← Chapters

အခန်း ၃၀၃

Vol. 31 Ch. 303

အခန်း ၃၀၃

Vol. 31 Ch. 303

အခန်း (၃၀၃) မြောက်ပိုင်းကာကွယ်ရေးစစ်တပ် ချီတက်ခြင်း

မြောက်ပိုင်းကာကွယ်ရေးစစ်တပ်၏ ယာယီစခန်း၌ တပ်မှူးငုယင်ဒုဟွမ် ဗိုလ်ချုပ် လီယန်ကျန်း၊ ဗူကျဲတ်တွမ်တို့နှင့်အတူ အရာရှိငယ်များက ဧရာမသစ်ပင်ကြီးအောက်တွင် စုရုံးထိုင်နေကြ၏။ (ဒီဗီယက်နမ်နာမည်တွေက မူရင်းမှာတင်ပါတာပါ)

"ဗိုလ်ချုပ်တို့... ငါတို့တပ်က လောင်းရှန်းနဲ့ မိုင်နှစ်ဆယ်ပဲ ဝေးတော့တယ်..."

"အခု ချိုးယံ (ည ၁ နာရီမှ ၃ နာရီ) ရောက်နေပြီဖြစ်လို့ နေရောင်ခြည်ရဲ့ အစွမ်းက အတော်လေး လျော့ပါးသွားပြီ... စစ်သည်တွေကို ရေဘူးဖြည့်ခိုင်းပြီး ချက်ချင်း ချီတက်ဖို့ အမိန့်ပေးလိုက်ပါ..."

"ဒီညနေမစခင် လောင်းရှန်းကို ရောက်အောင်သွားရမယ်..."

ထိုအချိန်တွင် တပ်မှူးငုယင်ဒုဟွမ်က ရက်စက်သော အကြည့်များဖြင့် ပြောလိုက်သည်။ ဤတောင်တန်းဒေသသို့ ရောက်ရှိလာချိန်တွင် နေရောင်အောက်တွင် သွားလာရန် မဝံ့ရဲဘဲ သစ်ပင်များအောက်၌သာ ပုန်းအောင်းနေခဲ့ရသည်။ နေရောင်ခြည် လျော့ပါးသွားပြီဖြစ်၍ စစ်တပ်လည်း အနားယူပြီးဖြစ်ရာ ထပ်မံ၍ မနှောင့်နှေးနိုင်တော့ပေ။

"တပ်မှူး... ကျွန်တော်တို့ မြောက်ပိုင်းကာကွယ်ရေးစစ်တပ်ရဲ့ လှုပ်ရှားမှုကို မဟာလီမင်းဆက်ရဲ့ တပ်ပျက်စစ်သားတွေ သိရှိသွားလောက်ပြီ..."

"သူတို့က ဒီအတိုင်းထိုင်ကြည့်နေမှာ မဟုတ်ဘူး... ရှေ့က တစ်နေရာရာမှာ ချုံခိုတိုက်ခိုက်ဖို့ အစီအစဉ်ဆွဲပြီး ကျွန်တော်တို့တပ်ကို ရုတ်တရက် တိုက်ခိုက်လာနိုင်တယ်..."

"ကျွန်တော်တို့ ချီတက်တဲ့အခါ လမ်းတစ်လျှောက်လုံး စေ့စပ်သေချာအောင် ထောက်လှမ်းဖို့အတွက် အင်းဆက်ပညာရှင်တွေကို ရှေ့ကနေ စေလွှတ်သင့်တယ်... တပ်တွေ ပုန်းအောင်းနိုင်တဲ့ နေရာတစ်ခုမှ မကျန်ရအောင် စစ်ဆေးရမယ်..."

