← Chapters

အခန်း ၂၅၉

Vol. 26 Ch. 259

အခန်း ၂၅၉

Vol. 26 Ch. 259

အခန်း (၂၅၉) ထွက်ခွာခြင်း

မိုးကြိုးကပ်ဘေး ပြီးဆုံးသွားပြီးနောက် ကျိုးယွမ်သည် ရှောင်ယွင်တောင်ထိပ်သို့ တိတ်ဆိတ်စွာ ပြန်လာခဲ့လေ၏။

ရှောင်ယွင်တောင်ထိပ်သို့ ရောက်ရှိချိန်၌ ကျိုးယွမ် အံ့အားသင့်သွားရလေသည်။

ဘာတွေဖြစ်နေတာလဲ။

ခန်းမသခင် ဝမ်ကျိန့်ဖျင်၊ ကျောက်စစ် နှင့် ပိုင်ယန်တို့ အားလုံး ဘာလို့ ဤနေရာကို ရောက်နေကြတာလဲ။

ကျိုးယွမ်သည် နောက်ဘက်ခန်းမတံခါးကို ဖွင့်ကာ ဖြည်းညင်းစွာ ထွက်လာခဲ့လေ၏။

"တောင်ထိပ်သခင်ကျိုး... အခြေတည်စိတ်ဝိညာဉ်အဆင့်ကို တက်လှမ်းဖို့ဆိုတာ ညတွင်းချင်း အောင်မြင်နိုင်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး... ယာယီ ကျရှုံးမှုကို စိတ်ထဲထားနေစရာ မလိုပါဘူး"

ခန်းမသခင် ဝမ်ကျိန့်ဖျင်က ပြုံးလျက် ပြောဆိုလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ရိုးသားမှုများ အပြည့်အဝ ပေါ်လွင်နေလေ၏။

"ဟုတ်ပါတယ် တောင်ထိပ်သခင်ကျိုး... ခင်ဗျားရဲ့ လက်ရှိ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် နောက်ထပ် နှစ်နှစ်လောက် ဆက်ပြီး အားထုတ်လိုက်တာနဲ့ အခြေတည်စိတ်ဝိညာဉ်အဆင့်ကို တစ်ဟုန်ထိုး တက်လှမ်းနိုင်မှာ သေချာပါတယ်"

ကျောက်စစ်ကလည်း ပြုံးလျက် ပြောဆိုလေ၏။

ပိုင်ယန်သည် ကျောက်စစ်ကို စူးရဲစွာ ကြည့်လိုက်ပြီး ကျောက်စစ် ဘာကြောင့် ပြောင်းလဲသွားသနည်းဆိုတာကို နားမလည်နိုင်အောင် ဖြစ်နေလေသည်။

သူက ဤတောင်ထိပ်သခင်ကျိုးကို မုန်းတီးနေခဲ့တာ မဟုတ်ဘူးလား။

သို့ရာတွင် တောင်ထိပ်သခင်ကျောက်သည် တောင်ထိပ်သခင်ကျိုးကို ယှဉ်နိုင်မည်မဟုတ်ဟု ခံစားရသောကြောင့် ဆက်လက် သည်းခံရန် ရွေးချယ်ခဲ့ခြင်းဖြစ်မည်ဟု ပိုင်ယန် နောက်ပိုင်းတွင် သဘောပေါက်သွားလေ၏။

ဤအချက်ကို တွေးမိချိန်၌ ပိုင်ယန် မနေနိုင်ဘဲ အနည်းငယ် ပြုံးလိုက်ပြီးနောက် ပြောဆိုလေ၏။

"တောင်ထိပ်သခင်ကျိုး... ရှင်က ငယ်ရွယ်သေးတာပဲ... လောစရာ မလိုပါဘူး"

"အခြေတည်စိတ်ဝိညာဉ်အဆင့်ဆိုတာ ကျင့်ကြံခြင်းလမ်းစဉ်မှာ ကြီးမားတဲ့ အတားအဆီးတစ်ခုမို့ လျှို့ဝှက်အန္တရာယ်တွေ မကျန်ရစ်စေဖို့ ဂရုတစိုက် သန့်စင်ဖို့ လိုအပ်တယ်"

