့ ဓားအလင်းတန်းတစ်ခုသည် တောက်ပသော ကြယ်များနှင့်အတူ ထွက်ပေါ်လာသည်။

ဤတိုက်ခိုက်မှုသည် ယော်ဆန် ၏ပေါင်ကို အောင်မြင်စွာ ခုတ်ပိုင်းနိုင်ခဲ့ပြီး အစိမ်းရောင်သွေးများ ပန်းထွက်လာစေခဲ့သည်။

"ချန်လန်... မင်းက သေချင်နေတာပဲ..."

ယော်ဆန်က ဒေါသတကြီး အော်ငေါက်လိုက်သည်။

ချန်လန်သည် နယ်မြေကို ပေးအပ်ရန် ငြင်းဆန်သဖြင့် သူသည် အစီအစဉ်နှစ်ကို အကောင်အထည်ဖော်ရပေမည်။ ဤသည်မှာ သူ့ကို ဖျက်ဆီးရန်ပင်။

"သေလမ်းရှာနေတာက မင်းပဲ... ငါ့ကို သတ်ဖို့ အပြာရောင်ကြယ်ကို မင်းတို့ လာမယ်ဆိုတာ ငါ အစကတည်းက သိပြီးသား..."

ချန်လန်က ဂရုမစိုက်စွာ ပြောလိုက်သည်။

ဤစကားကို ကြားသောအခါ ယော်ဆန်၏နှလုံးသား ဆတ်ခနဲ တုန်ရီသွားသည်။

"မင်း အစကတည်းက သိနေတာလား... ဒါဆို ဘာလို့ ပြန်လာသေးတာလဲ..."

ယော်ဆန် ရုတ်တရက် စကားပြောဆိုမှု ရပ်တန့်သွားပြီး သူ၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားလေ၏။

'ဒုက္ခပဲ... ဒါက ထောင်ချောက်ပဲ'

ရုတ်တရက် ယော်ဆန်သည် သူ၏နှလုံးခုန်သံ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ တစ်ကိုယ်လုံး အားနည်းသွားပြီး သူ၏ခန္ဓာကိုယ် လျင်မြန်စွာ ကျုံ့ဝင်သွားသည်။ သူသည် ယခင်ပုံစံသို့ ပြန်လည်ရောက်ရှိသွားပြီး အသက်ရှူရခက်စွာဖြင့် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ရက်သား လဲကျသွားသည်။

သူသည် ချန်လန်ကို ထိတ်လန့်စွာ ကြည့်လိုက်ပြီး သူ၏ခန္ဓာကိုယ်တွင်းရှိ အပြောင်းအလဲများကို ခံစားနေရသည်။ သူ သေတော့မည့်အလား သူ ခံစားနေရလေ၏။

"မင်း ဘာလုပ်လိုက်တာလဲ"

ယော်ဆန်က အံ့အားသင့်စွာ မေးလိုက်သည်။

ချန်လန် ဘာတွေများ လုပ်ခဲ့တာလဲ....

"မင်း သိဖို့ မလိုပါဘူး..."

ချန်လန်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူသည် သုံးပေအကွာတွင် ရပ်နေပြီး သေလုမျောပါးဖြစ်နေသော တစ္ဆေဘုရင်ကို အေးစက်တင်းမာစွာ ငုံ့ကြည့်လေသည်။

သူ၏ လက်ထဲရှိ ကြောက်ရွံ့မှုသတ် ဓားသည် ကြမ်းပြင်သို့ ခပ်စောင်းစောင်း ညွှန်ပြနေပြီး ကြယ်ရောင်များက ထိုအရာ၏နံဘေးပတ်လည်တွင် လှည့်ပတ်နေကာ သန့်ရှင်းစင်ကြယ်ပြီး အစွန်းအထင်း ကင်းမဲ့နေသည်။

အစောပိုငိးက တိုက်ခိုက်မှုတွင် သူသည် မစ္စတာ ဖီအို ပေးထားသော ဒုတိယမြောက် လျှို့ဝှက်လက်နက်ဖြစ်သည့် နီဗားနားကြယ်မှုန့်ကို ဓားသွားပေါ်တွင် လျှို့ဝှက်စွာ သုတ်လိမ်းထားခဲ့ပြီးဖြစ်ပေ၏။

