← Chapters

အခန်း ၃၅၅

Vol. 36 Ch. 355

အခန်း ၃၅၅

Vol. 36 Ch. 355

အခန်း (၃၅၅) - အစွယ်များနှင့် ဟန်ဆောင်မှု

“ဒါတွေက မိစ္ဆာသားရဲတွေ လုံးဝ မဟုတ်ဘူး...”

လေ့ဟောက် စတီယာရင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိရင်း လက်ဆစ်များ ဖြူရော်နေကာ သူ တိုးတိုးလေး ရေရွတ်လိုက်မိသည်။

“ဒါက ငါတို့ စစ်တပ်ထက်တောင် ပိုပြီး စနစ်ကျတဲ့ စစ်တပ်ပဲ”

ယာဉ်အတွင်း၌ ဟော်ကျန့်သည် သွေးများ ပေကျံနေသည့် ပြတင်းမှန်မှတစ်ဆင့် ထို ဝံပုလွေစစ်သည်များကို စိုက်ကြည့်နေစဉ် ပြင်းထန်သော ချောင်းဆိုးသံများ တစ်ဖန် ထွက်ပေါ်လာပြန်သည်။

“အဟွတ်၊ အဟွတ်... ဒီတိရစ္ဆာန်တွေ...”

သူ၏ အသံမှာ ဩရှရှဖြစ်နေပြီး နက်နဲလှသော အာဃာတများနှင့် အရှက်ရမှုများ ပြည့်နှက်နေသည်။

သူ့ပတ်လည်တွင် ထိန်းချုပ်မရဘဲ မီးတောက်အချို့ အားနည်းစွာ ထွက်ပေါ်လာသဖြင့် ကားအတွင်းရှိ လေထုကို အပူရှိန်များကြောင့် လိမ်ဖည်သွားစေသည်။

ယန်ချင်းယွမ် အရာအားလုံးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။

မျက်မှန်နောက်ကွယ်မှ သူ၏ အကြည့်များက မဟာနှင်းအစောင့်အရှောက်များ၏ လက်နက်ကိရိယာများနှင့် အနေအထားများကို လျင်မြန်စွာ စစ်‌ဆေးကြည့်ရှုနေသည်။

သူ၏ လက်ညှိုးထိပ်ဖျားများက ဒေတာများကို မှတ်တမ်းတင်နေသကဲ့သို့ သူ၏ ဒူးပေါ်တွင် အသံမထွက်ဘဲ တောက်တောက် ခေါက်နေမိသည်။

“သူတို့ရဲ့ လက်နက်ကိရိယာတွေကို သေချာသတိထားကြည့် အပြည့်လွှမ်းခြုံထားတဲ့ လိုင်းစင်းပုံစံ ရေခဲချပ်ဝတ်တန်ဆာတွေပဲ”

“ပြီးတော့ သူတို့ရဲ့ စွမ်းအင်တုံ့ပြန်မှုတွေက မယုံနိုင်လောက်အောင် တည်ငြိမ်နေတာ။ ပြီးတော့... မင်းတို့ သတိထားမိလား။ သူတို့ရဲ့ အသက်ရှူ စည်းချက်တွေကအစ လုံးဝတစ်ထပ်တည်းကျနေတာ။”

သူ၏ လေသံမှာ တည်ငြိမ်နေသော်လည်း ကျွမ်းကျင်မှုဆိုင်ရာ ရူးသွပ်မှုများ ပါဝင်နေသည်။

“ဇီဝဗေဒဆိုင်ရာ လက်နက်နဲ့ တင်းကျပ်လှတဲ့ စည်းကမ်းတို့ရဲ့ ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှုပဲ”

ထိုအေးစက်သော အကြည့်များအောက်တွင် သံမဏိချပ်ဝတ် မော်တော်ယာဉ်သည် စက်ရုံဝင်းအတွင်းသို့ ဖြည်းညင်းစွာ မောင်းနှင်ဝင်ရောက်လာခဲ့သည်။