သူတို့ သုံးဦး၏ စကားများကြောင့် ကျိုးယွမ် လုံးဝ ဇဝေဇဝါဖြစ်သွားပြီး သူတို့ ဘာကို ဆိုလိုသနည်းဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်သွားလေ၏။

သို့သော် အခိုက်အတန့်လေးအတွင်းမှာပင် မိုးကြိုးတိမ်တိုက်များ အခုလေးတင် ပျောက်ကွယ်သွားခြင်းကြောင့် ဖြစ်ရမည်ဟု ကျိုးယွမ် သဘောပေါက်သွားလေသည်။

သူ အဆင့်တက်လှမ်းရာမှာ ကျရှုံးသွားသည်ဟု သူတို့ ထင်နေကြတာများလား။

ပိုတွေးလေလေ ဤသည်မှာ အကြောင်းရင်းဖြစ်ကြောင်း ကျိုးယွမ် ပိုမို ယုံကြည်လာလေလေဖြစ်ပြီး သူ့ကို ရယ်ရခက် ငိုရခက် ဖြစ်စေလေ၏။

သို့ရာတွင် ကျိုးယွမ်သည် ကျန်းချောင်ခန်းမမှ ထွက်ခွာရန် အကြောင်းပြချက်ကို လျင်မြန်စွာ သဘောပေါက်သွားလေ၏။

ယခုအခါ နတ်ဘုရားအသွင်ပြောင်းခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ရာ ကျန်းချောင်ခန်းမတွင် သူ ဆက်နေရန် အကြောင်းပြချက် မရှိတော့ချေ။

သူ ထွက်ခွာရမည့်အချိန် ရောက်ပြီဖြစ်သည်။

ယခု သူ လုပ်ဆောင်ရမည့် အရေးအကြီးဆုံးအရာမှာ ချင်ယောင်၏ ခန္ဓာကိုယ်ကို ပြန်လည်ရယူနိုင်ရန် ကူညီပေးရေးပင် ဖြစ်သည်။

ဤသည်မှာ သူ ကတိပေးထားခဲ့သော ကိစ္စဖြစ်သည်။

အမှားအယွင်းများ ဖြစ်မည်ကို စိုးရိမ်သဖြင့် သူ ဘယ်သောအခါကမျှ အရေးယူဆောင်ရွက်ရန် မရဲဝံ့ခဲ့ချေ။

ယခု နတ်ဘုရားအသွင်ပြောင်းခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ဤကိစ္စအတွက် သူ စိုးရိမ်စရာ မလိုတော့ချေ။

ဤအချက်ကို တွေးမိချိန်၌ ကျိုးယွမ်သည် တမင်တကာ သက်ပြင်းချလိုက်ပြီး ခန်းမသခင် ဝမ်ကျိန့်ဖျင်ကို ပြုံးပြလိုက်လေ၏။

"ပထမဦးဆုံးအနေနဲ့ ခန်းမသခင် အခြေတည်စိတ်ဝိညာဉ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်... အခုကစပြီး ကျန်းချောင်ခန်းမက အဆင့် ၄ ကျင့်ကြံခြင်း ဂိုဏ်း ဖြစ်လာတော့မှာပဲ"

ဤစကားကို ကြားချိန်၌ ခန်းမသခင် ဝမ်ကျိန့်ဖျင် မနေနိုင်ဘဲ ရယ်မောလိုက်ပြီးနောက် ပြောဆိုလေ၏။

"တောင်ထိပ်သခင်ကျိုးက ယဉ်ကျေးလွန်းနေပါပြီ... တောင်ထိပ်သခင်ကျိုးရဲ့ ဆေးလုံးကြောင့်သာ ကျွန်တော် အဆင့်တက်လှမ်းနိုင်ခဲ့တာပါ"

ကျိုးယွမ် ပြုံးကာ ခေါင်းခါလိုက်ပြီးနောက် ပြောဆိုလေ၏။

"အဲ့ဒါက ခန်းမသခင်ရဲ့ ကိုယ်ပိုင် အခွင့်အရေးပါ... ကျွန်တော်နဲ့ သိပ်မသက်ဆိုင်ပါဘူး"

