← Chapters

အခန်း ၃၅၇

Vol. 36 Ch. 357

အခန်း ၃၅၇

Vol. 36 Ch. 357

အခန်း (၃၅၇) - ကျွမ်းလောင်နေသော မြေပြင်ထက်မှ မီးရှူးတိုင်များ (၂)

ဧရာမလက်သည်းကြီးတစ်ချက် ရိုက်ချလိုက်တိုင်း ဒိုင်းမျက်နှာပြင်ပေါ်တွင် အလင်းတန်းများ လင်းလက်သွားပြီး ဒိုင်းကို ကိုင်ထားကြသည့် စစ်သည်များ၏ နှာခေါင်းနှင့် ပါးစပ်မှ သွေးများ ယိုစီးလာစေကြသည်။ အရိုးများမှာလည်း ခံနိုင်ရည်မရှိတော့သည့်အတွက် တဂျောက်ဂျောက် မြည်နေကြရှာသည်။

“တောင့်ထားကြစမ်း။ မြေစနစ် ကျင့်ကြံသူတွေ၊ ဘယ်ဘက်က အက်ကြောင်းကို အမြန် အားဖြည့်”

လေ့ဟောက်၏ ဟိန်းဟောက်သံသည် စစ်မြေပြင်၏ ဆူညံသံများကြား၌ပင် တည်ငြိမ်နေဆဲဖြစ်သော်လည်း မြို့တံတိုင်းပေါ်သို့ တက်ရန် ကြိုးစားနေသည့် ဧရာမမျောက်ဝံကြီးတစ်ကောင်ကို တောင်ပေါင်းထောင်ချီပြိုလဲခြင်းဖြင့် ရိုက်ချပစ်လိုက်သည်။

ဟော်ကျန့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည့် မြင်ကွင်းနှင့် လင်းထျန်းလုံ၏ အေးစက်သော အကြည့်တို့က သူ၏ စိတ်ထဲတွင် အလှည့်ကျ ပြန်လည်ပေါ်လာနေသဖြင့် အရိုးထဲထိ စိမ့်ဝင်မတတ် အေးစက်မှုကို ခံစားရစေသည်။

ထိုအခိုက်အတန့်မှာပင် စစ်မြေပြင်၏ စည်းချက်က ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

တစ်ကိုယ်လုံး ငွေဖြူရောင်ရှိကြသည့် ဧရာမ ဝံပုလွေများဖြင့် ဖွဲ့စည်းထားသော တပ်ဖွဲ့တစ်ခုသည် မဟာမိတ်စစ်တပ်၏ ထိုးစစ်အပြင်းထန်ဆုံး ဖြစ်နေသည့် ဘေးဘက်တောင်ပံ၌ တစ္ဆေများအလား ရုတ်တရက် ပေါ်လာခဲ့ကြသည်။

သူတို့ မည်သည့်ဟိန်းဟောက်သံမျှ မထုတ်လွှတ်ကြသလို မည်သည့်သတိပေးချက်မျှ မပေးခဲ့ကြပေ။

လေထုကို ဆုတ်ဖြဲသွားသည့် ချွန်ထက်သော လက်သည်းသံများနှင့် ဦးခေါင်းခွံများကို တိကျစွာ ထိုးစိုက်လိုက်သည့် ရေခဲဆူးချွန်များ၏ ကြက်သီးထဖွယ် အသံများသာ ရှိသည်။

ဝံပုလွေအသိုက်၏ “ဆယ်မိနစ်စာ ပူးတွဲ ကာကွယ်ရေး” စတင်ခဲ့ပြီ ဖြစ်သည်။

သူတို့ကို ဦးဆောင်လာသူမှာ ထျန်းပင်း ဖြစ်သည်။ သူ၏ ရွှေအိုရောင်အမွေးအမျှင်များကြားတွင် စစ်မီးများနှင့်အတူ လျှပ်စီးကြောင်းများ လှည့်ပတ်နေသည်။