ဗိုလ်ချုပ်လီယန်ကျန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ မဟာလီမင်းဆက်၏ တပ်ပျက်စစ်သားများထဲတွင် ကျင့်ကြံသူ အများအပြား ရှိနေသည်။ သူတို့သည် လောင်းရှန်းဒေသ၌ စိုးရိမ်တကြီး ပုန်းအောင်းနေကြပြီး တောင်ဘက် နန်ယွဲ့တိုင်းပြည်၏ စစ်တပ်က ဝိုင်းရံတိုက်ခိုက်မည်ကို ကြောက်ရွံ့သဖြင့် ပတ်ဝန်းကျင်ကို စောင့်ကြည့်ရန် ကျင့်ကြံသူများကို သေချာပေါက် စေလွှတ်လိမ့်မည်။

မြောက်ပိုင်းကာကွယ်ရေးစစ်တပ်၏ စစ်သည်နှစ်သိန်း ချီတက်လာသည်ကို မည်သို့မျှ ဖုံးကွယ်၍ မရပေ။

"ဗိုလ်ချုပ်လီ ပြောတာမှန်တယ်..."

"ကျောင်းတော်ကနေ ကျင့်ကြံသူနှစ်ဆယ်ကို စေလွှတ်ပေးထားတယ်... ခေါင်းဆောင်ကတော့ အဋ္ဌမအဆင့် ကျွမ်းကျင်သူဖြစ်တဲ့ ပျံလွှားကျားရဲအရှင်ပဲ..."

"ဒါ့အပြင် သတ္တမအဆင့် အင်းဆက်တမန်တော် နှစ်ယောက်နဲ့ ဆဋ္ဌမအဆင့် အင်းဆက်ဘုရင် ဆယ့်ခုနစ်ယောက်လည်း ပါသေးတယ်..."

"ငါ ပျံလွှားကျားရဲအရှင်နဲ့ တိုင်ပင်ပြီးပြီ... တပ်ချီတက်တာနဲ့ သူတို့က အင်းဆက်တွေကို ဦးဆောင်ပြီး ရှေ့ကနေ ထောက်လှမ်းပေးမယ်လို့ ကတိပေးထားတယ်... ဒါဆိုရင် မဟာလီမင်းဆက်ရဲ့ တပ်ပျက်စစ်သားတွေက ငါတို့ကို ချုံခိုတိုက်ခိုက်ဖို့ ဘယ်လိုမှ အခွင့်အရေးရမှာ မဟုတ်ဘူး..."

တပ်မှူးငုယင်ဒုဟွမ်က ပြုံး၍ ပြောလိုက်သည်။ ဤစကားကို ကြားရသောအခါ ဗိုလ်ချုပ်များလည်း စိတ်အေးသွားကြသည်။ သူတို့သည် နန်ယွဲ့တိုင်းပြည်မှ ဖြစ်ကြ၍ အင်းဆက်တစ်ရာကျောင်းတော်သည် တိုင်းပြည်ကို စောင့်ရှောက်သည့် နတ်ဘုရားဖြစ်ကြောင်း၊ ကျင့်ကြံသူအားလုံးသည်လည်း ကျောင်းတော်၏ အုပ်ချုပ်မှုအောက်တွင် ရှိကြောင်း သိရှိထားကြသည်။ အင်းဆက်တစ်ရာကျောင်းတော်မှ ဘုန်းကြီးများသည် တိရစ္ဆာန်များနှင့် အင်းဆက်ပိုးမွှားများကို ထိန်းချုပ်ရာတွင် ထူးခြားသော စွမ်းရည်ရှိကြသည်။

"ဟုတ်ပြီ... ဗိုလ်ချုပ်လီယန်... ထောက်ပံ့ရေးတပ်တွေ ညနေရောက်ရင် လောင်းရှန်းကို ရောက်အောင် စီစဉ်ပေးပါ..."

"မဟာလီမင်းဆက်ရဲ့ တပ်ပျက်တွေက နှစ်သိန်းတောင် ရှိတယ်... သူတို့ကို နိုင်ဖို့က တစ်ရက်နှစ်ရက်နဲ့ မပြီးဘူး..."