"ခန်းမသခင်နဲ့ တောင်ထိပ်သခင် နှစ်ဦးစလုံး ရှိနေကြမှတော့ ကျွန်တော်လည်း ပြောစရာတစ်ခု ရှိပါတယ်"

"အဆင့်တက်လှမ်းရာမှာ ကျရှုံးသွားတာကြောင့် ကျွန်တော် ကျန်းချောင်ခန်းမကနေ ထွက်ခွာပြီး ကျွန်တော့်ရဲ့ စိတ်အခြေအနေကို ချိန်ညှိဖို့ လှည့်လည်သွားလာဖို့ ဆုံးဖြတ်လိုက်ပါတယ်"

"ဒါကြောင့် ရှောင်ယွင်တောင်ထိပ်အတွက် ခန်းမသခင် တောင်ထိပ်သခင် အသစ်တစ်ယောက် ခေါ်ယူတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်"

ကျိုးယွမ်က သူ၏ ရည်ရွယ်ချက်ကို တိုက်ရိုက် ပြောဆိုလိုက်လေသည်။

ဤစကားကို ကြားချိန်၌ ခန်းမသခင် ဝမ်ကျိန့်ဖျင်နှင့် အခြားနှစ်ဦးစလုံး အံ့အားသင့်သွားကြလေ၏။

ကျိုးယွမ်တွင် ဤကဲ့သို့သော စိတ်ကူးမျိုး ရှိနေမည်ဟု သူတို့ မမျှော်လင့်ထားခဲ့ချေ။

"တောင်ထိပ်သခင်ကျိုး... ခရီးထွက်တာကို လက်ခံပါတယ်... ရှောင်ယွင်တောင်ထိပ်ကိုတော့ လောလောဆယ် ကျွန်တော် ကြည့်ရှုပေးထားပါ့မယ်... ခင်ဗျား ပြန်လာတဲ့အခါ ပြန်လွှဲပေးမယ်လေ... ဘယ်လိုသဘောရလဲ"

တစ်နှစ်ကျော် အတူနေထိုင်ပြီးနောက် တောင်ထိပ်သခင်ကျိုးသည် ရည်မှန်းချက်ကြီးမားသော လူစားမျိုး မဟုတ်ကြောင်း ခန်းမသခင် ဝမ်ကျိန့်ဖျင် တွေ့ရှိခဲ့ရသည်။

သူသည် ဤကဲ့သို့သော လူမျိုးကို အနှစ်သက်ဆုံး ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ခန်းမသခင် ရာထူးကို သူ လက်လွှတ်မခံချင်ပေ။

ထို့အပြင် တောင်ထိပ်သခင်ကျိုးသည် ပြိုင်ဆိုင်လိုစိတ် မရှိသလို မည်သည့်အရာကိုမျှ လောဘတကြီး မရှိဘဲ နေ့စဉ်လိုလို ရှောင်ယွင်တောင်ထိပ်တွင်သာ အချိန်ဖြုန်းနေတတ်သည်။

ဤကဲ့သို့သော ကျင့်ကြံသူမျိုးကို ဘယ်နေရာမှာ ရှာတွေ့နိုင်မည်နည်း။

ခန်းမသခင် ဝမ်ကျိန့်ဖျင်သည် ကျိုးယွမ်ကို ဤနေရာတွင် အမှန်တကယ် ဆက်ထားချင်နေလေ၏။

"ဟုတ်ပါတယ် တောင်ထိပ်သခင်ကျိုး... သွားချင်ရင်လည်း သွားလိုက်ပါ... ကျန်းချောင်ခန်းမက အဆင့် ၄ ဂိုဏ်းအဖြစ် အဆင့်မြှင့်တင်ခံထားရတာမို့ အနာဂတ်မှာ တောင်ထိပ်အားလုံးအတွက် အကျိုးခံစားခွင့်တွေ ပိုကောင်းလာမှာပါ"

ပိုင်ယန်ကလည်း အလျင်အမြန် ဝင်ရောက် ပြောဆိုလိုက်လေ၏။

ကျောက်စစ်၏ အမူအရာမှာ ရှုပ်ထွေးနေပြီး မည်သည့်စကားမျှ မပြောခဲ့ချေ။

ရိုးရိုးသားသား ပြောရလျှင် တောင်ထိပ်သခင်ကျိုး ထွက်ခွာသွားခြင်းက သူ၏အတွက် အကောင်းဆုံးသော ရွေးချယ်မှုပင် ဖြစ်ပေသည်။