အတွင်းပိုင်းက မြင်ကွင်းမှာမူ သူတို့၏ စိတ်ကူးပုံဖော်မှုများထက် များစွာ ကျော်လွန်နေသည်။

အတိတ်က သံချေးတက်နေခဲ့သော သံမဏိ အဆောက်အအုံ အရိုးစုကြီးပေါ်တွင် ယခုအခါ ဖျက်ဆီး၍မရနိုင်ဘဲ ဝေဝါးလှပသော မိုးပြာရောင် ရေခဲအလွှာတစ်ခု ဖုံးလွှမ်းထားသည်။

ရေခဲလွှာအောက်တွင် မရေမတွက်နိုင်သော နက်နဲလှသော ရုန်းများသည် အဆက်မပြတ် လင်းလက်စီးဆင်းနေကြသဖြင့် ဤ စက်ရုံပျက်ကြီးကို မူလနှင့်မတူသည့် ကြီးကျယ်ခမ်းနားမှုများနှင့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ ပြည့်နှက်နေသည့် နှင်းခဲနန်းဆောင်ကြီးတစ်ခုအဖြစ် ပြောင်းလဲထားခဲ့ပြီဖြစ်သည်။

လေထုထဲရှိ အအေးဓာတ်မှာ အရိုးထဲထိ စိမ့်ဝင်မတတ်ဖြစ်ပြီး ပိုမိုမြင့်မားသော သက်ရှိအဆင့်မှ ထွက်ပေါ်လာသည့် လေးလံသော ဖိအားကြီးလည်း ရှိနေသည်။

တစ်ချိန်က နင်မြို့ကို လွှမ်းမိုးထားခဲ့ကြသည့် ဤခေါင်းဆောင်သုံးဦး လျှောက်လှမ်းလိုက်သည့် ခြေလှမ်းတိုင်းသည် လေးလံနေသည်။

စက်ရုံ၏ အလယ်ဗဟိုတွင် လင်းထျန်းလုံ၏ ကြီးကျယ်ခမ်းနားလှသော ငွေဖြူရောင်ခန္ဓာကိုယ်သည် သဘာဝအတိုင်း ဖွဲ့စည်းထားသည့် ရေခဲသလင်းကျောက် ပလ္လင်တော်ထက်၌ တိတ်ဆိတ်စွာ လဲလျောင်းနေသည်။

သူ၏ သွယ်လျကျက်သရေရှိသော ခန္ဓာကိုယ်မှာ စွမ်းအားများ ပြည့်နှက်နေပြီး အမွေးအမျှင်များ၏ အောက်ခြေမှ မိုးပြာရောင်အလင်းတန်းမှာ ခန္ဓာကိုယ်တစ်ခုလုံးလွှမ်းခြုံထားသကဲ့သို့ ဖြာထွက်နေသည်။

သူ၏ နဖူးပေါ်တွင် ရေခဲသလင်းကျောက်များနှင့် ရွှေအိုရောင်မိုးကြိုးပုံစံများ ရောယှက်နေသည့် သရဖူတော်က ဝိညာဉ်ကို တုန်လှုပ်စေမည့် အရှင်သခင်အဆင့်နီးပါး ဖိအားများ ထုတ်လွှတ်နေသည်။

သူ၏ ငွေပြာဧကရာဇ်မျက်ဝန်းက သူတို့သုံးဦးကို တည်ငြိမ်စွာ လှမ်းကြည့်လိုက်သည်။

သူ၏ ညာဘက်အရှေ့လက်ပေါ်ရှိ “အယူအဆပိုင်းဆိုင်ရာ ဖျက်ဆီးခြင်း” အခြေအနေ၌ ရှိနေဆဲဖြစ်သည့် ဒဏ်ရာမှာ ဤအချိန်တွင် အားနည်းချက်တစ်ခု မဟုတ်တော့‌ပေ။