ဤသည်က အဆင့်မြင့်တစ္ဆေများ၏ အသက်အရင်းအမြစ်ကို ပစ်မှတ်ထားရန် သီးသန့် ဖန်တီးထားသော ကြောက်မက်ဖွယ်ဆေးရည်တစ်ခုဖြစ်ပြီး အထွတ်အထိပ်အဆင့် တစ္ဆေဘုရင်တစ်ပါးကိုပင် သေသည်အထိ အဆိပ်သင့်စေနိုင်စွမ်းရှိသည်။

ဤဆေးရည်သည် အရောင်မရှိ အနံ့မရှိသညိ့အပြင် စွမ်းအင်လှိုင်းလည်း မရှိသလောက်နီးပါးဖြစ်ကာ စွမ်းအားအချင်းချင်း ထိတွေ့မှု သို့မဟုတ် ဒဏ်ရာများမှတဆင့် အရင်းအမြစ်ထဲသို့ တိုက်ရိုက်ဝင်ရောက်နိုင်သည်။ ထိုအရာ၏ အဆိပ်သင့်မှုသည် မယုံနိုင်လောက်အောင် လျှင်မြန်သော အမြန်နှုန်းဖြင့် ပေါက်ကွဲထွက်လာတတ်ပေ၏။

ဤအခိုက်အတန့်တွင် ယော်ဆန်၏ တစ္ဆေဘုရင် အရင်းအမြစ်သည် နီဗားနားကြယ်မှုန့်ကြောင့် လျှင်မြန်စွာ ဖျက်ဆီးခြင်း ခံနေရလေပြီ။ ငါးစက္ကန့် တောင့်ခံနိုင်ရန် မဆိုထားနှင့် သူသည် သုံးစက္ကန့်အတွင်း သေဆုံးရပေမည်။

ယော်ဆန်၏မျက်လုံးသူငယ်အိမ်များ ပြူးကျယ်လာသည်။ သူသည် ချန်လန်ကို လက်ညှိုးထိုးကာ တစ်စုံတစ်ခု ပြောချင်နေပုံရသော်လည်း အဆုံးတွင် သူ၏ပါးစပ်ကို အချည်းနှီးသာ ဖွင့်ဟနိုင်ခဲ့လေ၏။ သူ၏လက် ပျော့ခွေကျသွားပြီး သူ၏ခန္ဓာကိုယ် ရှေ့သို့ယိမ်းယိုင်သွားကာ သူ၏အသက်ရှူသံ လုံးဝရပ်တန့်သွားတော့သည်။

အစွမ်းထက်သော တစ္ဆေဘုရင် တစ်ပါးသည် လူသားတစ်ဦး ဆင်ထားသော ထောင်ချောက်ထဲတွင် ဤမျှထိ သနားစရာကောင်းစွာ ကျဆုံးသွားခဲ့သည်။

ချန်လန်သည် ယော်ဆန်၏အလောင်းကို ကြည့်လိုက်ရာ သူ၏မျက်နှာပေါ်တွင် ဝမ်းသာမှု မရှိဘဲ အေးစက်သော တင်းမာမှုသာ ရှိနေသည်။

သူသည် ခေါင်းမော့ပြီး ဖုန်မှုန့်များကို ထိုးဖောက်ကာ တခြားတစ်ဖက်တွင် မစ္စတာ မာဆက်ခ်နှင့် အကြိတ်အနယ် တိုက်ခိုက်နေသော တစ္ဆေဘုရင်ကို ကြည့်လိုက်သည်။

တစ္ဆေဘုရင်သည်လည်း ယော်ဆန် သေဆုံးသွားသော အချိန်အခိုက်အတန့်ကို အမှတ်မထင် မြင်လိုက်ရပြီး သူ၏ဝတ်ရုံအောက်ရှိ မျက်နှာသည် ချက်ချင်းသွေးဆုတ်ဖြူရော်သွားလေ၏။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

တစ္ဆေဘုရင် သည် အံ့အားသင့်စွာ အော်ဟစ်လိုက်ပြီး သူ၏နှလုံးသားထဲတွင် ထိတ်လန့်မှုလှိုင်းတံပိုးများ ရိုက်ခတ်သွားသည်။

ယော်ဆန်၏ စွမ်းအားသည် သူနှင့် တူညီလုနီးပါးပင်။ ထိုလူသားသည် သူ့ကို ဤမျှထိ တိုတောင်းသော အချိန်လေးအတွင်းတွင် မည်သို့ သတ်နိုင်ခဲ့သနည်း။

"အခုတော့ နှစ်ယောက် တစ်ယောက် ဖြစ်သွားပြီ... မင်းမှာ နိုင်ဖို့ အခွင့်အရေး ရှိသေးတယ်လို့ ထင်လား..."