ကျိုးယွမ် အနည်းငယ် ပြုံးလိုက်ပြီးနောက် ပြောဆိုလေ၏။

"ခန်းမသခင်၊ တောင်ထိပ်သခင်တို့... ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်က သေချာ စဉ်းစားပြီးမှ ချမှတ်ထားတာပါ"

"ဒီတစ်ခါ အဆင့်တက်လှမ်းတာ အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ... ဒီကနေထွက်ခွာဖို့ ကျွန်တော် ဆုံးဖြတ်ထားပြီးသားပါ"

"ကျန်းချောင်ခန်းမရဲ့ လက်ရှိ ဂုဏ်သတင်းအရဆိုရင် တောင်ထိပ်သခင် တစ်ယောက် ခေါ်ယူဖို့က မခက်ခဲနိုင်ပါဘူး... တကယ်လို့ ရေစက်ပါရင် ကျန်းဟူလောကမှာ ကျွန်တော်တို့ ပြန်တွေ့ကြတာပေါ့"

ကျိုးယွမ်သည် ပြုံးလျက် သူတို့ သုံးဦးကို လက်နှစ်ဖက်ယှက်၍ နှုတ်ဆက်လိုက်ပြီး သူ၏ အမူအရာမှာ တည်ငြိမ်နေလေ၏။

ကျိုးယွမ်၏ ပြတ်သားသော သဘောထားကို မြင်သောအခါ ခန်းမသခင် ဝမ်ကျိန့်ဖျင် သက်ပြင်းချလိုက်ပြီး ဆက်လက်၍ ဆွဲဆောင်မနေတော့ချေ။

"တောင်ထိပ်သခင်ကျိုးက ဆုံးဖြတ်ပြီးပြီဆိုတော့ ကျွန်တော်လည်း ဘာမှ ဆက်မပြောတော့ပါဘူး"

"ကျန်းချောင်ခန်းမရဲ့ တံခါးတွေက တောင်ထိပ်သခင်ကျိုးအတွက် အမြဲတမ်း ဖွင့်ထားမှာပါ... တောင်ထိပ်သခင်ကျိုး လိုချင်တဲ့အချိန်တိုင်း ပြန်လာနိုင်ပါတယ်"

ခန်းမသခင် ဝမ်ကျိန့်ဖျင်၏ စကားကို ကြားချိန်၌ ကျိုးယွမ် ခေါင်းညိတ်လိုက်ပြီးနောက် ပြုံးလျက် ပြောဆိုလေ၏။

"ခန်းမသခင် နဲ့ တောင်ထိပ်သခင် နှစ်ဦးစလုံး... ဂရုစိုက်ကြပါ"

ကျိုးယွမ် စကားပြောပြီးနောက် အချိန်ဆွဲမနေတော့ချေ။

သူသည် လှုပ်ရှားလိုက်ပြီး ထွက်ခွာသွားလေတော့သည်။

ကျိုးယွမ်၏ ပျောက်ကွယ်သွားသော ပုံရိပ်ကို ကြည့်ရင်း ခန်းမသခင် ဝမ်ကျိန့်ဖျင် မနေနိုင်ဘဲ သက်ပြင်းချလိုက်မိလေ၏။

ကျောက်စစ်သည် လေပူတစ်ချက် မှုတ်ထုတ်လိုက်ရာ သူ၏ စိတ်နှလုံးထဲရှိ ဆူးငြောင့် လုံးဝ ဖယ်ရှားခံလိုက်ရသကဲ့သို့ပင်။

ရှင်းပါရွှယ်သည် ကျိုးယွမ် ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်လိုက်ပြီးနောက် လက်နှစ်ဖက်ယှက်ကာ နက်ရှိုင်းစွာ ဦးညွှတ်လိုက်လေ၏။