"ငါတို့ရဲ့ ထောက်ပံ့ရေးစွမ်းအားကို အသုံးပြုပြီး သူတို့ရဲ့ စားနပ်ရိက္ခာကို အကုန်ဖြတ်တောက်လိုက်မယ်... ပြီးရင် အညံ့ခံခိုင်းလိုက်မယ်... အဲ့ဒီအချိန်ကျမှ ဘုရင်မင်းမြတ်ရဲ့ အမိန့်အတိုင်း မဟာလီမင်းဆက်ရဲ့ တပ်ပျက်တွေကို မဟာချင်မင်းဆက်ရဲ့ နယ်မြေထဲကို ကျူးကျော်ဝင်ရောက်ဖို့ စေလွှတ်လိုက်မယ်..."

တပ်မှူးငုယင်ဒုဟွမ်က တည်ကြည်သော အမူအရာဖြင့် ပြောလိုက်သည်။

"ကျွန်တော်မျိုး နားလည်ပါပြီ..."

ဗိုလ်ချုပ် လီယန်ကျန်းက လေးစားစွာ ဖြေကြားလိုက်သည်။

"ကောင်းပြီ... အခုပဲ သွားပြီး မိမိတို့တပ်တွေကို ဦးဆောင်ကာ ချီတက်ကြတော့..."

ငုယင်ဒုဟွမ်၏ အမိန့်ပေးမှုနှင့်အတူ စစ်သည်နှစ်သိန်းတို့သည် ယာယီစခန်းကို သိမ်းဆည်းကာ လောင်းရှန်းသို့ ကြီးမားသော စစ်ကြောင်းဖြင့် ချီတက်သွားကြသည်။

လောင်းရှန်း၊ မဟာလီမင်းဆက်၏ တပ်ပျက်စခန်း။

ယွီဝမ်ချန်သည် တောင်အတွင်းရှိ မြေအောက်မြစ်စီးဆင်းရာ ကျောက်ဂူထဲသို့ ရောက်ရှိလာသည်။ ထိုနေရာတွင် မြေအောက်မြစ်ကို သံတိုင်များဖြင့် ကာရံထားပြီး ရေအကျဉ်းထောင်အဖြစ် ပြုလုပ်ထား၏။ လက်ရှိတွင် အိမ်ရှေ့စံမင်းသား တစ်ယောက်တည်းကိုသာ ထိုရေအကျဉ်းထောင်၌ ထိန်းသိမ်းထားသည်။

"အစ်ကို... အစ်ကို့ကို လာတွေ့တာ..."

အလင်းဖြူတုတ်တံကို ကိုင်ဆောင်ထားသော ယွီဝမ်ချန်သည် ရေအကျဉ်းထောင်ဘေးသို့ ရောက်လာပြီး ပိန်ချုံးနေသော အိမ်ရှေ့စံမင်းသားကို ငြိမ်သက်စွာ ကြည့်လိုက်သည်။

"နင်လို ရက်စက်တဲ့မိန်းမ... ကိုယ့်အစ်ကိုကိုတောင် ဒီလိုဆက်ဆံရက်တယ်ပေါ့..."

အိမ်ရှေ့စံမင်းသား၏ ဆံပင်ရှည်တို့က ရှုပ်ပွနေပြီး သူ၏မျက်နှာကို ဖုံးကွယ်ထားကာ ရူးသွပ်သကဲ့သို့ အော်ဟစ်လိုက်သည်။

"အစ်ကို... အစ်ကိုက ကျွန်မကို ရက်စက်တယ်လို့ ပြောနေတာလား..."

"လွန်ခဲ့တဲ့ တစ်နှစ်က ကျွန်မ အစ်ကို့ကို မဟာချင်စစ်တပ်ကို တိုက်ခိုက်ဖို့ တိုက်တွန်းတုန်းက အစ်ကို ဘယ်လိုဆက်ဆံခဲ့လဲ..."

"ယင်ရှာဆေးလုံးကြောင့် ကျွန်မ တစ်နှစ်လုံး ဒုက္ခရောက်ခဲ့ရတယ်... အင်းဆက်ပိုးကောင် တစ်သောင်းက ကိုယ့်ခန္ဓာကိုယ်ကို နေ့တိုင်း ကိုက်ဖြတ်နေတဲ့ ခံစားချက်ကို အစ်ကို စဉ်းစားကြည့်ဖူးလား..."