၎င်း၏ သခင်သည် ဤမျှပြင်းထန်သော တိုက်ပွဲကြီးကို ဖြတ်သန်းခဲ့ရသော်လည်း ထိပ်ဆုံး၌ တည်ရှိနေဆဲဖြစ်ကြောင်း ကြေညာနေသည့် ဂုဏ်ကျက်သရေရှိလှသော ရိုက်နှိပ်ချက်တစ်ခုအလား ဖြစ်နေသည်။

ယွဲ့ရီသည် ပလ္လင်တော်၏ အနောက်ဘက်တွင် တိတ်တဆိတ် လဲလျောင်းနေသည်။ သူမ၏ ပွယောင်းယောင်း ခရမ်းရောင်အမွေးအမျှင်များသည် ဝိုးတဝါး မိုးပြာရောင်အလင်းအောက်တွင် တောက်ပနေပြီး လရောင်နှင့်တူသည့် အမြီးဖျားရှိ ငွေဖြူရောင်မှာမူ အထူးတလည် မျက်စိကျိန်းလောက်အောင် တောက်ပနေသည်။

သူမ၏ ခရမ်းရောင် မျက်ဝန်းများက မျက်လှည့်သူငယ်အိမ်မြေခွေး၏ မွေးရာပါ ထူးကဲစွမ်းရည်များနှင့် စူးစမ်းမှု အရိပ်အယောင်များဖြင့် ဝင်ရောက်လာကြသည့် လူသုံးဦးအပေါ်သို့ ဖြတ်သန်းကြည့်ရှုလိုက်သည်။

လေးလံလှသော စက်ရုံတံခါးကြီးသည် သူတို့ သုံးဦး၏ အနောက်တွင် ‘ဒုန်း’ ဟူသော လေးလံသည့် အသံနှင့်အတူ ဖြည်းညင်းစွာ ပိတ်သွားခဲ့ပြီဖြစ်ရာ ကမ္ဘာကြီးတစ်ခုလုံးနှင့် သူတို့ကို သီးခြားခွဲထုတ်ပစ်လိုက်သကဲ့သို့ပင်။

လေ့ဟောက် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရင်း ခန္ဓာကိုယ်၏ အနည်းငယ်သော တုန်ယင်မှုများကို ဖိနှိပ်ထားလိုက်ပြီး ရှေ့သို့ လှမ်းတက်လာခဲ့သည်။

သူသည်သူသည် အသက်ရှူကျပ်မတတ် ဖြစ်နေသည့် တိတ်ဆိတ်မှုကို ဩရှရှအသံဖြင့် စတင်ချိုးဖျက်လိုက်သည်။

“နှင်းဝံပုလွေဘုရင်”

သူ၏ အသံက ကျယ်ပြောပြီး အေးစက်လှသော စက်ရုံခန်းမအတွင်း ပဲ့တင်ထပ်သွားသည်။

“ငါတို့ ကတိအတိုင်း လာခဲ့ပါပြီ”

အကွာအဝေးကို လျစ်လျူရှုထားသည့် အေးစက်သော အတွေးတစ်ခုက သူတို့၏ စိတ်ဝိညာဉ် နက်ရှိုင်းရာတွင် တိုက်ရိုက် ပဲ့တင်ထပ်သွားသည်။

“စည်းကမ်းချက်တွေ။ ထပ်ပြီး ပြောစမ်း”

ဟော်ကျန့်၏ ခန္ဓာကိုယ်သည် ချက်ချင်း တောင့်တင်းသွားပြီး မျက်နှာမှာ ဖြူရော်သွားသည်။

စိတ်ပိုင်းဆိုင်ရာအဆင့်တွင် တိုက်ရိုက် သက်ရောက်နေသည့် ဤသို့သော ဆက်သွယ်ရေး နည်းလမ်းက မိမိ၏ ကာကွယ်ရေးအားလုံးကို လုံးဝ ထိုးဖောက်ကြည့်ရှုခံလိုက်ရသကဲ့သို့ ၎င်းအား ခံစားရစေသည်။