ကျိုးယွမ်က ရှင်းပါရွှယ်ထံသို့ စိတ်ဝိညာဉ်သတင်းစကား တစ်ခု ပို့ဆောင်လိုက်ပြီး သိုလှောင်လက်စွပ် တစ်ကွင်း ချန်ထားခဲ့ကာ ရှင်းပါရွှယ်က အခုလေးတင် ရယူလိုက်ခြင်း ဖြစ်သည်။

အထဲရှိ အရာများကို မြင်သောအခါ ရှင်းပါရွှယ် အတော်လေး အံ့အားသင့်သွားရလေသည်။

အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းနှင့် အခြေခံတည်ဆောက်ခြင်း ဆေးလုံး၊ အခြေတည်စိတ်ဝိညာဉ်အဆင့် ချိုးဖြတ်ခြင်းဆေးလုံး နှင့် မူလချီဆေးလုံး အပါအဝင် အမျိုးမျိုးသော ဆေးလုံး တစ်ရာကျော်။

ဤအရာများသည် သူမ အခြေတည်စိတ်ဝိညာဉ်အဆင့်သို့ တက်လှမ်းရန်အတွက် လုံလောက်လှပေသည်။

သူမကိုယ်တိုင် မှော်ဆေးပညာရှင် တစ်ဦး ဖြစ်သော်လည်း ဤနေရာရှိ ဆေးလုံးအများစုမှာ သူမ ဖော်စပ်နိုင်သော အရာများ မဟုတ်ချေ။

ကျိုးယွမ် သူမအတွက် ဤမျှလောက် များပြားသော အရာများကို ချန်ထားခဲ့ရခြင်းတွင် အကြောင်းရင်း နှစ်ခု ရှိလေသည်။

ပထမအချက်မှာ လွန်ခဲ့သော တစ်နှစ်တာအတွင်း ရှင်းပါရွှယ်၏ ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုခြင်းဖြစ်ပြီး ဒုတိယအချက်မှာ သူမကို ရိုးရှင်းစွာ ကူညီလိုခြင်းသာ ဖြစ်သည်။

ရှင်းပါရွှယ်၏ သဘောထားမှာ သာမန်မျှသာ ဖြစ်သော်လည်း သူမသည် လူကောင်းတစ်ယောက်ဖြစ်ပြီး ရှောင်ယွင်တောင်ထိပ်မှ တပည့်များ၏ ချစ်ခင်မှုကို ရရှိထားလေသည်။

ကျိုးယွမ် ရှောင်ယွင်တောင်ထိပ်တွင် ရှိနေခဲ့သော တစ်နှစ်တာ ကာလအတွင်း သူ လုံးဝ အနှောင့်အယှက်ကင်းခဲ့ခြင်းမှာ ရှင်းပါရွှယ်နှင့် နီးကပ်စွာ ဆက်စပ်နေပေသည်။

ရှင်းပါရွှယ်သည် တောင်ထိပ်သခင်၏ လုပ်ပိုင်ခွင့်များကို အသုံးပြုကာ အထွေထွေ ကိစ္စရပ်များ အားလုံးကို ဖြေရှင်းပေးခဲ့ပြီး ကျိုးယွမ်ကို အနှောင့်အယှက် မဖြစ်စေခဲ့ဟု ဆိုနိုင်ပေသည်။

ကျန်းချောင်ခန်းမမှ ထွက်ခွာပြီးနောက် ကျိုးယွမ်သည် သူ၏ ရုပ်သွင်ကို ချက်ချင်း ထပ်မံ ပြောင်းလဲလိုက်လေ၏။

သူ၏ အစစ်အမှန် ရုပ်သွင်သည် ယခုအခါ စုန်းဟူနယ်မြေ တစ်ခုလုံးသို့ ပျံ့နှံ့နေပြီဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားပေသည်။

သို့သော် လွန်ခဲ့သော ခြောက်လအတွင်း ပြင်ပကိစ္စများကို သူ ဂရုမစိုက်ခဲ့သဖြင့် ယခုအခါ အခြေအနေများကို သိရှိရန် အချိန်ရောက်ပြီ ဖြစ်သည်။

တစ်ရက်အကြာတွင် ကျိုးယွမ်သည် မြို့တစ်မြို့သို့ ရောက်ရှိလာပြီး သတင်းအချက်အလက်များ ပေးအပ်ရာတွင် အထူးပြုသော ပေါင်လိုင်ခန်းမ အတွင်းသို့ ဝင်ရောက်သွားလေ၏။