ယုန်နတ်ဆိုး မစ္စတာ မာဆက်ခ်က အေးစက်စက် လှောင်ပြုံးပြုံးလိုက်သည်။

"သောက်ချေးပဲ... ယော်ဆန်က အဲ့ဒီလူသားဆီမှာ ရှုံးသွားလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး... ဒါပေမဲ့ သခင်ဟေးယွီက အမိန့်ပေးထားတယ်... ငါသေရရင်တောင် မင်းတို့အားလုံးကို သတ်ရမယ်..."

ထိုစကားအဆုံးတွင် တစ္ဆေဘုရင်သည် သူ၏ စွမ်းအင်လှိုင်းကို ဖုံးကွယ်ထားသော အနက်ရောင် ဝတ်ရုံကို ပြင်းပြင်းထန်ထန် ပစ်ချလိုက်သည်။

ထိုဝတ်ရုံအောက်တွင် ပုံမှန်ခန္ဓာကိုယ် မရှိဘဲ အော့အန်ချင်စရာကောင်းသော မြင်ကွင်းတစ်ခု ရှိနေလေ၏။ သူ၏ ခန္ဓာကိုယ်မှ နေရာအများစုသည် ဆွေးမြည့်နေပြီး အစိမ်းရောင်ပြည်များ အဆက်မပြတ် စိမ့်ထွက်နေကာ အနံ့အသက် ဆိုးရွားသော အဆိပ်အနာများဖြင့် ဖုံးလွှမ်းနေသည်။

ထို့ထက်ပို၍ ထူးဆန်းသည်မှာ မကောင်းဆိုးဝါး အလင်းရောင်များဖြင့် တောက်ပနေသော အကြေးခွံများရှိသည့် အရောင်အသွေးစုံလင်သော မြွေတချို့သည် သူ၏ ခန္ဓာကိုယ်နှင့် ခြေလက်များတွင် အသက်ရှိနေသော တက်တူးများကဲ့သို့ ရစ်ပတ်နေခြင်းပင်။ ထိုမြွေများသည် လျှာထုတ်ကာ တရှူးရှူးမြည်နေကြပြီး သူတို့၏အေးစက်သော မျက်လုံးများသည် မစ္စတာ မာဆက်ခ်နှင့် ချန်လန်အပေါ်သို့ ချိတ်ပိတ်ထားသည်။

ဤအဆိပ်ပြင်းသော မြွေများသည် သာမန်သတ္တဝါများ မဟုတ်ကြောင်း သိသာထင်ရှားသည်။ သူတို့သည် တစ္ဆေဘုရင်နှင့် အရင်းအမြစ်တူညီသော စွမ်းအားလှိုင်းများကို ထုတ်လွှတ်နေသော်လည်း ပို၍ အန္တရာယ်ကြီးပြီး ကျောချမ်းဖွယ် ကောင်းနေသည်။

ဤအခိုက်အတန့်တွင် တစ္ဆေဘုရင်သည် ကာကွယ်မှုအားလုံးကို လုံးလုံးလျားလျား စွန့်လွှတ်လိုက်ပြီး 'ဆွေးမြည့်နေသော မြွေစုန်းမ'ဟူသည့် သူ၏ပင်ကိုယ်ပုံစံကို ဖော်ပြလိုက်၏။ သူသည် မရေမတွက်နိုင်သော နှစ်များတစ်လျှောက် စုဆောင်းထားခဲ့သော အဆိပ်များ၊ ကျိန်စာများနှင့် လုံးလုံးလျားလျား ပေါင်းစပ်သွားကာ နောက်ဆုံးတိုက်ပွဲတစ်ခုအတွက် ပြင်ဆင်လိုက်သည်။

"ဒါဆိုလည်း ငါတို့ အတူတူ ဆွေးမြည့်သွားကြတာပေါ့... မြွေတစ်သောင်း အဆိပ်ငရဲ"