လေ့ဟောက် လည်ချောင်းကို တစ်ချက် ရှင်းလိုက်ပြီး အတင်းအဓမ္မ ပြန်လည်ပြောဆိုလိုက်ရသည်။

“စွမ်းအင်ဗဟိုချက်ရဲ့ ပူးတွဲပိုင်ဆိုင်ခွင့်၊ နည်းပညာဆိုင်ရာဒေတာအားလုံး၊ မဟာဗျူဟာမြောက် သတ္တုတွေရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်း... ဒါတွေကို အပစ်အခတ် ရပ်စဲရေးနဲ့ လဲလှယ်မှာပါ”

လင်းထျန်းလုံသည် ရှင်းလင်းပြီး ပြတ်သားသော ခေတ်သစ်စကားပြောဟန်ကိုသုံး၍ လူသားဘာသာစကားဖြင့် ပြန်ပြောလိုက်သည်။

စကားလုံးတိုင်းမှာ မြေကြီးပေါ်သို့ ကျရောက်သွားသည့် ရေခဲစက်လေးများအလား ဖြစ်နေသည်။

“ဒါက အပစ်အခတ် ရပ်စဲရေးနဲ့ လဲလှယ်တာ မဟုတ်ဘူး။ ဒါက မင်းတို့ ဆက်ပြီး အသက်ရှင်သန်နိုင်ဖို့အတွက် ပေးဆောင်ရမယ့် တန်ဖိုးပဲ”

သူ၏ ရေခဲမျက်ဝန်းပြာ အကြည့်များက အဆိုးရွားဆုံး အခြေအနေတွင် ရှိနေသည့် ဟော်ကျန့်ထံသို့ ရောက်ရှိသွားသည်။

သူ၏ လေသံမှာ တည်ငြိမ်နေသော်လည်း အစွန်းရောက်လှသော လှောင်ပြောင်မှုများ ပါဝင်နေသည်။

“ဟော်ကျန့် ကြည့်ရတာ ငါ့ရဲ့ ထိုးနှက်ချက်က မင်းကို အတော်လေး အထိနာသွားစေပုံရတယ်။ အခုထိ မတ်မတ်ရပ်နိုင်ပြီး ဒီကို လာနိုင်သေးတာကိုကြည့်ရင် မင်းမှာ တကယ့်ကို ဇွဲရှိတာပဲ”

“မင်း”

ဟော်ကျန့် ခေါင်းကို ရုတ်တရက် မော့လိုက်သည်။ အရှက်ရမှုများနှင့် ဒေါသတရားများက သူ၏ ဆင်ခြင်တုံတရားကို တစ်ခဏအတွင်း ချေဖျက်ပစ်လိုက်သည်။

သူ ဟိန်းဟောက်လိုက်သည်နှင့်အမျှ သူ့ပတ်လည်တွင် မီးတောက်များ ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်ရှိ အအေးဓာတ်များကို ခေတ္တ တွန်းထုတ်ပစ်လိုက်သည်။

“မင်း တိရစ္ဆာန်ကောင် ငါ သေရင်တောင်မှ...”

သူ စကားမဆုံးသေးမီမှာပင် လင်းထျန်းလုံက သူ့ကို တည်ငြိမ်စွာ တစ်ချက်သာ လှမ်းကြည့်လိုက်သည်။

“ဖူး“

ဟော်ကျန့်သည် သူ၏ ရင်ဘတ်ကို မမြင်နိုင်သော ဧရာမသံတူကြီးတစ်လက်ဖြင့် ရိုက်နှိပ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားရှာသည်။

သူ ပြောမည့် စကားလုံးအားလုံးမှာ ပါးစပ်မှ အန်ထုတ်လိုက်ရသည့် သွေးတစ်လုပ်အဖြစ် ပြောင်းလဲသွားခဲ့ရပြီ။