"ကျွန်မ အစ်ကို့ကို မသတ်ခဲ့ဘူး... အစ်ကို့ရဲ့ သွေးကြောတွေကိုသာ ပိတ်ထားလိုက်တာ... ကျွန်မရဲ့ ရည်ရွယ်ချက်ကို နားမလည်သေးဘူးလား..."

ယွီဝမ်ချန်က အေးစက်စွာ ပြောလိုက်သည်။

"ဟင်း... နင်က ဦးရီးတော်ရဲ့ လက်စားချေမှာကို ကြောက်နေတာပဲ..."

"ဦးရီးတော်က အင်းဆက်တစ်ရာကျောင်းတော်ကနေ ပြန်ရောက်လာရင် သူ့အမိန့်တစ်ခုတည်းနဲ့တင် နင် တံဆိပ်တုံးကို ကိုင်ထားရင်တောင် ကျန်းနန်စစ်တပ်က သူ့ဆီ ပြန်ရောက်သွားမှာပဲ... နင်လည်း ပြည်နှင်ခံရတဲ့ မင်းသမီးပဲ ဖြစ်ကျန်ခဲ့မှာ..."

"နင် အခုလို လာတွေ့တယ်ဆိုတာ တစ်ခုခုတော့ ပြဿနာတက်နေပြီပေါ့..."

"ငါ မှားတယ်မထင်ဘူး... တပ်ရဲ့ စားနပ်ရိက္ခာ ပြတ်လပ်နေတာ ဖြစ်မယ်..."

"ငါ့ဦးရီးတော်က အင်းဆက်တစ်ရာကျောင်းတော်ကို ရိက္ခာကိစ္စနဲ့ သွားဆွေးနွေးတာ... သူသာ နင် ငါ့ကို ဖမ်းထားမှန်းသိရင် ရိက္ခာပေးမှာ မဟုတ်ဘူး... ဒါကြောင့် နင် ငါ့ဆီလာပြီး ညှိနှိုင်းရတာပေါ့..."

အိမ်ရှေ့စံမင်းသားက ယွီဝမ်ချန်၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် ရိပ်မိသွားသည်။

"တကယ့်ကို ထက်မြက်တဲ့

ဦးရီးတော်ပါလား..."

"ကျွန်မ မသိဘူးတော့ မထင်နဲ့... ယွီဝမ်ချွန်းဆိုတာ အစ်ကို့ရဲ့ အဖေအရင်းပဲ မဟုတ်လား..."

ယွီဝမ်ချန်က ရုတ်တရက် အေးစက်စွာ ရယ်မောလိုက်သည်။ အိမ်ရှေ့စံမင်းသား ယွီဝမ်ယိမှာ ထိတ်လန့်သွားပြီး သူ၏ဆံပင်ကြားမှ မျက်လုံးတို့က တောက်ပလာသည်။ ယွီဝမ်ချန် ဤလျှို့ဝှက်ချက်ကို သိရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

"ကျွန်မက ရှန်းကျင်းဌာနကို အုပ်ချုပ်တဲ့အရုပ်တစ်ရုပ်ပဲလို့ ထင်နေတာလား..."

"ကျွန်မ ဒီလို ရှက်စရာကောင်းတဲ့ နန်းတွင်းအရှုပ်တော်ပုံတွေကို မပြောချင်ခဲ့ဘူး..."

"ဒါပေမဲ့ အစ်ကိုနဲ့ ယွီဝမ်ချွန်းတို့က ကျန်းနန်စစ်တပ်ကိုပဲ ထိန်းချုပ်ချင်ပြီး ပေနင်စီရင်စုကိုပဲ သိမ်းပိုက်ကာ မဟာလီမင်းဆက်ကို ပြန်မထူထောင်ဘဲ ဒီအတိုင်းပဲ နေချင်နေကြတာ..."

"ကျွန်မ အစ်ကို့ကို မသတ်ခဲ့ပေမဲ့ ယွီဝမ်ချွန်းကို ထိန်းချုပ်ဖို့အတွက် အစ်ကို့ကို ဓားစာခံလုပ်ထားခဲ့တာ..."