တစ္ဆေဘုရင်က ရူးသွပ်စွာ ဟိန်းဟောက်လိုက်သည်။ သူ၏ဆွေးမြည့်နေသော ခန္ဓာကိုယ် ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး ထူထပ်သိပ်သည်းသော အစိမ်းရင့်ရောင် အဆိပ်ငွေ့များအဖြစ် ပြောင်းလဲသွားကာ အရပ်မျက်နှာအသီးသီးသို့ ရူးသွပ်စွာ ပျံ့နှံ့သွားသည်။

အဆိပ်ငွေ့ ဖြတ်သန်းသွားသော နေရာတိုင်းတွင် လေထုသည် တိုက်စားမှုကြောင့် တရှဲရှဲမြည်သွားပြီး ကြမ်းပြင်သည်လည်း လျင်မြန်စွာ မည်းနက်ပြီး ပျော့ဖတ်သွားလေ၏။

သူ၏နံဘေးပတ်လည်တွင် ရစ်ပတ်နေခဲ့သော မရေမတွက်နိုင်သည့် အဆိပ်ပြင်းမြွေများသည် လေးမှပစ်လွှတ်လိုက်သော မြှားများကဲ့သို့ ထွက်ပေါ်လာပြီး အခိုးအငွေ့များထဲသို့ ရောနှောသွားကြသည်။ ထိုမြွေများသည် သေစေနိုင်သော အစွယ်များဖြင့် မစ္စတာမာဆက်ခ်နှင့်ချန်လန်တို့ထံသို့ ရှောင်လွှဲရခက်သော ထောင့်အမျိုးမျိုးမှ ပြေးဝင်လာသည်။

ဤတိုက်ခိုက်မှုတွင် တစ္ဆေဘုရင်၏ ဘဝတစ်သက်တာ စုဆောင်းထားသော စွမ်းအားများ ပါဝင်နေသည်။ ဤသည်မှာ သူ အကြွင်းမဲ့ ပျက်စီးသွားမှုကို ပေးဆပ်ကာ ထုတ်လွှတ်လိုက်သော နောက်ဆုံးကျိန်စာတစ်ခုပင်။

ထိုအရာ၏ စွမ်းအားသည် ယခင်တိုက်ခိုက်မှုများအားလုံးထက် များစွာပို၍ သာလွန်ပေ၏။

"သတိထား...ဒီအဆိပ်ငွေ့က စိတ်ဝိညာဉ်ကို တိုက်စားနိုင်တယ်"

မစ္စတာ မာဆက်ခ်၏ အမူအရာ ပြောင်းလဲသွားပြီး ချန်လန်ကို အသံကျယ်ကျယ်ဖြင့် သတိပေးလိုက်သည်။ အရိပ်စွမ်းအားများသည် သူ၏နံဘေးပတ်လည်တွင် ပေါက်ကွဲထွက်လာပြီး ကာကွယ်မှုအတွက် ဧရာမအနက်ရောင် ဒိုင်းတစ်ခုကို ဖန်တီးလိုက်သည်။ မြွေများသည် ဒိုင်းကို ထိမှန်ချိန်တွင် ပေါက်ကွဲသွားပြီး ပို၍သိပ်သည်းသော အဆိပ်ငွေ့များအဖြစ် ပြောင်းလဲသွားကာ အတားအဆီးကို ကြက်သီးထဖွယ်ကောင်းသော တိုက်စားသံဖြင့် ကိုက်ဖြတ်နေကြ၏။

ဒိုင်း၏အလင်းရောင်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် မှိန်ကျသွားသည်။

ချန်လန်၏မျက်လုံးသူငယ်အိမ်များလည်း ကျဥ်းမြောင်းသွားသည်။ ဤလွှမ်းမိုးနိုင်သော အခိုးအငွေ့နှင့် မြွေများ၏ တိုက်ခိုက်မှုသည် နေရာကျယ်လွန်းပြီး မြန်ဆန်လွန်းသဖြင့် ရှောင်လွှဲရန် မဖြစ်နိုင်သလောက်နီးပါးပင်။