သူ့ပတ်လည်ရှိ မီးတောက်များ ချက်ချင်း ပျောက်ကွယ်သွားပြီး သူ လဲကျသွားခဲ့ရာ ဘေးက သစ္စာရှိ လက်အောက်ငယ်သားနှစ်ဦး တင်းကြပ်စွာ တွဲဖက်ထားပေးသောကြောင့်သာ မတ်မတ်ရှိနေခြင်း ဖြစ်သည်။

လင်းထျန်းလုံ မည်သည့် စွမ်းအားကိုမျှ အသုံးမပြုခဲ့ပေ။ အရှင်သခင်အဆင့်၏ ဖိအားအချို့ ပါဝင်နေသည့် ထိုအကြည့်တစ်ချက်ကသာ ဟော်ကျန့်၏ မပျောက်ကင်းသေးသော ဒဏ်ရာများနှင့် ပေါင်းစပ်ကာ ၎င်းအား လုံးဝ ပြိုလဲသွားစေခဲ့ခြင်းပင် ဖြစ်သည်။

“ဂိုဏ်းချုပ်‌ဟော်”

လေ့ဟောက် စိုးရိမ်တကြီးဖြင့် ဟော်ကျန့်ကို တွဲဖက်လိုက်ရပြီး လင်းထျန်းလုံကို ကြည့်သည့် အကြည့်များထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။

ယန်ချင်းယွမ် လည်း သင့်တော်မည့် အချိန်တွင် ရှေ့သို့ လှမ်းတက်လာခဲ့ပြီး မျက်နှာတွင် “စိုးရိမ်မှု” နှင့် “အားမလိုအားမရမှု” များ ပြည့်နှက်နေသည်။

“နှင်းဝံပုလွေဘုရင်၊ စိတ်လျော့တော်မူပါ”

ယန်ချင်းယွမ် မိမိ၏ အနေအထားကို နှိမ့်ချလျက် လျင်မြန်စွာ ပြောဆိုလိုက်သည်။

“ဂိုဏ်းချုပ်ဟော်ရဲ့ ဒဏ်ရာတွေက အရမ်း ပြင်းထန်လွန်းလို့ စိတ်ခံစားမှုတွေကို ထိန်းချုပ်လို့မရဖြစ်သွားတာပါ။ ဒါက ဘုရင်မင်းမြတ်ကို တမင်တကာ စော်ကားတာ လုံးဝ မဟုတ်ပါဘူး”

“ဘုရင်မင်းမြတ်ရဲ့ စည်းကမ်းချက်တွေကို... ငါတို့ လက်ခံပါတယ်”

သူ ဤစကားလုံးများကို အလွန်ခက်ခဲစွာ ပြောဆိုခဲ့ရပြီး သူ့အသံသည် ခန်းမဆောင်တစ်ခုလုံးတွင် ရှင်းလင်းစွာ ထွက်ပေါ်သွားခဲ့သည်။

ထိုအချိန်တွင်၊ လင်းထျန်းလုံ၏ နားထဲ၌ ဝိညာဉ်ရေးရာ ကွန်ရက်မှတစ်ဆင့် ယင်းဖုန်း၏ တည်ငြိမ်သော အစီရင်ခံသည့်အသံ ထွက်ပေါ်လာသည်။

“ဘုရင်မင်းမြတ်၊ စိမ့်နွံနက်မြွေဘုရင်က ကတိအတိုင်း ဒုတိယတည်နေရာဆီ ရောက်နေပါပြီ”

ပလ္လင်တော်ဘေးတွင် ယွဲ့ရီ၏ မြေခွေးနားရွက်လေးများ သတိထားမိရန် ခက်ခဲလောက်အောင် လှုပ်ရှားသွားသည်။