ကျိုးယွမ်သည် လွန်ခဲ့သော ခြောက်လအတွင်း ဖြစ်ပျက်ခဲ့သော အဓိက အဖြစ်အပျက်များကို မှတ်တမ်းတင်ထားသည့် ကျောက်စိမ်းပြား တစ်ခုကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးဆယ်ဖြင့် ဝယ်ယူလိုက်လေသည်။

ကျိုးယွမ်သည် စိတ်ဝိညာဉ်အာရုံ စွမ်းအားကို ကျောက်စိမ်းပြားအတွင်းသို့ ပို့လွှတ်လိုက်ရာ... သတင်းအချက်အလက်များသည် ကျိုးယွမ်၏ စိတ်ထဲတွင် ပေါ်လာလေ၏။

"အရိပ်လမင်းတောင်ကြား နဲ့ ထင်ယောင်ထင်မှားတစ်ထောင်ဂိုဏ်း က သူလျှိုတွေကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် သေဒဏ်ပေးလိုက်တယ်"

"အပ်တစ်ထောင် နယ်မြေ နဲ့ စုန်းဟူနယ်မြေ တို့က အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးလိုက်ပြီး နယ်မြေနှစ်ခုက ကောယာတောင် က ဝိညာဉ်ကျောက်တုံး မိုင်းတွင်းကို ပူးတွဲ တူးဖော်ကြလိမ့်မယ်"

"အပ်တစ်ထောင် နယ်မြေ နဲ့ စုန်းဟူနယ်မြေ အတွင်းရှိ ကျိုးယွမ် ရဲ့ သတင်းအစအနအတွက် ကျိုးမိသားစုက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်း ၅၀ နဲ့ ဆုငွေထုတ်ထားတယ်... ကျင့်ကြံသူတွေ အားလုံး ရူးသွပ်နေကြပြီ"

"မှော်အဆောင်ဆရာအသင်း က ဆရာသခင်ကြီး ချင်ချန် ဟာ အရိပ်အယောင်မျှမချန်ဘဲ ပျောက်ကွယ်သွားတယ်... ဘယ်ကို ရောက်သွားမှန်း ဘယ်သူမှ မသိဘူး"

"အရိပ်ခန်းမ က ဆုငွေထုတ်ပြန်လိုက်တယ်... ကျိုးယွမ် ရဲ့ ခေါင်းကို ဖြတ်နိုင်တဲ့ ဘယ်သူ့ကိုမဆို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်း ၅၀ ဆုချမယ်တဲ့"

"ကျိုးမိသားစုရဲ့ လျှို့ဝှက်အင်အားစုတွေက အရိပ်ခန်းမကို ပစ်မှတ်ထားပြီး အရိပ်ခန်းမရဲ့ ရုံးခွဲအများအပြားကို ဆက်တိုက် ဖျက်ဆီးပစ်ခဲ့လို့ အရိပ်ခန်းမ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတယ်"

"အပ်တစ်ထောင် နယ်မြေ က တန်ဖူအကယ်ဒမီ ဟာ အပ်တစ်ထောင် နယ်မြေ က အင်အားစု အများအပြားရဲ့ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး တန်ဖူအကယ်ဒမီ က အရိပ်အယောင်မျှမချန်ဘဲ ပျောက်ကွယ်သွားတယ်"

"ကောယာတောင် က လျှို့ဝှက်ဆန်းကြယ်တဲ့ ယဇ်ပလ္လင်ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ ဓားကျင့်ကြံသူ တစ်ယောက်ရဲ့ ဓားတစ်ချက်တည်းနဲ့ ဖောက်ထွင်းခံလိုက်ရတယ်... ဒါပေမဲ့ ဒီလူ ဘယ်ကလာသလဲ ဆိုတာကို ဘယ်သူမှ မသိကြဘူး"

"ယဲ့မိသားစု အတွင်းက အင်အားစုတစ်ခုက ကျိုးယွမ် ကို ဖယ်ရှားပစ်ဖို့ လျှို့ဝှက် ရှာဖွေနေကြတယ်"

All Chapters