သူ တွေဝေမနေဘဲ ကြောက်ရွံ့မှုသတ်ဓားကို သူ၏ရှေ့ရှိ ကြမ်းပြင်ထဲသို့ ထိုးစိုက်လိုက်ပြီး လှည့်ပတ်နေသော ကြယ်ရောင်ဒိုင်းတစ်ခုကို ဖန်တီးရန် သူ၏ ကြယ်စွမ်းအားများကို ကန့်သတ်ချက်အထိ တွန်းပို့လိုက်သည်။

အဆိပ်ငွေ့များသည် လေထုထဲတွင် ပြည့်နှက်နေပြီး မြွေများသည် မိုးရွာသကဲ့သို့ ကျဆင်းလာပေ၏။

တိုက်ပွဲကွင်းပြင်တစ်ခုလုံးသည် မျှော်လင့်ချက်မဲ့မှုနှင့် အဆိပ်များ ပြည့်နှက်နေသော ငရဲတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည့်အလားပင်။

"သန့်စင်စမ်း.."

ရုတ်တရက် နူးညံ့ပြီး ဆွဲဆောင်မှုရှိသော အသံတစ်သံ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်နေရာတဝိုက်လုံးတွင် ပဲ့တင်ထပ်သွားသ​ည်။

ဤရင်းနှီးသော အသံကို ကြားလိုက်ရချိန်၌ ချန်လန်နှင့်မစ္စတာမာဆက်ခ်တို့၏ နှလုံးသားများ ဝမ်းသာပျော်ရွှင်စွာကြောင့် တုန်ရီသွားကြ၏။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ မစ္စတာဖီအို၏ အသံ ဖြစ်နေသောကြောင့်ပင်။

အချိန်တခဏအတွင်း မိုးကောင်းကင်ယံမှ ထူးဆန်းသော သက်တံ့ရောင် အလင်းတန်းများဖြင့် ရုတ်တရက် ပွင့်အံ့ထွက်လာသည်။ ဤအလင်းတန်းများ ကျဆင်းလာသည်နှင့်အမျှ အဆိပ်ငွေ့များ ချက်ချင်းပျောက်ကွယ်သွားသည်။

သေအံ့မူးမူးဖြစ်နေသော တစ္ဆေဘုရင်သည် ဤသည်ကို မြင်သောအခါ လုံးလုံးလျားလျား မျှော်လင့်ချက်မဲ့သွားလေ၏။

သူ ဂုဏ်ယူခဲ့ရသော နောက်ဆုံးတိုက်ကွက်သည် အချိန်တခဏအတွင်း ဖျက်ဆီးခြင်းခံလိုက်ရလေပြီ။

"ပျက်စီးစမ်း..."

ဤစကားလုံး ထွက်ပေါ်လာသည်နှင့် တပြိုင်နက် တစ္ဆေဘုရင်၏ခန္ဓာကိုယ် လျှင်မြန်စွာ ပျောက်ကွယ်သွားပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။

ညကောင်းကင်ယံသည် ဘာမှမဖြစ်ခဲ့သကဲ့သို့ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ တဖြည်းဖြည်း နီးကပ်လာသော ရဲကားဥဩသံများကသာ ချန်လန်နှင့် မစ္စတာ မာဆက်ခ်တို့ကို သတိပြန်ဝင်လာစေခဲ့သည်။

"အပြာရောင်ကြယ်က ရဲတွေ လာနေပြီ... ကျွန်တော် တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာကို အရင်ပြန်တော့မယ်... ခင်ဗျားလည်း အနားယူလိုက်အုံး..."

ထိုသို့ပြောဆိုပြီးနောက် မစ္စတာ မာဆက်ခ်သည် အပြာရောင်ကြယ်မှ ထွက်ခွာပြီး တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာသို့ ပြန်သွားလေ၏။

ချန်လန် တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ပြီး ရဲများ၏ စုံစမ်းစစ်ဆေးမှုကို အကူအညီမဲ့စွာ ခံယူလိုက်သည်။ နေ့ခင်းရောက်မှသာ အနားယူရန် ဟိုတယ်တစ်ခုသို့ သူ နောက်ဆုံးတွင် သွားနိုင်ခဲ့သည်။

စံအိမ်နှင့်ပတ်သက်၍မူ ပြုပြင်မှုများ ကူညီပေးရန်အတွက် အိမ်ရာစီမံခန့်ခွဲရေးအဖွဲ့ထံသို့ သူ လွှဲအပ်ထားခဲ့ရသည်။

All Chapters