သူမ ဟန်ဆောင်အိပ်မောကျနေသည့် အမူအရာကို ဆက်လက် ထိန်းသိမ်းထားခဲ့သော်လည်း သူမ၏ တကယ့် ခန္ဓာကိုယ်မှာမူ မျက်နှာတစ်ထောင် ပုံသဏ္ဌာန် မျက်လှည့်၏ အဆုံးစွန်သော မျက်လှည့်အောက်၌ တိတ်ဆိတ်စွာ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

ပလ္လင်တော်ဘေးတွင် အသက်ဝင်နေသော ပုံရိပ်ယောင်တစ်ခုကိုသာ ချန်ထားခဲ့သည်။ သူမ၏ မူလခန္ဓာကိုယ်မှာ ထိုအခွင့်အရေးသမား မြွေကြီးကို ကိုင်တွယ်ရန်အတွက် ဝံပုလွေဘုရင်အဖြစ် ရုပ်ပြောင်းရုပ်လွှဲလုပ်ကာ မျက်လှည့်များ ဖုံးလွှမ်းထားသည့် စက်ရုံအတွင်းပိုင်းရှိ လျှို့ဝှက်အခန်းငယ်တစ်ခုဆီသို့ ဦးတည်သွားခဲ့ပြီ ဖြစ်သည်။

လင်းထျန်းလုံသည် ဟော်ကျန့်ကို ထပ်မံအပြစ်ပေးခြင်း မပြုတော့သည်ကို မြင်တွေ့ရသောအခါ ယန်ချင်းယွမ် စိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားခဲ့ပြီး မိမိ၏ အစောပိုင်း အညံ့ခံမှုအမူအရာကို အခြားတစ်ဖက်က လက်ခံလိုက်ပြီဖြစ်ကြောင်း သိရှိလိုက်သည်။

သူ ချက်ချင်းပင် အခွင့်အရေးကို အသုံးချကာ မိမိ၏ အစီအစဉ်ကို ရှေ့တိုးလိုက်သည်။

“နှင်းဝံပုလွေဘုရင်၊ ကျုပ်တို့ ဘုရင်မင်းမြတ်ရဲ့ တောင်းဆိုချက်တွေကို လက်ခံခဲ့ကြပြီးပါပြီ”

ယန်ချင်းယွမ်က ရိုးသားမှုများ ပြည့်နှက်နေသည့် အမူအရာဖြင့် ပြောဆိုလိုက်သည်။

“ဒါပေမဲ့ အခု လက်ရှိမှာ ချက်ချင်း ဖြေရှင်းရမယ့် အကျပ်အတည်းတစ်ခု ရှိနေပါတယ် အဲဒါက မြို့အပြင်ဘက်က ရူးသွပ်နေတဲ့ မိစ္ဆာသားရဲ မဟာမိတ်စစ်တပ်ကြီးပါပဲ။”

“တကယ်လို့ သူတို့က မြို့တွင်းပိုင်းကို ဖောက်ထွက်ပြီး အဓိကခရိုင်ဆီ ရောက်ရှိသွားကြရင် ဘုရင်မင်းမြတ် လိုချင်နေတဲ့ အရာအားလုံးဟာ စစ်မီးကြားထဲမှာ ပြာအဖြစ် ပြောင်းလဲသွားနိုင်ခြေ ရှိပါတယ်။”

“ဘုရင်မင်းမြတ် လိုချင်တဲ့ အရင်းအမြစ်တွေနဲ့ ဒေတာတွေကို ဘေးကင်းစွာ လွှဲပြောင်းပေးနိုင်ဖို့အတွက် ငါတို့မှာ အချိန်နဲ့ နည်းပညာဝန်ထမ်းတွေ လိုအပ်ပါတယ်”

သူ ခန္ဓာကိုယ်ကို အနည်းငယ် ဦးညွှတ်လိုက်ပြီး အမူအရာမှာ နှိမ့်ချနေချေတော့သည်။။

All Chapters