မည်သည့်အမိန့်ပေးရန်မျှ မလိုအပ်ဘဲ သူ၏ အနောက်က လုပ်ကြံသတ်ဖြတ်သူများသည် ဘေးသို့ ဖြန့်ပွင့်သွားကြပြီး ခဲနေသော ဆီခဲကြီးကို ရဲရဲတောက်နေသော ဓားတစ်လက်ဖြင့် လှီးဖြတ်လိုက်သကဲ့သို့ မိစ္ဆာအုပ်စုကြားသို့ ထိုးဖောက် ဝင်ရောက်သွားကြတော့သည်။

သူတို့၏ ရည်မှန်းချက်မှာ ရှင်းလင်းပြတ်သားလှသည်။

၎င်းမှာ သားရဲအုပ်စုကို မောင်းထုတ်ရန် မဟုတ်ပေ။

စစ်ပွဲကို ကွပ်ကဲရန်နှင့် စောင့်ကြည့်ရန် တာဝန်ယူထားကြသည့် အသေခံတောကောင်များကြားထဲက ဘုရင်အဆင့် မိစ္ဆာသားရဲများကိုလည်းကောင်း၊ ဧရိယာအလိုက် ပင်ကိုယ်စွမ်းရည်များကို လှုံ့ဆော်ရန် ကြိုးစားနေကြသည့် ခွန်အားကြီး တည်ရှိမှုများကိုလည်းကောင်း သိမ်းပိုက်ရန်အတွက် ဖြစ်သည်။

“ဖူး”

အဆိပ်မြူများ မှုတ်ထုတ်ရန် ခေါင်းမော့လိုက်သည့် အဆင့် ၃၉ ရှိ ကပ်ရောဂါ ဧရာမဖားပြုတ်ကြီးသည် ရုတ်တရက် ပေါ်လာသည့် ရေခဲသလင်းကျောက် လှံတစ်စင်းကြောင့် လည်ပင်းကို ချက်ချင်း ထိုးစိုက်ခံလိုက်ရသည်။

၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီး တစ်ခဏမျှ တောင့်တင်းသွားပြီးနောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားခဲ့ရပြီ။

၎င်းပတ်လည်ရှိ အဆင့်နိမ့် မိစ္ဆာသားရဲ ရာဂဏန်းခန့်မှာ သူတို့၏ ကွပ်ကဲသူ ပျောက်ဆုံးသွားခဲ့ရသဖြင့် သူတို့၏ ထိုးစစ်မှာ ချက်ချင်းပင် ဖရိုဖရဲဖြစ်မှုများထဲသို့ ကျရောက်သွားခဲ့သည်။

အခြားတစ်ဖက်၌ မြို့တံတိုင်း၏ အပိုင်းတစ်ခု၏ အခြေခံအုတ်မြစ်ကို ဖျက်ဆီးပစ်ရန် မြေစနစ် ပင်ကိုယ်စွမ်းရည်များကို အတူတကွ လှုံ့ဆော်နေကြသည့် ကျောက်သားချပ်ဝတ်ဝက်ဝံကြီး သုံးကောင်မှာမူ ရွှေအိုရောင် လျှပ်စီးကြောင်းများ လွှမ်းခြုံထားသည့် ရက်စက်လှသော ပုံရိပ်တစ်ခု၏ ရိုက်ခတ်မှုကြောင့် သားရဲအုပ်စု၏ နက်ရှိုင်းရာဆီသို့ တိုက်ရိုက် လွင့်စင်သွားခဲ့ကြရသည်။

“ဟားဟားဟား။ အလန်းကြီးပဲဟေ့”

ထျန်းပင်း၏ ရူးသွပ်လှသော ရယ်မောသံကြီးနှင့် မိုးကြိုး ပေါက်ကွဲသံကြီးက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။

သူ ပြိုင်ဘက်ကို တုံ့ပြန်ရန် အချိန်မပေးဘဲ မိုးကြိုးလက်သီးများကို ဘယ်ပြန်ညာပြန် ရိုက်ချလိုက်ရာ ကျောက်သားချပ်ဝတ်ဝက်ဝံကြီး နှစ်ကောင်၏ မာကျောလှသော ဦးခေါင်းခွံများကို ချက်ချင်း အပိုင်းပိုင်း ချေမွပစ်လိုက်သည်။