"အခု အခြေအနေတွေ ပြောင်းလဲသွားပြီ... နန်ယွဲ့တိုင်းပြည်ရဲ့ မြောက်ပိုင်းကာကွယ်ရေးစစ်တပ်က လောင်းရှန်းကို လာတိုက်တော့မယ်... ဒါက ကျွန်မရဲ့ ကျန်းနန်စစ်တပ်ကို ပစ်မှတ်ထားတာပဲ..."

"ကျွန်မ တွက်ချက်တာ မမှားဘူးဆိုရင် ယွီဝမ်ချွန်းရဲ့ အင်းဆက်တစ်ရာကျောင်းတော်က ဆွေးနွေးပွဲတွေ အဆင်မပြေဖြစ်ပြီး သူကိုယ်တိုင်လည်း ပိတ်မိနေလောက်ပြီ..."

"ဒါကြောင့် အစ်ကို့ရဲ့တည်ရှိမှုက အဓိပ္ပာယ် မရှိတော့ဘူး..."

ယွီဝမ်ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။ ဤစကားကို ကြားသောအခါ အိမ်ရှေ့စံမင်းသား ယွီဝမ်ယိမှာ စိုးရိမ်လာသည်။

"နင် ဘာလုပ်မလို့လဲ... ငါ့ကို သတ်မလို့လား..."

ယွီဝမ်ယိမှာ ထိတ်လန့်သွား၏။ သူက ဘုရင်မဖြစ်သေးဘဲနှင့် မည်သို့လျှင် သေရဲပါမည်နည်း။

"ဟုတ်တယ်”

"အစ်ကို့ရဲ့ တည်ရှိမှုက အမြဲတမ်း ကျွန်မအတွက် ခြိမ်းခြောက်မှုတစ်ခုပဲ..."

ထိုအချိန်တွင် ယွီဝမ်ချန်က သူမ၏ ဝမ်းဗိုက်ကို ပွတ်သပ်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။ ယွီဝမ်ချန် ကိုယ်ဝန်ရှိနေသည်ကို သိရှိသွားပြီဖြစ်သည်။ သူမမှာ အရိုက်အရာဆက်ခံသူ ရှိနေပြီဖြစ်၍ အိမ်ရှေ့စံ၊ ဒုတိယမင်းသား၊ တတိယမင်းသားတို့၏ သွေးသားကို ဂရုစိုက်စရာ မလိုတော့ပေ။ သူမကိုယ်တိုင် ဘုရင်မအဖြစ် ရပ်တည်နိုင်ပြီ ဖြစ်သည်။ တစ်သက်တာလုံးအတွက် ယွီဝမ်ချန်သည် ကျောက်လင်အပေါ်၌သာ အပြည့်အဝ အားကိုးတော့မည်။

"မလုပ်ပါနဲ့”

"နင် ငါ့ကိုသတ်ရင် ဦးရီးတော် ပြန်လာတဲ့အခါ နင့်ကို အမှုန့်ဖြစ်အောင် ချေပစ်လိမ့်မယ်..."

အိမ်ရှေ့စံမင်းသား ယွီဝမ်ယိက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ယွီဝမ်ချန်က နှာခေါင်းရှုံ့လိုက်ပြီး သူမ၏လက်ဝါးကို ရုတ်တရက် ထိုးနှက်လိုက်သည်။

လက်ဝါးမှ ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာကာ ဓားလမ်းကြောင်းအဖြစ် ပြောင်းလဲသွားပြီး ယွီဝမ်ယိ၏ ရင်ဘတ်ကို ဖောက်ထွက်သွား၏။ ယွီဝမ်ချန်သည် ကျောက်လင်ပေးပို့ထားသော ဒြပ်စင်ငါးပါးကျမ်းစာနှင့် အသူရာသစ်သီးများကြောင့် တစ်ရက်အတွင်းမှာပင် ကျောက်စိမ်းဗိုက်နယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

All Chapters