တတိယမြောက် ဝက်ဝံဘုရင်မှာမူ ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး နောက်လှည့်ကာ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ထျန်းပင်းက ၎င်း၏ နောက်ခြေထောက်တစ်ဖက်ကို ဆွဲကိုင်လိုက်ပြီး အနီးနားရှိ မိစ္ဆာသားရဲအုပ်စုကြားသို့ ပြင်းထန်စွာ ရိုက်ချပစ်လိုက်သဖြင့် ဧရိယာအကျယ်အဝန်းကြီးတစ်ခုကို ချက်ချင်း ရှင်းလင်းပစ်လိုက်သည်။

ဆယ်မိနစ်။

ဝံပုလွေအုပ်စု၏ သတ်ဖြတ်မှုမှာ ထိရောက်လှသည်။ သူတို့သည် မဟာမိတ်စစ်တပ်၏ ထိုးစစ်ဆင်ရေး အမှတ်များကို ဆုတ်ဖြဲပစ်ခဲ့ကြသဖြင့် ကြီးမားလှသော ဖရိုဖရဲဖြစ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

တိုက်ပွဲတွင် အချိန်ဆွဲမနေကြဘဲ မဟာမိတ်စပ်တပ်၏ ပင်မတပ်ဖွဲ့များ တုံ့ပြန်ပြီး သူတို့ကို ဝိုင်းရံမလာနိုင်မီမှာပင် လျင်မြန်စွာ နောက်ဆုတ်သွားခဲ့ကြပြီဖြစ်ရာ ဘုရင်အဆင့်နှင့် ထိုထက်မြင့်မားသော မိစ္ဆာသားရဲများ၏ အလောင်းများနှင့် ပိုမို၍ ဖရိုဖရဲဖြစ်ကာ ခေါင်းဆောင်မဲ့သွားခဲ့ပြီဖြစ်သည့် မြို့သိမ်းတပ်ဖွဲ့များကိုသာ ချန်ထားခဲ့သည်။

လူသားကာကွယ်သူများမှာမူ စနစ်တကျရှိလှသော ပူးပေါင်းတန်ပြန်တိုက်ခိုက်မှုတစ်ခုကို ဖွဲ့စည်းရန်ပင် အချိန်မရလိုက်ကြပေ။

လေ့ဟောက် မြို့တံတိုင်းထက်တွင် မတ်မတ်ရပ်နေရင်း ဝံပုလွေအုပ်စု၏ အလစ်အငိုက် တိုက်ခိုက်မှုကြောင့် ခဏတာ ပေါ်ပေါက်သွားခဲ့သည့် လေဟာနယ် ဧရိယာကိုလည်းကောင်း၊ ၎င်းနောက်တွင် အချင်းချင်း နင်းမိကုန်ကြပြီး သေဆုံးသွားခဲ့ကြပြီဖြစ်သော ခေါင်းဆောင်များ၏ အလောင်းများကို လုယူရန်အတွက် အချင်းချင်း တိုက်ခိုက်နေကြသည့် မိစ္ဆာသားရဲအုပ်စုများကိုလည်းကောင်း လှမ်းကြည့်နေမိသည်။

သူ၏ လက်နှစ်ဖက်က အေးစက်သော မြို့တံတိုင်း လက်တန်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားမိသည်။

ဝမ်းမြောက်မှုများ လုံးဝမရှိဘဲ နက်နဲလှသော အားမလိုအားမရမှုများနှင့် အေးစက်မှုများသာ ရှိနေသည်။

ဒါဟာ ကူညီပေးခြင်း လုံးဝ မဟုတ်ဘဲ သူတို့၏ မျက်စိရှေ့မှောက်မှာတင် ဗြောင်ကျကျ ပြုလုပ်သွားခဲ့သည့် “အရင်းအမြစ်များ ရိတ်သိမ်းခြင်း” နှင့် “အင်အားစုများကို အားနည်းအောင် လုပ်ခြင်း”သာ ဖြစ်သည်။

ဝံပုလွေဘုရင်သည် စစ်ပွဲ၏ စည်းမျဉ်းများကို သူကိုယ်တိုင် သတ်မှတ်ပေးပြီးဖြစ်ကြောင်း တိုက်ရိုက်အကျဆုံး နည်းလမ်းဖြင့် သူတို့ကို ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။

တစ်ချိန်တည်းတွင်၊ ဖရိုဖရဲဖြစ်နေသည့် မိစ္ဆာမဟာမိတ်အဖွဲ့၏ အနောက်ဘက် ပင်မစခန်းအတွင်း၌။

အရိုးဖြူတောအုပ်မှ မိစ္ဆာဘုရင် သုံးပါး။

တူညီသော ဝိညာဉ်မူလအစကို ပူးတွဲ ပိုင်ဆိုင်ထားကြသည့် ဤကြောက်မက်ဖွယ် တည်ရှိမှုသုံးဦးတို့သည် ပျံသန်းနိုင်သော မိစ္ဆာသားရဲတစ်ကောင်၏ မျက်လုံးများမှတစ်ဆင့် ရှေ့တန်းတွင် ဖြစ်ပွားနေသမျှ အရာအားလုံးကို စောင့်ကြည့်နေကြသည်။

သူတို့၏ ဦးခေါင်းခွံများအတွင်းရှိ ဝိညာဉ်မီးတောက်များမှာ ပြင်းထန်လှသော ဒေါသတရားများကြောင့် ပြင်းပြင်းထန်ထန် လှုပ်ခတ်နေကြပြီး သူတို့၏ အရိုးစု အဆို့အဆောက်များကိုပင် ချိုးဖျက်ထွက်လာတော့မည့်အလား ဖြစ်နေသည်။

“နှင်း ဝံပုလွေ ဘုရင်”

အသံ သုံးသံ ထပ်တူကျလျက် လိမ်ကောက်နေသော စူးရှသည့် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

“ဒင်းက ငါတို့ရဲ့ အခြေခံအုတ်မြစ်တွေကို သတ်ဖြတ်နေတာပဲ”

သူတို့ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်မှာ သေဆုံးသွားခဲ့ကြသည့် ဧရာမဖားပြုတ်ကြီးနှင့် ကျောက်သားချပ်ဝတ်ဝက်ဝံကြီးများမှာ သူတို့ ကာလရှည်ကြာစွာ မွေးမြူခဲ့ရသည့် အဓိကလက်အောက်ငယ်သားများဖြစ်ကြပြီး သူတို့၏ သြဇာအာဏာကို ထိန်းသိမ်းပေးထားသည့် အဓိကကျောရိုးများ ဖြစ်ကြသည်။

ဝံပုလွေအသိုက်၏ “ပူးတွဲ ကာကွယ်ရေး” တစ်ကြိမ်စီတိုင်းက သူတို့၏ ခန္ဓာကိုယ်ပေါ်မှ အသားတစ်တုံးကို ဆုတ်ဖြဲပစ်လိုက်သကဲ့သို့ပင် ဖြစ်နေသည်။

“ငါတို့ ထပ်ပြီး စောင့်နေလို့ မဖြစ်တော့ဘူး”

အသံတစ်သံက စူးရှစွာ အော်ဟစ်လိုက်သည်။

“အဲဒီ မြွေနက်ကြီးကော ဘယ်မှာလဲ။ သူ့ရဲ့ တပ်ဖွဲ့တွေက ဘာလို့ အခုထိ ရှေ့တက်မလာသေးတာလဲ”

အခြားအသံတစ်သံက သံသယများ ပြည့်နှက်နေသည့် လေသံဖြင့် ပြောဆိုလိုက်သည်။

“တပ်ဖွဲ့အားလုံးကို စုစည်းလိုက်စို့”

နောက်ဆုံး အသံက ဆုံးဖြတ်ချက် ချလိုက်ရာ အရာအားလုံးကို ဖျက်ဆီးပစ်မည့် ရူးသွပ်မှုများ ပြည့်နှက်နေသည်။

“ငါတို့ အင်အားကုန်ခမ်းမသွားခင်မှာ အဲဒီမြို့တော်ကြီးနဲ့ အဲဒီကောက်ကျစ်တဲ့ ဝံပုလွေအုပ်စုကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ရမယ်”

ဤအခိုက်အတန့်မှစ၍ မဟာမိတ်အဖွဲ့၏ ပြိုကွဲမှုမှာ ပြင်ပဖိအားများကြောင့်သာမကဘဲ အတွင်းပိုင်း၌ ရူးသွပ်စွာ ကြီးထွားလာနေသည့် သံသယများနှင့် စိတ်ပျက်အားငယ်မှုများကြောင့်လည်း ဖြစ်သည်။

ဤအရာအားလုံးမှာ ရေခဲသလင်းကျောက် ပလ္လင်တော်ထက်၌ ထိုင်နေသည့် လင်းထျန်းလုံ မြင်တွေ့ချင်နေသည့် မြင်ကွင်း အတိအကျပင် ဖြစ်သည်။

ကျွမ်းလောင်နေသော မြေပြင်ထက်တွင် မီးရှူးတိုင်များက တောက်ပစွာ လောင်ကျွမ်းနေပြီး တကယ့် မုန်တိုင်းကြီးမှာမူ ယခုမှသာ အစစ်အမှန် စတင်တိုက်ခတ်နေခြင်း ဖြစ်သည်။

တစ်ချိန်တည်းတွင် နင်မြို့၏ အဓိက ဧရိယာသို့ ပြန်လည်မောင်းနှင်နေသည့် အခြား သံမဏိချပ်ဝတ် မော်တော်ယာဉ်တစ်စီးအတွင်း လေထုမှာ ရေခဲတိုက်တစ်ခုအလား လေးလံနေသည်။

ဟော်ကျန့်သည် သတိလစ်မေ့မြောလျက် ယာယီ ကုတင်ငယ်ပေါ်တွင် လဲလျောင်းနေရှာပြီး မျက်နှာမှာ မီးခိုးရောင် သန်းနေသည်။

ယာဉ်အတွင်း၌ သူ၏ သစ္စာရှိလှသော လက်အောက်ငယ်သား နှစ်ဦးသာ ဘေးတွင် စောင့်ကြပ်နေကြပြီး သူတို့နှင့် မျက်နှာချင်းဆိုင်တွင်မူ ယန်ချင်းယွမ်က ပုံမှန်မဟုတ်လောက်အောင် တည်ငြိမ်သော မျက်နှာဖြင့် ထိုင်နေသည်။

မော်တော်ယာဉ်သည် အဓိက ဧရိယာအတွင်းသို့ ဝင်ရောက်သွားခဲ့သော်လည်း လောင်ကျွမ်းမီးလျှံဂိုဏ်း၏ ချော်ရည်ခန်းမဆောင်ရှိရာသို့ မောင်းနှင်ခြင်းမပြုဘဲ မီးပွားသုသေသနပညာရှင်အသင်းရှိရာသို့ တည့်တည့် မောင်းနှင်သွားခဲ့သည်။

“ဥက္ကဋ္ဌယန်၊ ဦးတည်ချက် မှားနေပြီလားခင်ဗျာ။ ငါတို့ ဂိုဏ်းချုပ်ကြီးကို ချော်ရည်ခန်းမဆောင်ဆီ ပြန်ခေါ်သွားရမှာလေ”

လက်အောက်ငယ်သားတစ်ဦးက လမ်းကြောင်း မှားနေသည်ကို သတိပြုမိသွားခဲ့ပြီး သတိထားလျက် မော့ကြည့်ကာ ပြောဆိုလိုက်သည်။

ယန်ချင်းယွမ် သူ၏ မျက်မှန်ကို ပင့်တင်လိုက်ရင်း မျက်မှန်နောက်ကွယ်မှ အကြည့်များအတွင်း မည်သည့် လှိုင်းဂယက်မျှ မရှိပေ။

သူက လေသံအေးအေးလေးဖြင့် တည်ငြိမ်စွာပြောလိုက်ချေသည်။

All Chapters